အပိုင်း ၅၆၉-၅၇၂
Vol. 29 Ch. 569-572
အပိုင်း ( ၅၆၉)
ကြောက်ချင်ယောင်ဆောင်ခြင်း
ယဲ့ဖန်က ကျိုးထယ်ကျွန်း၏ ခြိမ်းခြောက်မှုကို ဂရုမစိုက်ပေ။ သူက ကြွေခေါင်းအုံးကို ကြည့်နေသည်။
သူက အရမ်းငြိမ်နေတာကိုမြင်ပြီး ဆိုင်ပိုင်ရှင်က ပြောလေသည်။
" လူငယ်လေး၊ မင်းဘာလို့မပြေးတာလဲ။ ဘာကိုစောင့်နေတာလဲ။ ဒီအစ်ကိုကျွန်းက သူ့လူတွေကို စုနေတုန်း ပြေးရမှာ မဟုတ်ရင် မင်းသွားချင်ရင်တောင် ထွက်သွားနိုင်မှာ မဟုတ်ဘူး "
ယဲ့ဖန်က မသိမသာ ပြုံးလိုက်သည်။
" ဒါက ဥပဒေနဲ့အညီ အုပ်ချုပ်တဲ့ လူ့အဖွဲ့အစည်းပါ။ ဒီလောက် တရားမဲ့တာ ဖြစ်နိုင်ပါ့မလား "
သူဌေးက နဖူးကို ရိုက်လိုက်သည်။ ဒီလို နုံအတဲ့လူကို တစ်ခါမှ မတွေ့ဖူးပေ။
" အစ်ကိုကျွန်းရဲ့ နောက်ခံကို မင်း မသိပါဘူး။ သူတို့က ယန်းချန်မှာ ဥပဒေဘောင်ထဲ မရှိဘူး "
ယဲ့ဖန်က စူးစမ်းချင်စိတ်ကို မထိန်းနိုင်ဘဲ မေးလိုက်သည်။
" အိုး၊ ဒါဆို သူ့နောက်ခံက ဘာလဲဆိုတာ သိချင်မိတယ် "
သူဌေးက တစ်ခုခုကို တွေးနေပုံရပြီး သူ့မျက်နှာမှာ ကြောက်ရွံ့တဲ့ အမူအရာ ပေါ်လာသည်။
" ဘာလို့လဲဆိုတော့ သူ့နောက်မှာ ကောင်းလူကြီးမင်း ရှိတယ် "
ယဲ့ဖန်က ကောင်းလူကြီးမင်းဆိုတဲ့ စကားကို ဆက်တိုက်ကြားနေရတာကြောင့် မေးလိုက်သည်။
" အဲ့ ကောင်းလူကြီးမင်းဆိုတာက ဘယ်သူလဲ"
ထိုအခါ ဆိုင်ရှင်ရဲ့ အမူအရာက ပြောင်းသွားသည်။
" မင်း ကောင်းလူကြီးမင်းကိုတောင် မသိဘူးလား။ မင်း တခြားနယ်ကလား "
ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။
" ကျွန်တော်က ကျုံးဟိုင်ကပါ "
ဆိုင်ရှင်က ခေါင်းညိတ်သည်။
" မထူးဆန်းပါဘူး။ ကောင်းလူကြီးမင်းရဲ့ နောက်ကြောင်းကို မင်းသိရင် မင်း ဘာမှလုပ်ရဲမှာတောင် မဟုတ်လောက်ဘူး "
" သူဌေး၊ သွယ်ဝိုက်မနေပါနဲ့။ အဲ့ဒီ ကောင်းလူကြီးမင်းက ဘယ်သူလဲ "
ဆိုင်ပိုင်ရှင်က တစ်စုံတစ်ယောက် စောင့်ကြည့်ခံရမှာကို ကြောက်သလို လှည့်ပတ်ကြည့်လိုက်သည်။
" ကောင်းလူကြီးမင်းရဲ့ နာမည်က ကောင်းကျူမင်းပဲ။ သူက ယန်းချန်မှာ သြဇာအရှိဆုံးလူ မဟုတ်ပေမယ့် သွားပြီးတော့ မထိသင့်ဘူး "
ယဲ့ဖန် ပိုစိတ်ဝင်စားလာသည်။
" ဘာလို့လဲ "
ဆိုင်ရှင်က တုန်လှုပ်ခြောက်ခြားနေသည်။
" ဘာလို့လဲဆိုတော့ သူနဲ့ သူ့လူတွေက အရမ်းရက်စက်တယ်။ အဲ့တာကြောင့် ယန်းချန်တစ်ခုလုံး ဘယ်သူကမှ သူတို့ကို မစော်ကားရဲဘူး "
" အဲ့လောက်ကြီးထိလား "
ဆိုင်ရှင်က သူ့ကို အရူးတစ်ယောက်လို ကြည့်နေသည်။
" မင်းလို လူငယ်တစ်ယောက်က လူ့အဖွဲ့အစည်းရဲ့ ရှုပ်ထွေးနက်နဲမှုကို မသိနိုင်သေးပါဘူး "
" မင်း တကယ် မထိသင့်တဲ့လူတစ်ယောက်ကို သွားထိမိတာပဲ "
" မြန်မြန် ပြေးတော့ "
ယဲ့ဖန်က စိတ်မ၀င်စားပေ။
" ကောင်းလူကြီးမင်းက တကယ် အစွမ်းထက်တယ်ဆိုရင် ဘယ်ကိုပဲပြေးပြေး သူက ကျွန်တော့်ကို တွေ့မှာပဲလေ။ အဲ့တော့ ဘာလို့ ပြေးရမှာလဲ "
ဆိုင်ပိုင်ရှင်က ဆက်ပြောချင်သည်။
သို့ပေမဲ့ ယဲ့ဖန် ရုတ်တရက် အကြောင်းအရာပြောင်းလိုက်သည်။
" ကောင်းပြီ၊ ဒါနဲ့ သူဌေး အခုလေးတင် ဒီကို လာတော့ အပြင်မှာ အရမ်း တက်ကြွနေကြတာ တွေ့လိုက်တယ်။ ပွဲရှိလို့လား "
ဆိုင်ပိုင်ရှင်က အနည်းငယ်စိုးရိမ်နေသော်လည်း သူက ပြောပြသည်။
" နှစ်ရက်လောက်ဆို ဒီမှာ နှစ်ပတ်လည် စည်းဝေးပွဲတစ်ခု ရှိလိမ့်မယ်။ အဲ့ဒီမှာ ပြည်နယ်အနှံ့က ရှေးဟောင်းပစ္စည်း စုဆောင်းသူတွေနဲ့ ရှေးဟောင်းပစ္စည်း ကုန်သည်တွေ ဒီမှာ စုဝေးကြလိမ့်မယ် "
ထိုမှသာ ယဲ့ဖန် သဘောပေါက်သွားသည်။
သူက စိတ်ထဲမှာ မှတ်ထားလိုက်ပြီး နောက်နှစ်ရက်ကျ ပြန်လာရန် ပြင်ဆင်လိုက်သည်။
ဆိုင်ရှင်က သူ့သတိပေးချက်ကို ယဲ့ဖန်က မသိချင်ယောင်ဆောင်နေတာကြောင့် ချက်ချင်း စိုးရိမ်လာသည်။
" ဘာကိုစောင့်နေတာလဲ။ မြန်မြန်ထွက်ပြေးတော့။ မင်းနောက်မှဆို တကယ်ထွက်သွားနိုင်မှာ မဟုတ်ဘူး "
သို့သော်လည်း ယဲ့ဖန်ကတော့ လုံးဝစိတ်မပူနေပေ။
