← Chapters

အပိုင်း ၆၀၉-၆၁၂

Vol. 31 Ch. 609-612

အပိုင်း ၆၀၉-၆၁၂

Vol. 31 Ch. 609-612

အပိုင်း ( ၆၀၉ )

ဓားကောင်းပဲ၊ ဘယ်မှာဝယ်ခဲ့တာလဲ။

ကျိုးကျောင်ပင်းသည် ယဲ့ဖန်၏ စကားကို ကြားသောအခါ သူသည် ဟာသတစ်ခုအား ကြားလိုက်ရသကဲ့သို့ ချက်ချင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။

" မင်း ဘာပြောလိုက်တာလဲ။ မင်းက ကောင်းသူဌေးနဲ့ စာရင်းရှင်းချင်သေးတာလား။ ဟားဟားဟား၊ ရယ်လိုက်ရတာ။ မင်းကိုယ်မင်း ဘယ်သူလို့ထင်လဲ "

ကျိုးကျောင်ပင်းတင်မကဘဲ ထိုနေရာတွင် ရှိကြသည့်သူများကလည်း လှောင်ရယ်ကြသည်။

" ဒီကောင်လေးက တကယ်ကို အကြွားသန်တာပဲ "

" ဒီကလေးက အရူးတစ်ယောက်ဆိုတာ အခုမှ သိလိုက်ရတယ် "

" ဒီကလေးက အသက်ရှင်ရတာ ပင်ပန်းနေပြီထင်တယ် "

" မင်း သူ့စကားကို တကယ်ယုံလား။ သူက သူဌေးကျိုးကို လှည့်ဖြားဖို့ ပြောနေတာ ဖြစ်မှာပေါ့ "

" ဒီကလေးရဲ့စကားတစ်ခွန်းကိုမှ ငါမယုံဘူး"

လူတိုင်းသည် ယဲ့ဖန်၏ စကားကို အလွန်သံသယဖြစ်နေကြသည်။

အသက်ရှင်ရတာ ငြီးငွေ့နေလို့ သေတွင်းရှာချင်နေပုံပဲ။

သူလား သူဌေးကောင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရဲမှာ။

သူတို့၏ မျက်လုံးများတွင် ယဲ့ဖန်သည် စိတ်မနှံ့သော အရူးတစ်ယောက်သာဖြစ်သည်။

သာမန်လူတစ်ယောက်ဆီက ဒီလိုစကားမျိုး ဘယ်လိုလုပ် ပြောထွက်နိုင်မှာလဲ။

ယဲ့ဖန်က ရှင်းပြမနေချေ။

ထွက်ပြေးရန်လည်း ရည်ရွယ်ချက်မရှိပေ။

သူသည် ချန်းရွှမ်ကို ထိုင်ခုံပေါ်တွင် ဆွဲထိုင်စေပြီး ဟာသလုပ်နေတော့သည်။

သူတို့နှစ်ယောက်၏ ရံဖန်ရံခါ ရယ်မောသံမှလွဲ၍ စားသောက်ဆိုင်တစ်ခုလုံး တိတ်ဆိတ်နေသည်။

ကျိုးကျောင်ပင်းသည် ယဲ့ဖန်၏ မကြောက်မရွံ့ အသွင်အပြင်ကို ကြည့်ကာ စိတ်ထဲတွင် လှောင်ရယ်နေတော့သည်။

မင်းကို ခဏလောက် မာနကြီးခွင့် ပေးထားလိုက်မယ်။

ပြီးရင် မင်း မငိုမချင်း မင်းကို ငိုအောင် လုပ်ပြမယ်။

ကျိုးကျောင်ပင်း အကြာကြီး စောင့်စရာမလိုလိုက်ချေ။

မကြာမီတွင် မြောက်ကြွကြွဖြင့် လူအုပ်ကြီးတစ်စုသည် လက်ထဲတွင် တုတ်များ ဓားများ ကိုင်ဆောင်ကာ လမ်းတစ်ဖက်ခြမ်းမှ လမ်းလျှောက်လာသည်ကို သူတို့ တွေ့လိုက်ရသည်။

လမ်းမပေါ်ရှိ လမ်းသွားလမ်းလာများသည် ဘေးအန္တရာယ်ကို ကြောက်လန့်ကာ ရှောင်သူက ရှောင်ဖြင့် အဝေးကသာ ကြည့်နေကြသည်။

ကျိုးကျောင်ပင်းသည် ရှေ့သို့ ပြေးသွားပြီး ဆိုင်တံခါးကို တွန်းဖွင့်လိုက်သည်။

" အစ်ကိုဟူ၊ ညီလေး ဒီမှာ "

ထိုလူအုပ်သည် ကျိုးကျောင်ပင်းကိုတွေ့ပြီး ဆိုင်ထဲကို ချက်ချင်း ဝင်သွားသည်။

ခေါင်းဆောင်သည် ကြမ်းတမ်းသော အသွင်အပြင်ရှိသူဖြစ်သည်။

ထိုအမျိုးသားသည် အရပ် ၆ ပေ ၅ လက်မနီးပါးရှိသည်။ ထိုနေရာတွင် ရပ်နေရုံဖြင့် လူများစွာကို ခြိမ်းခြောက်ရန် လုံလောက်လေသည်။

