အပိုင်း ၅၅၇-၅၆၀
Vol. 28 Ch. 557-560
အပိုင်း ( ၅၅၇ )
ယဲ့လူကြီးမင်းက ပါးရိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
ယွီသချန်က အချိန်အတော်ကြာ ထိတ်လန့်သွားပြီးနောက် ငိုတော့သည်။
" ယန်းလူကြီးမင်း၊ ငါမင်းကို တကယ်မလိမ်ပါဘူး။ ဒီကလေးက ငါ့ကို ရိုက်ခဲ့တာ။ ကြည့်ပါ၊ ငါ့မျက်နှာပေါ်မှာ သူ့လက်ဖဝါးရာ ထင်နေတုန်းပဲ "
ယန်းဝမ်ဟောက်က သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။
" ယဲ့လူကြီးမင်းက မင်းကို ရိုက်ရင်တောင် မင်းနဲ့ ထိုက်တန်တယ်။ ယဲ့လူကြီးမင်း ပါးရိုက်ခံရတာ ဂုဏ်ယူရမယ်။ မြန်မြန်ရိုက်ပေးလို့ ကျေးဇူးတင်လိုက် "
ယွီသချန် သူ့နားများကိုတောင် မယုံနိုင်ပေ။
သူက သူ့ကို ပါးရိုက်ပေးတဲ့အတွက် ယဲ့ဖန်ကို ကျေးဇူးတင်ရမှာလား။
သူက အဲ့လောက်တောင် စျေးပေါနေလား။
ယွီသချန်က နှုတ်ဆိတ်နေတာကို တွေ့လိုက်ရပြီး ယန်းဝမ်ဟောက်က ပါးရိုက်လိုက်ပြန်သည်။
" မင်း နားမကြားဘူးလား။ ငါပြောတာကို မင်းနားမလည်ဘူးလား "
ယွီသချန် နောက်ဆုံးတွင် တုံ့ပြန်ခဲ့သည်။
သူ စိတ်မပါသော်လည်း ယဲ့ဖန်ဆီသို့ နာနာခံခံနဲ့ လျှောက်လာသည်။
" ကျေးဇူးတင်ပါတယ်... ယဲ့လူကြီးမင်း၊ ကျွန်တော့်ကို ပါးရိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လူကြီးမင်းရဲ့ ပါးရိုက်ချက်က အရမ်းအဆင်ပြေပါတယ် "
ပွဲကြည့်တဲ့လူက သူတို့ရဲ့ ဦးနှောက်တွေ ပျက်သွားသလို ခံစားလိုက်ရသည်။
" ဘာတွေဖြစ်နေတာလဲ။ ပါးရိုက်လိုက်တာကို တကယ်ကြီး ကျေးဇူးတင်နေတာလား "
" ငါ နားမလည်ဘူး။ ဘာတွေ ဖြစ်နေတာလဲ "
" မင်း နားမလည်ဘူးလား။ ယန်းဝမ်ဟောက်က ဒီလူငယ်လေးကို ဘယ်လောက် လေးစားနေလဲဆိုတာကို မမြင်ဖူးလား။ ဒီလူငယ်က အားကောင်းတဲ့ နောက်ခံရှိရမယ် "
" ယန်းဝမ်ဟောက်တောင် အရမ်းကြောက်တယ်ဆိုတော့ သူ့မှာ ဘယ်လို နောက်ခံရှိလို့လဲ။ သူ့ကို ယဲ့လူကြီးမင်းလို့ ခေါ်တာ ကြားလိုက်တယ်။ ယန်းချန်က ရီ မိသားစုက ဖြစ်နိုင်လောက်လား "
" မဖြစ်နိုင်ဘူး။ ရီမိသားစုက လူငယ်လေးက ယန်းချန်မှာ အတော်လေး ကျော်ကြားတယ်။ သူ့ကို မသိစရာအကြောင်း မရှိဘူး "
" ယွီသချန်က နည်းနည်းနာမည်ကြီးတဲ့ ဒါရိုက်တာတစ်ယောက်ဆိုပေမယ့် သူတို့လိုလူတွေရဲ့လအမြင်မှာတော့ သူက အရိုက်အနှက်ခံ ကျွန်တစ်ယောက်လိုပဲ "
ရှချူးတောင် နားမလည်ပေ။
ယန်းဝမ်ဟောက်က ယဲ့ဖန်ကို ဘာလို့ အရမ်းကြောက်နေလဲဆိုတာကို သူမ နားမလည်ချေ။
ယဲ့ဖန်ရဲ့ သြဇာလွှမ်းမိုးမှုက ယန်းချန်မှာပါ သက်ရောက်နေတာလား။
ထို့နောက် သူမ ယဲ့ဖန်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။
ယဲ့ဖန်က ယွီသချန်ကို ကြည့်လိုက်ပြီး ယန်းဝမ်ဟောက်ဘက်ကို ပြန်လှည့်ကြည့်လိုက်သည်။
" ဥက္ကဌယန်းက ဘာကိုဆိုလိုတာလဲ။ မနေ့က ခေါင်းလောင်းပေးတုန်းက မာနက ဘယ်ရောက်သွားတာလဲ။ ဆက်ထုတ်ပါ "
ယန်းဝမ်ဟောက်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
" မနေ့က မသိလိုက်လို့ စော်ကားမိတာပါ။ ခွင့်လွှတ်ပြီး မတွက်တပ်ဖို့ မျှော်လင့်ပါတယ် "
ယဲ့ဖန်က အေးစက်စွာ ရယ်လိုက်သည်။
" မနေ့က ကိစ္စတွေကို မေ့ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီနေ့ကိစ္စကရော။ ရှချူး ခင်ဗျားနဲ့ အတူ သောက်ခိုင်းခဲ့တာလား "
ယန်းဝမ်ဟောက်က အခန်းဘက်သို့ လှမ်းကြည့်ရင်း မျက်နှာလှုပ်သွားသည်။
အထဲမှာ ရှိနေသူကို ထုတ်မပြောရဲပေ။
သူ့ကိုယ်သူ အပြစ်တင်ရတော့သည်။
" ယဲ့လူကြီးမင်း ..... ရှမိန်းကလေးနဲ့ မင်းရဲ့ဆက်ဆံရေးကို ငါမသိလို့ပါ။ မဟုတ်ရင် ငါ့မှာ အသက်တစ်ရာရှိရင်တောင် ငါနဲ့ သောက်ဖို့ ရှမိန်းကလေးကို ခေါ်ခိုင်းမှာ မဟုတ်ဘူး "
ယဲ့ဖန်က ကြည့်နေကာ ဆက်ပြောသည်။
" အမှားကိုသိပြီဆိုမှတော့ ရှမိန်းကလေးကို ဘာလို့ မတောင်းပန်တာလဲ "
ယန်းဝမ်ဟောက်က မနှောင့်နှေးဘဲ ရှချူးဆီ အမြန်လျှောက်သွားခဲ့သည်။