" ဒီကြွေခေါင်းအုံးရဲ့ စျေးနှုန်းကို ကျွန်တော် မဆွေးနွေးရသေးဘူး ...... "
သူဌေးက သူ့စကား ပြီးအောင် မစောင့်ဘဲ အမြန် တွန်းထုတ်လိုက်သည်။
" ဒီကြွေခေါင်းအုံးက မင်းဟာပဲလေ။ မြန်မြန်ထွက်သွားတော့။ မင်း သေချင်ရင်တောင် ငါ့ကို မနှောင့်ယှက်နဲ့ ....... "
သို့သော် နောက်ကျသွားပြီ ဖြစ်သည်။
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် တွန်းထုတ်နေရင်း ကျိုးထယ်ကျွန်း ပြန်ရောက်လာသည်ကို တွေ့လိုက်ရသည်။
သူ့နောက်တွင် ထွားကြိုင်းကြိုင်း လူတစ်ဒါဇင်ကျော်လည်း ရှိနေပြီး သူတို့တစ်ယောက်ချင်းစီတိုင်းက ဓားတစ်လက်စီနှင့် အခြားလက်နက်များကို ကိုင်ဆောင်ထားကြသည်။
ဤလူအုပ်စုသည် လူသတ်ရန် ရည်ရွယ်ချက်ဖြင့် လမ်းလျှောက်လာကြသည်။
ကြည့်နေသူတွေက လူချဲသွားကြပြီး ဒုက္ခရောက်မှာကို ကြောက်နေကြသည်။
" ဟိုကောင်၊ မင်းက သေရမှာမကြောက်ဘူးလား။ မင်း ဒီမှာ တကယ်ကြီး စောင့်နေရဲတာလား "
ကျိုးထယ်ကျွန်းက ယဲ့ဖန် ထွက်မသွားသေးသည်ကို မြင်လိုက်ရပြီး ဒေါသအရမ်းထွက်ကာ ရယ်လိုက်သည်။
ယဲ့ဖန် မော့ကြည့်လိုက်တဲ့အခါ ဆိုင်ထဲမှ စောင့်ကြည့်ကင်မရာ တပ်ဆင်ထားသည်ကို တွေ့လိုက်ရသည်။ ထိုအခါ တစ်ဖက်သူက ဘာဖြစ်နေလဲဆိုတာ ချက်ချင်း သိလိုက်သည်။
ယဲ့ဖန်က ထိုလူအုပ်စုကို တစ်ချက်ကြည့်လိုက်ပြီး 'ကြောက်ရွံ့တဲ့' အမူအရာ လုပ်လိုက်သည်။
" အစ်ကိုကြီးတို့ စကားတွေပြောရအောင်ပါ။ ဘာလိုချင်တာလဲ "
ကျိုးထယ်ကျွန်း၏ မျက်နှာတွင် ရက်စက်ယုတ်တာသော အပြုံးတစ်ခု ရှိနေသည်။
" အခု မင်းကြောက်နေပြီလား။ ခုနကတော့ မာန်တက်နေတာ မဟုတ်ဘူးလား "
ယဲ့ဖန်က သူ့နောက်မှ လူအုပ်စုကို ညွှန်ပြလိုက်သည်။
" ဒီလောက် လူတွေအများကြီး ပါလာမယ်လို့ မထင်ထားလို့ပါ။ ဒီလိုဆိုရင်ရော ဒီကြွေခေါင်းအုံးကို မလိုချင်တော့ဘူး။ ကျွန်တော့်ကို လွှတ်ပေးနိုင်မလား "
ကျိုးထယ်ကျွန်းက ချက်ချင်း ခေါင်းမော့ပြီး ရယ်သည်။
" မင်းက ငါတို့ ချောင်ရှင်းဂိုဏ်းကို ပြဿနာရှာပြီးမှ ထွက်ပြေးချင်နေတာလား။ အိပ်မက်မက်နေလိုက် "
ယဲ့ဖန်က သူ့ကို ကူကယ်ရာမဲ့စွာ ကြည့်နေသည်။
" ဒါဆို ဘာလိုချင်လို့လဲ "
ကျိုးထယ်ကျွန်းက သူ့လက်ထဲတွင် ဓားရှည်ကို ကိုင်လိုက်သည်။
" ဒါဟာ အရမ်းကို ရိုးရှင်းပါတယ်။ မင်းကိုယ်တိုင် မင်းရဲ့လက်တစ်ဖက်ကို ဖြတ်လိုက်ရင် ဒီကိစ္စက ပြီးသွားလိမ့်မယ် "
ယဲ့ဖန် အနည်းငယ် ဒေါသထွက်သွားသည်။
" လက်တစ်ဖက်ကို ဖြတ်ရမှာလား။ ဒါက မလွန်ဘူးလား "
ကျိုးထယ်ကျွန်းက ရယ်လိုက်သည်။
" လွန်သွားတာလား။ ငါက အရမ်းသနားတတ်ပါတယ်။ တကယ်ဆို ငါတို့က လက်တစ်ဖက်နဲ့ ခြေထောက်တစ်ဖက်ကို ဖြတ်ဖို့တောင် လုပ်ထားတာ။ မင်းရွေးပေါ့ "
ယဲ့ဖန်က ကြောက်ရွံ့စွာဖြင့် နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်သည်။
" ဒါက တရားဥပဒေနဲ့အညီ ရှိနေတဲ့ လူ့အဖွဲ့အစည်းတစ်ခုပါ။ ခင်ဗျား လုပ်နေတာက တရားမဝင်ဘူး "
ကျိုးထယ်ကျွန်းက ကမ္ဘာပေါ်မှာ အကြီးဆုံးဟာသကို ကြားလိုက်ပုံ ဖြစ်သွားသည်။
" ဟားဟားဟား၊ တရားမ၀င်တာလား။ မင်း ဘယ်လို အရူးကိစ္စကို လုပ်ထားလဲ မမှတ်မိဘူးလား "
သူ့နောက်က လူတစ်စုကလည်း ရယ်မောကြသည်။
ထိုစကားကို ပြောပြီးသည်နှင့် ချက်ချင်းပင် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
" ငါ့အစား သူ့လက်တစ်ဖက်ကို ဖြတ်ပစ်လိုက်ကြ "
သူ့နောက်မှ လူတစ်စုက ဘာမှပြန်မပြောဘဲ သူတို့၏ လက်နက်များကို ထုတ်ကာ ယဲ့ဖန်ဆီသို့ ဦးတည်လိုက်ကြသည်။
အပိုင်း ( ၅၇၀ )
ခြေတစ်ချောင်း ချိုးမယ်ဆိုရင် ငြင်းချင်တာ ရှိလား
ယဲ့ဖန် ထွက်သွားပြီးမှသာ လူအုပ်ကြီးက စတင်ဆွေးနွေးကြတော့သည်။
" အမလေး ဘုရားရေ၊ ဒီလူငယ်လေးက ရက်စက်လွန်းတယ် မဟုတ်လား။ သူက တစ်ယောက်တည်းနဲ့ လူတစ်ဒါဇင်ကျော်ကို အနိုင်ယူခဲ့တာ "
" သိုင်းကား ကြည့်နေရသလိုပဲ။ ဒီလို တော်တဲ့လူမျိုး လက်တွေ့မှာ ရှိနေမယ်လို့ မထင်ထားဘူး "
