← Chapters

အပိုင်း ၅၇၇-၅၈၀

Vol. 29 Ch. 577-580

အပိုင်း ၅၇၇-၅၈၀

Vol. 29 Ch. 577-580

အပိုင်း ( ၅၇၇ )

ဒါက ဘယ်လို နတ်ဆိုးပညာမျိုးလဲ

ရွှယ်ကုန်းက ထိုစကားကို ကြားသောအခါ အရမ်းလန့်သွားသည်။

" မင်းက .... "

" ယဲ့ဖန် "

ယဲ့ဖန်က သူ့နာမည်ကို ချက်ချင်း ထုတ်ပြောလိုက်သည်။

ရွှယ်ကုန်းက သူ့နာမည်ကို ကြားတဲ့အခါ ချက်ချင်း လှည့်ပြေးသည်။

သို့သော် ခြေနှစ်လှမ်းတောင် မလှမ်းရသေးခင်မှာဘဲ ယဲ့ဖန်က ပြန်ဆွဲလိုက်သည်။

" ဘာလို့ ပြေးတာလဲ။ အပြစ်ရှိတဲ့စိတ် ဝင်လာလို့လား "

ယဲ့ဖန်က လှောင်ပြုံးပြုံးနေသည်။

" ဘာကို အပြစ်ရှိစိတ်လဲ။ မင်း ဘာပြောနေလဲဆိုတာ ငါ နားမလည်ဘူး .... "

ရွှယ်ကုန်းက အကြည့်ကို ရှောင်ပြီး ငြင်းလိုက်သည်။

" နားမလည်တာလား။ နားမလည်ချင်နေတာလား။ ကျွန်တော်က သတိပေးရဦးမလား "

ယဲ့ဖန်က သူ့ကိုပဲ စူးစိုက်ကြည့်နေသည်။

" ငါတကယ် ဘာမှမသိဘူး။ မင်း လူမှားနေပြီ "

ရွှယ်ကုန်းက အပြစ်ကင်းတဲ့အမူအရာ လုပ်လိုက်သည်။

သူ့ပုံစံက အတော်ကို ရိုးသားဖြောင့်မတ်တဲ့ပုံရနေသည်။ ယဲ့ဖန်သာ ကြိုမသိထားရင် ဒီဆရာဝန်လိမ်တာတောင် ခံရနိုင်သည်။

ယဲ့ဖန်က ဟွန်းခနဲ နှာမှုတ်လိုက်သည်။

" ခင်ဗျားကို ဒီနေ့ တစ်ယောက်ယောက် လာရှာသေးလား "

ရွှယ်ကုန်းက ဆက်ပြီး ရူးချင်ယောင်ဆောင်နေသည်။

" ငါက မှုခင်းဆရာဝန်ပါ။ နေ့တိုင်း အလောင်းတွေစစ်ရတယ်။ သေချာပေါက် ငါ့ဆီလာတဲ့သူတွေ အများကြီးရှိတာပေါ့ "

" အဲ့လူက ခင်ဗျားက မှတ်တမ်းတုရေးခိုင်းပြီး ဒီ ၁သန်းကို ဆုကြေးပေးခဲ့တယ်လေ "

" မင်းက မဟုတ်တာ ပြောနေတာပဲ။ ငါက မှုခင်းဆရာဝန်ဖြစ်လာတာ နှစ်ချီနေပြီ။ ဒါပေမဲ့ မှတ်တမ်းတု တစ်ခါမှ မရေးဖူးဘူး။ ဒါက အသရေဖျက်နေတာ၊ ငါမင်းကို တရားစွဲမယ် "

ယဲ့ဖန်၏ အမူအရာက မည်းနက်သွားသည်။

" အခေါင်းကို မတွေ့မချင်း ငိုမယ်မထင်ဘူး "

ရွှယ်ကုန်းက သေရမှာကို မကြောက်တဲ့ပုံစံ လုပ်လိုက်သည်။

" ငါ ရွှယ်ကုန်းက ဖြောင့်မတ်တယ်။ မလုပ်သင့်တာတွေ မလုပ်ဖူးဘူး။ ငါ့ကို သေအောင် ရိုက်ရင်တောင် လက်လျှော့မှာ မဟုတ်ဘူး "

ယဲ့ဖန်က သူ့ရဲ့ ဖြောင့်မတ်တဲ့ အမူအရာကို မြင်ပြီး သံသယဝင်သွားသည်။

သူ တကယ်ပဲ လူမှားရှာမိတာလား။

ကျူးရှောင်ကျောင်းတောင်မှ ဘာလုပ်ရမယ်မှန်းမသိ ဖြစ်သွားသည်။

ရွှယ်ကုန်းက မှတ်တမ်းအတု ရေးခဲ့တာဟု သူမ သတင်းအတိအကျရထားတာဖြစ်သည်။ သံသယ မရှိပေ။

သို့သော် ဒီတစ်ယောက်က ဘူးခံငြင်းနေတဲ့အပြင် သူတို့မှာကလည်း လက်ထဲမှာ သက်သေအထောက်အထားမရှိတာကြောင့် သူတို့ လုပ်နိုင်တာ ဘာမှ မရှိချေ။

" ယဲ့ဖန် ငါတို့အခု ဘာလုပ်ကြမလဲ "

ယဲ့ဖန်က သူမကို နှစ်သိမ့်ပြုံး ပြုံးလိုက်ပြီး ရွှယ်ကုန်းကို ဆက်ကြည့်နေသည်။

" ဒေါက်တာရွှယ်၊ အမှန်တိုင်းပြောရင် ၅သန်းပေးမယ်။ ဒီလောက်ဆို တစ်ဘဝလုံး အေးဆေးနေလို့ရပြီ။ ဘယ်လိုလဲ "

ရွှယ်ကုန်းက အစော်ကားခံလိုက်ရတဲ့အလား ယဲ့ဖန်ကို ကြည့်လိုက်သည်။

" မင်း ငါ့ကို လာဘ်ထိုးဖို့ လုပ်နေတာလား။ ငါ ရွှယ်ကုန်းက အမြဲတမ်း ဖြောင့်မတ်တဲ့သူပဲ။ ဘာလို့ ပိုက်ဆံကို မက်နေရမှာလဲ။ မင်းလိုလူက ငါနဲ့ စကားပြောဖို့တောင် မတန်ဘူး။ မြန်မြန် ထွက်သွား "

ယဲ့ဖန်က စိတ်မရှည်တော့ပေ။

" ကြည့်ရတာ အေးဆေးမပြီးချင်ဘူးနဲ့ တူတယ် "

ထိုသို့ပြောပြီး တစ်လှမ်းချင်း ပိုပိုတိုးလာသည်။

ရွှယ်ကုန်းက ကြောက်ကြောက်နဲ့ ချက်ချင်း နောက်ဆုတ်လိုက်သည်။

" မင်း၊ မင်း ဘာလုပ်တာလဲ။ မင်းကို သတိပေးလိုက်မယ်။ မင်းတစ်ခုခုလုပ်တာနဲ့ ငါ ရဲကိုခေါ်မှာ ....... "

ကျုးရှောင်ကျောင်းက ယဲ့ဖန်ကို အမြန်ဆွဲတားလိုက်သည်။

" အလျင်စလို မလုပ်နဲ့ "

သူတို့က သက်သေလာရှာပေမဲ့ မရသေးတဲ့အပြင် အရင် ကိုယ့်ဘက်က စရိုက်လိုက်မယ်ဆို တစ်မှုကနေ နှစ်မှု ဆင့်သွားနိုင်သည်။

