← Chapters

အပိုင်း ၅၇၃-၅၇၆

Vol. 29 Ch. 573-576

အပိုင်း ၅၇၃-၅၇၆

Vol. 29 Ch. 573-576

အပိုင်း ( ၅၇၃ )

ပိုင်ရှင်ဆီက သဘောတူညီမှု ရထားပြီးသား

အင်တာနက်ဆယ်လီ မိန်းကလေးရဲ့ တောင်းဆိုမှုကို ကြားပြီးနောက် ယဲ့ဖန်ကို အေးစက်စက် ဆက်ဆံခဲ့တဲ့ စိုးရုချိန်က ချက်ချင်း ကြင်နာတဲ့အမူအရာပေါ်လာသည်။

" မိန်းကလေး မုမု၊ တကယ်တောင်းပန်ပါတယ်။ ကုမ္ပဏီစည်းကမ်းအရ လူတိုင်းက ကြိုးဝိုင်းအပြင်ကနေပဲ ကြည့်ခွင့်ရှိပါတယ် ..... "

မုမုက ချက်ချင်း ရှေ့သို့ လျှောက်သွားကာ သူ့လက်ကို တင်းတင်းကျပ်ကျပ် ကိုင်ထားလိုက်သည်။

" ကျေးဇူးပြုပြီး ခြွင်းချက်လုပ်ပေးပါလားဟင်။ ကျွန်မကို စောင့်မျှော်နေတဲ့ ပရိသတ်တွေ အများကြီးရှိလို့ပါ။ တောင်းပန်ပါတယ် ..... "

စိုးရုချိန်က သူမ၏ ညုတုတုအသံကြောင့် အရိုးများပင် ချက်ချင်း အရည်ပျော်သွားသည်။

" ငါးမိနစ်ပဲ ရိုက်လို့ရမယ်။ မဟုတ်ရင် တခြားသူတွေက ကန့်ကွက်လိမ့်မယ် "

မုမုက ချက်ချင်း ရွှင်မြူးသွားသည်။

" ကျေးဇူးတင်ပါတယ်၊ မန်နေဂျာစိုး။ ရှင်က တကယ်ကို ချောတာပဲ "

စိုးရုချိန်က သူ့ဆံပင်တွေကို ချက်ချင်း ဖြီးသပ်လိုက်သည်။ သူ တကယ် ချောတာလား။

မုမုက သူမ၏ ဖုန်းကိုယူကာ အသံလွှင့်ရန်အတွက် ကြိုးဝိုင်းထဲသို့ ဝင်ဖို့လုပ်သည်။

ထိုအခါ ယဲ့ဖန်က မထိန်းနိုင်ဘဲ ပြောသည်။

" မန်နေဂျာစိုး၊ ခင်ဗျားက အာဏာကို အလွဲသုံးစားလုပ်နေတာလား။ ကျွန်တော် အခုဝင်ဖို့လုပ်တော့ တားပြီးတော့ သူမကိုကျ ဘာလို့ ဝင်ခိုင်းတာလဲ "

မုမုက ချက်ချင်း ရပ်လိုက်ပြီး သူ့ကို မကျေမနပ်ဖြင့် ကြည့်လိုက်သည်။

သူမက ဒီအခွင့်အရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပေမယ့် ဒီကောင်က ဖျက်ဆီးဖို့ လုပ်နေသည်။

ယဲ့ဖန်၏ မေးခွန်းကြောင့် စိုးရုချိန်၏အမူအရာက ရုပ်ဆိုးသွားခဲ့သည်။

" ဘာလို့လဲဆိုတော့… သူမက ပရိသတ်တွေ သန်းနဲ့ချီရှိတဲ့ နာမည်ကြီးတစ်ယောက်လေ။ မင်း သူမနဲ့ ယှဉ်နိုင်လား "

ယဲ့ဖန် အေးစက်စွာ ရယ်လိုက်သည်။

" ခင်ဗျားက ဘက်လိုက်နေတာ မဟုတ်ဘူးလား။ အနည်းဆုံးတော့ လူတိုင်းကို တန်းတူရည်တူ ဆက်ဆံသင့်တယ်လို့ ထင်တယ်။ လူတိုင်း ဝင်နိုင်ရင်ဝင်၊ မဟုတ်ရင် တစ်ယောက်မှ မဝင်နဲ့ပေါ့။ ကားကုမ္ပဏီကြီးတွေက ဒီလိုပဲ လုပ်နေတာလား "

စိုးရုချိန်က အရှက်ကွဲတာကြောင့် ချက်ချင်း ဒေါသထွက်သွားခဲ့သည်။

" ငါ မင်းကို ခွဲခြားဆက်ဆံတယ်တော့ ဘာဖြစ်သလဲ "

ထိုအချိန်တွင် မုမုက လက်မခံနိုင်ဖြစ်ကာ ဝင်ပြောသည်။

" ရှင် ဘာလို့ ဒီလိုလုပ်တာလဲ။ ရှင် ကြည့်လို့မရတာနဲ့ ကျွန်မကို ကြည့်ခွင့်မပေးတော့ဘူးလား။ ဘယ်လိုစိတ်ထားကြီးလဲ။ ရှင်က ယောက်ျားမှ ဟုတ်သေးရဲ့လား "

သူတို့နှစ်ယောက်တင်မကဘဲ အပြင်ကလူတွေကပါ ယဲ့ဖန်ကို ဆဲကြသည်။

" မင်းရူးနေလား။ မင်း ပြဿနာရှာနေတာ တော်တော်ကြာနေပြီ။ ငါတို့ကို ကားကြည့်လို့ရအောင် ဖယ်စမ်းပါ "

" ယောက်ျားတစ်ယောက်က မိန်းကလေးတစ်ယောက်နဲ့ ဘာလို့ ဒီလောက် တွက်ကပ်နေရတာလဲ "

" မြန်မြန်သွားစမ်းပါ။ ငါတို့ကားကြည့်တာကို မနှောင့်ယှက်နဲ့ "

" ငါက မုမုရဲ့ အမာခံပရိတ်သတ်ပဲ။ အဲ့တာကြောင့် သူမ ဝင်ရိုက်ဖို့ကို ခွင့်ပြုသဘောတူပါတယ် "

" ငါလည်း သဘောတူတယ် "

" အားလုံးသဘောတူတယ် ....... "

ယဲ့ဖန်က လူတိုင်း၏ ပစ်မှတ်ဖြစ်လာခဲ့သည်။

စိုးရုချိန်က ယဲ့ဖန်ကို မာန်တက်စွာ ကြည့်လိုက်သည်။

" မင်းကြားလား။ မင်းကပဲ ကန့်ကွက်နေတာ။ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ။ မင်းက မရိုက်စေချင်တာနဲ့ ငါတို့က မရိုက်ဘဲ နေရမှာလား "

သူက ပြောပြီးနောက် ခေါင်းကိုလှည့်ကာ မုမုကို ကြည့်လိုက်သည်။

" မိန်းကလေးမုမု၊ သွားရိုက်ပါ။ မင်းကို ဘယ်သူက တားရဲတာလဲဆိုတာ ကြည့်ရအောင် "

မုမုက ယဲ့ဖန်ကို မထီမဲ့မြင်ပြုံး ပေးလိုက်သည်။

ယဲ့ဖန်လည်း ဒေါသထွက်သွားသည်။

" ရပ်လိုက်၊ ငါ့ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ ဝင်လို့မရဘူး "

ထိုအချိန်တွင် မုမုလည်း ဒေါသတကြီး ဖြစ်နေသည်။ ချက်ချင်း သူမဖုန်းကို ညွှန်ပြလိုက်သည်။

" ကလေးတို့၊ သေချာကြည့်။ ဒီကောင်လေးက မုမု ဓာတ်ပုံရိုက်လို့ မရအောင် တားနေတာ။ ဒီလို လူကို တစ်ခါမှ မတွေ့ဖူးဘူး ..... "

