← Chapters

အပိုင်း ၅၅၃-၅၅၆

Vol. 28 Ch. 553-556

အပိုင်း ၅၅၃-၅၅၆

Vol. 28 Ch. 553-556

အပိုင်း ( ၅၅၃ )

ဘယ်သူမလို့ ယဲ့လူကြီးမင်းကို မလေးမစားလုပ်ရဲတာလဲ

သူတို့၏ လှောင်ပြောင်သံကို ကြားနေပေမဲ့ ယဲ့ဖန် ဒေါသကိုမခံစားရပေ။

ဘုရင်တစ်ပါးက အောက်ခြေအဆင့်နဲ့ ယှဉ်မဖြစ်ပေ။

ချက်ချင်းလှည့်ပြီး အဆောက်အဦးထဲသို့ ဝင်ဖို့ လျှောက်လိုက်သည်။

မမျှော်လင့်ဘဲ ယန်းသုန်မေ့က သူ့ကို လွယ်လွယ်နဲ့ လွှတ်ပေးဖို့ ရည်ရွယ်မထားပေ။ သူမက တံခါးနားက လုံခြုံရေးအစောင့်ကို ချက်ချင်း လှမ်းပြောလိုက်သည်။

" တားလိုက်ကြ၊ သူ့ကို ဝင်ခွင့် မပေးနဲ့ "

လုံခြုံရေးအစောင့်နှစ်ယောက်က ဘာဖြစ်နေမှန်း မသိပေမယ့် ယဲ့ဖန်ကို တားလိုက်ကြသည်။

" လူကြီးမင်း၊ ကျေးဇူးပြုပြီး နေပါဦး "

ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်သည်။

" ကျွန်တော်က ရှစ်ယင်းဟောင် လူကြီးမင်းနဲ့ ဆွေးနွေးစရာရှိလို့ ဒီကိုရောက်နေတာပါ။ ဘာလို့ဖယ်မပေးတာလဲ "

လုံခြုံရေး အစောင့်နှစ်ယောက်က ယန်းသုန်မေ့ကို အမြန် ကြည့်လိုက်ကြသည်။

ယန်းသုန်မေ့က သူတို့နားကို ချက်ချင်း လျှောက်သွားလိုက်သည်။

" သူ့စကား နားမထောင်နဲ့။ သူက သူခိုး။ ငါတို့ဥက္ကဌကို ဘယ်လိုလုပ် သိနိုင်မှာလဲ "

သူခိုးဖြစ်ကြောင်း လုံခြုံရေးအစောင့်နှစ်ဦးက ကြားလိုက်သောအခါ ချက်ချင်း ယဲ့ဖန်ကို စူးစူးရဲရဲ ကြည့်နေကြသည်။

ယဲ့ဖန်လည်း အနည်းငယ် ဒေါသထွက်သွားသည်။ သူက ယန်းသုန်မေ့ကို လှည့်ကြည့်လိုက်သည်။

" ယန်းမိန်းကလေး၊ ရှင်းရှင်းလင်းလင်းပြောပါ။ ကျွန်တော်က ဘယ်လိုလုပ် သူခိုးဖြစ်သွားတာလဲ "

ယန်းသုန်မေ့က လှောင်ပြုံး ပြုံးလိုက်သည်။

" ဟုတ်တယ်၊ နင်က သူခိုးပဲ။ နင် ငါတို့အိမ်မှာ ငှားနေတုန်းက ငါတို့ ခဏခဏ ပစ္စည်းတွေ ပျောက်တယ်။ နင် ပြောင်းပြီးကတည်းက ငါတို့ ဘယ်တော့မှ ထပ်မပျောက်တော့ဘူး။ နင်က သူခိုးမဟုတ်ဘူးလို့ ပြောရဲသေးတာလား "

ယဲ့ဖန်က သူမကို အေးစက်စွာ ကြည့်နေသည်။

" ယန်းမိန်းကလေး၊ ခင်ဗျားအိမ်မှာ တစ်ခုခု ပျောက်နေရင် ရဲကို ဖုန်းဆက်လို့ရတယ်။ တကယ်သာ ခိုးရင် ထောင်ကျခံမှာပါ။ ဒါပေမဲ့ သက်သေအထောက်အထားမရှိဘဲ ဆဲဆိုခဲ့ပြီး ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုရင်တော့ သတိထားပါ။ ခင်ဗျားကို အသရေဖျက်မှုနဲ့ တရားစွဲမယ် "

" အမလေး၊ ကြောက်လိုက်တာ။ မြန်မြန်လာပြီး တရားစွဲစမ်းပါဦး "

ယန်းသုန်မေ့က မကြောက်မရွံ့ ကြည့်နေသည်။

" နင် ငါတို့ဥက္ကဌကို လာတွေ့တာမလား။ ငါ့ စကားတစ်ခွန်းတည်းနဲ့ နင့်ရဲ့လုပ်ငန်းကို ဖျက်ဆီးနိုင်တယ် "

ယဲ့ဖန်က သူမ၏ ဆင်ခြင်တုံတရားမဲ့သော အကြည့်ကို မြင်ပြီး စကားမပြောနိုင်ဖြစ်နေရသည်။

" ဘာလိုချင်တာလဲ။ ပြောလိုက် "

ယန်းသုန်မေ့က သူ့ကို အကဲခတ်ကြည့်ပေးသည်။

" ငါ့ရှေ့မှာ နင့်လိုလူတစ်ယောက်ကို မြင်နေရတာ ငါ သည်းမခံနိုင်ဘူး။ နင့်ကိုယ်နင် အောင်မြင်တဲ့သူတစ်ယောက်လို့ ထင်နေတာလား။ ဟိုအမှိုက်ပုံးကို မြင်လား။ အဲ့ထဲက တစ်ခုခုကို ရှာလိုက်။ ငါ့ရှေ့မှာစားပြရင် ငါ အလွှတ်ပေးလိုက်မယ်။ နင့်လို ဆင်းရဲသားက အမှိုက်စားဖို့ပဲ ထိုက်တန်တယ် "

ထိုအခါ သူမအနားက လုပ်ဖော်ကိုင်ဖက်တွေတောင် သည်းမခံနိုင်တော့ပေ။

" သုန်မေ့ ထားလိုက်ပါ၊ ဒါက အနိုင်ကျင့်ရာရောက်နေပြီ မဟုတ်လား "

" ဟုတ်တယ်၊ ဒီနေ့ သူက နင့်ကို နှောင့်ယှက်နေတာမှ မဟုတ်တာ။ ဘာလို့ သူ့အတွက် ခက်ခဲအောင် လုပ်နေတာလဲ "

" သူလည်း အရွယ်ရောက်ပြီးသား ယောက်ျားလေးတစ်ယောက်လေ။ သူ့ကို အမှိုက်စားခိုင်းတာကတော့ ရှက်စရာကောင်းလွန်းတယ် "

" အလုပ်ချိန်နီးနေပြီ။ မြန်မြန်သွားကြစို့ "

ယန်းသုန်မေ့က သူတို့ပြောတာကို နားမထောင်ပေ။

သူမက ယဲ့ဖန်ကို ဆက်လက်စိုက်ကြည့်နေသည်။

" စားမလားလို့ ငါ မေးနေတယ်လေ။ နင် မစားရင် ဒီနေ့ နင် လုပ်မယ့်ဟာတွေကို တွေးတောင် မတွေးလိုက်နဲ့ "

ယဲ့ဖန်က မထိန်းနိုင်တော့ပေ။

" ကိုယ့်ဟာကိုယ် စားလိုက်။ ခင်ဗျားကို အဖော်ပြုမပေးတော့ဘူး "

အဲ့ဒီနောက် သူက လှည့်ထွက်သွားသည်။

ယဲ့ဖန်က သူမစကားတွေကို အလေးအနက်မထားမှန်း မြင်လိုက်ရပြီး ယန်းသုန်မေ့က ချက်ချင်း ဒေါသတကြီးနဲ့ သူ့နောက်ကို လိုက်လာခဲ့သည်။