ဒါပေမဲ့ ဒီရွှယ်ကုန်းက တကယ်ကို ကိုင်တွယ်ရ ခက်နေလေသည်။

ယဲ့ဖန်လည်း ဘာလုပ်ရမယ်မှန်းမသိ ဖြစ်နေပုံရသည်။

သို့ပေမဲ့ ယဲ့ဖန်၏ မျက်နှာပေါ်မှာ ကောက်ကျစ်တဲ့ အမူအရာပေါ်လာသည်။

" ဘယ်သူက ရိုက်မယ်ပြောလို့လဲ။ အဲ့လောက် မရူးပါဘူး "

" ဒါဆို ဘာလုပ်မလို့လဲ "

" သူ့ကို တစ်မိနစ်အတွင်း စကားပြောအောင် လုပ်မယ်ဆို ယုံလား "

ကျူးရှောင်ကျောင်းက မယုံပေ။

အခု ဒီမှာရောက်နေတာ ဆယ်မိနစ်မကတော့တဲ့အပြင် ဘာအချက်အလက်မှ မရသေးပေ။

အဲ့တာကို အခုကျမှ ယဲ့ဖန်က တစ်မိနစ်အတွင်း ဝန်ခံအောင် လုပ်မယ်လို့ ပြောနေတာလား။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သူတို့ဘေးမှ ရွှယ်ကုန်းက အံကြိတ်ပြီး စိတ်ထဲကနေ လှောင်ရယ်လိုက်သည်။

သူ သည်းခံနိုင်သရွေ့ လွတ်နိုင်လိမ့်မည် ဖြစ်သည်။

တစ်ဖက်သူက သူ့ကို ဘာမှ မလုပ်လောက်ဘူးဟု ယုံလေသည်။

ယဲ့ဖန်က သူ့ကို လှည့်ကြည့်ပြီး ထူးဆန်းတဲ့မေးခွန်း မေးလာသည်။

" ဒေါက်တာရွှယ်၊ အပ်စိုက်ကုတာကို လုပ်ဖူးလား "

ရွှယ်ကုန်း ကြောင်သွားသည်။

" ဘာ အပ်စိုက်ကုတာလဲ "

ယဲ့ဖန်က လက်ထဲမှာ ငွေအပ်အိတ်ကို ကိုင်ထားသည်။

" အခုတလော အပ်စိုက်ကုတာကို လေ့လာနေတာ။ ခင်ဗျားက ကျောက်ကပ်နဲ့ သရက်ရွက် အားနည်းနေတာပဲ။ အပ်စိုက် ကုပေးရမလား "

ရွှယ်ကုန်း၏ အမူအရာက ချက်ချင်း ပြောင်းသွားသည်။

" မင်း .... မင်း ဘာမှ မလုပ်နဲ့။ ငါမင်းကို သတိပေးနေတယ် ..... "

ယဲ့ဖန်က သူ့စကားကို စောင့်မနေဘဲ ဖမ်းပြီး ခုံမှာ ချည်ထားလိုက်သည်။

ထို့နောက် ငွေအပ်ကို ထုတ်ကာ သူ့မျက်စိရှေ့တွင် ဝှေ့ယမ်းလိုက်သည်။

" နောက်ဆုံးတစ်ကြိမ်မေးမယ်။ ဘယ်သူက ချောက်ချခိုင်းတာလဲ "

ရွှယ်ကုန်းက ခေါင်းမာ တင်းခံနေသည်။

" ငါ ရွှယ်ကုန်းက အသိစိတ်ရှိတယ်။ မင်း သိချင်တာကို ညှစ်ထုတ်လည်း မပိုဘဲ။ ငါက နတ်ဆိုးကို ဦးမညွတ်ဘူး "

ယဲ့ဖန်က စကားတောင် ပြောမနေတော့ပေ။

အပ်ကိုထုတ်ပြီး ရှန်းရှု၊ ရှောင်ယောင်း၊ ထုန်းဂုအကြောတွေကို အပ်စိုက်လိုက်သည်။

ကျူးရှောင်ကျောင်းက သူ့လုပ်ရပ်ကြောင့် အံ့ဩသွားသည်။

လှည့်စားမှာ မဟုတ်ဘူးလား။

ဘာလို့ အပ်ကို စိုက်နေတာလဲ။

အပ်စိုက်ရုံနဲ့ ဟိုဘက်က အမှန်တိုင်း ပြောလာပါ့မလား။

သူမ နားမလည် ဖြစ်နေချိန်မှာဘဲ ....

ရွှယ်ကုန်း၏ ခန္ဓာကိုယ်က သန်းကိုက်နေသလို တွန့်ခွေလာသည်။

သူ့ရဲ့ တည်ငြိမ်နေတဲ့ မျက်နှာမှာ အကြောက်တရားက အစားထိုးသွားသည်။

" ယဲ့ ..... ယဲ့ဖန် ငါ့ကို မြန်မြန် လွှတ်ပေးစမ်း။ ယားလိုက်တာ၊ အရမ်းယားတယ် ........ "

ယဲ့ဖန်က သူ့ကို အေးစက်စွာ ကြည့်နေသည်။

" ဘယ်သူ ချောက်ချလဲဆိုတာ ပြောရင် လွှတ်ပေးမယ် "

ရွှယ်ကုန်းက တောင်းပန်လေသည်။

" မင်း တကယ် ဘာတွေပြောနေလဲဆိုတာ မသိပါဘူး။ မင်း လူမှားတာလား "

ယဲ့ဖန်က အေးစက်စက်ပြုံးပြီး သူ့ကို အဖတ်လုပ်စကားပြောမနေတော့ပေ။

ထိုအချိန်တွင် ရွှယ်ကုန်းက မထိန်းနိုင်ဘဲ တခစ်ခစ်ရယ်နေသည်။

ထို့နောက် ရယ်သံက တဖြည်းဖြည်း ကျယ်လောင်လာသည်။

" အာ ဟားဟားဟားဟား ..... ယားသေတော့မယ်။ ..... တောင်းပန်ပါတယ် ဟားဟားဟား လွှတ်ပေးပါ ..... "

ကျူးရှောင်ကျောင်း ဆံပင်တွေထောင်သွားသလိုပါ ခံစားလိုက်ရသည်။

ဒါက ဘယ်လိုနတ်ဆိုး ပညာရပ်မျိုးလဲ။

" အဟားဟားဟားဟားဟား ........ "

ရွှယ်ကုန်း၏ ရယ်သံက ပိုပို ရူးသွပ်လာကာ အဆုံးမှာ အရယ်လွန်ပြီး မျက်ရည်တွေ နှာရည်တွေပါ ကျလာတော့သည်။

မြင်ကွင်းက ရယ်စရာကောင်းပြီး ထူးလည်း ထူးဆန်းသည်။

ထို့နောက် ရယ်သံက တဖြည်းဖြည်း တိုးသွားပြီး မျက်နှာပေါ်မှ အပြုံးကလည်း တဖြည်းဖြည်း မှိန်လာသည်။

အဲ့ဒီအစား ဝမ်းနည်းမှုက အစားထိုးဝင်လာသည်။

" ဝူးဟူးဟူးဝူး ..... ငါက လူတောင် မဟုတ်ပါဘူး။ ဟင့် ရွှတ် ...... ငါက အသက် ၅၀ တောင်ရောက်နေပါပြီ။ ငါ့မိန်းမက ငါ့ကို ကွာရှင်းပြီး ငါ့ကလေးတွေကလည်း ဟစ် .... ဟစ် ငါ့ကို မမှတ်မိကြဘူး။ ရှင်နေတော့ ဘာထူးမှာလဲ ဝူးဟူးဟူး ...... "