" ရှမိန်းကလေး၊ တောင်းပန်ပါတယ် "
ရှချူး ထိတ်လန့်သွားသည်။
" ကျွန်မ…အဆင်ပြေပါတယ် .... "
ယဲ့ဖန်က သူမစကားကို ပြီးအောင် မစောင့်ဘဲ အေးစက်စက်နဲ့ ထပ်ပြောပြန်သည်။
" ခင်ဗျားရဲ့ ခေါင်းက မြင့်လိုက်တာ။ ဒါက တောင်းပန်တဲ့ သဘောထားလား "
ယန်းဝမ်ဟောက်က စကားအများကြီး ထပ်မပြောဘဲ ခေါင်းကို အမြန်ငုံ့လိုက်သည်။
" ရှမိန်းကလေး ငါတောင်းပန်ပါတယ်။ ခွင့်လွှတ်ပါ "
" ခင်ဗျားရဲ့ အသံက မရိုးသားဘူး။ စိတ်ရင်းနဲ့ တောင်းပန်နေတာ မဟုတ်ဘူးထင်တယ် "
ယဲ့ဖန်က မကျေနပ်သေးပေ။
ယန်းဝမ်ဟောက်က အံကြိတ်ကာ စကားများကို ပြန်လည်ပြင်ဆင်ခဲ့သည်။
" ရှမိန်းကလေး၊ ငါက မျက်မမြင်ဖြစ်ပြီး ယဲ့လူကြီးမင်းနဲ့ မင်းရဲ့ဆက်ဆံရေးအကြောင်း မသိခဲ့ပါဘူး။ ငါ မင်းကို အလေးအနက် တောင်းပန်ပါတယ်။ ခွင့်လွှတ်ပါ "
ဒီမြင်ကွင်းကြောင့် စင်္ကြံရှိ ကြည့်ရှုသူများ အားလုံး ထိတ်လန့်သွားကြသည်။
" ဘုရားရေ၊ ယန်းဝမ်ဟောက်လို လူကို ခေါင်းငုံ့ပြီး တောင်းပန်ခိုင်းနေတာလား "
" ပြီးတော့ သူက ခွေးတစ်ကောင်လို နာခံနေရတယ် "
" ဒီလူငယ်က ဘယ်သူလဲ။ ဒီအတိုင်းအတာအထိ ဘာလို့ သူ့ကို ကြောက်နေရတာလဲ "
" ယန်းဝမ်ဟောက်လို ဘီလီယံနာကတောင် ကြောက်ရရင် တစ်ဖက်က ဘယ်လိုအစွမ်းရှိနေလို့လဲ "
အမျိုးသမီး ဖောက်သည် တော်တော်များများက ယဲ့ဖန်ကို သဘောကျနေကြသည်။
" ဒီတစ်ယောက်က တကယ်ကို ချောမောပြီး အစွမ်းထက်တယ်။ သူက ပြီးပြည့်စုံလွန်းတဲ့သူပဲ "
" ဟုတ်တယ်၊ အထူးသဖြင့် သူက ဆွဲဆောင်မှုရှိတယ်။ ချစ်စရာကောင်းလွန်းတယ်။ သူနဲ့ အိပ်ချင်မိတယ် "
" မင်းလက်လျှော့လိုက်တာ ပိုကောင်းပါတယ်။ သူ့မှာ ရှချူးလို အလှလေးရှိနေတယ်လေ "
" တွေးလို့တောင် မရဘူးလား။ ပြီးတော့ ငါက ရှချူးထက် ဘယ်နားက ပိုဆိုးနေလို့လဲ။ ကိုရီးယားသွားပြီး ပြင်ရင် ငါ့နောက်ကို အများကြီး လိုက်လာကြလိမ့်မယ် ..... "
ယဲ့ဖန်က ရှချူးကို လှည့်ကြည့်လိုက်သည်။
" သူ့ရဲ့တောင်းပန်မှုကို ကျေနပ်ရဲ့လား "
ရှချူး ခေါင်းညိတ်လိုက်သည်။
" တကယ်တော့ သူတို့က ကျွန်မကို ဘာမှ မလုပ်ပါဘူး။ နည်းနည်းသောက်ခိုင်းတာပါ။ သူ့ကိုလွှတ်လိုက်ပါ "
ထိုမှသာ ယဲ့ဖန်က ယန်းဝမ်ဟောက်ကို ကြည့်လိုက်သည်။
" ရှမိန်းကလေးက ကြင်နာတတ်လို့ ကံကောင်းသွားတယ်။ ထွက်သွား "
ယန်းဝမ်ဟောက်က ချက်ချင်း သူ့ကို ကျေးဇူးတင်ကြောင်းပြောပြီး သီးသန့်ခန်းထဲသို့ ဝမ်းနည်းစွာ ပြန်ဝင်သွားခဲ့သည်။
ယွီသချန်က လစ်ထွက်တော့မည့်အချိန်မှာ ယဲ့ဖန်က လှမ်းပြောလိုက်သည်။
" ရပ်လိုက်၊ ခင်ဗျားကို လွှတ်လိုက်လို့လား "
ယွီသချန် ကြောက်လန့်တကြား ရပ်ပြီး သူ့ကို ကြည့်နေရုံသာ တတ်နိုင်သည်။
" မင်း...နောက်ထပ် ဘာလိုချင်သေးလို့လဲ "
ယဲ့ဖန်က သူ့ကို အေးစက်စွာ ကြည့်နေသည်
" ခင်ဗျားကို 'အိပ်မက်သယောင်' ရဲ့ ထုတ်လုပ်ရေးအဖွဲ့ကနေ ထုတ်ပယ်လိုက်ပြီလို့ အခုတရားဝင်ပြောလိုက်မယ်။ ခင်ဗျားကို ဘယ်တော့မှ ထပ်မတွေ့ချင်တော့ဘူး "
ယွီသချန်က သူနားကြားတာ မှားတယ်လို့ ထင်ပြီး ရယ်လိုက်သည်။
" မင်းဘာတွေပြောနေတာလဲ မင်းသိလား။ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ။ မင်း ငါ့ကို အလုပ်ထုတ်ဖို့ ဘာအခွင့်အရေးရှိလို့လဲ "
ရှချူးလည်း ယဲ့ဖန်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။
ဒါရိုက်တာတစ်ဦးကို အလုပ်ထုတ်ရန်၊ ရုပ်ရှင်၏ရင်းနှီးမြုပ်နှံသူများ၏ ခွင့်ပြုချက်လိုအပ်သည်။
သူဘာလို့ဒီလိုပြောတာလဲ။
အပိုင်း( ၅၅၈ )
ဒေါက်ရိုက်တာယွီ၊ ခင်ဗျားကို အလုပ်ထုတ်လိုက်ပြီ
ယဲ့ဖန် ရှချူးအား ပြန်လှည့်ကြည့်လိုက်သည်။
“နန်းဖန်ဖျော်ဖြေရေးကုမ္ပဏီက ဒီရုပ်ရှင်မှာ ရင်းနှီးမြုပ်နှံထားတာလား”
ရှချူး သူပြောတာကိုနားမလည်ပေမယ့် ခေါင်းတော့ညိတ်ပြလိုက်သည်။