" အဲ့ဒီမှာ ရပ်လိုက် ...... "

သူမက စကားပြောနေရင်း ယဲ့ဖန်၏လက်ကို လှမ်းဆွဲလိုက်သည်။

ယဲ့ဖန်လည်း စိတ်တိုသွားတာကြောင့် ချက်ချင်း သူမလက်ကို ဖယ်ထုတ်လိုက်သည်။

သူက အားအများကြီး အသုံးမပြုလိုက်သော်လည်း ယန်းသုန်မေ့က နာကျင်စွာငိုကြွေးကာ မြေပြင်ပေါ်သို့ ချက်ချင်း လဲကျသွားခဲ့သည်။

" နင် ငါ့ကို ရိုက်လိုက်တာလား။ မြန်မြန်ဖမ်းပြီး သူ့ကို ရဲစခန်းကိုပို့လိုက်ကြ "

လုံခြုံရေး အစောင့်နှစ်ဦးမှာ ထိတ်လန့်သွားကြသည်။

သူတို့က မျက်စိကန်းတာမဟုတ်တဲ့အတွက် ယန်းသုန်မေ့က သူတို့ကို လှည့်စားဖို့ ကြိုးစားနေတာမှန်း ပြောနိုင်သည်။

သူမကို ကူသင့်လား။

သို့သော် ယဲ့ဖန်၏ အေးစက်တဲ့အကြည့်ကို သူတို့ တွေ့လိုက်ရပြီး တုန်တုန်ယင်ယင်နှင့် အနောက်ကို ပြန်ဆုတ်သွားကြသည်။

သူတို့က မဆင်မခြင် မလုပ်ရဲကြတော့ပေ။

ယန်းသုန်မေ့က လုံခြုံရေးနှစ်ယောက် ဘယ်လောက် အသုံးမကျသည်ကို တွေ့လိုက်ရသောအခါ သူမ အဆုတ်ကွဲမတတ် အော်ခဲ့သည်။

" တစ်ယောက်ယောက် မြန်မြန်လာကြပါဦး။ ဒီလူက မိန်းကလေးတစ်ယောက်ကို ရိုက်နေတယ်။ ကူညီကြပါ ..... "

ယဲ့ဖန်က သူ့လက်တွေကို အိတ်ကပ်ထဲထည့်လိုက်သည်။ ဘေးနားမှာတင် ရပ်ပြီး သူမရဲ့ သရုပ်ဆောင်နေမှုကို အေးစက်စွာ ကြည့်နေခဲ့သည်။

ထိုအချိန်တွင် လူတစ်စု ရုံးအဆောက်အဦးထဲမှ ရုတ်တရက် ထွက်လာသည်။

ခေါင်းဆောင်လျှောက်လာသူက ထိပ်ပြောင်နဲ့ လူလတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်ဖြစ်သည်။

ထိုလူက သိပ်မချောပေမယ့် သူ့မျက်လုံးတွေက စူးရှလှသည်။ တစ်ချက်ကြည့်ရုံဖြင့် သူက စီးပွားရေးလောကမှာ မြေခွေးအိုကြီးတစ်ကောင် ဖြစ်ကြောင်း ပြောနိုင်လေသည်။

သူက ယန်းသုန်မေ့၏ ပုံစံကို မြင်သောအခါ ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။

" ဒီနေရာကို ဘာထင်လဲ။ မင်း ဘာလုပ်နေတာလဲ "

ယန်းသုန်မေ့က ထိုလူကိုမြင်သောအခါ သူမက မြေကြီးပေါ်မှ အမြန်ထလိုက်သည်။

" ဥက္ကဌရှစ်၊ အဲ့တာ… သူက ကျွန်မကို အခု ရိုက်လိုက်တာ။ ကျွန်မအတွက် ရပ်တည်ပေးပါ "

ထိုလူ၏ အမူအရာက ပြောင်းသွားသည်။

" ငါ အရေးကြီးဧည့်သည်ကို ကြိုစရာရှိတယ်။ မင်းရဲ့ အရှုပ်တွေကို အရင်ဖယ်ထားစမ်း "

သူပြောနေရင်းနဲ့ သူ့ဘေးနားက အတွင်းရေးမှူးကို ပြောသည်။

" ချက်ချင်းဖုန်းခေါ်ပြီး ဘယ်ရောက်နေပြီလဲ မေးလိုက်ဦး "

ထိုအချိန်တွင် ယဲ့ဖန်က ရုတ်တရက် စကားဝင်ပြောလာသည်။

" ခင်ဗျားက လင်းဟန်ရင်းနှီးမြှုပ်နှံရေးရဲ့ ဥက္ကဌ မဟုတ်လား။ မင်္ဂလာပါ၊ ကျွန်တော်က ယဲ့ဖန်ပါ "

ရှစ်ယင်းဟောင်က သူ့ကို အံ့သြစွာ ကြည့်လိုက်သည်။

" မင်းက ယဲ့လူကြီးမင်းလား။ မလေးမစား ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ် "

ထိုလူက ရိုသေစွာနဲ့ လက်ဆွဲနှုတ်ဆက်လိုက်သည်။

ယန်းသုန်မေ့ အံ့သြသွားသည်။

" ဥက္ကဌရှစ်၊ ဘာလို့ သူ့ကို အရမ်းလေးစားနေတာလဲ "

ရှစ်ယင်းဟောင်က သူမကို မော့ကြည့်လိုက်သည်။

" ယဲ့လူကြီးမင်းက ငါတို့ ရင်းနှီးမြုပ်နှံရေးကုမ္ပဏီကို ၀ယ်လိုက်တာ။ အခု ကုမ္ပဏီရဲ့ သူဌေးပဲ။ သူ့ကို လေးလေးစားစား ဆက်ဆံတာက ပြဿနာရှိလို့လား "

" သူဌေး ...... သူဌေးလား "

ယန်းသုန်မေ့သည် မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

" ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကုမ္ပဏီတစ်ခုလုံးကို သူ ဘယ်လိုလုပ် ဝယ်နိုင်မှာလဲ။ တစ်ခုခု မှားနေတာလား "

ယဲ့ဖန်က လွန်ခဲ့တဲ့ နှစ်ဝက်လောက်ကမှ သူတို့အိမ်ကို ငှားနေခဲ့ရပြီး အရမ်းဆင်းရဲလေသည်။

သပ်သပ်ရပ်ရပ် အဝတ်အစားတွေကိုပင် မတတ်နိုင်ပေ။

သူနဲ့ မတွေ့တာ နှစ်ဝက်လောက်ပဲ ရှိသေးတာနဲ့ သူ့ကို လင်းဟန်ရင်းနှီးမြှုပ်နှံရေးကိုတောင် ဝယ်နိုင်နေပြီလား။ ဒါက ဘယ်လိုဟာသမျိုးလဲ။

ကုမ္ပဏီရဲ့ စျေးကွက်တန်ဖိုးက ၇ ဘီလီယံကျော်ရှိတယ်လေ။ ဘယ်လိုလုပ် လွယ်လွယ်ကူကူနဲ့ ရနိုင်မှာလဲ။

ရှစ်ယင်းဟောင်က သူမကို အေးစက်စွာ ကြည့်နေသည်။

" ငါက အသက်ကြီးလို့ ဦးနှောက်မကောင်းဘူးလို့ ပြောနေတာလား။ ငါတို့ကုမ္ပဏီကို ဘယ်သူဝယ်ထားမှန်းတောင် ငါက မသိဘူးလို့ ထင်လား "

ယန်းသုန်မေ့က သူမလက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။

" အဲ့လို ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် သူက ဆင်းရဲတဲ့သူလေ။ ကျွန်မတို့ ကုမ္ပဏီကို ဘယ်လိုလုပ် ဝယ်နိုင်မှာလဲ ...... "

