← Chapters

အပိုင်း ၅၉၃-၅၉၆

Vol. 30 Ch. 593-596

အပိုင်း ၅၉၃-၅၉၆

Vol. 30 Ch. 593-596

အပိုင်း ( ၅၉၃ )

အဲ့တာက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တာ၊ ဟုတ်ပြီလား

ကျောင်းဖုလင်၏ စကားသည် လူတိုင်းကို ထိတ်လန့်စေသည်။

ငြိမ်းချမ်းရေး ယူချင်တယ်လို့ ပြောရတာ ဝမ်းသာစရာ ကောင်းပေမယ့် တကယ်တော့ အသနားခံနေရတဲ့အဓိပ္ပာယ် သက်ရောက်နေသည်။

ဒီလိုစကားက ကျောင်းဖုလင်၏ပါးစပ်မှ ထွက်လာသည်ဟုပင် မယုံနိုင်ခဲ့ကြပေ။

ကျောင်းမိသားစုသည် ယန်းချန်တွင် နံပါတ်တစ်မိသားစုဖြစ်ခေသည်။

ကျောင်းဖုလင်သည် ကျောင်းမိသားစု၏ ပထမဆုံး အမွေဆက်ခံသူဖြစ်သည်။

ထိုသို့သော အခြေအနေမျိုးဖြင့် သူက အသနားခံရန် ရီချန်းကျယ်ဆီသို့ အမှန်တကယ်ပင် ရောက်ရှိလာခဲ့သည်။

ရီချန်းကျယ် ကိုယ်တိုင်တောင် မယုံနိုင်ပေ။

" ဂုဏ်သိက္ခာရှိလှတဲ့ သခင်လေးကျောင်းက ငါနဲ့ ငြိမ်းချမ်းရေးယူဖို့ ဒီကို ရောက်လာတာလား။ ငါ့ကို နောက်နေတာလား "

Wei Changfengလည်း ထရပ်ကာ ရယ်မောလိုက်သည်။

" ကျောင်းလူကြီးမင်း၊ ခင်ဗျား လွန်လွန်ကဲကဲ လုပ်နေတာဘူးလား။ မင်းတို့ အတူတူ သရုပ်ဆောင်နေတာလား "

ရီချန်းကျယ်သည် သူ၏ သတိပေးချက်ကိုကြားပြီးနောက် လော့ကျင်းယွမ်၊ ချန်းချုံရှန်း နှင့် ဟုရွမ်ယုတို့ကို ကြည့်လိုက်သည်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး မသင်္ကာစရာ အရာတစ်ခုတော့ ရှိနေခဲ့သည်။

ဒီလူများသည် ယဲ့ဖန်၏ အမာခံအဖွဲ့ဝင်များ ဖြစ်ကြသော်လည်း ယခုအခါ သူတို့အားလုံးက သူ့လက်အောက်ခံ ဖြစ်လာကြသည်။

အစပိုင်းမှာ သူပျော်နေသည့်အတွက် သိပ်ပြီးမစဉ်းစားမိခဲ့ပေ။

ထိုအချိန်တွင် ကျောင်းဖုလင်က သူတို့ဆီ ရောက်လာခြင်းက သံသယဖြစ်စရာ ဖြစ်ခဲ့သည်။

ကျောင်းဖုလင်က သူ့အမေးကို ခါးခါးသီးသီး ပြုံးလိုက်သည်။

" ရီညီလေး… မဟုတ်ဘူး ရီသခင်လေး၊ ကျွန်တော် မျက်နှာပျက်ရမှာ မကြောက်ပါဘူး။ တကယ်တော့ … ကျောင်းမိသားစုက အပြင်ပိုင်းမှာ သန်မာနေပေမယ့် အတွင်းပိုင်းမှာက အားနည်းနေပါတယ်။ အရာအားလုံးကို ထိန်းသိမ်းဖို့ အဖေအိုကြီးကို အားကိုးနေရတာပါ။ အခု အဘိုးအိုကြီးက သေခြင်းတိုက်ပွဲအလယ်မှာ ရှိနေပါတယ် "

" ဟူး၊ ကျောင်းမိသားစုက အရမ်းကို ခက်ခဲတဲ့ အခြေအနေမှာ ရှိတာပါ "

ရီချန်းကျယ်က သူ့စကားကို မငြင်းဆန်ခဲ့ပေ။

ကျောင်းမိသားစုကို သခင်ကြီးကျောင်း တစ်ယောက်တည်းကသာ ထိန်းသိမ်းထားကြောင်း သူသိပြီးဖြစ်ကာ ကျောင်းသခင်ကြီးဟာ ပြင်းထန်စွာ နာမကျန်းဖြစ်နေကြောင်းကိုလည်း သူသိထားသည်။

ယန်းချန်မှာရှိတဲ့ အင်အားစု တော်တော်များများက ကျောင်းသခင်ကြီး လုံးဝသေဆုံးဖို့ကို စောင့်မျှော်နေကြပါသည်။

ထို့နောက် သူတို့က အုံကြွပြီး ကျောင်းမိသားစုကို ခွဲနိုင်မှာဖြစ်သည်။

ကျောင်းဖုလင်က သူ့မျက်နှာကို ကြည့်ပြီး ဆက်ပြောသည်။

" ဘာလို့ ယဲ့ဖန်ကို ဒီလောက် ချည်နှောင်ထားရမှာလဲ။ သူနဲ့ ဆက်ဆံရေးကောင်းတယ်လို့ တကယ်ထင်နေတာလား။ သူ့ကို အစ်ကိုလို ဆက်ဆံတယ်လို့လေ "

ရီချန်းကျယ်က သူ့ကို စိုက်ကြည့်နေသည်။

" အဲ့တာ အမှန်ပဲ မဟုတ်လား "

ကျောင်းဖုလင်က ချက်ချင်း လှောင်ပြောင်လိုက်သည်။

" ကျွန်တော်က ကျောင်းမိသားစုရဲ့ ပထမဆုံး အမွေဆက်ခံသူပါ။ သူ့လို မြို့သေးသေးလေးက ကလေးတစ်ယောက်သာသာကို ဘာလို့ ညီအစ်ကိုတော်ချင်ရမှာလဲ "

ရီချန်းကျယ်သည် မျက်လွှာမချဘဲ သူ့ကိုကြည့်နေသည်။

" ဒါဆို မင်း ဘာလို့လုပ်တာလဲ "

ကျောင်းဖုလင်သည် ရက်စက်သော အပြုံးကို ထုတ်ဖော်လိုက်သည်။

" ကျွန်တော် သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ချင်တယ်။ ပြီးတော့ သူ့လုပ်ငန်းတွေကို သိမ်းပိုက်ပြီး ကျောင်းမိသားစုရဲ့ အာဏာကို ရှည်စေဖို့အတွက် သူ့ရဲ့ ဉာဏ်ရည်တွေကို အခွင့်ကောင်းယူပြီး အသုံးချဖို့ လုပ်ခဲ့တာပါ "

" ဟား ..... "

ရောက်လာသူအားလုံးသည် သူ့စကားကို ကြားသောအခါ မထိန်းနိုင်ဘဲ ဟာခနဲဖြစ်သွားကြသည်။

ဒီ ကျောင်းဖုလင်က အရမ်းရက်စက်လွန်းတယ်။

အပေါ်ယံကြည့်တော့ သူတို့က ညီအစ်ကိုတွေလို နေကြပြီးတော့ နောက်ကွယ်ကျ သူ့ပိုင်ဆိုင်မှုတွေကို သိမ်းယူရန် ကြံစည်နေတာတဲ့။

ဒါက အပြုံးထဲမှာ ဝှက်ထားတဲ့ ဓားတစ်လက်ပဲ။

ရီချန်းကျယ်က ခဏလောက် စဉ်းစားလိုက်ပြီး သူ့စကားရဲ့ ၇၀-၈၀% ကို ယုံကြည်ခဲ့သည်။

တကယ်တော့ သူလည်း အမြဲတမ်း သိချင်နေခဲ့တာဖြစ်သည်။

သာမာန်အားဖြင့် ကျောင်းဖုလင် ကဲ့သို့သောလူများသည် အလွန်မာနကြီးကြသည်။

သူက ဘာလို့ ယဲ့ဖန်လိုလူကို ဇွတ်ညီအစ်ကိုလုပ်နေမှာလဲ။

သူ့ရှင်းပြချက်ကို ကြားလိုက်ရတော့ ချက်ချင်းပင် အဓိပ္ပါယ်ရှိသွားသည်။

ဒီတော့ သူက ယဲ့ဖန်ရဲ့ ပိုင်ဆိုင်မှုကို သိမ်းယူဖို့လုပ်ထားတာလား။

သူက ကျောင်းဖုလင် ကို ထပ်ကြည့်လိုက်သည်။

" ဒါကို ငါ့ကိုပြောတာက ဘာကိုဆိုလိုတာလဲ "

