← Chapters

အပိုင်း ၆၀၁-၆၀၄

Vol. 31 Ch. 601-604

အပိုင်း ၆၀၁-၆၀၄

Vol. 31 Ch. 601-604

အပိုင်း ( ၆၀၁ )

အစွန့်ပစ်ခံကလေးဖြစ်လာခြင်း

ရှုချန်းမင်း၏ စကားလုံးများသည် အလွန်ရှင်းလင်းသည်။

ရီမိသားစုသည် မည်မျှပင် အင်အားကြီးနေပါစေ၊ ဥပဒေမျှ တန်ခိုးမကြီးဘူးဟု ဆိုလိုလိုက်ခြင်းဖြစ်လေသည်။

ဥပဒေကို ပြင်းပြင်းထန်ထန် ဖောက်ဖျက်ထားသူဖြစ်၍ အလွှတ်ပေးခြင်းကို လုံးဝလက်ခံမည်မဟုတ်ချေ။

ရှုချန်းမင်း၏ စကားများသည် ရန်ကျန်းရယ်၏ လုပ်ဆောင်ပုံနှင့် ကိုက်ညီသည်။

ယခုအခါ သူ့အထက်လူကြီးများထံမှ ညွှန်ကြားချက် ရထားပြီဖြစ်သောကြောင့် စိတ်ရှိသလိုလုပ်ရန် ဓားတစ်ချောင်း ပေးသလိုဖြစ်သွားသည်။

" ရီချန်းကျယ်ကို ဖမ်းဖို့ ချက်ချင်း အမိန့်ထုတ်လိုက်ပါ "

သူ့အမိန့်ကို ကြားတဲ့အခါ အားလုံးက မတ်မတ်ရပ်လိုက်ကြသည်။

ရည်မှန်းချက်ကြီးသော ခေါင်းဆောင်အသစ်သည် ရီချန်းကျယ်အား ဖမ်းဆီးပြီး ဤကိစ္စကို ဖြေရှင်းလိမ့်မည်ဟု သူတို့ မထင်ခဲ့ကြပေ။

ရီမိသားစုအပြင် ယန်းချန်ရှိ အခြားသော မကောင်းဆိုးဝါး အင်အားစုများကိုလည်း ထိုခေါင်းဆောင်က ကိုင်တွယ်ဖြေရှင်းမည်မှာ သေချာသလောက်ဖြစ်သည်။

ယန်းချန်တွင် ကြီးမားသော ငလျင်တစ်ခု လှုပ်ခတ်သွားနိုင်လေသည်။

.......................

ယဲ့ဖန်သည် ကျောင်းဖုလင်နှင့် အခြားသူများကို မနေ့ညက ပေးခဲ့သော တာဝန်သည် အင်မတန်ရိုးရှင်းလှသည်။

ဘာပဲဖြစ်နေပါစေ ရီချန်းကျယ်ကို အချိန်ဆွဲထားရန် ဖြစ်သည်။

ရီချန်းကျယ် ထွက်ပြေးဖို့ ကြိုးစားတာကို တားနိုင်လျှင် သူတို့၏ တာဝန် ပြီးမြောက်မည်ဖြစ်သည်။

ထို့ကြောင့် ယနေ့တွင် သူတို့သည် လက်နက်ချ ဟန်ဆောင်ကာ လုရှောင်ရနှင့် အခြားသူများ၏ အကူအညီတောင်း အသနားခံမှုတို့ကိုပင် မျက်ကွယ်ပြုခဲ့သည်။

အချိန်ကျလာသည့်အခါမှ သူတို့၏ 'အရောင်အစစ်အမှန်'ကို ထုတ်ဖော် ပြသခဲ့သည်။

နှစ်ဖက်စလုံးသည် ဓားမြှောင်များဆွဲကာ ရုန်းရင်းဆန်ခတ်ဖြစ်နေပြီး အချိန်မရွေး ပေါက်ကွဲသွားနိုင်သည့်အခြေအနေ ဖြစ်နေသည်။

အားလုံးက အသက်ရှုကြပ်နေပြီး အခြေအနေကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြသည်။

ရီချန်းကျယ်သည် စိတ်လွတ်နေပြီး ကျောင်းဖုလင်နှင့် အခြားသူများကို စိုက်ကြည့်နေသည်မှာ သားရဲကောင်နှင့်ပင် တူလေသည်။

" မင်းက သေချင်နေမှတော့ မင်းဆန္ဒကို ငါဖြည့်ဆည်းပေးမယ် "

သူက စကားပြောနေရင်း သက်တော်စောင့်များကို လမ်းရှင်းဖို့ အချက်ပြရန် လက်ကိုဝှေ့ယမ်း အချက်ပြလိုက်သည်။

ထိုအချိန်တွင် ဂုဏ်သိက္ခာရှိပြီး ဩဇာညောင်းသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

" ချန်းကျယ် မင်းဘာလုပ်နေတာလဲ "

ထိုအသံသည် ရီချန်းကျယ်ကို ရေခဲပုံးဖြင့် ပက်ဖျန်းနှိုးလိုက်သလို ဖြစ်သွားစေခဲ့သည်။

အားလုံးက လှမ်းကြည့်လိုက်သည့်အခါ ဆံပင်ဖြူဖြူနှင့် အဘိုးကြီးတစ်ဦးမှ နဂါးခေါင်းတုတ်ကောက်ကိုင်လျက် လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။

ထိုလူကြီးသည် ရီမိသားစု၏ လက်ရှိအကြီးအကဲဖြစ်သူ ရီထျန်းဟွဖြစ်ပြီး ရီချန်းကျယ်၏ဖခင်လည်း ဖြစ်သည်။

ရီချန်းကျယ်သည် သူ့အဖေကို မြင်လိုက်သောအခါတွင် သူ့ကျောထောက်နောက်ခံကို တွေ့လိုက်ရသလို ဖြစ်သွားသည်။

" အဖေ၊ ကျွန်တော့်ကို ကယ်ပါဦး .... "

ရီထျန်းဟွသည် သူ့ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာပြီး ပါးကို ရိုက်ချလိုက်သည်။

" ခွေးသားလေး၊ ငါ့နောက်ကွယ်မှာ မင်းလုပ်ခဲ့တဲ့ စက်ဆုပ်စရာကိစ္စတွေ ဘယ်လောက်တောင် ရှိနေပြီလဲ "

ရီချန်းကျယ်သည် အသက်ကယ်ကောက်ရိုးကို ကိုင်ထားသကဲ့သို့ သူ့အဖေလက်ကို အလျင်အမြန် ဆုပ်ကိုင်ထားလိုက်သည်။

" အဖေ၊ အခု ရှင်းပြဖို့ အချိန်မရှိတော့ဘူး။ ကျွန်တော် အခု နိုင်ငံခြားသွားရမယ်။ ကျေးဇူးပြုပြီး မြန်မြန်စီစဉ်ပေးပါ "

ရီထျန်းဟွသည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် လမ်းလျှောက်တုတ်ကို မြှောက်လိုက်ပြီး မျက်နှာကို လွှဲရိုက်ချလိုက်သည်။

" ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ "

ရီချန်းကျယ်၏ ပါးတစ်ပြင်လုံး ယောင်ကိုင်းဖောင်းလာပြီး သူ့ပါးစပ်မှ သွေးများ စီးကျလာသည်။

" အဖေ၊ ကျွန်တော် မသေချင်သေးဘူး။ ဒီမှာ ဆက်ရှိနေရင် သေသွားလိမ့်မယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို လွတ်မြောက်အောင် ကူညီပေးပါ "

ရီထျန်းဟွသည် သူ့သားအား နောက်ထပ်ချက်လောက် ထပ်ရိုက်ချလိုက်ချင်သည်။

သူ့သားသည် ပုံမှန်အားဖြင့် အတော်လေးကို ဉာဏ်ကောင်းသော်လည်း အခုတွင်တော့ အမှန်တကယ်ပင် အဓိပ္ပာယ်မရှိသော စကားလုံးများကို ပြောနေလေသည်။

အကယ်၍ လွန်ခဲ့သော ရက်အနည်းငယ်ကသာ ဖြစ်ခဲ့လျှင် သူ့သားသည် လွတ်မြောက်ရန် အခွင့်အလမ်းရှိပေလိမ့်မည်။

သို့သော် ယခုအချိန်တွင်တော့ အထက်အကြီးအကဲ ရှုချန်းမင်းကပင် ဒီကိစ္စကို အလေးအနက်ထားပြီး ဖြေရှင်းမည်ဟု ပြောခဲ့သည်။

သူ ဘယ်လိုလုပ် လွတ်မြောက်နိုင်တော့မှာလဲ။

သူလွတ်မြောက်နိုင်ရင်တောင် ရီမိသားစုကရော လွတ်မြောက်နိုင်ပါ့မလား။

ထိုအချိန်တွင် ရီမိသားစုတစ်ခုလုံးသည် သူနှင့်အတူ မြေမြှုပ်ခံရနိုင်ဖွယ်ရှိသည်။

ရီထျန်းဟွသည် သက်ပြင်းရှည်တစ်ချက် ရှိုက်ထုတ်လိုက်သည်။

" ချန်းကျယ်၊ ရုန်းကန်မနေပါနဲ့။ ကိုယ်တိုင် ဝန်ခံ အရှုံးပေးလိုက်ပါ "

