အပိုင်း ၆၀၅-၆၀၈
Vol. 31 Ch. 605-608
အပိုင်း ( ၆၀၅ )
နင်စားတာကိုတော့ ကြိုက်ပါတယ်
ယဲ့ဖန်နှင့် ချန်းရွှမ်တို့သည် 'ရှစ်မား' ဟုခေါ်သော အနောက်တိုင်း စားသောက်ဆိုင်တစ်ဆိုင်ကို သွားခဲ့သည်။
ပြတင်းပေါက်နားမှ စားပွဲကို ရွေးပြီး ရိုးရှင်းသည့် ဟင်းပွဲတချို့ကို မှာလိုက်ကြသည်။
စားသောက်ဆိုင်ထဲမှ စားသုံးနေကြသည့် ဧည့်သည်များက သူတို့ကို လှမ်းကြည့်နေကြသည်။
ထိုအကြည့်များက ချန်းရွှမ်ဆီသို့ အဓိက အာရုံစိုက်နေကြတာဖြစ်သည်။
အစချီပြီး ပြောရလျှင် သူမက အတော်လေးလှသည်။ သူမရရှိခဲ့သော အတွေ့အကြုံများနှင့်အတူ သူမသည် အမျိုးသားများအတွက် အလွန်ဆွဲဆောင်မှုရှိသည့် သန်မာသော မိန်းမတစ်ယောက်၏ ကိုယ်ရောင်ဝါကို ရရှိထားသည်။
ယဲ့ဖန်သည် မနက်ခင်းတွင် အရာရှိများ၏ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသောကြောင့် မီးခိုးရောင် အိမ်နေရင်းအဝတ်အစားကိုသာ ဝတ်ထားသည်။
စခန်းမှာ တစ်ရက်လုံးနေခဲ့ပြီးနောက် ဆံပင်တွေကလည်း ရှုပ်ပွနေလေသည်။
သူ၏ လက်ရှိပုံရိပ်သည် အတော်ကို သနားစရာကောင်းနေသည်။
ထို့အပြင် ချန်းရွှမ်ကဲ့သို့ မိန်းမလှ၏ ဘေးတွင်ထိုင်နေခြင်းက ငန်းဖြူသားကို ကျီးထိုးနေသလို ဖြစ်နေ၏။
" အစ်မရွှမ်၊ မတွေ့တာ ရက်နည်းနည်းပဲ ရှိသေးတာကို ပိုလှလာတယ် "
ယဲ့ဖန်သည် ချန်းရွှမ်၏ လက်လေးကို ဆုပ်ကိုင်လိုက်ပြီး သူမကို စိတ်ရင်းမှန်ဖြင့် ချီးကျူးလိုက်သည်။
ချန်းရွှမ်သည် သူမချစ်သူ၏ ချီးကျူးခြင်းကို ခံရခြင်းကြောင့် အလွန်ပျော်ရွှင်နေသော်လည်း သူမမျက်နှာတွင် မပျော်မရွှင်ဖြစ်နေသည့် အရိပ်အယောင်များ ရှိနေသေးသည်။
" နင်နဲ့ မတွေ့ရတာ ကြာပေမဲ့ နင့်ပါးစပ်က ပိုပြီးချိုလာတယ်ဆိုတာ သိလိုက်တယ်။ တခြားမိန်းကလေးတွေ အများကြီးကို ပြောပြီးနေပြီ မဟုတ်လား "
လုရှောင်ရ၊ ရှချူးနှင့် လျုံမိန်းကလေးတို့သည် ရီချန်းကျယ်၏ပွဲတွင် ယဲ့ဖန်အတွက် ရပ်တည်ခဲ့သည့်အကြောင်းကို တွေးလိုက်သောအခါ သူမ နှလုံးသားထဲတွင် တုန်လှုပ်ခြောက်ခြားနေရသည်။
သူမရည်းစားသည် အလွန်ထူးချွန်ပြီး သူ့နောက်ကိုလိုက်နေသည့် မိန်းကလေးတွေ အများကြီးရှိမည်ဆိုတာကို သူမသိသော်လည်း လှပပြီး ယဲ့ဖန်အပေါ် သစ္စာစောင့်သိကြသည့် ကောင်မလေးများကို တွေ့လိုက်တဲ့အခါ သူမ အန္တရာယ်ကို ခံစားလိုက်ရသည်။
ယဲ့ဖန်က ချက်ချင်း မတရားခံရသလို ညည်းတွားလေသည်။
" ကိုယ် မင်းကိုပဲ ဒီလိုစကားမျိုး ပြောဖူးတာ။ လိမ်ပြောရင် ဒုက္ခရောက်ပြီး အသေ...... "
'သေ'ဟူသော စကားလုံးကို ယဲ့ဖန် မပြောမီတွင် ချန်းရွှမ်၏ သွယ်လျသော လက်ချောင်းလေးများက သူ့ပါးစပ်ကို ထားလိုက်သည်။
" မပြောဘူးဆိုလည်း မပြောဘူးပေါ့။ ဘာလို့ အဲ့လိုကြီး ကျိန်နေရတာလဲ "
" အစ်မ မယုံမှာကို စိုးရိမ်လို့ပါ "
ယဲ့ဖန်သည် ခပ်ညစ်ညစ်အပြုံးကို ပြုံးလိုက်ပြီးနောက် သူ့ပါးစပ်နားရှိ ချန်းရွှမ်၏ လက်ကိုဆွဲကာ သူမလက်ချောင်းလေးများကို စုပ်လိုက်သည်။
ချန်းရွှမ်သည် သူမ၏လက်ကို အမြန်ပြန်ဆွဲထုတ်လိုက်ပြီး ပတ်ဝန်းကျင်ကို အပြစ်ရှိစွာ ကြည့်နေလေသည်။
" သေချင်နေတာလား။ ဘေးမှာ လူတွေအများကြီးရှိတယ်လေ နင် ...... "
ယဲ့ဖန်ကတော့ စိတ်မ၀င်စားချေ။
" လူတွေများနေတာ ဘာလုပ်ရမှာလဲ။ ကိုယ့်ရည်းစားနဲ့ အီစီကလီလုပ်နေတာကို တခြားသူတွေက ဘာလုပ်နိုင်မှာမလို့လဲ "
သို့သော် သူ့အပေါ်ကျရောက်လာသည့် မရေမတွက်နိုင်သော စူးရှသည့်အကြည့်များကို ခံစားမိသည်။
ထိုကိစ္စမှာ ရှင်းလင်းပါသည်။
ယဲ့ဖန်၏ ထိုလုပ်ရပ်သည် လူအများကို ဒေါသထွက်စေခဲ့သည်မှာ ထင်ရှားသည်။
သူတို့သာ အကြည့်ဖြင့် သတ်နိုင်လျှင် ယဲ့ဖန် အပိုင်းပိုင်း ပြတ်တောက်သွားပေလိမ့်မည်။
သူတို့ နှစ်ယောက် ထမင်းစားနေစဉ်တွင် ယဲ့ဖန်သည် မနီးမဝေးတွင် လူတစ်ယောက်မှ လက်ထဲတွင် ကင်မရာတစ်လုံးကိုင်ကာ သူတို့ဘက်အား ဓာတ်ပုံရိုက်နေသည်ကို ရုတ်တရက် သတိထားမိလိုက်သည်။
ယဲ့ဖန်၏ အမူအရာက ချက်ချင်း မည်းမှောင်သွားပြီး သူ့ကို တားဖို့ မတ်တပ်ထရပ်တော့မည့်အချိန်တွင် ထိုလူက အရင်ဆုံး သူတို့ဆီကို လမ်းလျှောက်လာသည်။
" မင်္ဂလာပါ မိန်းကလေး။ ငါ မင်းကို သိခွင့်ရမလား "
ထိုလူသည် ယဲ့ဖန်၏ ဖြစ်တည်မှုကို လျစ်လျူရှုပြီး ချန်းရွှမ်ဆီသို့သာ တည့်တည့် လျှောက်သွားပြီး သူ့လက်ကို ဆန့်ထုတ်လိုက်သည်။
ချန်းရွှမ် ခဏတာ အံ့အားသင့်သွားပြီး သူမလက်ဆွဲ မနှုတ်ဆက်ပေ။
" ဘာကိစ္စရှိလို့လဲ "
ထိုလူက လိပ်စာကတ်ပြားကို အမြန်ထုတ်လိုက်သည်။
" မင်္ဂလာပါ၊ ကျွန်တော်က ရှင်းဟိုင်အနုပညာကုမ္ပဏီက ကျွမ်းကျင်လူရှာတဲ့သူပါ။ နာမည်က ဆုန်းကန်းပါ "
" အခုလေးတင် ဝင်လာတာနဲ့ မိန်းကလေးရဲ့ ကိုယ်ရောင်ဝါကြောင့် ချက်ချင်း သတိထားမိသွားတာ။ ရုပ်ရှင်နဲ့ အနုပညာနယ်ပယ်မှာ ပါဝင်ဖို့ စိတ်ဝင်စားလားဆိုတာ မေးချင်လို့ပါ "