“ဟုတ်တယ်၊ ဒါကကျွန်မရဲ့ ပထမဆုံး ရုပ်ရှင်ဆိုတော့ ကျွန်မအတွက် အထူးလုပ်ပေးထားတာ။”
ယဲ့ဖန်ဘာမှထပ်မပြောတော့ပဲ ဖုန်းထုတ်ကာ နန်းဖန်အင်တာတိန်းမန့်၏ဥက္ကဌ သိုက်ယောင်းကို ဖုန်းခေါ်လိုက်သည်။
ဖုန်းခေါ်ဆိုမှုဟာ လျင်မြန်စွာပင် ချိတ်ဆက်သွား၏။
“ယဲ့လူကြီးမင်း၊ ဖုန်းခေါ်တာဘာကိစ္စရှိလို့ပါလဲ။ ကျွန်တော့်ကို ထမင်းဖိတ်ကျွေးမလို့လား။”
ယဲ့ဖန်မျက်လုံးဝေ့လိုက်သည်။
“ထမင်းကျွေးဖို့ကို ခဏထားဦး။ ကျွန်တော့်မှာ ခင်ဗျားအတွက်သတင်းတစ်ခု ရှိတယ်။”
“ဘာများလဲ။”
“အိပ်မက်သယောင် ရဲ့ဒါရိုက်တာကို အခုချက်ချင်းပြောင်းလိုက်”
“ယွီသချန်ကိုပြောတာလား။ ဘာလို့လဲ။ သူမင်းကိုအပြစ်လုပ်မိလို့လား။”
“အများကြီးမမေးနဲ့။ သူ့ကိုသာ ဖြုတ်လိုက်ပါ”
“ဒါပေမယ့် ဇာတ်ကားကရိုက်ပြီးနေပြီလေ။ ဇာတ်ကွက်နည်းနည်းပဲကျန်တော့တာ။ အခုမှထပြီးဒါရိုက်တာကိုပြောင်းလိုက်ရင် လုပ်ငန်းစဉ်တွေနှောင့်နှေးကုန်လိမ့်မယ်။ ပြီးတော့ နေ့စဉ်ကုန်ကျစရိတ်ကလည်း နည်းတာမဟုတ်ဘူး…”
“ဘယ်လောက်ကုန်ကုန် ကျွန်တော် အကုန်ကျခံနိုင်တယ်။ ဒါပေမယ့် သူ့ကိုတော့ ဒီနေ့ကစပြီး မမြင်ချင်တော့ဘူး”
“အာ…ကောင်းပါပြီ။ သူ့ကိုဖုန်းပေးလိုက်ပါ”
ယဲ့ဖန် ယွီသချန်အား ချက်ချင်း ဖုန်းလွှဲပေးလိုက်သည်။
“ဥက္ကဌသိုက်”
ယဲ့ဖန်ပြောလိုက်သည်ကိုကြားတော့ ယွီသချန် ချက်ချင်းတုန်လှုပ်သွားရသည်။
“ဘယ်ကဥက္ကဌသိုက်လဲ။”
ယဲ့ဖန် အေးစက်စက်ပြုံးလိုက်သည်။
“ဘယ်ကလို့ထင်လို့လဲ။ သေချာပေါက်ကို နန်းဖန်အင်တာတိန်းမန့်က ဥက္ကဌသိုက်ပေါ့”
ယွီသချန် ခံစားချက်သိပ်မကောင်းပေ။
သူဘာမှမပြောနိုင်ခင်မှာပဲ တစ်ဖက်မှ သိုက်ယောင်း၏ ခံ့ညားသည့်အသံကို ကြားလိုက်ရသည်။
“ဒါရိုက်တာယွီ၊ ခင်ဗျားကိုဖြုတ်လိုက်ပြီ”
ယွီသချန်အလွန်ထိတ်လန့်သွားရသည်။
“ဥက္ကဌသိုက်၊ ဒီအလုပ်ပြီးမြောက်အောင် ကျွန်တော်အကောင်းဆုံးကြိုးစားခဲ့တာပါ။ အလုပ်တွေပြီးသွားမှ ကျွန်တော့်ကို အဲ့လို ဖြုတ်ပစ်လို့မရဘူးလေ”
သိုက်ယောင်းသက်ပြင်းချလိုက်ကာ “တောင်းပန်ပါတယ်ကွာ။ ဒီကိစ္စနဲ့ပက်သက်ပြီး ငါလည်းဘာမှမတတ်နိုင်ဘူး။ ဒီအချိန်တွေ အတွင်းကျေးဇူးတင်ပါတယ်။ အလုပ်အတွက်ရော၊ မင်းရဲ့အားထုတ်မှု အတွက်ရော၊ မင်းရဲ့မူပိုင်ခွင့်ကိုတော့ ငါတို့ ထိန်းသိမ်းထားပေးပါမယ်”
ယွီသချန် မကျေမနပ်ဖြတ်ပြောလိုက်သည်။
“မူပိုင်ခွင့်ကိစ္စကိုပြောနေတာမဟုတ်ဘူး။ ဒီအလုပ်က ကျုပ်အတွက်ဘယ်လောက် အရေးကြီးတယ်ဆိုတာ ခင်ဗျားလည်း သိတာပဲ။ ရုပ်ရှင်ကရိုက်လို့ပြီးတော့မယ်။ အဲ့တာကိုအခုမှကျွန်တော့်နေရာမှာ လူစားထိုးချင်နေတာလား။ အဲ့အစား ကျွန်တော့်ကိုသတ်လိုက်တာမှ ဟုတ်ဦးမယ်။ အဲ့တာအပြင် အခုမှထပြီးဒါရိုက်တာ ပြောင်းလိုက်ရင် ရုပ်ရှင်ရဲ့အရည်အသွေးကို ထိခိုက်လာနိုင်တယ်။ ပြီးတော့ အချိန်တွေလည်းနှောင့်နှေးကုန်ပြီး ရန်ပုံငွေလည်း…”
“အဲ့တာတွေက ခင်ဗျားစိတ်ပူစရာမလိုပါဘူး။ မနက်ဖြန်ကျရင် အဲ့ကိုဒါရိုက်တာအသစ် တစ်ယောက်ပို့လိုက်မယ်။ ကောင်းကောင်းမွန်မွန် အလုပ်လွှဲပြောင်းပေးခဲ့ပါ။ ကောင်းပြီ၊ ဒါဆို ဖုန်းချလိုက်တော့မယ်”
သိုက်ယောင်း ပြောစရာရှိတာပြောပြီးသည်နှင့် ဖုန်းချလိုက်သည်။
ယွီသချန် ထိုနေရာ၌ကြောင်တောင်တောင် ရပ်နေမိကာ အချိန်အတော်ကြာ စကားမပြောနိုင်ပေ။
အရင်က သူဟာ ဒရာမာကားတွေရိုက်တဲ့ ဒါရိုက်တာတစ်ယောက်သာဖြစ်ပြီး ဒီလို ယွမ်သန်းရာနဲ့ချီရင်းနှီးမြှုပ်နှံထားတဲ့ ရုပ်ရှင်ကားမျိုးကို ပထမဆုံးရိုက်ဖူးတာ ဖြစ်သည်။
သူ့အိပ်မက်တွေ တကယ်ဖြစ်လာခါနီးမှ ခဏအတွင်းပျောက်ကွယ်သွားတော့မယ့် အိပ်မက်တစ်ခုလိုဖြစ်သွားရသည်။
ဘဝအတက်အကျမှာ အလွန်ရုတ်တရက် ဆန်လွန်းလှသည်။
ယဲ့ဖန် သူ့လက်ထဲမှဖုန်းကိုပြန်ယူလိုက်ကာ “ဒါရိုက်တာယွီ၊ အကောင်းမြင်စိတ်လေးမွေးပါ။ ခင်ဗျားရဲ့ လုပ်ရည်ကိုင်ရည်နဲ့ဆို ပိုကောင်းတဲ့ အခွင့်အရေးမျိုးရှာတွေ့လာမှာပါ”