ကျောင်းဖုလင်သည် ချက်ချင်းပင် တုန်လှုပ်ချောက်ချားသော အမူအရာကို ပြသခဲ့သည်။

" စီစဉ်ထားပြီးသားပါ။ ဒါပေမယ့် ရီသခင်လေးက အရင် အကွက်ရွှေ့ပြီး ဒီကလေးကို ထောင်ထဲပို့ဖို့ မမျှော်လင့်ထားဘူး ..... "

ရီချန်းကျယ် သည် ချက်ချင်း သူ့ကို စိတ်မချမ်းသာစွာ စိုက်ကြည့်လိုက်သည်။

" ဘာတွေ လျှောက်ပြောနေတာလဲ။ ဒီကလေးက လူတွေကို ရည်ရွယ်ချက်နဲ့ သတ်လိုက်တာ။ သူ့ဘာသာ သေတွင်းတူးတာ ငါနဲ့ဘာဆိုင်လဲ "

ကျောင်းဖုလင် ခေါင်းညိတ်လိုက်သည်။

" ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ သူကပဲ အဲ့လိုတောင်းဆိုတာပါ။ သခင်လေးနဲ့ ဘာမှမဆိုင်ပါဘူး။ ဆိုလိုချင်တာက ရီသခင်လေးက အဲ့ကောင်လေးရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းတဲ့အခါ ကျောင်းမိသားစုအတွက် အမြတ်ဝေစု နည်းနည်းပေးလို့ရမလား။ သခင်လေးသာ သဘောတူရင် နောင်အနာဂတ်မှာ ကျွန်တော်က ကျောင်းမိသားစုရဲ့ အကြီးအကဲရာထူးကို အမွေဆက်ခံရရင် ရီမိသားစုရဲ့ ဦးဆောင်မှုနောက်ကို လိုက်မှာ သေချာပါတယ် "

ရီချန်းကျယ်သည် သူ့စကားကို ကြားသောအခါ မျက်လုံးများက ချက်ချင်း အရောင်ပြောင်းသွားသည်။

ခဏအကြာတွင် သူက တောက်ပသော အပြုံးကို ချက်ချင်း ထုတ်ဖော်လိုက်သည်။

" ဟားဟားဟား၊ အစ်ကိုဖုလင်က အရမ်းကို ယဉ်ကျေးလွန်းတာပဲ။ မျှဝေတယ်ဆိုတာက ဘာကိုဆိုလိုတာလဲ။ အစ်ကိုက ဒါကို စီစဉ်နေတာ ကြာပြီဆိုတော့ အငယ်က ဘယ်လိုလုပ် အရင်ယူရဲပါ့မလဲ။ ယဲ့ဖန်လက်အောက်က လုပ်ငန်းတွေကို စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ မင်းရွေးပြီးမှ ကျန်တာကို ငါရွေးမယ် "

ကျောင်းဖုလင်သည် ရုတ်တရက် အံ့အားသင့်သော အကြည့်ဖြင့်ကြည့်လိုက်သည်။

" သခင်လေး၊ ကျေးဇူးပြုပြီး အဲ့လိုမပြောပါနဲ့။ တရားမျှတဖို့ဆိုရင် သူ့လုပ်ငန်းတွေကို ၅၀-၅၀ ခွဲပါ့မယ် "

ရီချန်းကျယ်က ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်

" ကောင်းပြီ၊ အဲ့တာဆိုရင် အစ်ကိုဖုလင်၊ မြန်မြန်ထိုင်ပါ "

ထို့နောက် သူက ဝေ့ချန်းဖန်းကို လှည့်ကြည့်လိုက်သည်။

" ချန်းဖန်း၊ အနောက်ဘက်ကိုရွှေ့ပြီး အစ်ကိုဖုလင်ကို ဒီမှာထိုင်ခိုင်းလိုက်ပါ "

Wei Changfeng၏မျက်နှာသည် တုန်လှုပ်သွားသော်လည်း စကားတစ်ခွန်းမှ မပြောဘဲ မတ်တပ်ရပ်ကာ ထိုင်နေရာမှ ထလိုက်သည်။

သူသည် ရီချန်းကျယ်ပြီးနောက် အမြင့်ဆုံးအဆင့်အတန်းရှိခဲ့သည်။

အခုအခါတွင် လော့ကျင်းယွမ် နှင့် ကျောင်းဖုလင် တို့ရောက်ရှိလာပြီး သူ့ကို အလယ်တန်းရာထူးသို့ တွန်းပို့ခံခဲ့ရသည်။

ဒီလို စိတ်ပိုင်းဆိုင်ရာ ကွဲလွဲမှုမျိုးက သူ့ကို သိပ်စိတ်မချမ်းသာစေပေ။

ရီချန်းကျယ်ကတော့ သူဘာတွေတွေးနေလဲဆိုတာကို ဂရုမစိုက်ချေ။

သူသည် ကျောင်းဖုလင်ကို စိတ်အားထက်သန်စွာ ဆွဲခေါ်ကာ သူ့ဘေးတွင် ဝင်ထိုင်စေလိုက်သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က သူတို့နှစ်ဦးကြားတွင် ဖြစ်ပျက်ခဲ့သော အဆင်မပြေမှုများကို မေ့လျော့သွားသကဲ့သို့ပင် သူတို့သည် ရက်ပေါင်းများစွာ မတွေ့မမြင်ခဲ့ရသော ညီအစ်ကိုကောင်းများကဲ့သို့ ပြောဆိုနေကြသည်။

ကျောင်းဖုလင်သည်လည်း စိတ်လှုပ်ရှားနေပုံရပြီး ရီချန်းကျယ်ကို ခွက်တိုက်လိုက်သည်။

ရီချန်းကျယ်သည် မျက်နှာပြင်ပေါ်တွင် စိတ်အားထက်သန်နေပုံရသော်လည်း အမှန်တကယ်တော့ သူ့နှလုံးသားထဲတွင် လှောင်ရယ်နေခဲ့လေသည်။

ဒီလူမိုက်က သူ့ကို အစ်ကိုလိုဆက်ဆံမယ်လို့ တကယ်ထင်နေတာလား။

ဒီလိုဆုတ်ယုတ်မည့်မိသားစုသည် သူနှင့်တန်းတူ ဘယ်လိုလုပ် ရပ်တည်နိုင်မှာလဲ။

ပထမဦးစွာ ပေါင်းသင်းထားရမည်။

သို့သော်အချိန်တန်သောအခါတွင် သူသည် သူတို့ကျောင်းမိသားစု၏ လုပ်ငန်းများကိုပါ သိမ်းယူ ခံစားပစ်မည်ဖြစ်သည်။

......................