ချန်းရွှမ်က လိပ်စာကတ်ကို လက်မခံချေ။
သူမက ခေါင်းယမ်းကာ ငြင်းလိုက်သည်။
" တောင်းပန်ပါတယ် စိတ်မဝင်စားလို့ပါ "
ထိုစကားကို ဆုန်းကန်းကို ကြားသည့်အခါ အံ့ဩသွားရသည်။
သူ၏အတွေ့အကြုံများအရ မိန်းကလေးအများစုသည် သူ့စကားကို ကြားပြီးနောက် အလွန်စိတ်ဝင်စားကြလိမ့်မည်။
အနည်းဆုံးအနေဖြင့် ဆက်သွယ်ရမည့် အချက်အလက်ကို ဖလှယ်ကြမည်ဖြစ်သည်။
ရုပ်ရှင်နဲ့ အနုပညာနယ်ပယ်သည် အင်မတန် စွဲမက်ဖွယ်ကောင်းလှသည်။ မိန်းကလေးအများစု တောင့်တသော နေရာတစ်ခုဖြစ်လေသည်။
သို့သော် ချန်းရွှမ်ကဲ့သို့ သူ့ကို တန်းငြင်းလိုက်သူတစ်ယောက်ကို တွေ့ရခဲလေသည်။
" မိန်းကလေး၊ မင်း တကယ် မစဉ်းစားတော့ဘူးလား။ ကျွန်တော်တို့ရဲ့ နှစ်ပေါင်းများစွာ အလုပ်အတွေ့အကြုံနဲ့သာဆို မိန်းကလေးရဲ့ အလားအလာက အတော်လေးကောင်းတယ်လို့ ပြောနိုင်တယ်။ နည်းနည်းပါးပါး ပံ့ပို့လိုက်ရင် မင်းနာမည်ကြီးလာမှာ သေချာတယ် ...... "
သူ့စကားမပြီးခင် ယဲ့ဖန် မနေနိုင်တော့ချေ။
" လူစကားကို နားမလည်ဘူးလား။ ငါ့ရည်းစားက မင်းကို ငြင်းနေတယ်လေ။ ပြောလို့ ပြီးပြီလား "
ဆုန်းကန်းက သူ့ကို သံသယကြည့်နဲ့ ကြည့်လေသည်။
" မင်းက သူ့ရည်းစားလား "
သူ့အမူအရာသည် 'မင်းနဲ့ထိုက်တန်တယ်လို့ မင်းထင်လား' လို့ ပြောနေပုံရလေသည်။
ယဲ့ဖန်သည် ထိုလူနှင့် စကားပြောဖို့တောင် လေအကုန်မခံချင်ပေ။ သို့သော် ဆက်ပြီး နှင်ထုတ်လိုက်သည်။
" ခင်ဗျား တခြားတစ်နေရာကို သွားလို့ရတယ်။ ဒီမှာ ထမင်းစားနေတာကို မနှောင့်ယှက်နဲ့ "
ဆုန်းကန်းက လက်မလျှော့ချင်သေးပေ။
" တကယ်လို့ မင်းက ဒီမိန်းကလေးရဲ့ ချစ်သူဖြစ်ဆိုရင် မင်း သူမကို စည်းရုံးသင့်တယ် ထင်တယ်။ ဒါက တစ်သက်မှာ တစ်ခါကြုံရမယ့် အခွင့်အရေးပဲ "
" သေချာလေး လုပ်နိုင်တာနဲ့ ငွေ၊ ကျော်ကြားမှုနဲ့ ကံကြမ္မာက လက်ထဲမှာ ရှိနေမှာ .... "
" ထွက်သွား "
ယဲ့ဖန်သည် ဆက်ပြောမနေတော့ဘဲ ချက်ချင်း အော်လိုက်သည်။
ဆုန်းကန်း အံ့သြသွားသည်။
" မင်း ဘာလို့ ဒီလောက်ရက်စက်ရတာလဲ။ ငါက ...... "
သူ နောက်ထပ် ထပ်ပြောဖို့ ပြင်လိုက်ပေမဲ့ ယဲ့ဖန်၏ အေးစက်သည့် အကြည့်တွေကို တွေ့လိုက်သည့်အခါ သူ့စကားတွေကို မျိုချလိုက်ရသည်။
တခြား ဘာမှထပ်မပြောရဲဘဲ စိတ်ပျက်လက်ပျက်နှင့် ချက်ချင်း ထွက်သွားလေသည်။
အနီးနားရှိ စားပွဲများမှ ဧည့်သည်များသည် ဖိုမြင်ကွင်းကို မြင်လိုက်သောအခါ အချင်းချင်း စကားစမြည်ပြောကြသည်။
" နာမည်ကြီးဖြစ်ဖို့ အခွင့်ကောင်းပဲလေ။ ဒီလူက တကယ်ကြီး သဘောမတူတာလား "
" အဲ့တာ သူ သိမ်ငယ်နေတာလို့ ငါထင်တယ်။ တကယ်လို့ သူ့ကောင်မလေးက နာမည်ကြီးတစ်ယောက်ဖြစ်သွားရင် သူ့ကို စွန့်ပစ်သွားမှာ သေချာလို့လေ "
" ဒီလူက တစ်ကိုယ်ကောင်းဆန်လွန်းတာပဲ မဟုတ်လား။ သူ့ပိုင်ဆိုင်ခွင့်အတွက် တကယ်ကြီး သူ့ရည်းစားရဲ့ အနာဂတ်ကို စတေးလိုက်တယ် "
" အဲ့တာကြောင့် အနာဂတ်မှာ ရည်းစားရှာတဲ့အခါ မျက်စိရှင်ရှင်ထားရမယ်။ ဒီလိုမှမဟုတ်ရင် ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်နေတတ်တဲ့ ယောက်ျားကို ရှာတွေ့သွားမှာ။ အရမ်းကြောက်စရာကောင်းတယ် "
" ဟူး၊ ဒီလောက်လှတဲ့ မိန်းကလေးက ဘာလို့ ဒီလိုယောက်ျားမျိုးကို ရှာတွေ့သွားရတာလဲ ..... "
လူတိုင်းက အသံကို မလျှော့ဘဲ ပြောနေကြသောကြောင့် ထိုစကားများကို ယဲ့ဖန်နှင့် ချန်းရွှမ်တို့ ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။
" အစ်မရွှမ်၊ ကြည့်ရတာ ကျွန်တော်က သူတို့မျက်လုံးထဲမှာ ငန်းသားစားတော့မယ့် ပုရွက်ဆိတ်လို ဖြစ်နေသလိုပဲ "
ယဲ့ဖန်က ချန်းရွှမ်ကို ခါးခါးသီးသီး ပြုံးပြနေသညိ။
ချန်းရွှမ်က မထိန်းနိုင်ဘဲ ရယ်လိုက်သည်။
" နင်က ဖားဖြစ်နေရင်တောင် ငါကတော့ နင်စားတာကို ခံချင်သေးတယ် "
ထိုစကားများသည် အနည်းငယ် ရဲတင်းလေသည်။
ချန်းရွှမ် ပါးစပ်မှ ထွက်လာသည်ဆိုတာကို စိတ်ကူးယဉ်ဖို့ပင် ခက်လေသည်။
ယဲ့ဖန်၏ နှလုံးခုန်သံ မြန်သွားပြီး သူမ၏ နူးညံ့သော လက်ကလေးကို ချက်ချင်း ဆုပ်ကိုင်လိုက်သည်။
" အစ်မရွှမ်၊ ဒီည ကိုယ်နဲ့ အတူနေလို့ရမလား "
ချန်းရွှမ်သည် မျက်မှောင်ကြုတ်ကာ ခေါင်းကို အမြန်ငုံ့လိုက်သည်။
သို့သော်လည်း သူမ၏နှုတ်ခမ်းဖျားမှ နူးညံ့သော 'အင်း' ဟူသော နှာသံလေးကို ကြားလိုက်ရသည်။
ထိုပုံစံလေးက ယဲ့ဖန်ကို အလွန်စိတ်လှုပ်ရှားသွားစေသည်။
သူမကို နေရာမှာတင် အမဲဖြတ်ချင်စေလာသည်။
ရက်နည်းနည်းလောက် မတွေ့လိုက်ရတာနဲ့ ဒီကောင်မလေးက ပိုပိုပြီး စိတ်ဝင်စားစရာ ကောင်းလာတာပဲ။
အပိုင်း ( ၆၀၆ )
ကံကြမ္မာကိုပြောင်းလဲရန် အခွင့်အရေး
ဆုန်းကန်းသည် ရှစ်မားစားသောက်ဆိုင်မှ ထွက်ခွာပြီးနောက် အဝေးသို့ မသွားတော့ဘဲ ချက်ချင်း သူ့ဖုန်းကို ထုတ်လိုက်ပြီး သူ့သူဌေး ကျိုးကျောင်ပင်းဆီသို့ သူရိုက်ထားသော ချန်းရွှမ်၏ ဓာတ်ပုံကို ပို့လိုက်သည်။