ရီချန်းကျယ်သည် အလွန်ထိတ်လန့်သွားပြီး မြေပြင်ပေါ်တွင် ဒူးထောက်လျက် ရှိုက်ကြီးတငင် ငိုတော့သည်။

" အဖေ၊ ကယ်ပါဦး။ ကျွန်တော် ဝန်ခံလိုက်ရင် သေသွားလိမ့်မယ် ...... "

ရီထျန်းဟွ၏ အမူအရာသည် အေးစက်သွားသည်။

" ငါက ရီမိသားစုရဲ့ အကြီးအကဲဖြစ်တာကြောင့် ရီမိသားစု တစ်ခုလုံးအတွက်ကို ထည့်စဉ်းစားရမယ်။ မင်း ဝန်မခံရင် မင်းကြောင့် ငါတို့ ရီမိသားစုပါ ပတ်သက်ထိခိုက်လာလိမ့်မယ် "

ရီချန်းကျယ်၏ နှလုံးသားသည် အေးခဲသွားရပြီး မြေပြင်ပေါ်တွင် ထိုင်ချလိုက်တော့သည်။

သူသည် ရီမိသားစု၏ အစွန့်ပစ်ခံရသော ကလေးဖြစ်လာပြီဖြစ်ကြောင်း သူ သိလိုက်သည်။

သူ အရင်က စိတ်ကူးယဉ်ခဲ့သော ကြီးမားသည့် ရည်မှန်းချက်တွေ အားလုံးသည် အိပ်မက်တစ်ခုအဖြစ်နဲ့သာ ကျန်ရှိတော့သည်။

ယခု သူနိုးလာသောအခါ ရက်စက်ကြမ်းကြုတ်သော အဖြစ်မှန်ကို ရင်ဆိုင်ခဲ့ရသည်။

ဒီရလဒ်တွေအားလုံးသည် သူ ယဲ့ဖန်ကို မနာလိုဖြစ်ပြီး သတ်ပစ်ချင်ခဲ့တာကြောင့်ဖြစ်သည်။

နောက်ဆုံးတွင် တစ်ဖက်သားက မသေရုံမကပဲ သူ့ကိုယ်သူသာ ပြန်ထိခိုက်ခဲ့ရသည်။

သူရင်ဆိုင်ရမည့်အရာမှာ တရားဥပဒေအရ အပြစ်ပေးခံရခြင်းဖြစ်သည်။

ထိုအချိန်တွင် လက်နက်အပြည့်အစုံဖြင့် အရာရှိတစ်စုက ခန်းမထဲသို့ ပြေးဝင်လာသည်။

" ရီချန်းကျယ်၊ မင်း လူသတ်မှုမှာ ပါဝင်တယ်လို့ သံသယရှိတယ် "

ရီချန်းကျယ်သည် လက်ထိပ်ခတ်ခံရသောအခါ လူအများက မယုံကြည်နိုင်ဖြစ်သွားကြသည်။

မကြာသေးမီကပင် စိတ်အားထက်သန်နေခဲ့သော ရီသခင်လေးသည် မျက်စိတစ်မှိတ်အတွင်းတွင် အကျဉ်းသားတစ်ဦး ဖြစ်လာခဲ့သည်။

အဖြစ်အပျက်များသည် ရုတ်ချည်းဆန်လွန်းလှသည်။

" ဘာတွေဖြစ်နေတာလဲ။ မင်းတို့ထဲက တစ်ယောက်ယောက် နားလည်လိုက်လား "

" မင်း နားမလည်ဘူးလား။ ရီချန်းကျယ်က ယဲ့ဖန်ကို ချောက်ချဖို့ လုပ်ခဲ့ပေမဲ့ နောက်ဆုံးကျ သူ့ကျော့ကွင်းထဲသူ ပြန်တိုးဝင်မိသွားတာ "

" ဒီယဲ့ဖန်က တကယ်ကို သတ်လို့မရနိုင်တဲ့ ပိုးဟပ်တစ်ကောင်ပဲ။ နျုံစစ်သွမ်းလည်း သူ့ကြောင့်သေသွားတယ်။ အခုလည်း ရီချန်းကျယ်က သူ့လက်ထဲမှာတင် ဘဝဆုံးသွားပြီ။ သူက အေးအေးလေးနဲ့ လူသတ်သမားပဲ "

" ဒီတစ်ခါတော့ ရီမိသားစု အကြီးအကျယ် ဒုက္ခရောက်လိမ့်မယ် "

" ဒါဆိုရင် ယဲ့ဖန်က ထိပ်ကိုရောက်ဖို့ ရီမိသားစုကို ချနင်းလိုက်တာပဲ မဟုတ်ဘူးလား။ ဒါဆို ဒီနေ့ ရီချန်းကျယ်ရဲ့ ပွဲကိုတက်တာက ငါတို့ သူ့ကို သွယ်ဝိုက်ပြီး စော်ကားလိုက်မိတာ မဟုတ်ဘူးလား "

ထိုလူ၏ သတိပေးချက်ပြီးတဲ့နောက် တက်ရောက်လာခဲ့သူအားလုံးသည် နောက်ဆုံးတွင် အသိစိတ်ပြန်ကပ်လာခဲ့ကြပြီး သူတို့၏ အမူအရာများဟာ သိသိသာသာ ပြောင်းလဲသွားကြသည်။

ရီမိသားစုသည် နိဂုံးချုပ်သွားပြီဖြစ်သည်။

ပြီးတော့ ယဲ့ဖန်သည် အပြောင်းအလဲ၏ တိုက်ရိုက်အကျိုးခံစားခွင့်ရှိသူ ဖြစ်လာပေလိမ့်မည်။

သူသည် ယန်းချန်တွင် ပိုမြင့်တက်လာမှာ သေချာသည်။

သူတို့သည် ယနေ့တွင် ရီချန်းကျယ်၏ 'ဂုဏ်ပြုပွဲ' သို့ ရောက်လာကြခြင်းက သူတို့ ယဲ့ဖန်ကို ဆန့်ကျင်တဲ့သဘော သက်ရောက်နေတယ် မဟုတ်လား။

ယဲ့ဖန်က ရီမိသားစုကို ရှင်းပြီးရင် သူတို့ကို ပြဿနာရှာမှာလား။

အဲ့တာကို တွေးကြည့်ပြီး အားလုံးက ထိတ်လန့်တုန်လှုပ်သွားကြသည်။

ရီချန်းကျယ်ကို ရဲတပ်ဖွဲ့မှ ခေါ်ဆောင်သွားခဲ့ပြီး ရီထျန်းဟွကိုလည်း စုံစမ်းစစ်ဆေးမှုတွင် ပါဝင်ပူးပေါင်းရန် ခေါ်ဆောင်သွားခဲ့သည်။

ဝေ့ချန်းဖန်းကတော့ အရာရှိတွေ မလာခင်ကည်းက ရှောင်ပြေးသွားခဲ့ပြီဖြစ်သည်။

ရီမိသားစုသည် လက်ရှိအချိန်တွင် ဗုံးတစ်လုံးကဲ့သို့ ဖြစ်နေပြီး အားလုံးက သူတို့ကို ရှောင်ချင်နေကြသည်။

လျုံယွမ်ဖီသည် ခံစားချက်တွေ အလွန်ရှုပ်ထွေးနေလေသည်။

အခုလေးတင် သူ့သမီးကို ဒီကိစ္စမှာ ဝင်မပါရန် နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ရသည်။

သူ့သမီး ဒီလိုပါဝင်နေခဲ့ခြင်းက အကျိုးရှိနေလိမ့်မည်လို့ သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ချေ။

သူ့သမီးသည် ယဲ့ဖန်နှင့် ဤကဲ့သို့ ဆက်ဆံရေးမျိုးရှိနေခဲ့လျှင် လျုံမိသားစုအတွက် သေချာပေါက် အကျိုးရှိမည်ဖြစ်သည်။

ကျောင်းဖုလင်နှင့် အခြားသူများသည် ပြုံးပြီး စကားစမြည်ပြောနေကြသည်။

ထိုအချိန်တွင် လုရှောင်ရသည် ဒေါသတကြီးဖြင့် လျှောက်လာသည်။

" မင်းတို့တွေ အရမ်းစိတ်ရှုပ်စရာကောင်းတာပဲ။ ရှင်တို့က နှလုံးသားမဲ့တဲ့ လုပ်ရပ်တွေတောင် လုပ်လိုက်သေးတယ်။ ရှင်တို့က ကျွန်မတို့ကို တကယ်ထားခဲ့မယ်လို့ ထင်သွားခဲ့တာ "

ကျောင်းဖုလင်သည် ရယ်ချင်တာကို ထိန်းလိုက်သည်။

" ငါတို့ကို အပြစ်မတင်ပါနဲ့။ မင်းတစ်ယောက်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင် ယဲ့ဖန်ကိုပဲ အပြစ်တင်လိုက်။ သူက ငါတို့ကို ပိုလက်တွေ့ကျကျ သရုပ်ဆောင်ဖို့ ပြောခဲ့တာမလို့ပါ "

လော့ကျင်းယွမ်ကလည်း ခေါင်းညိတ်လိုက်သည်။

" ဒါတွေအားလုံးက ယဲ့ဖန် စီစဉ်တာတွေဆိုတာ ငါလည်း သက်သေခံပေးနိုင်တယ်။ ရှင်းချင်ရင် သူ့ဆီသွားပါ "

