အပိုင်း ၅၉၇-၆၀၀
Vol. 30 Ch. 597-600
အပိုင်း ( ၅၉၇ )
ရီသခင်လေး၏ ယုံကြည်မှုလွန်ကဲခြင်း
လုရှောင်ရသည် ရီချန်းကျယ်၏အမူအရာကို မြင်သောအခါ သူမ အလွန်ထိတ်လန့်သွားပြီး နောက်ပြန်ဆုတ်သွားသည်။
" ရှင် .... "
လျုံယွမ်ဖီလည်း အမြန်ထပြီး သူ့သမီးကို ဘေးသို့ ဆွဲထုတ်ကာ အသံတိုးတိုးဖြင့် ဆုံးမသည်။
ရီချန်းကျယ်သည် လုရှောင်ရ၏ ထိတ်လန့်သွားသော အမူအရာကို မြင်ပြီး ချက်ချင်း ရယ်မောလိုက်သည်။
" ထန်ပေါဟုန်လောက်ပဲ မဟုတ်ဘူးလား။ လုဟန်ရှန်းကရော ဘာလုပ်ရမှာလဲ။ မင်းငါ့ကို ခြောက်ဖို့ ကြိုးစားနေတာလား။ သူတို့မှာ သတ္တိရှိရင် ငါ့ဆီကို လာခိုင်းလိုက်။ ငါသူတို့ကို ဘယ်လိုဆက်ဆံမလဲဆိုတာ စောင့်ကြည့်ပေါ့ "
သူ၏ မောက်မာသော အရိပ်အယောင်ကြောင့် ရှိနေသူတိုင်းက အံ့သြသွားကြသည်။
ရီသခင်လေးက အနည်းငယ် မာန်တက်နေပုံပေါက်သည်ဟု သူနှင့် နီးစပ်သူအချို့ကပင် ခံစားခဲ့ရသည်။
သူက ထန်ပေါဟုန်နဲ့ လုဟန်ရှန်းတို့ကိုတောင် သူ့မျက်လုံးထဲမှာ မထားဘူးလား။ သူက တကယ်ကို မောက်မာလွန်းတာပဲ။
ရီချန်းကျယ်က ဘာတွေတွေးနေတယ်ဆိုတာကိုတော့ ဘယ်သူမှ မသိပေ။
အမှန်တော့ သူသည် ထန်ပေါဟုန်နှင့် လုဟန်ရှန်းတို့ မည်မျှ အစွမ်းထက်သည်ဆိုတာကို အသေအချာသိလေသည်။
အရင်တုန်းကတော့ ရီမိသားစုက သူတို့ကို အရှုံးပေးရပေလိမ့်မည်။
သို့သော် ယဲ့ဖန်နှင့် ကျောင်းမိသားစု၏ ပိုင်ဆိုင်မှုများကို အောင်မြင်စွာ ဝါးမျိုချနိုင်ပြီးလျှင် သူတို့ ရီမိသားစု၏ အင်အားသည် အဆများစွာ တိုးလာမည်ဖြစ်သည်။
ထိုအချိန်တွင် ထန်ပေါဟုန်ကို အဘယ်ကြောင့် ကြောက်ရတော့မည်နည်း။
သူ့စိတ်ထဲတွင် အစီအစဉ်ကောင်းတစ်ခု ရှိနေသော်လည်း ကောင်းကင်က သူနှင့်နောက်ပြောင်နေပုံရသည်။
ထိုအချိန်တွင် သတင်းစုံစမ်းရန် စေလွှတ်ခံရသူများ အလျင်အမြန် ရောက်ရှိလာသည်။
" ရီသခင်လေး၊ ဝမ်ဟောင်ဒါလည်း သူ့ကိုယ်သူ လာဝန်ခံပါတယ် "
ဒီစကားကို ရီချန်းကျယ် ကြားလိုက်သည် သူ့ခြေထောက်တွေ ပျော့ခွေသွားသလိုဖြစ်ကာ ကုလားထိုင်ပေါ် လဲကျမတတ် ခံစားလိုက်ရသည်။
" မင်း၊ ဘာပြောလိုက်တာလဲ။ ဝမ်ဟုန်းသ ..... လက်နက်ချသွားပြီလား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
သူ့လက်အောက်ငယ်သားကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။
ဝမ်ဟုန်းသသည် Gao Junming၏ အရည်အချင်းရှိသော နောက်လိုက်ဖြစ်ပြီး သူ့အပေါ် အမြဲသစ္စာရှိခဲ့သည်။
ရှုမင်းချန်သည် ဝမ်ဟုန်းသနှင့် Xue Congကို လာဘ်ထိုးခဲ့သည်။
တစ်ဖက်သူက ဘယ်တော့မှ သစ္စာမဖောက်ဘူးဆိုတာ သေချာလေသည်။
သို့ပေမယ့် ဒီလို အယုံကြည်ရဆုံးလူက တကယ်ပဲ ပြောင်းလဲသွားခဲ့တာလား။
ဘာမှားနေတာလဲ။
ဘေးနားရှိ ကျောင်းဖုလင်က မေးသည်။
" ရီသခင်လေး၊ ဝမ်ဟုန်းသက ဘယ်သူလဲ။ ဘာလို့ သူ့ကိုယ်သူ ဝန်ခံရတာလဲ "
ရီချန်းကျယ်သည် အာရုံများ ပြန်လည်ရရှိပြီး ချက်ချင်း စိတ်ငြိမ်သက်ဟန်ဆောင်လိုက်သည်။
" သူက အရေးမပါတဲ့သူပါ။ လူတိုင်း၊ ထိတ်လန့်မနေပါနဲ့။ သောက်ကြရအောင် "
ကံကောင်းထောက်မစွာနှင့် ရှုမင်းချန်ကို ကြိုပြီး ရှင်းပစ်ဖို့ သူ့မှာ အမြော်အမြင်ရှိခဲ့သည်။
ဝမ်ဟုန်းသက ရှုမင်းချန်နာမည်ကို ပြောလိုက်ရင်တောင် ဘာဖြစ်မှာမလို့လဲ။
သေပြီးသားလူက လာပြီး သက်သေလုပ်မပေးနိုင်ဘူးလေ။
အဲ့တာကိုတွေးပြီး ငြိမ်သက်သွားကာ အားလုံးနဲ့ ဆက်ပြီး အောင်ပွဲခံနေခဲ့သည်။
ကျောင်းဖုလင်နှင့် လော့ကျင်းယွမ်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးနေကြသည်။
......................