သူဌေး၏ အကြိုက်ကို နားလည်သလောက် သူဌေးက ထိုကောင်မလေးကို ကြိုက်မည်မှာ သေချာလေသည်။
ထိုအချိန်တွင် ကျိုးကျောင်ပင်းသည် ဖျော်ဖြေရေးနယ်ပယ်ကို စိတ်ဝင်စားသည့် မိန်းကလေးနှစ်ယောက်ကို ဟိုတယ်တစ်ခုတွင် တွေ့ဆုံမေးမြန်းနေခဲ့သည်။
ထိုမိန်းကလေးနှစ်ယောက်သည် တုံးအသောအသစ်ကလေးတွေ မဟုတ်သည်မှာ သေချာလေသည်။ သူတို့သည် နောက်ဆက်တွဲ ရင်ဆိုင်ရမည့်အရာကို သဘာဝကျကျ သိနေသောကြောင့် အလွန်ပူးပေါင်းဆောင်ရွက်နေကြသည်။
ကျိုးကျောင်ပင်းသည် သူတို့အဝတ်အစားတွေကို ချွတ်ခိုင်းပြီး ချက်ချင်း ကိုယ်လုံးတီး ဖြစ်စေလိုက်သည်။
ဆွဲဆောင်မှုရှိရှိ ပြုမူခိုင်းသောအခါ သူတို့က ချက်ချင်းပင် ပရောပရီလုပ်ကြသည်။
ကျိုးကျောင်ပင်း၏ စိတ်က ချက်ချင်း ထကြွလာသည်။
နောက်ဆုံးအဆင့်ကို ရောက်တော့မည့်အချိန်တွင် ရုတ်တရက် ဖုန်းမြည်လာသည်။
သူ့ဖုန်းကို ဖွင့်ကြည့်လိုက်သည့်အခါ လူရှာသည့်သူတစ်ယောက်ဆီမှ မက်ဆေ့ချ်ဖြစ်သည်ဆိုတာကို သိလိုက်ရသည်
ထိုအရာက သူ့ကို အလွန်စိတ်ပျက်သွားစေခဲ့ပြီး ဆုန်းကန်းကို ဆဲဖို့ပြင်ပြီး မက်ဆေ့ချ်ကို ဖွင့်လိုက်သည့်အခါ ကျိုးကျောင်ပင်း အံ့အားသင့်သွားရသည်။
ဆုန်းကန်း ပို့လိုက်သည့် ဓာတ်ပုံထဲမှ ကောင်မလေးသည် အလွန်ဖမ်းစားလွန်းလေသည်။
ဖျော်ဖြေရေးနယ်ပယ်ထဲမှ လှပသည့် မိန်းကလေးများစွာကို မြင်ဖူးသော်လည်း အများစုမှာ ပုံစံတူတွေ ထွင်းထုထားသလို သာမန်ဆန်လွန်းလှသည်။ ထူးခြားသော လက္ခဏာများမှာ မရှိသလောက် အလွန်နည်းပါးလေသည်။
သို့သော် ထိုမိန်းကလေး၏ မျက်နှာသွင်ပြင်သည် လူအများ၏ မျက်လုံးများကို တောက်ပစေနိုင်သည်။
သူမကို ပိုလို့ပင် ဆွဲဆောင်မှုရှိစေသည်မှာ သူမတွင်ရှိသည့် ရှားရှားပါးပါး ဘုရင်မနဲ့တူသော ကိုယ်ရောင်ဝါဖြစ်သည်။
သူမသည် ဖျော်ဖြေရေးနယ်ပယ်တွင် ရှိခဲ့မည်ဆိုလျှင် ထူးခြားသည့် တည်ရှိမှုတစ်ခု ဖြစ်လာမည်မှာ သေချာသည်။
အဲ့တာကို တွေးလိုက်ပြီး ချက်ချင်းပဲ မက်ဆေ့ချ် ပြန်ပို့လိုက်သည်။
[ ဘယ်က တွေ့လာတာလဲ။ သူမနဲ့ စာချုပ် လက်မှတ်ထိုးခဲ့ပြီလား ]
ဆုန်းကန်းမှ အမြန်ပြန်ဖြေလေသည်
[ ကျွန်တော် ရှစ်မားစားသောက်ဆိုင်မှာ တွေ့ခဲ့ပေမယ့် ကောင်မလေးက ဖျော်ဖြေရေးနယ်ပယ်ထဲကို မဝင်ချင်ဘူး ]
ကျိုးကျောင်ပင်း ထိုစာကို မြင်လိုက်ပြီး ချက်ချင်း ထိတ်လန့်သွားသည်။
[ ဒါဆို မင်း ဘာကို စောင့်နေတာလဲ။ အမြန်သွားပြီး သူမကို လက်မှတ်ထိုးဖို့ နည်းလမ်းကို စဉ်းစား။ သူမလိုချင်တဲ့ အခြေအနေတွေ ဘာမဆိုပြောနိုင်တယ်လို့ ပြောလိုက် ]
ဆုန်းကန်း ရယ်ရမလား ငိုရမှန်းမသိတဲ့ အီမိုဂျီတစ်ခုကို ပို့ခဲ့ပြီး ဆက်ပြောလေသည်။
[ နှုတ်ခမ်းတွေ ကွဲမတတ် ပြောခဲ့ပေမယ့် သူမက သဘောမတူဘူး ]
[ ပြီးတော့ သူ့ရည်းစားက ကျွန်တော် ထွက်မသွားရင် ရိုက်တော့မှာလို့ ပြောသေးလို့ပါ ]
ကျိုးကျောင်ပင်း ကျိန်ဆဲလိုက်သည်။
[ မင်း အဲ့ဒီမှာနေဦး။ သူတို့ မထွက်သွားအောင် တားရမယ်။ ငါ မကြာခင် အရောက်လာခဲ့မယ် ]
ထိုစကားကို ပြောပြီးနောက် ချွတ်ထားသည့်အဝတ်ကို အမြန်ပြန်ဝတ်လိုက်သည်။
ကိုယ်လုံးတီး ကောင်မလေးနှစ်ယောက်က အံ့သြသွားသည်။
" CEOကျိုး၊ ရှင် ကျွန်မတို့ရဲ့ စွမ်းဆောင်ရည်ကို မကြည့်တော့ဘူးလား "
ကျိုးကျောင်ပင်းသည် ချန်းရွှမ်၏ ဓာတ်ပုံကို မြင်ပြီးနောက်တွင် ဤနှစ်ယောက်ကို စိတ်မဝင်စားတော့ပေ။
" ငါတို့ နောက်မှ အချိန်ရရင် ပြောကြရအောင် "
ထိုသို့ဖြင့် တံခါးကို အမြန်တွန်းဖွင့်ပြီး ထွက်သွားလေသည်။
သူ အရမ်းစိုးရိမ်နေရသည့် အကြောင်းရင်းမှာ ဓာတ်ပုံထဲမှ မိန်းကလေးသည် သူ့ကံကြမ္မာအား ကောင်းမွန်စွာ ပြောင်းလဲနိုင်မည်ဖြစ်သောကြောင့် ဖြစ်သည်။
အပေါ်ယံတွင် သူ၏ ရုပ်ရှင်ကုမ္ပဏီသည် ရုပ်ရှင်နှင့် ဖျော်ဖြေရေးလုပ်ငန်းတွင် အနုပညာရှင်အသစ်များအား မြေတောင်မြှောက်ပြီး ပျိုးထောင်လျက်ရှိသည်။
သို့သော် အမှန်တကယ်တွင် သူတို့၏ အရင်းအမြစ်များနှင့် ချိတ်ဆက်မှုအချို့အတွက် လဲလှယ်ရန်အတွက် ယန်းချန်ရှိအာဏာရှိများကို ထိုကြယ်ပွင့်များအား အပျော်အဖြစ် ရောင်းစားကြခြင်းဟု ဆိုနိုင်သည်။
ချန်းဖန်းအိမ်ခြံမြေမှ ဝေ့ချန်းဖန်းသည် အေးစက်ပြီး ပြေပြစ်သော အမျိုးသမီးများကို အများအားဖြင့် နှစ်သက်ကြောင်း သူသိထားသည်။
ဟိုအချိန်များတွင် သူသည် ဝေ့ချန်းဖန်းကဲ့သို့ အဆင့်ရှိသည့် သူမျိုးကို မချိတ်ဆက်နိုင်ပေ။
သို့သော် အခုအခါ အခြေအနေများသည် ကွဲပြားသွားလေသည်။
ဓာတ်ပုံထဲမှ မိန်းကလေးအား ဝေ့လူကြီးမင်း၏ အိမ်တံခါးဝထိ ပို့ဆောင်ပေးနိုင်ပါက သူကံကြမ္မာပြောင်းလဲသွားပေမည်။
ထိုအတွေးကို တွေးပြီးနောက် သူ့စိတ်လှုပ်ရှားမှုကိုပင် မထိန်းနိုင်တော့ပေ။
.............