ချန်းချုံရှန်းက သူ့ဆံပင်တွေကို ဖွလိုက်သည်။

" ဟုတ်တယ်။ ငါက ဒီလောက်ချောတဲ့လူဖြစ်နေတာကိုတောင် ငါ့ကို ဗီလိန်လူဆိုးအဖြစ် သရုပ်ဆောင်ခိုင်းချင်သေးတယ်။ ဒါက ငါ့ကိုအတင်းအကျပ်ခိုင်းစေတာ မဟုတ်ဘူးလား "

ဟုရွမ်ယုက သူ့ကို လှောင်ပြောင်လိုက်သည်။

" သစ္စာဖောက်တစ်ယောက်အနေနဲ့ မင်းသရုပ်ဆောင်တာ တော်တော်လေးကောင်းတယ်လို့ ငါထင်တယ်။ လူကလည်း မကောင်းတဲ့သူမလို့ သရုပ်ဆောင်ကပါ ပီပြင်နေတာဖြစ်မယ် "

ချန်းချုံရှန်းက သူ့ကို လက်သီးနဲ့ထိုးလိုက်သည်။

" သွားစမ်းပါ "

သူတို့က ချက်ချင်း ရယ်မောလိုက်ကြပြီး လေထုက အတော်လေး သက်တောင့်သက်သာရှိခဲ့လေသည်။

အပိုင်း ( ၆၀၂ )

ဒါက တခြားနည်းလမ်း ဖြစ်နိုင်တယ်။

ခေတ်မီသည့် ဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုကြောင့် ထိုသတင်းပြန့်ပွားသည့် အရှိန်အဟုန်မှာ အလွန်မြန်ဆန်လေသည်။

ရီချန်းကျယ်ကို ထိန်းသိမ်းလိုက်သည်ဟူသော သတင်းသည် ယန်းချန်၏ အထက်တန်းစား လူမှုအသိုင်းအဝိုင်းကို ချက်ချင်း လှုပ်ခတ်သွားစေသည်။

..........................

ရန်ကျင်းမြို့။

သခင်ကြီးကျောင်းသည် အနီရောင်နယ်မြေတွင် နေထိုင်ခဲ့ဖူးသော အငြိမ်းစား ရဲဘော်ဟောင်းတစ်ဦးနှင့် လက်ဖက်ရည်သောက်နေခဲ့သည်။

ထိုသတင်းကို ကြားသည့်အခါ ချက်ချင်း ခေါင်းမော့ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ရာထူးမြင့်တွင် ရှိခဲ့ဖူးသည့် ရဲဘော်ဟောင်းသည် သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေခဲ့သည်။

" ကျောင်းလူအိုကြီး၊ မင်း ရုတ်တရက်ကြီး ဘာဖြစ်နေတာလဲ "

ကျောင်းသခင်ကြီး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေခဲ့သည်။

" အငယ်လေးတစ်ယောက်ကို ချောက်ချခံခဲ့ရတယ် ........ "

ထိုစကားကို ကြားသည့်အခါ ရဲဘော်ဟောင်းမှ အနည်းငယ် အံ့သြသွားသည်။

" သူက ချောက်ချခံရတာတောင် မင်းက ပြုံးနေသေးတာလား။ ငါ့အကူအညီလိုသေးလား "

သခင်ကြီးကျောင်းက ခေါင်းခါလိုက်သည်။

" မလိုအပ်ပါဘူး။ သူကဖြင့် လွတ်လာတဲ့အပြင် သူ့ကို ချောက်ချတဲ့သူကိုပါ ထောင်ထဲပို့လိုက်ပြီ "

ရဲဘော်ဟောင်း၏ စိတ်ဝင်စားမှုသည် အတော်လေး မြင့်တက်သွားသည်။

" ဘာဖြစ်သွားတာလဲ။ သေသေချာချာသိရအောင် အဲ့ဒီအကြောင်း ပြောပြပါဦး "

သခင်ကြီးကျောင်းသည် သူ့ရဲဘော်ဟောင်းကို ရီချန်းကျယ်က ယဲ့ဖန်ကို ဘယ်လို ချောက်ချတာကအစ၊ ယဲ့ဖန်က အဆင့်ဆင့် ဘယ်လို လွတ်မြောက်ရုန်းထွက်ပြီး ပြန်သတ်လိုက်ပုံကို အေးအေးဆေးဆေး ပြောပြသည်။

အဘိုးအိုသည် ထိုစကားကို ကြားပြီးနောက် လက်ခုပ်တီးကာ ရယ်မောလိုက်သည်။

" ဘယ်လောက်တောင် ဉာဏ်များတဲ့ မြေခွေးလေးလဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုဉာဏ်ပညာရှိဖို့က အတော်ရှားတယ် "

သခင်ကြီးကျောင်းက ခေါင်းညိတ်လိုက်သည်။

" ဒီလူငယ်လေးက မျိုးဆက်သစ်လူငယ်တွေကြားထဲမှာ ငါမြင်ဖူးသမျှထဲ အထူးချွန်ဆုံးပဲ "

ထိုအဘိုးအိုက သူ့ကို မနာလိုစွာ ကြည့်လေသည်။

" ကျောင်းမိသားစုက ဒီလို ငယ်ရွယ်တဲ့ အရည်အချင်းရှိမျိုးဆက်ကို မွေးထုတ်ပေးနိုင်တာ တကယ်ကို ဝမ်းသာစရာပဲ "

ကျောင်းသခင်ကြီးက သူ့စကားကို ကြားသည့်အခါ မျက်နှာတွင် ခါးသက်သက်အမူအရာပေါ်လာသည်။

" ငါ့ရဲ့ ကျောင်းမိသားစုက ဒီလိုမျိုး ဉာဏ်ကြီးရှင်တစ်ယောက် မွေးထုတ်ပေးနိုင်ခဲ့ရင် ငါ အခုချက်ချင်းသေသွားရင်တောင် သေပျော်လိမ့်မယ် "

အဘိုးကြီးလည်း အံ့ဩသွားသည်။

" ဒီလူငယ်လေးက မင်းရဲ့ ကျောင်းမိသားစုထဲက မဟုတ်ဘူးလား "

သခင်ကြီးကျောင်းက မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်သည်။

" ဒီကလေးရဲ့မိသားစုက ဆင်းရဲတယ်။ သူက မိသားစုစီးပွားရေးကို ကိုယ်တိုင် အောက်ခြေကနေစပြီး တည်ဆောက်ခဲ့တာ "

အဘိုးအိုသည် လုံးဝ အံ့အားသင့်သွားသည်။

" ကျောင်းလူအိုကြီး၊ မင်း နောက်နေတာလား။ အောက်ခြေကနေစခဲ့တဲ့ လူငယ်လေးတစ်ယောက်က တကယ်ပဲ ဒီလိုအောင်မြင်မှုမျိုးတွေ ရနိုင်သလားကွ "

သခင်ကြီးကျောင်းလည်း ရယ်လိုက်သည်။

" ဒီအကြောင်းကို ငါလည်း ပထမဆုံးကြားရတုန်းကလည်း မင်းလိုပဲ မယုံခဲ့ဖူးဘူး။ ဒီကလေးက … ဟူး သူက တကယ်ကို ဉာဏ်ပညာနဲ့တောင် တိုင်းတာလို့မရဘူး "

ထိုအဘိုးအို၏ မျက်နှာတွင် အတော်လေး စိတ်ဝင်စားနေသည့်အမူအရာ ရှိနေခဲ့သည်။

" အခွင့်အရေးရရင် ဒီလူငယ်လေးကို တွေ့ချင်ပါသေးတယ် "

ကျောင်းသခင်ကြီးက တခြားဘာမှမပြောပေ။ သို့သော် ယဲ့ဖန်အတွက် သူက ပျော်နေသည်။

သူ၏ ဤရဲဘော်ဟောင်းက မျက်စိကျသွားလျှင် ယဲ့ဖန်အတွက် ကောင်းမွန်ပေလိမ့်မည်။

......................