ရှစ်ယင်းဟောင်က လုံးဝကို ဒေါသတကြီး ဖြစ်နေသည်။

" ခွေးမ၊ မင်းက ယဲ့လူကြီးမင်းကို ဘယ်လိုတောင် မလေးမစားလုပ်ရဲတာလဲ။ အခု မင်းကို အလုပ်ထုတ်လိုက်ပြီလို့ တရားဝင်ပြောတယ် "

အပိုင်း ( ၅၅၄ )

သေဖို့ မတောင်းဆိုရင် သေမှာ မဟုတ်ဘူး

ယန်းသုန်မေ့ လုံးဝကို ထိတ်လန့်နေသည်။

" ဥက္ကဌရှစ်၊ ကျွန်မ မှားသွားပါတယ်။ ကျေးဇူးပြုပြီး ကျွန်မကို အလုပ်မထုတ်ပါနဲ့။ အိမ်ဝယ်ထားလို့ လစဉ် အရစ်ကျ ပေးရဦးမှာပါ။ ကျွန်မကို အလုပ်ထုတ်ရင် ဘယ်လို သွားပေးရမှာလဲ "

ရှစ်ယင်းဟောင်က မတုန်မလှုပ်သာ ရှိနေသည်။

" ဒါက မင်းကိုယ်တိုင် လုပ်ခဲ့တာပဲ။ မင်းက ယဲ့လူကြီးမင်းကို စော်ကားခဲ့တာ။ ဒီနေ့ မင်းကို ဘယ်သူကမှ ကာကွယ် မပေးနိုင်ဘူး "

ယဲ့လူကြီးမင်းက သူတို့ကုမ္ပဏီကို ဝယ်ယူပြီး ရုံးထဲတောင် မဝင်ရသေးတာကို ဥာဏ်ရည်မဲ့တဲ့ ဒီမိန်းမရဲ့ အရှုပ်တွေကို ကြုံနေရသည်။

ယဲ့လူကြီးမင်း၏ဒေါသကို ဖြေဖျောက်ရန် သူမကို ပစ်မှတ်ထားရပေမည်။

ယန်းသုန်မေ့က အနည်းငယ် လက်မခံနိုင် ဖြစ်နေသေးသည်။

" ဥက္ကဌရှစ်၊ ကျွန်မကို အလုပ်ထုတ်ရင်တောင် ကျွန်မမှာ ပြောစရာတွေ ရှိသေးတယ်။ ဒီတစ်ယောက်က တကယ်ကို လူလိမ်ပါ။ လွန်ခဲ့တဲ့ နှစ်ဝက်လောက်ကမှ သူက ကျွန်မတို့အိမ်ကို ငှားနေရတဲ့အထိ ဆင်းရဲခဲ့တာ။ အဲ့လိုလူက အခုကုမ္ပဏီကို ဘယ်လိုလုပ် ဝယ်နိုင်မှာလဲ။ ဒါက လုံးဝ မဖြစ်နိုင်ဘူး "

ရှစ်ယင်းဟောင်က သူမကို အေးစက်စွာ ကြည့်နေသည်။

" မင်းက ဘယ်လိုသေသွားမှန်းတောင် မသိလောက်အောင် ခေါင်းမာနေတုန်းပဲ။ ကောင်းပြီ၊ မင်းက သိချင်မှတော့လည်း မင်း ဝေ့ချန်းဖန်းအကြောင်းကို ကြားဖူးသင့်တယ် မဟုတ်လား "

ယန်းသုန်မေ့ ချက်ချင်း ခေါင်းညိတ်လိုက်သည်။

" သူက ယန်းချန်ရဲ့ အိမ်ခြံမြေလုပ်ငန်းမှာ ထိပ်တန်းသူဌေးတစ်ယောက်ပါ။ သူက ထိပ်တန်းသုံးယောက် ဖြစ်လာနိုင်တယ်ဆိုပြီး လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူ့အချက်အလက်တွေကို စုံစမ်းဖို့ ကျွန်မကို ဥက္ကဌ ခိုင်းခဲ့ပါတယ် "

ရှစ်ယင်းဟောင်က ယဲ့ဖန်ကို လေးလေးစားစား ကြည့်နေသည်။

" သူ မနေ့ညက ယဲ့လူကြီးမင်းကို တောင်းပန်ခဲ့ရတယ်။ ဝေ့ချန်းဖန်းက ယဲ့လူကြီးမင်း စော်ကားခဲ့လို့ လူမြင်ကွင်းမှာ ပါးရိုက်ခံရပြီး ယဲ့လူကြီးမင်း ခေါင်းငုံ့တောင်းပန်ရတယ်။ မင်းက ဝေ့ချန်းဖန်းထက် ပိုသန်မာတယ်လို့ မင်းထင်နေလား "

ယန်းသုန်မေ့က ထိုစကားကို ကြားသောအခါ သူမ ချက်ချင်း ထိတ်လန့်သွားရသည်။

" လူမြင်ကွင်းမှာ ပါးရိုက်ခံရတာလား။ ခေါင်းငုံ့ပြီး တော့ရော တောင်းပန်ရတာလား။ ဝေ့ချန်းဖန်းလေ၊ လာနောက်နေတာလား "

ဝေ့ချန်းဖန်းလို လူကို ထိမိပါက ယန်းချန်အိမ်ခြံမြေလုပ်ငန်းတစ်ခုလုံး တုန်လှုပ်သွားနိုင်သည်။

အဲ့လိုအဆင့်က လူတစ်ယောက်ကို လူမြင်ကွင်းမှာ ဘယ်လိုလုပ် ပါးရိုက်နိုင်တာလဲ။ ပြီးတော့ တောင်းပန်ခိုင်းသေးတာလား။

ဝေ့ချန်းဖန်းကို ခေါင်းငုံ့ခိုင်းတဲ့လူက တကယ်ပဲ ဒီဆင်းရဲကောင်လား။

ရှစ်ယင်းဟောင်ပြောနေတဲ့သူက သူမပြောနေတဲ့လူနဲ့ အတူတူပဲလားလို့ သူမ တကယ် သံသယဖြစ်မိသည်။

ဒါက သိပ်ထူးဆန်းနေတာ မဟုတ်ဘူးလား။

သူမအနောက်က လုပ်ဖော်ကိုင်ဖက်တွေတောင်မှ ယဲ့ဖန်ကို ထိတ်လန့်စွာ ကြည့်နေသည်။

ဒီလူငယ်က သူတို့ထက်တောင် ငယ်တာကို ဒီလို အစွမ်းထက်တဲ့ ခွန်အားတွေ ရှိနေတာလား။

ဝေ့ချန်းဖန်းလို လူတောင် ပါးရိုက်ခံရတာလား။

ဒါပေမယ့် ယန်းသုန်မေ့ပြောတော့ သူက လွန်ခဲ့တဲ့ နှစ်ဝက်ထိကတောင် ဆင်းရဲနေတာဆို။

ဘာတွေဖြစ်နေတာလဲ။

ရှစ်ယင်းဟောင်က ယန်းသုန်မေ့ကို ဆက်ပြောသည်။

" ဒီလူကြီးမင်းက ဘယ်သူလဲဆိုတာ မင်းက မသိဘဲ ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ။ နျုံစစ်သွမ်းကိုရော မင်း ကြားဖူးသင့်တယ် မဟုတ်လား "

ယန်းသုန်မေ့ ခေါင်းညိတ်ပြပြန်သည်။

" ကြားဖူးပါတယ်။ သူက တောင်ပိုင်းကွမ်တုန်းပြည်နယ်မှာ အချမ်းသာဆုံးသူဌေးဟောင်းပါ။ ဟိုတလောက မတော်တဆမှုတစ်ခုကြောင့် ကွယ်လွန်သွားခဲ့တာ ..... "

" ဟားဟား မတော်တဆတဲ့လား"

ရှစ်ယင်းဟောင်က လှောင်ပြောင်လိုက်သည်။

" အမှန်တိုင်းပြောရရင် နျုံစစ်သွမ်းက ယဲ့လူကြီးမင်းကို တိုက်ခိုက်ရင်း မခံနိုင်တော့ဘဲ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တာ "