တစ်ချိန်တည်းမှာပဲ ယဲ့ဖန်ကို ရုံးမှာ စစ်ဆေးမေးမြန်းနေလေသည်။

" အမည် "

" ယဲ့ဖန် "

" အသက် "

" နှစ်ဆယ် "

" ကျားမ "

" ယောက်ျားဖြစ်သင့်တယ် မဟုတ်လား "

ယဲ့ဖန် ပြုံးလိုက်သည်။

" မင်း လှည့်စားတာမျိုးမလုပ်ဘဲ ရိုးရိုးသားသား ပူးပေါင်းဆောင်ရွက်ဖို့ အကြံပေးတယ် "

သူ့ဘေးတွင် ထိုင်နေသော အရာရှိက လေးနက်တဲ့ မျက်နှာထားနှင့်ပြောသည်။

" ဒီလိုတောင်ဖြစ်နေပြီ။ တခြား ဘာလုပ်လို့ရမှာလဲ "

ယဲ့ဖန်သည် သူ့လက်ကောက်ဝတ်ပေါ်မှ လက်ထိတ်ကို ကိုင်လိုက်သည်။ သူ့မျက်နှာတွင် အားကိုးရာမဲ့သော အမူအရာရှိနေသည်။

" ပထမဦးဆုံး မင်းရဲ့ရာဇ၀တ်မှုဖြစ်စဉ်ကို အသေးစိတ်ရှင်းပြပါ "

အရာရှိက သူ့အလုပ်သူ လုပ်နေသည်။

" ရဲဘော်၊ ခင်ဗျား ပြောတာကို မကြိုက်ဘူး။ မှုခင်းဖြစ်စဉ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ အဲ့တာက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တာလေ၊ ဟုတ်တယ်မလား "

ယဲ့ဖန် ချက်ချင်း အော်လိုက်သည်။

အပိုင်း ( ၅၉၄ )

ဒီကောင်က သရုပ်ဆောင်ကောင်းလွန်းနေတာမဟုတ်ဘူးလား

" အခင်းဖြစ်ပွားရာနေရာမှာ စောင့်ကြည့်ကင်မရာတွေရှိတယ်။ ကြည့်ရင်သိမှာပါ။ လက်နက်ကြီးတွေနဲ့ လိုက်ဖမ်းနေတဲ့ သူတွေ ဆယ်ယောက်ကျော်ရှိတယ်။ ပြန်တိုက်ဖို့ဘဲ ရှိတော့လို့လေ။ ပြီးတော့ ကျွန်တော် ဘာလုပ်နေလဲဆိုတာ ကိုယ့်ဘာသာ သိတယ်။ ဘယ်သူ့ကိုမှ သတ်မိဖို့ဆိုတာ မဖြစ်နိုင်ဘူး ...... "

အရာရှိနှစ်ယောက်သည် ချက်ချင်းပင် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ မျက်ခုံးပင့်သွားကြသည်။

" ကျွန်တော်တို့ အထောက်အထားတွေ စုဆောင်းဖို့ ရှေးဟောင်းပစ္စည်းဆိုင်ကို သွားခဲ့ပြီးပါပြီ၊ ဒါပေမယ့် ဆိုင်မှာရှိတဲ့ စောင့်ကြည့်ရေးကိရိယာတွေ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး ဗီဒီယိုဖိုင်တွေလည်း ဖျက်ဆီးခံခဲ့ရပါတယ်။ အခင်းဖြစ်ပွားရာနေရာမှာ ဖြစ်ခဲ့တဲ့ ထောက်လှမ်းရေး ဗီဒီယိုကို ကျွန်တော်တို့ မရရှိခဲ့ပါဘူး "

စစ်ကြောရေးတာဝန်ခံအရာရှိက ထပ်မံပြောလိုက်သည်။

ယဲ့ဖန်၏ အမူအရာမှာ ငြိမ်သက်သွားသည်။

" တစ်စုံတစ်ယောက်မှာ အပြစ်ရှိတယ်ဆိုတာ ထင်ရှားနေတာပဲ။ အဲ့တာကြောင့်ပဲ သူတို့က အခင်းဖြစ်တဲ့နေရာမှာရှိတဲ့ စောင့်ကြည့်ကင်မရာတွေကို တမင်တကာ ဖျက်ဆီးခဲ့တာ ပေါ့။ သူတို့ရဲ့ ရည်ရွယ်ချက်က ဒီအမှု စုံစမ်းစစ်ဆေးတာကို တားဆီးဖို့ပဲ ..... "

အရာရှိက ခေါင်းညိတ်ပြပြီး အသေးစိတ်အချက်အလတ်တွေကို အမြန်မှတ်လိုက်သည်။

" စောင့်ကြည့်ရေးဗီဒီယိုကို ဘယ်သူက ဖျက်ဆီးခဲ့တာလဲဆိုတာ ကျွန်တော်တို့ ရှာဖွေရမှာပါ။ ဘာဖြစ်တာလဲ အရင်ပြောပြပါဦး "

ယဲ့ဖန်သည် ဖြည်းဖြည်းချင်း ပြန်ထိုင်လိုက်ပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

" ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ တစ်စုံတစ်ယောက်က အထောက်အထားတွေကို ဖျက်ဆီးပစ်မယ်ဆိုတာ ကျွန်တော်သိလိုက်တယ်။ အဲ့တာကြောင့် မိတ္တူကူးယူခဲ့တယ် "

အရာရှိနှစ်ယောက်၏ မျက်လုံးများ တောက်ပလာသည်။

" အရန်သိမ်းထားတာ ဘယ်မှာလဲ "

ယဲ့ဖန်က သူ့မေးစေ့ကိုသုံးပြီး သူ့ဘောင်းဘီရဲ့ ညာဘက်အိတ်ကပ်ကို ညွှန်ပြလိုက်သည်။

" အိတ်ကပ်ထဲမှာ မန်မိုရီကတ် ရှိတယ် "

အရာရှိက ချက်ချင်း လမ်းလျှောက်လာပြီး သူ့အိတ်ကပ်ထဲက မန်မိုရီကတ်ကို ထုတ်ယူလိုက်သည်။

စစ်ဆေးရေးတာဝန်ခံအရာရှိကို " ခဏစောင့်ပါ " ဟု ပြောသွားသည်။

ထို့နောက် စစ်ကြောရေးအခန်းထဲမှ အမြန်ထွက်လာခဲ့သည်။

အချိန်အတော်ကြာပြီးနောက် သူပြန်လာပြီး ယဲ့ဖန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

" မင်းအရင်က ကွန်ဖူးကို သင်ဖူးတာလား "

သူတို့သည် စောင့်ကြည့်ရေးဗီဒီယိုကို ယခုပင် စစ်ဆေးခဲ့သည်။

ယဲ့ဖန် ပြောသည့်အတိုင်း ကျိုးထယ်ကျွန်းနှင့် အခြားသူများသည် သူ့နောက်ကို လက်နက်ကြီးဖြင့် လိုက်ကြသူများဖြစ်သည်။

လက်တုံ့ပြန်ဖို့ကလွဲပြီး သူ့မှာ ရွေးချယ်စရာမရှိခဲ့ပေ။

သူတို့ကို ပိုအံ့သြသွားစေတသည်မှာ ယဲ့ဖန်ရဲ့ အရည်အချင်းတွေက တကယ်ကို ပြင်းထန်လွန်းတာကြောင့်ဖြစ်သည်။

တစ်မိနစ်မပြည့်ခင်မှာပင် သူသည် လက်နက်တွေနှင့် ရာဇ၀တ်ကောင်တစ်ဒါဇင်ကျော်ကို ထိန်းနိုင်ခဲ့သည်။

ဤကဲ့သို့သော ခွန်အားသည် တုန်လှုပ်ချောက်ချားစရာကောင်းသည်။

ယဲ့ဖန် က ထိုမေးခွန်းကိုကြားပြီး ရိုးသားစွာသည်။

" ကျွန်တော်က လေချွန်သိုင်းကို နည်းနည်းလေ့လာထားဖူးပေမယ့် ကျွန်တော့်ရဲ့ခွန်အားက သာမန်လောက်ပါပဲ "

အရာရှိ၏မျက်နှာသည် တုန်လှုပ်သွားသည်။

ဒီကောင်က ဟန်ဆောင်ကောင်းလွန်းတယ် မဟုတ်လား။

သူသည် ရဲအကယ်ဒမီတွင် တိုက်ခိုက်ခြင်းများကို သင်ယူခဲ့ပြီး ကျောင်းတစ်ခုလုံးတွင် ပထမနေရာကိုပင် ရရှိခဲ့သည်။

သို့ပေမယ့် ယဲ့ဖန်နှင့် တိုက်ခိုက်နိုင်မလားဟု သူ့ကိုယ်သူ မေးလျှင် သူ တစ်ချက်တည်းနဲ့ အသတ်ခံရလိမ့်မည်ဖြစ်သည်။

အကယ်၍ တစ်ဖက်သား၏ အင်အားကို သာမန်ဟုသာ ခေါ်နိုင်လျှင် သူ၏အင်အားကို အမှိုက်ဟုသာ ခေါ်နိုင်သည်။

သူ့စိတ်ထဲတွင် သက်ပြင်းချပြီးနောက် အရာရှိသည် သူ၏လေးနက်သော အမူအရာဆီသို့ ပြန်သွားခဲ့သည်။