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ မျက်နှာပြင်က လျင်မြန်စွာ ရွေ့လျားနေပြီး လူတိုင်းနီးပါးက ယဲ့ဖန်ကို ဆဲဆိုနေကြသည်။

[ ဒီကောင် ဘာလုပ်နေတာလဲ။ ငါ့အချိန်တွေကို လာဖြုန်းနေတယ် ]

[ မြန်မြန်ထွက်သွားစမ်း၊ လုံခြုံရေးအစောင့်တွေနဲ့ မောင်းထုတ်လိုက်။ Lamborghini Blue Charm Night ကို ငါတို့ ကြည့်ချင်တယ် ]

[ မင်းကြည့်ရတာ ခွေးတစ်ကောင်လိုဘဲ။ ယောက်ျားမှ ဟုတ်ရဲ့လား ]

[ မြန်မြန် ထွက်သွားစမ်းပါ။ ကားကြည့်နေတာကို မနှောင့်ယှက်စမ်းနဲ့ ..... ]

မုမုက တမင် ယဲ့ဖန်ကို အရှက်ကွဲအောင် သူ့မျက်နှာကို ဖုန်းတဲ့ကပ်လိုက်သည်။

ယဲ့ဖန်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ဖုန်းကို မြေကြီးပေါ်သို့ ပုတ်ထုတ်လိုက်သည်။

မုမု၏ မျက်လုံးများ နီရဲလာပြီး မျက်ရည်များ ချက်ချင်း ကျလာသည်။

လူအုပ်ကြီးက အဲ့တာကိုမြင်တော့ ယဲ့ဖန်ကို တစ်ဖန် ဆဲဆိုကြပြန်သည်။

" မင်း မလွန်လွန်းဘူးလား။ မိန်းကလေးတစ်ယောက်ကို တကယ်ပဲ ထိလိုက်တာလား "

" ဒါ ဘယ်က ခွေးရူးလဲ။ ဘာလို့ ကြိုးကို သေချာမချည်ထားတာလဲ။ ဒီမှာ လူတွေကို ကိုက်နေပြီ "

" လုံခြုံရေး ဘယ်မှာလဲ။ ဒီလူကို မြန်မြန် မောင်းထုတ်ပစ်လိုက် "

တကယ်တော့ စိုးရုချိန်က လုံခြုံရေး အစောင့်နှစ်ယောက်ကို ခေါ်ပြီးသွားပြီဖြစ်သည်။

" ဒီမှာ ဒုက္ခပေးနေတဲ့သူရှိတယ်။ မြန်မြန် မောင်းထုတ်လိုက်ပါ "

လုံခြုံရေးအစောင့်နှစ်ယောက်က ယဲ့ဖန်ဆီသို့ ချက်ချင်း လျှောက်သွားသည်။

" လူကြီးမင်း၊ ကျွန်တော်တို့နဲ့အတူ လုံခြုံရေးအခန်းကို လိုက်ခဲ့ပါ "

သူတို့က ပြောသည့်အတိုင်း ယဲ့ဖန်၏ လက်မောင်းကို ဖမ်းကိုင်လိုက်ကြသည်။

ယဲ့ဖန်၏ မျက်နှာအမူအရာ မည်းမှောင်သွားပြီး သူ့လက်မောင်းကို ခါလိုက်သည်။

လုံခြုံရေး အစောင့်နှစ်ဦးက ဟန်ချက်ပျက်သွားကာ ချက်ချင်း နောက်ပြန်ဆုတ်သွားခဲ့သည်။

ထို့နောက် သူတို့က ကြီးမားသောရန်သူကို ရင်ဆိုင်ရသကဲ့သို့ ကြောက်လန့်တကြားဖြင့် ယဲ့ဖန်ကို ကြည့်လိုက်ကာ ရှေ့ကို နောက်တစ်လှမ်း ထပ်မလှမ်းရဲတော့ပေ။

ယဲ့ဖန်က လူတိုင်းကို အေးစက်စွာ ကြည့်လိုက်သည်။

" လူတိုင်းက ကားကို ကြည့်ရအောင် နောက်ထပ် နှစ်ရက်လောက် ပြသဖို့ စိတ်ကူးခဲ့ပေမယ့် အခု စိတ်ပြောင်းသွားပြီ။ ဒီကားကို ချက်ချင်း မောင်းသွားတော့မယ်။ မင်းတို့လို အောက်တန်းစားဆန်တဲ့ စိတ်နဲ့ မတန်ဘူး "

ယဲ့ဖန်က ထိုသို့ပြောပြီး Blue Charm Night တံခါးကို ဖွင့်တော့မယ့်အချိန်မှာ စိုးရုချိန်က ချက်ချင်း ရှေ့သို့ ပြေးလာသည်။

" ရပ်လိုက်၊ ဘာလုပ်နေတာလဲ "

ယဲ့ဖန် ဒီတစ်ယောက်ကို သည်းမခံနိုင်တော့ပေ။ သူ့ကို တားဖို့ ပြေးလာတာကို မြင်တဲ့အခါ တိုက်ခိုက်ဖို့ ပြင်လိုက်သည်။

ထိုအချိန်တွင် အနောက်ဘက်မှ လူတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။

" ရပ်လိုက် "

လူတိုင်း လှည့်ကြည့်လိုက်တဲ့အခါ အသက်ငါးဆယ်ကျော် အမျိုးသားတစ်ယောက်က သူတို့ဆီ အမြန်လျှောက်လာနေတာကို တွေ့လိုက်ရသည်ယ်။

သူက တရုတ်နိုင်ငံရှိ Lamborghini ၏ သူဌေး ပေါင်းရှစ်ယွမ်ဖြစ်သည်။

ပေါင်းရှစ်ယွမ်က အမြန်လျှောက်လာပြီး သူတို့နှစ်ယောက်ကို လူခွဲလိုက်သည်။

ထို့နောက် စိုးရုချိန်ကို လှည့်ကြည့်လိုက်သည်။

" မန်နေဂျာစိုး ဘာတွေဖြစ်နေတာလဲ "

စိုးရုချိန်၏ သဘောထားက ချက်ချင်း လေးစားတဲ့ အမူအရာဖြစ်သွားပြီး ရှင်းပြသည်။

သူက ယဲ့ဖန်ဟ ရိုင်းစိုင်းတဲ့ အပြုအမူတွေကို လုပ်ခဲ့ကြောင်း အဓိကထားပြောသည်။

ပေါင်းရှစ်ယွမ်က ထိုစကားကိုကြားပြီးနောက် ယဲ့ဖန်ကို ချက်ချင်း လှည့်ကြည့်လိုက်သည်။

" ဒီကလူငယ်လေး၊ တကယ်တောင်းပန်ပါတယ်။ ငါတို့ကားကို ဝယ်ထားပြီးပါပြီ။ ပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရှိရင် အပြင်ကနေပဲကြည့်လို့ရပါတယ်။ ကားနဲ့ နီးနီးကပ်ကပ်နေလို့ မရပါဘူး "

ယဲ့ဖန်က ထူးဆန်းသော အပြုံးကို ပြုံးလိုက်သည်။

" ကျွန်တော်က ပိုင်ရှင်ရဲ့ ခွင့်ပြုချက်ရထားပြီးသားပါ "

ပေါင်းရှစ်ယွမ်သည် ထိုစကားကိုကြားသောအခါ ချက်ချင်းပင် ထိတ်လန့်သွားသည်။

" လူကြီးမင်းလေး၊ မင်း နောက်နေတာတော့ မဟုတ်ဘူးမလား "

ကားပိုင်ရှင်နဲ့ မဆုံဖူးသေးဘဲ တစ်ဖက်က ပိုင်ရှင်ရဲ့ ခွင့်ပြုချက်ကို ဘယ်လိုရခဲ့တာလဲ။