စားသောက်ဆိုင်ထဲရှိ လူတော်တော်များများသည် သူ့ကို မှတ်မိနေကြပြီဖြစ်သည်။

ထိုလူကို ' အစ်ကိုဟူ 'ဟု သိကြသည်။

ထိုလူသည် အမြဲတမ်း နာမည်ဆိုးရှိခဲ့သည်။

သို့သော် တစ်ခါက လူတစ်ယောက်ကိုရိုက်ရင်း အရိုက်ခံရသူမှာ ဆေးရုံမပို့နိုင်ခင်မှာတင် သေတဲ့အထိ သွေးထွက်လွန်သွားသည်။

ထို့ကြောင့် အစ်ကိုဟူသည် အဖမ်းခံရပြီး ရည်ရွယ်ချက်ရှိရှိ လူသတ်မှုဖြင့် စွဲချက်တင်ခံရသည်။

သို့သော် ကောင်းသူဌေးသည် ထိုလူသတ်မှုကို ရန်ပွဲအဖြစ်သို့ တစ်နည်းနည်းဖြင့် ပြောင်းလဲနိုင်ခဲ့ပြီး တစ်လခွဲအကြာတွင် သူ့ကို အချုပ်ထဲမှ ပြန်လွှတ်ပေးခဲ့သည်။

ဤအစ်ကိုဟူဆိုသူသည် တိုက်ပွဲများစွာ နာမည်ကြီးလာခဲ့သည်။

ထို့ကြောင့် ထိုလူရောက်လာသည်ကို မြင်လိုက်ရသောအခါ လူတိုင်းမှ ကျယ်လောင်စွာပင် အသက်မရှုရဲကြတော့ပေ။

ကျိုးကျောင်ပင်းသည် သူ့ဆီသို့ ချက်ချင်းလျှောက်သွားပြီး သူ့အား မျက်နှာသာပေးလိုက်သည်။

" အစ်ကိုဟူ၊ နောက်ဆုံးတော့ ဒီကိုရောက်လာပြီ။ ညီလေး အနိုင်ကျင့်ခံရတယ်။ သူ့ကို မှတ်သွားအောင် ကျွန်တော့်ကို ကူညီရမယ် "

ကျိုးကျောင်ပင်း၏ အသက်အရွယ်သည် အစ်ကိုဟူဆိုသူထက် အသက်ပိုကြီးနေမှန်းသိသာနေသော်လည်း သူ့ကိုယ်သူ 'ညီလေး'ဟု သုံးပြောပြီး မျက်နှာသာလုပ်နေသည်က ရွံရှာစရာကောင်းလေသည်။

အစ်ကိုဟူသည် သူ့အား ဂရုမစိုက်ဘဲ စိုက်ကြည့်နေသည်။

" ပြဿနာမရှိပါဘူး။ မင်း ဈေးမှန်မှနိ ပေးသရွေ့ မင်းကို စော်ကားရင် ကောင်းကင်ဘုံရဲ့ ဘုရားသခင်ကိုတောင် ငါးပိဖြစ်အောင် ငါတို့က ကူညီပေးမယ် "

သူ့ရှေ့တွင် ကျိုးကျောင်ပင်းသည် ခွေးတစ်ကောင်လိုဖြစ်နေသည်။

" အစ်ကိုဟူ၊ စိတ်မပူပါနဲ့။ ဒါပြီးရင် အကောင့်ထဲကို ၁ သန်း ချက်ချင်း လွှဲပေးမယ် "

" ပြီးတော့ ညီလေးတို့ကုမ္ပဏီမှာ မကြာသေးခင်ကမှ နာမည်ကြီးလာတဲ့ ရှောင်ရင်းလေးက KTV မှာ အစ်ကိုဟူကို အဝေးကနေ မြင်လိုက်ရတာတောင် အစ်ကိုဟူရဲ့ ကိုယ်ရောင်ဝါနဲ့တင် ညှို့ယူခံလိုက်ရတယ်လို့ မနေ့က ပြောတယ်။ သူမက ဒီည အစ်ကိုဟူနဲ့ ထမင်းအတူစားချင်တယ်တဲ့ ...... "

အစ်ကိုဟူသည် ချက်ချင်း ရွှင်မြူးသွားပြီး သူ့မျက်နှာကို နှစ်ချက် ပုတ်လိုက်သည်။

" သူဌေးကျိုး၊ စိတ်မပူပါနဲ့ ဒီကလေးကို မင်းရှေ့မှာ ဒူးထောက်ပြီး ဒီနေ့ပဲ မင်းကို အဘိုးလို့ခေါ်ရမှာ သေချာတယ် "