" ဘာ "

ယန်းသုန်မေ့ အံ့အားသင့်စွာဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

သူမက ယဲ့ဖန်ကို မယုံနိုင်စွာ ကြည့်လိုက်သည်။

" သူက တကယ်ပဲ နျုံစစ်သွမ်းကို အနိုင်ယူခဲ့တာလား။ တစ်ဖက်က မခံနိုင်ဘဲ သတ်သေဖို့တောင် ရွေးခဲ့တာလား။ ဥက္ကဌရှစ် ရှင် .... ရှင် ပြောတာအမှန်ပဲလား "

ရှစ်ယင်းဟောင်က သူမကို အေးစက်စက်သာ ကြည့်နေသည်။

" မင်းကို လိမ်ဖို့လိုမယ် ထင်လား။ မယုံရင် မေးလို့ရပါတယ်။ ဒါက လျှို့ဝှက်ချက် မဟုတ်ဘူး။ ယဲ့လူကြီးမင်းကို အသနားခံလိုက်ရင် ပိုကောင်းမယ်။ မဟုတ်ရင် သူက လက်ညှိုးလေးလှုပ်တာနဲ့ မင်းကို အလွယ်တကူ သတ်ပစ်လို့ရတယ် "

ယန်းသုန်မေ့ လုံးဝအံ့အားသင့်သွားသည်။ သူမစိတ်တွေ လွတ်သွားသည်။

နောက်ဆုံးတွေ့တုန်းကထိ စားဖို့တောင် မတတ်နိုင်တဲ့ ဆင်းရဲသားတစ်ယောက်က ရုတ်တရက် လုံးဝတခြားသူတစ်ယောက် ဖြစ်သွားသည်ကို သူမ နားမလည်နိုင်ပေ။

လင်းဟန်ရင်းနှီးမြှုပ်နှံရေးကို ဝယ်ပြီး၊ ဝေ့ချန်းဖန်းကို ပါးရိုက်၊ နျုံစစ်သွမ်းကို သေစေခဲ့တာ။

ကမ္ဘာကြီးက မှော်ဆန်လွန်းတယ်မဟုတ်လား။

ရှစ်ယင်းဟောင်က စာနာစိတ်မရှိပေ။

" အခုသွားပြီးတော့ နှုတ်ထွက်စာ တင်လိုက်။ မင်းကို ထပ်မတွေ့ရစေနဲ့ "

သူက စကားပြောနေရင်း အနောက်က သူမ လုပ်ဖော်ကိုင်ဖက်တွေကို လှမ်းကြည့်လိုက်တယ်။

" မင်းတို့ရော မလေးမစား လုပ်သေးလား "

ထိုဝန်ထမ်းများက အလွန်ကြောက်လန့်နေကြပြီး မျက်နှာများ ဖြူဖျော့လာကာ လက်ကို အကြိမ်ကြိမ် ဝှေ့ယမ်းကြသည်။

" မလုပ်ပါဘူး၊ မလုပ်ပါဘူး၊ ကျွန်တော်တို့က ယဲ့လူကြီးမင်းကို ဘယ်လိုလုပ် စော်ကားရဲမှာလဲ "

" ဟုတ်တယ်၊ အဖေအမေကို မထီမဲ့မြင်ပြုရဲရင်တောင်မှ ယဲ့လူကြီးမင်းကို မလေးမစား မလုပ်ရဲပါဘူး "

" ဒါက ယန်းသုန်မေ့ရဲ့ အပြစ်တွေပါ။ သူမက ယဲ့လူကြီးမင်းကို စိတ်အနှောင့်အယှက်ပေးပြီး အမှိုက်စားခိုင်းဖို့တောင် တွန်းအားပေးခဲ့ပါတယ် "

" ဟုတ်တယ်၊ ကျွန်မတို့က သူ့ကို ဒီလောက်ရက်စက်မယ်လို့ မမျှော်လင့်ထားဘူး။ ဒီလိုလူကို အလုပ်ထုတ်ပစ်ရမယ် "

သူတို့ပါ အလုပ်ထုတ်ခံရမှာ ကြောက်ပြီး သူတို့က ယန်းသုန်မေ့ကို အပြစ်ပုံချလိုက်ကြတော့သည်။

ရှစ်ယင်းဟောင်က ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။

" ယဲ့လူကြီးမင်း၊ ဒီလိုကိုင်တွယ်တာကို ကျေနပ်ရဲ့လား "

ယဲ့ဖန်က ဘာမှတ်ချက်မှ မပေးခဲ့ပေ။

" အရင် လွှဲပြောင်းရေး လုပ်ရအောင် "

ရှစ်ယင်းဟောင်က အမြန် လျှောက်သွားသည်။

" ယဲ့လူကြီးမင်း၊ အနောက်ကနေ လိုက်ခဲ့ပါ "

ယဲ့ဖန်က ယန်းသုန်မေ့ကို နောက်တစ်ကြိမ် မကြည့်တော့ပေ။ သူက ကုမ္ပဏီ၏ အမှုဆောင်အရာရှိများနဲ့အတူ ရုံးခန်းထဲသို့ ချက်ချင်းဝင်သွားခဲ့သည်။

ယန်းသုန်မေ့ မခံနိုင်တော့ဘဲ မြေကြီးပေါ်သို့ လဲကျသွားသည်။

တစ်ချိန်က နှိမ့်ခဲ့ဖူးတဲ့ ယောက်ျားကို သူမ အခု မော့ကြည့်လိုက်ရသည်။

ဒါကို သူမ လက်မခံချင်သော်လည်း အဖြစ်မှန်ဖြစ်နေသည်။

နောက်တစ်ခုကတော့ သူမ အလုပ်ပြုတ်သွားတာဖြစ်သည်။

အစက သူမရဲ့ ပြောင်မြောက်သော စွမ်းဆောင်ရည်ကြောင့် ဌာ မန်နေဂျာအဖြစ် ရာထူးတိုးမြှင့်ခံရရန် မျှော်လင့်ခဲ့သည်။

ခေါင်းဆောင်က သူမနှင့်တောင် ထိုကိစ္စကို စကားပြောနေခဲ့သည်။

လုပ်ထုံးလုပ်နည်းတွေကို ဖြတ်ကျော်ပြီး ရာထူးကို ရရှိခါနီးနေပြီ ဖြစ်သည်။

သို့သော် ထိုအရာအားလုံးက အခုအခါ အချည်းနှီးဖြစ်သွားခဲ့ရသည်။

မန်နေဂျာရာထူးကို ဆုံးရှုံးရုံသာမက အလုပ်ပါ ပြုတ်သွားသည်။

နောက်လတွင် ပေးချေရမည့် အရစ်ကျငွေအတွက် မျှော်လင့်ချက်မဲ့သွားစေသည်။

ဒါတွေ အားလုံးက သူ့အပြစ်ပဲ ဖြစ်သည်။

ယဲ့ဖန်က အစက အလွှတ်ပေးတာကို သူမက အတင်း ပြဿနာရှာခဲ့မိသည်။

သူမကိုယ်တိုင်က သေခြင်းတရားကို ရှာခဲ့မိတာဖြစ်သည်။

အပိုင်း ( ၅၅၅ )

အရှက်မရှိတာ ဘယ်လိုလဲဆိုတာ သိလား

လွှဲပြောင်းရေး လုပ်ငန်းစဉ်က အတော်လေး ချောမွေ့ခဲ့သည်။

ပြီးသွားတဲ့နောက် ယဲ့ဖန်က အကြီးအကဲများနှင့်အတူ ကုမ္ပဏီ၏ အခြေအနေကို အကဲခတ် လေ့လာခဲ့သည်။

ကုမ္ပဏီဝန်ထမ်းတွေက သူတို့ရဲ့ သူဌေးအသစ် ငယ်ငယ်လေးက အရမ်းကို ချောတာကြောင့် အံ့ဩနေကြသည်။