ယဲ့ဖန်က သူ့ကို တည်ငြိမ်စွာ ကြည့်နေသည်။

" ကျွန်တော်က ကားပိုင်ရှင်ဆိုတော့ "

ပေါင်းရှစ်ယွမ်က ပိုလို့တောင် အံ့သြသွားသည်။

" ဘယ်လို၊ မင်း... မင်းနာမည်ကို သိလို့ရမလား "

" မင်းနာမည်က ယဲ့ "

" ယဲ့ ..... "

ပေါင်းရှစ်ယွမ်က လုံးဝ အံ့အားသင့်သွားသည်။

သူက ယဲ့ဖန်ကို အမြန်လက်ဆွဲနှုတ်ဆက်လိုက်သည်။

" ယဲ့လူကြီးမင်း ဒီကိုရောက်နေပြီလား။ ကျွန်တော်က အခုပဲ ဖုန်းဆက်တော့မလို့ပါ "

စိုးရုချိန် အံ့အားသင့်သွားသည်။

" ဥက္ကဌကြီး သူ့ကို သိလို့လား... ဒီလူက "

ပေါင်းရှစ်ယွမ်က သူ့ကို အေးစက်စွာ ကြည့်နေသည်။

" ဒီလူကြီးမင်းက ဒီ Blue Charm Night ရဲ့ ဂုဏ်သိက္ခာရှိတဲ့ ပိုင်ရှင်ပဲ "

စိုးရုချိန်က ယဲ့ဖန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

" ကား...ပိုင်ရှင်လား "

ဒီ Blue Charm Night ယွမ် သန်း ၅၀၀ ကျော်ကို ဝယ်နိုင်တဲ့သူ ရှိတာလား။

ထို့အပြင် သူက ဒီသူဌေးကြီးကို စော်ကားခဲ့မိသည်။

အကျိုးဆက်ကို တွေးကြည့်မိတဲ့အခါ ကြောက်ရွံ့တုန်လှုပ်သွားသည်။

ဘေးတွင်ရပ်နေသော မုမုလည်း ထိတ်လန့်သွားသည်။

သူမကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တဲ့ ဒီကောင်လေးက တကယ်ပဲ ဒီစူပါပြိုင်ကားကြီးရဲ့ ပိုင်ရှင်ဖြစ်နေခဲ့တာလား။

ဒီလိုစူပါကားမျိုးကို တတ်နိုင်ရင် သူ့မှာ ဘယ်လို မိသားစုမျိုးရှိတာလဲ။

သူ့မှာ အနည်းဆုံး ဘီလီယံနဲ့ချီတဲ့ ပိုင်ဆိုင်မှုတွေ ရှိကောင်းရှိနိုင်တယ် မဟုတ်လား။

အပိုင်း ( ၅၇၄ )

သီးသန့်ကား ဓာတ်ပုံမရိုက်ရ

အနီးနားရှိ လူအုပ်ကြီးလည်း နေရာမှာတင် အံ့အားသင့်သွားကြသည်။

" အမလေး ဘုရားရေ၊ ဒီလူငယ်လေးက ဒီ Blue Charm Night ရဲ့ ပိုင်ရှင်ဖြစ်နေမယ်လို့ မမျှော်လင့်ထားဘူး "

" ဒီလိုကားကို တတ်နိုင်မှတော့ သူ့မိသားစုက ဘယ်လောက် ချမ်းသာမလဲ။ သူက ယန်းချန်မှာ အချမ်းသာဆုံးသူ ဖြစ်နေမလား "

" ပြီးတော့ သူက အရမ်းချောတာပဲ။ ငါသာ သူ့ရည်းစားဖြစ်ပြီး အဲ့ဒီ Blue Charm Nightပေါ်မှာ ထိုင်နိုင်ရင် ငါ အရမ်းပျော်ရလိမ့်မယ် "

" အိပ်မက်ကနေ ထလိုက်တော့ "

" ငါ စိတ်ကူးယဉ်လို့တောင် မရဘူးလား "

ယဲ့ဖန်က ထိုလူအုပ်၏ မှတ်ချက်တွေကို ဂရုမစိုက်ပေ။

သူသည် လက်ဆွဲနှုတ်ဆက်ရာကနေ လက်ကို ရုတ်လိုက်ပြီး ပေါင်းရှစ်ယွမ်ကို မျက်နှာသေနဲ့ ကြည့်လိုက်သည်။

" ဒါဆို ကားကို ယူသွားလို့ ရပြီမလား "

ပေါင်းရှစ်ယွမ်က တုန်လှုပ်ခြောက်ခြားသော အမူအရာဖြင့် အမြန်ပြောလိုက်သည်။

" ယဲ့လူကြီးမင်း၊ အဲ့တာကို ဆွေးနွေးလို့ ရမလား။ ကားကို ပြပွဲပြီးမှ ပို့ပေးပါ့မယ်။ စိတ်မပူပါနဲ့ နောက်ရက်တွေအတွက် ကားကို ငှားရမ်းခအနေနဲ့ အခကြေးငွေ ပေးမှာပါ "

ယဲ့ဖန်က တွေးတောင်မတွေးဘဲ ခေါင်းခါလိုက်သည်။

" မရဘူး၊ ကားကို အခုမောင်းသွားမယ် "

ယဲ့ဖန်က ခေါင်းမာနေမယ်လို့ ပေါင်းရှစ်ယွမ် မမျှော်လင့်ထားပေ။ သူက ရှက်ရွံ့စွာ ပြုံးလိုက်သည်။

" ယဲ့လူကြီးမင်း၊ ကျွန်တော့်ကို မျက်နှာသာလေးပေးပါ။ ကားကြိုက်သူတွေ တော်တော်များများက ဒီကားကို ကြည့်ဖို့အတွက် ရောက်နေကြတာ။ သူတို့ကို လာတာ အလကားမဖြစ်စေသင့်ဘူးလေ၊ ဟုတ်တယ်မလား "

ယဲ့ဖန်က လှောင်လိုက်သည်။

" ဒီနေ့ ကားကို ယူမောင်းသွားဖို့ မစီစဉ်ထားဘူး။ ဓာတ်ပုံနှစ်ပုံလောက်ပဲ ရိုက်ချင်ခဲ့တာ။ ဒါပေမယ့် မင်းတို့အားလုံးက အတင်းတားဖို့ကြိုးစားပြီး အရှက်တောင် ခွဲခဲ့ကြသေးတယ် "

ယဲ့ဖန်က လူအုပ်ကို လက်ညှိုးထိုးပြသည်။

" ဒီလူတွေက မတရားတဲ့ဘက်ကို လိုက်တဲ့အပြင် လှောင်ပြောင်ကြသေးတယ်။ ခင်ဗျားသာ ကိုယ်ချင်းစာတတ်ရင် သူတို့ကို ကျွန်တော်က ဂရုစိုက်နေသေးမယ် ထင်လား "

ပေါင်းရှစ်ယွမ်သည် ဘာမှ ပြန်မပြောနိုင် ဖြစ်သွားရသည်။

ယဲ့ဖန်က တကယ်ကို အကောင်းဆုံး လုပ်ဆောင်ခဲ့သည်။

အစက ဓာတ်ပုံနှစ်ပုံပဲ ရိုက်ချင်ပေမယ့် စိုးရုချိန်က သူ့ကို တားပြီး လုံခြုံရေးအစောင့်တွေနဲ့ မောင်းထုတ်ခိုင်းသေးသည်။

" ဒါပေမယ့် ယဲ့လူကြီးမင်း .... "

" ခင်ဗျား ပြောစရာ မလိုတော့ဘူး။ အခု ကားကို မောင်းသွားခွင့် မပေးရင် ပိုက်ဆံပြန်ပေး။ ဒီကားကို မလိုချင်တော့ဘူး "