ငိုလေလေ ပိုဝမ်းနည်းလာလေလေ ဖြစ်ကာ အဆုံးမှာ ငိုရလွန်းလို့ ရင်ကွဲနာကျနေလေသည်။

မြင်ရ ကြားရတာ အလွန်ကြေကွဲဖွယ်ကောင်းသည်။

ကျူးရှောင်ကျောင်း ပြောစရာစကား ပျောက်နေသည်။

ဘာတွေ ဖြစ်နေတာလဲ။

အခုလေးတင် ရယ်လွန်းလို့ ဟိုလှိမ့်ဒီလှိမ့် ဖြစ်နေပြီး အခုက ဘာလို့ အဲ့လောက် ငိုနေရတာလဲ။

ယဲ့ဖန်ကို သူမ လှည့်ကြည့်လိုက်သည်။

ဒီတစ်ယောက်က ဘာလုပ်လိုက်တာလဲ။

လူတစ်ယောက်ကို ဒီလိုထိ ရူးအောင် လုပ်နိုင်တာလား။

ယဲ့ဖန်ကတော့ စားပွဲပေါ်မှာ သက်တောင့်သက်သာ ထိုင်နေပြီး ခန္ဓာဗေဒစာအုပ်ကို လှန်ဖတ်နေသည်။

အနှိပ်စက်ခံနေရတဲ့ လူတစ်ယောက်က သူ့နားမှာ ရှိနေတာကို မေ့နေပုံတောင်ရသည်။

အပိုင်း ( ၅၇၈ )

ဝန်ခံချက်

ရွှယ်ကုန်းက ခါးခါးသီးသီး ငိုပြီးတဲ့နောက် ဟက်ဟက်ပက်ပက် ရယ်ပြန်သည်။

ထိုကဲ့သို့ ပျော်တစ်လှည့် ဝမ်းနည်းတစ်လှည့်နဲ့ အကြိမ်ကြိမ် နှိပ်စက်ခံရသည်။

အကြိမ်အနည်းငယ် ကြာပြီးတဲ့နောက် စပြီး အလျှော့ပေးလာသည်။

" ငါပြော ဟားဟားဟားဟား .... ငါပြောလိုက်လို့ မရဘူးလား။ ဟားဟားဟား ကျေးဇူးပြုပြီး ဟားဟား ချမ်းသာပေးပါ ဟားဟား "

ကျူးရှောင်ကျောင်းက ပျော်သွားပြီး ယဲ့ဖန်ကို အမြန် လှည့်ကြည့်လိုက်သည်။

သူ့ရဲ့ နည်းလမ်းက အလုပ်ဖြစ်သွားမယ်လို့ သူမ မထင်ထားပေ။

အချိန်ကြည့်လိုက်တဲ့အခါ တကယ် တစ်မိနစ် မပြည့်သေးပေ။

ဒီတစ်ယောက်က သူမကို အမဲ မမျှော်လင့်ထားတဲ့ အံ့အားသင့်မှုတွေကို ယူဆောင်လာပေးတတ်သည်။

ဒီတစ်ခါလည်း စိတ်မပျက်စေရပေ။

ထိုအခါမှ ယဲ့ဖန်က စာအုပ်ကိုချပြီး ရွှယ်ကုန်းကို လှည့်ကြည့်လိုက်သည်။

" ဘာလို့ စောစောက မပူးပေါင်းတာလဲ။ ဘာလို့ ဒီလို ဒုက္ခခံနေသေးလဲ "

ပြောရင်းနဲ့ အပ်တွေကို နှုတ်ပေးလိုက်သည်။

ရွှယ်ကုန်း၏ မျက်နှာက မျက်ရည်တွေ နှာရည်တွေ ပေကျံနေကာ ကြည့်ရ အတော်ဆိုးနေသည်။

သူ့ရဲ့ စိတ်အတက်အကျကြောင့် စိတ်ပြန်တည်ငြိမ်အောင် အတော် အချိန်ယူလိုက်ရသည်။

ယဲ့ဖန် အချိန်ကို ကြည့်လိုက်ပြီး စိတ်မရှည်စွာနဲ့ အလောကြီးပေးလိုက်သည်။

" တော်ပြီ၊ အချိန်ဖြုန်းနေတာ ရပ်လိုက်တော့။ သိသမျှ အကုန်ပြော "

ထို့နောက် ကျူးရှောင်ကျောင်းကို တစ်ချက်ကြည့်လိုက်သည်။

ထိုအခါ ကျူးရှောင်ကျောင်းက ဖုန်းကိုထုတ်ပြီး မှတ်တမ်းယူသည်။

ရွှယ်ကုန်း၏ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုက လုံးဝ ကျရှုံးသွားခဲ့ရပြီး အမှန်အတိုင်းသာ ပြောခဲ့ရတော့သည်။

" ဒီနေ့လယ် အရေးပေါ်ကုသဆောင်က အလောင်းပို့လာတယ်။ သူတို့ပြောတာတော့ တိုက်ခိုက်ရင်း ဒဏ်ရာပြင်းလို့ သေသွားတာလို့ ပြောပေမဲ့ စစ်ကြည့်လိုက်တော့ ဒီလူရဲ့ ခန္ဓာကိုယ်က အရမ်းထူးဆန်းတယ် "

ယဲ့ဖန် ချက်ချင်း မေးလိုက်သည်။

" ဘာက ထူးဆန်းတာလဲ "

ရွှယ်ကုန်းက စဉ်းစားပြီး ပြန်ဖြေသည်။

" ခန္ဓာကိုယ်ပေါ်မှာ အဓိကဒဏ်ရာ နှစ်မျိုးရှိတယ်။ တစ်မျိုးက လက်ကောက်ဝတ်နဲ့ ညာဘက်ပေါင် အတွင်းခြမ်းမှာ။ တစ်ယောက်ယောက်က အားနဲ့ ကန်ချိုးထားတာထင်တယ်။ ဒါပေမဲ့ သေစေနိုင်လောက်တဲ့အထိတော့ မဟုတ်ဘူး ....... "

ယဲ့ဖန် မျက်ခုံးပင့်လိုက်သည်။

" နောက်တစ်မျိုးက ဘာလဲ "

ရွှယ်ကုန်း ဆက်ပြောသည်။

" နောက်တစ်မျိုးက ဘယ်ခြေမှာ။ ကြည့်ရတာ ခြေထောက်ကို ဘေ့စ်ဘောရိုက်တံလိုမျိုးနဲ့ ရိုက်ချိုးထားတာဆိုပေမဲ့ အဲ့တာကလည်း သေစေနိုင်လောက်တဲ့အထိ မဟုတ်ဘူး ....... "

" ဆက်ပြော "

" သူ့ကို တကယ်သတ်လိုက်တာက အသက်ရှူမဝတာကြောင့်ပဲ။ မျက်လုံးနဲ့ အဆုတ်ကို စစ်ကြည့်လိုက်တော့ သူက အသက်ရှူမဝဖြစ်ပြီး သေတာကို တွေ့ခဲ့ရတယ် "

ရွှယ်ကုန်းက ပြောနေရင်း ကြောက်နေတဲ့အမူအရာပေါ်လာသည်။

" ပြီးတော့ အလောင်းရဲ့ သွားမှာ တရားခံရဲ့ သွေးစတွေရှိနေတယ်။ အသတ်ခံရတဲ့သူက နှာခေါင်းနဲ့ ပါးစပ်ကို အအုပ်ခံထားရပြီးတော့ တရားခံရဲ့ လက်ချောင်းကို ကိုက်လိုက်မိတယ်ထင်တယ် ..... "