ထိုအချိန် ယန်းချန်ရှိ ဇိမ်ခံအိမ်ကြီးတစ်ခုတွင်။

ဝေ့ချန်းဖန်းသည် အိမ်ကို ပြန်ရောက်လာပြီးနောက် သူ့ခရီးဆောင်အိတ်ကို ချက်ချင်းထုပ်ပိုးလိုက်သည်။

သူ့ဇနီး လဲ့ချူးဖေးက သူ့နောက်ကို လိုက်လာခဲ့သည်။

" ချန်းဖန်း၊ ရှင် ရီချန်းကျယ်ရဲ့ ပွဲကို သွားတာ မဟုတ်ဘူးလား။ ဘာတွေဖြစ်နေတာလဲ "

သူမနှင့် သူမ၏ခင်ပွန်းသည် နှစ်ပေါင်းများစွာ အိမ်ထောင်ကျခဲ့သော်လည်း သူမအမျိုးသားမှ ဤမျှထိ ထိတ်လန့်နေသည်ကို သူမ တစ်ခါမျှမမြင်ဖူးပေ။

ဝေ့ချန်းဖန်းသည် ခေါင်းကိုပင် မလှည့်ဘဲဖြေလေသည်။

" မေးခွန်းတွေ အများကြီးမမေးနဲ့။ မြန်မြန်လုပ်ပြီး မင်းရဲ့ပစ္စည်းတွေကို ထုပ်ပိုးလိုက်။ ငါတို့ နိုင်ငံခြားကို ချက်ချင်း သွားရမယ် "

လဲ့ချူးဖေးသည် သူ့စကားကြောင့် ထိတ်လန့်သွားသည်။

" နိုင်ငံခြားသွားရမှာလား။ အကြောင်းပြချက်မရှိဘဲ ဘာလို့ တိုင်းပြည်ကနေ ထွက်သွားရမှာလဲ။ ဘာဖြစ်နေတာလဲ "

ဝေ့ချန်းဖန်းက သူမကို လေးနက်စွာ စိုက်ကြည့်နေသည်။

" ရီမိသားစုက အဆုံးသတ်သွားပြီ။ ရီချန်းကျယ်ကိုလည်း ဖမ်းဆီးထားကြတယ်။ ငါတို့ပါ မပါချင်ရင် ချက်ချင်းထွက်ပြေးရမယ် "

လဲ့ချူးဖေးသည် ပို၍ပင် စိတ်ရှုပ်သွားသည်။

" သူတို့မိသားစု ပြီးသွားတာကို ကျွန်မတို့နဲ့ ဘာဆိုင်လို့လဲ "

ဝေ့ချန်းဖန်းက စိတ်ရှည်ရှည်နှင့် ရှင်းပြလေသည်။

" ရီမိသားစုကို သတ်ခဲ့တဲ့သူက ယဲ့ဖန်ဖြစ်နေတာကြောင့်ပဲ။ အရင်က သူ့ကို စော်ကားခဲ့ဖူးတယ်။ သူ အာဏာရလာတဲ့အခါ ငါတို့ကို လွှတ်ထားပေးမယ်ထင်လား "

လဲ့ချူးဖေးသည် သူမယောက်ျား၏ ရှင်းပြချက်ကို ကြားသောအခါ သူမ ထိတ်လန့်သွားရသည်။

" ဒါဆို ...… ကျွန်မတို့ ထွက်ပြေးချင်ရင်တောင် ကျွန်မတို့ရဲ့ ပိုင်ဆိုင်မှုတွေကို အရင် လွှဲထားရမှာပေါ့။ မဟုတ်ရင် ကျွန်မတို့နိုင်ငံရပ်ခြားမှာ ဘယ်လိုလုပ် ရှင်သန်နိုင်မှာလဲ "

ဝေ့ချန်းဖန်းကတော့ စိုးရိမ်မှုသာ ကြီးစိုးနေသည်။

" နောက်ကျသွားပြီ။ ယဲ့ဖန် လွတ်လာတဲ့အခါ ငါတို့ ထွက်သွားချင်ရင်တောင် ထွက်သွားနိုင်မှာ မဟုတ်ဘူး "

" ကံကောင်းလို့ နိုင်ငံခြားမှာ ငါတချို့လုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံထားတယ်။ အဲ့တာတွေက တရုတ်ပြည်က လုပ်ငန်းတွေနဲ့တော့ မယှဉ်နိုင်ပေမယ့် ငါတို့ကို ငတ်သေစေမှာမဟုတ်ဘူး "

လဲ့ချူးဖေးသည် သူမ၏ ဇိမ်ခံအိမ်ကြီးကို ကြည့်ပြီး မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။

" ကျွန်မ မထွက်ပြေးနိုင်ဘူး။ ဒီလောက်ကောင်းတဲ့ဘဝမျိုး မရှိနိုင်တဲ့ နိုင်ငံခြားကို မသွားချင်ဘူး။ ပြည်ပြေးဘဝနဲ့လည်း မနေချင်ဘူး "

ဝေ့ချန်းဖန်းသည် ချက်ချင်းပင် ဒေါသထွက်သွားသည်။

" လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ မင်းအပေါ်မှာ မူတည်နေတာမဟုတ်ဘူး။ မင်း မထွက်သွားရင် ဒီမှာပဲနေနေတာက သေဖို့စောင့်နေတာနဲ့ အတူတူပဲ "

လဲ့ချူးဖေးသည် သူ့ခြေထောက်ကို အမြန်ပွေ့ဖက်လိုက်ပြီး ပြောလေသည်။

" ချန်းဖန်း၊ သွားပြီးတော့ ယဲ့ဖန်ကို တောင်းပန်ကြည့်ရအောင်။ ကျွန်မတို့ဘက်က လုံလောက်တဲ့ ရိုးသားမှုပြရင် သူက ကျွန်မတို့ကို သတ်မှာတော့ မဟုတ်ပါဘူး "

ဝေ့ချန်းဖန်း ခေါင်းငုံ့ပြီး သူမကို စိတ်မချမ်းသာစွာ စိုက်ကြည့်နေသည်။

သို့ပေမယ့် သူ့မျက်လုံးများသည် ရှေ့တည့်တည့်ကို စိုက်ကြည့်နေသည့်အခါ သူ့ဇနီးသည်မှ အဖြူရောင် ညဝတ်ဂါဝန်ကို ရေခဲပိုးကြိုးများဖြင့် ၀တ်ဆင်ထားသည်ကို မြင်နေရသည်။

အဝတ်အောက်မှ သူမ၏ လုံးဝိုင်းသည့် အစိတ်အပိုင်းဖြူဖြူနှစ်ခုက သူ့မျက်လုံးကို ဖမ်းစားလိုက်သည်။

မျက်ဝန်းထဲတွင် အရောင်စုံတွေ တဖျပ်ဖျပ်ခတ်သွားသည်။ သူ့အခြေအနေက အတော်လေး စုတ်ပြတ်နေရင်တောင် သူ့မိန်းမက အလွန်ချစ်စရာကောင်းသည်ဆိုတာကို ဝန်ခံရပေမည်။

တစ်ချိန်တည်းမှာပင် ကျောင်းဖုလင်နှင့် အခြားလူများက သူ့ဇနီးကြောင့် ရီချန်းကျယ်က သူ့ကို အကပ်ခံသည်ဟု ပြောကာ လှောင်ပြောင်ကြသည်ကို ရုတ်တရက် တွေးမိသွားသည်။

ဒါက ... တခြားနည်းလမ်းတစ်ခု ဖြစ်နိုင်တာပဲ။

ရှချူး၊ လုရှောင်ရ၊ လျုံလင်းနှင့် ချန်းရွှမ်တို့သည် ယဲ့ဖန်၏ဘဝအတွက် အသနားခံခဲ့သည့်မြင်ကွင်းသည် သူ့စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ရှိနေဆဲဖြစ်သည်။

ထိုမိန်းကလေးငယ်များသည် အမျိုးသားတိုင်း နှစ်ခြိုက်ကြသည့် အလှတရားလေးများဟု ခေါ်ဆိုထိုက်သည်မှာ သေချာသည်။

ဤအချက်မှကြည့်လျှင် ယဲ့ဖန်သည် မိန်းမလှလေးတွေကို စိတ်အားထက်သန်သူဖြစ်ကြောင်း မြင်နိုင်သည်။

အထူးသဖြင့် သူ့ဇနီးသည် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမသည်လည်း ယဲ့ဖန်ကဲ့သို့ လူငယ်များအတွက် အလွန်ဆွဲဆောင်မှုရှိသူဖြစ်သည်။

သူ့မိန်းမကို ယဲ့ဖန်မှ အိပ်ယာပေါ်တက်ခွင့်ပြုလျှင် သူတကယ်ပဲ အသက်ရှင်သန်ခွင့် ရလိမ့်မည်ဖြစ်သည်။

ဝေ့ချန်းဖန်းသည် ပန်းတိုင်ရောက်ရန် မည်သည်ကိုမဆို လုပ်ဖို့ ဝန်မလေးသူတစ်ယောက်ဖြစ်သည်။

သူ့အကျိုးစီးပွားရေးကိုသာ ကာကွယ်နိုင်မည်ဆိုလျှင် သူ့အမျိုးသမီးအား အနစ်နာခံခြင်းက သူ့အတွက် ဘာမှမဟုတ်ချေ။

သူ့အမေပင်လျှင် စောစောသေသွား၍ ဖြစ်သည်။ မဟုတ်ပါက သူ့အမေကိုပင် စတေးဦးမည့်သူမျိုးမှာ ဝေ့ချန်းဖန်းပင်ဖြစ်လေသည်။

အဲ့အတွေးကိုတွေးပြီး သူ့မိန်းမအား ချက်ချင်း အကူအညီတောင်းလိုက်သည်။

" တကယ်တော့ ယဲ့ဖန်ရဲ့ဒေါသကို ငြိမ်းအောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ...... ကိုယ် မင်းရဲ့အကူအညီကို လိုနိုင်တယ် "

လဲ့ချူးဖေးက အမြန် သူ့ကို ကြည့်လိုက်သည်။

" ကျွန်မ ဘာကူညီပေးရမှာလဲ။ မြန်မြန်ပြောပါ။ တတ်နိုင်သမျှ ကူညီပေးပါ့မယ် "

ဝေ့ချန်းဖန်းသည် ချက်ချင်းပင် သူမနားသို့ ကပ်၍ စကားအနည်းငယ်ကို တိုးတိုးလေးပြောလိုက်သည်။