ထိုအခါ ပေါင်းရှစ်ယွမ် ခေါင်းညိတ်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။

" ဒါဆို ကားပိုင်ဆိုင်မှုစာချုပ်အတွက် လုပ်ဖို့ အနောက်ကနေ လိုက်ခဲ့ပါ "

ယဲ့ဖန်က ဘာမှမပြောဘဲ လိုက်သွားကာ နာရီဝက်အတွင်း စာချုပ်ကိစ္စတွေ ပြီးသွားခဲ့သည်။

ထို့နောက် ကားဆီကို ပြန်လာပြီး သော့ကို နှိပ်လိုက်သည်။

Blue Charm Night ၏ စင်ရော်တောင်ပံတံခါးက ဖြည်းဖြည်းချင်းပွင့်လာကာ လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။

ယဲ့ဖန်က ကားမောင်းသူထိုင်ခုံတွင် ထိုင်ပြီး ကားကိုစတော့မည့်အချိန်မှာ မုမုက အမြန်လျှောက်လာပြီး ပြတင်းပေါက်ကို မှီလိုက်သည်။

" သခင်လေး ဓါတ်ပုံနည်းနည်း ရိုက်ခွင့်ပြုပါလား။ ကျွန်မပရိသတ်တွေက စောင့်မျှော်နေကြတုန်းပါ။ ဒီကားကို မရိုက်နိုင်ရင် ကျွန်မကို မကြည့်ဘဲ သူတို့က ပိတ်ပစ်ကြလိမ့်မယ် "

သူမက ပြောနေရင်း ယဲ့ဖန် သနားအောင် နှုတ်ခမ်းစူပြလိုက်သည်။

သို့သော် ယဲ့ဖန်က အဲ့တာကို ဂရုမစိုက်ပေ။

ဒီမိန်းကလေးက သူ့ဘေးက အလှလေးတွေဖြစ်တဲ့ လုရှောင်ရ၊ ချန်းရွှမ်၊ ရှချူးတို့ ခြေဖျားကိုတောင် မမီတဲ့အပြင် စိတ်ထားကလည်း ယုတ်ညံ့နေသေးသည်။

" တောင်းပန်ပါတယ် ဒါက ကိုယ်ပိုင်ကားပါ။ ဓာတ်ပုံ ရိုက်ခွင့်မရှိဘူး "

ထို့နောက် အရှိန်မြှင့်ပြီး ကားကို လူအုပ်ကြားကနေ မောင်းဖြတ်သွားသည်။

" ရှင် ..... "

မုမုက ကားထွက်သွားရာကို ကြည့်ပြီး ခြေထောက်ကို ဆောင့်နင်းလိုက်သည်။ ဒေါသအရမ်းထွက်လို့ မျက်နှာကပင် ဖြူဖျော့သွားသည်။

ကြည့်နေသူတွေကလည်း ညည်းတွားကြသည်။

" ဘာလဲဟ၊ ပိုက်ဆံလေးရှိတာနဲ့ "

" ဟုတ်တယ်။ ဒီကားကို မကြည့်ရရင်တောင် တခြားကားတွေကို ကြည့်မှာပေါ့။ ဘာအရေးလဲ "

" ဘာတွေ လာဟန်ဆောင်နေတာလဲ။ ကားလေးတစ်စီးကိုများ ဘာအရည်အချင်းရှိလို့ ငါတို့ရှေ့မှာ အဲ့လို လာဘဝင်မြင့်ပြနေတာလဲ "

" အိုး… ဒါပေမယ့် သူ့မှာ ဘဝင်မြင့်ဖို့ အရင်းအနှီးရှိတယ်လေ။ အဲ့တာက သန်း ၅၀၀ကျော်တန်တဲ့ စူပါပြိုင်ကားပဲ "

" မင်း စကားမပြောရင် ဘယ်သူမှ မင်းကို ဆွံ့အနေတယ်လို့ ထင်မှာ မဟုတ်ဘူး "

စကားစမြည်ပြောရင်း လူစုကွဲသွားသည်။

ပေါင်းရှစ်ယွမ်က လွတ်နေတဲ့ ပြခန်းကို ကြည့်ပြီး စိုးရုချိန်ဘက်ကို အေးစက်စွာ လှည့်လာသည်။

စိုးရုချိန်က သူ အမှားလုပ်မိကြောင်း သိလိုက်ရသောကြောင့် မတရားခံရတဲ့ အမူအရာလုပ်လိုက်သည်။

" ဥက္ကဌကြီး၊ ကျွန်တော့်ရဲ့ ရှင်းပြချက်ကို နားထောင်ပေးပါ ..... "

" နောက်ထပ် ဘာရှင်းပြစရာ လိုသေးလို့လဲ "

ပေါင်းရှစ်ယွမ်က သူ့ကို ဖြတ်ပြောလိုက်သည်။

" မင်းကြောင့် ငါ့ပြပွဲက ပျက်သွားပြီ။ မင်းဘာရှင်းပြမှာလဲ။ မင်းကို အလုပ်ထုတ်လိုက်ပြီ။ မင်းရဲ့ပစ္စည်းတွေကို ထုပ်ပိုးပြီး ထွက်သွားလိုက်တော့ "

စိုးရုချိန်က ချက်ချင်း ပြောသည်။

" ဥက္ကဌပေါင်း၊ ကျွန်တော် မှားမှန်းသိပါတယ်။ ကျေးဇူးပြုပြီး နောက်ထပ်အခွင့်အရေးပေးပါ "

ပေါင်းရှစ်ယွမ်က အေးစက်စက် ပြုံးလိုက်သည်။

" ကောင်းပြီ၊ ငါ မင်းကို အခွင့်အရေးပေးမယ်။ ယဲ့လူကြီးမင်း စိတ်ပြောင်းပြီး ငါတို့ကို ကားငှားအောင် လုပ်ပေးနိုင်ရင် မင်းကို ဒီတစ်ခါ ခွင့်လွှတ်လိုက်မယ် "

စိုးရုချိန်က ငိုတာထက် ပိုဆိုးတဲ့ အပြုံးကိုပြုံးလိုက်သည်။

" ဥက္ကဌကြီး ကျွန်တော့်ကို တမင်အခက်တွေ့အောင် လုပ်နေတာ မဟုတ်ဘူးလား..."

ပေါင်းရှစ်ယွမ်က သူ့ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမထောင်နိုင်တော့ပေ။

" မင်းမလုပ်နိုင်ဘူးဆိုမှတော့ မင်းကို ခန့်ထားဖို့က ဘာအကျိုးရှိလို့လဲ။ ငါ့ရှေ့ကနေ ချက်ချင်း ထွက်သွား။ ငါ မင်းကို ထပ်မတွေ့ချင်ဘူး "

စိုးရုချိန်က ဥက္ကဌပေါင်း၏ စိတ်ပြတ်သားမှုကို မြင်လိုက်ရတာကြောင့် တခြားဘာပြောပြော အသုံးမဝင်ဘူးဆိုတာ သိလိုက်ရသည်။

လမ်းပျောက်နေတဲ့ ခွေးတစ်ကောင်လိုသာ လျှောက်ထွက်လာခဲ့သည်။

သူ့ကိုယ်သူ ပါးရိုက်နှစ်ချက်လောက် ရိုက်ပစ်ချင်သည်။

ယဲ့လူကြီးမင်းကို ခွင့်ပြုပေးခဲ့သင့်သည်။

ဓာတ်ပုံလေး ရိုက်ရုံပဲ မဟုတ်လား။

ဘယ်နှစ်မိနစ်လောက် ကြာမှာမလို့လဲ။

ဒါပေမယ့် အခုတော့ ကားက မောင်းထွက်သွားပြီဖြစ်သည်။

သူလည်း လုံးဝ အလုပ်လက်မဲ့ ဖြစ်သွားရသည်။

ဒါက ထာဝရ နောင်တရနေစေမည့် အမှားတစ်ခုဖြစ်သည်။

အပိုင်း ( ၅၇၅ )