" အဲ့လူငယ်လေး သေပြီလို့ကို ငါ ထင်ခဲ့တာ "
" သူတို့ကို ပညာပေးသင့်တာကြာပြီ။ ဒီအုပ်စုက မကောင်းတာ အကုန်လုပ်နေတာ။ ဒီတစ်ခါတော့ သူတို့ ပြန်ခံရပြီ "
" ဟုတ်တယ်။ လူဆိုးတွေကို လူဆိုးတွေကပဲ နှိပ်စက်နိုင်တာ။ ဒီအသည်းနှလုံးမရှိတဲ့ အုပ်စုအတွက် သူတို့ကို အပြစ်ပေးမယ့် ပိုဆိုးတဲ့ နတ်ဆိုး တစ်ယောက် ရှိသင့်တယ် "
" ဒါပေမယ့် ဒီလူငယ်လေးက ရက်စက်လွန်းတယ်။ လက်တွေ ခြေထောက်တွေ ချိုးပစ်တာ "
" သူတို့ကို သနားနေသေးတာလား။ ချောင်ရှင်းဂိုဏ်းကနေ ခံလိုက်ရတဲ့သူတွေက အကုန်ထိခိုက်ကုန်ကြတာလေ။ ဒါ သူတို့ ထိုက်တန်တဲ့ ပြစ်ဒဏ်ပဲ ..... "
ယန်းချန်မှ လူများက သူတို့ကြောင့် အချိန်အတော်ကြာ ဒုက္ခရောက်ခဲ့ရသည်။
အရင်တုန်းကတော့ ဘာမှ မပြောရဲကြပေ။
ဒီနေ့လို ဒီလူတွေကို သတ်ပစ်ဖို့က မလွယ်လှပေ။
ဒီနေ့အဖြစ်က သူတို့အစား ချောင်ရှင်းဂိုဏ်းကို လက်စားချေခြင်းဟု ယူဆနိုင်သည်။ ထို့ကြောင့် ဘာမှပြောစရာ မရှိပေ။
ထိုကိစ္စက ယန်းချန်တစ်လျှောက် အလွန်လျင်မြန်သော အရှိန်ဖြင့် ပျံ့နှံ့သွားသည်။
ထိုသတင်းကို ကြားရသူတိုင်းက တုန်လှုပ်သွားကြသည်။
ကျောင်းဖုလင်က သူ့အဖေကို လိုက်ပို့ပြီးတဲ့နောက် ယောင်းချီဝေဆီမှ ဖုန်းဝင်လာခဲ့သည်။
" ကျောင်းလူအိုကြီး၊ မင်းရဲ့ဒီညီအစ်ကိုက ဆက်ဆံရတာ တကယ် မလွယ်ဘူး "
" မင်းက ယဲ့ဖန်ကို ပြောနေတာလား။ သူ ဘာဖြစ်လို့လဲ "
" သူက ရှေးဟောင်းလမ်းမှာ လူတစ်ယောက်ကို ရိုက်လိုက်တယ်ဆိုတဲ့ သတင်းကို ကြားထားတယ် "
" ဘာလို့လဲ၊ ရန်ဖြစ်တာလဲ "
" ရှေးဟောင်းပစ္စည်းတစ်ခုကြောင့်လို့ ကြားတယ်။ အဲ့ဒီလူတွေက အားလုံး ရူးနေကြတာ။ ဘာမဆို လုပ်နိုင်တယ် "
" ဒါက ကိစ္စသေးသေးလေးပါ။ သူ တစ်ယောက်တည်းကို ရိုက်တာမဟုတ်ဘူးလား။ ဘာများ အံ့သြစရာရှိလို့လဲ "
" သူက တစ်ယောက်တည်းကို ချတာမဟုတ်ဘူး။ ဆယ်ယောက်ထက်မနည်းကို ရိုက်ခဲ့တာ။ သူတို့ အကုန်လုံးလည်း ခြေတွေ လက်တွေ ကျိုးကုန်ကြတယ်။ အဲ့ဒီမြင်ကွင်းက တကယ်ကို ကြောက်စရားကောင်းတယ်တဲ့ "
ကျောင်းဖုလင် ထိုစကားကိုကြားပြီးနောက် ကားက ခြုံပုတ်ထဲကို ထိုးကျမတတ် ဖြစ်သွားသည်။
" ဘာ၊ ဘယ်နှစ်ယောက်၊ တစ်ဒါဇင်ကျော် ဟုတ်လား။ လာနောက်နေတာလား။ ဒီကလေးက တစ်ယောက်တည်း အဲ့လောက်လူအများကြီးကို တိုက်နိုင်ပါ့မလား "
" ဟုတ်တယ်။ အခင်းဖြစ်တဲ့ နေရာမှာ ကြည့်နေတဲ့သူတွေ အများကြီးရှိပေမယ့် သူက သူတို့ကို လုပ်ချလိုက်တာပဲ .... "
" ဟားဟားဟား၊ ဒီကောင်ကတော့ သူ့ရဲ့ ခွန်အားတွေကို ဖုံးကွယ်ထားတာပဲ။ သူ့အရည်အချင်းတွေက ဒီလောက်တောင် အားကောင်းနေမယ်လို့ မထင်ထားဘူး။ တစ်နေ့ကျရင် သူ့ဆီကနေ ကိုယ်ခံကာကွယ်နည်းတွေကို သင်ယူရမယ် "
" အစ်ကိုကြီး၊ မင်းကတော့ မှားနေတဲ့အချက်ကို အာရုံစိုက်နေတာပဲ။ အဓိကအချက်က သူ့လူတွေ ဆယ်ယောက်ထက် မနည်းကို ရိုက်နှက်ပြီးထားတော့ ကောင်းကျူမင်းက လုံးဝ လွှတ်ပေးမှာ မဟုတ်ဘူး "
" သူက ဘာလိုချင်သေးလို့လဲ။ ယဲ့ဖန်ကို အသက်နဲ့ ပြန်ပေးဆပ်စေချင်တာလား "
" သူက အဲ့ဒီလို မလုပ်လောက်ဘူးလို့ ထင်နေတာလား။ ဘယ်သူက သူ့ကို ထိန်းချုပ်နိုင်လို့လဲ "
" ဟမ့်၊ ငါကတော့ ဂရုမစိုက်ပါဘူး။ ယဲ့ဖန်က ငါ့ညီပဲ။ သူ့ကို လက်ညိုးနဲ့ ထိုးရင်တောင် ထိုက်တန်တဲ့ရလဒ်ကို ခံစားစေရမယ်လို့ ငါအာမခံတယ် "
" အိုး… မင်းရဲ့ ညီကို အဲ့လို လွှတ်မထားနဲ့။ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် သူက မင်းကို အနှေးနဲ့အမြန် အကြီးအကျယ် ဒုက္ခရောက်စေလိမ့်မယ် "
" သူ့ကိုကာကွယ်နိုင်သရွေ့ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေမှာ မဟုတ်ဘူး။ လူတိုင်းသိအောင် သတင်းဖြန့်ထားလိုက် ယဲ့ဖန်ကို ထိတာက ကျေားမိသားစုနဲ့ ညိတာပဲ "
" ကောင်းပါပြီ၊ မင်းရဲ့ စိတ်ထဲမှာ အဓိကအချက်တစ်ခုရှိနေသရွေ့ အဆင်ပြေပါတယ်။ ငါ ဖုန်းချပြီ "
.....................