တစ်ချို့ ရဲတင်းတဲ့ အမျိုးသမီးဝန်ထမ်းတွေက သူနဲ့ မျက်လုံးချင်း ဆုံလိုက်သည်။

အဆုံးမှာ ယဲ့ဖန် မခံနိုင်တော့ဘဲ အကြောင်းပြချက်ရှာကာ အမြန်ထွက်လာခဲ့သည်။

ရှစ်ယင်းဟောင်နဲ့ ကုမ္ပဏီအကြီးအကဲများက ယဲ့ဖန်ကို အပြင်ထိ လိုက်ပို့ကြသည်။

အတော်လေးကို ခမ်းနားသည်။

ယန်းသုန်မေ့က ဓာတ်လှေကားထဲကနေ ပစ္စည်းတွေပိုက်ပြီး ထွက်လာတဲ့အခါ ထိုမြင်ကွင်းကို မြင်လိုက်ပြီး ရုတ်တရက် မနာလိုမှုကို ခံစားလိုက်ရသည်။

ထိုအချိန်က သူမဟာ ကုမ္ပဏီကြီးတစ်ခုတွင် အလုပ်လုပ်ခဲ့ပြီး ဆင်းရဲနွမ်းပါးသော ကျောင်းသားလေး ယဲ့ဖန်ကို နှိမ်ခဲ့သည်။ သို့ပေမဲ့ အခု သူတို့ရဲ့ အခြေအနေတွေက ပြောင်းပြန်ဖြစ်သွားခဲ့သည်။

သူက စီးပွားရေးလောကတွင် ထိပ်တန်းတစ်ယောက် ဖြစ်လာခဲ့သော်လည်း သူမကတော့ အလုပ်ထုတ်ခံခဲ့ရသည်။

ဘဝက ထူးထူးဆန်းဆန်းတွေ ဖြစ်နိုင်သည်။ နောက်တစ်စက္ကန့်အတွင်းမှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပေ။

သူတို့က မတူညီသောကမ္ဘာနှစ်ခုမှ လူများဖြစ်ကြပြီး သူတို့ကြားမှ ကွာဟမှုက ပိုပို ကြီးမားလာမည်ဖြစ်သည်။

....................

ကုမ္ပဏီမှ ပြန်လာပြီးနောက် ယဲ့ဖန် ဘာမှလုပ်စရာမရှိတာကြောင့် ရှချူး၏ ရိုက်ကူးရေးအဖွဲ့ဆီသို့ သွားရောက်လည်ပတ်ခဲ့သည်။

'အိပ်မက်သယောင်' ရိုက်ကူးရေးသို့ သူရောက်သွားသောအခါ ရှချူးက ဒီနေ့ ရိုက်ကူးရေး မရှိကြောင်း ဝန်ထမ်းများထံမှ သိခဲ့ရသည်။

သူမ ဘယ်သွားလဲ သိလားလို့ မေးတဲ့အခါ တစ်ဖက်က အကြာကြီး စကားတွေ တောက်လျှောက်ပြောနေပေမယ့် အဖြေမရခဲ့ပေ။

ယဲ့ဖန်က ဆက်မမေးတော့ချေ။

သူက ကူကယ်ရာမဲ့သွာဖြင့် ထွက်သွားရုံသာ ရှိတော့သည်။

သူက ပတ်ဝန်းကျင်နှင့် ရင်းနှီးစေရန် ယန်းချန်ကို တစ်ယောက်တည်း လှည့်ပတ်သွားခဲ့သည်။

ယန်းချန်မြို့က တကယ့်ကို မြို့ကြီးတစ်မြို့ဖြစ်သည်။ မြို့အရွယ်အစားပဲဖြစ်ဖြစ် ခေတ်မီတဲ့အတိုင်းအတာပဲဖြစ်ဖြစ်၊ ကျုံးဟိုင်ထက် အများကြီး ပိုသာ ပိုကောင်းလေသည်။

ဒါက သူ့ရဲ့ အရည်အချင်းတွေကို ပြသဖို့အတွက် တကယ့်စင်မြင့်ဖြစ်သည်။

ထိုအချက်က သူ ယန်းချန်သို့ ချီတက်ရန် စိတ်ပိုင်းဖြတ်ထားတာကို တဖြည်းဖြည်း ပိုခိုင်မာစေခဲ့သည်။

သူက ယန်းချန်မြို့ထဲတွင် တစ်နေကုန် လည်ခဲ့သည်။

ညနေစောင်းတဲ့အခါ ကျောင်းဖုလင်နဲ့ တွေ့ဖို့ အချိန်နီးလာသည်။

ထို့ကြောင့် ကျန်းနန်နယ်စပ်ဟိုတယ်သို့ အမြန်ပြေးသွားခဲ့သည်။

ဒီနေရာကို သူ ဒုတိယအကြိမ် ရောက်လာတာဖြစ်တာကြောင့် အတော်ရင်းနှီးနေပြီ ဖြစ်သည်။

လမ်းပြပေးတဲ့ စားပွဲထိုးမပါဘဲ ဒုတိယထပ်ကို တန်းတန်းမတ်မတ်သွားပြီး သီးသန့်ခန်းဆီသို့ လျှောက်သွားတော့မည့်အချိန်တွင် အမျိုးသမီးတစ်ယောက်၏ ဒေါသသံကို ကြားလိုက်ရသည်။

" ဖယ်ပေး၊ အိမ်ပြန်ချင်တယ် "

ယဲ့ဖန်၏ လှုပ်ရှားမှုများ ရုတ်တရက် ရပ်တန့်သွားသည်။

ဒီအသံက ဘာလို့ ရှချူးရဲ့ အရမ်းတူနေရတာလဲ။

ချက်ချင်း ခြေနှစ်လှမ်းဆုတ်ကာ နောက်သို့ လှည့်ကြည့်လိုက်သည်။

စင်္ကြံအဆုံးတွင် အဖြူရောင်ညနေခင်းဂါဝန်ကို ၀တ်ဆင်ထားသည့် မိန်းကလေးတစ်ဦးကို မြင်လိုက်ရသည်။

ဒါက ရှချူး မဟုတ်ဘူးလား။

သူမလမ်းကို ပိတ်ထားတဲ့လူက 'အိပ်မက်သယောင်' ရဲ့ ဒါရိုက်တာဖြစ်သည်။

သူ့နာမည်က ယွီသချန် မဟုတ်လား။

သူတို့နှစ်ယောက်က သဘောထားချင်း မတိုက်ဆိုင်ဘူးထင်တယ်။

ရှချူးက ယွီသချန်ကို ဒေါသတကြီး စိုက်ကြည့်နေသည်။

တစ်ချိန်တည်းမှာပဲ ယွီသချန်က သူမကို လွှတ်မပေးပေ။

" ရှချူး၊ မင်း ကျေးဇူးပြုပြီး ဒါကို လုပ်ပေးနိုင်မလား "

" တောင်းပန်ပါတယ်၊ ဒါတော့ မျက်နှာသာ မပေးနိုင်ဘူး။ တခြားတစ်ယောက်ယောက်ကို ရှာလိုက်ရင် ပိုကောင်းလိမ့်မယ် "

ရှချူးက ပြောပြီး သူ့ကို တွန်းထုတ်တော့မည့်အချိန်မှာ ယွီသချန်၏ မျက်နှာတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင် ပေါ်လာသည်။

ထို့နောက် သူမလက်ကို ဆွဲဆောင့်လိုက်သည်။

" ရှချူး၊ အရှက်မရှိ မလုပ်စမ်းနဲ့ "

" လွှတ် ၊ ကျွန်မကို နှိပ်စက်နေတာလား....... "

ရှချူးက အစွမ်းရှိသမျှ ရုန်းကန်လိုက်သည်။

" ဒီနေ့ ငါ ဝိုင်သောက်မှာ။ မသောက်ချင်ရင်တောင် သောက်ရမယ် "