လဲ့ချူးဖေးသည် ထိုစကားကိုကြားပြီးနောက် သူမ ချက်ချင်းပင် ရှက်ရွံ့ဒေါသဖြစ်သွားခဲ့သည်။ ထို့နောက် သူမလက်ကို လွှဲလျက် ဝေ့ချန်းဖန်းကို ပါးရိုက်လိုက်သည်။

" ဝေ့ချန်းဖန်း ရှင်က လူမှဟုတ်သေးရဲ့လား။ ရှင့်မိန်းမကို တခြားယောက်ျားနဲ့ လုပ်စေချင်နေတာလား "

" ရှင်က တိရစ္ဆာန်တစ်ကောင်ပဲ "

အပိုင်း ( ၆၀၃ )

ရှင်က လူ မဟုတ်ဘူး

ဝေ့ချန်းဖန်းသည် ပူလောင်နေသော ပါးပြင်ကို ထိကိုင်လျက် သူ့မိန်းမကို စိုက်ကြည့်နေသည်။

" ဒါဆို မင်းကရော အိမ်ယာမဲ့ တောခွေးမဖြစ်ချင်တာလား "

" ငါတို့ ဒီလိုမလုပ်ရင် ယဲ့ဖန်က ငါတို့ကို လွှတ်ပေးမှာမဟုတ်ဘူး။ မင်းစိတ်ရှိရင် ငါတို့ ခွေးလေခွေးလွင့်လို လှည့်ပတ်သွားလာနေလို့ရတယ် "

လဲ့ချူးဖေးသည် သူ့ကို ကြောင်အအကြည့်နေပြီး ခဏတာ စကားမပြောနိုင်ဖြစ်နေသည်။

အချိန်အတော်ကြာပြီးနောက် သူမသည် စကားပြန်စပြောသည်။

" တခြားနည်းလမ်းမရှိဘူးလား။ ရှင် ကျွန်မနဲ့ သူ့ကို ...... "

ဝေ့ချန်းဖန်း ခေါင်းခါလိုက်သည်။

" လူတစ်ယောက်ကို စိတ်ချမ်းသာစေချင်ရင် သူ့အားနည်းချက်ကို ဆုပ်ကိုင်ပြီး ကိုယ့်အတွက်ကိုယ် သုံးတတ်ရမယ် "

" ငါ ယဲ့ဖန်ကို သေသေချာချာ လေ့လာပြီးပြီ။ နည်းနည်းလေး တဏှာရှိတာကလွဲလို့ သူ့မှာ အားနည်းချက် မရှိဘူး "

" အဲ့တာကြောင့် ဒီလို ပျားရည်ထောင်ချောက်ကို သုံးဖို့ကလွဲပြီး ငါတို့မှာ ရွေးစရာလမ်းမရှိဘူး "

" ဒါပေမယ့် ....... "

လဲ့ချူးဖေးသည် ယခုအချိန်တွင် အလွန်စိတ်ရှုပ်ထွေးနေသည်။

သူမသည် ဇိမ်ခံဘဝတွင် နေထိုင်သည်ကို ကျင့်သားရှိပြီဖြစ်သောကြောင့် ဤကဲ့သို့ဂုဏ်အသရေနှင့် စည်းစိမ်ဥစ္စာများကို လက်မလွှတ်နိုင်ပေ။

သို့သော် ဝေ့ချန်းဖန်း၏ဇနီးအဖြစ် သူမသည် ယန်းချန်၏အထက်တန်းစား အသိုင်းအဝန်းတွင် အဆင့်အတန်းတစ်ခုရှိလေသည်။

အကယ်၍ သူမသည် ယောက်ျားတစ်ယောက် စိတ်ကျေနပ်စေရန် ပြည့်တန်ဆာကဲ့သို့ သူမခန္ဓာကိုယ်ကို ရောင်းစားရမည်ဆိုပါက သူမ၏ နှလုံးသားထဲတွင် အစိုင်အခဲအဖြစ် ကျန်နေခဲ့မည်ဖြစ်သည်။

သူမ တုံ့ဆိုင်းနေသေးသည်ကို မြင်လိုက်ရပြီး ဝေ့ချန်းဖန်းမှ သက်ပြင်းချလိုက်သည်။

" မင်းသဘောမတူရင် မေ့လိုက်ပါတော့ "

" လေယာဉ်လက်မှတ်တွေလည်း ကြိုဝယ်ပြီးပြီးပြီ။ ငါတို့ ပစ္စည်းတွေထုပ်ပိုးပြီး ဒီတိုင်းပြည်ကနေ ချက်ချင်း ထွက်သွားကြရအောင် "

လဲ့ချူးဖေး၏ နောက်ဆုံးသိက္ခာတို့က ပြိုကျသွားရသည်။

" သဘောတူတယ် ဟုတ်ပြီလား။ ဂုဏ်သိက္ခာတွေကိုလည်း မလိုချင်တော့ပါဘူး။ ကျွန်မ သူနဲ့အဖော်ပြုလိုက်မယ် ....... ရှင် ........ ကျေနပ်ပြီလား "

ဝေ့ချန်းဖန်းသည် ချက်ချင်း အနည်းငယ် ပျော်မြူးသွားသည်။

" ဟုတ်တယ်။ ငါက ဟိုနေရာမှာ အသုံးမကျဘူးလို့ မင်းပဲ အမြဲပြောနေတာ မဟုတ်ဘူးလား "

" အခု မင်းအတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ ချောမောတဲ့ ယောက်ျားလေးကို ငါ ရှာပေးနေတာပဲ။ မင်းက ဘာကို တုံ့ဆိုင်းနေတာလဲ "

လဲ့ချူးဖေးသည် သူ့ကို မုန်းတီးစွာ စိုက်ကြည့်နေသည်။

" ရှင်က လူတောင် မဟုတ်ဘူး "

" ကြီးမြတ်လှတဲ့ ဝေ့လူကြီးမင်းက ကိုယ့်မိန်းမကို တခြားယောက်ျားနဲ့ အိပ်ခိုင်းပြီး ကိုယ်ကျိုးအတွက် စတေးနေတာ။ ကျွန်မ ရှင့်ကို ရွံတယ် "

ဝေ့ချန်းဖန်းသည် သူမ၏ ကြမ်းတမ်းသော စကားကို ကြားသော်လည်း မည်သို့ပင်ဖြစ်စေကာမူ သူ စိတ်သက်သာရာ ရသွားခဲ့သည်။

သူ့မိန်းမ၏ ရုပ်ရည်နှင့် ကိုယ်ရောင်ကိုယ်ဝါဖြင့် ယောက်ျားတစ်ယောက်ကို သွေးဆောင်ဖို့ ကြိုးစားပါက ဘယ်သူမျှ ခုခံနိုင်မည် မဟုတ်ကြောင်းကို သူ ယုံကြည်လေသည်။

လက်ရှိဒုက္ခဘေးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်သည်နှင့် သူ၏ခွန်အားကို ဖြည်းဖြည်းချင်း ပြန်စုကာ အခွင့်ကောင်းကို စောင့်မျှော်ရမည်။

တစ်နေ့တွင် ဤကြုံတွေ့နေရသည့် အရှက်တရားများအားလုံးကို ချေမှုန်းပစ်မည်ဖြစ်သည်။

......................

ယန်းချန်၏ လျုံမိသားစု။

လျုံလင်းသည် သူ့အဖေမှ အိမ်ပြန်ခေါ်လာပြီးနောက် သူမကို ဘိုးဘေးငယ်တစ်ယောက်ကဲ့သို့ ဆက်ဆံခဲ့သည်။

လျုံမိသားစု၏ အဓိကမိသားစုအဖွဲ့ဝင်များသည်လည်း သူမအား ရယ်မောပျော်ရွှင်သည့် အမူအရာများဖြင့် ဝိုင်းရံထားကြသည်။

လျုံလင်းသည် ယခင်က ထိုကဲ့သို့သော ဆက်ဆံမှုမျိုးကို မခံစားခဲ့ဖူးချေ။

ထို့ကြောင့် သူမသည် အပ်များပေါ်တွင် ထိုင်နေရသကဲ့သို့ ခံစားလာရသည်။

" ဘာလို့ သမီးကို အဲ့လို ကြည့်နေကြတာလဲ "

လျုံယွမ်ဖီသည် သူမလက်ကို ပွတ်သပ်လိုက်သည်။

" သမီး၊ ငါတို့ လျုံမိသားစုရဲ့ အနာဂတ်နဲ့ ကံကြမ္မာက မင်းအပေါ်မှာပဲ မူတည်တယ် "

တခြားသူတွေကလည်း ခေါင်းညိတ် သဘောတူကြသည်။

လျုံလင်း ရုတ်တရက် နှလုံးပြင်းခုန်သံကို ခံစားလိုက်ရသည်။

" အဖေ၊ နောက်နေတာလား။ ဒီလောက် လေးလံတဲ့ဝန်ကို သမီးက ဘယ်လိုလုပ် ထမ်းနိုင်မှာလဲ။ တခြားတစ်ယောက် ရှာလိုက်တာ ပိုကောင်းမယ် "