သူက ပြောသည့်အတိုင်း အေးစက်စွာဖြင့် လှည့်ပတ်ကြည့်လိုက်သည်။

" ငါ့ညီကို ဘယ်မျက်ကန်းက ပမာမခန့်လုပ်ရဲတာလဲ။ မင်း ယောက်ျားဆိုရင် ထွက်လာခဲ့စမ်း "

စားသောက်ဆိုင်ထဲရှိ လူတိုင်းသည် သူ့အကြည့်များကို မြင်လိုက်ကြပြီး တုန်လှုပ်ခြောက်ခြားသွားကြသည်။

သူတို့အားလုံးသည် အစ်ကိုဟူကို လမ်းပြနေသကဲ့သို့ ယဲ့ဖန်ကို ကြည့်နေကြသည်။

ယဲ့ဖန်သည် သူတို့ကို နောက်ကျောပေးထားသောကြောင့် ဖြစ်နေသည်များကို သတိမထားမိဘဲ ချန်းရွှမ်၏ ပါးစပ်ထဲသို့ ပန်းသီးတစ်စိတ်ကို သွားကြားထိုးတံဖြင့် ထိုးကျွေးနေခဲ့သည်။

ကျိုးကျောင်ပင်းသည် ချက်ချင်း မောက်မာစွာ ရယ်မောလိုက်သည်။

" ခွေးသားလေး၊ မင်း အခု ကြောက်နေပြီလား။ မင်း ခုနက မာနကြီးနေတာပဲ မဟုတ်ဘူးလား။ သူဌေးကောင်းနဲ့ စာရင်းရှင်းမယ်လို့တောင် ပြောသေးတယ်လေ "

" အခု အစ်ကိုဟူက ဒီမှာရောက်နေပြီ။ မင်းဘာလို့ သေချင်ယောင်ဆောင်နေတာလဲ "

အစ်ကိုဟူသည် ထိုစကားကို ကြားသောအခါ သူ့မျက်နှာတွင် လူသတ်လိုသည့် အကြည့်တစ်ခု ပေါ်လာသည်။

" မင်း ဘာပြောလိုက်တာလဲ။ မင်းက ငါတို့ရဲ့ သူဌေးကောင်းနဲ့ စာရင်းရှင်းချင်နေတာလား "

ကျိုးကျောင်ပင်းမှ အမြန် ရှင်းပြသည်။

" ဒီကလေးက အဲ့လိုပြောတာ။ သူဌေးကောင်းနဲ့ ဖြေရှင်းဖို့ သူ့မှာ အကြွေးရှိသေးတယ်တဲ့ "

အစ်ကိုဟူသည် ဒေါသတကြီး ရယ်မောလိုက်သည်။

" ဟားဟား မင်းက ငါတို့သူဌေးနဲ့ ရှင်းချင်သေးတာလား။ ဒီလို မာနကြီးတဲ့ကောင်ကို ငါ တစ်ခါမှ မတွေ့ဖူးဘူး။ ကောင်းပြီ၊ ဒါဆို မင်း အဘိုးက အရင် ဒီနေ့ မင်းနဲ့ ရှင်းပေးရလိမ့်မယ် "

ထိုသို့ပြောရင်း သူသည် ယဲ့ဖန်၏ စားပွဲဆီသို့ ချက်ချင်း လျှောက်သွားပြီး သူ့လက်ထဲမှ ဓားဖြင့် ပြင်းပြင်းထန်ထန် ရိုက်ချလိုက်လေသည်။

ဓားသည် စားပွဲပေါ်သို့ ချက်ချင်း ဖြတ်ဝင်သွားကာ ရှိနေသူအားလုံးကို တုန်လှုပ်သွားစေသည်။

သူတို့သည် ယဲ့ဖန်ကို သနားခြင်း၊ စိုးရိမ်ခြင်းနှင့် ကျေနပ်ခြင်းတို့ဖြင့် ကြည့်နေကြသည်။

ဒီကလေး မာနကြီးရဲသေးလား။ အခုဆို သူ့ဘောင်းဘီထဲ သေးထွက်နေလောက်ပြီ။

ထိုအချိန်တွင် ယဲ့ဖန် သည် သူ့ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်သည်။ သူ့မျက်နှာတွင် အပြုံးမပျက်ချေ။

" ဓားကောင်းပဲ။ ဘယ်မှာ ဝယ်ခဲ့တာလဲ "

အစ်ကိုဟူသည် မျက်နှာရှိ မာနကြီးသောအမူအရာဖြင့် ယဲ့ဖန်ကို မြင်လိုက်သောအခါ သူ၏အမူအရာမှာ အေးခဲသွားသည်။

" မင်းက .......ဘာလို့ "

သူသည် ပြောနေရင်းဖြင့် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသလို နောက်သို့ ဆုတ်သွားသည်။

ကျိုးကျောင်ပင်းနှင့် အခြားဖောက်သည်များအားလုံးသည်လည်း ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားကြသည်။

ဒါက ဘယ်လိုအခြေအနေကြီးလဲ။

အပိုင်း ( ၆၁၀ )