ယွီသချန်က ပြင်းပြင်းထန်ထန် ပြောပြီးနောက် ရှချူးကို ဆွဲခေါ်ပြီး သီးသန့်ခန်းထဲကို ၀င်သွားသည်။

ရှချူးက သူမရဲ့ အားနည်းတဲ့ ခွန်အားနဲ့ ဘယ်လိုလုပ် ခုခံနိုင်မှာလဲ။ သူမက အထဲကို အတင်းဆွဲခေါ်သွားခံရသည်။

ယဲ့ဖန်က မထိန်းနိုင်တော့ဘဲ အော်လိုက်သည်။

" ရပ်လိုက် "

ယဲ့ဖန်က သူတို့နှစ်ယောက်ဆီသို့ လျှောက်သွားလိုက်သည်။

ယွီသချန်က လန့်သွားပြီး ချက်ချင်း လက်ကို လွှတ်လိုက်သည်။

ရှချူးက ယဲ့ဖန်ကို မြင်သောအခါ သူမ၏ ကယ်တင်ရှင်ကို တွေ့လိုက်ရသလို ချက်ချင်း ပြေးသွားသည်။

" ယဲ့ဖန်၊ ကျွန်မကို ကယ်ပါဦး ..... "

ထို့နောက် သူမက ယဲ့ဖန်လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။

ယဲ့ဖန်က သူမကို အရင်ဆုံး စိတ်တည်ငြိမ်အောင် လုပ်ပေးပြီး ယွီသချန်ကို အေးစက်စွာ ကြည့်လိုက်သည်။

" ခင်ဗျား ဘာလိုချင်တာလဲ "

ယွီသချန်က သူ့ကိုမြင်သောအခါ အနည်းငယ် စိတ်ရှုပ်သွားသည်။

" ယဲ့လူကြီးမင်း၊ ကျွန်တော် ..... ကျွန်တော်က နောက်နေတာပါ ....... "

ယဲ့ဖန်ကတော့ မယုံပေ။

ရှချူးကို လှည့်ကြည့်လိုက်သည်။

" ဘာဖြစ်တာလဲ "

ရှချူး၏ ခန္ဓာကိုယ်လေးက တုန်လှုပ်နေဆဲဖြစ်သည်။

" သူက …ငါတို့ရုပ်ရှင်ကို ချောချောမွေ့မွေ့ ထွက်စေချင်ရင် ယန်းချန်က ရုပ်ရှင်ရုံပိုင်ရှင်တချို့နဲ့ ရင်းနှီးအောင် နေဖို့ လိုတယ်လို့ပြောတာ။ ဒီဇာတ်ကားရဲ့ အမျိုးသမီး ဇာတ်ဆောင်တစ်ယောက်အနေနဲ့ ကျွန်မမှာ တာဝန်ရှိလို့ လုပ်ပေးရမယ်ဆိုပြီး ..... "

" အဲ့ဒီသူဌေးကြီးအနားမှာ နေပြီး အရက်သောက်ခိုင်းဖို့ စီစဉ်မယ်ဆိုတာ ဘယ်သူသိမှာလဲ။ ရွံစရာကောင်းတဲ့ ဟာသတွေတောင် လုပ်ကြသေးတယ်။ သူက ပြောသေးတယ်… သူက အဲ့ဒီသူဌေးကြီးနဲ့ ပျော်စေချင်တယ်လို့တောင် ပြောတယ် ..... "

သူမက ပြောနေရင်း မျက်ရည်တွေက ပါးပြင်ပေါ်သို့ စီးကျလာသည်။

သူမက ဖျော်ဖြေရေးနယ်ပယ်မှာ နှစ်သိပ်မကြာသေးပေမယ့် ကုမ္ပဏီရဲ့ အကာအကွယ်ကို အမြဲရရှိခဲ့သည်။

သူမသည် အရင်က ညစာစားပွဲအချို့ကို တက်ရောက်ခဲ့ဖူးသော်လည်း ထိုစားပွဲတွေက အခြေခံအားဖြင့် ရှိုးပွဲအတွက်သာဖြစ်သည်။

ဒီနေ့တော့ သူမက ဒီလို ညစ်ပတ်တဲ့ အရာတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။

ဒါက လုပ်ငန်းနယ်ပယ်တွင် မကြာခဏဖော်ပြလေ့ရှိသော စကားနဲ့တောင် မပြောနိုင်သည့် ကိစ္စများဖြစ်သည်။

အကြောင်းအရာကို နားထောင်ပြီးနောက် ယဲ့ဖန်၏ အကြည့်တွေက ချက်ချင်း မည်းမှောင်သွားခဲ့သည်။

" မန်နေဂျာအစ်မက ဘယ်မှာလဲ။ သူမက ဘာလို့ မင်းနဲ့အတူ မလာတာလဲ "

ရှချူး၏ မျက်လုံးများ နီရဲသွားသည်။

" အစ်မက ဟိုတစ်နေ့ကမှ နေမကောင်းဖြစ်နေလို့ အခု ဆေးရုံတက်နေရတယ်။ ယွီသချန်က ဒီအခွင့်အရေးကို ဆုပ်ကိုင်လိုက်တာ "

ယဲ့ဖန်က ယွီသချန်ကို ကြည့်လိုက်သည်။

" သူမပြောတာ အမှန်ပဲလား "

ယွီသချန်က ချက်ချင်း တုန်လှုပ်ချောက်ချားသွားသည်။

" ယဲ့လူကြီးမင်း၊ နားလည်ပေးပါ။ ကျွန်တော်က ဒါရိုက်တာငယ်လေး တစ်ယောက်ပါဘဲ။ ရုပ်ရှင်ရိုက်ပြီးရင် ရုံတင်နိုင်မလားဆိုတာ ပြဇာတ်ရုံက သူဌေးကြီးတွေရဲ့ သဘောထားအပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်လည်း ဘာမှမတတ်နိုင်လို့ .... "

ယဲ့ဖန်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

" ခင်ဗျားမှာ ရွေးချယ်စရာမရှိတာနဲ့ ရှချူးကို တောင်းဆိုလိုက်ရောလား။ ခင်ဗျားအမေကို အတူသောက်ဖို့ ဘာလို့ မတောင်းဆိုတာလဲ "

ဘေးမှာ ရပ်ကြည့်နေတဲ့သူတွေ အများကြီးဖြစ်လာသည်။

လူတော်တော်များများက ရှချူးကို ချက်ချင်း မှတ်မိသွားပြီး သူတို့ရဲ့ဖုန်းတွေကို ထုတ်လိုက်ကြသည်။

ယွီသချန်က ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး သူ့အသံကို လျှော့လိုက်သည်။

" ကျွန်တော်တို့ ပြဿနာတစ်ခုခုရှိတယ်ဆိုရင် အဲ့တာကို သီးသန့်ဖြေရှင်းနိုင်ပါတယ်။ ရှချူးနဲ့ ကျွန်တော်တို့ရဲ့ ရုပ်ရှင်အသစ်ကို လူသိရှင်ကြား ပြသဖို့က မကောင်းပါဘူး "

ယဲ့ဖန်က မတတ်နိုင်ဘဲ အေးစက်စွာရယ်မောလိုက်သည်။

" ဘယ်လို မျက်နှာဆယ်ရမလဲဆိုတာ သိတယ်လား။ အဲ့တာ ရှက်စရာကိစ္စတွေ မလုပ်နဲ့လေ "

အပိုင်း ( ၅၅၆ )

ဘာလို့အချင်းချင်း ပြန်သတ်နေတာလဲ

ယွီသချန်က လူပိုများလာနေတာကို မြင်လိုက်ရပြီး ဒေါသထွက်နေသည့်ပုံကို ချက်ချင်းထုတ်ပြလိုက်သည်။