ဆုန်းကန်းသည် ဆယ်မိနစ်ကျော် စောင့်ခဲ့သော်လည်း သူဌေးကျိုးက မရောက်လာချေ။
ထိုအချိန်တွင် ယဲ့ဖန်နှင့် ချန်းရွှမ်တို့သည် ဆိုင်ထဲမှာ ပြန်ရန် ငွေရှင်းဖို့ ထလာသည်ကို တွေ့လိုက်ရသည်။
သူဌေးကျိုးသည် သူတို့ကို ထွက်သွားခွင့်မပေးရဘူးဟု ပြောထားသည်။
သူ့မှာ စဉ်းစားဖို့ အချိန်မရှိပေ။ ချက်ချင်းစားသောက်ဆိုင်ထဲသို့ ပြေးဝင်သွားပြီး ယဲ့ဖန်ဆီမှ ပိုက်ဆံတွေကို လုယူလိုက်သည်။
ယဲ့ဖန်သည် ချန်းရွှမ်၏ သွယ်လျသောလေးခါးကို ပွေ့ဖက်ကာ ငွေရှင်းပြီးနောက်တွင် ဟိုတယ်သို့ သွားရန် စီစဉ်ခဲ့သည်။
ထို 'စွမ်းရည်ရှိသော ကင်းထောက်'ဟုဆိုသည့်လူ ရုတ်တရက် ပြန်ပေါ်လာမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
" ခင်ဗျား ဘာလိုချင်တာလဲ "
ယဲ့ဖန်သည် ချန်းရွှမ်ကို အနောက်ပို့ပြီး အမြန်ကာကွယ်ကာ ဆုန်းကန်းကို စိုက်ကြည့်နေသည်။
စားသောက်ဆိုင်ထဲမှ လူတော်တော်များများကလည်း သူတို့နှစ်ယောက်ကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။
ဆုန်းကန်းက ပတ်ပတ်လည်ကို လှမ်းကြည့်ရင်း ပြုံးပြလိုက်သည်။
" ဒီလိုပါ .... ခုနက နည်းနည်း လန့်သွားတယ်ထင်တယ်။ အဲ့တာကြောင့် တောင်းပန်ချင်လို့ မင်းတို့နှစ်ယောက်အတွက် ငွေရှင်းပေးပါရစေ "
ထိုကဲ့သို့ပြောရင်း သူက ယဲ့ဖန်၏ ပိုက်ဆံကို ပြန်ပေးလိုက်သည်။
" မလိုပါဘူး "
ယဲ့ဖန်သည် သူ၏ကြင်နာမှုကို တန်ဖိုးထားခြင်းမရှိပေ။ ပိုက်ဆံကို ယူပြီးသည်နှင့် စားပွဲထိုးကို ပြန်ပေးလိုက်သည်။
ဆုန်းကန်းသည် စားပွဲထိုးဆီမှ ပိုက်ဆံတွေကို လုယူသွားခဲ့သည်။
" ငါ မင်းကို ကျွေးပါရစေ။ မဟုတ်ရင် ငါစိတ်မကောင်းဘူး "
သူက စကားပြောနေရင်း အပြင်ကို လှမ်းကြည့်သည်။
သူဌေးကျိုးက ဘာလို့ မရောက်လာသေးတာလဲ။
ယဲ့ဖန်သည် နှစ်ကြိမ်တိုင်တိုင် တားခံရ၍ ဒေါသထွက်နေပြီဖြစ်သည်။
ချန်းရွှမ်က သူ့ကို နောက်သို့ အမြန်ဆွဲလိုက်ပြီး ခေါင်းကို အနည်းငယ် ခါပြကာ ဒေါသမထွက်ရန် အချက်ပြလိုက်သည်။
ယဲ့ဖန်သည် သူ့နှလုံးသားထဲမှ ဒေါသတွေကို ခဏတာ ထိန်းထားနိုင်ခဲ့သည်။
" ကောင်းပြီ၊ ဒါဆို ခင်ဗျား ပေးချေလို့ရပြီ "
ဆုန်းကန်းသည် ပိုက်ဆံတွေကို သူ့ဆီပြန်ပေးပြီး သူ့လက်ကို အိတ်ကပ်ထဲ ဖြည်းဖြည်းချင်း ထည့်လိုက်သည်။
" ရှာကြည့်ရအောင်။ ငါ့ပိုက်ဆံကို ဘယ်မှာ ထားခဲ့တာပါလိမ့်။ ဒီအိတ်ကပ်ထဲမှာ ရှိပုံမပေါ်ဘူး။ ဒီဘက် ဘောင်းဘီအိတ်ကပ်ထဲမှာပဲရှိသင့်တာပါ ….... အိတ်ကပ်ထဲမှာလည်းမဟုတ်ဘူး။ ဒါဆို ..... "
နှစ်မိနစ်၊ သုံးမိနစ်လောက်ကြာပြီးတဲ့အထိ ထိုတစ်ယောက်က ပိုက်ဆံရှာမတွေ့သေးပေ။
ယဲ့ဖန်က စိတ်ကို မထိန်းနိုင်တော့ဘဲ သူ့ကော်လာကို ဆွဲကိုင်လိုက်သည်။
" ခင်ဗျား လာနောက်နေတာလား "
ဆုန်းကန်းက မြန်မြန်ပြောလိုက်သည်၊
" လူကြီးမင်း၊ စိတ်အေးအေးထားပြီး ငါ့ရဲ့ရှင်းပြတာကို နားထောင်ပေးပါ ....... "
ထိုအချိန်တွင် အနောက်မှ လူတစ်ယောက် အသံထွက်လာသည်။
" ရပ်လိုက် "
ဆုန်းကန်းသည် ထိုအသံကို ကြားလိုက်ရသောအခါ ချက်ချင်းပင် ဝမ်းသာသွားသည်။
သူဌေးကျိုး နောက်ဆုံးတော့ ဒီကိုရောက်လာပြီဖြစ်သည်။
ကျိုးကျောင်ပင်းသည် အပြေးအလွှား လျှောက်လာပြီး သူတို့ နှစ်ယောက်ကို ဆွဲခွာလိုက်သည်။
" လူကြီးမင်း၊ ကျွန်တော် တကယ်တောင်းပန်ပါတယ်။ သူ့ကိုယ်စား တောင်းပန်ပါတယ် "
သူက ယဲ့ဖန်နှင့် စကားပြောနေသော်လည်း သူ့မျက်လုံးတွေက ယဲ့ဖန်အနောက်မှ ချန်းရွှမ်ကို ကြည့်နေသည်။
သူမ၏ ကျက်သရေရှိသော မျက်နှာသွင်ပြင်နှင့် အေးစက်ပြီး မြင့်မြတ်သော ကိုယ်ရောင်ဝါကို မြင်လိုက်သောအခါတွင် သူ့ခေါင်းထိပ်တွင်ပင် အေးမြမှုကို ခံစားလိုက်ရသည်။
ဒီမိန်းကလေးက ဓာတ်ပုံထဲကထက် ပိုချစ်စရာကောင်းလေသည်။
အကောင်းဆုံးတွေထဲက အကောင်းဆုံးပဲ။
အပိုင်း ( ၆၀၇ )
တစ်သန်းတန် သင်္ကေတ
ယဲ့ဖန်သည် ရုတ်တရက် ပေါ်လာသည့် ထိုလူလတ်ပိုင်းအမျိုးသားကို မြင်လိုက်သည့်အခါ မျက်မှောင်ကြုတ်သည်။
" ခင်ဗျားက ဘယ်သူလဲ "
ကျိုးကျောင်ပင်းက ကတ်နှစ်ကတ်ကို အမြန်ထုတ်ယူပြီး သူတို့ကို ပေးလိုက်သည်။