ထိုကဲ့သို့ပြောပြီး သူမ ထထွက်သွားဖို့ ပြင်သော်လည်း လျုံယွမ်ဖီသည် သူမကို ထိုင်ခုံဆီသို့ ပြန်တွန်းလိုက်သည်။

" သမီး၊ အဖေ ဒီတစ်ခါ လမ်းအမှားကို ရွေးမိမတတ်ဘဲ။ ကံကောင်းလို့ သမီးက ဒီနေ့ ယဲ့ဖန်ဘက်မှာ ရပ်တည်ခဲ့တာ။ မင်းက အဖေတို့ လျုံမိသားစုရဲ့အသက်ကို ကယ်တင်ခဲ့တာပဲ "

လျုံလင်းက ခေါင်းကိုကုတ်လိုက်သည်။

" အဲ့တာက အဲ့လောက် ကြီးကျယ်လို့လား "

လျုံယွမ်ဖီသည် ထိုကိစ္စ၏ လေးနက်မှုကို သူမ သဘောမပေါက်ကြောင်း သိလိုက်ရပြီး သူမအား အမြန်ရှင်းပြလိုက်သည်။

" ဒီဖြစ်ရပ်ပြီးရင် ရီမိသားစုရဲ့ ခွန်အားက အကြီးအကျယ် ထိုးနှက်ချက် ခံရပြီးတော့ ယဲ့ဖန်က ယန်းချန်မှာ နေရာအကြီးကြီးရလာလိမ့်မယ်။ အဲ့ဒီအခါကျ ဒီနေ့ ရီချန်းကျယ်ဘက်က လူတွေကို လွှတ်ထားမယ် ထင်နေလို့လား "

လျုံလင်းသည် သူမအဖေ၏ သုံးသပ်ချက်ကို ကြားသည့်အခါ အနည်းငယ် နားလည်သွားသော်လည်း နားမလည်ပြန်ပေ။

" အဲ့တာ သမီးနဲ့ ဘာဆိုင်လို့လဲ "

လျုံယွမ်ဖီသည် သူမပုခုံးကို ဆွဲလိုက်သည်။

" သေချာပေါက် သမီးနဲ့ ပတ်သက်တာတွေရှိတာပေါ့။ လင်းလင်းက ဒီနေ့ ယဲ့ဖန်ဘက်က ရပ်တည်ဖို့ ရွေးချယ်ခဲ့တာဆိုတော့ သမီးနဲ့ သူ့ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ထားတယ်လို့ ဆိုလိုတာပဲလေ "

" သူက နောက်ကျ စာရင်းရှင်းချင်တယ်ဆိုရင်တောင် သမီးနဲ့ ခင်မင်မှုကို ထောက်ထားပြီး အဖေတို့ လျုံမိသားစုကို လွှတ်ပေးလိုက်လိမ့်မယ် "

လျုံလင်းက စိတ်ရှုပ်နေဆဲဖြစ်သည်။

" ဒါပေမယ့် သမီးက သူ့ကို ကူညီချင်တာ မဟုတ်ပါဘူး။ ရှောင်ရ ဝမ်းနည်းတာကို မမြင်ချင်လို့သာ ....... "

လျုံယွမ်ဖီက သူမစကားကို ကြားဖြတ်ပြောလေသည်။

" အားလုံးအတူတူပါပဲ။ လုရှောင်ရက ယဲ့ဖန်ရဲ့ မိန်းကလေးဆိုတော့ လုရှောင်ရကို ကူညီတာက ယဲ့ဖန်ကို ကူညီနေတာပဲလေ "

လျုံလင်း နားထောင်လေလေ သူမစိတ်ရှုပ်လေလေဖြစ်သည်။

" ဒါဆို သမီးက ဘာဆက်လုပ်ရမှာလဲ "

လျုံယွမ်ဖီသည် သူ့သမီး နားမလည်တာကြောင့် မျက်လုံးကို ‌ဝေ့လိုက်ပြီး လျုံလင်းကို အံ့သြသွားအောင် တစ်ခုခုပြောလိုက်သည်။

" အခုအချိန်ကစပြီး ယဲ့ဖန်နဲ့ ပိုနီးစပ်ဖို့ လုရှောင်နဲ့ ဆက်ဆံရေးကို အသုံးချလို့ရတယ် "

" ဖြစ်နိုင်ရင် မင်းရဲ့ရုပ်ရည်ကိုတောင် သင့်လျော်သလို အနစ်နာခံသုံးရမယ် "

" ယဲ့ဖန်ရဲ့ မိန်းကလေး ဖြစ်လာတာနဲ့ ငါတို့ လျုံမိသားစုက သေချာပေါက် ........ "

လျုံလင်း နားထောင်လေလေ တစ်ခုခုမှားနေပြီဟု သူမ ခံစားလာရလေလေဖြစ်သည်။ သူမသည် ကျယ်လောင်စွာ မေးပစ်လိုက်သည်။

" အနစ်နာခံတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ သူ့မိန်းကလေးဖြစ်လာတာကရော ဘာကိုဆိုလိုတာလဲ။ သူနဲ့ ...... "

သူမသည် နောက်ဆက်တွဲထွက်လာမည့် ဆိုးဆိုးရွားရွား စကားလုံးများကို ထုတ်ပြောရန်ပင် အားမရှိချေ။

ဒီလိုစကားတွေဟာ သူမအဖေ၏ ပါးစပ်ကနေ ထွက်လာသည်ကို သူမ မယုံနိုင်ချေ။

သူက ယဲ့ဖန် အမြင်ကြည်တဲ့ ဆက်ဆံရေးကို ဆက်ထိန်းထားဖို့အတွက် သူ့သမီးရဲ့ရုပ်ရည်အလှကို တကယ်ပဲ သုံးစေချင်နေတာလား။

လျုံယွမ်ဖီကတော့ လုံးဝ ရှက်စိတ်မရှိပေ။

" ပိုပြီးကြီးတဲ့ကိစ္စကို စဉ်းစားရမယ်။ ငါတို့မိသားစုတစ်ခုလုံးကို ကယ်တင်ဖို့ သမီးကိုစတေးတာက ကောင်းတဲ့ကိစ္စပဲ "

" ပြီးတော့ ဒါက အနစ်နာခံတယ်လို့တောင် မယူဆသင့်ဘူးမလား "

" ယဲ့ဖန်လို ငယ်ရွယ်ချောမောပြီး အစွမ်းထက်တဲ့ ယောက်ျားလေးကို ဘယ်မိန်းကလေးက မကြိုက်မှာလဲ "

လျုံလင်း ပြန်မချေပနိုင်မီ တခြားသူများကလည်း ဝင်ပြောကြသည်။

" ဟုတ်တယ်၊ ဒီလို ထူးချွန်တဲ့ ယောက်ျားလေးက မိန်းကလေးတိုင်း အိပ်မက်မက်ရတဲ့ ချစ်စရာကောင်းတဲ့ မင်းသားလေးပဲ "

" ငါအသက်ကြီးနေလို့။ ငါသာ ငယ်နေရင် နင့်ကိုတောင် အလှည့်ပေးမှာ မဟုတ်ဘူး "

" လင်းလင်း၊ အရမ်းအတ္တကြီးမနေပါနဲ့။ ငါတို့မိသားစုတစ်ခုလုံးအတွက်ကို မင်းစဉ်းစားရမယ် "

" ငါ့ကိုသာ လာမေးလို့ကတော့ ယဲ့လူကြီးမင်းဘက်ကတောင် စဖို့မလိုဘူး။ လင်းလင်း သူ့ကို သွေးဆောင်ဖို့ ကြိုးစားရမယ်။ မဟုတ်ရင် သူက မင်းကို ကြိုက်မှာမဟုတ်ဘူး "

" ယန်းချန်မှာရှိတဲ့ မိန်းကလေး ဘယ်နှစ်ယောက်ကများ ယဲ့လူကြီးမင်းရဲ့ အိပ်ရာပေါ် ကို တက်ချင်နေလဲသိလား။ နင့်မှာက ဒီလိုအခွင့်အရေးကောင်းရှိတာကို တန်ဖိုးထားသင့်တယ် "

" ငါတို့ လျုံမိသားစုရဲ့ အနာဂတ်က နင့်လက်ထဲမှာ။ သေချာလုပ်၊ စိတ်မပျက်ရစေနဲ့။ မဟုတ်ရင် နင်က ငါတို့ လျုံမိသားစုရဲ့ အပြစ်သားပဲ ...... "

လျုံလင်းသည် သူတို့ တစ်ယောက်ပြီးတစ်ယောက်ပြောနေသည်ကို နားထောင်ရင်း ခေါင်းတစ်ခုလုံး ပေါက်ကွဲမတတ် ခံစားလိုက်ရသည်။

ထိုလူများ၏ ပြောဆိုချက်အရ သူမသည် ယဲ့ဖန်ကို သွေးမဆောင်နိုင်ခဲ့ပါက သူမသည် မိသားစု၏ အပြစ်သားဖြစ်သွားပေလိမ့်မည်။

ဒီဝန်က အရမ်းလေးတယ် မဟုတ်ဘူးလား။

အပိုင်း ( ၆၀၄ )

ငါက ရုပ်ဝါဒီသမားတစ်ယောက်

တစ်ချိန်တည်းမှာပင် ယန်းချန်တစ်မြို့လုံးသည် ယဲ့ဖန်နှင့် ရီချန်းကျယ်တို့အကြောင်း ပြောနေကြသည်။