ကိုယ့်ကို ဒုက္ခပေးချင်နေတဲ့ မကောင်းတဲ့သူတွေ အမြဲတမ်းရှိတယ်

ယဲ့ဖန်က နတ်ဘုရားဆန်တဲ့ မောင်းနှင်မှုစွမ်းရည်နဲ့အတူ စူပါကားအသစ်ကို စီးကာ အတောင်ပံပါသော ကျားတစ်ကောင်ကဲ့သို့ဖြစ်နေသည်။

Blue Charm Night က ခရမ်းရောင်လျှပ်စီးကြောင်းအဖြစ်သို့ ပြောင်းလဲသွားပြီး ယန်းချန်လမ်းများတစ်လျှောက်တွင် အရှိန်အဟုန်ဖြင့် ဖြတ်သန်းနေသည်။

ဖြတ်သွားသော ယာဉ်မောင်းတွေက မယုံနိုင်လောက်အောင် ဝှီးခနဲ ပျောက်ကွယ်သွားသော စူပါကားရှိရာသို့ လှမ်းကြည့်ကြသည်။ အချိန်အတော်ကြာ အာရုံပြန်ကပ်မလာနိုင်ကြပေ။

ထိုကဲ့သို့ စူပါပြိုင်ကားအမျိုးအစားက ယောက်ျားတိုင်း၏ အိပ်မက်ကားဖြစ်သည်။

ဘေးခရီးသည်ထိုင်ခုံတွင် ထိုင်နေသော မိန်းမတွေကလည်း သူတို့ဘေးက ယောက်ျားတွေကို အထင်အမြင်သေးစွာ ကြည့်နေကြသည်။

ဒီကားက သူ့ရဲ့ အရင် စူပါပြိုင်ကားနှစ်စီးထက် ပိုမိုအားကောင်းသည်ဆိုတာကို ယဲ့ဖန် သေချာသိသည်။

မြို့ထဲမှာ ဒီကားရဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝ အသုံးချဖို့က မဖြစ်နိုင်ပေ။

တကယ်လို့ သူသာ Crab Bay ကို ထပ်သွားမယ်ဆိုရင် စံချိန်ကို ထပ်ချိုးနိုင်မှာဖြစ်သည်။

ပြိုင်ကားမောင်းရတဲ့ ရင်ခုန်သံကို ခံစားရင်းနဲ့ သူ့ဖုန်းက ရုတ်တရက် မြည်လာစည်။

အရှိန်လျှော့ပြီး ဖုန်းကို ထုတ်ကြည့်လိုက်သည်။

ခေါ်ဆိုသူက ကျူးရှောင်ကျောင်းဟု ပေါ်နေသည်။

ပင်းဟိုင်မြို့တွင် နှုတ်ဆက်ခွဲခွာပြီးကတည်းက သူတို့နှစ်ယောက် တစ်ဦးနှင့်တစ်ဦး အဆက်အသွယ် မရှိခဲ့ကြပေ။

သူမက ရုတ်တရက် သူ့ကို ဘာလို့ခေါ်တာလဲ။

သူ စိတ်ရှုပ်သွားပေမယ့် ဖုန်းကို ကိုင်လိုက်သည်။

ကျူးရှောင်ကျောင်း၏ ချိုမြိန်သောအသံက ဖုန်းတစ်ဖက်မှ ချက်ချင်း ထွက်ပေါ်လာသည်။

" ရှင်က တကယ်ကို အရေထူတာပဲ "

သူမပြောသည်ကို ကြားသောအခါ ယဲ့ဖန် အံ့အားသင့်သွားသည်။

" ကိုယ်က ဘာဖြစ်တယ် "

" ကျွန်မကသာ ရှင့်ကို မခေါ်ရင် ဘယ်တော့မှ ဆက်သွယ်မှာ မဟုတ်ဘူးမလား "

ကျူးရှောင်ကျောင်းပုံစံက သူမရည်းစားနဲ့ ချစ်ကြည်နူးနေသည့်အသံ ပေါက်နေသည်။

ယဲ့ဖန် မထိန်းနိုင်ဘဲ ခါးသက်သက် ပြုံးလိုက်သည်။

" ကိုယ်က မင်းနဲ့ ဘာမှမဆိုင်တာ ဘာလို့ ဆက်သွယ်ရမှာလဲ "

" ရှင် ..... "

ကျူးရှောင်ကျောင်း ဒေါသအရမ်းထွက်ပြီး စကားဆက်မပြောနိုင် ဖြစ်သွားသည်။

အချိန်အတော်ကြာပြီးနောက် သူမက ဆက်သည်။

" ရှင် ယန်းချန်ကို ရောက်နေတာလား "

" ဟုတ်တယ် ဘယ်လို သိတာလဲ "

" ဟမ့်၊ ကျွန်မရဲ့ မျက်လုံးတွေကနေ ဘယ်လိုလုပ် လွတ်နိုင်မှာလဲ "

" အဲ့လောက် အစွမ်းထက်တာလား "

" ဟုတ်တယ်။ ပြီးတော့ ယန်းချန်ကို ရောက်ကတည်းက ရှင့်အကြောင်းက ပလူကိုပျံနေတာပဲ။ ရှင် ဝေ့ချန်းဖန်းကို လက်သီးနဲ့ထိုးတယ်။ ရီချန်းကျယ်ကို ပါးရိုက်တယ်။ အခု ကောင်းကျူမင်းကို သွားစထားသေးတယ်။ ရှင်က သေခြင်းတရားကို ချစ်နေတာ မဟုတ်ရင် သေလမ်းပေါ်ကိုတော့ ရောက်နေပြီ၊။ ရှင့်အကြောင်း မကြားချင်မှအဆုံး "

" အဟွတ် ... အဟွတ် ... အဟွတ် အဲ့လို မပြောပါနဲ့။ သူတို့က အရင် ကိုယ့်ကို ပြဿနာရှာတာလေ။ လက်တုံ့ပြန်ဖို့ အတင်းဖိအားပေးခံရတာပါ "

" အမလေး၊ ရှင်တစ်ယောက်တည်းနဲ့ ဒီနေ့ ချောင်ရှင်းဂိုဏ်းက လူဆယ်ယောက်ကျော်ကို အနိုင်ယူခဲ့တာ ကြားပါသေးတယ်။ ဒီလောက် ပျော်စရာကောင်းတဲ့ အချိန်ကို ဘာလို့ လှမ်းမခေါ်တာလဲ "

" ဘာလို့ မင်းကို ခေါ်ရမှာလဲ။ တစ်ယောက်ယောက်က ဓားနဲ့ လိုက်ဖမ်းတာကိုလား "

" ဘာပဲဖြစ်ဖြစ် နင်က မခေါ်လာဘူးဆိုတော့ သူငယ်ချင်းလို မသတ်မှတ်ဘူးလို့ ဆိုလိုတာပဲ။ နင့်ရဲ့လှုပ်ရှားမှုတွေကို ငါက အမြဲတမ်း စိတ်ပူနေပေမယ့် နင်က ငါ့ကို လုံးဝဂရုမစိုက်ဘူး "

" ဒီတစ်ခါတော့ တောင်းပန်ပါတယ်။ နောက်တစ်ခါတော့ သေချာပေါက် ခေါ်ပေးပါ့မယ် "

" အဲ့လိုမှပေါ့။ နင့်အမှားကို ရိုးရိုးသားသား ဝန်ခံခဲ့တဲ့အတွက် သတင်းလေးတစ်ခု ပြောပြမယ် "

" ဘာသတင်းလဲ "

" တစ်ယောက်ယောက်က နင့်ကို ဒုက္ခပေးချင်နေတယ် "

" အို "

" မအံ့သြဘူးလား "