" ယဲ့လူကြီးမင်း၊ ဒီကိစ္စက ကျွန်တော်တို့ ထုတ်လုပ်ရေးအဖွဲ့ရဲ့ အတွင်းပိုင်းကိစ္စပါ။ လူကြီးမင်းနဲ့ ဘာမှမဆိုင်ဘူး။ အဲ့တာကို ဝင်မစွက်ဖက်ဖို့ မျှော်လင့်ပါတယ် "

ယဲ့ဖန်က ထိုလူ လူမှန်ကြီးပုံစံလုပ်ပြီး ပြန်ပြောတာကို မြင်ကာ ဒေါသထွက်လွန်းလို့ ရယ်လိုက်သည်။

" ဒီနေ့ ကျွန်တော်က ဝင်ရှုပ်တဲ့လူ ဖြစ်ချင်တာ။ ဘာလုပ်ပေးရမလဲ "

ယွီသချန်က အံကြိတ်ပြီး ရက်စက်တဲ့ အရိပ်အယောင်ကို ဖော်ထုတ်လိုက်သည်။

" ယဲ့ဖန်၊ မင်းက ကျုံးဟိုင်မှာ ပါဝါနည်းနည်းရှိတယ်ဆိုတာ ငါဝန်ခံပါတယ်။ ဒါပေမယ့် ဒါက ယန်းချန်။ ကိုယ့်အတွက် ဘာကောင်းလဲဆိုတာ စဉ်းစားပြီး လစ်လိုက်တော့။ မဟုတ်ရင် အကျိုးဆက်ကို အာမ မခံနိုင်ဘူး "

ယဲ့ဖန်က သူ၏ ခြိမ်းခြောက်မှုကို ကြားသောအခါ မထိန်းနိုင်ဘဲ ရယ်လိုက်သည်။

" အကျိုးဆက်ကို မခံနိုင်ဘူးတဲ့လား။ တကယ် ပိုပြီးတောင် စမ်းကြည့်ချင်သွားတယ် "

ရယ်ရင်းနဲ့ ချက်ချင်း မျက်နှာပျက်သွားကာ ပါးကို ရိုက်ချလိုက်သည်။

ဖြောင်း

ကျယ်လောင်သော ပါးရိုက်သံက စင်္ကြံတစ်လျှောက် ပဲ့တင်ထပ်သွားသည်။

အနီးနားရှိ လူအုပ်ကြီးက ဒီလိုလုပ်ရပ်ကို မမျှော်လင့်ထားတာကြောင့် အားလုံးက အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသည်။

ရှချူးလည်း ထိတ်လန့်သွားသည်။

သူမက ယဲ့ဖန်၏လက်ကို အမြန်ဆွဲယူလိုက်သည်။

" ယဲ့ဖန် ထားလိုက်တော့ ..... "

ယွီသချန်က သူ့မျက်နှာကို ဖုံးကာ ယဲ့ဖန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

" မင်းငါ့ကို ရိုက်ရဲတာလား။ ခွေးမသား......... "

သူ့ စကားမဆုံးခင်မှာ ယဲ့ဖန်က သူ့ပါးနောက်တစ်ဖက်ကို ရိုက်လိုက်ပြန်သည်။

" သတ္တိရှိရင် ဆက်ပြောနေလိုက်။ ခင်ဗျားကပဲ ခေါင်းမာလား ဒါမှမဟုတ် ကျွန်တော့်လက်ကပဲ မာသလား ကြည့်ရအောင် "

ယွီသချန်က ဒေါသကြောင့် ရူးတော့မလို ဖြစ်နေသည်။

ဘယ်လိုပဲဖြစ်ဖြစ် သူက ထုတ်လုပ်ရေးအဖွဲ့ကြီးတစ်ခုရဲ့ ဒါရိုက်တာဖြစ်ပြီး ဖျော်ဖြေရေးနယ်ပယ်မှာ လူသိများသူတစ်ဦးဖြစ်သည်။

ဒါပေမယ့် အခုကျ ချက်တောင် မခြောက်သေးတဲ့ ကောင်လေးတစ်ယောက်ကြောင့် အရှက်ကွဲရသည်။

ဒီကိစ္စက ပြန့်သွားရင် ဘယ်မှာ မျက်နှာထားရမှာလဲ။

" ကောင်းပြီ၊ ဘယ်မှ မသွားနဲ့။ မင်းမှာ သတ္တိရှိရင် ဒီမှာ စောင့်နေလိုက် "

ထိုကြမ်းတမ်းသော စကားများကို ပြောကာ အရှေ့က သီးသန့်ခန်းသို့ လှည့်ကြည့်လိုက်သည်။

ရှချူးက ယဲ့ဖန်ကို စိုးရိမ်တကြီးကြည့်လိုက်သည်။

" ယဲ့ဖန် မြန်မြန်ထွက်သွားရအောင်။ ဒီလူတွေက မထိသင့်ဘူး .... "

ယဲ့ဖန် သူမ၏ ခေါင်းလေးကို ပုတ်လိုက်သည်။

" စိတ်မပူပါနဲ့၊ သူဘာတတ်နိုင်မှာလဲ ကြည့်ချင်သေးတယ် "

...................

ယွီသချန် သီးသန့်ခန်းထဲ ဝင်သွားပြီးနောက် သူက ချက်ချင်း ခွေးတစ်ကောင်လို ဖြူစင်တဲ့ပုံစံ လုပ်လိုက်သည်။

သီးသန့်အခန်းထဲတွင် လူဆယ်ဦးကျော် ထိုင်နေသည်။

ပင်မထိုင်ခုံတွင် ထိုင်နေသည့်သူမှာ အလွန်ချောမောသော အသက်နှစ်ဆယ်ကျော် လူငယ်တစ်ဦးဖြစ်သည်။

ယွီသချန်က သနားစရာကောင်းသော အခြေအနေနဲ့ ဝင်လာသည်ကို တွေ့လိုက်ရတော့ ထိုလူငယ်က အနည်းငယ် အံ့အားသင့်သွားသည်။

" ဒါရိုက်တာယွီ၊ ဘာဖြစ်လာတာလဲ။ ရှမိန်းကလေး ဘယ်မှာလဲ "

ယွီသချန် စိတ်ဆိုးသွားသည်။

" လူကြီးမင်းနဲ့ အတူတူ ပြန်လာသောက်ဖို့ အကြံပေးခဲ့ပေမယ့် သူက ငြင်းလိုက်တယ်။ ကျုံးဟိုင်မှာရှိတဲ့ သူ့အသိအကျွမ်းဟောင်းတစ်ယောက်နဲ့ ဆုံပြီး သူမကို ဆွဲသွားတယ်။ အဲ့ခွေးကောင်က ကျွန်တော့်ကို နှစ်ခါတောင် ပါးရိုက်လိုက်သေးတယ် ... "

ထိုလူငယ်လေး၏ မျက်နှာက မည်းမှောင်သွားသည်။

" ကျုံးဟိုင်က နယ်ခြားသားတစ်ယောက်က ဘယ်ကိုလာပြီး မာနကြီးပြရဲတဲ့ သတ္တိရှိတာလဲ "

ယွီသချန်က မျက်ရည်အနည်းငယ်ကို ညှစ်ထုတ်လိုက်သည်။

" ကျွန်တော့်အတွက် ရပ်တည်ပေးပါ "

ထိုလူငယ်က မျက်မှောင်ကြုတ်ကာ ခဏစဉ်းစားပြီး အဆုံးတွင် ထိုင်နေသော လူကို လှည့်ကြည့်လိုက်သည်။

" ဝမ်ဟောက်၊ အပြင်ထွက်ပြီး ဖြေရှင်းလိုက် "

ယဲ့ဖန်သာဆိုရင် ထိုလူက ချက်ချင်းမှတ်မိလိမ့်မည်။

သူက ဝေ့ချန်းဖန်းခိုင်းသည့်အတိုင်း ယဲ့ဖန်ကို ခေါင်းလောင်းပေးခဲ့သည့် ယန်းဝမ်ဟောက် ဖြစ်သည်။