" ဒါပဲ ငါသိတယ်။ ငါ မင်းတို့ကို အကုန်ပြောပြပြီးပြီ "
ဝမ်ဟုန်းသသည် သူ့ရှေ့ရှိ စစ်ဆေးမေးမြန်းသူ နှစ်ဦးအား မျှော်လင့်ချက်မဲ့သော အမူအရာဖြင့် ကြည့်လိုက်သည်။
တခြားနည်းလမ်းသာရှိနေလျှင် သူ့ကိုယ်သူ ဘယ်တော့မှ လာဝန်ခံမှာ မဟုတ်ပေ။
သို့သော် သူသည် ယဲ့ဖန်၏ ဖမ်းဆီးခြင်းကို ခံရပြီး 'ခုနစ်ရက်ဝိဉာဉ်စားဆေး' အဆိပ်ကြောင့် မပူးပေါင်းပါက သူသေပေလိမ့်မည်။
ထို့ကြောင့် သူ့မှာ အခြားရွေးချယ်စရာမရှိပေ။
အရာရှိနှစ်ဦးသည် စစ်ကြောရေးမှတ်တမ်းများကို ကြည့်ကာ အချင်းချင်း ထိတ်လန့်တကြား မျက်နှာချင်းဆိုင် ကြည့်လိုက်ကြသည်။
အစပိုင်းတွင် သူတို့သည် သာမာန် လူသတ်မှုတစ်ခုသာဖြစ်သည်ဟု ယူဆကြပြီး သံသယရှိသူ ယဲ့ဖန်ကို ဖမ်းဆီးခဲ့ပြီးနောက် မကြာခင် တွင် အမှုပိတ်မည်လို့ ထင်ခဲ့ကြသည်။
သို့သော် ဒေါက်တာရွှယ်သည် လာဘ်ယူခဲ့ပြီး သေဆုံးမှုအစီရင်ခံစာကို အတုပြုလုပ်ခဲ့ကြောင်း သိရှိခဲ့ကြသည်။
ထို့နောက် ဝမ်ဟုန်းသသည်လည်း လူသတ်မှုတွင် လာဘ်ထိုးသူ ဖြစ်ခဲ့ကြောင်း ဆက်ပြီး သိရှိခဲ့ကြသည်။
ယခု ဝမ်ဟုန်းသ၏ ဝန်ခံချက်အရ ရှုမင်းချန်အမည်ရှိ လူတစ်ဦး ပါဝင်ခဲ့သည်။
သူတို့၏ စိတ်ခန့်မှန်းအရ ဤ ရှုမင်းချန်သည်လည်း နောက်ကွယ်မှ တရားခံအစစ်မဟုတ်ပေ။
ဒီအမှုတွင် လူတော်တော်များများ ပါဝင်နေသည်။
ဘေးရှိ အခန်းထဲမှ ခေါင်းဆောင်တချို့လည်း တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။
" ဒီကိစ္စက တကယ်ကို ရှုပ်ထွေးတာပဲ "
" ဒီလောက် ရှုပ်ထွေးနေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး "
" ရှုမင်းချန်က ရီမိသားစုက ရီချန်းကျယ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်လို့ ဝမ်ဟုန်းသဆီက ကြားသိရတယ်။ ဒီကိစ္စက ရီမိသားစုနဲ့ ပတ်သက်မှု ရှိနေနိုင်မလား "
" အဲ့တာဆိုရင်တော့ ဒီကိစ္စက တော်တော်လေးကြီးတယ်။ ဒါကို ငါတို့ ထိန်းနိုင်ပါ့မလား မသိဘူး "
လူတိုင်း၏ ဆွေးနွေးမှုကို နားထောင်ရင်း တာဝန်ခံ ရန်ကျန်းရယ်က လေးနက်သော မျက်နှာထားဖြင့် ပြောသည်။
" အမှုကို နောက်ကွယ်ကလူက ဘယ်သူပဲ ဖြစ်ဖြစ် ငါတို့ သေသေချာချာ စုံစမ်းရမယ်။ ငါ့မျက်စိအောက်က ဒီလိုလူတွေကို ရှောင်လွှဲခွင့်မပေးသင့်ဘူး "
ထိုခေါင်းဆောင်ရဲ့ စကားကို လူတိုင်းက ကြားလိုက်တဲ့အခါ သူတို့ရဲ့ အမူအရာတွေက လေးနက်လာကြသည်။
ဒီခေါင်းဆောင်က အခုမှ ပြောင်းလာခါစ ဖြစ်တာကြောင့် ဒေသခံအင်အားစုများအကြောင်းကို သေချာမသိပေ။
သို့သော် ဤမိသားစုကြီးများကို သွားထိလိုက်လျှင် အထိနာသူက သူတို့ ဖြစ်သွားနိုင်သည်။
" ရှုမင်းချန်ကို ချက်ချင်း ဖမ်းဆီးဖို့ အမိန့်ပေးတယ် "
Yi Jianyeက အများကြီးမတွေးဘဲ လူတိုင်းကို တိုက်ရိုက်အမိန့်ပေးလိုက်သညခ။
ဘယ်သူကမှ ဘာမှမလုပ်နိုင်ခင်...တံခါးကို တွန်းဖွင့်လိုက်ပြန်သည်။
နှစ်ကြိမ်တိုင်တိုင် လာရောက်သတင်းပို့ခဲ့သော အရာရှိက စကားပြောတော့မည့်အချိန်တွင် ရန်ကျန်းရယ်က သူ့ကို မထိန်းနိုင်ဘဲ လှောင်ပြောင်လိုက်သည်။
" ဘာလဲ။ သူ့ကိုယ်သူ လာဝန်ခံနေပြီလို့ မပြောနဲ့ "
အခြားခေါင်းဆောင်များလည်း ရယ်မောကြသည်။
ရွှယ်ကုန်းရော၊ ဝမ်ဟုန်းသရောက စခန်းကို ကိုယ်တိုင် ရောက်လာခဲ့ကြသည်။
ဒီလိုမျိုးအဖြစ်က တစ်ကြိမ်၊ နှစ်ကြိမ်လောက်သာ ဖြစ်နိုင်သည်။
သို့သော်လည်း အရာရှိ၏ တုံ့ပြန်မှုက သူတို့ကို စကားမပြောနိုင်ဖြစ်သွားစေသည်။
" ဟုတ်တယ်၊ ရှုမင်းချန်ကလည်း သူ့ကိုယ်သူ လာဝန်ခံပါတယ်။ သူက သူ့မိန်းမကို သတ်တယ်လို့ပြောပြီး တစ်ယောက်ယောက်ကို ခေါ်လာပါတယ် .... "
သူ့စကားကို ကြားတဲ့အခါ ရှိနေကြတဲ့ ခေါင်းဆောင်တွေ လန့်သွားကြသည်။
ရှုမင်းချန် က တကယ်ပဲ သူ့ကိုယ်သူ လာဝန်ခံတာလား။
ဒီအမှုဟာ တကယ်ကို ပြေလည်သွားပြီဖြစ်သည်။
ရာဇ၀တ်ကောင်တွေက တစ်ယောက်ပြီးတစ်ယောက် လာဝန်ခံကြသည်။
အိပ်နေရင်းပင် အမှုကို ဖြေရှင်းနိုင်ခဲ့ကြတာလား။
ပြီးတော့ ဒီ ရှုမင်းချန်က သူနဲ့အတူ လူသတ်သမားကို ခေါ်လာခဲ့တာလား။
နောက်ထပ်လူသတ်မှုလား။
သူတို့ စိတ်လှုပ်ရှားစွာဖြင့် တုန်လှုပ်သွားကြသည်။
ဒါက ကြီးမားတဲ့ ကိစ္စပဲ။
ဒီကိစ္စကို လုံးလုံးလျားလျား ဖြေရှင်းနိုင်လျှင် သူတို့နာမည်တက်မည်ဖြစ်သည်။
ခေါင်းဆောင်ကြီးအနေနဲ့ အခုမှ ရုံးခန်းကို ပြောင်းရွှေ့လာတာကြောင့် သူ့ရဲ့ အရည်အချင်းတွေကို ပြသဖို့ လိုသည်။
သို့သော် သူ ငိုက်မြည်းနေချိန်၌ ခေါင်းအုံးတစ်လုံး ရောက်လာမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