" ဘာအံ့သြစရာ ရှိလို့လဲ။ ကျွန်တော့် ဒုက္ခပေးချင်တဲ့ လူရမ်းကားတွေက အမြဲတမ်းရှိတယ်။ မတတ်နိုင်ဘူးလေ။ ထူးချွန်တဲ့လူတွေက အမြဲတမ်း မနာလိုခံရတာပဲ "

" ကျစ်၊ နင် လျှောက်ပြောမနေနဲ့။ ဘယ်မှာထူးချွန်လဲဆိုတာ မမြင်ဖူးဘူး။ ကလိမ်ကကျစ်နဲ့ လူကောင်းတစ်ယောက်လို မဟုတ်ဘူးလို့ပဲ ငါမြင်တယ် "

" ဟုတ်တယ်။ လူကောင်းတွေက ထွက်လမ်းမရှိဘူး။ လူဆိုးတွေထက် ပိုဆိုးနေမှပဲ ရှင်သန်နိုင်မှာ "

" အယူမှားကြီး "

" ထားပါ၊ လိုက်နေတဲ့သူကို ပြောမှာလား။ ဘာမှမပြောရင် ဖုန်းချလိုက်တော့မယ် "

" နင်ကပဲ တစ်ပြန်ကြီး။ ကောင်းပြီလေ၊ ငါနင့်ကို တန်းပြီးပဲ ပြောပြလိုက်တော့မယ်။ နင့်ကို ဒုက္ခပေးချင်တဲ့သူက ရီချန်းကျယ်ပဲ "

ဘယ်သူလဲဆိုတာ ကျူးရှောင်ကျောင်းက ပြောပြလိုက်သည်။

ယဲ့ဖန်က ထိုနာမည်ကို ကြားသောအခါ သူက မထီမဲ့မြင် ပြုံးလိုက်သည်။

" ရီချန်းကျယ်လား။ ပျက်စီးနေတဲ့ ဒုတိယမျိုးဆက် အမွေဆက်ခံသူက ကျွန်တော့်ကို အန္တရာယ်ပေးချင်နေတာလား "

ယဲ့ဖန်က စိတ်ထဲမထားကြောင်း ကျူးရှောင်ကျောင်း ကြားသောအခါ ထိတ်လန့်သွားသည်။

" အခုက နင် တကယ်ဒုက္ခရောက်နေတာနော်။ အခုလေးတင်ပဲ နင့်ကြောင့် ဒဏ်ရာရတဲ့သူက ဆေးရုံမှာ သေသွားတယ်။ မှုခင်းဆရာဝန် သုံးသပ်တာတော့ နင်က သူ့ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ကန်လိုက်တယ်လို့ ပြောတာ။ ဆိုတော့ နင်က လူတစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိနဲ့ သတ်လိုက်တာဆိုပြီး ရဲတွေက မကြာခင် နင့်ကို ရှာကြတော့မယ် ထင်တယ် "

ထိုစကားကို ယဲ့ဖန် ကြားတဲ့အခါ သူ့အမူအရာက လေးနက်သွားသည်။

" မဖြစ်နိုင်ဘူး၊ ကိုယ် ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ သိတယ်။ ဒီလူတွေရဲ့ ဒဏ်ရာက လုံးဝ မသေနိုင်ဘူး "

ကျူးရှောင်ကျောင်းက ချက်ချင်း ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ်၊ ဒါက ရီချန်းကျယ်ရဲ့အစီအမံကြောင့်ပဲ။ သူက ဒဏ်ရာရတဲ့လူတွေကို ဆေးရုံကို ပို့ပြီးတော့ နင့်ကို ထောင်ချောက်ဆင်ဖို့ မှုခင်းဆရာဝန်ကို လာဘ်ထိုးခဲ့တာ "

ယဲ့ဖန်က အနည်းငယ် ထိတ်လန့်သွားသည်။

" ဒီအကြောင်းကို မင်း ဘယ်လိုလုပ်သိတာလဲ "

ကျူးရှောင်ကျောင်းက တခစ်ခစ်ရယ်လိုက်သည်။

" ငါ အများကြီး သိဖားပေမယ့် ပြောပြလို့တော့ မရဘူး။ သူ့ပူးပေါင်းကြံစည်မှုအကြောင်းကို သိပေမယ့် သူ့မှာ ရာဇ၀တ်မှု အထောက်အထား မရှိဘူး။ ငါလည်း နင့်ကို အများကြီး မကူညီနိုင်ဘူး။ ကိုယ်တိုင်ဖြေရှင်းဖို့ နင် နည်းလမ်းကို တွေးရမယ် "

ယဲ့ဖန်က မျက်မှောင်ကြုတ်ပြီး ခဏလောက် စဉ်းစားပြီးတဲ့နောက် သူ့မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာသည်။

" ကောင်းပြီ၊ ကိုယ် နားလည်ပါတယ်။ သူက ကိုယ့်ကို ချောက်ချချင်မှတော့ သူ့ကိုယ်ပိုင်ဆေးကို မြည်းစမ်းရအောင် လုပ်ပေးမယ် "

ကျူးရှောင်ကျောင်း စူးစမ်းလိုစိတ်က မြင့်တက်သွားသည်။

" ဘာလုပ်ဖို့ စီစဉ်ထားလဲ "

" ဒါက လျှို့ဝှက်ချက် "

" နင်က ငါ့ကို လျှို့ဝှက်ထားချင်သေးတာလား "

" ထုတ်ပြောတာလည်း အဓိပ္ပါယ်မရှိဘူး။ စောင့်ကြည့်လိုက်ပါ "

" နင်က ငါ့ကို မပြောချင်ရင်လည်း ငါ့ကို ခေါ်သွားပေး။ အခု ဘယ်မှာလဲ။ ငါ နင့်ကို လာရှာလိုက်မယ် "

" မင်း မလာရင် ပိုကောင်းမယ်။ မင်းကို ခေါ်ဖို့က အဆင်မပြေတာတွေ ရှိတယ် "

" နင် ငါ့ကို မထီမဲ့မြင်ပြုတာလား၊ ငါဂရုမစိုက်ဘူး။ နင်ငါ့ကို ကစားဖို့ မခေါ်ဘူးဆိုရင် ငါ ရီချန်းကျယ်နဲ့ ပေါင်းပြီး နင့်ကို စာရင်းရှင်းပစ်မယ် "

" သခင်မလေး၊ မင်း ဒီလောက် ကလေးမဆန်လို့ မရဘူးလား။ ဒါက ကလေးကစားစရာမဟုတ်ဘဲ အသက်နဲ့ဆိုင်တဲ့ကိစ္စပါ "

" ငါက ကလေးပဲလေ။ ငါ နင့်ကိုနောက်ဆုံးတစ်ခါမေးမယ်။ နင် ငါနဲ့ ကစားမှာလား "

" ကိုယ်... ကောင်းပြီ၊ လုံချွမ်လမ်းနဲ့ ကောရှင်းလမ်းဆုံမှာ မင်းကို စောင့်နေမယ် "

" ကောင်းပြီ၊ ဆယ်မိနစ်အတွင်း ငါ အရောက်လာခဲ့မယ်။ နင် ငါ့ကို စောင့်နေလိုက် "

ကျူးရှောင်ကျောင်းက အမြန် ဖုန်းချလိုက်သည်။

ယဲ့ဖန်က ထိုင်ခုံပေါ် တွင် ကူကယ်ရာမဲ့စွာ မှီနေလိုက်သည်။

တကယ့်ကို နှိပ်စက်ညှဉ်းပန်းတတ်ပြီး အဆိပ်ပြင်းတဲ့ မြွေဟောက်မလေးပဲ။

အပိုင်း ( ၅၇၆ )