ကျူးရှောင်ကျောင်းက စိတ်လှုပ်ရှားပြီး လက်တွေပါ တုန်လာသည်။

ဒီလောက်ဆို ဒီသေတဲ့ကိစ္စက ယဲ့ဖန်နဲ့ မဆိုင်ကြောင်း သက်သေပြလို့ရပြီ ဖြစ်သည်။

လူသတ်သမားက သေချာပေါက် တခြားသူဖြစ်သည်။

ယဲ့ဖန်ကတော့ မျက်နှာသေနဲ့သာ ကြည့်နေသည်။

" ဆက်ပြော "

ရွှယ်ကုန်းက ဘာမှ လျှို့ဝှက်မထားရဲပဲ ဆက်ပြောသည်။

" မှတ်တမ်းရေးဖို့ လုပ်နေတုန်း လူတစ်ယောက်က ရောက်လာပြီး မှတ်တမ်းတုရေးဖို့ပြောပြီး ၁ သန်းပေးတယ်။ အစကတော့ ငြင်းပါသေးတယ် ..... "

ယဲ့ဖန်က သူ့စကားကို ဖြတ်ပြောလိုက်သည်။

" ဘယ်လို မှတ်တမ်းတုမျိုး ရေးခိုင်းတာလဲ "

" သူ .... သူက သေရတဲ့အကြောင်းအရင်းကို ယဲ့ဖန်လို့ ခေါ်တဲ့သူကို အမည်တပ်စေချင်တာပါ။ အဲ့ဒဏ်ရာတွေက သေလောက်တဲ့ထိ မဟုတ်မှန်း သိပေမဲ့ ၁ သန်းပေတဲ့အပြင် မလုပ်ပေးရင် သတ်မယ်လို့ ခြိမ်းခြောက်လို့ ..... "

" အဲ့ဒီလူဆိုတာ ဘယ်သူ့ကို ပြောနေတာလဲ "

ရွှယ်ကုန်းက တစ်ခဏ စဉ်းစားပြီးနောက် နာမည်တစ်ခုကို ပြောလာသည်။

" ဝမ်ဟုန်းသ "

ယဲ့ဖန်က ကျူးရှောင်ကျောင်းကို လှည့်ကြည့်လိုက်သည်။

" အဲ့နာမည်ကို ကြားဖူးလား "

ကျူးရှောင်ကျောင်းက ခေါင်းယမ်းသည်။

" မကြားဖူးဘူး "

ရွှယ်ကုန်းက ဆက်ပြောသည်။

" ဒီ ဝမ်ဟုန်းသက ချောင်ရှင်းဂိုဏ်း ခေါင်းဆောင်တွေထဲက တစ်ယောက်ပါ။ ကောင်းလူကြီးမင်းက သူ့ကို အရမ်းယုံတယ် ..... "

ထိုအခါမှ ယဲ့ဖန် သဘောပေါက်သွားသည်။

ဒါဆို သူက ချောင်ရှင်းဂိုဏ်းက လက်ပါးစေပေါ့။

မထူးဆန်းတော့ပါဘူး။

" သိသမျှက အဲ့တာအကုန်ပဲ။ လွှတ်ပေးလို့ ရပြီလား။ ပိုက်ဆံတွေလည်း ပေးပါ့မယ်။ မတိုင်ပါနဲ့။ အလုပ်လည်း မပြုတ်ချင်သလို ထောင်ထဲလည်း မသွားချင်ဘူး "

ယဲ့ဖန်က သူ့ပုခုံးကို ပုတ်လိုက်သည်။

" မပူပါနဲ့၊ အဖြေတွေကို တော်တော်လေး ကျေနပ်ပါတယ်။ သက်သေခံပေးမယ်ဆို ဘာမှခက်ခဲအောင် လုပ်မှာ မဟုတ်ဘူး "

ရွှယ်ကုန်းက အမြန်ခေါင်းညိတ်လိုက်သည်။

" ဒါပေါ့၊ ဒါပေါ့၊ လုပ်ပေးမှာပါ "

သို့ပေမဲ့ သူက စိတ်ထဲကနေ ယဲ့ဖန်ကို အရူးလို့ ကျိန်ဆဲနေသည်။

သူ့ကိုကြောက်လို့ ချောင်ရှင်းကို သစ္စာဖောက်မယ် ထင်နေလား။

အချိန်ကျလာတဲ့အခါ နောက်ကျောဓားနဲ့ထိုးပြီး သူက အတင်းပြောခိုင်းလို့ ပြောရတာပါဆိုပြီး ပြောလိုက်ရုံပဲ။

အဲ့အခါ ဒီကောင်လေး ငိုဖို့နေရာတောင် ရှိမှာ မဟုတ်ဘူး။

ဟားဟားဟား၊ ကောင်လေး ငါ့ကို ဒီလိုလုပ်ချင်ရအောင် မင်းက ငယ်သေးပါတယ်။

အပိုင်း ( ၅၇၉ )

အဆိပ်က ရက်မလွန်ဘူး၊ ဟုတ်တယ်မလား

ကျူးရှောင်ကျောင်းက အဲ့တာကို သဘောပေါက်ပြီး သူမက ယဲ့ဖန် နားနားကို တိုးတိုးလေး ကပ်ပြောသည်။

" သူက လှည့်စားပြီး ငါတို့ကို ပြန်ကိုက်ရင် ဘယ်လိုလုပ်မလဲ "

ယဲ့ဖန်က ရွှယ်ကုန်းကို ကြည့်ကာ ကျယ်လောင်စွာ ပြန်ဖြေသည်။

" ဒေါက်တာရွှယ်က ပြန်ကိုက်မှာကို မင်းက ကြောက်နေတာလား။ ဒါပေမယ့် ဒေါက်တာရွှယ်ရဲ့ စရိုက်ကို ကိုယ်ကတော့ ယုံကြည်တယ်။ သူက အဲ့တာမျိုးကို သေချာပေါက် လုပ်မှာမဟုတ်ဘူး။ ဟုတ်တယ်မလား၊ ဒေါက်တာရွှယ် "

ရွှယ်ကုန်းက အမြန် ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ်။ ဝန်ခံပြီးပြီကို ဘာလို့ ပြန်ကိုက်ရမှာလဲ။ သေချာတယ် မလုပ်ပါဘူး "

ကျူးရှောင်ကျောင်းက ယဲ့ဖန်ကို စကားမပြောနိုင်ဘဲ ကြောင်အအ ကြည့်နေသည် ။ ဒီတစ်ယောက် တကယ် ရူးနေတာလား၊ ဒါမှမဟုတ် ကစားနေတာလား။

ရွှယ်ကုန်းက တစ်ကြိမ် သစ္စာဖောက်ပြီးသား ဒုတိယအကြိမ် သစ္စာမဖောက်ဘူးလို့ ဘယ်သူက အာမခံမှာ မလို့လဲ။

ထိုအချိန်မှာ ယဲ့ဖန်က ပြောသည်။

" ဒေါက်တာရွှယ်ရဲ့ ဇာတ်ကောင်ကို ငါယုံကြည်ပေမယ့် စိတ်ကိုတော့ ငါမယုံဘူး။ ဒါကြောင့် သတိထားတာက ပိုကောင်းလိမ့်မယ် "