" ကျွန်တော်က ရှင်းဟိုင်ကုမ္ပဏီက အထွေထွေမန်နေဂျာပါ။ ကျွန်တော့်နာမည်က ကျိုးကျောင်ပင်းပါ။ ဆုန်းကန်းရဲ့ ခေါင်းဆောင်အနေနဲ့ သူ့ရဲ့ ရိုင်းစိုင်းတဲ့အလုပ်လုပ်ပုံအတွက် မင်းတို့နှစ်ယောက်ကို တောင်းပန်ပါတယ် "
သူ့စကားတွေက အရမ်းရိုးသားပုံရလေသည်။ ထို့ကြောင့် ယဲ့ဖန်လည်း စိတ်ထဲမှ ဒေါသကို လျှော့ပေးလိုက်သည်။
" ကောင်းပြီ၊ ခင်ဗျားတောင်းပန်တာကို ကျွန်တော်တို့လက်ခံတယ်။ အခုထွက်သွားလို့ရပြီ "
သို့သော် ကျိုးကျောင်ပင်းသည် ထိုကဲ့သို့ ထွက်ခွာမသွားချင်သည်မှာ ထင်ရှားသည်။ သူက ခေါင်းကိုလှည့်ပြီး ချန်းရွှမ်ကို စိုက်ကြည့်နေသည်။
" ဒီကောင်မလေးက တကယ်ကို ဆွဲဆောင်မှုရှိတာပဲ "
" သူမက ကျွန်တော့်ဘဝမှာ မြင်ဖူးသမျှထဲ အထူးခြားဆုံးအလှလို့ ပြောရင် ချဲ့ကားတာတော့ မဟုတ်ဘူး။ ကျစ်၊ ကျစ်၊ ကျစ်၊ သူမက တကယ်ကို အံ့သြစရာကောင်းတာ "
ချန်းရွှမ်သည် သူ၏ ရဲတင်းသော ချီးမွမ်းသံကို ကြားလိုက်သောအခါ ချက်ချင်းပင် တုန်လှုပ်သွားသည်။ သူမက ယဲ့ဖန် ၏ လက်ကို ဆွဲလိုက်သည်။
" ရှောင်ဖန်၊ သွားကြစို့ "
ယဲ့ဖန် သဘောမတူခင်တွင် ကျိုးကျောင်ပင်းက သူတို့ကို ရုတ်တရက် တားလိုက်သည်။
" ခဏနေပါဦး "
ယဲ့ဖန်၏ အမူအရာသည် ချက်ချင်းပင် မည်းမှောင်သွားသည်။
" ဘာကိစ္စရှိသေးလို့လဲ "
ဝန်ထမ်းက သူတို့ကို တားပြီးတဲ့နောက် အခု သူဌေးက သူတို့ကို တားပြန်သည်။
ကျိုးကျောင်ပင်းက အမြန်ရှင်းပြသည်။
" လူကြီးမင်း၊ ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့။ ဒီမိန်းကလေးကို တွေ့ပြီး သဘောကျသွားလို့ပါ "
" သူမရဲ့ ရုပ်ရည်နဲ့ ကိုယ်ရောင်ဝါကြောင့် ဖျော်ဖြေရေးလောကထဲကို ဝင်ခဲ့မယ်ဆိုရင် သူမဟာ မျိုးဆက်တစ်ခုရဲ့ ထိပ်တန်းတစ်ယောက်ဖြစ်လာမှာ "
" ဒါက အနောက်တိုင်းက မယ်ရလင်မွန်ရိုးလ်တို့လိုပါပဲ ......... "
ယဲ့ဖန်က သူ့စကားအဆုံးသတ်အောင် မစောင့်ဘဲ ဖြတ်ပြောသည်။
" ခင်ဗျားတို့ကို ခဏခဏ ငြင်းပြီးပြီ။ ခင်ဗျားနဲ့ ရိုင်းရိုင်းစိုင်းစိုင်း မပြောချင်တော့ဘူး။ ဘေးဖယ် "
ကျိုးကျောင်ပင်းသည် ဘေးသို့မရွေ့ပေ။ အဲ့ဒီအစား သူက ယဲ့ဖန်ကို ခြေဆုံးခေါင်းဆုံးအကဲခတ်လိုက်သည်။
သာမာန်အဝတ်အစားကိုသာ ၀တ်ထားပြီး ဆံပင်တွေ ရှုပ်ပွနေသည်ကို မြင်လိုက်ရသည့်အခါ ယဲ့ဖန်က ဆင်းရဲသားတစ်ယောက် ဖြစ်မည်ဟု ကောက်ချက်ချလိုက်သည်။
သူက ဒီလိုလူမျိုးကို အရင်က မရေမတွက်နိုင်အောင် အကြိမ်ပေါင်းများစွာ ကြုံခဲ့ဖူးသည်။ တစ်ခုခုနှင့် ဖြားယောင်းလိုက်လျှင် တန်းရသွားမည်ဖြစ်သည်။
" မင်းကောင်မလေး ငါတို့ကုမ္ပဏီနဲ့ လက်မှတ်ထိုးရင် မင်း လက်မှတ်ထိုးကြေး ရလိမ့်မယ် "
" ပျမ်းမျှလူသစ်တစ်ယောက်အတွက် ယွမ်သောင်းဂဏန်းကနေ သိန်းဂဏန်းလောက်ထိရှိတယ် "
" ဒါပေမဲ့ ဒီမိန်းကလေးက ငါတို့ကုမ္ပဏီနဲ့ လက်မှတ်ထိုးဖို့ ဆန္ဒရှိတယ်ဆိုရင် လက်မှတ်ထိုးကြေးအဖြစ် ယွမ် ၁ သန်း ပေးဖို့ ဆန္ဒရှိတယ်။ ဘယ်လိုလဲ။ စဉ်းစားကြည့်ပါဦး "
ယွမ် ၁ သန်း ဟုသည့် ပမာဏက အတော်များလေသည်။
သို့သော် သူသည် ဝေ့ချန်းဖန်းနှင့် အောင်မြင်သော ဆက်ဆံရေးကို တည်ဆောက်နိုင်ဖို့ ဒီမိန်းကလေးကို အသုံးချလိုက်ပါက ဆယ်ဆ သို့မဟုတ် အဆတစ်ရာပင် ပြန်ရရှိနိုင်မည်ဖြစ်သည်။
ဒီလောက်က ဘာအရေးလဲ။
တစ်ဖက်က ငြင်းမှာမဟုတ်ဘူးလို့ သူယုံကြည်နေသည်။
ယွမ် ၁သန်းဆိုသည့် ပမာဏသည် သာမန်လူတစ်ယောက်အတွက် မိုးလောက်မြင့်သော ကိန်းဂဏန်းတစ်ခုဖြစ်သည်။
သို့သော် သူ အံ့အားသင့်သွားရသည်မှာ ယဲ့ဖန်မှာ မဲ့ပြုံးပြုံးလိုက်သောကြောင့်ဖြစ်သည်။
" ၁ သန်းလား "
ယဲ့ဖန် လက်ကောက်ဝတ်ကို မြှောက်လိုက်ပြီး နာရီကို ကြည့်လိုက်သည်။
" အခုစက္ကန့်ပိုင်းတင် အနည်းဆုံး ငါက တစ်သန်းလောက် ရနေပြီ။ ပြီးတော့ မင်းလိုကောင်က ငါ့ရဲ့အချိန်စက္ကန့်တွေကို ဖြုန်းတီးနေတာဆိုတော့။ မင်းငါ့ကို လျော်ကြေးပေးဖို့ တတ်နိုင်လား "
ဆုန်းကန်းသည် သူ့စကားကို ကြားသည့်အခါ ချက်ချင်း လှောင်ပြောင်ရယ်လိုက်သည်။
" မင်း သရုပ်ဆောင်တာ အရမ်းကြီးလွန်တယ်။ တစ်စက္ကန့်မှာ တစ်သန်း ဝင်ငွေရနိုင်လို့လား။ မင်းကိုယ်မင်း ယန်းချန်မှာ အချမ်းသာဆုံးလို့ ထင်နေတာလားဂ"