တစ်ချိန်တည်းမှာ ဆင်ခြေဖုံးရပ်ကွက်ရှိ ဇိမ်ခံအိမ်ကြီးတစ်ခုတွင်။
ကျိုးထယ်ကျွန်းက မြေပြင်ပေါ်တွင် ဒူးထောက်ကာ မြည်ကြွေးကာပြောသည်။
" ကျေးဇူးပြုပြီး ကောင်းလူကြီးမင်း ကျွန်တော့်အသက်ကို လွှတ်ပေးပါ။ အစွမ်းကုန် မကြိုးစားခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီကလေးက တကယ်ကို အစွမ်းထက်လွန်းတယ်။ ကျွန်တော်တို့က သူ့ကို လုံး၀ မတိုက်နိုင်ဘူး "
ထိုအချိန်တွင် အသက်သုံးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးက ဆိုဖာပေါ်တွင် ထိုင်နေသည်။
ထိုလူက ခေါက်ဆွဲစားနေရင်း ကျိုးထယ်ကျွန်းကိုကြည့်ကာ ပန်းကန်ထဲက အငွေ့ကို မှုတ်လိုက်သည်။
" ဘာလို့ငိုနေတာလဲ။ ငါ မင်းကို အပြစ်မတင်ပါဘူး။ ဖြစ်တဲ့နေရာက မှတ်တမ်းကို ငါကြည့်ပြီးပြီ။ အဲ့ကောင်လေးက မလွယ်တာ အမှန်ပဲဆိုတော့ ငါ မင်းကို အပြစ်မတင်ပါဘူး "
ကောင်းကျူမင်းက စိတ်မတိုကြောင်း ကျိုးထယ်ကျွန်းက မြင်လိုက်ရတဲ့အခါမှ သူ့စိတ်က တည်ငြိမ်သွားတော့သည်။
" ကောင်းလူကြီးမင်းက ထက်မြက်တော့ ဒီကြွေခေါင်းအုံးကို ကျွန်တော် သေချာပေါက် ရှာတွေ့မှာပါ "
ကောင်းကျူမင်းက ခေါက်ဆွဲကို တစ်လုတ်စားလိုက်ပြီး ကြင်နာတဲ့အပြုံးနဲ့ ဝါးလိုက်သည်။
" မင်းမှာ အဲ့ဒီလို နှလုံးသားရှိလို့ အရမ်းဝမ်းသာတယ်။ ဒူးမထောက်မနေပါနဲ့၊ မြန်မြန်ထ "
ကျိုးထယ်ကျွန်းက သူ့ညာဘက်ခြေထောက်ကို ညွှန်ပြလိုက်သည်။
" အဲ့ဒီကလေးက ကျွန်တော့်ခြေထောက်ကို ချိုးသွားတယ်။ အခု မထနိုင်တော့ပါဘူး "
ကောင်းကျူမင်းသည် စားပွဲပေါ်မှ ရေကို ကောက်ယူပြီး တစ်ငုံသောက်လိုက်သည်။
" ဟုတ်လား။ မတ်တပ်မရပ်နိုင်တော့ဘူးဆို နောက်ခြေထောက်တစ်ဖက်က ရှိနေလည်းအလကားပဲလေ။ ချိုးပစ်လိုက်တော့ "
ကျိုးထယ်ကျွန်းက ကောင်းကျူမင်း ငြိမ်သက်နေသည်ကို မြင်လိုက်ရသောအခါတွင် နောက်ပြောင်နေသည်ဟု ထင်မိသည်။
" ကောင်းလူကြီးမင်း၊ နောက်နေတာဖြစ်မယ်။ ခြေထောက်နှစ်ဖက်လုံးကို ဘာလို့ ချိုးရမှာလဲ "
ကောင်းကျူမင်း၏ မျက်နှာပေါ်ရှိ အပြုံးက တဖြည်းဖြည်း မှိန်သွားသည်။
" ငါက နောက်နေတဲ့ပုံ ပေါ်လို့လား "
စကားပြောရင်း သူ့ဘေးနားက လက်အောက်ငယ်သားကို လက်ဝှေ့ယမ်းပြလိုက်သည်။
" သူ့ကိုကူညီပေးလိုက် "
လက်အောက်ငယ်သားက ဘေ့စ်ဘောရိုက်တံကို ကိုင်ဆောင်ကာ ကျိုးထယ်ကျွန်းဆီသို့ ချက်ချင်း လျှောက်သွားသည်။
ကောင်းကျူမင်းသည် နောက်ပြောင်နေခြင်းမဟုတ်ကြောင်း နောက်ဆုံးတွင် ကျိုးထယ်ကျွန်း သဘောပေါက်သွားသည်။
ချက်ချင်း သူ့မျက်နှာက ကြောက်ရွံ့မှုကြောင့် ဖြူဖျော့သွားသည်။ သက်ညှာပေးဖို့ အမြန်တောင်းပန်လေသည်။
" ကောင်းလူကြီးမင်း၊ ကျေးဇူးပြုပြီး အသက်ကို ချမ်းသာပေးပါ။ ကျွန်တော် ...... "
သူ့စကားမဆုံးခင်မှာ လက်အောက်ငယ်သားက ဘေ့စ်ဘောတံကို လွှဲချလိုက်သည်။
ကျိုးအက်သံနှင့်အတူ အခြားခြေထောက်က ကျိုးသွားတော့သည်။
ကျိုးထယ်ကျွန်းက ချက်ချင်း ချွေးအေးများ ထွက်လာသော်လည်း အံကြိတ်ကာ အသံမထွက်ရဲပေ။
ကောင်းကျူမင်းသည် ဆိုဖာပေါ်ကို ဖြည်းဖြည်းချင်းမှီကာ ပါးစပ်ကို လက်သုတ်ပဝါဖြင့် သုတ်လိုက်သည်။
"မင်းမှာ ဘာအကြောင်းပြချက်ရှိလဲ ငါ ဂရုမစိုက်ဘူး။ မင်းကို ငါပေးခဲ့တဲ့ တာဝန်ကို မပြီးခဲ့တာက ငြင်းလို့မရတဲ့အချက်ပဲ။ မင်းခြေထောက်တစ်ဖက်ကို ချိုးလိုက်ရင်တောင် ကန့်ကွက်စရာရှိလား "
ကျိုးထယ်ကျွန်းက အမြန်ခေါင်းယမ်းလိုက်သည်။
" ကောင်းလူကြီးမင်း လုပ်တာ ကောင်းပါတယ်။ ကျွန်တော်က လူကြီးမင်းဘေးနားက ခွေးတစ်ကောင်ပါပဲ။ ပိုင်ရှင်က ခွေးကို ထိရင် ခွေးရဲ့ ပြဿနာပါပဲ "
ကောင်းကျူမင်း၏ အပြုံးသည် သူ့မျက်နှာမှာ ပြန်ပေါ်လာသည်။