" မြန်မြန်၊ ရှုမင်းချန်ကို ချက်ချင်း စစ်ဆေးမေးမြန်းကြရအောင် "
အပိုင်း ( ၅၉၈ )
ယဲ့ဖန်၊ ယဲ့ဖန်၊ ယဲ့ဖန် ထပ်ပြီး ယဲ့ဖန်ပဲလား။
လုရှောင်ရသည် သူမ၏ အဘိုးနှင့်အဖေတို့၏ အမည်များက ရီချန်းကျယ်ကိုမခြောက်လှန့်နိုင်သည်ကို မြင်လိုက်ရသည်။
သူမသည် ရီချန်းကျယ်ဘေးတွင် ထိုင်နေသော ကျောင်းဖုလင်ကိုသာ အကူအညီတောင်းရတော့သည်။
" ကျောင်းလူကြီးမင်း၊ ရှင်အရင်က ယဲ့ဖန်ကို ရှင့်ရဲ့ညီအစ်ကိုလို့တောင် ခေါ်သေးတယ်လေ။ ကျေးဇူးပြုပြီး သူ့ကို ကယ်နိုင်မလား "
ကျောင်းဖုလင်သည် သူမအကြည့်ကို ရှောင်လိုက်သည်။
" တောင်းပန်ပါတယ်၊ ငါသူ့ကို မကယ်နိုင်ဘူး "
လုရှောင်ရ ထိတ်လန့်သွားသည်။
" ရှင့်ရဲ့ ကျောင်းမိသားစုက ယန်းချန်မှာ အကြီးဆုံးမိသားစုပါ။ နည်းလမ်းရှိရမယ် "
ကျောင်းဖုလင်သည် မတုန်လှုပ်ပေ။
" ငါတို့ ကျောင်းမိသားစုက ကြီးပေမယ့် ဥပဒေကို ချိုးဖောက်လို့မရဘူး။ ယဲ့ဖန် ရာဇ၀တ်မှု မကျူးလွန်ထားရင် ဥပဒေက သူ့ကို တရားမျှတမှုပေးလိမ့်မယ်။ ဒါပေမယ့် သူက တစ်ကယ်ပဲ လူသတ်ခဲ့ရင် ငါတို့ ကျောင်းမိသားစုကတောင် သူ့ကို မကယ်နိုင်ဘူး "
" ကောင်းပြီ "
ရီချန်းကျယ်က ချက်ချင်းလက်ခုပ်တီးလိုက်သည်။
" အစ်ကိုဖုလင်ပြောတာ မှန်တယ်။ ဒီ ယဲ့ဖန်က လူသတ်မှုနဲ့ ဓားပြတိုက်မှုမှာ အပြစ်ရှိတော့ ဥပဒေနဲ့အညီ အပြစ်ပေးသင့်တယ် "
လုရှောင်ရသည် ကျောင်းဖုလင် ဘယ်လောက် နှလုံးသားမဲ့သည်ကို မြင်လိုက်ပြီး လော့ကျင်းယွမ်ကို အကူအညီတောင်းခဲ့သည်။
" လော့လူကြီးမင်း၊ ယဲ့ဖန်က ရှင့်အဖေနဲ့ ရှင့်မိန်းမကို အရင်က ကယ်ခဲ့ဖူးတယ်လေ။ သူသေတာကို ဒီအတိုင်း ကြည့်နေတော့မှာလား "
လော့ကျင်းယွမ်က သူမကို မျက်နှာအမူအရာမပြဘဲ ကြည့်နေသည်။
" လုမိန်းကလေး၊ မင်းက ငါ့ကို အရမ်းအထင်ကြီးနေတာပဲ။ ငါ့အစွမ်းအစနဲ့ ငါ့ကိုယ်ငါတောင် မကယ်နိုင်တာ သူ့ကို ဘယ်လိုလုပ် ကယ်နိုင်မှာလဲ "
လုရှောင်ရသည် ထိုစကားကို ကြားသောအခါ သူမ၏ နှလုံးအေးခဲသွားသည်ဟု ခံစားလိုက်ရသည်။
" ရှင့်ကို ဒီလောက်ကျေးဇူးကန်းဖို့ မမျှော်လင့်ထားဘူး။ ယဲ့ဖန် အတွက် ကျွန်မ တကယ် စိတ်မကောင်းဘူး "
လော့ကျင်းယွမ်သည် ခေါင်းကို လှည့်ကာ ထပ်မပြောတော့ပေ။
လုရှောင်ရသည် ချန်းချုံရှန်းကို ကြည့်လိုက်သည်။
" အစ်ကိုချန်း၊ ရှင်က ယဲ့ဖန်ကို အချိန်အကြာဆုံးသိပြီး သူနဲ့ အနက်ရှိုင်းဆုံး ဆက်ဆံရေးရှိတဲ့သူပါ။ ရှင် သူတို့လောက် နှလုံးသားမဲ့နေလို့မရဘူး၊ မဟုတ်လား"
ချန်းချုံရှန်းက သက်ပြင်းရှည်ကြီး ချလိုက်သည်။
" ရှောင်ရ၊ မင်းရဲ့အချိန်တွေကို မဖြုန်းတီးဖို့ ငါအကြံပေးတယ်။ ယဲ့ဖန်ကို မင်းမကယ်နိုင်ဘူး။ ငါလည်း သူ့ကိုမကယ်နိုင်ဘူး။ အရာအားလုံးက ကောင်းကင်ဘုံရဲ့ အလိုတော်အတိုင်း ဖြစ်ပါလိမ့်မယ် "
ကျောင်းဖုလင်၊ လော့ကျင်းယွမ် နှင့် ချန်းချုံရှန်းကို လက်ညှိုးထိုးရင်း လုရှောင်ရ မရယ်ဘဲ မနေနိုင်တော့ပေ။
" ရှင်တို့အားလုံး ရီချန်းကျယ်ထက်တောင် ပိုစက်ဆုပ်စရာကောင်းတယ်လို့ ခံစားရတယ်။ အရင်ကတော့ ရှင်တို့အားလုံးက ရှင်တို့ရဲ့ ညီလို့ ယဲ့ဖန်ကို ခေါ်ကြပေမယ့် တစ်ခုခုဖြစ်လာတဲ့အခါကျ ရှင်တို့အားလုံးက အဝေးကို ပုန်းနေကြတယ်။ ရွံစရာကောင်းပြီး အရှက်မရှိဘူး .... "
ကျောင်းဖုလင်နှင့် အခြားသူတို့ မျက်နှာပျက်သည်အထိ ဆူပူကြိမ်းမောင်းခံခဲ့ရသည်။
ပါးစပ်ပိတ်ထားသော်လည်း နှလုံးသားတွင် ခါးသီးမှုများ ပြည့်နေသည်။
ဗီလိန်လူဆိုးတစ်ယောက်အနေနဲ့ သရုပ်ဆောင်ရတာ တကယ်မလွယ်ဘူး။
ထိုအချိန်မှာ ရီချန်းကျယ်က စားပွဲကို ဆောင့်တွန်းလိုက်သည်။
" လုရှောင်ရ၊ မင်း အရမ်းလွန်မလာနဲ့။ အစ်ကိုဖုလင်နဲ့ တခြားသူတွေက ငါ့ရဲ့ ဧည့်သည်တွေပါ။ ဒီမှာ မင်း ဘာတွေလာပြီး လျှောက်ပြောနေတာလဲ။ လုံခြုံရေးတွေ၊ သူမကို မောင်းထုတ်လိုက်ကြ "
သူက ပြောပြီးသည်နှင့် တပြိုင်နက် သက်တော်စောင့်နှစ်ယောက်က လုရှောင်ရဆီသို့ ချက်ချင်း လျှောက်လာခဲ့ကြသည်။
လျုံလင်းသည် လုရှောင်ရ ရှေ့တွင် အမြန် ပိတ်ရပ်လိုက်သည်။
" ဘယ်သူက သတ္တိရှိလဲ ကြည့်ရအောင် "
ရှချူးသည် သူတို့နှစ်ဦးနှင့်အတူ ရပ်ကာ ရီချန်းကျယ်နှင့် အခြားသူများကို စိုက်ကြည့်နေသည်။
လျုံယွမ်ဖီသည် အလွန်ကြောက်လန့်သွားပြီး သူ့မျက်နှာက ဖြူဖျော့သွားခဲ့သည်။
သူသည် အရှိန်အဟုန်ဖြင့် ရှေ့သို့ ပြေးသွားပြီး သူ့သမီးကို ဆွဲထုတ်လိုက်သည်။
ခန်းမတစ်ခုလုံး ပရမ်းပတာ ဖြစ်နေခဲ့သည်။