စားသောက်ဆိုင်တွင် စားသောက်နေကြသည့် လူတော်တော်များများကလည်း ရယ်မောကြသည်။
" ဒီတစ်ယောက်က ဟန်ဆောင်တာ ကောင်းလွန်းတယ်။ တစ်စက္ကန့်မှာ တစ်သန်း ဝင်ငွေရှိတာတဲ့လား "
" ဟားဟား၊ တစ်စက္ကန့်မှာ ယွမ်တစ်သန်းရနေရင် ဘာလို့ ဒီနေရာကို လာစားနေတာလဲ "
" ယွမ်တစ်သန်းဆိုတာ ဘာကိုဆိုလိုတာလဲ သိရောသိရဲ့လား။ ငကြွား "
သို့သော် လူအုပ်ထဲတွင် သိတတ်နားလည်သည့်သူများလည်း ရှိသည်။
သူတို့က ယဲ့ဖန် ဝတ်ထားသည့် နာရီကို စိုက်ကြည့်နေကြသည်။
" သူကြွားလုံးထုတ်တယ်လို့ မထင်ဘူး။ သူဝတ်ထားတဲ့ နာရီကို ကြည့်လိုက်။ Roger Dubius Excalibur Quintuor မဟုတ်ဘူးလား။ ဒီနာရီရဲ့ စျေးနှုန်းက အနည်းဆုံး ၁၀ သန်းကျော်တယ် "
" ဘာ ၁၀ သန်းကျော်တန်တဲ့ နာရီတစ်လုံးလား။ ဒါကြီးကတော့ ပိုသွားပြီ မဟုတ်လား "
" ဟုတ်တယ်၊ ဒီလောက်ဈေးကြီးတဲ့ နာရီကို ငါ တစ်ခါမှ မကြားဖူးဘူး။ Rolex တစ်လုံးတောင် ဒီလောက်ဈေးမကြီးဘူး ဟုတ်တယ်မလား "
" မင်းက နားမလည်ဘူးဘဲ။ ဒီ Excalibur Quintuor ကို Roger Dubuis က မတီထွင်ခင် ခုနစ်နှစ်ကြာ ပွတ်တိုက်ခဲ့ရတာ။ သေချာတာကတော့ နာရီတွေရဲ့ သရဖူဆောင်းထားတဲ့နာရီပဲ "
" ဟုတ်လို့လား။ အတုဖြစ်နေဦးမယ် "
" အတုလည်း ဖြစ်နိုင်တယ်။ သန်းဆယ်ချီတန်တဲ့ နာရီတစ်လုံးဆိုရင် ဘယ်သူက ဝတ်မှာလဲ။ အိမ်မှာ သိမ်းထားရမှာပေါ့ "
" မှန်တယ်။ အတုဝတ်နေတာဖြစ်နိုင်တယ် ...... "
ကျိုးကျောင်ပင်းသည်လည်း ပညာတတ်တစ်ယောက်ဖြစ်သည်။
ယဲ့ဖန် သူ့လက်ကောက်ဝတ်ကို မြှောက်လိုက်ကတည်းက နာရီကို သတိပြုမိခဲ့သည်။
သူသည် ယဲ့ဖန်နှင့် အလွန်နီးကပ်နေသောကြောင့် အသေအချာမြင်လိုက်ရသည်။
ထိုနာရီသည် သန်းဆယ်ဂဏန်းတန်သည့် နာရီအစစ်ဖြစ်သော Roger Dubius Excalibur Quatu ဆိုတာ သေချာသလောက်ဖြစ်သည်။
ထိုအချက်က သူ့ကို ချွေးအေးထွက်လာစေသည်။
သန်းဆယ်ဂဏန်းတန်တဲ့ နာရီတစ်လုံးကို ဝတ်နိုင်တဲ့သူက သူ့ရဲ့လက်မှတ်ထိုးကြေး ၁ သန်းကို ဘာလို့ ဂရုစိုက်ရမှာလဲ။
ရုပ်ရှင်ကုမ္ပဏီကြီးတစ်ခုရဲ့ သူဌေးတစ်ယောက်အနေနဲ့တောင် ဒီလိုစျေးကြီးသည့် နာရီကို ဝတ်ဖို့ မတတ်နိုင်ချေ။
ဤလူငယ်လေးသည် မိသားစုတစ်ခု၏ အိမ်ရှေ့မင်းသားဖြစ်နိုင်သည် မဟုတ်လား။
ထိုကဲ့သို့သောလူကို စော်ကားရန် သူ မတတ်နိုင်ပေ။
ထိုအကြောင်းကိုတွေးပြီး ချက်ချင်း ပြန်ဆုတ်သွားချင်သည်။
ထိုအချိန်တွင် ချန်းရွှမ်သည် သူမ၏ ဆံပင်ကို သပ်လိုက်ပြီး ယဲ့ဖန်ကို ပြုံးပြလိုက်သည်။
" တော်ပြီ၊ သူတို့နဲ့ အချိန်မဖြုန်းနဲ့တော့။ ငါတို့ထွက်သွားသင့်ပြီ "
ကျိုးကျောင်ပင်းသည် သူမ မျက်မှောင်ကြုတ်ပြီး ပြုံးလိုက်သည်ကို မြင်သောအခါ သူ့စိတ်ခန္ဓာတစ်ခုလုံး လှုပ်ရှားသွားသလို ခံစားလိုက်ရသည်။
ဒီနေ့တွင် ဒီအခွင့်အရေးကို လွဲချော်ခဲ့မည်ဆိုလျှင် ဒီလို တုနှိုင်းမဲ့သည့် အလှလေးကို ပြန်ရှာတွေ့ရန် လွယ်မည် မဟုတ်ချေ။ ဝေ့ချန်းဖန်းခြေသလုံးကိုသာ ဖက်တွယ်နိုင်လျှင် သူ ဘယ်သူ့ကိုမှ ကြောက်ရန် မလိုပြီဖြစ်သည်။
ထိုအချက်ကိုတွေးပြီးတဲ့နောက် သူ၏ ယိမ်းယိုင်နေသော ဆုံးဖြတ်ချက်တွေ ပြန်လည်ခိုင်မာလာသည်။
" ဘာပဲဖြစ်ဖြစ် ဒီနေ့ စာချုပ်ချုပ်ရမယ်။ မင်း လက်မှတ်မထိုးရင် ဒီတံခါးကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး "
ကျိုးကျောင်ပင်းသည် ထိုစကားကို ပြောပြီးသောအခါ သူတို့နှစ်ဦးရှေ့သို့ နောက်တစ်ကြိမ် ပိတ်ရပ်လိုက်သည်။
အပိုင်း ( ၆၀၈ )
မိန်းမကောင်းလေးအား ပြည့်တန်ဆာလုပ်စေခြင်း
ယဲ့ဖန်သည် ထိုလူမှ ဆက်နှောင့်ယှက်နေသေးသည်ကို မြင်လိုက်ရပြီး သူ့အမူအရာမှာ ချက်ချင်း မည်းမှောင်သွားသည်။
" ဘာလဲ။ နေ့ခင်းကြောင်တောင်မှာ ခင်ဗျားက မိန်းကလေးကောင်းတစ်ယောက်ကို ပြည့်တန်ဆာဖြစ်အောင် အတင်းအကြပ်လုပ်ဖို့ ကြံနေတာလား "
ကျိုးကျောင်ပင်းသည် အခုအချိန်တွင် ထွက်လမ်းမရှိပေ။
သူသည် ချက်ချင်းပင် အစွယ်ပြလိုက်သည်။
" ဟုတ်တယ်၊ မိန်းမကောင်းလေးကို ဒီနေ့ ပြည့်တန်ဆာဖြစ်အောင် လုပ်ခိုင်းမယ်။ ဒီနေ့ ငါ့ကုမ္ပဏီနဲ့ လက်မှတ်ထိုးရမယ်။ မဟုတ်ရင် ဒီနေရာကနေ ထွက်သွားဖို့ကို မေ့ထားလိုက် "