" ကျွန်တော်တို့ အခုပဲ စောင့်ကြည့်ကင်မရာတွေကို စစ်ဆေးပြီးပါပြီ။ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ အတင်းအကြပ်လုပ်ခိုင်းခံခဲ့ရတာ အမှန်ပါ။ ဒါပေမဲ့ မင်းက အလွန်တုံ့ပြန်မိသွားတယ်ဆိုတဲ့အချက်ကို ပြောင်းလဲဖို့က ခက်ခဲနေသေးတယ်။ ကျိုးထယ်ကျွန်းက မင်းကြောင့် ဒဏ်ရာအပြင်းအထန်ရပြီး သေသွားတာ ..... "

ယဲ့ဖန်က သူ့စကားကို ပြီးအောင် မစောင့်ဘဲ နှောင့်ယှက်လိုက်ပြန်သည်။

" ရဲဘော်၊ ခင်ဗျား ကျွန်တော့်ခွန်အားကို မြင်နိုင်မယ်လို့ ယုံတယ်။ ကျွန်တော့်ရဲ့ ခွန်အားနဲ့ လုပ်ရပ်တွေကို ထိန်းချုပ်နိုင်မှာမဟုတ်ဘူးလို့ ထင်လား။ တန်ပြန်လုပ်ခဲ့တဲ့ ဒဏ်ရာတွေက မသေနိုင်ဘူးလို့ အာမခံနိုင်တယ် "

အရာရှိက အေးစက်စွာ ပြောလိုက်သည်။

" ဒါပေမယ့် ကျိုးထယ်ကျွန်းရဲ့ သေဆုံးမှုအစီရင်ခံစာက ဒီနေရာမှာ ရှိနေတယ်လေ။ သူ့ခန္ဓာကိုယ်မှာ သေစေလောက်တဲ့ ဒဏ်ရာတွေက တကယ်ပဲ မင်းကြောင့်ဆိုတာကို မင်းငြင်းလို့မရဘူး "

ယဲ့ဖန်က ပုခုံးတွန့်လိုက်ပြီး ပြောသည်။

" ဒီမှုခင်းဆရာဝန်ကို တစ်ယောက်ယောက်က လာဘ်ထိုးရင်ရော ဘာဖြစ်မလဲ "

အရာရှိက အံ့အားသင့်သွားသည်။

" ဒေါက်တာရွှယ်က ငါတို့နဲ့ အလုပ်လုပ်နေတာ နှစ်အတော်ကြာနေပြီ။ ဒါပေမယ့် တရားမမျှတတာမျိုး ဘယ်တုန်းကမှ မရှိဖူးဘူး။ မဖြစ်နိုင်ဘူး မဟုတ်လား "

ယဲ့ဖန်က သူ့မျက်နှာမှာ အပြုံးမပျက်ပေ။

" ခင်ဗျား သူ့ကို သွားမေးသင့်တယ်။ သူ့မှာ မျှော်လင့်မထားတဲ့ ဆုလက်ဆောင်တွေ ရှိနေမလားဆိုတာကို "

ဘေးအခန်းရှိ ခေါင်းဆောင်အချို့က ယဲ့ဖန်၏ စွမ်းဆောင်ရည်ကို စောင့်ကြည့်ကင်မရာမှ ကြည့်နေကြသည်။

" သူပြောတာက အဓိပ္ပာယ်ရှိမယ် ထင်လား "

" အဓိပ္ပာယ်ရှိမယ်လို့တော့ထင်တယ်။ သူ့ရဲ့ ကြံ့ခိုင်မှုနဲ့ သူရဲ့ တိုက်ခိုက်မှုနဲ့သာဆို ထိန်း နိုင်လောက်မယ် "

" ဒါဆို ငါတို့ ဒေါက်တာရွှယ်ကို ခေါ်သင့်လား။ အကဲဖြတ်အစီရင်ခံစာ၏ စစ်မှန်ကြောင်းကို အတည်ပြုဖို့ "

" ဒါပေမယ့်၊ ဒေါက်တာရွှယ်က မှုခင်းဆေးပညာ ဆရာဝန်တစ်ဦးဖြစ်တဲ့အပြင် နှစ်တွေအများကြီး အမှားတစ်ခါမှ မလုပ်ခဲ့ဖူးပါဘူး။ ဒီလိုကိစ္စမျိုးမှာ ဒီလောက်အဆင့်နိမ့်တဲ့အမှားကို သူက ဘယ်လိုလုပ် လုပ်နိုင်မှာလဲ "

" ......... "

လူတိုင်းက ဆွေးနွေးကြသည်။

ထိုအချိန် ရုတ်တရက် ဝန်ထမ်းတစ်ယောက်က တံခါးလာခေါက်ပြီး ဝင်လာခဲ့သည်။

" ခေါင်းဆောင်တို့၊ ရွှယ်ကုန်းက သူကိုယ်တိုင် ရောက်လာခဲ့ပါတယ်။ လာဘ်ထိုးငွေကို လက်ခံပြီး သေဆုံးမှုမှတ်တမ်း အစီရင်ခံစာအတုကို ထုတ်ခဲ့ပါတယ်တဲ့ "

ထိုစကားကို ပြောပြီးသည်နှင့် တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။

ခေါင်းဆောင်များသည် တစ်ယောက်ကိုတစ်ယောက် ကြောင်အစွာကြည့်နေကြသည်။

သူတို့သည် ရွှယ်ကုန်း၏ ကိုယ်ကျင့်တရားကို ယုံကြည်ကြောင်း ကတိပြုခဲ့ကြသည်။

သို့ပေမဲ့ နောက်စက္ကန့်ပိုင်းအတွင်းမှာ ဒေါက်တာရွှယ်က သူ့ကိုယ်သူ အရင်ဝန်ခံလာခဲ့သည်။

ဒါဆို သေဆုံးမှုအစီရင်ခံစာက အတုလား။

လူသတ်သမားက တခြားတစ်ယောက် ဖြစ်နေတာလား။

......................

မသေမျိုးဟိုတယ်စားသောက်ဆိုင်တွင် ရီချန်းကျယ်နှင့် အခြားသူများသည် စိတ်နှလုံး ကျေနပ်သည်အထိ စားသောက်နေကြသည်။

ထိုအချိန် Mercedes-Benz MPVသည် အပြင်ဘက်တွင် ရုတ်တရက် ရပ်တသွားသည်။

ထို့နောက် ကားတံခါးပွင့်လာပြီး အမျိုးသမီးတစ်ဦး ကားပေါ်မှ အမြန်ထကာ စားသောက်ဆိုင်ထဲသို့ ဝင်လာခဲ့သည်။

အားလုံးက တူတွေ၊ ဇွန်းတွေကို ချလိုက်ပြီး ထိုအမျိုးသမီးကို လှည့်ကြည့်လိုက်သည်။

ထိုအမျိုးသမီးကို သူတို့အားလုံး သိကြသည်။ သူမသည် စူပါစတား ရှချူး ဖြစ်လေသည်။

လူတိုင်းက စပ်စုကြသည်။

သူမ ဒီကို ရုတ်တရက် ဘာလာလုပ်တာလဲ။

ရှချူးသည် ပင်မစားပွဲဆီသို့ လျင်မြန်စွာ လျှောက်သွားပြီး ကျောင်းဖုလင်နှင့် အခြားသူများကို တွေ့လိုက်သည် ။

ကျောင်းလူကြီးမင်းသည် အရင်က ယဲ့ဖန် နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့သည် မဟုတ်လား။

သူက ဘာလို့ အခု ရီချန်းကျယ်နဲ့ တွဲနေတာရတာလဲ။

ရီချန်းကျယ်က သူမကို အကဲခတ်ကြည့်လိုက်သည်။

" ရှချူးလား။ မင်း ငါ့ကို ဘာလို့ရှာနေတာလဲ "

ရှချူးသည် သူမ၏ အာရုံများဆီသို့ ပြန်ရောက်လာပြီး အသက်ပြင်းပြင်း နှစ်ချက်ရှူလိုက်သည်။

ထို့နောက် သူမက ရုတ်တရက် မြေပြင်ပေါ် ဒူးထောက်လိုက်သည်။

" ရီသခင်လေး၊ ကျေးဇူးပြုပြီး ယဲ့ဖန်ကို လွှတ်ပေးပါ "