" ကောင်းပြီ ဒါဆို ဒီကိစ္စကပြီးသွားပြီ။ ဆေးရုံကို အမြန်သွားပြီး သက်သာလာပါစေ။ မင်းဒဏ်ရာတွေ ပြန်ကောင်းလာမှ မင်းငါ့ခွေးအဖြစ် ဆက်နေနိုင်မှာ "
ကျိုးထယ်ကျွန်းသည် မျက်ရည်ကျကာ သူ့ကို ထပ်ခါတလဲလဲ ကျေးဇူးတင်နေခဲ့သည်။
ထို့နောက် အခန်းထဲမှ ထွက်လာခဲ့သည်။
ကောင်းကျူမင်းက ကော်ဖီ စားပွဲပေါ်မှ ဓာတ်ပုံကို ကိုင်ပြီးနောက် အပြင်ကို လှမ်းကြည့်လိုက်သည်။
ဓာတ်ပုံထဲကလူက ယဲ့ဖန်ဖြစ်လေသည်။
" ယဲ့ဖန်တဲ့လား။ ငါ ကောင်းကျူမင်းကို ရန်သူဖြစ်ချင်မှတော့ နေအနောက်က ထွက်တာကိုမြင်ဖူးတာဖြစ်ရမယ် "
စကားပြောနေရင်း မီးခြစ်ကိုထုတ်ပြီး ဓာတ်ပုံကို မီးရှို့လိုက်သည်။
အပိုင်း ( ၅၇၁ )
ယဲ့ဖန်ကို သတ်ဖို့ ကြိုးစားနေတာလား
ဒိုက်ဟောက် KTV သည် ယန်းချန်ရှိ အကြီးဆုံး ဖျော်ဖြေရေးနေရာများထဲမှ တစ်ခုဖြစ်သည်။
ထိပ်တန်း သီးသန့်ခန်းတစ်ခုထဲတွင် ရီချန်းကျယ်က လူနှစ်ယောက်ကို ပွေ့ဖက်ထားပြီး အဆုတ်ကွဲမတတ် အော်ဟစ်သီဆိုနေသည်။
အမျိုးသား၊ အမျိုးသမီး တစ်စုက ဝိုင်းအော်ကာ အားပေးနေကြသည်။
ထိုအချိန်တွင် လူတစ်ယောက်က သီးသန့်ခန်းတံခါးကို အမြန်တွန်းဖွင့်ကာ ဝင်လာခဲ့သည်။
" ရီသခင်လေး၊ သတင်းကြီး သတင်းကြီး "
ရီချန်းကျယ်က အနှောင့်ယှက်ခံလိုက်ရတာကြောင့် အနည်းငယ် စိတ်မချမ်းမသာဖြစ်သွားသည်။
" ငါသီချင်းဆိုနေတာကို မင်းမမြင်ဘူးလား။ ရော့ အပြစ်အနေနဲ့ စကားမပြောခင် ဝိုင်တစ်ခွက်သောက်လိုက် "
ထိုလူက စားပွဲပေါ်မှ အရက်ကို ကောက်ယူပြီး တစ်ကျိုက်တည်း သောက်သည်။
ရီချန်းကျယ် ကျေနပ်သွားပြီး မိုက်ခရိုဖုန်းကို ဘေးသို့ ပစ်ချလိုက်သည်။
" ပြောပါဦး၊ ဘာသတင်းကြီးလဲ "
ထိုလူက ပါးစပ်ကို သုတ်လိုက်သည်။
" ယဲ့ဖန်က ချောင်ရှင်းဂိုဏ်းက လူတွေနဲ့ ချခဲ့တယ်ဆိုတဲ့ သတင်းကို အခုမှ ရထားပါတယ် "
ရီချန်းကျယ်က ခဏလောက် အံ့အားသင့်သွား ကျယ်လောင်စွာ ရယ်လိုက်သည်။
" ဒီကောင် ဘာဖြစ်နေတာလဲ။ ကောင်းကျူမင်းကို သူက ဘယ်လိုလုပ် ထိရဲရတာလဲ။ ဒီတစ်ခါတော့ သေအောင် အရိုက်ခံလိုက်ရတယ် မဟုတ်လား "
ထိုလူက ဆတ်ခနဲ ခေါင်းခါလိုက်သည်။
" မဟုတ်ဘူး၊ ဆိုးဆိုးရွားရွား အရိုက်ခံလိုက်ရတာ ချောင်ရှင်းဂိုဏ်းကလူတွေပါ "
ရီချန်းကျယ်က ပိုလို့တောင် အံ့သြသွားတယ်။
" ဟိုကောင်ဘက်က လူဘယ်လောက် ပါလာတာလဲ "
" သူတစ်ယောက်တည်းပဲ"
" ချောင်ရှင်းဂိုဏ်းဘက်ကရော ဘယ်လိုလဲ "
" ဆယ်ယောက်ကျော် "
" ငါ့ကို လာနောက်နေတာလား "
ရီချန်းကျယ်နှင့် ရှိနေသူအားလုံးက မယုံကြည်နိုင်သော အမူအရာများပေါ်လာကြသည်။
ဆယ်ယောက်ကျော်နဲ့ တစ်ယောက်တည်းချတာလား။
ရုပ်ရှင်များ ထင်နေကြလား။
ထိုလူက အလျင်စလို ရှင်းပြသည်။
" အဲ့တာ အမှန်ပါ။ အဲ့တာကိုလည်း လူတော်တော်များများက မြင်လိုက်တယ်။ ယဲ့ဖန်က အရမ်းရက်စက်တယ်။ ချောင်ရှင်းဂိုဏ်းက လူတွေအကုန် ခြေကျိုး လက်ကျိုးတွေ ဖြစ်ကုန်တာ။ တော်တော် ကြောက်စရာကောင်းလွန်းတယ် "
အားလုံးက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
" ဒီကောင်က ဘယ်လို ဘီလူးမျိုးလဲ။ သူ့စီးပွားရေးစွမ်းရည်က ကောင်းကင်လောက်ထိတောင် မြင့်နေတဲ့အပြင် ဆေးဘက်ဆိုင်ရာလည်း ကျွမ်းကျင်နေသေးတယ်။ နတ်ဆေးဒေါက်တာဟန်တောင်မှ သူ့ကို ဆရာတင်ချင်နေတာလေ။ အခုကျလည်း သူ့ရဲ့ ကိုယ်ခံစွမ်းရည်က အရမ်းပြင်းထန်နေသေးတယ်။ သူက လူရော ဟုတ်ရဲ့လား "
" မင်းက ငါ့ကို ကြက်သီးထအောင် လုပ်နေတာပဲ။ လူတစ်ယောက်တည်းမှာ အဲ့အရည်အချင်းတွေ တစ်ခုလေးပဲရှိရင်တောင် လွန်လှပြီ "
" သူက ထိပ်ဆုံးရဲ့ ထိပ်ဆုံး ဉာဏ်ကြီးရှင်ပဲ။ အရည်အချင်းတွေက အံ့မခန်းနဲ့ "
" ဒီလိုလူနဲ့ ရန်သူဖြစ်ဖို့ကို တွေးရုံနဲ့တောင် ကြောက်တယ်..."