ယဲ့ဖန်၏ထေ့ငေါ့သောစကားများကို ကြားတော့ ယွီသချန်၏မျက်လုံးထဲ၌ အမုန်းတရားများနှင့်ပြည့်နှက်သွားရသည်။
“ယဲ့ဖန်၊ မင်းငါ့အိပ်မက်ကို ဖျက်ဆီးပစ်လိုက်တာပဲ! ငါမင်းကို သေတဲ့အထိတိုက်ခိုက်နေမှာ…”
ထိုသို့ပြောကာ တစ်ဟုန်ထိုးချီတက်လာသည်။
“သေချာစဉ်းစားနော်။ ကျွန်တော် အခုမှ ခင်ဗျားကိုဒါရိုက်တာနေရာကနေ ထုတ်လိုက်ရုံပဲရှိသေးတာ။ ကျွန်တော်ရဲ့ အင်အားနဲ့သာဆို ဖျော်ဖြေရေးလောကမှာ ခင်ဗျားခြေတောင်ထပ်မချနိုင်အောင် လုပ်လိုက်လို့ရတယ်။”
ယဲ့ဖန်၏လေသံမှာ တည်ငြိမ်နေသော်လည်း သတ်ဖြတ်လိုစိတ်အပြည့်ဖြစ်နေသည်။
ထိုစကားမှာ ယွီသချန်အား ရေအေးတစ်ဇလုံဖြင့်ပက်လိုက်သလို ဖြစ်သွားစေကာ နှလုံးသားထဲထိ အေးခဲသွားရသည်။ တစ်ဖက်လူက သွားနောက်လို့ရသည့်လူမျိုးမဟုတ်မှန်း သူသိလိုက်ပြီ။
သူ့လိုဒါရိုက်တာပေါက်စလေးတစ်ယောက်က ဖျော်ဖြေရေးလောကမှာ အေးအေးဆေးဆေးသာနေသင့်သည်။
သို့သော် ယဲ့ဖန်လိုစီးပွားရေးလောကရဲ့ အာဏာရှင်တစ်ယောက်အတွက်တော့ သူနဲ့ကစားတာက လက်တစ်ချောင်း မ တာလောက်ပင် မခက်ခဲပေ။
“ယဲ့… လူကြီးမင်းယဲ့၊ ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော့်ကို လွတ်လမ်းလေးတော့ပေးပါ”
ယဲ့ဖန် ခေါင်းယမ်းပြလိုက်သည်။
“အနာဂတ်မှာ ကျွန်တော့်ရှေ့ကို ပေါ်လာမိစေနဲ့။”
ယွီသချန် အမြန်ခေါင်းညိတ်ပြလိုက်ကာ “ဟုတ်ကဲ့၊ ဟုတ်ကဲ့။ ကျွန်တော်အခုပဲ ထွက်သွားပါတော့မယ်…”
ထိုသို့ပြောကာ မဆိုင်းမတွပင် ထွက်လာလိုက်သည်။
ကြည့်စရာဘာမှမရှိတော့သည့်အခါ ပွဲကြည့်ပရိသတ်တွေလည်း လူစုကွဲသွားတော့သည်။
“ရပ်လိုက်!” ယဲ့ဖန် ရုတ်တရက်ထပြောလာ၏။
ထိုလူတွေမှာလည်း ရှုပ်ထွေးစွာဖြင့် ရပ်တန့်လိုက်ကာ ပြန်လှည့်ကြည့်လာသည်။
“အစောကမင်းတို့ရိုက်ထားတဲ့ဓာတ်ပုံတွေ ဗီဒီယိုတွေကို အခုချက်ချင်းဖျက်လိုက်ကြ”
ယဲ့ဖန်အမိန့်ပေးသည့်လေသံဖြင့်ပြောလာသည်။
ထိုလူတွေ ဓာတ်ပုံနဲ့ဗီဒီယိုတွေ အများကြီး ရိုက်ထားကြတာဖြစ်ရာ ထိုဟာတွေသာ ပြန့်သွားလျှင် ရှချူးအတွက်မကောင်းပေ။
ယဲ့ဖန်ပြောလိုက်သည်ကိုကြားတော့ သူတို့အားလုံးမပျော်မရွှင်ဖြစ်သွားရသည်။
“ဘာလို့လဲ။ ဓာတ်ပုံရိုက်တာက ငါတို့ရဲ့ လွတ်လပ်ခွင့်ပဲလေ။ မင်းအရမ်းဝင်ပါလွန်းရာ ကျမနေဘူးလား”
“ဒါကြီးကတော့ သက်သက်မဲ့ဗိုလ်ကျတာပဲ။ ငါတို့ဖုန်းနဲ့ငါတို့ရိုက်တာပဲကို”
“မင်းကကောင်းကင်ဘုံနဲ့မြေကြီးကိုတော့ ဂရုစိုက်ပြီး ငါတို့ရဲ့ချီးသေးတွေကိုတော့ ဂရုမစိုက်ဘူးလား။ မကြောက်ကြနဲ့၊ ငါတို့ကတော့မဖျက်နိုင်ဘူး။ သူဘာလုပ်မလဲ ကြည့်ကြတာပေါ့”
“ဟုတ်တယ်၊ ငါတို့ကလူပိုများတယ်”
လူတိုင်းဒေါသထွက်နေကြချိန်မှာ ရုတ်တရက် ဘော်ဒီဂတ်အနည်းငယ်နှင့် ကျောက်ဖုလင်း ရောက်လာသည်ကိုမြင်လိုက်ရသည်။
“ညီလေးယဲ့၊ ငါတို့ဒီမှာစောင့်နေတာ နေ့တစ်ဝက်တောင်ရှိနေပြီ။ မင်းဒီမှာ ဘာလုပ်နေတာလဲ။”
အပိုင်း ( ၅၅၉ )
ရီမိသားစုရဲ့ နံပါတ်တစ်ဉာဏ်ကြီးရှင်
ကျန်းနန်နယ်စပ်ဒေသသို့ ထမင်းတစ်နပ်အတွက်လာသည့်လူများမှာ သာမန်အားဖြင့် ချမ်းသာသည့် အထက်တန်းလွှာများသာဖြစ်သည်။
အစကသူတို့ယဲ့ဖန်ကိုမြင်လိုက်ချိန်မှာ လူအရေအတွက်နဲ့ပဲ ပြန်ခုခံဖို့စဉ်းစား ခဲ့ကြတာဖြစ်သည်။
သို့ရာတွင် ကျောင်းဖုလင်ကိုမြင်လိုက်ချိန်၌ သူတို့မျက်နှာထားတွေပြောင်းလဲသွားရသည်။
“ကျောင်းဖုလင်လား။ သူကဘာလို့ဒီကို ရောက်နေတာလဲ။”
“ပြီးတော့ အဲ့ကလေးနဲ့လည်း တော်တော်လေး ရင်းနှီးတဲ့ပုံပဲ။ အဲ့ကလေးကဘယ်သူလဲ။”
“ဟုတ်တယ်၊ အစောကလည်း ယန်းဝမ်ဟောက်က သူ့ကိုအတော်လေး တလေးတစားဆက်ဆံနေတာ။ အဲ့တာကိုတောင် အတော်လေးအံ့ဩနေတာကို အခု ကျောင်းဖုလင်ပါသူနဲ့သိနေလိမ့်မယ်လို့ မထင်ထားဘူး။”
“သူဒီလောက်ထောင်လွှားနေတာကို မအံ့ဩတော့ပါဘူး။ ကျောင်းဖုလင်နဲ့တောင် သိနေတယ်တဲ့လား။”
“သွားပြီ၊ ဒီတစ်ခါတော့ငါတို့သံပြားကို ကန်မိပြီ”