လှည့်သွားသည့် သေနတ်ပြောင်း

အစ်ကိုဟူသည် ကြောက်လန့်သွားသည်။

ကျိုးထယ်ကျွန်းနှင့် သူသည် အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိသည်။

မနေ့က ကျိုးထယ်ကျွန်းသည် သူ့ဆီမှ လူလာခေါ်ပြီး ရှေးဟောင်းပစ္စည်းဆိုင်တွင် မသိတဲ့ကလေးတစ်ယောက်ကို ရိုက်ဖို့ဟု ပြောလေသည်။

ထိုအချိန်တွင် သူလည်း ဘာမှမပြောဘဲ လူဆယ်ယောက်ကျော်ကို ထည့်ပေးလိုက်သည်။

အစ်ကိုဟူ - " မင်းနဲ့ လိုက်ပေးဖို့ လိုသေးလား "

ကျိုးထယ်ကျွန်းသည် သူ့မျက်နှာပေါ်တွင် ယုံကြည်မှုအပြည့်ရှိနေသည်။

" မလိုပါဘူး။ သူက တခြားမြို့က လူမိုက်ကလေးတစ်ယောက်ပဲ။ လူတွေအများကြီး ခေါ်ဖို့ထိ မလိုပါဘူး။ ဒီလူတွေနဲ့ပဲ သူ့ကို သွေးထွက်ကျတဲ့အထိ လုပ်နိုင်တယ် "

ထို့နောက် ကျိုးထယ်ကျွန်းမှ လူများကို ခေါ်ဆောင်သွားခဲ့သည်။

ထိုအချိန်တွင် အစ်ကိုဟူသည် ထိုကိစ္စကို ဂရုမစိုက်ဘဲ အသေးအဖွဲ့ဟုသာ ထင်ခဲ့သည်။

သို့သော် သိပ်မကြာခင်တွင် ကျိုးထယ်ကျွန်းနှင့် သူ့အဖွဲ့ဟာ အရိုက်နှက်ခံရကြောင်း တစ်စုံတစ်ယောက်မှ လာအကြောင်းကြားသည်။

သူ အပြေးသွားကြည့်သောအခါ ကျိုးထယ်ကျွန်းနှင့် သူ့အုပ်စုသည် မြေကြီးပေါ်တွင် အလူးအလဲဖြစ်နေသည်ကို တွေ့လိုက်ရသည်။

လူတိုင်းက ခြေလက်တွေ ကျိုးပြီး နာကျင်စွာ ငိုကြွေးနေကြသည်။

သွေးထွက်သံယို မြင်ကွင်းများစွာကို ကြုံတွေ့ခဲ့ရသော်လည်း ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဗိုက်အောင့်ကာ အော့အန်ချင်မိသွားသည်။

နောက်ပိုင်းတွင် သူ့လူများကို လူတစ်ဦးတည်းက ရိုက်နှက်သွားကြောင်း သူသိရှိခဲ့ရပြီး ထိုလူ၏အမည်မှာ ယဲ့ဖန်ဖြစ်လေသည်။

သူသည် ယဲ့ဖန်၏ အချက်အလက်ကို အထူးစစ်ဆေးထားတာကြောင့် သူ၏ မျက်နှာအသွင်အပြင်ကို မှတ်မိနေသည်။

နောက်ပိုင်းတွင် ကျိုးထယ်ကျွန်းကို ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

သိပ်မကြာမီတွင် ကျိုးထယ်ကျွန်း သေဆုံးသွားပြီဟူသည့် သတင်းဆိုးတစ်ခု ထွက်ပေါ်လာသည်။

ဒီမနက်တွင် ကျိုးထယ်ကျွန်းကို သတ်ခဲ့သည့်သူဖြစ်သော ယဲ့ဖန် အဖမ်းခံရကြောင်း သတင်းရရှိခဲ့သည်။

ထို့ကြောင့် ထိုကိစ္စ ပြီးသွားပြီဟု သူထင်ခဲ့သည်။

သို့သော် ဤနတ်ဆိုးကောင်ကြီးကို ဤနေရာတွင် တွေ့ရမည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ထားပေ။

ယဲ့ဖန်ကို ဖမ်းထားတာ မဟုတ်ဘူးလား။

သူ ဘာလို့ ဒီလောက်မြန်မြန် ပြန်လွတ်လာတာလဲ။

မိန်းမတစ်ယောက်နဲ့ အတူတူစားသောက်နေတာ ဘာမှမဖြစ်တဲ့အတိုင်းပဲ။

ချက်ချင်း သူ့စိတ်ထဲတွင် မေးခွန်းများစွာ ထွက်ပေါ်လာသည်။

သူသည် ခေါင်းဆောင်အငယ်တစ်ဦးမျှသာဖြစ်သောကြောင့် ဤအရာများ၏ နောက်ကွယ်တွင်မှ အတွင်းကိစ္စများကို မသိချေ။