အပိုင်း ( ၅၉၅ )

သေချာလား။

ရှချူးက လူတိုင်းရှေ့မှာ ဒူးထောက်နေတာကို မြင်လိုက်ရတော့ အားလုံးရဲ့ အမူအရာတွေက ပြောင်းသွားကြသည်။

သူမကဲ့သို့ စူပါစတားတစ်ဦးသည် အမြဲတမ်း ကောင်းကင်ဘုံ၏ မျက်နှာသာပေးခံရသည့် သမီးတော်တစ်ဦးဖြစ်သည်။

အခုတွင်တော့ ယဲ့ဖန်အတွက် သူမက တကယ်ပင် ဒူးထောက်ကာ အသနားခံတောင်းပန်လိုက်သည်။

ဒီလိုလုပ်ဖို့ သတ္တိဘယ်လောက်တောင် လိုလိုက်လဲ။

ကျောင်းဖုလင်နှင့် လော့ကျင်းယွမ်တို့သည် တစ်ယောက်ကိုတစ်ယောက် ထိတ်လန့်တကြားကြည့်နေကြသည်။

ထိုအချိန်တွင် ရီချန်းကျယ်၏ အမူအရာသည် ပျက်ယွင်းသွားသည်။

" ယဲ့ဖန် က မင်းကို တောင်းပန်ခိုင်းတာလား "

အမှန်တိုင်းပြောရလျှင် သူ ရှချူး ကို စိတ်ဝင်စားခဲ့သည်။

မဟုတ်လျှင် သူမကို သူနဲ့အတူ အရက်သောက်ခိုင်းမှာ မဟုတ်ပေ။

သူမက တခြားလူအတွက် သူ့ရှေ့မှာ ဒူးထောက်ပြီး တောင်းပန်မယ်လို့ မမျှော်လင့်ချေ။

ဤအရာက သူ့ကို အနည်းငယ် မနာလိုဖြစ်စေသည်။

ရှချူး ခေါင်းယမ်းလိုက်သည်။

" လာချင်လို့ လာခဲ့တာပါ။ ကျွန်မကြောင့် ယဲ့ဖန်က ရီသခင်လေးကို စော်ကားခဲ့တယပါ။ သူ့ကို လွှတ်ပေးနိုင်မယ်လို့ ငါမျှော်လင့်တယ်။ ရှင် လုပ်ချင်တာမှန်သမျှကို ကျွန်မ လုပ်ပေးပါ့မယ် "

ရီချန်းကျယ်သည် သူ့မျက်လုံးများကို အနည်းငယ်မှိတ်ထားသည်။

" မင်း ဘာမဆိုလုပ်ပေးနိုင်လား။ ဒါဆို ငါ့ဖိနပ်ကို ခွေးမလို လျက်ပြီး သန့်သန့်ရှင်းရှင်း နမ်းခိုင်းရင်ရောဖြစ်လား "

ရှချူး လုံးဝမတွန့်ဆုတ်။

" ယဲ့ဖန် ကို လွှတ်ပေးမယ်ဆို လုပ်ပါ့မယ် "

သူ့အဖြေကိုကြားတော့ အားလုံးက အံ့သြသွားကြပြန်သည်။

ဒီလိုနိမ့်ကျတဲ့ ကိစ္စကိုပင် လုပ်ဖို့ ဆန္ဒရှိခြင်းက သူမအတွက် ယဲ့ဖန်သည် ဘယ်လောက်အရေးကြီးသည်ဆိုတာကို ဖော်ပြနေလေသည်။

ရီချန်းကျယ်က ပိုလို့တောင် ဒေါသဖြစ်သွားသည်။

" ဒီမြင်ကွင်းကို မှတ်တမ်းတင်ပြီး အင်တာနက်မှာ တင်လိုက်မယ်။ မင်းရဲ့ ပရိတ်သတ်တွေက သူတို့ရဲ့အိုက်ဒေါ ဘယ်လောက်နိမ့်ကျနေလဲဆိုတာ ငါ ပြချင်ပါသေးတယ် "

ရှချူးက ခေါင်းညိတ်ပြပြန်သည်။

" ယဲ့ဖန် ကို လွှတ်ပေးသရွေ့ အကုန်လုပ်ပါ့မယ် "

လူတိုင်းက ပိုလို့တောင် အံ့သြသွားကြသည်။

သူမသည် ယဲ့ဖန်အတွက် သူမ၏ဂုဏ်သိက္ခာနှင့် အနာဂတ်ကိုပင် စွန့်လွှတ်ဖို့ ဝန်မလေးခဲ့ပေ။

သူမက အဆုံးထိသွားဖို့ ဆန္ဒရှိနေသည်။

ရီချန်းကျယ်သည် လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားသည်။

" ငါတကယ်နားမလည်ဘူး။ ယဲ့ဖန်က ဘာကောင်းလို့ သူ့အတွက် အများကြီးပေးဆပ်နေရတာလဲ။ တန်သလား "

ရှချူးက တည်ငြိမ်စွာ ပြုံးလိုက်သည်။

" တန်တယ်လို့ ထင်တယ် "

ရီချန်းကျယ်သည် လုံးဝ ဒေါသထွက်နေသည်။ ကုလားထိုင်ပေါ်ကို ခြေတင်ထိုင်လိုက်သည်။

" ကောင်းပြီ မင်းက အရှက်မရှိဘူးဆိုမှတော့ မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်။ လာ၊လာပြီး ငါ့ဖိနပ်တွေကို သန့်ရှင်းသပ်ရပ်အောင် လျက်ပေးရင် သူ့ကို လွှတ်ပေးဖို့ စဉ်းစားမယ်"

ရှချူးက တုံ့ဆိုင်းမနေဘဲ ချက်ချင်း တွားသွားလိုက်သည်။

ထိုအချိန်တွင် ကျောင်းဖုလင်က ရုတ်တရက် ပြုံးကာ ပြောသည်။

" ရှမိန်းကလေး မြန်မြန်ထပါ။ ရီသခင်လေးက မင်းကို နောက်ပြောင်နေတာပါ "

ရှချူး ခေတ္တရပ်ပြီး စိတ်ရှုပ်ထွေးစွာ သူ့ကို ကြည့်လိုက်သည်။

ရီချန်းကျယ်က မျက်မှောင်ကြုတ်လိုက်သည်။

" ငါ နောက်ပြောင်တာ မဟုတ်ဘူး "

ကျောင်းဖုလင်သည် ဖြည်းဖြည်းချင်း လှည့်ပြီး ရီချန်းကျယ်ကို ကြည့်လိုက်သည်။

" ရီသခင်လေးက ကြီးမြတ်တဲ့သူတစ်ယောက်ပါ။ မိန်းမတစ်ယောက်အတွက်နဲ့ ဘာလို့ အခက်တွေ့နေရတာလဲ။ ဒီလိုသတင်းတွေသာ ထွက်လာရင် သခင်လေးရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေပါလိမ့်မယ် "

ရီချန်းကျယ်၏ မျက်လုံးများသည် သူ့စကားများကို တွေးတောနေပြီး တုန်ခါသွားသည်။

သူကလည်း ဘာမှမပြောသလို ဘယ်သူကမှလည်း ဘာမှ မပြောရဲကြပေ။

ပထမထပ်ရှိ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။

ထိုအခိုက်အတန့်တွင် လူတစ်ယောက်သည် ခန်းမထဲသို့ ရုတ်တရက် ပြေးဝင်လာပြီး ရီချန်းကျယ်ဆီသို့ အမြန်လျှောက်လာခဲ့သည်။

သူ့နားထဲကို တိုးတိုးလေးပြောတော့မည့်အချိန်တွင် ရီချန်းကျယ် က သူ့ကို တွန်းထုတ်လိုက်သည်။

" ဒီမှာ အားလုံးက အပြင်လူ မဟုတ်ဘူး။ ပြောစရာရှိရင် အသံကျယ်ကျယ်ပြော "

ထိုလူက ချောင်းခြောက်ဆိုးပြီး လိုက်သည်။

" ရီသခင်လေး၊ သေရတဲ့အကြောင်းရင်းကို အဆုံးအဖြတ်ပေးခဲ့တဲ့ ဒေါက်တာရွှယ်က ..... သူကိုယ်သူ ဝန်ခံလိုက်တယ် "