ကျောင်းဖုလင်၏အမေးကိုကြားတော့ ယဲ့ဖန်ပြုံးလိုက်ကာ “သိပ်မများပါဘူး။ သူတို့နဲ့နည်းနည်းပါးပါး ဆွေးနွေးစရာရှိလို့ပါ”
ထိုသို့ပြောကာလူအုပ်ကြီးအား အပြုံးတစ်ပွင့်ဖြင့်ကြည့်လိုက်သည်။
“ဘယ်လိုလဲ။ ကူညီပေးစေချင်လား”
အခုတော့ ထိုလူတွေပေါက်ကရထပ်မပြောရဲကြတော့ပေ။
သူတို့အားလုံးဖုန်းကိုထုတ်ကာ အစောက ရိုက်ကူးထားသည့်ဓာတ်ပုံတွေ ဗီဒီယိုတွေကို ဖျက်လိုက်ကြသည်။
ယဲ့ဖန်တစ်ယောက်ချင်းစီလိုက်စစ်မနေတော့ပဲ ခပ်ဖြေးဖြေးသာ အပေါ်ယံလျှပ်ကြည့်လိုက်သည်။
“ခင်ဗျားတို့အကုန်ဖျက်ထားတာပိုကောင်းမယ်နော်။ တကယ်လို့ပုံတစ်ပုံသာ ထွက်လာခဲ့ရင် မြေအောက်သုံးပေအနက်မှာ တွင်းတူးပြီးပုန်းနေရင်တောင် ရအောင်ရှာပြမယ်။ ကျွန်တော်ပြောတာကို မယုံရင် စမ်းကြည့်လိုက်ကြ”
ယဲ့ဖန်၏အေးစက်သည့်အကြည့်နှင့် ရင်ဆိုင်လိုက်ရသူတိုင်းတုန်ယင်သွားကြရသည်။
လူအနည်းစုဟာတော့ ကံကောင်းဖို့ မျှော်လင့်နေဆဲဖြစ်ကာ ဖျက်ထားသောပုံတွေကို ပြန်လည်သိမ်းဆည်းကာ လူအများအာရုံစိုက်ရန် လိုင်းပေါ်တင်ဖို့ကြံစည်နေကြသော်လည်း ထိုစကားကိုကြားပြီးနောက် အမှိုက်ပုံးထဲက ပုံများကိုပါဖျက်လိုက်ကြတော့သည်။
ဒီလိုကြောက်စရာကောင်းတဲ့လူမျိုးကို ရန်သွားမစတာပိုကောင်းမယ်။
ယဲ့ဖန် ရလဒ်ကိုအတော်ပင်ကျေနပ်သွားကာ ကျောင်းဖုလင်အား လှည့်ကြည့်လိုက်သည်။
“အစ်ကိုကျောင်း၊ သွားစို့”
ထို့နောက်ရှချိုး၏လက်ကိုဆွဲကာ ကျောင်းဖုလင်နောက်မှလိုက်၍ သီးသန့်ခန်းထဲဝင်လာလိုက်သည်။
……………………
တစ်ချိန်ထဲမှာပဲ ယန်းဝမ်ဟောက်၏ သီးသန့်ခန်းထဲ၌။
အဓိကထိုင်ခုံ၌ထိုင်နေသည့်လူငယ်မှာ ဖြစ်ကြောင်းကုန်စင်ကိုနားထောင်ပြီးသည့်နောက် သူ့မျက်နှာမှာအနည်းငယ်မည်းမှောင်သွားရသည်။
“ယန်းချန်က အဲ့ကလေးက တော်တော် ထောင်လွှားနေတာပဲ။ မနေ့က လူကြားထဲမှာ ဝေ့ချန်းဖန်းကိုမျက်နှာဖြတ်ရိုက်လိုက်တယ်။ ဒီနေ့ကျတော့ ငါ့အစီအစဉ်တွေကို ဖျက်ဆီးပစ်တယ်။ ယန်းချန်ကဘယ်သူမှ သူ့ကိုမရင်ဆိုင်နိုင်ဘူးလို့ ထင်နေတာလား။”
ထိုစကားကြားပြီးနောက် လူတိုင်း၏မျက်နှာထားမှာ အနည်းငယ် ပြောင်းလဲသွားရသည်။
ဒီလူငယ်လေးက အလွန်ငယ်သေးတယ် ဆိုပေမယ့် ယန်းချန်ကဘယ်သူမှ သူ့ကို အထင်မသေးရဲပေ။
ဘာကြောင့်ဆို သူက ယန်းချန်က ရီမိသားစုရဲ့လူငယ်မျိုးဆက်သစ်မှာ နံပါတ်တစ်ပါရမီရှင် – ရီချန်းကျယ် ဖြစ်နေလို့ပဲ။
သူ့အသက်က ဒီနှစ်မှနှစ်ဆယ့်တစ်နှစ်ပဲ ရှိသေးတယ်ဆိုပေမယ့် အရာရာမှာစေ့စပ်ပြီး အညှာအတာမဲ့သည်။ စီးပွားရေးလောကက မြေခွေးအိုကြီးအများအပြားပင် သူ့ထက် နိမ့်လေသည်။
သူ့ကိုဆန့်ကျင်မိတဲ့ဘယ်သူမဆို ခေါင်းငုံ့ တောင်းပန်ရပြီး နောက်ဆုံးမှာ ဆိုးဆိုးရွားရွား အဆုံးသတ်သွားကြရတာပင်။ ယနေ့အထိ မည်သို့သောချွင်းချက်မှမရှိခဲ့ဖူးပေ။
ထိုကလေးဟာ အနာဂတ်မှာ ရီမိသားစုကို အမွေဆက်ခံပြီး ရီမိသားစုခေါင်းဆောင် ဖြစ်လာလိမ့်မည်ဟု လူတိုင်းထင်နေကြတာပင်။
ထိုအချိန်၌သူ့စကားကိုကြားတော့ လူတိုင်းမှာ သူ့အားမြှောက်ပင့်ပြောလာကြသည်။
“ဟုတ်တယ်၊ အဲ့ကလေးက အရမ်းထောင်လွှားလွန်းတယ်။ ဒီနေရာကို သူ့ရဲ့ကျုံးဟိုင်လိုများထင်နေတာလား။”
“နျုံစစ်သွမ်းကိုအနိုင်ယူလိုက်နိုင်တာနဲ့ပဲ ယန်းချန်မှာ ဥပဒေမဲ့လုပ်ချင်တိုင်း လုပ်လို့ရပြီလို့ထင်နေတာလား။”
“ဟားဟား၊ နျုံစစ်သွမ်းဆိုတာ ရီမိသားစုနဲ့ ယှဉ်ရင်ဘာမှတောင်မဟုတ်တာကို။ သူအရမ်းအင်အားကြီးပါတယ်ဆိုရင်တောင် သူ့ရဲ့အခြေနဲ့ အင်အားက ရီမိသားစုနဲ့တော့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။”
“ပြီးတော့လည်း နျုံစစ်သွမ်းက သူစိမ်းနယ်မြေမှာ တစ်ယောက်တည်း တိုက်ခိုက်ခဲ့တာလေ။ နောက်ဆုံးကျတော့ သူ့ရဲ့အဆင်အခြင်မဲ့မှုကြောင့် အဲ့ကလေး သူ့ကိုအခွင့်ကောင်းယူတာခံလိုက်ရတာ။ အဲ့တာကိုသူ့ကိုယ်ပိုင်အစွမ်းအစကြောင့်လို့ ထင်နေတာလား။”
“သခင်လေးရီကိုရန်လာစတာက သေချင်နေလို့ပဲဖြစ်ရမယ်!”