ယဲ့ဖန် အမြန်ထွက်လာနိုင်သည့် အကြောင်းရင်းက ယဲ့ဖန်၏ ထူးခြားသော စွမ်းရည်ရှိသည့် အားကောင်းနက်နဲသောနောက်ခံကြောင့်ဟုသာ သူ ထင်လိုက်သည်။

ဒီလိုလူတစ်ယောက်ကို ပြဿနာရှာပြီးရင် သူ လုံခြုံနိုင်ပါ့မလား။

ဒီကောင်လေးသည် သူဌေးကောင်းကဲ့သို့ သန်မာသူ ဖြစ်နိုင်သည်။

ထိုကောင်လေးမှ သူဌေးကောင်းနှင့် ရှင်းချင်တယ်ဆိုရင်ပင် ရှင်းနိုင်ပေမည်

ဘေးမှာရပ်နေသည့် ကျိုးကျောင်ပင်းသည် အစ်ကိုဟူ အကြာကြီးမလှုပ်ဘဲ ရပ်နေတာကို တွေ့လိုက်ရသည်။

ထိုအခါ ချက်ချင်း ဘေးကပ်ပြောလေသည်။

" အစ်ကိုဟူ၊ ဒီကလေးက ကောင်းသူဌေးကိုပါ မလေးစားဘူး။ မြန်မြန်လုပ်၊ ညီအစ်ကိုတွေ မြန်မြန်ပညာပေးလိုက် "

အစ်ကိုဟူက သူ့ကို လှည့်ကြည့်လိုက်သည်။

" ဒါ မင်းဖုန်းထဲကပြောတဲ့ လူငယ်ပဲလား "

ကျိုးကျောင်ပင်း နားမလည်သော်လည်း ချက်ချင်း ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ်၊ ဒီကောင်ပဲ။ အစ်ကိုဟူ၊ လက်စားချေဖို့ ကူညီပေးရမယ်။ စိတ်မပူပါနဲ့၊ သေချာပေါက် အကျိုးရှိမှာပါ ..... "

သူ့စကား မပြီးသေးသော်လည်း အစ်ကိုဟူက သူ့ဗိုက်ကို ကန်ထည့်လိုက်သောကြောင့် ကျိုးကျောင်ပင်း ချက်ချင်း ကွေးကောက်သွားရသည်။

" အစ်ကိုဟူ ...… ဘာလို့ ရိုက်တာလဲ။ ဒီကလေးကို ....... "

သူ့စကားမဆုံးခင်တွင် ညီအစ်ကိုဟူက သူ့ကို ထပ်ရိုက်လိုက်သည်။ ဒီတစ်ခါတွင်တော့ သူက ပါးကို ရိုက်လိုက်တာဖြစ်သည်။

ကျိုးကျောင်ပင်း၏ ပါးစပ်သည် ချက်ချင်း သွေးများဖြင့် ပြည့်သွားပြီး ကြည့်ရသည်မှာ အလွန်ကြောက်စရာကောင်းသည်။

" ခွေးသား၊ မင်း ငါတို့ အစ်ကိုလေးယဲ့ဖန်ကို ဘယ်လိုတောင် စော်ကားရဲရတာလဲ။ ညီအစ်ကိုတို့၊ သူ့ကို တစ်ချက်စီ ထိုးကြစမ်း ..... "

အစ်ကိုဟူ လက်အောက်ငယ်သားများအား အော်ဟစ်ကာ ထိုးခိုင်းလိုက်သည်။

သူ၏ လက်အောက်ငယ်သားများသည် သူတို့ ဘာကြောင့် သေနတ်ပြောင်းဝကို ရုတ်တရက် ပြောင်းလိုက်မှန်း မသိသော်လည်း အစ်ကိုဟူ ပြောသည့်စကားကို နာခံကြရသည်။

လူတစ်စုက ချက်ချင်း ရှေ့ကို ပြေးလာပြီး ကျိုးကျောင်ပင်းကို လက်သီးနဲ့ ထိုးကြလေသည်။

စားသောက်ဆိုင်ထဲရှိ လူတိုင်းမှာ ကြောက်လန့်တကြား ဖြစ်နေကြသည်။

ဘာတွေဖြစ်နေတာလဲ။

ဒီကလေးကို မရိုက်တော့ဘူးလား။

သူတို့က ဘာလို့ ကျိုးသူဌေးကို ရုတ်တရက်ကြီး ပြောင်းတိုက်ကြတာလဲ။

ချန်းရွှမ်ပင် အံ့အားသင့်သွားသည်။

အစ်ကိုဟူနှင့် သူ၏ဂိုဏ်းသားများသည် လူသတ်မည့်အသွင်ဖြင့် ဝင်လာသောအခါ သူမ အလွန်စိုးရိမ်နေခဲ့သည်။

သူတို့သာ တကယ်တိုက်ခိုက်ကြလျှင် ယဲ့ဖန်အား သူမ ကာကွယ်ပေးပြီး ထွက်ပြေးခိုင်းမည်ဟု စိတ်ထဲတွင် တွေးနေခဲ့သည်။