အစပိုင်းတွင် သူသည် ရုပ်ရှင်ကုမ္ပဏီရဲ့ သူဌေးအဖြစ် ပြုံးနေသေးသော်လည်း အခုတွင် သူ၏အသံနှင့် အမူအရာမှာ ပြင်းထန်လာခဲ့သည်။
မျက်နှာဖုံးခွာချလိုက်သည့်အရှိန်မှာ အံ့ဩစရာပင် ကောင်းလေသည်။
ထို့အပြင် သူ့ခန္ဓာကိုယ်ပေါ်ရှိ ပြင်းထန်သော ကိုယ်ရောင်ဝါသည်လည်း အလွန်ကြောက်စရာကောင်းနေသည်။ အတွေ့အကြုံမရှိသည့် လူငယ်အချို့ဆိုလျှင် သေလောက်အောင် ကြောက်လန့်သွားကြမည်မှာ သေချာသည်။
စားသောက်ဆိုင်ထဲမှ ဘယ်သူကမှ လာမတားရဲကြပေ။
သူဌေးကျိုးတွင် အစွမ်းထက်သည့် နောက်ခံရှိမည်ဟု သူတို့ပြောနိုင်တာဖြစ်၍ အရှုပ်အထွေးမှာ ဝင်မပါကြပေ။
ယဲ့ဖန်သည် ကျိုးကျောင်ပင်း၏ ရန်လိုမှုကို ကြုံရပြီးနောက် မထီမဲ့မြင် ပြုံးလိုက်သည်။
" မင်း ငါတို့ကို နေစေချင်ရင် မင်းမှာ အရည်အချင်း ရှိမရှိ ကြည့်ရမယ် "
ထို့နောက် သူက ချန်းရွှမ်၏လက်ကို ကိုင်ပြီး ထွက်သွားသည်။
ဆုန်းကန်းသည် သူ့သူဌေးရှေ့တွင် အရည်အချင်း ထုတ်ဖော်ပြသရန် အခွင့်ကောင်းရောက်လာပြီဟု သိလိုက်ရသောကြောင့် သူတို့နှစ်ဦးဆီသို့ ချက်ချင်း ပြေးသွားလိုက်သည်။
" မင်းထွက်သွားချင်ရင် ငါ့ကိုအရင်ကျော်သွားစမ်း ..... "
ထိုသို့ပြောကာ ယဲ့ဖန်ကိုတွန်းထုတ်ဖို့ လက်လှမ်းလိုက်သည်။
ဒီလိုအမှိုက်မျိုးကို ရင်ဆိုင်ရသည်က ယဲ့ဖန်အတွက် ပျင်းဖို့ကောင်းနေခဲ့သည်။
ဆုန်းကန်း၏ လက်သည် ယဲ့ဖန်ပုခုံးကိုထိလိုက်သည်နှင့် သူ့ကြွက်သားများက ချက်ချင်း အလိုလျောက် လှုပ်သွားသည်။
ဆုန်းကန်းသည် ချက်ချင်း နောက်ပြန်လွင့်သွားကာ တံခါးကို ထိမိပြီး နာကျင်စွာ ရှုံ့မဲ့သွားသည်။
ကျိုးကျောင်ပင်းသည် နောက်ဆုံးတွင် အကြောင်းပြချက်တစ်ခု ရှာတွေ့သွားခဲ့သည်။
သူက ယဲ့ဖန်ကို ဒေါသတကြီး လက်ညှိုးထိုးသည်။
" မင်း လူကို ရိုက်ရဲတယ်လား။ ဒီနေ့ မင်း ငါ့ကို ရှင်းမပြနိုင်ရင် ထွက်သွားဖို့ မစဉ်းစားနဲ့ "
ယဲ့ဖန်က သူ့ကို အေးစက်စွာ ကြည့်နေသည်။
" မင်းလည်း လာနှောင့်ယှက်ရင် မင်းကိုပါရိုက်မယ် "
ကျိုးကျောင်ပင်းသည် ချက်ချင်း ကြောက်လန့်သွားကာ ခြေတစ်လှမ်းဆုတ်လိုက်သည်။
ထိုအချိန်တွင် ဘေးမှ ကြည့်နေသူများသည် သူရဲကောင်းများအဖြစ် ဝင်ပါလာကြသည်။
" လူငယ်လေး၊ ဒါက မင်းအပြစ်ပဲ။ ဘာပဲဖြစ်ဖြစ် မင်းလူကိုတော့ မထိသင့်ဘူး "
" ဟုတ်တယ်၊ အဲ့လိုလုပ်ဖို့ လိုသလား။ လူငယ်တွေက စိတ်မြန်လွန်းတယ် "
" ဒီသူဌေးက မကောင်းကြံတာမျိုးတော့ မရှိဘူးထင်တယ်။ သူက မင်းရဲ့ရည်းစားကို နာမည်ကြီးသူဖြစ်အောင် လက်မှတ်ထိုးစေချင်တာ။ မင်းက နည်းနည်းလေး ကျေးဇူးကန်းနေတာ မဟုတ်ဘူးလား "
" အားလုံး အေးအေးဆေးဆေး ထိုင်ပြီး စကားပြောကြပေါ့။ ဘာလို့ ရိုက်ရမှာလဲ "
ယဲ့ဖန်သည် ဒီလူတွေ၏ ရွဲ့စောင်းတဲ့ စကားကို ကြားပြီး အေးစက်စွာ ကြည့်နေလိုက်သည်။
" သူက အခုတင် ကျုပ်နဲ့ ကျုပ်ကောင်မလေးကို နှောင့်ယှက်ပြီး အတင်း စာချုပ်ချုပ်ခိုင်းတယ်လေ။ အဲ့တုန်းက ဘာလို့ ထွက်လာပြီး ဘာမှမပြောတာလဲ။ ခင်ဗျားတို့အားလုံး မျက်စိကန်းနေတာလား "
" အခုမှ လူကောင်းတစ်ယောက်လို ဟန်ဆောင်မနေနဲ့ "
" အားလုံး ဖယ်ကြ။ မဟုတ်ရင် ခင်ဗျားတို့ကိုပါ ရိုက်ပစ်မယ် "
ထိုလူများသည် သူ၏ ကိုယ်ရောင်ဝါကြောင့် ကြောက်ရွံ့ပြီး တစ်ယောက်ပြီး တစ်ယောက် ဆုတ်ခွာသွားကြသည်။
" ငါတို့က သူ့ကို စိတ်ကောင်းစေတနာကောင်းနဲ့ နားချတာကို ငါတို့ကို ပြန်ခံပြောနေသေးတယ် "
" ဟုတ်တယ်၊ ဒီလူက သူ့အတွက် ဘာကောင်းလဲဆိုတာ မသိဘူး။ ငါတို့ အားလုံးက စေတနာနဲ့ ပြောနေတာကို "
" မိန်းကလေး၊ မင်း ဘာလို့ ဒီလိုရက်စက်တဲ့လူနောက်ကို လိုက်နေတာလဲ။ သူ့ကို မြန်မြန် ထားခဲ့ဖို့ အကြံပေးတယ် "
" ဒီသူဌေးကျိုးကိုကြည့်။ တစ်ချက်ကြည့်လိုက်တာနဲ့ သူက ပညာတတ်ပြီး သင့်တော်တယ်လို့ ပြောလို့ရတယ်။ သူက ဒီလိုမျိုး ရက်စက်မှာမဟုတ်ဘူးဆိုတာ သေချာတယ် "
အားလုံးက ယဲ့ဖန်ကို ဝေဖန်နေကြပြီး ကျိုးကျောင်ပင်းကလည်း ယဲ့ဖန်ကို ရက်စက်သည့် အမူအရာနှင့် စိုက်ကြည့်နေသည်။