ထိုအချိန်တွင် အမျိုးသမီးတစ်ဦးက လူတိုင်း၏ အမြင်အာရုံထဲတွင် ရုတ်တရက်ပေါ်လာသည်။
ထိုအမျိုးသမီးသည် အနက်ရောင်ရုံးဝန်ထမ်းဝတ်စုံကို ၀တ်ဆင်ထားသည်။
ဖြောင့်စင်းသော အသားကပ်ဘောင်းဘီက သူမ၏ ရှည်လျားသော ခြေတံများကို ပို၍ သွယ်လျစေသည်။
သူမသည် အနက်ရောင်ဒေါက်မြင့်ဖိနပ်တစ်စုံကို ဝတ်ဆင်ထားသည်။
သူမဖိနပ်တွေရဲ့ ဒေါက်တွေက မြေပြင်ကို ထိသွားတဲ့အခါ ကျယ်လောင်တဲ့အသံ ထွက်ပေါ်လာပြီး လူတစ်ယောက်ရဲ့ နှလုံးခုန်နှုန်းကို လာပြီး ထိခိုက်စေသည်။
ဤအမျိုးသမီးရဲ့ ဩဇာနှင့် ကိုယ်ရောင်ဝါက ပြင်းထန်လွန်းလေသည်။
သူမပေါ်လာတာနဲ့ လူတိုင်းက အလိုလို ဇာတ်ရန်ဖြစ်သွားကြသည်။
လူတိုင်း၏ အကြည့်တွေက သူမရှိရာသို့ ဆွဲခေါ်ခံလိုက်ရပြီး ရန်ဖြစ်တာကိုပင် မေ့သွားကြသည်။
ထိုအမျိုးသမီးသည် ရီချန်းကျယ်၏ တစ်ဖက်ခြမ်းသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး သူမ၏ အနီရောင် နှုတ်ခမ်းသားများကို ဖွင့်ဟလိုက်သည်။
" မင်္ဂလာပါ ရီသခင်လေး။ ကျွန်မနာမည်က ချန်းရွှမ် ပါ "
ရီချန်းကျယ်သည် သူ့အာရုံများဆီသို့ အမြန်ပြန်ရောက်လာပြီး ချောမောသောအပြုံးကို ပြုံးလိုက်သည်။
" မင်္ဂလာပါ မိန်းကလေးချန်း။ မင်း ငါ့ကို ရှာဖို့ဒီကိုရောက်လာတာလား "
'ရင်သပ်ရှုမောဖွယ်'ကောင်းသည်ဟု ဆိုနိုင်သော အမျိုးသမီးများစွာကို သူတွေ့ခဲ့ဖူးသော်လည်း သူတို့အားလုံးက သူ့ရှေ့က အမျိုးသမီးနဲ့ ယှဉ်လိုက်လျှင် နိမ့်ကျသွားကြသည်။
ရှချူး၊ လုရှောင်ရ နှင့် လျုံလင်း ကဲ့သို့သော အလှလေးများသည် မျက်နှာအသွင်အပြင်အရ ချန်းရွှမ်ထက် မနိမ့်ကျပေ။
သို့သော် သူမ၏ လှုပ်ရှားမှုတိုင်းမှ ထွက်ပေါ်လာသော ဘုရင်မတစ်ယောက်၏ ကိုယ်ရောင်ဝါသည် သူတို့ မပိုင်ဆိုင်နိုင်သော အရာ ဖြစ်လေသည်။
ချန်းရွှမ် သည် ရီချန်းကျယ် ကို သေချာကြည့်လိုက်သည်။
" ကျွန်မ ရှင့်ကိုရှာဖို့ ဒီကို ရောက်နေတာကါ "
ရီချန်းကျယ်က ဆက်မေးသည်။
" ချန်းမိန်းကလေးက ဘာလို့ ငါ့ကို ရှာနေတာလဲ သိလို့ရနိုင်မလား "
ချန်းရွှမ်၏ မျက်နှာပေါ်တွင် အပြုံးမပျက်ပေ။
" ကျွန်မ သခင်လေးကို တစ်ခုလောက် တောင်းဆိုချင်ပါတယ် "
ရီချန်းကျယ် လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။
" မိန်းကလေးချန်း၊ ပြောပါ တတ်နိုင်သလောက် ကူညီပေးပါ့မယ် "
" ကျွန်မချစ်သူကို အသက်ရှင်ခွင့်ပေးပါလို့ ရီသခင်လေးကို တောင်းပန်ချင်ပါတယ် "
ချန်းရွှမ်က သူ့ကို မျက်လုံးထဲ တန်းတန်း ကြည့်လိုက်ပြီး သူမ၏ရည်ရွယ်ချက်တွေကို ရှင်းပြသည်။
" မင်းရဲ့ရည်းစားက ဘယ်သူလဲ "
ရီချန်းကျယ် အံ့ဩသွားသည်။
" ယဲ့ဖန်ပါ "
ချန်းရွှမ်က ဆက်ဖြေသည်။
သူမ ပြောသည့်အခါ ရောက်ရှိနေသူအားလုံး အံ့သြသွားကြပြန်သည်။
ထပ်ပြီး ယဲ့ဖန်ပဲလား။
ရှချူး၊ လုရှောင်ရ နှင့် လျုံလင်း တို့သည် ယဲ့ဖန်ကို လွှတ်ပေးဖို့ ရီချန်းကျယ် ကို တောင်းပန်ရန် ရောက်လာခဲ့ကြသည်။
ဒီလိုအံ့သြစရာကောင်းတဲ့ မိန်းကလေးချန်း ကလည်း ယဲ့ဖန်အတွက် ရောက်လာလိမ့်မယ်လို့ သူတို့ မမျှော်လင့်ထားခဲ့ပေ။
ပိုလို့တောင် အံ့သြမိစေသည်က သူမက ‘သူမရည်းစား’လို့ ပြောခဲ့လေသည်။
ယဲ့ဖန်က သူမရည်းစားလား။
လူတိုင်းသည် ယဲ့ဖန်အပေါ် မနာလိုမှုနှင့် မုန်းတီးမှုကို ချက်ချင်းခံစားလိုက်ရသည်။
ဒီခွေးသားလေးက အချစ်ရေးမှာ ဘာလို့ ဒီလောက်တောင် ကံကောင်းရတာလဲ။
ဘာကြောင့် သူ့ပတ်ဝန်းကျင်မှာ ထူးချွန်ထက်မြက်တဲ့ မိန်းမတွေ အများကြီး ရှိနေတာလဲ။
သို့သော် တွေးကြည့်တဲ့အခါ ယဲ့ဖန်သည် အသက် ၂၀ တွင် အောက်ခြေမှစတင်၍ ကြီးမားသော အခြေခံအုတ်မြစ်ကို ဖန်တီးနိုင်ခဲ့သည်။
သူသည် ကောင်းကင်ဘုံ၏ ဂုဏ်ယူဖွယ်သားတော်ဟုပင် ယူဆနိုင်သည်။
ဒီလိုလူမျိုးက အမျိုးသမီးတွေအတွက် စွဲဆောင်မှုရှိလေသည်။
သူ့ပတ်ဝန်းကျင်မှာ ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးတွေ မရှိမှသာ ထူးဆန်းနေမှာဖြစ်သည်။
ရှချူးနှင့် လုရှောင်ရတို့သည် ချန်းရွှမ် ၏ စကားကို ကြားသောအခါ စိတ်ပျက်လက်ပျက်ဖြစ်သွားကြသည်။
ယဲ့ဖန်မှာ တကယ်ပဲ ရည်းစားရှိတာလား။
ပြီးတော့ သူမက အရမ်းကို ပြီးပြည့်စုံသူဖြစ်သည်။
သူတို့ကိုယ်သူတို့ အနည်းငယ် ရှက်သွားသလို ခံစားလိုက်ရသည်။
ဒီလိုမိန်းမမျိုးကသာ သူ့အတွက် ထိုက်တန်တာဖြစ်နိုင်သည်။
နှစ်ယောက်သား အနည်းငယ် မနာလိုဖြစ်မိသည်။
သို့သော် ထိုအရာများကို စဉ်းစားရမည့်အချိန်မဟုတ်ကြောင်း သူတို့သိထားသောကြောင့် သူတို့၏ မနာလိုစိတ်များကို ယာယီဖယ်ထုတ်လိုက်ကြသည်။