သူက စကားပြောနေရင်း အိတ်ကပ်ထဲမှ အဖြူရောင်ဆေးပြားကို ထုတ်ကာ ရွှယ်ကုန်း ဆီသို့ လျှောက်သွားခဲ့သည်။

ရွှယ်ကုန်း၏ အမူအရာ ပြောင်းသွားသည်။

" ဒါကဘာလဲ။ မင်း… ဘာလုပ်နေတာလဲ "

ယဲ့ဖန် သူ့ကို ပြန်ပြောဖို့ အခွင့်အရေးမပေးဘဲ သူ့ပါးစပ်ကိုဖွင့်ပြီး ဆေးကို အထဲကို ပစ်ထည့်လိုက်သည်။

ဆေးလုံးက သူ့ပါးစပ်ထဲ ရောက်သွားတဲ့အခါ ချိုမြိန်တဲ့ ခံစားချက်နဲ့ တော်တော်လေး အရသာရှိသည်။

ရွှယ်ကုန်းက အရသာကို မြည်းစမ်းနေရန် အချိန်မရှိသဖြင့် ယဲ့ဖန်ကို အမြန်ကြည့်လိုက်သည်။

" မင်း ငါ့ကို ဘာကျွေးလိုက်တာလဲ "

ယဲ့ဖန်က သူ့မျက်နှာပေါ်တွင် စိတ်အနှောက်အယှက်ဖြစ်စေနိုင်သော အပြုံးတစ်ခုရှိသည်။

" ဒါက ကျွန်တော့်ရဲ့ သီးသန့် ခုနစ်ရက်စိတ်ဝိဉာဉ်စားဆေးပါ။ ခုနစ်ရက်အတွင်စ အဆိပ်ဖြေဆေးမသောက်ရင် သွေးထွက်လွန်ပြီး သေသွားလိမ့်မည် "

ကျူးရှောင်ကျောင်း အံ့အားသင့်စွာဖြင့် မျက်လုံးပြူးသွားသည်။

" ဒီလို အံ့ဖွယ်အဆိပ်ရှိလား "

ရွှယ်ကုန်းက ထိုစကားကိုကြားပြီးနောက် ရယ်မောလိုက်သည်။

" ဆေးပညာအကြောင်း မသိတဲ့လူတွေကိုဘဲ ဒီလိုလှည့်ကွက်လေးနဲ့ အလုပ်ဖြစ်မယ်။ ငါက ဆရာဝန်လုပ်လာတာ ဆယ်စုနှစ်တွေချီနေပေမယ့် ဒီလိုအဆိပ်အကြောင်း တစ်ခါမှ မကြားဖူးဘူး။ မင်းငါ့ကို ခြောက်ဖို့ ကြိုးစားနေတာလား။ အိပ်မက်မက်နေလိုက် "

ယဲ့ဖန် ပါးစပ်ထောင့်က အနည်းငယ် ကွေးတက်သွားသည်။

" မကြားဖူးဘူးဆိုတာ အဲ့တာက မသိဘူးလို့ ဆိုလိုတာပဲ။ မယုံရင် အသက်ရှူအောင့်ကြည့်လိုက် "

သူ့စကားတွေက ထူးဆန်းတာကြောင့် ရွှယ်ကုန်း ချက်ချင်း အသက်ရှုအောင့်ကြည့်လိုက်သည်။

ချက်ချင်း ဝမ်းဗိုက်အတွင်းထဲမှ အပ်များစွာဖြင့် ထိုးသွင်းခံရသကဲ့သို့ စူးစူးရှရှ နာကျင်မှုကို ခံစားလိုက်ရသည်။

ချက်ချင်း သူ့နောက်ကျောမှာ ချွေးအေးတွေ ထွက်လာသည်။

" ဒါ...ဘာဖြစ်နေတာလဲ "

သူက ယဲ့ဖန်ကို သရဲတစ္ဆေမြင်လိုက်သလိုမျိုး ကြည့်လိုက်သည်။

ယဲ့ဖန်မျက်နှာတွင် ရက်စက်သော အပြုံးတစ်ခု ရှိနေသည်။

" ဝမ်းဗိုက်မှာ သည်းမခံနိုင်လောက်တဲ့ ဝေဒနာ ခံစားနေရတယ်မလား။ အဲ့တာ ခုနစ်ရက်စိတ်ဝိဉာဉ်စားဆေးရဲ့ အကျိုးသက်ရောက်မှုပဲ။ ခုနစ်ရက်အတွင်း အဆိပ်ဖြေဆေးမသောက်ရင် နာကျင်မှုက အဆတစ်သောင်းမက ပိုဆိုးလာလိမ့်မယ် "

ရွှယ်ကုန်း၏ မျက်နှာမှာ ထိတ်လန့်ကြောက်ရွံ့မှုကြောင့် ဖြူဖျော့သွားခဲ့သည်။

" ဘာလိုချင်သေးတာလဲ။ ငါသိသမျှ မင်းကိုပြောပြပြီးပြီ။ ကျေးဇူးပြုပြီး ဖြေဆေးပေးပါ "

ယဲ့ဖန်က သူ့လက်တွေကို အိတ်ကပ်ထဲထည့်လိုက်သည်။

" စိတ်မပူပါနဲ့ ခင်ဗျားသေရင် ကျွန်တော့်အတွက် ဘာအကျိုးရှိမှာမလို့လဲ။ ခင်ဗျား ကျွန်တော့်အတွက် သက်သေခံပြီး အပြစ်မရှိဘူးဆိုတာကို သက်သေပြနိုင်တာနဲ့ ဖြေဆေးကိုပေးမယ် "

ရွှယ်ကုန်းက အခုအချိန်မှာ ဘာလှည့်ကွက်ကိုမှ မကစားရဲတော့ပေ။

သူက အမြန် ခေါင်းညိတ်လိုက်သည်။

" မင်းအတွက် ငါသက်သေခံပေးမယ်။ မင်းအတွက် ငါ သေချာ သက်သေလိုက်မယ် "

ယဲ့ဖန် အပြုံးက ပြန်လာသည်။

" ဟုတ်တယ်၊ ကျွန်တော်တို့က တစ်လှေတည်းစီနေတာ။ ကျွန်တော်သေရင် ခင်ဗျားလည်း သေရလိမ့်မယ်။ ဒေါက်တာရွှယ်ရဲ့ ဉာဏ်ရည်ကို စောင့်ကြည့်ကြတာပေါ့ "

ကျူးရှောင်ကျောင်းက ခေါင်းညိတ်လိုက်သည်။

" သွားကြစို့ "

ရွှယ်ကုန်းက စိုးရိမ်တကြီး မေးလေသည်။

" မင်းရဲ့အဆိပ်က ရက်တော့ မလွန်ဘူးမလား ....... "

" စိတ်မပူပါနဲ့ ခုနစ်ရက်တည်းပါ။ တစ်ရက်မှ မပိုသလို တစ်ရက်မှလည်း မလျော့ဘူး "

ယဲ့ဖန်က သူ့ကို နောက်ပြန် လှည့်မကြည့်ဘဲ တံခါးကို တွန်းဖွင့်ပြီး ထွက်သွားသည်။

ဆေးရုံမှ ဆင်းပြီးနောက် ကျူးရှောင်ကျောင်းက တစ်စုံတစ်ဦးကို ဖုန်းဆက်ပြီး ငါးမိနစ်အကြာတွင် ဝမ်ဟုန်းသ ၏ တည်နေရာအတိအကျကို ရရှိခဲ့သည်။

ယဲ့ဖန် ဒီမိန်းကလေး၏ နောက်ကွယ်မှ စွမ်းအားကို ပဟေဠိဖြစ်နေဆဲ ဖြစ်သော်လည်း အတော်အထင်ကြီးမိသည်။