ထိုစကားကို ရီချန်းကျယ် ကြားသောအခါ သူ့အမူအရာက ချက်ချင်း ပြောင်းသွားသည်။

" သူကိုယ်တိုင် ဝင်လာတာလား။ သေချာလား "

ထိုလူက ချက်ချင်း ခေါင်းညိတ်လိုက်သည်။

" ရုံးမှာ သူ့ကို စောင့်ကြည့်နေတဲ့ ညီအစ်ကိုတွေက အခုပဲ သတင်းပို့ပါတယ်။ ရုံးခန်းထဲကို ဝင်သွားတာ တွေ့လိုက်ရပါတယ်တဲ့ "

ရီချန်းကျယ်၏ အမူအရာသည် ချက်ချင်းပင် မဲ့ရွဲ့လာပြီး မသေချာမရေရာဖြစ်လာကာ အလွန်စိတ်လှုပ်ရှားနေပုံရသည်။

ကျောင်းဖုလင်၏ မျက်နှာတွင် မမြင်နိုင်သော အပြုံးတစ်ခု တောက်ပသွားသော်လည်း သူက လျင်မြန်စွာ မေးလိုက်သည်။

" ရီသခင်လေး၊ ဘာဖြစ်သွားတာလဲ။ ဘယ်သူက လက်နက်ချခဲ့တာလဲ "

ရီချန်းကျယ်က ခပ်မြန်မြန် ပြုံးပြလိုက်သည်။

" ဟားဟားဟား၊ ဘာမှမဖြစ်ပါဘူး။ ဒါက အသေးအဖွဲကိစ္စလေးတင်ပါ "

ဒေါက်တာရွှယ်၏ ဝန်ခံမှုကြောင့် အနည်းငယ် အံ့အားသင့်သွားခဲ့ရသော်လည်း သူ သိပ်ပြီး စိုးရိမ်ခြင်းမရှိပေ။

ဘယ်လိုပဲဖြစ်ဖြစ် ဒေါက်တာရွှယ်ကို လာဘ်ထိုးခဲ့တဲ့သူသည် Gao Junming၏ လက်ထောက်ဖြစ်သော ဝမ်ဟုန်းသ ဖြစ်သည်။

ဝမ်ဟုန်းသနှင့် ဆက်သွယ်ရန် တာဝန်ခံဖြစ်သည့် ရှုမင်းချန်သည်လည်း အသတ်ခံခဲ့ရပြီးဖြစ်သည်။

စုံစမ်းကြည့်လျှင်ပင် သူ့ကို ရှာမတွေ့နိုင်ပေ။

အဲ့တာကိုတွေးပြီး ချက်ချင်း စိတ်သက်သာရာ ရသွားသည်။

.....................

စုံစမ်းစစ်ဆေးရေးခန်းမတွင်။

ရွှယ်ကုန်းသည် စစ်ကြောရေးအခန်းတွင် ထိုင်နေပြီး ငွေအမြောက်အမြားဖြင့် လာဘ်ထိုးခံခဲ့ကြောင်းနှင့် စစ်ဆေးမှုအစီရင်ခံစာအတုကို ဘယ်လို ထုတ်ခဲ့ကြောင်း ရှင်းပြခဲ့သည်။

စစ်ကြောရေးတာဝန်ခံ အရာရှိနှစ်ဦးသည် သူတို့ရှေ့တွင် လာဘ်ယူထားသော ငွေပုံးများကို တွေ့လိုက်ရသဖြင့် တုန်လှုပ်သွားခဲ့သည်။

ယဲ့ဖန်သည် လာဘ်ပေး၊လာဘ်ယူ ရှိ၊ မရှိ မှုခင်းဆရာဝန်ကို စစ်ဆေးစေလိုကြောင်း ပြောခဲ့သည်။

ထိုအချိန်တွင် သူတို့သည် သိပ်ပြီး မစဉ်းစားဘဲ ယဲ့ဖန်က အကြောက်အကန် လျှောက်ပြောနေခဲ့သည်ဟု ထင်ခဲ့ကြသည်။

သူ၏ ခန့်မှန်းချက်က တကယ် ဖြစ်နေလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ကြပေ။

" ရွှယ်ကုန်း၊ ပိုက်ဆံကို လက်ခံပြီး သေဆုံးမှုအစီရင်ခံစာကို အတုလုပ်တာရဲ့ အကျိုးဆက်ကို မင်းသိလား "

အရာရှိက သူ့ကို အေးစက်စွာ ကြည့်နေသည်။

ရွှယ်ကုန်းသည် တုန်ရီနေရင်း ခေါင်းညိတ်လိုက်သည်။

" ငါ… ငါ့လောဘကြောင့် မျက်စိကန်းပြီး အမှားကြီးတစ်ခု လုပ်ခဲ့တာ ငါသိပါတယ်။ ဥပဒေအရ ပြစ်ဒဏ်ကို လက်ခံဖို့လည်း ဆန္ဒရှိပါတယ် "

ထောင်ကျခြင်း၏ ဘေးဆိုးကို ရင်ဆိုင်ရနိုင်ခြေများကြောင်း သူကောင်းမွန်စွာသိလေသည်။

သို့သော် ယဲ့ဖန်၏ ခုနစ်ရက်စိတ်ဝိဉာဉ်စားဆေး၏ ခြိမ်းခြောက်မှုအောက်တွင် သူလည်း မတတ်နိုင်ဘဲ ရိုးသားစွာ ဝန်ခံလိုက်ရသည်။

အနည်းဆုံးတော့ သူ့အသက်ကို ထိန်းထားနိုင်ပေမည်။

'ယဲ့ဖန်၊ မင်းရဲ့ကတိကို ထိန်းပြီး ငါ့အတွက် ဖြေဆေးပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်'

ရဲအရာရှိက သူ့ကို ဆက်ပြီး စစ်ဆေးမေးမြန်းခဲ့သည်။

" ဝမ်ဟုန်းသက ခင်ဗျားကို ဒီ ယွမ် ၁ သန်း ပေးလိုက်တယ်လို့ ပြောတာလား"

ရွှယ်ကုန်း ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ်။ ချောင်ရှင်းဂိုဏ်းက ဝမ်ဟုန်းသပါ "

အရာရှိက 'ချောင်ရှင်းဂိုဏ်း' ဟူသော စကားကို ကြားသောအခါ ချက်ချင်း မျက်မှောင်ကြုတ်ကာ မှတ်စုယူရန် တာဝန်ခံအရာရှိဆီ လှည့်သွားလေသည်။

" စစ်ဆေးမေးမြန်းတာကို ခဏရပ်ထားမယ်။ ငါခဏသွားလိုက်အုံးမယ် "

ထို့နောက် မတ်တပ်ထရပ်ပြီး စစ်ကြောရေးအခန်းထဲမှ ထွက်ကာ ဘေးအခန်းထဲသို့ လျှောက်သွားခဲ့သည်။

တကယ်တော့ သူ ဘာမှပြောစရာတောင် မလိုပေ။ အခန်းထဲမှ ခေါင်းဆောင်တွေက အကုန်သိနေပြီဖြစ်သည်။

" အခု ငါတို့ဘာလုပ်ကြမလဲ။ နောက်ဆုံးတော့၊ ဒီအမှုမှာ ချောင်ရှင်းဂိုဏ်းကလူတွေ ပါလာတယ်။ ငါတို့ သူတို့ကို ဖမ်းသင့်လား "

ခေါင်းဆောင်တွေ၏ အသံက အနည်းငယ် အဆင်မပြေဖြစ်နေကြသည်။

အဖွဲ့ခေါင်းဆောင် ရန်ကျန်းရယ်က မျက်မှောင်ကြုတ်ပြီး ခဏလောက် စဉ်းစားလိုက်သည်။

" သူ့ကို ချက်ချင်းဖမ်းလိုက်။ တစ်ခုခုဖြစ်ရင် ငါ တာဝန်ယူမယ် "

ကျန်တဲ့ခေါင်းဆောင်တွေက ခေါင်းညိတ်ပြီး သူ့ကိုဖမ်းဖို့ အမိန့်ပေးတော့မည့်အချိန်တွင် အခြားအရာရှိတစ်ဦးက လျင်မြန်စွာ ပြေးဝင်လာခဲ့သည်။