လူအုပ်ကြီး၏ဆွေးနွေးသံကို ကြားပြီးနောက် ရီချန်းကျယ် ယန်းဝမ်ဟောက်ကို လှည့်ကြည့်လိုက်သည်။
“ဝမ်းဟောက်၊ ခင်ဗျားရော အဲ့ကလေးကို ဘယ်လိုမြင်လဲ။”
ယန်းဝမ်ဟောက် အမြန်တလေးတစား ထရပ်လိုက်ကာ “အဲ့ကလေးက နောက်ခံမရှိပဲ စခဲ့တာပါ။ ဒီနေ့သူလုပ်ခဲ့တာကိုကြည့်ရတာတော့ နည်းနည်းတော့အစွမ်းအစရှိတဲ့ပုံပါပဲ။”
ရီချန်းကျယ် မျက်မှန်ကိုတည်ငြိမ်စွာ ပင့်တင်လိုက်ကာ “အိုး၊ သူကတကယ် အဲ့လောက်အစွမ်းအစရှိတာလား။”
ယန်းဝမ်ဟောက် အမြန်တုံ့ပြန်လိုက်ကာ ခေါင်းစဉ်ပြောင်းလိုက်ရသည်။
“သခင်လေးရီနဲ့တော့ သေချာပေါက် မယှဉ်နိုင်ဘူးပေါ့ဗျာ။ ယန်းချန်ဆိုတာက သခင်လေးရဲ့ပိုင်နက်ဆိုတော့ သူ့ကို သတ်ပစ်ချင်ရင်တောင် မိနစ်ပိုင်းလေးပဲ ကြာမှာ”
ရီချန်းကျယ်ပြုံးကာပြောလိုက်သည်။
“အဲ့စကားကိုကြိုက်တယ်။ ကျုံးဟိုင်ဆိုတာက နေရာသေးသေးလေး၊ တန်ဖိုးမရှိတာတွေနဲ့ပဲပြည့်နေတာ။ အဲ့တာကြောင့် အဲ့ကလေးဒီလောက် ထူးချွန်နေတာဖြစ်ရမယ်။ ဘာမှမဟုတ်တဲ့ လူတွေကြားမှာ ထင်းထွက်နေရုံပါပဲ”
ထိုအချိန်မှာပဲ ယန်းဝမ်ဟောက် ခေါင်းစဉ်ပြောင်းလိုက်ပြန်သည်။
“ဒါပေမယ့်…”
နောက်ဆုံးတော့ ရီချန်းကျယ် သည်းမခံနိုင်တော့ပေ။
“ပြောမယ့်စကားကို တစ်ခါထဲနဲ့ အကုန်မပြောနိုင်ဘူးလား”
ယန်းဝမ်ဟောက် နှစ်ကြိမ်ခန့် ချောင်းဆိုးမိသွားကာ အမြန်ပြောလာသည်။
“ယဲ့ဖန်ကိုစိုးရိမ်နေစရာမလိုပါဘူး။ ဒါပေမယ့် သူ့နောက်မှာ ကျောင်းဖုလင်ရှိနေတယ်။ ကျောင်းဖုလင်သာ သူ့ကိုကာကွယ်ပေးမနေရင် သူ့ကိုအလွယ်လေးသတ်ပစ်လို့ရတယ်”
သူပြောတာကိုကြားပြီးနောက် ရီချန်းကျယ်၏မျက်နှာထက်၌ အထင်သေးသည့်အပြုံးတစ်ပွင့်ပေါ်လာသည်။
“ကျောင်းဖုလင်လား။ သူက ဆောင်းဦးမှာ ထွက်တတ်တဲ့နှံကောင်သာသာလိုကောင်ပါ။ ရက်နည်းနည်းတောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး”
ထိုစကားဆုံးသည်နှင့် လူတိုင်းအံ့ဩသွားရသည်။
ကျောင်းဖုလင်က ကျောင်းမိသားစုရဲ့ အမွေဆက်ခံသူဖြစ်သည်။
ကျောင်းမိသားစုမှာ ရီမိသားစုထက်ပင် အင်အားကြီးသေးသည်။
ရီချန်းကျယ် ထိုသို့ထောင်လွှားသည့်စကားမျိုး ပြောလာလိမ့်မည်ဟု သူတို့မထင်ခဲ့ပေ။
ရီချန်းကျယ်လူတိုင်း၏အမူအရာကို ဖတ်ကြည့်လိုက်ပြီးနောက် ချက်ချင်း ခပ်ဖွဖွပြုံးလိုက်သည်။
“ကျွန်တော်က အရမ်းထောင်လွှားလွန်းတယ်လို့ တွေးနေကြတာမလား။ မသေချာပဲနဲ့ ကျွန်တော်က ဒီစကားကိုပြောပါ့မလား။ ကျွန်တော်ရထားတဲ့သတင်းအရဆို အဘိုးကြီးကျောင်း သေလုနီးပါး နာမကျန်းဖြစ်နေတာ၊ မကြာခင် သေရတော့မယ်တဲ့”
သူထိုသို့ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ဗုံးတစ်လုံးပစ်ချလိုက်သလိုပင် သီးသန့်ခန်းထဲ၌ ပွက်လောရိုက်သွားတော့သည်။
“ဘာဖြစ်တယ်။ ကျောင်းယွဲ့ရှန်းက သေလုနီးပါးနေမကောင်းဖြစ်နေတာလား။ ဒါတကယ့်သတင်းကြီးပဲ”
“ဟုတ်တယ်၊ ကျောင်းယွဲ့ရှန်းက ကျောင်းမိသားစုရဲ့ထောက်တိုင်ကြီး။ ကျောင်းမိသားစုကအထက်ပိုင်းလူတွေအကုန် သူတို့အဆက်အသွယ်တွေအတွက် အဲ့အဘိုးကြီးအပေါ်မှာပဲ မှီခိုနေကြရတာ။ သူသာသေသွားရင် ကျောင်းမိသားစု အတော်လေးအင်အားဆုတ်ယုတ်သွားမှာပဲ”
“ဒါကြီးက ဆုံးရှုံးမှုအကြီးကြီးပဲ။ ကျောင်းမိသားစုရဲ့ဘယ်ဆက်ခံသူမှ ဒီလိုမိသားစုကြီးတစ်စုကို မထောက်ပံ့နိုင်ဘူး။ အဲ့အချိန်ကျရင် သူတို့တွေသေချာပေါက်ကွဲကုန်ကြမှာပဲ”
“ဒါဆိုကျွန်တော်တို့အမြန်ပြင်ဆင်ထားသင့်ပြီ။ အဲ့အချိန်ကျရင် အကျိုးအမြတ်တွေ ဝေစုအနေနဲ့ရနိုင်တယ်”
“ကျောင်းယွဲ့ရှန်းသေတဲ့နေ့က ကျုပ်တို့ ထီပေါက်တဲ့နေ့ပဲ”
လူတိုင်းလက်တပြင်ပြင်ဖြစ်နေကြသည်ကို မြင်တော့ ရီချန်းကျယ်၏နှုတ်ခမ်းထောင့်စွန်းတွေ အနည်းငယ်ကွေးတက်သွားရသည်။
“အားလုံးစိတ်ချပါ၊ ခင်ဗျားတို့သာ ကျွန်တော့်အပေါ်သစ္စာရှိနေသရွေ့၊ ကျောင်းမိသားစုကိုခွဲတဲ့အခါ အတူခေါ်သွားပေးမယ်”
လူတိုင်းသူတို့ခွက်တွေကိုပင့်ကာ သူ့အပေါ်သစ္စာရှိမှုကိုပြသလာကြသည်။
ရီချန်းကျယ် နှစ်ခွက်သောက်ပြီးနောက် ခွက်ကိုချလိုက်သည်။
“ကျောင်းဖုလင် ဒီနေ့ကျန်းနန်နယ်စပ်မှာ ညစာစားပွဲလုပ်မယ်လို့ကြားတယ်။ ကျွန်တော်တို့အပျော်သွားကြမလား။”
ရီချန်းကျယ်၏ရည်ရွယ်ချက်ကို လူတိုင်း ချက်ချင်းနားလည်သွားသည်။
သူက ထိုလူတွေနိမ့်ကျနေတဲ့အချိန်မှာ ထိုးနှက်ချင်နေတာပင်။
လူတိုင်းမတ်တပ်ရပ်လိုက်ကာ ကြိုးစားကြည့်ရန်စိတ်အားထက်သန်လာကြသည်။
အပိုင်း ( ၅၆၀ )
ဒါကလူတွေကြားက ကွာခြားချက်များလား?