ချောက်ချဖို့ ဘယ်သူက ညွှန်ကြားထားတာလဲ

ကျူးရှောင်ကျောင်းက စကားတည်တတ်သူတစ်ဦး ဖြစ်သည်။ ဆယ်မိနစ်မပြည့်ခင်မှာပဲ သူတို့ သဘောတူထားတဲ့ နေရာကို ရောက်လာလေသည်။

ယဲ့ဖန်၏ Blue Charming Night ကားကို မြင်လိုက်ရသောအခါ သူမက ထိတ်လန့်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

" အမလေး ဘုရားရေ၊ ဒါ နင့်ရဲ့ကားအသစ်လား။ ဒါက အရမ်းမိုက်တာပဲ။ ဘယ်လောက်နဲ့ ဝယ်ခဲ့တာလဲ "

" ဈေးမကြီးပါဘူး။ သန်း ၅၀၀ ပဲရှိတယ် "

ယဲ့ဖန်က ပြိုင်ကားကို မှီပြီး အလွန်ချောမောသည်ဟု သူထင်သည့် ဟန်ပန်ကို ပြုလုပ်ခဲ့သည်။

ကျူးရှောင်ကျောင်းက သူ့ကို အတော်ကြာ စိုက်ကြည့်ပြီးတဲ့နောက် ပြောလိုက်သည်။

" အသည်းနှလုံးမရှိတဲ့ သူဌေးကြီးပဲ "

ကားတစ်စီးဝယ်ဖို့ သန်း ၅၀၀ သုံးတာက သာမာန်လူမဆန်ပေ။

ယဲ့ဖန်က ကားတံခါးကိုဖွင့်ပြီး 'ကျေးဇူးပြု၍တက်ပါ' ဆိုတဲ့ လက်ဟန်ကို ပြသည်။

" မင်းက ဒီကားရဲ့ ခရီးသည်ထိုင်ခုံမှာ ပထမဆုံးထိုင်ရတဲ့လူပဲ။ ဂုဏ်ယူတယ်လို့ ခံစားရတယ်မလား "

ကျူးရှောင်ကျောင်း၏ မျက်လုံးများက ချက်ချင်း လခြမ်းလေးများအဖြစ်သို့ ကွေးညွတ်သွားပြီး ပြုံးကာ အမြန်ဝင်ထိုင်လိုက်သည်။

" အမ် ...... မဆိုးပါဘူး "

ယဲ့ဖန်က ယာဉ်မောင်းထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး သူမအတွက် ထိုင်ခုံခါးပတ်ကို ကြိုးဆွဲရန် ကူညီပေးခဲ့သည်။

ကျူးရှောင်ကျောင်း၏ ခန္ဓာကိုယ်က ယဲ့ဖန်နှင့် နီးကပ်လာတဲ့အခါ သူ၏ ကိုယ်ရောင်ဝါကို ခံစားမိလိုက်သည်။ ထိုအခါ သူမ စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရပြီး သူမမျက်နှာက နီရဲလာသည်။

ယဲ့ဖန်က သူမကို မော့ကြည့်လိုက်သည်။

" ဘာလို့ မင်းမျက်နှာက မျောက်ဖင်လို နီနေတာလဲ "

ကျူးရှောင်ကျောင်း၏ ထူးဆန်းသော ခံစားချက်က ချက်ချင်း ပျောက်ကွယ်သွားသည်။ သူမက သူ့ကို စိုက်ကြည့်နေလိုက်သည်။

" နာမ်စားတွေကို ဘယ်လို သုံးရမယ်မှန်း မသိဘူးလား။ အနည်းဆုံးတော့ 'ပန်းသီးနီ'၊ 'မီးလောင်နေတဲ့တိမ်တိုက်' ဆိုပြီး ပြောသင့်တယ်လေ။ မျောက်ဖင်နီဆိုတာ ဘာကြီးလဲ "

ယဲ့ဖန်က သူ့စကားလုံးတွေကို ပြောင်းပြေညလိုက်သည်။

" မင်းရဲ့ မျောက်ဖင်က ဘာလို့ ပန်းသီးနီနဲ့ တူနေရတာလဲ "

ကျူးရှောင်ကျောင်း ဒေါသထွက်လွန်းလို့ သွေးအန်မတတ်ဖြစ်သွားသည်။

" နင် ... ဘယ်လိုလူလဲ "

ယဲ့ဖန်က ပြုံးပြီး သူမကို နောက်ပြောင်ပြီးနောက် ကားကို နှိုးလိုက်သည်။

ကျူးရှောင်ကျောင်းက သူ့ကို ကြည့်နေသည်။

" အခု ငါတို့ ဘယ်သွားမလို့လဲ "

ယဲ့ဖန် ပြုံးလိုက်သည်။

" ဆေးရုံ "

..................

ရွှယ်ကုန်းသည် နှစ်ပေါင်း ၃၀ ကျော် အတွေ့အကြုံရှိတဲ့ မှုခင်းဆရာဝန်တစ်ဦးဖြစ်သည်။

ဒီအလုပ်က အရမ်းခက်လေသည်။

အလောင်းတွေကို နေ့စဉ်နဲ့အမျှ ဆက်ဆံ ထိတွေ့နေရတာက စိတ်ဓာတ်ကျစေနိုင်သည်။

အဲ့တာက အဆင်ပြေသေးပေမဲ့ အဓိကကတော့ ဒီအလုပ်က အမြတ်နည်းနည်းသာ ရလေသည်။

ခွဲစိတ်မှုအကြီးစားနှင့် အရေးပေါ်ဌာနများမှ ဆရာဝန်ကြီးများလို ရံဖန်ရံခါ အနီရောင်စာအိတ် ရလေ့မရှိပေ။

အလောင်းခွဲခြမ်းစိပ်ဖြာခဲ့သူကို ဘယ်သူက အနီရောင်စာအိတ် ပေးမှာလဲ။

အလောင်းကို ပိုလှပအောင် ခွဲထုတ်ပေးဖို့ ပေးရမှာလား။

သို့သော် ဒီနေ့မှာတော့ သူ အနီရောင် အထုပ်တစ်ထုပ်ကို တကယ်ပဲ လက်ခံရရှိခဲ့ပြီး ပမာဏကလည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် များလေသည်။

စုစုပေါင်း ယွမ်ငွေ ၁ သန်းကျော်ပါသည်။

တစ်ဖက်သူ၏ တောင်းဆိုချက်မှာလည်း အလွန်ရိုးရှင်းလေသည်။

အကဲဖြတ် အစီရင်ခံစာအတု ရေးခိုင်းစေချင်တာဖြစ်သည်။

သူတို့သေဆုံးရခြင်း၏ အကြောင်းအရင်းကို ယဲ့ဖန်ဆိုသူအား ညွှန်ပြစေသည်။

ဆရာဝန်တစ်ယောက်အနေနဲ့ ကျင့်ဝတ်ကို ဆန့်ကျင်နေတာကြောင့် မသိစိတ်ကနေ ငြင်းပယ်ချင်ခဲ့သည်။

သို့သော် တစ်ဖက်သူက သူ့ရှေ့မှာ ငွေစက္ကူသေတ္တာကြီးတစ်လုံးလုံးကို ချထားသောအခါ သဘောတူညီ ခေါင်းညိတ်ဖို့ နှစ်စက္ကန့်တောင် မကြာလိုက်ပေ။

အစီရင်ခံစာအတုတစ်ခု ရေးဖို့က လွယ်ကူသည်။

ပြီးတော့ ၁ သန်းဆိုတဲ့ ပမာဏက သူ့အရှက်ကို ဖြေဖို့ လုံလောက်လေသညါ။

ရွှယ်ကုန်းက သူ့ရုံးခန်းဆီသို့ ခပ်သွက်သွက်လျှောက်လာရင်း လေချွန်လိုက်သည်။

ဖြတ်သွားသော ဆရာဝန်များနှင့် သူနာပြုများက သူ့ကို အံ့အားသင့်စွာ ကြည့်နေကြသည်။

" ဒီနေ့ ဒေါက်တာရွှယ်က ဘာဖြစ်နေတယ်လို့ မင်းတို့ ထင်လဲ။ သူ့ကို ဒီလောက်ပျော်နေတာ တစ်ခါမှ မမြင်ဖူးဘူး "