ရီချန်းကျယ်က အစမှာတော့ အလွန်ထိတ်လန့်သွားပေမဲ့ သူ့လက်အောက်ငယ်သားများက ယဲ့ဖန်ကို အလွန်အမင်း ချီးကျူးနေသည်အား ကြားလိုက်ရပြီး သူ စိတ်က နောက်ညစ်သွားတော့သည်။
သူက ရီမိသားစုမှ နံပါတ်တစ် ပါရမီရှင်ဟု အမြဲခေါ်ခံခဲ့ရသည်။
သူ့ကိုယ်သူလည်း ထိပ်ဆုံးသူဟု ထင်ခဲ့သည်။
အခုတော့ သူ့ထက် အရည်အချင်းရှိတဲ့သူက ပေါ်လာသည်။
ထို့အပြင် တစ်ဖက်သူက အနည်းငယ်သာ သန်မာနေခြင်း မဟုတ်ပေ။
သူ ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေမှာလဲ။
" ဟက်၊ ယဲ့ဖန်တစ်ယောက်တည်းက မင်းကို ဒီလောက်ထိ ကြောက်သွားစေတာလား။ ဘောမပါတဲ့ အကောင်ကျနေတာပဲ၊ သတ္တိမရှိချက်က "
ရီချန်းကျယ်၏ ပြစ်တင်ရှုတ်ချသံကိုကြားတော့ အားလုံးက ပါးစပ်ပိတ်သွားကြသည်။
ရီချန်းကျယ်သည် အမြဲ ချီးမွမ်းခံရပြီး ကြီးပြင်းလာသည်ကို အားလုံးသိကြသည်။
ထို့ကြောင့် သူကအလွန်အတ္တဆန်သည်။
သူ့ထက်သာတဲ့လူနဲ့ တွေ့လျှင် မနာလိုဖြစ်သည်။
ထို့ကြောင့် သူတို့က တစ်ခုခုကို ကောင်းကောင်းသိနေလျှင်ပင် ရီချန်းကျယ်ရှေ့မှာ ငတုံးအဖြစ် ဟန်ဆောင်ကြရသည်။
ပိုထက်မြက်တဲ့ပုံမပေါ်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ကြသည်။
အခု သူတို့က အရမ်းတုန်လှုပ်သွားခဲ့ကြတာကြောင့် ထိုအချက်ကို ရုတ်တရက် မေ့ထားလိုက်မိကြသည်။
ရီချန်းကျယ်က ထိုလူတွေကို ဂရုမစိုက်တော့ပဲ အဲ့ဒီအစား မျက်မှောင်ကြုတ်ကာ စဉ်းစားနေသည်။
ယဲ့ဖန်က ဒီနေ့ ကောင်းကျူမင်နှင့် ပဋိပက္ခဖြစ်ခဲ့သည်။
ထို့ကြောင့် ယဲ့ဖန်က ကောင်းကျူမင်း၏ နောက်ကြောင်းကို သေချာ စုံစမ်းလိမ့်မည်ဖြစ်သည်။
တကယ်လို့ ယဲ့ဖန်ကသာ ထဲထဲဝင်ဝင် တူးဖော်ခဲ့မည်ဆိုလျှင် မပေါက်ကြားသင့်သည့် ရီမိသားစု၏ လျှို့ဝှက်ချက်များလည်း ဖော်ထုတ်နိုင်လိမ့်မည်ဖြစ်သည်။
အန္တရာယ်မှ ရှောင်ရှားရန် ယဲ့ဖန်ကို တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားပစ်ဖို့ လိုသည်။
ရီမိသားစုကသိလျှင်လည်း သူ့ကို ထောက်ပံ့ပေးမည် ဖြစ်သည်။
အဲ့တာကိုတွေးပြီး သတင်းပို့တဲ့ လက်အောက်ငယ်သားကို လက်ညိုးကွေး ခေါ်လိုက်သည်။
" မင်းကို တာဝန်တစ်ခုပေးမယ်။ သေချာတော့ လုပ်ရမယ် "
လက်အောက်ငယ်သားက ချက်ချင်းပင် လေးလေးစားစား ခေါင်းညိတ်လိုက်သည်။
" ကျေးဇူးပြုပြီး ညွှန်ကြားပေးပါ၊ ရီသခင်လေး။ မဆိုင်းမတွ လိုက်နာပါ့မယ် "
ရီချန်းကျယ်က ချက်ချင်း သူ့နားကို ကပ်လိုက်ပြီး စကားအနည်းငယ် တိုးတိုးလေး ပြောလိုက်သည်။
လက်အောက်ငယ်သားက ရီချန်းကျယ်ကို အံ့ဩစွာ ကြည့်နေသည်။
" ရီသခင်လေး၊ ဒါက သိပ်ရက်စက်တာပဲ မဟုတ်လား။ ယဲ့ဖန်ကို သတ်ဖို့ကြိုးစားနေတာလား "
ရီချန်းကျယ်က ရယ်မောလိုက်သည်။
" သူ ငါ့ရန်သူဖြစ်လာပြီးကတည်းက သေလူဖြစ်နေပြီ "
" အခု သူက ကောင်းကျူမင်းကိုပါ စော်ကားလိုက်တာတော့ သူက ဒီထက်ပိုပြီးတောင် သေဖို့ ထိုက်တန်သေးတယ်။ သူ့လမ်းကို ငါက လိုက်ပို့ပေးနေတာ "
လက်အောက်ငယ်သားက ချက်ချင်း ခေါင်းညိတ်သည်။
" ကောင်းပါပြီ၊ အခု စီစဉ်လိုက်ပါ့မယ်။ သတင်းကောင်းကို စောင့်နေပါ၊ သခင်လေး "
ထို့နောက် သူက လှည့်ပြီး သီးသန့်ခန်းမှ ထွက်သွားခဲ့သည်။
ရီချန်းကျယ်က စားပွဲပေါ်ရှိ ဝိုင်ခွက်ကို ကောက်ယူပြီး တစ်ငုံသောက်လိုက်သည်။
ထို့နောက် အေးစက်သော အပြုံးကိုပြုံးလိုက်သည်။
ယဲ့ဖန် မင်း ဒီတစ်ခါတော့ သေပြီ။
ကောင်းကင်ဘုံတောင်မှ မင်းကို မကယ်နိုင်တော့ဘူး။
အပိုင်း ( ၅၇၂ )
ဒီကို ပြဿနာလာရှာတာ မဟုတ်ဘူး၊ ကားလာယူတာ
ယဲ့ဖန်ကတော့ ဘာတွေဖြစ်နေမှန်း မသိပေ။
လောလောဆယ် နိုင်ငံတကာ ပြပွဲစင်တာမှာ ရောက်နေသည်။
စနစ်က သူ့ကို ဆုပေးသည့် Lamborghini Blue Charm Nightက ဒီပြပွဲစင်တာမှာ ရှိနေသောကြောင့် ကိုယ်တိုင်ကိုယ်ကျ လာယူရန် ဖြစ်သည်။
ပြပွဲစင်တာက အတော်လေးကို ကြီးမားပြီး ကားကုမ္ပဏီ နာမည်ကြီးအမှတ်တံဆိပ် အားလုံးနီးပါး၏ ပြခန်းများရှိသည်။
ကားပြသည့်နေရာတွင် မလုံမလဲဝတ်ဆင်ထားသော မော်ဒယ်များက ကားတွေကို မှီပြီး ပို့စ်ပေးဆွဲဆောင်နေကြသည်။
ပြပွဲစင်တာတွင် လူတွေ ပြည့်ကျပ်နေသည်။ တစ်ချို့က ကားလာကြည့်တာ ဆိုပေမယ့် တစ်ချို့ကတော့ ကားမော်ဒယ်တွေကို လာကြည့်ကြတာ ဖြစ်သည်။
ယဲ့ဖန်ကတော့ မော်ဒယ်တွေကို စိတ်မဝင်စားပေ။
ချန်းရွှမ်၊ ရှချုး၊ ရှန်းပိုင်ထျန်းနှင့် လုရှောင်ရတို့ကဲ့သို့ အလှတရားလေးများဖြင့် ဝန်းရံခံထားရတာကြောင့် ဒီလို အလှအားနည်းတဲ့ အမျိုးသမီးတွေကို သူ့စိတ်ထဲ ဘယ်လိုလုပ် ထည့်နိုင်မှာလဲ။