ဝမ်ဟုန်းသက ဒီကိစ္စကို လုပ်ပြီးတဲ့နောက် ပုန်းရှောင်ဖို့ အလွန်ချောင်ကျတဲ့ နေရာတစ်ခုကို စီစဉ်ထားသည်။ မုန်တိုင်းကျပြီးမှသာ ထွက်လာမှာဖြစ်သည်။

သို့သော် ကျူးရှောင်ကျောင်းက ငါးမိနစ်မပြည့်ခင်မှာပဲ တစ်ဖက်လူ ပုန်းအောင်းနေသည့်နေရာကို တူးဖော်နိုင်ခဲ့သည်။

ဒီစွမ်းအင်ပမာဏက တကယ်ကို ကြောက်စရာကောင်းလှသည်။

ကျောင်းဖုလင်ကို အကူအညီတောင်းရင်တောင် ဒီလောက် အချိန်တိုတိုအတွင်းမှာ သူလုပ်နိုင်မှာ မဟုတ်ပေ။

သို့သော် သူမ၏ နောက်ခံအကြောင်းကို မမေးလိုက်ပေ။ လူတိုင်းမှာ ကိုယ်ပိုင်လျှို့ဝှက်ချက်ရှိတယ် မဟုတ်လား။

တစ်ဖက်က သူ့ကို အရင် မပြောပြတာကြောင့် သူမအတွက် အဆင်မပြေဘူးဆိုတာ သေချာသည်။ ထို့ကြောင့် အောက်ခြေအထိ နှိုက်နှိုက်ချွတ်ချွတ် သိရဖို့ မလိုအပ်ပေ။

ကျူးရှောင်ကျောင်းက ဝမ်ဟုန်းသရဲ့ လိပ်စာကို ပြောပြပြီးနောက် သူမက ယဲ့ဖန်ကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။

" အဲ့တာ ..... နင် ခုနက ပေးလိုက်တဲ့ ခုနစ်ရက်စိတ်ဝိဉာဉ်စားဆေးပြားထဲက တစ်လုံးလောက် ငါ့ကို ပေးနိုင်မလား "

ယဲ့ဖန်က ချက်ချင်း သူမကို စိုးရွံစွာ ကြည့်လိုက်သည်။

" မင်း ဘာလုပ်ချင်လို့လဲ "

ကျူးရှောင်ကျောင်းက တခစ်ခစ်ရယ်သည်။

" ပျော်စရာကောင်းတယ်လို့ ထင်လို့ လေ့လာဖို့ ဆုံးဖြတ်လိုက်တာပါ "

ယဲ့ဖန်က သူမကို မျက်စောင်းထိုးလိုက်သည်။

" ဘာလို့ အဆိပ်ကို လေ့လာချင်နေရတာလဲ။ မင်းက ဘယ်သူ့ကို ထိခိုက်အောင် လုပ်ချင်တာလဲ "

ကျူးရှောင်ကျောင်း၏ မျက်လုံးက လိမ္မာပါးနပ်သော အကြည့်များဖြင့် တောက်ပလာသည်။

" ငါ့အဘိုးကို ငါတောင်းဆိုသမျှ သဘောတူအောင် လုပ်ချင်တာ "

ယဲ့ဖန်က မထိန်းနိုင်ဘဲ တုန်လှုပ်နေသည်။

" ဘယ်လိုတောင် ရူးနေတဲ့မိန်းကလေးလဲ။ မင်းအဘိုးကိုတောင် အလွှတ်မပေးဘူးလား "

ကျူးရှောင်ကျောင်းက သူ့လက်ကိုဆွဲကာ ယမ်းလိုက်သည်။

" ဆေးတစ်ပြားလောက်ပဲ ပေးပါ။ နင့်မှာ အဆိပ်ဖြေဆေး ရှိတယ်မလား။ ငါက သူ့ကိုသတ်မှာ မဟုတ်ပါဘူး။ ငါ ဒီနေ့ နင့်ကို အများကြီး ကူညီပေးခဲ့တယ်လေ။ နင် ကျေးဇူးပြန်မပြနိုင်ဘူးလား "

ယဲ့ဖန်သည် သူ့အိတ်ကပ်ထဲမှ အဖြူရောင်ဆေးပြားကို မတတ်နိုင်ဘဲ ထုတ်ပေးလိုက်ရတော့သည်။

ကျူးရှောင်ကျောင်းက ချက်ချင်း ဆွဲယူလိုက်သည်။ သူမက နမ်းကြည့်လိုက်ပြီးနောက်

" ဘာလို့ ..... သကြားလုံးတွေလို့ ထင်ရတာလဲ "

ယဲ့ဖန်က ရယ်ချင်တာကို ထိန်းလိုက်သည်။

" စမ်းကြည့်ရင် သိမှာ မဟုတ်ဘူးလား "

ကျူးရှောင်ကျောင်းက ထိတ်လန့်တကြားဖြင့် ခေါင်းယမ်းလိုက်သည်။

" မစမ်းချင်ပါဘူး။ အဆိပ်ဖြေဆေးမပေးဘဲ ညစ်ပတ်တာတွေ လုပ်ခိုင်းရင် ဘယ်လိုလုပ်မလဲ ...... "

ယဲ့ဖန်က ချက်ချင်း မျက်လုံးပြူးသွားသည်။

" မင်းရဲ့ စိတ်ကူးတွေက တကယ်ကြီးတာပဲ။ ကိုယ်က ဒီလောက်ဆိုးလို့လား "

ကျူးရှောင်ကျောင်းက သူ့ကို အထင်အမြင်သေးစွာ စိုက်ကြည့်နေသည်။

" ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းသိပုံမပေါ်ဘူး "

ယဲ့ဖန်က ဆိုးသွမ်းသော အပြုံးကို ထုတ်ဖော်လိုက်သည်။

" ကိုယ်က ဆိုးတယ်လို့ မင်းပြောမှတော့ ဘယ်လောက်ဆိုးယုတ်လဲဆိုတာ ပြပေးမယ် "

သူက စကားပြောနေရင်း ဆေးပြားကို လက်မှဆွဲယူပြီး သူမပါးစပ်ထဲသို့ ထည့်လိုက်သည်။

ဆေးလုံးက သူမပါးစပ်ထဲ အရည်ပျော်သွားသည်။

ကျူးရှောင်ကျောင်းထွေးမထုတ်ခင်မှာပဲ မျိုချလိုက်မိသည်။ သူမ အရမ်းကြောက်သွားကာ မျက်နှာက ဖြူဖျော့သွားသည်။

" ယဲ့ဖန် နင် ရူးနေတာလား။ အဆိပ်ဖြေဆေး မြန်မြန်ပေး ..... "

ယဲ့ဖန်က သူမ၏ ရှက်ရွံ့သော အမူအရာကို မြင်လိုက်ရသည်။

ကျူးရှောင်ကျောင်းဒေါသထွက်လွန်းလို့ ငိုတော့မလို ဖြစ်နေသည်။

" နင် ရယ်နေသေးတာလား။ မြန်မြန် ဖြေဆေးပေး "

ယဲ့ဖန်က ပခုံးတွန့်လိုက်သည်။

" ကိုယ့်မှာ ဖြေဆေးမရှိဘူး "

ကျူးရှောင်ကျောင်းက နီရဲသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေသည်။

" ဘာလို့ အဆိပ်ဖြေဆေး မရှိတာလဲ။ ရွှယ်ကုန်းကို ပြောတော့ နင့်မှာ အဆိပ်ဖြေဆေးရှိတယ် "