သို့သော် အစ်ကိုဟူသည် ယဲ့ဖန်အား တစ္ဆေမြင်သကဲ့သို့ ကြည့်ပြီးနောက် သတိပေးခြင်းမရှိဘဲ ကျိုးသူဌေးကို စတင်ရိုက်နှက်တော့သည်။

သူမ၏ IQသည် အလွန်မြင့်မားသော်လည်း ယခုအချိန်တွင် သူမ နားမလည်နိုင်ဖြစ်နေသည်။

ကျိုးကျောင်ပင်း၏ ဝန်ထမ်းဆုန်းကန်းသည် အခြေအနေမဟန်သောကြောင့် အစောကြီးကတည်းမှ ထွက်ပြေးသွားခဲ့လေသည်။

ကျိုးကျောင်ပင်းသည် အသိစိတ်မကပ်လောက်အောင်ထိ ရိုက်နှက်ခံခဲ့ရသည်။

" အစ်ကိုဟူ၊ ငါ့အသက်ကို ချမ်းသာပေးပါ။ ငါဘာမှားခဲ့လဲ မသိဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ပြောပြပါ ....... "

အစ်ကိုဟူသည် သူ၏လက်ပါးစေများကို ရပ်ရန် လက်ကိုဝှေ့ယမ်းကာ ကျိုးကျောင်ပင်း၏ ဆံပင်ကို လှမ်းဆွဲလိုက်သည်။

" မင်းရဲ့ ခွေးမျက်လုံးကိုဖွင့်ပြီး ရှင်းရှင်းလင်းလင်း ကြည့်လိုက်။ မင်းစော်ကားမိတာ ယဲ့လူကြီးမင်းပဲ။ မင်းသေချင်ရင်တောင် ငါ့ကို အဖော်မညှိနဲ့ "

ကျိုးကျောင်ပင်းသည် ယဲ့ဖန်ကို ကြောင်အအနှင့် ကြည့်နေသည်။

" ယဲ့ .... ယဲ့လူကြီးမင်းက ဘယ်သူမလို့လဲ ...... "

သူ့စကားမဆုံးခင်တွင် အစ်ကိုဟူ၏ ခြေထောက်က သူ့မျက်နှာပေါ် နင်းချလိုက်သည်။

" ယဲ့လူကြီးမင်းကိုတောင် မသိဘူးလား။ ဘယ်လို သေလို့သေလိုက်မှန်းတောင် သိမှာမဟုတ်ဘူး။ ငါတို့ရဲ့ သူဌေးကောင်းတောင်မှ ယဲ့လူကြီးမင်းကို ချီးမွမ်းနေတာ။ မင်းလိုလူက သူ့ကို ဘယ်ကသတ္တိနဲ့ စော်ကားရဲတာလဲ "

အစ်ကိုဟူသည် ကျိုးကျောင်ပင်းကို ဆဲဆိုနေရင်း ယဲ့ဖန်ကို အကောင်းပြောဖို့လည်း မမေ့ပေ။

သို့သော် ချောင်ရှင်းဂိုဏ်းများကို ယဲ့ဖန်မှ လူမြင်ကွင်းတွင် ရိုက်နှက်ခဲ့ကြောင်းကောင်းကောင်းသိသည်။ ထိုအချက်သည် ကောင်းလူကြီးမင်းကို စော်ကားလိုက်ခြင်းဖြစ်သည်။

အစ်ကိုဟူသည် ကျိုးကျောင်ပင်း ၏ဆံပင်ကို လှမ်းဆွဲလိုက်သည်။

" ယဲ့လူကြီးမင်း၊ စကားပဲပြောလိုက်ပါ။ သူ့ကို အသက်ရှင်စေချင်လား၊ သေစေချင်လား။ ပြောသမျှ ရှင်းပေးမယ်လို့ ကတိပေးပါတယ် "

ကျိုးကျောင်ပင်းသည် ထိတ်လန့်တုန်လှုပ်သွားသည်။

" မင်းငါ့ကို သတ်လို့မရဘူး။ မဟုတ်ရင် မင်းနောင်တရလိမ့်မယ် "

အစ်ကိုဟူသည် သူ့ကို ကြိမ်းဝါး၍ ထပ်ပါးရိုက်သည်။

" ခွေးမသား၊ မင်းက ငါ့ကို ခြောက်ဖို့ သတ္တိရှိနေတုန်းလား။ ငါ မင်းကို အခုချက်ချင်း သတ်မယ် "

ထိုအချိန်တွင် ကျိုးကျောင်ပင်းမှ ရုတ်တရက် ပြောလေသည်။

" ငါက ဝေ့လူကြီးမင်းရဲ့ လူပဲ။ ငါ့ကို ထပ်ပြီးထိရဲ ထိစမ်း "