ရီချန်းကျယ် ကတော့ သူ့မျက်နှာသည် လုံးဝကို အကျည်းတန်သွားခဲ့ပြီဖြစ်သည်။
" ယဲ့ဖန်၊ ယဲ့ဖန်၊ ယဲ့ဖန် နဲ့ လာပြန်ပြီ နောက်တစ်ခါ။ ငါ နားမလည်ဘူး။ ဒီကောင်က ငါ့ထက် ဘယ်နားသာနေလို့ တစ်ကမ္ဘာလုံးက သူ့ကို လှည့်ပတ်နေသလိုမျိုး လုပ်နေကြတာလဲ "
အပိုင်း ( ၅၉၉ )
အဆုံးသတ်
ရီချန်းကျယ်က တကယ်ကို ဒေါသထွက်နေခဲ့သည်။
ရီမိသားစု၏ မျိုးဆက်သစ် အထူးချွန်ဆုံး အမွေဆက်ခံသူအဖြစ် ငယ်စဉ်ကတည်းက ပတ်ဝန်းကျင်ရှိလူများက သူ့ကို ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်ခဲ့သည်။
စိတ်မပျက်စေရအောင် အသက် ၂၁ နှစ်တွင် သူသည် ရွယ်တူချင်းများပင် မမျှော်လင့်နိုင်သော အောင်မြင်မှုများကို ရရှိခဲ့သည်။
အချိန်ကြာလာတာနဲ့အမျှ သူ့မှာစွမ်းဆောင်နိုင်သော စိတ်ကူးစိတ်သန်းများစွာလည်းရှိသည်။
သူ့ကိုယ်သူ အဟုတ်ကြီးထင်နေမှုသည် ယဲ့ဖန် ပေါ်လာသည့်အခါ တစ်စစဖြင့် ထင်ရှားလာသည်။
သူ့ထက် တစ်နှစ်ငယ်သည့် ထိုလူငယ်လေးသည် စီးပွားရေးလောကတွင် ကြီးကျယ်ခမ်းနားသော အောင်မြင်မှုများစွာကို ရရှိခဲ့ပြီး သူဂုဏ်ယူခဲ့ရသော အောင်မြင်မှုတွေကို ဖြိုခွဲခဲ့သည်။
သူသည် အောက်ခြေမှစတင်၍ ဘီလီယံချီရှိသော စီးပွားရေးအင်ပါယာကြီးကို ဖန်တီးနိုင်ခဲ့သည်။
အဲ့တာတင်မကသေးဘဲ တစ်ဖက်သား၏ ဆေးပညာနဲ့ ကိုယ်ခံပညာစွမ်းရည်ကလည်း လူတိုင်းကို တုန်လှုပ်ချောက်ချားစေနိုင်သည်။
အလုံးစုံကျွမ်းကျင်သော တန်ခိုးရှင်ကဲ့သို့ ဖြည်တည်မှုမျိုး ဖြစ်လေသည်။
အဲ့တာက သူ့ကို ပိုလို့တောင် မနာလိုဖြစ်သွားစေသည်။
ယဲ့ဖန် ပတ်၀န်းကျင်ရှိ အမျိုးသမီးများသည် တစ်ယောက်ပြီး တစ်ယောက် ပိုထူးချွန်ကြလေသည်။
သူ့ပတ်ဝန်းကျင်ရှိ ကပ်စားချင်သော အမျိုးသမီးတွေနှင့် ယှဉ်လိုက်လျှင် သူတို့ထက် အဆများစွာ ပိုသန်မာလေသည်။
အဲ့တာက သူ့ရဲ့ စိတ်ကို ပြိုလဲသွားစေပြီး ချက်ချင်း ရူးသွပ်သွားခဲ့သည်။
" ငါ ယဲ့ဖန်ကို သေစေချင်တယ်။ သူ့ကို သေစေချင်တယ်။ တစ်ယောက်ယောက်က ထပ်ပြီး လာတောင်းပန်ရင် ငါ အဲ့လူကို အရင်သတ်ပစ်မယ် "
သူ၏ နဂိုက ချောမောသော မျက်နှာသည် ဒေါသကြောင့် ပုံပျက်ပန်းပျက် ဖြစ်သွားပြီး အလွန်ကြောက်စရာကောင်းသည့်ပုံပေါက်နေသည်။
ရှိနေသူတိုင်းက သူ့ကို ဒီလောက်ဒေါသထွက်တာမျိုး တစ်ခါမှ မတွေ့ဖူးပေ။
ချန်းရွှမ် သည် အစပိုင်းတွင် အနည်းငယ် ထိတ်လန့်သွားသော်လည်း လျင်မြန်စွာ စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိခဲ့သည်။
" ယဲ့ဖန် သာ အသက်ရှင်မယ်ဆို ကျွန်မ အရာအားလုံးကို စွန့်လွှတ်နိုင်တယ်။ သူ့ကိုလွှတ်ပေးဖို့ သဘောတူရင် သူ့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ပေးနိုင်တယ် "
ထိုစကားကို ရီချန်းကျယ် ကြားသောအခါ ချက်ချင်း ရယ်မောလိုက်သည်။
" သူက ငါ့ကို ပေးဖို့လိုလား။ ငါသာ လိုချင်ရင် ကိုယ်တိုင်ကိုယ်ကျ ယူလိုက်ရုံပဲ။ သူ့စည်းစိမ်၊ သူ့မိန်းမ၊ သူ့ဘဝပဲ ဖြစ်ဖြစ် အားလုံးကို လိုချင်ရင် ယူလို့ရတယ် ဟားဟားဟား ....... "
သူ၏ မိုက်မဲသော စကားကို ကြားတဲ့အခါ လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်၊
ရီချန်းကျယ် သည် ယဲ့ဖန်ကို ဒီလောက် မုန်းတီးနေမည်ဟု မမျှော်လင့်ထားပေ။
သူ့အရိုးတွေကို မီးရှို့ပြီး ပြာတွေကိုပင် လွှင့်ပစ်ချင်နေပုံရသည်။
ယနေ့ ဤနေရာတွင် ထိုင်နိုင်သူများသည် အတွေ့အကြုံရှိပြီး အမြော်အမြင်ရှိသောသူများဖြစ်သည်။
ရီချန်းကျယ်သည် ယဲ့ဖန်ကို လွန်စွာမုန်းတီးနေရခြင်း အကြောင်းရင်းမှာ ယဲ့ဖန်က သူ့ကို စော်ကားခဲ့ခြင်းကြောင့် မဟုတ်ဘဲ ယဲ့ဖန်က သူ့ထက် ပိုထူးချွန်သောကြောင့် ဖြစ်သည်ကို သူတို့ မြင်နိုင်ကြသည်။
သူက ရီသခင်လေးထက် ပိုထူးချွန်သောကြောင့် သေဒဏ်ပေးခဲ့ရသည်။
ဒါက နည်းနည်း မတရားဘူး မဟုတ်လား။
အောင်နိုင်သူသည် ဘုရင်ဖြစ်သရွေ့၊ အရှုံးသမားသည် ဓားပြဖြစ်လေသည်။
ဆုံးရှုံးမှုက ဆုံးရှုံးမှုတစ်ခုပင်ဖြစ်သည်။
ချန်းရွှမ်၊ လုရှောင်ရ၊ ရှချူး နှင့် အခြားသူများ အားလုံးက စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။
ရီချန်းကျယ်၏ အမူအရာကိုကြည့်လျှင် ယဲ့ဖန် မသေမချင်း သူရပ်မည်မဟုတ်သည်မှာ ထင်ရှားလေသည်။
ရီချန်းကျယ်နှင့် ယှဉ်လျှင် သူတို့၏ အင်အားက အတော်လေးအားနည်းလေသည်။ ဓားပြကို သတ်ချင်သော်လည်း အစွမ်းအစမရှိပေ။
ယဲ့ဖန် ဒီအချိန်မှာ တကယ်ပဲ သေတော့မှာလား။