ယဲ့ဖန်က သူ့နှာခေါင်းကို ထိလိုက်သည်။

" ကိုယ် သူ့ကို လိမ်ခဲ့တာ "

ကျူးရှောင်ကျောင်းအံ့အားသင့်သွားသည်။

" ဘာကိုဆိုလိုတာလဲ "

ယဲ့ဖန်က အမှန်အတိုင်းပြောပြခဲ့သည်။

" တကယ်တော့ ဒါက အဆိပ်မဟုတ်ပါဘူး။ ရိုးရိုးသကြားဆေးပဲ "

ကျူးရှောင်ကျောင်းအံ့ဩသွားသည်။

" သကြားလုံးတွေလား။ ဒါပေမယ့် … ရွှယ်ကုန်းက အသက်ရှုအောင့်လိုက်တာနဲ့ ဘာလို့ နာကျင်နေရတာလဲ "

ယဲ့ဖန်က ပြုံးပြီး ရှင်းပြသည်။

" သူ့ကို အပ်စိုက်တုန်းက တစ်ခုခုလုပ်လိုက်တာ။ အသက်ကို အောင့်လိုက်တာနဲ့ အဲ့ဒီအပ်စိုက်တဲ့နေရာ အချက်နှစ်ချက်က နာကျင်နေလိမ့်မယ်။ ရက်အနည်းငယ်ကြာတဲ့အထိဘဲ နာကျင်မှာပါ "

အပိုင်း ( ၅၈၀ )

လာ ကူစိတ်ပေးမယ်

ကျူရှောင်ကျောင်း က သူ့ကို စိုက်ကြည့်နေသည်။

" ရွှယ်ကုန်းက နင့်ရဲ့လှည့်ကွက်တွေကို မြင်သွားမှာကို မကြောက်ဘူးလား "

ယဲ့ဖန်က ယုံကြည်မှုအပြည့်နဲ့ ပြုံးလိုက်သည်။

" မတူညီတဲ့ အသက်မွေးဝမ်းကြောင်းတွေက မတူညီတဲ့ တောင်တွေလိုပဲ။ ခန္ဓာဗေဒအထူးပြုတဲ့ သူတို့လို မှုခင်းဆေးပညာဆရာဝန်တွေက ဒီလိုအရာတွေကို ဘယ်လိုလုပ် သိနိုင်မှာလဲ။ သူ့ကိုတောင် မပြောနဲ့၊ တရုတ်ဆေးဆရာဝန်ဟောင်းတွေတောင်မှ ကိုယ့်နည်းပညာကို မမြင်နိုင်ဘူး "

ကျူးရှောင်ကျောင်းဘာစကား ပြောရမှန်းမသိ ဖြစ်နေသည်။

သူမရဲ့ ဉာဏ်ရည်ထက်မြက်တဲ့ ဦးနှောက်ကိုတောင် ဒီကောင်က လှည့်စားလိမ့်မယ်လို့ သူမ မထင်ခဲ့ပေ။

ရွှယ်ကုန်းက အလွန်တုံးအကြောင့် သူက သေချာပေါက် မသိနိုင်ပေ။

" ကောင်းပြီ၊ ဒါကို ဆက်မေးမနေနဲ့တော့။ ဝမ်ဟုန်းသကိုရှာဖို့ အချိန်တန်ပြီ "

ယဲ့ဖန်က တခြားဘာမှ ထပ်မပြောဘဲ ကားကို နှိုးလိုက်သည်။

ကျူးရှောင်ကျောင်း၏ အချက်အလက်များအရ ဝမ်ဟုန်းသက လက်ရှိမှာ ဆင်ခြေဖုံးရပ်ကွက်ရှိ ကောင်းကျူမင်းအိမ်ကြီးတစ်ခုတွင် ပုန်းအောင်းနေသည်။

သူတို့နှစ်ယောက် ဗီလာကို ရောက်လာတဲ့အခါ ကောင်းကင်က မှောင်နေပြီဖြစ်သည်။

နှစ်ယောက်သား အိမ်ရှေ့သို့ ခိုးဝင်လာတဲ့အခါ တံခါးက တင်းတင်းကြပ်ကြပ် ပိတ်ထားသည်ကို တွေ့လိုက်ရသည်။ အထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ မမြင်နိုင်ပေ။

ကျူးရှောင်ကျောင်းက အသံတိုးတိုးဖြင့် မေးလိုက်သည်။

" ငါတို့ အခု ဘာလုပ်ကြမှာလဲ "

ယဲ့ဖန်က သူတို့ဘေးမှ နံရံကို ညွှန်ပြလိုက်သည်။

" နံရံပေါ်တက်ရအောင် "

ကျူးရှောင်ကျောင်းက သူ့လက်ညှိုးကို လှမ်းကြည့်လိုက်ရာ နံရံက သုံးမီတာလောက် မြင့်သည်ကို တွေ့လိုက်ရသည်။

သူမ အံ့သြသွားသည်။

" အရမ်းမြင့်တယ်လေ။ ငါတို့ ဘယ်လိုလုပ်ဝင်ရမှာလဲ "

ယဲ့ဖန်က တခြားဘာမှ မပြောပေ။ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်လိုက်ပြီး ရှေ့ကို အမြန်ပြေးတက်သွားသည်။ သူ့ခြေထောက်တွေက နံရံကို နှစ်ကြိမ်လောက်ထောက်ပြီး သုံးမီတာမြင့်တဲ့ နံရံပေါ်ကို ခုန်တက်သွားသည်။

ကျူးရှောင်ကျောင်း၏ ပါးစပ် ခြင်ဝင်မတတ် အဟောင်းသား ဖြစ်သွားသည်။

" ခေါင်မိုးနဲ့ နံရံတွေပေါ် ခုန်ရမှာလား "

ယဲ့ဖန်က သူမနှင့် စကားပြောရန် အချိန်မရှိပေ။

သူ့အင်္ကျီကို ချွတ်ပြီး သူမဆီသို့ ချပေးလိုက်သည်။

" မြဲမြဲကိုင်ထား "

ကျူးရှောင်ကျောင်းက သူ့အင်္ကျီကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။

ယဲ့ဖန်က သူမကို ဆွဲတင်လိုက်သည်။

ကျူးရှောင်ကျောင်းနံရံပေါ်တွင် ထိုင်နေပြီး အလွန်စိတ်လှုပ်ရှားနေသည်။

" ဟားဟား၊ ဒါက အရမ်းပျော်စရာကောင်းတယ် "

ယဲ့ဖန်က သူမပါးစပ်ကို အမြန်ပိတ်လိုက်သည်။

" မမလေး၊ ကိုယ်တို့က သူခိုးတွေ။ ကစားဖို့ ဒီရောက်နေတာ မဟုတ်ဘူး "

ထို့နောက် သူက အရင် ခုန်ဆင်းသွားသည်။

အသံမထွက်ဘဲ ပေါ့ပေါ့ပါးပါး ဆင်းသက်လိုက်သည်။

ထို့နောက် လက်နှစ်ဖက်ကိုဖွင့်ကာ ကျူးရှောင်ကျောင်းကို မော့ကြည့်လိုက်သည်။

" ခုန်ဆင်းခဲ့။ ကိုယ် မင်းကို ဖမ်းပေးမယ် "

ကျူးရှောင်ကျောင်းအနည်းငယ် ကြောက်လန့်သွားသည်။

" မဆင်းရဲဘူး ...... "