" မင်းက ငါ့လူတွေကို ရိုက်ရဲတယ်လား။ မင်း ဒီနေ့ သေပြီ "
စကားပြောနေရင်းနှင့် ချက်ချင်းဆိုသလိုပဲ သူ့ဖုန်းကို ထုတ်ပြီး ဖုန်းခေါ်လိုက်သည်။
ဖုန်းချပြီးနောက်တွင် ယဲ့ဖန်နှင့် အခြားလူများကို လှည့်ကြည့်လိုက်သည်။
" ချောင်ရှင်းဂိုဏ်းက ငါ့မိတ်ဆွေတွေကို ခေါ်ထားပြီးပြီ။ သူတို့က မကြာခင် ရောက်လာလိမ့်မယ်။ မင်းသေဖို့ စောင့်နိုင်လိုက် "
'ချောင်ရှင်းဂိုဏ်း'ဟူသော စကားကို လူတိုင်းက ကြားသောအခါ ကြောက်ရွံ့စွာဖြင့် ကိုယ့်နေရာသို့ ချက်ချင်း ပြန်သွားကြသည်။
သူတို့သည် ယဲ့ဖန်ကို ရိုင်းစိုင်းလွန်းသည်ဟု စွပ်စွဲခဲ့သည်။
ယခု သူတို့သည် အမှန်တကယ် 'ရိုင်းစိုင်းသူ' နှင့် တွေ့ရမည်ဖြစ်သောအခါ ကြောက်လန့်တကြားဖြင့် ချက်ချင်း ထွက်ပြေးသွားကြသည်။
ထိုအချိန်တွင် ချန်းရွှမ်လည်း ထိတ်လန့်သွားပြီး ယဲ့ဖန်၏လက်ကို အမြန်ဆွဲလိုက်သည်။
" ရှောင်ဖန်၊ ငါတို့ ဒီချောင်ရှင်းဂိုဏ်းနဲ့ ပြဿနာမဖြစ်ပါနဲ့။ မြန်မြန်ထွက်သွားရအောင် "
သူမသည် ယန်းချန်တွင် လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက စီးပွားရေးကိစ္စများ ဆွေးနွေးရင်းနှင့် ချောင်ရှင်းဂိုဏ်းအမည်ကို တစ်ကြိမ်ထက်မနည်း ကြားခဲ့ဖူးသည်။
အားလုံးက ထိုနာမည်ကို ပြောကြသည့်အခါ ကြောက်ရွံ့နေကြသည်။
ထိုလူတွေသည် အလွန်ရက်စက်သည့် လူတစ်စုဖြစ်ကြောင်း သူမ သိသည့်အတွက် ပြဿနာ မဖြစ်စေချင်ပေ။
ယဲ့ဖန်က ပြန်မပြောခင် ကျိုးကျောင်ပင်းက လှောင်ပြောင်သည်။
" ထွက်သွားမှာလား။ ဒီလောက် လွယ်မယ်ထင်လား။ ဒီနေ့ ငါတို့ကုမ္ပဏီနဲ့ လက်မှတ်မထိုးရင် ထွက်သွားဖို့တောင် မစဉ်းစားနဲ့ "
ချန်းရွှမ်က သူ့ကို ဒေါသတကြီး ကြည့်နေသည်။
" ရှင်တို့တွေက အတော်လွန်လွန်းတယ်။ ကျွန်မ ရှင်တို့ကို ငြင်းပယ်ပြီးပြီပဲ။ ဘာလို့ အတင်းအကြပ် လုပ်နေသေးတာလဲ "
ထိုအချိန်တွင် အခြေအနေတစ်ခုလုံး ကွဲထွက်သွားပြီး ကျိုးကျောင်ပင်း သည် ဟန်ဆောင်ရန် ပျင်းလွန်းလှသည်။
" ငါ ဒီနေ့ မင်းကို အတင်းတွန်းအားမယ်။ မင်း စာချုပ်ချုပ်ပြီး မင်းကို ကြယ်ပွင့်ကြီးဖြစ်အောင် လုပ်ပေးမယ် "
" ဒါမှမဟုတ်ရင် ချောင်ရှင်းဂိုဏ်းကလူတွေရောက်လာရင်တေ့ ငါနဲ့စကားပြောရတာ လွယ်မှာမဟုတ်ဘူး "
ချန်းရွှမ်သည် စီးပွားရေးလောကတွင် အချိန်အတော်ကြာနေခဲ့သော်လည်း သူမသည် စီးပွားရေးသမားများနှင့်သာ ဆက်ဆံပြောဆိုခဲ့ရသည်။
နောက်ကွယ်တွင် ညစ်ပတ်သည့်ကစားနည်းများဖြင့် ကစားကြရင်ပင် အနည်းဆုံး စီးပွားရေးသမားတစ်ယောက်၏ စည်းကမ်းအချို့ကို လိုက်နာရသည်။
သို့သော် အတင်းခေါင်းမာပြီး ခြိမ်းခြောက်နေသည့် ဤကဲ့သို့လူမျိုးနှင့် ရင်ဆိုင်ရသောအခါ သူမသည် အမှန်တကယ်ပင် အကူအညီမဲ့နေခဲ့သည်။
လင်းယွမ်အိမ်ခြံမြေ၏ CEOအနေဖြင့် သူမသည် မည်သည့်ရုပ်ရှင်ကုမ္ပဏီနှင့်မျှ လက်မှတ်ထိုးနိုင်မည် မဟုတ်ချေ။
သို့သော် သူမ လက်မှတ်မထိုးလျှင် တစ်ဖက်က သူမကို လွယ်လွယ်နှင့် လွှတ်ပေးမည် မဟုတ်ပေ။
ထိုအချက်က ချက်ချင်း သူမကို အကျပ်ရိုက်စေသည်။
ထိုအချိန်တွင် ယဲ့ဖန်မှ ရုတ်တရက် လက်ကိုဆွဲပြီး သူမ၏လက်လေးကို ဆုပ်ကိုင်လိုက်သည်။
" စိတ်မပူပါနဲ့ ကိုယ်ရှိတယ် "
ချန်းရွှမ်သည် သူ၏ ငြိမ်သက်သော အကြည့်ကို တွေ့ပြီး သူမ၏ နှလုံးသားသည်လည်း အကြောင်းပြချက်မရှိဘဲ ငြိမ်သက်သွားရသည်။
အကျပ်အတည်းကြုံတိုင်း ယဲ့ဖန်သည် သူမရှေ့တွင် မားမားမတ်မတ်ရပ်ပြီး အရာအားလုံးဆီမှ အကာအကွယ်ပေးကာ သူမရှေ့တွင် ရပ်ပေးလေ့ရှိသည်။
ယဲ့ဖန်သည် ကမ္ဘာပေါ်တွင် မည်သည့်အရာကမျှ သူ့ကို မတားဆီးနိုင်သကဲ့သို့ စွမ်းအားအကြီးမားဆုံး လူသားနှင့် တူလေသည်။
ထိုအခါ သူမက စိတ်ချလက်ချနေရန်သာရှိသည်။ အန္တရာယ်တိုင်းကို ယဲ့ဖန်မှ ကျော်လွှားပေးမည်ဖြစ်သောကြောင့် ဒီတစ်ခါလည်း စိုးရိမ်စရာ မလိုတော့ချေ။
ယဲ့ဖန်သည် ချန်းရွှမ်၏ လက်လေးကို ကိုင်လိုက်ပြီး ကျိုးကျောင်ပင်းဘက်ကို လှည့်ကြည့်လိုက်သည်။
" မင်းက ချောင်ရှင်းဂိုဏ်းကလား။ တိုက်ဆိုင်လိုက်တာ ငါလည်း သူဌေးကောင်းနဲ့ ရှင်းစရာအကြွေးရှိနေတော့ ဒီနေ့ပဲ ရှင်းလိုက်မယ် "