ထိုအချိန်တွင် အပြင်ဘက်မှ စိုးရိမ်သောကရောက်နေတဲ့ အော်ဟစ်သံများ ရုတ်တရက် ထွက်ပေါ်လာသည်။
" ရီသခင်လေး၊ တစ်ခုခုတော့ ဆိုးသွားပြီ ....... အဆင်မပြေဘူး "
ထိုလူသည် လျင်မြန်စွာ ပြေးလာပြီး စားပွဲတစ်ခုရှေ့မှ ဖြတ်လာသောအခါ လူတစ်ယောက်၏ ခြေထောက်ကိုပင် ခလုတ်တိုက်မိသွားသည်။
သို့သော် ထိုလူသည် အလွန်တုန်လှုပ်နေကာ ရီချန်းကျယ်ဆီသို့ ဆက်၍ တွားသွားခဲ့သည်။
ရိုင်းစိုင်းစွာ ရယ်မောနေသော ရီချန်းကျယ် သည် ချက်ချင်း သူ့မျက်နှာပေါ်တွင် မည်းမှောင်သော အမူအရာ ပေါ်လာသည်။
" ဒီမှာ ဧည့်သည်တွေ အများကြီးရှိနေတာကို မင်းမမြင်ဘူးလား။ မင်းဘာလို့ ဒီလောက်လာရှုပ်နေရတာလဲ "
လက်အောက်ငယ်သားက ချက်ချင်း မတ်တတ်ထရပ်ကာ စိတ်တည်ငြိမ်အောင် ကြိုးစားသော်လည်း သူ့အမူအရာမှာ အလွန်ရုပ်ဆိုးနေသေးသည်။
ရီချန်းကျယ်သည် သူနှင့် ငြင်းခုံရန် စိတ်မကူးနိုင်ဘဲ ချက်ချင်း လက်ကို ဝှေ့ယမ်းလိုက်သည်။
" ဘာလဲ၊ စကားမြန်မြန်ပြော "
လက်အောက်ငယ်သားက လှည့်ပတ်ကြည့်ရင်း ခက်ခက်ခဲခဲနဲ့ ပြောလေသည်။
" ရှု... ရှုမင်းချန်၊ သူ... သူလည်းပေါ်လာတယ် "
ရီချန်းကျယ်သည် သူ၏တည်ငြိမ်မှုကို မီးမောင်းထိုးပြရန် ဝိုင်တစ်ခွက်ကို နှုတ်ခမ်းပေါ်တင်လိုက်သည်။
သို့သော် ထိုစကားကိုကြားသောအခါ သူ့လက်သည် ချက်ချင်း တုန်လှုပ်သွားပြီး စပျစ်ရည်ဖန်ခွက်သည် အပိုင်းပိုင်းကွဲအက်လျက် မြေပေါ်သို့ ပြုတ်ကျသွားသည်။
" ဘယ်သူ...ဘယ်သူလဲ။ ရှု...ရှုမင်းချန်လား။ သူ .... "
" သူ မဟုတ်ဘူးလား ..... "
သူ တကယ်ကို ထိတ်လန့်နေပြီဖြစ်သည်။
ရှုမင်းချန်သည် မန်းဖေး၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး မစ်ရှင်ပြီးဆုံးကြောင်း မန်းဖေးထံမှ မက်ဆေ့ချ်ကိုပင် ရရှိခဲ့သည်။
သူက ဘယ်လိုလုပ် အသက်ပြန်ရှင်လာနိုင်မှလဲ။ လက်နက်ချဖို့ စခန်းကိုတောင် သွား
နေတာလား။
တစ်ခုခုတော့ မှားနေပြီဖြစ်သည်။
လက်အောက်ငယ်သားက ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်သည်။
" ကျွန်တော်တို့ လူတွေက ရှုမင်းချန် ခန်းမထဲကို ဝင်လာတာ သူတို့ကိုယ်တိုင် မျက်စိနဲ့ မြင်လိုက်ကြပါတယ်။ သူတို့ မမှားပါဘူး။ ပြီးတော့ ...... "
အတည်ပြုရန် မန်းဖေး ကို ဖုန်းခေါ်တော့မည့် ရီချန်းကျယ်သည် ထိတ်လန့်သွားသည်။
" ပြီးတော့ ဘာလဲ "
လက်အောက်ငယ်သားက ခဏတုံ့ဆိုင်းသွားသည်။
" လူတစ်ယောက်ကို ကြိုးနဲ့ချည်ပြီး ရုံးထဲဝင်လာတာပါတဲ့ ........ "
" လူကို ပြန်ပေးဆွဲတာလား။ ဘယ်သူလဲ "
" မန်းဖေးပါ "
လက်အောက်ငယ်သားက နာမည်ကို သတင်းပို့သောအခါ ရီချန်းကျယ် ထိန်းမရတော့ဘဲ ကုလားထိုင်ပေါ်သို့ လဲကျသွားသည်။
ဖုန်းသည်လည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
" ပြီးပြီ၊ ပြီးပြီ၊ အားလုံးပြီးပြီ ..... "
ရီချန်းကျယ် က ရေရွတ်ရင်း သူ့မျက်နှာက စာရွက်တစ်ရွက်လို ဖြူဖျော့နေသည်။
ရှုမင်းချန် သည် သူ၏ယုံကြည်ရဆုံးသော လက်ထောက်တစ်ဦးဖြစ်ခဲ့ဖူးပြီး သူ့လက်ထဲတွင် အညစ်အကြေးများစွာ ရှိနေသည်။
လုပ်ကြံသတ်ဖြတ်မှု အောင်မြင်ခဲ့လျှင် ဤမှောင်မိုက်သော လျှို့ဝှက်ချက်များကို သူက သင်္ချိုင်းတွင်းသို့ ယူသွားမည်ဖြစ်ပြီး မည်သူမျှ မသိနိုင်ပေ။
သို့သော် လုပ်ကြံသတ်ဖြတ်မှု မအောင်မြင်ခဲ့သည့်အပြင် မန်းဖေးကိုပါ ဖမ်းမိသွားခဲ့သည်။
အခြေအနေက လုံးဝ အဆုံးဘက်ကို ဦးတည်သွားလိမ့်မည်ဖြစ်သည်။
ရှုမင်းချန်သည် သူလုပ်ခဲ့သည့် အညစ်အကြေးကိစ္စအားလုံးကို ဖော်သွားလိမ့်မည်။
ပစ္စည်းလေးတစ်ခုတောင်မှ သူ့ကိုသတ်ဖို့လုံလောက်သည်။
မန်းဖေး ကလည်း သူ့ရဲ့ အညစ်အကြေးတွေ အများကြီးသိနေသည်။
သူ့အတွက် စကားတစ်ခွန်းသာ ကျန်တော့သည်။
ပြေး
သူချက်ချင်း လွတ်မြောက်ရမည်။
ပိုဝေးလေ၊ ပိုကောင်းလေဖြစ်သည်။
နိုင်ငံရပ်ခြားမှာ ပုန်းနေပြီး ဘယ်တော့မှ ပြန်မလာဘူးဆိုရင် အကောင်းဆုံးဖြစ်သည်။
မကျေမနပ်ဖြစ်နေသော်လည်း အခြားရွေးချယ်စရာမရှိပေ။ သူ ဆက်နေလျှင် သေရုံသာရှိတော့သည်။
ထို့အပြင် ရှုမင်းချန်နှင့် မန်းဖေးတို့မှ သူလုပ်ထားသည့် အညစ်အကြေးများကို မဖော်ထုတ်မီ သူ ထွက်သွားရမည်ဖြစ်သည်။ မဟုတ်ရင် သူ ထွက်သွားနိုင်မှာ မဟုတ်ပေ။
အဲ့တာကိုတွေးပြီး ဖုန်းကို ကောက်ကိုင်ဖို့ ချက်ချင်း ငုံ့လိုက်သည်။
နိုင်ငံခြားသွားရန် ပြင်ဆင်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
သို့သော် သူ့လက်က ဖုန်းကို ထိလိုက်သည်နှင့် ......