အစ်ကိုဟူသည် မြှောက်ထားသော လက်ကို ရုတ်တရက် ရပ်လိုက်ပြီး မျက်မှောင်ကြုတ်သွားသည်။

" ဝေ့လူကြီးမင်း၊ ဘယ်က ဝေ့လူကြီးမင်းလဲ "

ကျိုးကျောင်ပင်းသည် သူ့ကို အဝေးသို့ တွန်းထုတ်လိုက်ပြီး မြေပြင်မှ မတ်တပ်ထရပ်ရန် ရုန်းကန်လိုက်သည်။

" ဟုတ်တယ်၊ ဝေ့လူကြီးမင်းဆိုတာ ဝေ့ချန်းဖန်းပဲ "

အစ်ကိုဟူသည် အံ့ဩသွားသည်။

" မင်းက ဝေ့ချန်းဖန်းရဲ့ လူလား "

ကြည့်နေသူအားလုံးက သူ့ကို အံ့အားသင့်စွာ ကြည့်နေကြသည်။

ဝေ့ချန်းဖန်းသည် ယန်းချန်၏ စီးပွားရေးလောကတွင် သြဇာရှိသူဖြစ်သည်။

ရှစ်မားအနောက်တိုင်း စားသောက်ဆိုင်သို့ လာနိုင်သူများသည် စီးပွားရေးလောကတွင် အခြေခံအားဖြင့် ကျင်လည်ကြသူများဖြစ်သည်။ ထို့ကြောင့် ဝေ့လူကြီးမင်း၏ နာမည်ကို ကြားဖူးကြသည်။

သူဌေးကျိုးက ဝေ့ချန်းဖန်းရဲ့လူဖြစ်နေမယ်လို့ မမျှော်လင့်ထားဘူး။

ဒီနေ့ကိစ္စက မပြီးသေးဘူး ထင်တယ်။

အပိုင်း ( ၆၁၁ )

အပြစ်အတွက် တောင်းပန်နေသည့် ဝေ့ချန်းဖန်း

အစ်ကိုဟူပင်လျှင် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

ဝေ့ချန်းဖန်းသည် ယန်းချန်၏ စီးပွားရေးလောကတွင် နေရာကြီးရှိသူဖြစ်သည်။

သူ့လိုလူအား ချောင်ရှင်းဂိုဏ်းမှ ခေါင်းဆောင်ငယ်တစ်ဦးအနေဖြင့် စော်ကားရန် မတတ်နိုင်ပေ။

ဤကိစ္စကြောင့် သူဌေးကောင်းကို ဒုက္ခပေးမိပြီး အင်အားကြီးသည့် ရန်သူကို စော်ကားခဲ့မယ်ဆိုလျှင် သူဌေးက သူ့ကို လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ချေ။

အဲ့တာကို တွေးမိပြီး တောင်းပန်သည့်အပြုံးနှင့် ကျိုးကျောင်ပင်းကို ချက်ချင်း ကြည့်လိုက်သည်။

" အဲ့တာက ...... သူဌေးကျိုး အခုက နားလည်မှုလွဲသွားတာပါ။ မင်းကို ငါတောင်းပန်တယ်။ ဒီအကြောင်းကို မင်း ဝေ့လူကြီးမင်းကို မပြောမိဖို့ ငါ မျှော်လင့်ပါတယ် ...... "

ကျိုးကျောင်ပင်းသည် ဝေ့ချန်းဖန်း ကို ဒိုင်းကာအဖြစ် အသုံးပြုခြင်းဖြစ်သည်။

ဝေ့ချန်းဖန်း၏ ဂုဏ်သတင်းသည် အလွန်အသုံးဝင်လိမ့်မည်ဟု သူ မမျှော်လင့်ထားချေ။ နာမည်ဆိုးရှိသော အစ်ကိုဟူပင် သူ့ကို အလွန်ကြောက်ရွံ့နေခဲ့သည်။

ဤအရာက ဝေ့ချန်းဖန်းနှင့် အချိတ်မဆက်ရရန် သူ့အား ပို၍ပင် ဆုံးဖြတ်ခိုင်မာစေခဲ့သည်။

ဝေ့လူကြီးမင်း၏ လူယုံဖြစ်ကြောင်းနှင့် ပတ်သက်၍ လိမ်ညာလိုက်ခြင်းသည် ကြီးကျယ်သောကိစ္စမဟုတ်ပေ။

ဒီအမျိုးသမီးကို ဝေ့လူကြီးမင်း၏ အိပ်ရာထဲသို့ အောင်အောင်မြင်မြင်ဖြင့် ပို့နိုင်သွားလျှင် ဝေ့လူကြီးမင်းက သူ့ကို စိတ်ကွက်မှာ မဟုတ်ချေ။

အဲ့တာကို တွေးမိပြီး ချန်းရွှမ်ကို လှည့်ကြည့်လိုက်သည်။

" မင်းကို နောက်ဆုံး အခွင့်အရေးတစ်ခုပေးမယ်။ မင်းအခု ငါ့ကုမ္ပဏီနဲ့ လက်မှတ်ထိုးထားရင် ငါတို့ အေးဆေးပြီးလို့ရမယ် "