" ခေါင်းဆောင်တို့၊ ဝမ်ဟုန်းသကလည်း သူ့ကိုယ်တိုင် လာပြီး ဝန်ခံပါတယ် "

အပိုင်း ( ၅၉၆ )

ဘာလုပ်နိုင်မှာမလို့လဲ

မသေမျိုးဟိုတယ် စားသောက်ဆိုင်တွင်။

ရီချန်းကျယ်သည် ဝိုင်တစ်ငုံသောက်ပြီး မြေပြင်ပေါ်တွင် ဒူးထောက်နေဆဲဖြစ်သော ရှချူးကို ကြည့်လိုက်သည်။

" ငါ ရုတ်တရက် စိတ်ပြောင်းသွားပြီ။ မင်းက ဘာမဆို လုပ်နိုင်တယ်လို့ ပြောမှတော့ မင်းက ငါတို့အတွက် အခုအဖော်အချွတ်ဘလုပ်ပေးလို့ရတယ် "

အားလုံးက ရှချူးကို ချက်ချင်းလှည့်ကြည့်လိုက်ကြသည်။

သူမ၏ ရုပ်ရည်သည် ဖျော်ဖြေရေးနယ်ပယ်တွင်ပင် ထိပ်ဆုံးအဆင့်ဝင်သည်ဟု ယူဆကြကြသည်။

ထို့ကြောင့် မြင်ရမည်ဆိုလျှင် သူတို့အတွက် သိပ်ကောင်းမည်ဖြစ်သည်။

ရှချူးသည် ခေါင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ရီချန်းကျယ်ကို ကြည့်လိုက်သည်။

" ရှင်ပြောတဲ့အတိုင်း လုပ်ရင် ယဲ့ဖန်ကိုလွှတ်ပေးလိုက်မှာလား "

ရီချန်းကျယ်က ပြုံးလိုက်သည်။

" အဲ့တာက မင်း အားလုံးကို ဖျော်ဖြေနိုင်မယ့်အပေါ်မှာ မူတည်တယ်။ မင်းရဲ့အဝတ်အစားတွေ နည်းလေလေ အောင်မြင်ဖို့ အခွင့်အလမ်း ပိုများလေလေပဲ "

ရှချူးသည် သူမ၏ အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး အဝတ်အစားများ ချွတ်ရန် ချက်ချင်း ထရပ်လိုက်သည်။

လူတိုင်းသည် အသက်ရှုသံ မြန်လာကာ မျက်လုံးအားလုံးက သူမကို စူးစိုက်ကြည့်နေကြသည်။

တစ်ချို့က ဓာတ်ပုံရိုက်ဖို့ ဖုန်းကို လျှို့ဝှက်စွာ ထုတ်နေကြသည်။

ထိုအချိန်တွင် ကျောင်းဖုလင်က အေးစက်စွာပြောလိုက်သည်။

" လုံလောက်ပြီ "

ရှချူး ရပ်တန့်ပြီး မော့ကြည့်လိုက်သည်။

ရီချန်းကျယ်က ကျောင်းဖုလင်ကို မကျေမနပ် ကြည့်နေသည်။

" အစ်ကိုဖုလင်၊ ငါက သူမကို ပျော်ရွှင်မှုတွေ ထပ်လောင်းပေးချင်ရုံတင်ပါ။ ဘာကို ဆိုလိုတာလဲ "

Wei Changfengက ကြားဖြတ် ပြောသည်။

" ဒီ ရှချူးက ယဲ့ဖန်ရဲ့ မိန်းကလေးဆိုတော့ သူက ယဲ့ဖန်ရဲ့ သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ သူမ အရှက်ရနေတာကို မမြင်နိုင်တော့တာ မဟုတ်လား "

ကျောင်းဖုလင်က သူ့ကို ပါးရိုက်ခဲ့ခြင်းကို သူဘယ်တော့မှ မေ့မည်မဟုတ်ပေ။

ထို့ကြောင့် သူက ဒီအခွင့်အရေးကို ဆုပ်ကိုင်ပြီး ပြောလိုက်သည်။

ရီချန်းကျယ်က အဲ့တာကိုကြားပြီး ကျောင်းဖုလင်ကို ထပ်ကြည့်လိုက်သည်။

" ဟုတ်လား "

ကျောင်းဖုလင်က ချက်ချင်းပင် ရယ်မောလိုက်သည်။

" သခင်လေး၊ ဒါကို သခင်လေးရဲ့ အကျိုးအတွက် လုပ်နေတာပါ "

ရီချန်းကျယ် အနည်းငယ် အံ့ဩသွားသည်။

" ငါ့ကိုယ်ကျိုးအတွက်လား။ ဘာကိုဆိုလိုတာလဲ "

ကျောင်းဖုလင်သည် ရှချူးကို တစ်ချက်ကြည့်လိုက်သည်။

" ဒါကိုစဉ်းစားကြည့်ပါ။ ရှချူးက အတော်လေး နာမည်ကြီးတဲ့ ကြယ်ပွင့်ဖြစ်တဲ့အပြင် ကြီးမားတဲ့ သြဇာလွှမ်းမိုးမှုလည်းရှိပါတယ်။ သခင်လေးက ဒီနေ့ သူမကို ဒီလို အရှက်ခွဲလိုက်လို့ ဒီကိစ္စ ပျံ့နှံ့သွားတဲ့အခါ သူမပရိသတ်တွေက မပေါက်ကွဲတော့ဘူးလား။ သခင်လေးရီရဲ့ မိသားစုမှာ စာရင်းဝင်ကုမ္ပဏီတွေ အများကြီးရှိပါတယ်။ အဲ့းီအခါကျရင် စတော့ဈေးကို မလွဲမသွေ သက်ရောက်မှုရှိလာမှာပါ။ ဆုံးရှုံးမှုတွေအတွက် ထည့်မတွက်တော့ဘူးလား "

ရီချန်းကျယ်က ကျောင်းဖုလင်ကိုကြည့်ပြီးနောက် ရှချူးကိုကြည့်ရင်း သူ့စကားရဲ့အဓိပ္ပါယ်ကို တွေးနေသည်။

ထိုအချိန်တွင် အပြင်ဘက်မှ အမျိုးသမီးတစ်ဦး၏ ဒေါသသံကို ရုတ်တရက် ကြားလိုက်ရသည်။

" ရီချန်းကျယ်၊ ယုတ်ညံ့တဲ့လူ။ နင် ဘာလို့ ယဲ့ဖန် ကို ချောက်ချရတာလဲ "

အားလုံး လည်ပြန်ကြည့်လိုက်တဲ့အခါ ကောင်မလေးနှစ်ယောက် အမြန်ဝင်လာတာကို တွေ့လိုက်ရသည်။

လျုံယွမ်ဖီသည် ဝိုင်သောက်နေသည့် ဒုတိယစားပွဲတွင် ထိုင်နေပြီး အားလုံးနှင့် ဘာမှမဆိုင်သလို နေနေသည်။

သူက ရီချန်းကျယ်ကို မစော်ကားချင်ပေမယ့် ဒီကိစ္စမှာလည်း မပါဝင်ချင်ပေ။

သူက အေးချမ်းတဲ့အသွင်အပြင်ကိုသာ ထိန်းသိမ်းထားချင်ခဲ့တာဖြစ်သည်။

ထိုအခိုက်အတန့်တွင် သူ့သမီး လျုံလင်းနှင့် လုရှောင်ရတို့ ဝင်လာသည်ကို ရုတ်တရက်မြင်လိုက်ရ၍ ထိတ်လန့်စွာ ထရပ်လိုက်သည်။

" လင်းလင်း၊ ဘာလို့ဒီကို ရောက်နေတာလဲ "

လျုံလင်းသည် ရီချန်းကျယ်ကို ညွှန်ပြလိုက်သည်။

" အခုလေးတင် အပြင်ကနေ ကြားခဲ့တယ်။ ယဲ့ဖန် ကို သူ့က ချောက်ချထားတာ "

လျုံယွမ်ဖီက သူမကို အလျင်အမြန် မျက်စိမှိတ် အချက်ပြလိုက်သည်။

" ဒီမှာ မင်းရဲ့ ကိစ္စတစ်ခုမှ မရှိဘူး။ မြန်မြန် အိမ်ပြန်လိုက်တော့ "