လူအများစုသည် ထိုကိစ္စအား ညစာစားပြီးနောက်‌ ပြောရမည့် စကားဝိုင်းတစ်ခုအဖြစ်ပင် သတ်မှတ်ထားကြသည်။

သို့သော် ရီချန်းကျယ်၏ပွဲသို့ တက်ရောက်ခဲ့သူများမှာတော့ ထိတ်လန့်တုန်လှုပ်နေကြသည်။ ယဲ့ဖန်မှ သူတို့ကို စာရင်းရှင်းမည်အား အလွန်ပူပန်စိုးရိမ်နေကြသည်။

သို့သော် ယဲ့ဖန်ကိုယ်တိုင်မှာတော့ ထိုကိစ္စများကို မသိခဲ့ပေ။

လက်ရှိအချိန်တွင် ရန်ကျန်းရယ်နှင့် ခေါင်းဆောင်တစ်စုသည် ယဲ့ဖန်အား လိုက်ပို့ရန် ရုံးခန်းထဲမှ ထွက်လာကြသည်။

" ယဲ့လူကြီးမင်း၊ တကယ်တောင်းပန်ပါတယ်။ ဒါတွေအားလုံးက နားလည်မှုလွဲတာပါ။ စိတ်ထဲမှာ မထားဖို့ မျှော်လင့်ပါတယ် "

ရန်ကျန်းရယ်သည် ယဲ့ဖန်အနားတွင် ရှက်ရွံ့သောအမူအရာဖြင့် ကပ်လျှောက်လာသည်။

သူ ယန်းချန်တွင် တာဝန်ယူပြီးနောက် ပထမဆုံးကိုင်တွယ်ခဲ့ရသော အမှုကြီးသည် မှားယွင်းသောအမှုအဖြစ်သို့ ပြောင်းလဲသွားကာ အလွန်အရှက်ရစေခဲ့သည်။

သို့သော် ယဲ့ဖန်သည် သူ့လက်ကို ရက်ရက်ရောရော ဝှေ့ယမ်းလိုက်သည်။

" ရန်လူကြီးမင်း၊ ကျေးဇူးပြုပြီး အဲ့လိုမပြောပါနဲ့။ ဥပဒေကို သမာသမတ်ကျကျနဲ့ ကျွန်တော့်နာမည်ကို ရှင်းရှင်းလင်းလင်း ပြသနိုင်ခဲ့လို့ အထူးပဲ ကျေးဇူးတင်ပါတယ် "

ရန်ကျန်းရယ်သည် ယဲ့ဖန်၏စကားကို ကြားသည့်အခါ သူ့ရှေ့မှ လူငယ်လေးကို သေချာအကဲခတ်ကြည့်လိုက်မိသည်။

ယေဘယျအားဖြင့် ပြောရလျှင် ငယ်ရွယ်စဉ်မှာတင် အောင်မြင်မှုများစွာကို ရရှိခဲ့သော ယဲ့ဖန်ကဲ့သို့သူတစ်ဦးသည် ထိုသို့သော စွပ်စွဲချက်များ ကြုံတွေ့ရသည့်အခါ ခွင့်မလွှတ်သည့်အပြင် ပြင်းထန်သောတိုက်ခိုက်မှုဖြင့် တုံ့ပြန်မည်မှာ သေချာသည်။

သို့သော် ယဲ့ဖန်ကတော့ မထင်မှတ်ထားဘဲ သူ့လက်ကို ရက်ရက်ရောရော ဝှေ့ယမ်းငြင်းဆိုကာ လုံးဝ စိတ်ထဲ အညှိုးအတေးမထားခဲ့ပေ။

ငယ်ငယ်ရွယ်ရွယ်နှင့် ဤကဲ့သို့ စီးပွားရေးနယ်ပယ်အား တည်ဆောက်နိုင်သည်မှာ အံ့သြစရာမရှိတော့ချေ။

ရန်ကျန်းရယ်သည် ဤလူငယ်လေးကို ပို၍ပင် အထင်ကြီးမိလေသည်။

" ယဲ့လူကြီးမင်း၊ ရှုမင်းချန်နဲ့ ကျန်တဲ့သူတွေ ဒီနေ့ သူတို့ကိုယ်တိုင် လာဝန်ခံအောင် လုပ်ခဲ့တာ လူကြီးမင်း လုပ်ခဲ့တာ မဟုတ်လား "

ယဲ့ဖန်က ချက်ချင်း ရယ်မောလိုက်သည်။

" ခင်ဗျားကိုယ်တိုင်ပြောတာ၊ ကျွန်တော် ပြောတာ မဟုတ်ဘူး "

ယဲ့ဖန်၏ အမူအရာကိုမြင်ပြီးနောက် ရန်ကျန်းရယ်သည် သူ့အတွေးထဲတွင် ပို၍ပင် ဆုံးဖြတ်ချက် သေချာလာခဲ့သည်။

သူ အစပိုင်းမှာ အထူးအဆန်းဖြစ်နေခဲ့သည်။

ဒီလူတွေက ဘာလို့ လက်နက်ချဖို့ကို သူတို့ဘက်က အစပြုခဲ့တာလဲ။

အခုသိလိုက်ရသည်မှာ ယဲ့လူကြီးမင်း၏ ပယောဂဖြစ်လေသည်။

သို့သော် ဤကိစ္စကို စေ့စေ့စပ်စပ် ဖော်ထုတ်ရန် သူ စိတ်မ၀င်စားနိုင်ပေ။ တစ်ဖက်က ဘယ်လိုနည်းပင် သုံးခဲ့စေကာမူ ရလဒ်က အတော်လေး ကောင်းမွန်လေသည်။

ယဲ့လူကြီးမင်းရဲ့ အောင်မြင်မှုတွေက တိုက်ဆိုင်မှုတွေ မဟုတ်ပဲ ထူးချွန်ထက်မြက်မှုကြောင့်ဖြစ်ကြောင်း သိလိုက်ရလေသည်။

ယဲ့ဖန်တို့ ရုံးခန်းထဲမှ ထွက်လာချိန်မှာပင် ရီချန်းကျယ်အား ရဲအရာရှိအနည်းငယ်မှ စောင့်ကြပ်ခေါ်လာသည်ကို တွေ့လိုက်ရသည်။

ရီချန်းကျယ်သည် ယဲ့ဖန်ကို မြင်သောအခါ ချက်ချင်းပင် ရူးသွပ်သွားကာ ပြေးလာခဲ့သည်။

" ယဲ့ဖန်၊ မင်းကိုငါသတ်မယ် ....... "

ကံကောင်းထောက်မစွာဖြင့် ဘေးမှ ရဲအရာရှိများက သူ့ကို ချက်ချင်း ထိန်းချုပ်လိုက်သည်။

" ငြိမ်ငြိမ်နေ "

ယဲ့ဖန်သည် ရီချန်းကျယ်၏ သွေးပျက်နေပုံကို ခွေးရူးတစ်ကောင်အား ကြည့်နေရင်း အလွန်တည်ငြိမ်စွာ ရှိနေခဲ့သည်။

" တရားမျှတမှုက နောက်ကျနိုင်ပေမယ့် ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ သူများကို ထိခိုက်စေတဲ့သူတွေက နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်ထိခိုက်ကြတာ "

ရီချန်းကျယ်သည် အံကြိတ်လျက် ပြောလေသည်။

" ငါ သရဲဖြစ်သွားရင်တောင် မင်းကို ငါခွင့်မလွှတ်ဘူး "

ယဲ့ဖန်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။

" ငါက ရုပ်ဝါဒီသမားတစ်ယောက်။ မင်းရဲ့ ခြိမ်းခြောက်မှုက ငါ့အတွက် အဓိပ္ပါယ်မရှိဘူး "

ရီချန်းကျယ်ကို ထပ်ပြောခွင့်မပေးတော့ဘဲ အစောင့်များက သူ့ကို အထဲသို့ ခေါ်သွင်းသွားလေသည်။

ယဲ့ဖန်သည် ပျင်းရိစွာ အကျောဆန့်ထုတ်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။

" အပြင်ဘက်မှာ လေက အရမ်းချိုမြိန်တာပဲ။ ဒါပေမယ့် တချို့လူတွေက ဒီလို လတ်ဆတ်တဲ့လေအနံ့ကို မခံနိုင်လောက်တော့ဘူး "

အထဲသို့ဝင်ခါနီး ရီချန်းကျယ်သည် ထိုစကားကြောင့် အတင်းလှည့်ထွက်နေသည်။ သို့သော် အချုပ်ထားခံရတာကြောင့် ဘာမှမလုပ်နိုင်ပေ။

ယဲ့ဖန်၏ စကားများသည် သူ့ကို ဒေါသအရမ်းထွက်စေသည်။

သို့သော် သူ ဆက်ပြီးကြုံတွေ့ရမည့် ကံကြမ္မာဆိုးအကြောင်း တွေးလိုက်သောအခါ သူ စိတ်ပျက်သွားရသည်။

တစ်ယောက်ကိုတော့ အလင်းက ကြိုဆိုနေပြီး နောက်တစ်ယောက်ကတော့ အမှောင်ထုဆီသို့ လျှောက်သွားရသည်။