ဖိနပ်တစ်ရံက သူ့လက်ကို ဖိလိုက်လေသည်။
" သခင်လေး၊ ဘာလို့ ဒီလောက် ထိတ်လန့်နေတာလဲ။ အိမ်မှာ တစ်ယောက်ယောက်သေသွားလို့လား "
ရီချန်းကျယ် မော့ကြည့်လိုက်တဲ့အခါ ကျောင်းဖုလင် ပြုံးနေတာကို တွေ့လိုက်ရသည်။
အပိုင်း ( ၆၀၀ )
မျက်နှာ နှစ်ဖက်ရှိတာလား။
သူ့ဘေးမှာ ရှိနေသည့် လော့ကျင်းယွမ်ကလည်း ပြောသည်။
" မိသားစုထဲမှာ တစ်ယောက်ယောက် သေဆုံးသွားတာတော့ မဟုတ်လောက်ဘူး။ သူ့မိန်းမက တခြားတစ်ယောက်နဲ့ ထွက်ပြေးသွားတာ ဖြစ်နိုင်တယ် "
ချန်းချုံရှန်း ကလည်း ပြောသည်။
" ဘယ်မိန်းမက တခြားတစ်ယောက်နဲ့ ထွက်ပြေးသွားတာလဲ။ ရီသခင်လေးမှယ ဇနီးမရှိသေးပါဘူး။ သူက သူများမိန်းမတွေကိုပဲ ကြိုက်တာ "
ဟုရွမ်ယု လည်း ခေါင်းညိတ်လိုက်သည်။
" ရီသခင်လေးက Wei Changfengရဲ့ မိန်းမနဲ့ မကြာသေးခင်ကမှ တွေ့တယ်လို့ ကြားတယ်။ ပြီးတော့ Wei Changfeng ကလည်း ရီမိသားစုရဲ့ သင်္ဘောကြီးပေါ်ကို အောင်မြင်စွာတက်သွားခဲ့တာဆိုတော့ .... "
ကျောင်းဖုလင် ရုတ်တရက် သဘောပေါက်သွားသည်။
" ဒါဆို သခင်လေးရီနဲ့ မယားမျှစားတာလား "
သူတို့ လေးယောက်က အရင်ကလို လှောင်ပြောင်ကြသည်။
Wei Changfengက ဒေါသတကြီးဖြင့် စားပွဲကို ရိုက်ချလိုက်ပြီး ထရပ်လိုက်သည်။
" လျှောက်မပြောနဲ့။ သခင်လေးရီက ငါ့မိန်းမနဲ့ ဘယ်တုန်းက ပတ်သက်လို့လဲ....... "
ဝေ့ချန်းဖန်း သူ့ကိုယ်သူ မထိန်းနိုင်ခဲ့တော့ပေ။
လော့ကျင်းယွမ်က ချက်ချင်း ရယ်ပြီး သူ့ကို ဖြတ်ပြောသည်။
" သူက မင်းမိန်းမနဲ့ ပတ်သက်တာ မရှိဘူးဆိုပေမယ့် မင်းနဲ့ ဆက်ဆံရေး ရှိနေတာလား "
ကျောင်းဖုလင်နှင့် အခြားသူများက ချက်ချင်းရယ်မောလိုက်ကြသည်။
Wei Changfengသည် ချက်ချင်း ဒေါသထွက်သွားပြီး တစ်ချိန်တည်းမှာပဲ သူ သတိထားမိလိုက်သည်။
သူတို့လေးယောက်က ရီချန်းကျယ်ကို အခုပဲ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေကြပြီးမှ သူတို့ရဲ့ စိတ်နေသဘောထားတွေက ဘာလို့ ရုတ်တရက်ကြီး ပြောင်းလဲသွားတာလဲ။
တစ်ခုခုဖြစ်သွားတာလား။
တခြားသူတွေလည်း ထပ်တူ အံသြသွားကြသည်။
သူတို့သည် ရီချန်းကျယ်၏ ထိတ်လန့်တုန်လှုပ်သောအမူအရာကို ပထမဆုံးမြင်လိုက်ပြီးနောက် ကျောင်းဖုလင်နှင့် အခြားသုံးယောက်က သူ့ကို ကဲ့ရဲ့လှောင်ပြောင်ကြသည်ကို တွေ့လိုက်ရသည်။
သူတို့ကို သံသယဖြစ်မိစေသည်။
ဒီလို သဘောထားပြောင်းလဲမှုက မြန်ဆန်လွန်းသည် မဟုတ်လား။ ဘာအကြောင်းကြောင့်လဲ။
ချန်းရွှမ်၊ လုရှောင်ရ၊ ရှချူးတို့က ကျောင်းဖုလင် နှင့် တခြားသူတွေကို စိတ်ရှုပ်ထွေးစွာ ကြည့်နေကြသည်။
ယဲ့ဖန်အသက်ကို မကယ်တင်ဖို့ စိတ်ပိုင်းဖြတ်ထားကြတာ မဟုတ်ဘူးလား။
သူတို့ရဲ့ သဘောထားက ဘာလို့ ရုတ်တရက် ပြောင်းလဲသွားတာလဲ။
တကယ်ပဲ မျက်နှာနှစ်ဖက်ရှိခဲ့တာလား။
ဘာတွေဖြစ်နေတာလဲ။
ရီချန်းကျယ်က သူတို့လေးယောက်က ဘယ်သူ့အပေါ် သစ္စာစောင့်သိနေတယ်ဆိုတာကို ပြောနိုင်နေပြီဖြစ်သည်။
သူ့ကိုယ်သူ အရူးလုပ်တာကို မြင်ဖို့ သူတို့က တကယ် ဒီမှာရှိနေခဲ့တာ မဟုတ်လား။
ရှုမင်းချန်က ဝန်ခံမယ်ဆိုတာကို သူတို့ သိထားလို့ဖြစ်မလား။
ဒါတွေအားလုံးက ယဲ့ဖန်ရဲ့ အစီအစဉ်တွေထဲမှာပဲလား။
ထိုအချိန် သူ့စိတ်ထဲတွင် အတွေးများစွာရှိနေသည်။
သို့သော် ထိုကိစ္စကို ဂရုစိုက်ရန် အချိန်မရှိပေ။
သူချက်ချင်း ထွက်ပြေးရမည်ဖြစ်သည်။
ဖုန်းကို ကောက်ကိုင်လိုက်ပြီး လူတိုင်းကို ဝှေ့ယမ်းပြလိုက်သည်။
" ဒီနေ့ ပွဲပြီးပြီ။ ငါ့မှာ အရေးတကြီးလုပ်စရာရှိလို့ အရင်သွားနှင့်လိုက်မယ် "
ထိုသို့ဖြင့် သူက လှည့်ထွက်သွားဖို့ပြင်သည်။
ထိုအချိန်တွင် ကျောင်းဖုလင်သည် ရုတ်တရက် ထရပ်ကာ သူ့ရှေ့ကို ပိတ်ရပ်လိုက်သည်။
" ရီသခင်လေး၊ ဒီလောက်မြန်မြန်ကြီး ဘယ်ကို သွားနေတာလဲ "
ရီချန်းကျယ်က သူ့ကို အလျင်အမြန် တွန်းထုတ်လိုက်သည်။
" အခု မင်းကို ရှင်းပြဖို့ ငါ့မှာ အချိန်မရှိဘူး။ ဖယ်စမ်း "
ထိုအချိန်တွင် လော့ကျင်းယွမ်၊ ချန်းချုံရှန်း နှင့် ဟုရွမ်ယု တို့ကလည်း သူ့ကို ဝိုင်းထားကြသည်။
" ရီသခင်လေး၊ ငါတို့နဲ့ ခွက်မတိုက်ရသေးဘူးလေ။ ဘာလို့ ထွက်ပြေးနေတာလဲ။ ဒါက စိတ်ပျက်စရာကောင်းတာ မဟုတ်ဘူးလား "
" ဟုတ်တယ်။ ငါတို့ ဒီနေ့ပဲ မင်းနဲ့ ပူးပေါင်းထားတာကို။ မင်း ငါတို့နဲ့ ကောင်းကောင်း မသောက်ပေးသင့်ဘူးလား "
" မြန်မြန် ပြန်ထိုင်။ ရီသခင်လေးအတွက် နောက်ထပ် ပုလင်းသုံးလုံးရှိသေးတယ်။ ဒီနေ့အရက်မူးတဲ့အထိ အိမ်မပြန်ရဘူး "
ရီချန်းကျယ်က ဒီလူလေးယောက်ကို စိတ်ဆိုးပြီး ချက်ချင်းပဲ အော်လိုက်သည်၊