ယဲ့ဖန်က သူ့မျက်လုံးတွေကို ဝေ့လိုက်သည်။

" မင်း ခုနကတော့ တော်တော်လေး ရဲရင့်နေတာ မဟုတ်ဘူးလား။ အခုကျ ဘာလို့ကြောက်နေတာလဲ "

ကျူးရှောင်ကျောင်းတုန်လှုပ်သွားသည်။

" အရမ်းမြင့်လွန်းတယ်။ ငါ ဘယ်လိုလုပ် ခုန်ရမှာလဲ "

ယဲ့ဖန်က အချိန်အတော်ကြာအောင် စောင့်နေခဲ့သည်။

သူ စိတ်မရှည်တော့ပေ။

" ဒါဆို မင်း အဲ့ဒီမှာပဲ နေခဲ့လို့ရတယ်။ ကိုယ် အရင်သွားမယ် "

ယဲ့ဖန်က လှည့်ထွက်သွားဖို့ လုပ်သည်။

" ခုန်မယ် ဟုတ်ပြီလား "

ကျူးရှောင်ကျောင်းက ပြောပြီးတာနဲ့ ခုန်ဆင်းသွားသည်။

အခုနကထိ သေမတတ်ကြောက်ပြနေသော သူမက ရုတ်တရက် ခုန်ဆင်းလာလိမ့်မည်ဟု မမျှော်လင့်ထားပေ။

အလျင်စလိုဖြင့် သူမကို ပွေ့ရန် အမြန် လက်လှမ်းလိုက်သည်။

သူမ၏ အနေအထားကို မသေချာသဖြင့် သူ့အမြင်အာရုံက မည်းမှောင်သွားသည်ကို ခံစားလိုက်ရပြီး သူတို့နှစ်ယောက်လုံး မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။

" အား …နာလိုက်တာ "

ယဲ့ဖန်က သူမပါးစပ်ကို အမြန်ပိတ်လိုက်သည်။

" အသံတိုးဦး၊ အထဲကလူတွေ မကြားစေနဲ့ "

ကျူးရှောင်ကျောင်းက ရွံရှာစွာဖြင့် သူမ၏ ရင်ဘတ်မှ သူ့လက်ကို ဆွဲဖယ်လိုက်သည်။

" ငါ ခုန်မချဘူးလို့ ပြောထားသားဘဲ။ နင်က ဇွတ်ပြောနေလို့ ခုန်ချခဲ့တာကို အခုကျ ငါ့ကို ဖမ်းမပေးဘူး။ လူလိမ် နာလိုက်တာ ....... "

ကျူးရှောင်ကျောင်းက သူ့လက်ကို ချက်ချင်းကိုက်လိုက်သည်။

ယဲ့ဖန်က နာကျင်မှုကြောင့် ရှုံ့တွနေသော်လည်း အသံမထွက်ရဲပေ။

ဆိုးရွားတဲ့ အမှားတစ်ခုကို လုပ်မိကြောင်း သူသိလိုက်သည်။

သူမကို ဒီခေါ်လာဖို့ သူ သဘောမတူခဲ့သင့်ပေ။

မိန်းမတွေက ဒုက္ခအရမ်းပေးတယ်။

ထိုအချိန် အတွင်းထဲမှ လူတစ်ယောက်ရဲ့ အသံကို ရုတ်တရက် ကြားလိုက်ရသည်။

" အပြင်မှာ ဘာသံလဲ "

ယဲ့ဖန် အံ့သြသွားသည်။

သူက ကျူးရှောင်ကျောင်း၏ ပါးစပ်ကို အမြန်အုပ်လိုက်သည်။

သူမက အန္တရာယ်ကို ထင်ရှားစွာ သိခဲ့ပြီး နောက်ထပ် ဆူညံသံ ထပ်မလုပ်တော့ပေ။

ထို့နောက် မိန်းမတစ်ယောက်၏ ခပ်ညှို့ညှို့ အသံကို ကြားလိုက်ရသည်။

" ဘာသံလဲ။ အရမ်း သတိထားနေတာ မဟုတ်ဘူးလား "

" အကဲဆတ်တတ်တဲ့သူတွေက အသက်ရှည်နိုင်တယ်။ ငါ အပြင်သွားကြည့်လိုက်ဦးမယ် ...... "

ခဏကြာတဲ့အခါ ဘောင်းဘီရှည်ကြီးဝတ်ထားတဲ့ ယောက်ျားတစ်ယောက်က ဓာတ်မီးနဲ့ ထွက်လာသည်။

ယဲ့ဖန်က ကျူးရှောင်ကျောင်းကို မြက်ခင်းပြင်ထဲသို့ အမြန် ဖိချလိုက်သည်။ သူ့ခန္ဓာကိုယ်က သူမကို ဖိမိနေသည်။

ကျူးရှောင်ကျောင်းက သူ့ကို တွန်းထုတ်ချင်နေသည်။

ထိုအချိန်တွင် ဓာတ်မီး၏ အလင်းတန်းက သူတို့ ဦးတည်ရာသို့ တောက်လာသည်။

သူမက အလွန်ထိတ်လန့်သွားပြီး ရုန်းကန်နေမှုကို အမြန်ရပ်တန့်လိုက်သည်။

သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း အချင်းချင်းရဲ့ အသက်ရှူသံတွေကို ခံစားလိုက်ရသည်။

ကျူးရှောင်ကျောင်းဒီလောက် အံ့သြဖွယ်ကောင်းတဲ့ ခံစားချက်မျိုး တစ်ခါမှ မကြုံဖူးပေ။

သူမ၏နှလုံးသားက ချက်ချင်း တဆတ်ဆတ်ခုန်လာသည်။

ထိုလူက အပြင်မှာ အကြာကြီး လှည့်ပတ်ကြည့်နေခဲ့သည်။ နောက်ဆုံးမှာ ထူးထူးခြားခြား ဘာမှ မတွေ့တာကြောင့် လှည့်ပြီး ပြန်ဝင်သွားသည်။

ယဲ့ဖန်က သက်ပြင်းချလိုက်သည်။

" အဆင်ပြေသွားပြီး "

သူက ကျူးရှောင်ကျောင်းကို ငုံ့ကြည့်လိုက်သည်။

နောက်ကျနေပြီဖြစ်သော်လည်း အိမ်အတွင်းထဲ ပြတင်းပေါက်မှ အလင်းရောင်ကြောင့် သူမ၏ ရှက်ရွံ့နေသောမျက်နှာကို မြင်လိုက်ရသည်။

သူမ၏ ခန္ဓာကိုယ်မှ ပျော့ပျောင်းမှုကို ခံစားလိုက်ရကာ သူ့နှလုံးခုန်မြန်လာပြီး အသက်ရှူသံများလည်း လေးလံလာသည်။

သူက အလိုအလျောက် ခေါင်းငုံ့မိသွားသည်။

ကျူးရှောင်ကျောင်းက ယဲ့ဖန် ချဉ်းကပ်လာသည်ကို ကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွားသည်။

ထိတ်လန့်ခြင်းအပြင် သူမ၏ နှလုံးသားထဲမှ မျှော်လင့်ခြင်းအရိပ်အယောင်တွေလည်း ရှိနေခဲ့သည်။

သို့သော် တစ်ခုခုမှားနေပြီဟု သူမ ခံစားမိသည်။

သူတို့ ဒီမှာ သူခိုးလာလုပ်တာ မဟုတ်ဘူးလား။ ဘာလို့ ရုတ်တရက်ကြီး မရှင်းမလင်းတွေ ဖြစ်သွားတာလဲ။

All Chapters