Lamborghini ပြခန်းကို နာရီဝက်ကျော်ကြာ ရှာပြီးတဲ့ နောက်ဆုံးမှာတော့ ပြပွဲခန်းမကို ရှာတွေ့ခဲ့သည်။
ပြခန်းက သိပ်မကြီးပေ။ Lamborghini စူပါကားအသစ်တချို့ကို ပြသထားပြီး အားလုံးက အတော်လေးမိုက်သည်။
ပြခန်းအလယ်တွင် ခရမ်းရောင်ပြိုင်ကားတစ်စီးရှိနေသည်။
ထိုစူပါကားက ကားတွေရဲ့ ဘုရင်နှင့်တူပြီး အခြားပြိုင်ကားတွေက သတ္တုပြားသာသာဟု ထင်ရသည်။
ထိုကားက စနစ်မှ သူ့ကို ဆုချထားသည့် Blue Charm Night ဖြစ်လေသည်။
အရမ်းလန်းတဲ့ ပုံသဏ္ဍာန်နှင့် စက်ယန္တရားများ၏ အလှက တကယ်ကို အထင်ကြီးစရာ ကောင်းလှသည်။
အသေးစိတ် အချက်တိုင်းက ဒီဇိုင်နာ၏ ဉာဏ်ကြီးရှင်ဆန်သော တီထွင်ဖန်တီးမှုကို ပြသနေသည်။
ထိုစူပါကားကို လမ်းမပေါ်တွင် မောင်းလျှင် ရရှိမည့် ခံစားချက်ကို စိတ်ကူးကြည့်နိုင်သည်။
ကားနားကို ဝိုင်းထားတဲ့သူတွေ အများကြီးရှိနေသည်။
ယဲ့ဖန်က အကြိမ်အနည်းငယ် တိုးဝင်ဖို့ ကြိုးစားသော်လည်း မရပေ။
ထို့ကြောင့် အဝေးကနေပဲ လှမ်းကြည့်နေရသည်။
ကိုယ်ပိုင်တာကို အဝေးမှ ကြည့်နေရပြီး မကစားရတာက အတော်လေး ရက်စက်ပြီး ခံရခက်သည်။
ယဲ့ဖန် နောက်ဆုံးမှာတော့ လူစုလူဝေးကို ဖြတ်ကျော်နိုင်သွားကာ ရှေ့သို့ ရောက်သွားခဲ့သည်။
Blue Charm Night ကို ရဲတိပ်ခွေများဖြင့် ပတ်ကာရံထားသည်ကို သိလိုက်ရသည်။
အကာအရံအတွင်းတွင် ဝန်ထမ်းတချို့က ဘယ်သူမှ မကပ်နိုင်အောင် စောင့်ကြပ်နေကြသည်။
လူအုပ်ကြီးက ကြိုးဝိုင်းအပြင်ဘက်ကနေ ကြည့်နေရုံသာ တတ်နိုင်သည်။
ဒီကားက သူ့အပိုင်ဖြစ်နေပြီဆိုပေမယ့် ယဲ့ဖန်က စည်းကမ်းကို မချိုးဖောက်ချင်ပေ။
ဓာတ်ပုံနည်းနည်းရိုက်ပြီး လုရှောင်ရဆီကို ကြွားဖို့ ပို့ရန်လုပ်သည်။
သို့သော် ဖုန်းကို ထုတ်လိုက်သောအခါ ဝန်ထမ်းတစ်ဦးက ရှေ့ကနေ ပိတ်ရပ်လိုက်သည်။
ထို့ကြောင့် ယဲ့ဖန်က ညှိနှိုင်းတဲ့လေသံနဲ့ ပြောလိုက်သည်။
" ဓာတ်ပုံလေး နည်းနည်းရိုက်ချင်လို့ ဖယ်ပေးနိုင်မလား "
သူ့လေသံက အရမ်းဖော်ရွေနေပြီလို့ ခံစားရပေမယ့် ဝန်ထမ်းက ဖုန်းကို ရိုက်ချသွားလိမ့်မယ်လို့ မမျှော်လင့်ထားပေ။
" မင်းက ဘာရိုက်ချင်နေတာလဲ။ လေလံဆွဲချင်ရင်တောင် မင်းလိုလူက မတတ်နိုင်ဘူး "
ကံကောင်းစွာနဲ့ပဲ ယဲ့ဖန်က ဖုန်းကို အမြန်ဖမ်းမိသွားသည်။ မြေကြီးပေါ်ထိ ကျမသွားပေ။
ယဲ့ဖန် မျက်မှောင်ကြုတ်ကာ ဝန်ထမ်းကို မော့ကြည့်လိုက်သည်။
" ကျွန်တော် ဓာတ်ပုံ ရိုက်ချင်ရုံတင်ပါ။ ဒါက ဘယ်လို သဘောထားလဲ "
သူက စကားပြောနေရင်း ဝန်ထမ်း၏ နာမည်ကတ်ကို တစ်ချက်လှမ်းကြည့်လိုက်တဲ့အခါ ထိုလူ့နာမည်မှာ စိုးရုချိန် ဖြစ်သည်။
စိုးရုချိန်က ယဲ့ဖန်ကို မထီမဲ့မြင် စိုက်ကြည့်သည်။
" ဒီ Blue Charm Night က သေချာ လက်နဲ့ဖန်တီးထားတာ။ အကန့်သတ်ထုတ်ကိုမှ ယွမ် သန်း ၅၀၀ကျော်တန်တယ်။ မင်းလို ဆင်းရဲတဲ့ ခွေးသားလေးက ဒါကို တတ်နိုင်ပါ့မလား "
သူသည် လူစုလူဝေးကြောင့် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်နေတာ ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့် အလုပ်မှာ အနည်းငယ် စိတ်ဆတ်နေတာ ဖြစ်မည်။
ထိုစကားတွေက ယဲ့ဖန်ကို ကြိမ်းမောင်းရုံသာမကပဲ ဘေးကလူများကိုလည်း တစ်ခါတည်း ကြိမ်းမောင်းလိုက်တာ ဖြစ်သည်။
ဒီလို ယွမ် သန်း ၅၀၀တန်တဲ့ စူပါကားတစ်စီးကို ဘယ်သူမှ မတတ်နိုင်ပေ။
ထို့ကြောင့် သူတို့အားလုံးကို 'ဆင်းရဲသား'လို့ သမုတ်လိုက်တာ ဖြစ်သည်။
ဘေးနားမှ လူတိုင်းက ချက်ချင်းပင် စိတ်လှုပ်ရှားလာကြသည်။
" မင်း ဘာတွေ လာပြောနေတာလဲ။ ဒီကားကို လူတွေ ဓာတ်ပုံရိုက်ဖို့ ပြထားတာပဲ မဟုတ်ဘူးလား "
" ဟုတ်တယ်။ တတ်နိုင်တဲ့သူမှ ဓာတ်ပုံရိုက်ရမယ်လို့ ဘယ်သူပြောလဲ။ မင်းက ဝယ်ယူသူတွေကို ခွဲခြားဆက်ဆံနေတာပဲ "
" ပြပွဲတွေမှာ ကားကုမ္ပဏီတွေ အများကြီးရှိပေမယ့် ဝယ်သူတွေကို စော်ကားရဲတဲ့ ကားကုမ္ပဏီမျိုး တစ်ခါမှ မတွေ့ဖူးဘူး "
" မင်းတို့အထဲက ဘယ်သူ သူ့စကားတွေကို မှတ်တမ်းတင်ထားလဲ။ သူ့မျက်နှာကို မြင်အောင် အွန်လိုင်းမှာတင်လိုက် "
စိုးရုချိန်က လူတိုင်း၏ အပြောတွေကို လျစ်လျူရှုနေခဲ့သည်။
" ငါမှားလား။ မင်းတို့ထဲက ဒီမှာ ပိုက်ဆံတတ်နိုင်တဲ့သူ ရှိလား။ ဒီမှာ ဆရာကြီးလို လာဟန်ဆောင်နေတာပဲ မဟုတ်လား။ မင်းတို့နဲ့တောင် တန်လို့လား။ ကြည့်ချင်ရင် ကြည့်လိုက်။ မကြည့်ချင်ရင် လှည့်ထွက်သွားကြ "
လူတိုင်းက စကားတောင် မပြောနိုင် ဖြစ်သွားကြသည်။
ဖောက်သည်တွေကို အနိုင်ကျင့်တဲ့ ဒီလို ကားကုမ္ပဏီမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့မှာ ရွေးချယ်စရာ မရှိပေ။