လျုံလင်းသည် မတုန်မလှုပ်ဖြင့် ရီချန်းကျယ် ကို စိုက်ကြည့်နေသည်။

လုရှောင်ရ ဒေါသထွက်လွန်းလို့ မျက်နှာက ဖြူဖျော့သွားသည်။

" ရီချန်းကျယ်၊ အမှန်တိုင်း ပြောလိုက်။ ယဲ့ဖန်ကို နင် တမင်အကွက်ဆင်ခဲ့တာမဒလား "

ထိုမိန်းကလေးနှစ်ယောက်ကို မြင်သောအခါ ရီချန်းကျယ်၏ မျက်လုံးများ တောက်ပလာပြန်သည်။

သူတို့နှစ်ယောက်က ရှချူးနဲ့ တူလေသည်။

သို့သော် သူတို့နှစ်ယောက်က ယဲ့ဖန် အတွက် ဒီနေရာကို ရောက်လာကြောင်း သူကြားလိုက်သောအခါ ပို၍ပင် မနာလိုဖြစ်လာသည်။

ဒီ ယဲ့ဖန် က တကယ်ကံကောင်းလွန်းတယ်။

ဒီလောက် ချောတဲ့ မိန်းကလေးတွေ အများကြီး သူ့နောက်သို့ တလိုတလားလိုက်အောင် ဘယ်လိုများ လုပ်ထားတာလဲ။

သူ့မှာ ထူးထူးခြားခြား တစ်ခုခုရှိနေလို့လား။

" ငါသူ့ကို အကွက်ဆင်ထားရင်ရော ဘာဖြစ်လဲ "

သူက လုရှောင်ရကို တည့်တည့်စိုက်ကြည့်ပြီး သူလုပ်ခဲ့တာတွေကို ဝန်ခံလိုက်သည်။

သူ ဝန်ခံလိုက်ရင်ရော ဘာဖြစ်မှာလဲ။

ရှုမင်းချန်သည် သေဆုံးနေပြီးဖြစ်သည့်အတွက် ထိုကိစ္စမှာ အထောက်အထားမရှိပေ။

ဘာပဲဖြစ်ဖြစ် ဒီတစ်ခါတော့ ယဲ့ဖန်က သေပြီဖြစ်သည်။

ကျောင်းဖုလင်၊ လော့ကျင်းယွမ်၊ ချန်းချုံရှန်း နှင့် ဟုရွမ်ယု တို့၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာများ ရှိနေကြသည်။

ဒီ ရီချန်းကျယ်က သူ့ကိုယ်သူ ဟန်ဆောင်ဖို့တောင် စိတ်မ၀င်စားတော့ဘူးလား။

ယဲ့ဖန်က ပြန်ရုန်းမထနိုင်ဘူးဆိုတာကို သေချာနေပုံရသည်။

လုရှောင်ရ ဒေါသထွက်လွန်းလို့ တစ်ကိုယ်လုံး တုန်ရီနေသည်။

" ရှင်… ရှင်က ရွံစရာကောင်းပြီး အရှက်မရှိတဲ့သူပဲ၊ မြန်မြန် ယဲ့ဖန်ကို လွှတ်ပေးလိုက်၊ မဟုတ်ရင် ..... "

ရီချန်းကျယ် က သူမကို မကြောက်မရွံ့ ကြည့်နေသည်။

" မဟုတ်ရင် မင်းငါ့ကို ဘာလုပ်နိုင်မှာလဲ "

လုရှောင်ရက သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။

" မဟုတ်ရင် ရှင်လည်း သေမှာပဲ။ မဟုတ်ရင် ရှင့်ကိုသတ်ဖို့ တတ်နိုင်သလောက်လုပ်မယ် "

သူမ၏ ခြိမ်းခြောက်သံကို ကြားတဲ့အခါ ရီချန်းကျယ်က မရယ်ဘဲ မနေနိုင်ပေ။

" ငါ့ကိုသတ်မှာလား။ ဘယ်လိုဟာသလဲ၊ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ။ မင်းမှာ ခွန်အားရှိလား "

လုရှောင်ရက သူ့ကို စိုက်ကြည့်နေသည်။

" ကျွန်မအဖေက လုဟန်ရှန်းဖြစ်ပြီးတော့ ကျွန်မအဘိုးက ထန်ပေါဟုန်ပဲ။ ဒီလောက်ဆို လုံလောက်တယ်လို့ ရှင်ထင်လား "

ထိုစကားကို ရီချန်းကျယ် ကြားသောအခါ သူ့မျက်နှာပေါ်ရှိ အပြုံးက အေးခဲသွားသည်။

" လုဟန်ရှန်းနဲ့ ထန်ပေါဟုန်လား "

လူတိုင်း၏ အမူအရာက ပြောင်းလဲသွားကြသည်။

" လုဟန်ရှန်း၊ သူက ယန်းချန်ရဲ့ မြေအောက်ဂိုဏ်းတွေကို သတ်ခဲ့တဲ့ နတ်ဆိုးလုလား "

" ဟုတ်တယ်၊ အဲ့တာ သူပဲ။ ဇီးကွက်ဂိုဏ်းက ဇနီးကိုတောင် သတ်ခဲ့တယ်လို့ ပြောတယ်။ သူက ဇီးကွက်ဂိုဏ်း ဌာနချုပ်ကို တိုက်ရိုက်သွားပြီး ဂိုဏ်းခေါင်းဆောင် ရှုရှောင်ကိုတောင် သတ်ပစ်လိုက်သေးတယ် "

" ကံကောင်းတာက သူ့ယောက္ခမ ထန်ပေါဟုန်က သူ့ကို ကာကွယ်ပေးပြီး ဒီကိစ္စတွေကို နှိမ်နှင်းပေးခဲ့တာ "

" အဲ့ဒီ ထန်ပေါဟုန်ကလည်း နတ်ဘုရားပဲ။ ဒီလိုကြီးမားတဲ့ ကိစ္စတွေကို နှိမ်နင်းနိုင်ဖို့ဆို သူဘယ်လောက် အစွမ်းထက်တယ်ဆိုတာ ပြသလိုက်တာပဲ "

" ဒီမိန်းကလေးက ထန်ပေါဟုန်ရဲ့မြေးနဲ့ လုဟန်ရှန်းရဲ့သမီး ဖြစ်နေမယ်လို့ မမျှော်လင့်ထားဘူး။ ရီသခင်လေးကို လက်ညှိုးထိုးပြပြီး ဆူပူကြိမ်းမောင်းရဲတာ အံ့သြစရာ မရှိတော့ပါဘူး "

" ရီသခင်လေးက ဒါကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ငါ တွေးမိတယ်။ ဒီမိန်းကလေးကို ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်ရင် ဒါကြီးက ရှက်စရာကောင်းလွန်းနေမှာ မဟုတ်ဘူးလား "

" အရှုံးကို ဝန်မခံရင်ရော သူက ဘာလုပ်နိုင်မှာလဲ။ ဒီမိန်းကလေးရဲ့ အဖေနဲ့အဘိုးက ကြင်နာတတ်တဲ့လူတွေ မဟုတ်ဘူး "

အစတော့ ရီချန်းကျယ်က အရှုံးကို ဝန်ခံချင်ပေမယ့် လူတိုင်းပြောနေတာကို ကြားပြီးနောက် ချက်ချင်း စိတ်ပြောင်းသွားသည်။

သူသည် ရီမိသားစု၏ အကြီးအကဲရာထူးကို အမွေဆက်ခံရမည့်သူဖြစ်သည်။

မိန်းကလေးတစ်ယောက်၏ စကားအနည်းငယ် ပြောဆိုခံရမည်ကို ကြောက်နေတယ်ဆိုလျှင် ထိုအကြောင်းက ဟာသတစ်ခုဖြစ်လာမည် မဟုတ်လား။

အဲ့တာကို တွေးပြီး လုရှောင်ရကို ချက်ချင်းအေးစက်စွာ ကြည့်လိုက်သည်။

" ယဲ့ဖန်က ဒီတစ်ခေါက်သေပြီ။ ကောင်းကင်ကတောင် သူ့ကို မကယ်တင်နိုင်ဘူး "

All Chapters