ဒါက လူနှစ်ယောက်ရဲ့ ကံကြမ္မာပဲ။

တစ်ချိန်တည်းတွင် ဇိမ်ခံကားအချို့ လျင်မြန်စွာ ဖြတ်ကျော်လာပြီး စခန်းအဝင်ဝတွင် ရပ်တန့်သွားသည်။

ကားတံခါးပွင့်လာပြီး ကျောင်းဖုလင်၊ ချန်းရွှမ်နှင့် အခြားသူများက ကားပေါ်မှ အမြန်ထွက်လာခဲ့ကြသည်။

" ရှောင်ဖန် "

ချန်းရွှမ်သည် ယဲ့ဖန်ကို မြင်သောအခါ သူမသည် မိန်းမငယ်လေးတစ်ယောက်ကဲ့သို့ သူမချစ်သူ၏ ရင်ခွင်ထဲသို့ အမြန်ဝင်တိုးလိုက်သည်။

ရီချန်းကျယ်၏ စားပွဲတုန်းကလို ဘုရင်မတစ်ယောက်၏ အရိပ်အရောင် မရှိတော့ပေ။

လုရှောင်ရနှင့် ရှချူးတို့သည်လည်း ယဲ့ဖန်ဆီ အမြန်ပြေးသွားကြသော်လည်း ထိုမြင်ကွင်းကြောင့် ကြောင်အအဖြင့် ရပ်တန့်သွားကြသည်။

ယဲ့ဖန်သည် ချန်းရွှမ်အား ပွေ့ဖက်ပြီး အသံတိုးတိုးဖြင့် ပြောလေသည်။

" ဘာလို့ ငိုနေတာလဲ။ ကျွန်တော် အခု အဆင်ပြေနေတာပဲ မဟုတ်ဘူးလား "

ချန်းရွှမ်သည် ခေါင်းကို မော့လိုက်သည့်အခါ သူမ ပါးပြင်ပေါ်တွင် မျက်ရည်များ စီးကျလာသည်။

" ငါ့ကို ထပ်စိတ်ပူအောင် မလုပ်တော့ဘူးလို့ ကတိပေး "

ယဲ့ဖန်သည် သူမ၏ မျက်ရည်များကို သုတ်ပေးလိုက်သည်။

" ကောင်းပြီ၊ ကျွန်တော် ကတိပေးတယ် "

ချန်းရွှမ်သည် သူမ၏ မျက်နှာကို ယဲ့ဖန်ရင်ဘတ်နှင့် ဖိကပ်ထားပြီး လွှတ်လိုက်လျှင် ယဲ့ဖန်ထားခဲ့မည်ကို စိုးရိမ်နေသကဲ့သို့ ခါးကို လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ဖက်ထားသည်။

ကျောင်းဖုလင် မထိန်းနိုင်ဘဲ ချောင်းဆိုးလိုက်သည်။

" ဒီမှာ လူတွေရှိနေတာကို မင်းတို့ မမြင်ဘူးလား။ ခွေးအစာကျွေးတယ်ဆိုတာလည်း အကန့်အသတ်ရှိတယ်ကွ "

ချန်းရွှမ်သည် ရှက်သွားပြီး ယဲ့ဖန်အား ဖက်ထားသည်ကို လွှတ်ကာ သူ့နောက်မှာ ပုန်းနေလိုက်သည်။

ယဲ့ဖန်က ကျောင်းဖုလင်ကို တည်ငြိမ်စွာ ကြည့်နေသည်

" ဒီနေ့အတွက် ခက်ခဲခဲ့မှာပဲ "

" မင်းမှာ အဲ့လိုပြောဖို့ စိတ်ရှိသေးတာလား "

ကျောင်းဖုလင်က ဒေါသတကြီးဖြင့်ပြောလိုက်သည်။

" မင်းရဲ့ မကောင်းတဲ့အတွေးကြောင့် ငါ့ကို ရှောင်ရက အပြစ်တင်တာ ခံလိုက်ရတယ် "

ယဲ့ဖန်က သူ့ဘေးနားရှိ လုရှောင်ရကို တစ်ချက်ကြည့်လိုက်သည်။

" တကယ်လား။ မင်းက လူတွေကို ဘယ်လို ဆူပူကြိမ်းမောင်းရမလဲဆိုတာ သိတယ်လား "

လုရှောင်ရ အနည်းငယ်ရှက်သွားသည်။

" အဲ့တုန်းက အလျင်လိုနေတာဆိုတော့ ....... ကြိုပြောထားတော့ ဘာဖြစ်မှာမလို့လဲ။ သူတို့က တကယ်ကြီး ဘက်ပြောင်းသွားတယ်လို့ ထင်သွားတာပေါ့ ..... "

ကျောင်းဖုလင်က ချက်ချင်း အော်ပြောလိုက်သည်။

" အစစ်အမှန်ဖြစ်အောင်ဆိုပြီး ငါတို့ကို မပြောခိုင်းခဲ့တာက ယဲ့ဖန်။ ငါတို့က ဘယ်လိုလုပ်ပြီး အပြစ်ရှိမှာလဲ "

လော့ကျင်းယွမ်၊ ချန်းချုံရှန်းနှင့် ဟုရွမ်ယုတို့က သက်သေများအဖြစ် ခေါင်းညိတ်ကြသည်။

ယဲ့ဖန်က အလျင်အမြန် တောင်းပန်လေသည်။

" ဟုတ်ပါပြီ၊ အဲ့တာက ကျွန်တော့်အမှားပါ။ အဲ့တော့ တောင်းပန်တဲ့အနေနဲ့ တစ်ဝိုင်းလိုက်ကျွေးပါ့မယ် "

ကျောင်းဖုလင်က ကျေနပ်သွားသည်။

" အဲ့လိုမှပေါ့။ ဒီနေ့ မင်းဆီက သေချာစားရတယ် .... "

သူ့စကား မပြီးခင်တွင် လော့ကျင်းယွမ်မှ ရုတ်တရက် နှောင့်ယှက်လိုက်ပြီး ဖြတ်ပြောသည်။

" ဒီနေ့တော့ မလာနိုင်လောက်ဘူး။ အိမ်မှာလုပ်စရာတွေရှိလို့ အမြန်ပြန်ရမယ် "

ချန်းချုံရှန်းကလည်း ခေါင်းညိတ်သည်။

" နျုံစစ်သွမ်းရဲ့ပိုင်ဆိုင်မှုတွေကို လေလံပစ်ရတော့မှာဆိုတော့ အလုပ်ပြန်လုပ်ရမယ် "

ဟုရွမ်ယုကလည်း ပြုံးသည်။

" အခု ရီမိသားစုက ဒုက္ခရောက်သွားတယ်ဆိုတော့ ဟူရန်လူချမ်းသာစာရင်းက ပြန်လည်တွက်ချက်ဖို့ လိုအပ်နေပြီ။ မင်းသိတယ်မလား "

ကျောင်းဖုလင်က သူတို့ကို ကြည့်လိုက်သည်။

" ဘာလဲ၊ ဒီအခွင့်အရေးကို ရဖို့က မလွယ်ဘူး။ ဒီကလေးကို ငါတို့ အတူတူသတ်ရမှာကို မင်းတို့က ဘာလို့ထွက်သွားတာလဲ "

လော့ကျင်းယွမ် သူ့ကို စိုက်ကြည့်နေသည်။

" မင်းက တကယ်ကို ဆင်ခြင်တုံတရားမရှိဘူး "

ထိုသို့ပြောရင်း သူက ယဲ့ဖန်နှင့် ချန်းရွှမ်တို့ဘက်ကို လှမ်းကြည့်လိုက်သည်။

ကျောင်းဖုလင် နောက်ဆုံးတွင် သဘောပေါက်သွားလေသည်။

သူတို့လင်မယားနှစ်ယောက်ကြားမှာ သူက တတိယဘီးလုံးဖြစ်နေတာပဲ။

" ဟားဟားဟား၊ ရုတ်တရက် သတိရသွားပြီ။ ငါ့အိမ်မှာ အိမ်သာပိတ်နေတယ်။ ငါ အိမ်ပြန်ပြီး အိမ်သာသွားရှင်းရဦးမယ် "

ကျောင်းဖုလင်က အနည်းငယ် ပိုပိုသာသာပြောနေပုံကြောင့် ချန်းရွှမ် မျက်နှာပူကာ ရှက်သွားသည်။

လုရှောင်ရနှင့် ရှချူးတို့၏ မျက်နှာပေါ်တွင် စိတ်ပျက်သည့်အမူအရာ ပေါ်လာသည်။

" ငါတို့လည်း သွားကြတော့မလား "

" အင်း၊ သွားကြရအောင် "

သူတို့နှစ်ယောက်က ဘာမှ ထပ်မပြောတော့ဘဲ ကျောင်းဖုလင်နှင့်အတူ ထွက်သွားကြသည်။

( ခွေးစာကျွေး - လူအများရှေ့မှာ ချစ်ကြည်နူးပြတာပါ။ တစ်ချို့ကျ စာရေးသူက ခွေးသွေးတိုက်တယ်လို့ ပြောတာကြားဖူးကြပါသလား။ ခွေးသွေးတိုက် - ငိုရတဲ့အခန်းတွေပါ။ ဓားခန်း'လို့လည်း ခေါ်ကြပါတယ် )

All Chapters