ဗီဒီယိုကို အွန်လိုင်းမှာ တင်လိုက်ရင်တောင်မှ တစ်ဖက်ကုမ္ပဏီက အမြန် ဖျက်ပစ်နိုင်လေသည်။
တကယ်တမ်းပြောရရင် ဒီလို ကားကုမ္ပဏီတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဝယ်သူတွေက အားနည်းချက်ရှိတဲ့အုပ်စုဖြစ်သွားရသည်။
ယဲ့ဖန်က ထပ်ပြောပြန်သည်။
" ခင်ဗျား စကားက အရမ်းကြမ်းတယ်လွန်း မဟုတ်လား "
စိုးရုချိန်က သူ့ကို မထီမဲ့မြင် စိုက်ကြည့်နေသည်။
" အဆင်မပြေဘူးထင်ရင် လစ်လိုက်။ ငါတို့ Lamborghiniက အဆင့်မြင့်လူတွေပဲ အသုံးပြုနိုင်တာ။ မင်းလို ဆင်းရဲတဲ့လူတွေကို ငါတို့ မလိုအပ်ဘူး "
ယဲ့ဖန် အနည်းငယ် ဒေါသထွက်သွားသည်။
" သူတစ်ပါးကို နှိမ့်ချတယ်ဆိုတာ ဘာလဲ သိလား "
စိုးရုချိန်ကလည်း ပြန်ငြင်းခုံသည်။
" မင်းကျု နိမ့်ကျတယ်လို့ ထင်တာ ဘာမှားလို့လဲ။ မင်းမှာ သတ္တိရှိရင် မင်းပိုက်ဆံကိုထုတ်ပြီး ဒီကားကို ဝယ်လိုက်။ မင်းကို ငါ့ဘိုးဘေးအဖြစ် ဒူးထောက်ပြီးတောင် အရိုအသေပေးလိုက်မယ် "
" လာ အခု ဒူးထောက်လိုက် "
" ခွေးသား၊ မင်းက ဒီကို ဒုက္ခပေးဖို့ ရောက်နေတာလား။ မထွက်သွားရင် လုံခြုံရေးကို ခေါ်လိုက်မယ် "
ယဲ့ဖန်မျက်နှာတွင် အပြုံးတစ်ခုပေါ်လာပြီး ကားကို ကာထားတဲ့ တိပ်ခွေကို ဖြုတ်ပြီး ဝင်လာခဲ့လိုက်သည်။
" ကျွန်တော် ဒီကို ဒုက္ခပေးဖို့ ရောက်နေတာ မဟုတ်ပါဘူး။ ကားယူဖို့ ဒီကိုလာတာ။ ဒီကားကို ကျွန်တော် ဝယ်ပြီးသားဆိုတော့ အခု ဒီကားရဲ့ ပိုင်ရှင်ပဲ "
စိုးရုချိန်က မထိန်းနိုင်ဘဲ ရယ်လိုက်သည်။ လူမိုက်ကိုကြည့်နေသလိုမျိုး သူ့ကို စိုက်ကြည့်နေသည်။
" ငါ့နားက တစ်ခုခုမှားနေတာလား။ ဒါမှမဟုတ် မင်းဦးနှောက်မှာ တစ်ခုခုမှားနေလား။ မင်းက ဒီကားကို ဝယ်ခဲ့တာလို့ ပြောရအောင် မင်းက ရူးနေလို့လား "
အစက စိုးရုချိန်ကို စိုက်ကြည့်နေကြတဲ့သူတွေက ယဲ့ဖန်ကို လှောင်ရယ်လိုက်ကြသည်။
" ဒီကောင်က ဘယ်ကလာတာလဲ။ သူက Blue Charm Night ကို ဝယ်ခဲ့တာလို့ ပြောနေတာလား "
" သူ့စိတ်ထဲကနေတော့ ဝယ်လိုက်တာ မဟုတ်ဘူးမလား။ ဟားဟားဟား ဒီကားက သန်း ၅၀၀ကျော် တန်တယ်လေ။ လူဘယ်နှစ်ယောက်ကများ တတ်နိုင်မှာမလို့လဲ "
" ခုနကတော့ သူ့ကို တော်တော်လေး ထောက်ခံခဲ့ပါတယ်။ ဒါပေမဲ့ စိတ်ရောဂါသည် ဖြစ်နေမယ်လို့ မထင်ထားဘူး "
" ဒီတစ်ခါတော့ ဝန်ထမ်းက ပြောသမျှက နားထောင်ရခက်ပေမယ့် ကျိုးကြောင်းသင့်တယ် "
" ဒီကောင်ကို ပြိုင်ဘက် ကုန်သည်တစ်ယောက်က ပို့လိုက်တာလို့ ငါ ထင်တယ် "
ယဲ့ဖန်က ထိုလူတွေရဲ့ မှတ်ချက်တွေကို လျစ်လျူရှုခဲ့သည်။
သူက စိုးရုချိန်ကိုသာ ကြည့်လိုက်သည်။
" အဲ့ဒီ Blue Charm Night ဘယ်နှစ်စီးရှိလဲ "
စိုးရုချိန်က ရယ်လိုက်သည်။
" ဘယ်နှစ်စီးရှိရမှာလဲ။ ဒီက လက်နဲ့ ကိုယ်တိုင် ဖန်တီးထားတာ။ အစိတ်အပိုင်းတိုင်းကိုလည်း ထပ်ခါတလဲလဲ သေသပ်အောင် လုပ်ထားတဲ့ ကမ္ဘာပေါ်က တစ်ခုတည်းသော တစ်ခုတည်းသော ကားပဲ "
ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။
" ဟုတ်တယ်၊ ဒီကားက ကျွန်တော့်ရဲ့ ကားပါ။ အဲ့တာကို အခု မောင်းထုတ်ဖို့ မစီစဉ်ရသေးပေမယ့် အနီးကပ် ဓာတ်ပုံနှစ်ပုံလောက် ရိုက်ခွင့်ပေးသင့်တယ် မဟုတ်လား။ ဒီတောင်းဆိုချက်က သိပ်တော့မလွန်ပါဘူး "
သူက စကားပြောနေရင်း Blue Charm Night ကားဆီသို့ လျှောက်သွားတော့မည်ကို စိုးရုချိန်က မြင်လိုက်ရပြီး ချက်ချင်း သူ့ကိုတွန်းထုတ်ရန် လက်ကို ဆွဲလိုက်သည်။
" မင်း တကယ်ရူးနေတာလား။ မင်းဒီလို ယုတ္တိမရှိတာတွေ ဆက်လုပ်နေမယ်ဆိုရင် ငါ အားနာမနေတော့ဘူး "
ယဲ့ဖန်၏ အမူအရာ မှောင်သွားသည်။
" ကျွန်တော် ဓာတ်ပုံနည်းနည်းရိုက်ချင်တာကို မရနိုင်ဘူးလား "
စိုးရုချိန်က တုံ့ဆိုင်းမနေဘဲ ငြင်းလိုက်သည်။
" ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဓာတ်ပုံရိုက်ချင်ရင် အပြင်ထွက်ပြီး ဓာတ်ပုံရိုက်ပါ။ ဒီကို ဝန်ထမ်းတွေကလွဲပြီး ဘယ်သူမှ ဝင်ခွင့်မရှိဘူး "
ယဲ့ဖန် ဒေါသထွက်နေသော်လည်း အနီးနားတွင် ဓာတ်ပုံရိုက်ချင်သူများစွာ ရှိနေသည်ကို ငသတိပြုမိသည်။
သူက ဒေါသကို ထိန်းထားခဲ့ပြီး ကြိုးဝိုင်းထဲမှ ထွက်သွားရန် ပြင်ဆင်လိုက်သည်။
ထိုအချိန်တွင် ဖုန်းဖြင့် တိုက်ရိုက်ထုတ်လွှင့်နေသည့် အင်တာနက်မှ နာမည်ကြီး မိန်းကလေးတစ်ယောက်က စိုးရုချိန်ဆီသို့ ရုတ်တရက် လျှောက်လာသည်။
" မင်္ဂလာပါ။ ပရိသတ်တွေအတွက် အထဲကို ဝင်ပြီး အနီးကပ် ဓာတ်ပုံရိုက်ချင်လို့ပါ။ ခြွင်းချက်လေး လုပ်ပးလို့ရမလား "