" ဟုတ်တယ်၊ အရင်တုန်းကတော့ ယွမ် တစ်သန်းလောက် အကြွေးတင်ထားသလိုမျိုး မှိုင်တွေနေပြီး ဒီနေ့ကျတော့ ယွမ်တစ်သန်း ကောက်ရသွားတဲ့ပုံနဲ့ "

" သူ ထီပေါက်တာများလား။ သူ့ပါးစပ်ထောင့်က နားရွက်ကိုတောင် တက်ချိတ်မတတ် ပြုံးပျော်နေတာလေ "

" မှိုင်တွေနေတုန်းက ရုပ်ဆိုးတယ်လို့ ထင်ခဲ့ဖူးပေမဲ့ ပြုံးနေတော့မှ ပိုရုပ်ဆိုးနေမယ်မှန်း ကျွန်မ မထင်ထားဘူး "

" ဟားဟား ...... "

ရွှယ်ကုန်းက ထိုလူတွေ၏ စကားသံတွေကို လျစ်လျူရှုပြီး ရုံးခန်းတံခါးကို သော့ခတ်ကာ

ထိုင်နေသည်။

စိတ်ပူနေသေးတာကြောင့် သူက သက်ပြင်းချပြီး ကုလားထိုင်တစ်ခုနဲ့ပါ တံခါးကို ပိတ်ဆို့ထားလိုက်သည်။

ထို့နောက် ကုတင်အောက်မှ လျှို့ဝှက်ချက်တစ်ခုကို ဆွဲထုတ်လိုက်သည်။

" ချမ်းသာလာတဲ့အတွက် ဂုဏ်ယူပါတယ်၊ အံ့ဩစရာတွေ ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်။ ကျေးဇူးပြုပြီး အကောင်းဆုံးတွေကိုပဲ ဖိတ်ခေါ်ပေးပါ။ မကောင်းတဲ့သူတွေကို ထားခဲ့ပါ ....... "

ဒေါက်တာရွှယ်က သူ့ရဲ့ 'အနီရောင်အိတ်များ' ကို ထပ်မံရေတွက်ရန် စိတ်မရှည်စွာဖြင့် လျှို့ဝှက်ကုဒ်ဖြင့် ငွေသေတ္တာကို ဖွင့်နေရင်း တီးတိုးရေရွတ်လိုက်သည်။

သို့သော် လျှို့ဝှက်နံပါတ်ဖြင့် ငွေသေတ္တာကို ဖွင့်လိုက်သောအခါ အစက ရှိနေသည့် ငွေစက္ကူများက ပျောက်ကွယ်သွားခဲ့သည်။

အဲ့ဒီအစား ကျိုးနေတဲ့ ဖိနပ်တစ်ရံသာ ရှိနေသည်။

ဒီတုန်လှုပ်မှုက အသေးအမွှားကိစ္စမဟုတ်ချေ။

တစ်ဖက်မှာ ယွမ် ၁ သန်း ဆုံးရှုံးသွားပြီး တစ်ဖက်မှာ ခိုးသွားတဲ့သူက သူ့ရဲ့ လာဘ်ပေးလာဘ်ယူအကြောင်းကို သိသွားနိုင်ဖွယ်ရှိသည်။

နောက်တစ်ခုက ပထမတစ်ခုထက် ပိုကြောက်စရာကောင်းသည်။

သူ့စိတ်တွေ လွတ်ထွက်သွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။

ရဲကိုခေါ်ရမှာလား။

ဟာသမလုပ်နဲ့။

ဒါတွေအားလုံးက တစ်နည်းပြောရရင် ခိုးထားတဲ့ ပိုက်ဆံတွေပဲ။

ရဲခေါ်တာက ကိုယ့်ထောင်ချောက်ထဲကိုယ် ဆင်းလိုက်တာပဲ မဟုတ်လား။

သူ ဘာဆက်လုပ်ရမလဲ။

ဘာမှမဖြစ်ခဲ့ဘူးလို့ ဟန်ဆောင်နေရမလား။

" ငါ ဘာလုပ်သင့်လဲ။ ငါ ဘာလုပ်သင့်လဲ ..... "

သူက အရမ်းစိုးရိမ်ပြီး ငိုတော့မလို ဖြစ်နေသည်။

စိုးရိမ်စိတ်ဖြင့် ပူလောင်နေချိန်တွင် သူ့အနောက်မှ အသံတစ်ခုကို ရုတ်တရက်ကြားလိုက်ရသည်။

" ဒေါက်တာရွှယ်၊ ခင်ဗျား ဒါကို ရှာနေတာလား "

ရွှယ်ကုန်း အံ့သြသွားသည်။ အခန်းထဲမှာ တခြားတစ်ယောက် ရှိနေတာလား။

သူ အမြန် လှည့်ကြည့်လိုက်သည်။

အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက လိုက်ကာနောက်မှ ထွက်လာကြပြီး အသီးသီး ပိုက်ဆံတွေကို ကိုင်ထားကြသည်။

" မင်း… မင်းတို့က ဘယ်သူလဲ။ မင်းတို့ ငါ့ရုံးခန်းထဲကို ဘာလို့ ဝင်လာတာလဲ "

ရွှယ်ကုန်းက အော်လိုက်သည်။

ယဲ့ဖန်ကတော့ ပြုံးလျက်သာ ကြည့်နေသည်။

" ပိုကျယ်ကျယ် အော်ပြီး အပြင်က လူတိုင်း ကြားသွားပါစေ။ ခင်ဗျားရဲ့ အိပ်ယာအောက်မှာ ပိုက်ဆံတွေအများကြီး ဝှက်ထားပြီးတော့ အဲ့ဒီပိုက်ဆံတွေ ဘယ်က ရောက်လာတယ်ဆိုတာကို လူတိုင်းက သိချင်ကြမယ်ထင်တယ်။ ကောင်းကင်ကနေ ပြုတ်ကျလာတာလား "

ရွှယ်ကုန်း၏ အမူအရာက ချက်ချင်းပြောင်းလဲသွားကာ သူ့အသံကို အမြန်တိုးလိုက်သည်။

" မင်း ဘယ်သူလဲ။ ဘာလိုချင်တာလဲ "

ယဲ့ဖန် သူ့လက်ထဲမှ ပိုက်ဆံတွေကို စားပွဲပေါ်ပစ်ချလိုက်ပြီး ကုလားထိုင်ပေါ် ဖြည်းဖြည်းချင်း ထိုင်ချလိုက်ပြီး သူ့ခြေထောက်တွေကို စားပွဲပေါ်တင်လိုက်သည်။

" ဒေါက်တာရွှယ်၊ မကြောက်နဲ့။ ခင်ဗျားပိုက်ဆံတွေ ဘယ်က ရလာတယ်ဆိုတာ မသိချင်ပါဘူး။ ခင်ဗျားရဲ့ ပိုက်ဆံတွေကိုလည်း လုယူမှာမဟုတ်ဘူး။ မေးခွန်းလေးနည်းနည်းမေးချင်ရုံတင်ပါ။ ကောင်းကောင်းဖြေရင် ကျွန်တော် ခင်ဗျားကို ပိုက်ဆံပိုပေးမယ် "

ရွှယ်ကုန်းက သူ့ကို အံ့ဩစွာ ကြည့်နေသည်။

" ဘာမေးခွန်း မေးချင်တာလဲ "

ယဲ့ဖန် သူ့ကို စိုက်ကြည့်နေသည်။

" ကျွန်တော့်ကို ချောက်ချဖို့ ဘယ်သူက ညွှန်ကြားထားတာလဲ "

All Chapters