ယန်းချန်ပြည်သူ့ဆေးရုံ၌။
“သခင်ကြီးကျောင်း သက်သာလာပြီလား။”
နတ်ဆေးဆရာဝန်လူနာဆောင်ရှေ့သို့ လျှောက်လာကာ တံခါးအပြင်ဘက်ရှိ လူနာစောင့်သူနာပြုကိုမေးလိုက်သည်။
ထိုသူနာပြုမှာ ကသိကအောက်ဖြစ်စွာပြုံးရင်း “ဆရာ့ဘာသာ… ကြည့်လိုက်ပါလားဟင်”
သူမ၏မျက်နှာထားကိုကြည့်ကာ နတ်ဆေး ဆရာဝန်မှာအလွန်သိချင်စိတ်ပြင်းပြသွားရပြီး ချက်ချင်းတံခါးတွန်းဖွင့်လိုက်သည်။
ထို့နောက် သူ့ကိုကြက်သေသေသွားစေသည့် မြင်ကွင်းတစ်ခုကိုမြင်လိုက်ရသည်။
ထိုအခိုက်အတန့်တွင် သခင်ကြီးကျောင်းမှာ အပေါ်ပိုင်းဗလာဖြင့် ဒိုက်ထိုးနေလေသည်။
သူ့ဘေးရှိသူနာပြုလေးမှာ နံပါတ်ရေပေးနေသည်။
“121, 122, 123…”
နတ်ဆေးဆရာဝန်ဟန်မှာ အပြေးသွားကာ “သခင်ကြီးကျောင်း၊ ခင်ဗျားဒီလိုလုပ်လို့ မဖြစ်ဘူးလေ။ ခင်ဗျားကိုယ်က အခုထိ ပြန်ကောင်းသေးတာမဟုတ်ဘူး။ ဘာလို့ ဒီလိုပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ လုပ်ရတာလဲ.”
သခင်ကြီးကျောင်းမှာ သူ့ကိုယ်သူ မြေပေါ်မှ အားယူမြှင့်တင်လိုက်ကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ လေထဲ၌ ဝှီးခနဲ ခုန်တက်လာလေသည်။
“ဒိုက်ထိုး အခါနှစ်ရာတောင်လုပ်ပြီးနေပြီ၊ အဲ့တာတောင် ကျုပ်မျက်နှာမနီလာသလို နှလုံးခုန်လည်းမြန်မနေဘူး။ မင်းမှာ အဲ့လို လုပ်နိုင်စွမ်းရှိရင် အခုချက်ချင်းလှဲပြီး လုပ်ပြစမ်းပါ။ မင်းဘယ်နှကြိမ်လုပ်နိုင်မလဲ ကြည့်ရတာပေါ့”
နတ်ဆေးဆရာဝန်ဟန်မှာ သူပြောလိုက်သည်ကိုကြားပြီးနောက် ရယ်ရမလား ငိုရမလားပင် မသိတော့ချေ။
“ကျွန်တော်အဲ့လောက်အများကြီးတော့ မလုပ်နိုင်ဘူးလေ။ အများဆုံး အခါနှစ်ဆယ်ဆို မောနေပြီ”
သခင်ကြီးကျောင်းနှုတ်ခမ်းကို တင်းတင်းစေ့လိုက်ကာ “အခုကျုပ်ခန္ဓာကိုယ်က အရမ်းကောင်းတယ်။ ဆယ်နှစ်ပိုငယ်သွားသလိုတောင် ခံစားနေရတာ”
နတ်ဆေးဆရာဟန်မှာ သူ့အား စိတ်ရှုပ်ထွေးနေသည့်အကြည့်ဖြင့် ကြည့်လာသည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မနေ့က ဆေးရုံကိုရောက်လာတုန်းကတောင် အတော်လေးအားနည်းနေသေးတာကို။ ဘယ်လိုလုပ် ဒီလောက်အမြန်ကြီး သက်သာလာမှာလဲ။ ပြီးတော့ သက်လုံလည်း အရမ်းကောင်းနေသေးတယ်”
သခင်ကြီးကျောင်း ကြွက်သားတွေကို ဖြေလျှော့ရင်း “ဒါကတော့ ငါ့ရဲ့ ခေါင်းကိုင်သားလေးကိုသာမေးကြည့်လိုက်”
နတ်ဆေးဆရာဟန်မှာ ကြောင်သွားရသည်။ “ဘယ်ကခေါင်းကိုင်သားလဲ”
သခင်ကြီးကျောင်း ဂုဏ်ယူစွာပြုံးပြလိုက်ကာ “ယဲ့ဖန်ပေါ့”
နတ်ဆေးဆရာဟန် ပါးစပ်ဟလာကာ “သူကဘယ်တုန်းက ခင်ဗျားရဲ့ ခေါင်းကိုင်သားဖြစ်သွားတာလဲ”
သခင်ကြီးကျောင်း နှာမှုတ်လိုက်ကာ “သူသဘောတူမတူ ငါဂရုမစိုက်ဘူး။ သူ့ကို ငါ့ရဲ့ခေါင်းကိုင်သားအဖြစ် သတ်မှတ်ထားပြီးပြီ။ ဒါနဲ့ မင်းမနေ့က ငါ့ရဲ့ခေါင်းကိုင်သားလေးကို ဆရာအဖြစ် အသိအမှတ်မပြုလိုက်ဘူးမလား။ အဲ့တာဆို ငါတို့ကြားမှာ ဝါရင့်တာကိုပြောလို့မရနိုင်ဘူးပဲ။ မင်းက ငါ့ခေါင်းကိုင်သားရဲ့တပည့်လေ။ အဲ့တော့ ငါ့ကိုအဘိုးလို့ခေါ်သင့်တယ်”
နတ်ဆေးဆရာဟန်၏မျက်နှာရှုံ့မဲ့သွားရကာ “ခင်ဗျားကျွန်တော့်ကို လာနောက်နေတာလား။ ခင်ဗျားက ကျုပ်ထက် နှစ်နည်းနည်းပဲကြီးတာကို အဘိုးဖြစ်ချင်နေသေးတာလား။”
သခင်ကြီးကျောင်း တခစ်ခစ်ရယ်လိုက်ရင်း “ငါကမင်းကောင်းဖို့ပြောတာလေ။ မင်းငါ့ကို အဘိုးလို့ခေါ်ရင် ငါ့ရဲ့ခေါင်းကိုင်သားလေးကို မင်းကိုတပည့်အဖြစ်လက်ခံဖို့ဖြောင်းဖျပေးမယ်”
နတ်ဆေးဆရာဟန်လည်း ဆွဲဆောင်ခံလိုက်ရသည်။ သူသည်လည်း ယဲ့ဖန်၏ အပ်စိုက်ကုထုံးကို သွားရေကျနေတာဖြစ်သည်။
သို့သော်ငြား သူသည်လည်း ဆေးပညာလောကမှာ အတော်လေး လေးစားထိုက်သည့်လူတစ်ယောက်ဖြစ်သည်။ တစ်ဖက်သူကို ‘အဘိုး’ ဟုခေါ်ရမည့် ဘဝမျိုးတော့မရောက်ချင်ပါ။
" ထားလိုက်တော့။ ဒီရွာပြီးရင် ဒီလိုဆိုင်မျိုး မရှိတော့ဘူး "
သခင်ကြီးကျောင်းက နောက်ပြောင်တာကို ရပ်လိုက်ပြီး သူ့ပစ္စည်းတွေကို ထုပ်ပိုးဖို့ လှည့်လိုက်သည်။
"ဘာလို့ ထုပ်ကျောင်းဖုလင်နေတာလဲ"
ဒေါက်တာဟန်က စူးစမ်းလိုစိတ်ဖြင့် မေးသည်။
"ငါ့ပစ္စည်းတွေကို ထုပ်ပိုးထားတာလေ။ ငါဆေးရုံကဆင်းရမယ် "