အမိန့်ကိုရပြီးတဲ့နောက် ယန်းဝမ်ဟောက်က ချက်ချင်း ဦးညွှတ်ကာ မတ်တပ်ရပ်လိုက်သည်။

" စိတ်မပူပါနဲ့ ကောင်းကောင်း ကိုင်တွယ်လိုက်ပါ့မယ် "

ထိုသို့ပြောပြီးနောက် သူက သက်တော်စောင့်နှစ်ယောက်ကို ချက်ချင်းခေါ်ကာ ယွီသချန်နဲ့အတူ ထွက်လာခဲ့သည်။

ယွီသချန်က ပူလောင်နေသော ပါးကို ဖုံးအုပ်ကာ ပြင်းထန်စွာပြောလိုက်သည်

" ယန်းလူကြီးမင်း၊ ဒီကလေးကို အလွှတ်မပေးသင့်ဘူး။ သူ့ကို သင်ခန်းစာပေးရမယ်။ ဒါက ဘယ်သူ့နယ်မြေလဲ သိအောင် လုပ်ပေးလိုက် "

" ဒါရိုက်တာယွီ၊ စိတ်မပူပါနဲ့။ ငါက တခြားမြို့က ကောင်တစ်ကောင်ကိုတောင် မကိုင်တွယ်နိုင်ရင် ယန်းချန်မှာ ဆက်နေဖို့ ဘယ်လိုလုပ် မျက်နှာရှိမှာလဲ။ ခဏစောင့်၊ ငါ မင်းအတွက် ဘယ်လို လက်စားချေမလဲဆိုတာ ကြည့်လိုက် "

ယန်းဝမ်ဟောက်က ယုံကြည်မှုအပြည့်နဲ့ ပြုံးလိုက်သည်။

သီးသန့်ခန်းထဲမှ လူတစ်စုက ထွက်လာသည်။

သို့သော် ယန်းဝမ်ဟောက် 'ထိုနယ်ခြားသား' ကိုမြင်သောအခါ သူ့အပြုံးက အေးခဲသွားသည်။

စကားတစ်ခွန်းမှ မပြောဘဲ လှည့်ကြည့်ကာ ပြန်ထွက်သွားသည်။

ယွီသချန်က သူ့ကို အမြန် ပြန်ဆွဲထားလိုက်သည်။

" ယန်းလူကြီးမင်း ဘယ်သွားမလို့လဲ။ အဲ့ဒီကလေးက ငါ့ကို ရိုက်ခဲ့တာ။ မြန်မြန် ဒေါသဖြေဖျောက်ဖို့ ကူညီပါဦး "

ယန်းဝမ်ဟောက် သူ့စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။

သူ တကယ် ကံမကောင်းတာဘဲ။

မနေ့က သူ ဝေ့ချန်းဖန်းကိုယ်စား ယဲ့ဖန်ကို အရှက်ရစေခဲ့ပြီး အဆုံးမှာ ယဲ့ဖန်ရိုက်နှက်တာ ခံရပြီး စိတ်တိုနေခဲ့သည်။

သူ့ဒေါသကို ဖြေပျောက်ဖို့ ဒီအခွင့်အရေးကို အသုံးချချင်ခဲ့တာ ဖြစ်သည်။

ဒီအကောင်ကို ပြန်တွေ့မယ်လို့ ဘယ်သူက ထင်မှာလဲ။

ဒီကောင်က သူ့အတွက် နတ်ဆိုးပဲ။

လူအနည်းငယ်က ယွီသချန် ပြန်ထွက်လာသည်ကို မြင်သောအခါတွင် ချက်ချင်း စိတ်လှုပ်ရှားသွားကြသည်။

" ဒီလူငယ်လေး သေတော့မယ်။ ဒုက္ခရောက်နေတဲ့ ကောင်မလေးကို ကယ်တင်ဖို့ သူရဲကောင်းဖြစ်ချင်တာနဲ့ သံပြားကို ကန်မိမယ်လို့ မမျှော်လင့်ထားဘူး "

" ဒါက ယန်းဝမ်ဟောက် မဟုတ်ဘူးလား။ သူက ဟောက်ထျန်းရင်းနှီးမြှုပ်နှံရေးက ဥက္ကဌလေ။ ယန်းချန်ရဲ့ ရင်းနှီးမြှုပ်နှံမှု အသိုင်းအဝိုင်းမှာ အကောင်ကြီးတယ် "

" ငါသူ့ကိုသိတယ်။ သူ့ကုမ္ပဏီက အနည်းဆုံး ဘီလီယံချီ တန်ကြေးရှိတယ်လို့ ကြားတယ်။ သေချာတာကတော့ သူက သူဌေးကြီးပဲ "

" ဥက္ကဌယန်း ကိုယ်တိုင် ထွက်လာတာဆိုတော့ ဒီကလေးက အကျိုးဆက်ကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး "

" ငါသာဆို အခု သူ့ကို တောင်းပန်လိုက်မယ် "

ရှချူးလည်း အလွန်စိုးရိမ်သွားပြီး ယဲ့ဖန်၏လက်ကို အမြန် ဆွဲလိုက်သည်။

" ယဲ့ဖန်၊ စိတ်မပူပါနဲ့ မြန်မြန်ထွက်သွားတော့ "

ယဲ့ဖန်က အရမ်းသန်မာတယ်ဆိုတာ သူမ သိပေမယ့် အခြေစိုက်က ကျုံးဟိုင်မှာသာ ဖြစ်သည်။

ယန်းချန်က ဒေသခံအာဏာရှင်များကို ဆန့်ကျင်ရာတွင် အသုံးမဝင်လောက်ပေ။

ယဲ့ဖန်ကတော့ ထူးဆန်းတဲ့ အပြုံးကို ပြုံးနေခဲ့သည်။

" ဒါက ဥက္ကဌယန်း မဟုတ်ဘူးလား။ ရန်သူတွေက ကျဉ်းမြောင်းတဲ့လမ်းမှာ တကယ်ဆုံကြတာပဲ "

ယန်းဝမ်ဟောက်က အမြန် ပြုံးပြလိုက်သည်။

" ယဲ့လူကြီးမင်း၊ တိုက်ဆိုင်လိုက်တာ ဟားဟားဟား .... "

ယဲ့ဖန်က သူ့နောက်မှ သက်တော်စောင့်တွေကို ကြည့်လိုက်သည်။

" ဘာလဲ၊ ကျွန်တော့်ကို ရိုက်ဖို့ ကြိုးစားနေတာလား "

ယန်းဝမ်ဟောက်က အမြန် ငြင်းဆိုခဲ့သည်။

" မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့။ လူကြီးမင်းကို ဘယ်လိုလုပ် ရိုက်ရဲမှာလဲ "

ယွီသချန် အံ့သြသွားသည်။

" ယန်းလူကြီးမင်း၊ ဘာကိုဆိုလိုတာလဲ။ ဒေါသကို ပြေပျောက်အောင် ကူညီပေးမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား။ ဒီကလေးက ငါ့ကို ရိုက်ခဲ့တာ။ ငါ့ကိုကူညီရမယ် ...... "

ဖြောင်း

သူ့စကားမပြီးခင်မှာဘဲ ယန်းဝမ်ဟောက်က သူ့ကို ပါးရိုက်လိုက်သည်။

" ခွေးသား၊ ယဲ့လူကြီးမင်းကို ဘယ်သူထင်နေလဲ။ သူက မင်းကို ရိုက်မှာလား။ မင်းကိုယ်မင်း ဘယ်သူလို့ထင်နေလဲ "

သူ့ပါးရိုက်မှုက ယွီသချန်ကို ထိတ်လန့်စေရုံသာမက ရှချူးလည်း ထိတ်လန့်သွားသည်။

ကြည့်ရှုနေသူများလည်း အံ့အားသင့်သွားကြသည်။

ဘာတွေဖြစ်နေတာလဲ။

ဘာလို့ အချင်းချင်း ပြန်သတ်နေကြတာလဲ။

All Chapters