" ဖယ်ကြစမ်း၊ မဟုတ်ရင် မင်းတို့ အားလုံးကို သတ်ပစ်မယ် "
သူအော်လိုက်တော့ သူ့နောက်မှ သက်တော်စောင့်တွေက ကျောင်းဖုလင် နှင့် တခြားသူတွေကို ချက်ချင်း တွန်းထုတ်လိုက်သည်။
သက်တော်စောင့်၏လက်သည် ကျောင်းဖုလင် ကို ထိလိုက်ရုံမျှဖြင့် အင်အားတစ်စုံတစ်ရာအသုံးမပြုခဲ့သော်လည်း ကျောင်းဖုလင်က နောက်သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ကျယ်လောင်စွာအော်နေသည်ကို တွေ့လိုက်ရသည်။
" ရီချန်းကျယ်၊ မင်း သက်တော်စောင့်တွေကို ငါ့ကို ဘယ်လိုတောင်လုပ်ရဲတာလဲ။ ဒီနေ့ မင်းငါ့ကို မရှင်းပြရင် ထွက်သွားဖို့ မစဉ်းစားနဲ့ "
ကျောင်းဖုလင် စကားပြီးသည်နှင့် အနက်ရောင်ဝတ်စုံနဲ့ လူတစ်စုသည် ဟိုတယ်၏ ဒုတိယထပ်မှ ပြေးဆင်းလာကာ ရီချန်းကျယ် နှင့် သူ့သက်တော်စောင့်များကို ဝိုင်းထားကြသည်။
တစ်ဖက်က သေချာ ပြင်ဆင်လာခဲ့သည်ကိုမြင်ပြီး ရီချန်းကျယ် ထိတ်လန့်သွားသည်။
" အစ်ကို ဖုလင်၊ ငါ ဒီနေ့ အရေးတကြီး လုပ်စရာရှိတယ်။ မင်းငါ့ကို အရင်ထွက်သွားခွင့်ပေးမလား။ ငါ နောက်တစ်နေ့ ဧည့်ခံပွဲထပ်လုပ်ပြီး မင်းနဲ့အတူ သောက်ပါ့မယ် "
စက္ကန့်တိုင်း ကုန်ဆုံးသွားသည်နှင့်အမျှ သူ့အတွက်လည်း အန္တရာယ်က တိုးလာသည်။ သူ ဒီနေရာကနေ အမြန်ဆုံး ထွက်သွားရမည်ဖြစ်သည်။
သို့ပေမယ့် ကျောင်းဖုလင်က သူ့ရှင်းပြတာကို နားမထောင်ပေ။
" ဘာလို့ နောက်တစ်ရက် ထပ်လုပ်နေမှာလဲ။ ဒီနေ့ပဲ မင်းစိတ်ကျေနပ်တဲ့အထိ သောက်ဖို့ အဖော်ပြုပေးမယ် "
ရီချန်းကျယ် အံကြိတ်ကာ သူ့ကို စိုက်ကြည့်နေသည်။
" ကျောင်းဖုလင် မင်း မဖယ်ရင် ငါ မင်းကို ယဉ်ကျေးနေမှာ မဟုတ်ဘူး "
ကျောင်းဖုလင် က သူ့ကို ကြည့်လိုက်သည်။
" မင်းငါ့ကို ယဉ်ကျေးဖို့ မလိုဘူး။ ငါတို့က မိသားစုမဟုတ်ကြဘူးလား။ မင်းကရော ဘာလို့ ဒီလောက်ယဉ်ကျေးရတာလဲ "
ခန်းမတွင်းရှိ လေထုသည် ချက်ချင်း တင်းမာလာသည်။
.................
တစ်ချိန်တည်းတွင် စစ်ကြောရေးအခန်း၌။
ခေါင်းဆောင်များသည် ရှုမင်းချန် နှင့် မန်းဖေး၏ စစ်ဆေးမေးမြန်းမှုမှတ်တမ်းများကို လက်ခံရရှိပြီးသောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။
ဒီကိစ္စမှာ တရားခံတွေက ဒီလောက်အထိ အားတက်သရော ပါဝင်ကြလိမ့်မယ်လို့ သူတို့ တစ်ခါမှ မတွေးဖူးပေ။
" ရှုမင်းချန်ရဲ့အိမ်ကို စုံစမ်းဖို့သွားခဲ့တဲ့ ရဲဘော်က ရှုမင်းချန်ရဲ့ ဇနီးဟာ မန်းဖေးပြောတဲ့အတိုင်း တကယ်သေသွားပြီဆိုတဲ့ သတင်းကို ပြန်ပို့လာပါတယ် "
" ရှုမင်းချန် ပေးအပ်ခဲ့တဲ့ ရီချန်းကျယ်ရဲ့ ရာဇ၀တ်မှုဆိုင်ရာအထောက်အထားတွေကလည်း ကျွန်တော်တို့ အကဲဖြတ်ပြီးတဲ့နောက် အတော်လေး ယုံကြည်စိတ်ချရပါတယ် "
" ဒီ ရီချန်းကျယ်က တကယ်ကို ဒေါသထွက်စရာတွေ အများကြီးလုပ်ထားမယ်လို့ မမျှော်လင့်ထားဘူး။ တကယ်ကို ဒေါသထွက်စရာပါပဲ "
" လောလောဆယ် ယဲ့ဖန် ကို ရီချန်းကျယ်က ချောက်ချထားတယ်။ ဒီကိစ္စမှာ သူက အပြစ်မရှိဘူး "
" ဒါဆို အခု ဘာလုပ်သင့်လဲ။ ရီချန်းကျယ်ကို ဖမ်းခိုင်းသင့်သလား "
ထိုမေးခွန်းကို မေးတဲ့အခါ ခေါင်းဆောင်တွေက နှုတ်ဆိတ်သွားကြသည်။
ရီချန်းကျယ် သည် ရီမိသားစု၏ မျိုးဆက်သစ် အထူးချွန်ဆုံးမိသားစုဝင်ဖြစ်သည်။
သူကို ဖမ်းဆီးဖို့ လုပ်လိုက်ပါက ရီမိသားစုကို ဒေါသဖြစ်သွားစေလိမ့်မည်။
ထိုသို့သော ကြီးမားသည့် ဒေသခံမိသားစုအပေါ် အနည်းငယ်ရွေ့လျားမှုကပင်အခြေအနေတစ်ခုလုံးကို အကျိုးသက်ရောက်မှု ရှိစေလိမ့်မည်။
သူတို့အတွက်လည်း ကြီးမားသောဖိအားအောက်တွင် ရှိနေမည်မှာ သေချာပါသည်။
အဆုံးတွင် လူတိုင်းက ခေါင်းဆောင်အသစ်၏ သဘောထားကို ကြားလိုသောကြောင့် ရန်ကျန်းရယ်ကို လှည့်ကြည့်လိုက်ကြသည်။
ရန်ကျန်းရယ်က သူ့စိတ်ထဲ မဆုံးဖြတ်နိုင်ဖြစ်နေသည်။
သူ့လုပ်ရပ်တွေက အမြဲတမ်း လျင်မြန်ပြီး ပြတ်ပြတ်သားသား လုပ်ခဲ့ပေမယ့် သူ့ရာထူးကို မတွေးတတ်တဲ့ လူမိုက်တော့ မဟုတ်ပါချေ။
သူက ရီမိသားစုဘက်ရော ယဲ့ဖန်ဘက်ကိုပါ အများကြီး ထည့်တွေးနေရသည်။
" အထက်အရာရှိတွေကို အရင်ခေါ်ပြီး သူတို့ထင်မြင်တာကို ကြည့်ရမယ် "
ရန်ကျန်းရယ် ပြောပြီးသည်နှင့် သူက ချက်ချင်း သူ့ဖုန်းကို ထုတ်ကာ ရှုချန်းမင်း ၏နံပါတ်ကို ခေါ်ဆိုလိုက်သည်။
ရှုချန်းမင်းသည် ပြည်နယ်၏ စီးပွားရေးကိုလည်း တာဝန်ယူရသောကြောင့် ခေါင်းဆောင်ဆီသို့ ကိုယ်တိုင်ကိုယ်ကျ သတင်းပို့ရလေသည်။
ရှုချန်းမင်းသည် သူ့အစီရင်ခံစာကို ကြားပြီးနောက်တွင် စကားအနည်းငယ်သာ ညွှန်ကြားခဲ့သည်။
" ဥပဒေက ကောင်းကင်ထက်တောင် ကြီးမြတ်တယ် "