သခင်ကြီးကျောင်းက ခေါင်းမလှည့်ဘဲ ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။
"ဆေးရုံကဆင်းမှာလား။ ဆေးရုံက ဆင်းခွင့်ပြုဖို့ ဘယ်သူက သဘောတူခဲ့တာလဲ "
"ငါ ပြန်ကောင်းနေပါပြီ။ ဘာလို့ မဆင်းခိုင်းရတာလဲ"
" ဒါပေမဲ့ ...... "
ဒေါက်တာဟန်က စကားမပြောနိုင် ဖြစ်သွားသည်။
ဒီလို ထူးဆန်းတဲ့ ကိစ္စမျိုးကို သူ တစ်ခါမှ မမြင်ဖူးပေ။
မနေ့က လာပို့တုန်းကတော့ သေခါနီး မီးခွက်လို ဖြစ်နေပြီး ဒီနေ့တော့ သူက ခုန်ပေါက်တော့မလို ဖြစ်နေသည်။
"ဘာလဲ၊ နတ်ဆရာလေးယဲ့ကို ခေါ်ပြီး သူ့အမြင်ကို အရင်မေးလိုက်ရမလား"
ထိုသို့ပြောပြီးနောက်တွင် သူ့တွင် ယဲ့ဖန်၏ ဖုန်းနံပါတ်မရှိသည်ကို ရုတ်တရက် သတိရသွားသည်။
သူက သခင်ကြီးကျောင်းကို ကြည့်လိုက်သည်။
"သူ့နံပါတ်ရှိလား"
သခင်ကြီးကျောင်းက ခေါင်းခါလိုက်သည်။
"မရှိဘူး"
"သူက ခင်ဗျားရဲ့ မွေးစားသားမဟုတ်ဘူးလား။ သူ့နံပါတ်မရှိဘူးလား"
"ငါ့မှာ ငါ့သားရဲ့ ဖုန်းနံပါတ်တောင် မရှိဘူး ငါ့မွေးစားသား မပြောနဲ့"
" ...... "
နတ်ဆေးဆရာဟန်သည် ဒေါသအလွန်ထွက်၍ သွေးအန်မတတ်တောင် ဖြစ်သွားသည်။
သခင်ကြီးကျောင်းက သူ့ပစ္စည်းတွေကို ထုပ်ပိုးပြီး ထွက်လာခဲ့သည်။
သူ တံခါးနားရောက်ခါနီးမှ လှည့်ပြီး ပြောသည်။
"ဒါပေမယ့် ဒီည ကျန်းနန်နယ်နိမိတ်မှာ ညစာစားနေကြမယ်လို့ ငါ ကြားထားတယ်။ မင်းသူတို့ကို သွားရှာလို့ရတယ်"
ထို့နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားခဲ့သည်။
နတ်ဆေးဆရာဟန်လည်း သူ့ကို လွှတ်ထားလိုက်ပြီး ဟိုတယ်ကို အပြေးသွားတော့သည်။
........
ရှချူးသည် ယဲ့ဖန် ၏ သီးသန့်ခန်းထဲသို့ လိုက်သွားခဲ့သည်။
သာမာန်စုဝေးပွဲတစ်ခုလို့ သူမ ထင်ခဲ့သည်။
သို့သော် သူမသည် အလွန်နုံအကြောင်း မကြာခင်မှာ သိလိုက်ရသည်။
အခုအချိန်တွင် သီးသန့်ခန်းထဲမှာ လူဆယ်ဦးကျော် ထိုင်နေပြီဖြစ်သည်။
သူတို့၏ ၀တ်စားဆင်ယင်မှုနှင့် အပြောအဆိုအမူအယာကို ကြည့်လျှင် ဒီလူတွေက ချမ်းသာလွန်းလှသည်မှာ သေချာသည်။
ကျောင်းဖုလင် ဝင်လာတာကိုမြင်တော့ အားလုံးက မတ်တပ်ထရပ်ပြီး သူ့ကိုကြိုဆိုကြသည်။
ကျောင်းဖုလင် သူ့လက်ကို ယဲ့ဖန် ၏ပခုံးပေါ်တင်လိုက်သည်။ သူက လူတိုင်းကို လှည့်ကြည့်သည်။
" အားလုံးကို မိတ်ဆက်ပေးပါရစေ၊ ဒါက ငါ့ညီ ယဲ့ဖန် ပဲ။ ငါ့အိမ်က သခင်ကြီးပြီးရင် သူက ငါနဲ့အရင်းနှီးဆုံးလူ။ နောက်ဆို သူ့ကို ကူညီစောင့်ရှောက်ပေးကြဦး "
အားလုံးက ခေါင်းညိတ် သဘောတူကြသည်။
" ကျောင်းလူအိုကြီး၊ စိတ်မပူနဲ့။ မင်းညီက အကူအညီလိုရင် ငါတို့ကို အသိပေး "
"မှန်တယ်။ ဒီည ဒီကိုလာတဲ့သူတွေအားလုံးက မိသားစုတွေပဲ "
"ယန်းချန် တစ်ခုလုံးမှာ ယဲ့ဖန် နာမည်ကို မသိတဲ့သူက ဘယ်သူရှိလို့လဲ။ ငါတို့က သူကို ဂရုစိုက်ဖို့တောင်လိုသေးလို့လား။ သူတို့ကတောင် ငါတို့ကို ဂရုမစိုက်သင့်ဘူးလား"
"ငါတို့အားလုံးက ညီအစ်ကိုတွေပဲ။ အနာဂတ်မှာ ငါတို့ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ကြမယ်"
ကျောင်းဖုလင် သည် ယဲ့ဖန် ကို ဆွဲထုတ်ပြီး သူ့ကို မိတ်ဆက်ပေးသည်။
"ဒါက ယန်းချန် ရဲ့ ယောင်းမိသားစုက ယောင်းချီဝေ ......"
"ဒါက ရှင်းမောင်ကော်ပိုရေးရှင်းရဲ့ အိမ်ရှေ့စံမင်းသား၊ ရှန်းရှင်းဟွ "
"ဒါက ဆန်းယွမ်ဆက်သွယ်းရေးက အမွေခံ သုကျန်းရှန်း "
ရှချူးက ကျောင်းဖုလင် မိတ်ဆက်ပေးတဲ့သူတိုင်းကို ကြားတဲ့အခါ ပိုအံ့သြသွားသည်။
ဒီမိသားစုတွေနဲ့ ကုမ္ပဏီတွေအားလုံးကို သူမကြားဖူးသည်။
ခြွင်းချက်မရှိ၊ သူတို့အားလုံးက ယန်းချန် ရှိ ထိပ်တန်းမင်းမျိုးမင်းနွယ်များဖြစ်သည်။
ဒီဒုတိယမျိုးဆက် အမွေဆက်ခံသူအုပ်စုက အများသောအားဖြင့် အပြင်ဘက်မှာ ရမ်းကားကြသော်လည်း ကျောင်းဖုလင် နှင့် ယဲ့ဖန် တို့နှင့် ရင်ဆိုင်ရသောအခါ သူတို့က အလွန်ရိုသေကြသည်။
ရှချူး စကားမပြောနိုင်ဘဲ ထိတ်လန့်သွားရသည်။
ယဲ့ဖန်က ယန်းချန် မှာ ကောင်းကောင်းလုပ်နိုင်လိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ချေ။
လူမှုအသိုင်းအဝိုင်းက ထိပ်တန်းစက်ဝန်းတစ်ခုလည်းဖြစ်သည်။
ဒါက လူတွေကြားက ခြားနားချက်ဖြစ်နိုင်သလား။