" မဟုတ်ရင် မင်း အသက်ရှင်မလား၊ သေမလား အာမ မခံနိုင်ဘူး "

သူ့မျက်နှာတွင် သွေးများဖြင့် ဖုံးလွှမ်းနေပြီး အလွန်ရက်စက်သည့်ပုံရသည်။

ချန်းရွှမ်သည် အလွန်ထိတ်လန့်သွားပြီး နောက်ပြန်ဆုတ်သွားသည်။

" ကျွန်မ နားမလည်နိုင်ဘူး။ လမ်းတွေပေါ်မှာ လူတွေအများကြီးပါ။ ဘာလို့ ကျွန်မကို လိုက်တွယ်ကပ်နေတာလဲ "

ကျိုးကျောင်ပင်းသည် သူ့မျက်နှာပေါ်မှ သွေးတွေအား သုတ်လိုက်သည်။

" အမှန်တရားကို ကြားချင်တာလား။ ငါ မင်းကို ဝေ့လူကြီးမင်းဆီ ရောင်းစားမှာ "

ချန်းရွှမ် ဒေါသထွက်သွားသည်။

" ရှင် ဘာစကားပြောလိုက်တာလဲ "

ကျိုးကျောင်ပင်းသည် ယဲ့ဖန်ကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်သည်။

" ဝေ့လူကြီးမင်းက ဘယ်သူလဲ မင်းသိလား။ သူ့မိန်းမဖြစိချင်တဲ့သူတွေ တန်းစီနေတာ။ သူ့မယားငယ်ဖြစ်တာနဲ့ သူ့ရဲ့ အာဏာတွေ၊ စည်းစမ်းတွေ အများကြီး မင်းရဲ့ လက်ဖျားနားမှာ ရှိနေလိမ့်မယ်။ ဒီကလေးနောက်လိုက်တာထက် ပိုကောင်းတယ် မဟုတ်လား "

ချန်းရွှမ်သည် ထိုလူကို ဤမျှ အရှက်ကင်းမဲ့သူဖြစ်မည်ဟု မမျှော်လင့်ခဲ့ပေ။

ဒေါသအရမ်းထွက်လျက် မျက်နှာက ဖြူဖျော့သွားသည်။

ယဲ့ဖန်သည် ကျိုးကျောင်ပင်းကို အေးစက်စွာ ကြည့်နေသည်။

" ဝေ့ချန်းဖန်းက မင်းကို လာခိုင်းတာလား "

ကျိုးကျောင်ပင်း ခဏမျှ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ်။ ဝေ့လူကြီးမင်းက မင်းရဲ့ရည်းစားကို လိုချင်နေတာ။ ဒါ မင်းရဲ့ကောင်းချီးပဲ။ မင်း ဝေ့လူကြီးမင်းရဲ့ပေါင်ကို ကပ်လို့ရမယ် "

ယဲ့ဖန်၏ နှုတ်ခမ်းများသည် အေးစက်သော အပြုံးတစ်ခုအဖြစ် ကွေးသွားသည်။

" ဒါဆို ဝေ့ချန်းဖန်းကို ဖုန်းဆက်ပြီး သူကိုယ်တိုင်လာပြီး စကားပြောခိုင်းလိုက် "

ကျိုးကျောင်ပင်းတွင် ဝေ့ချန်းဖန်း ၏ ဖုန်းနံပါတ်မရှိချေ။

သူက ချက်ချင်း ရယ်မောလိုက်သည်။

" ဝေ့လူကြီးမင်းက ဘယ်သူမလို့လဲ။ သူက မင်းကို ဘာကိစ္စလာတွေ့ရမှာလဲ။ မင်းကိုယ်မင်း ဘယ်သူလို့ထင်နေလဲ "

ထိုအချိန်တွင် တစ်ယောက်ယောက်က ရုတ်တရက် အော်လိုက်သည်။

" ဝေ့လူကြီးမင်းရောက်လာတယ် "

ကျိုးကျောင်ပင်းသည် ထိုလူကို မကျေမနပ် စိုက်ကြည့်နေသည်။

" မင်း ငါ့ကို ခြောက်ဖို့ ကြိုးစားနေတာလား။ ဝေ့လူကြီးမင်းက ဘယ်လိုလုပ် ...... "

သူ့စကား မပြီးခင်တွင် ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦး ရုတ်တရက် အပြင်မှ ဝင်လာလေသည်။

ထိုလူသည် အသက်ငါးဆယ်နီးပါးရှိပြီဖြစ်ပြီး သူ၏လှုပ်ရှားမှုတိုင်းသည် ကိုယ်ရောင်ဝါများ ပြည့်လျှံကာ လူတိုင်းအပေါ် ဩဇာလွှမ်းခြုံထားပုံရနေသည်။

သူ့ဘေးရှိ အမျိုးသမီးသည်လည်း အသက်ရွယ်တူဖြစ်လေသည်။

သူမသည် ခရမ်းရောင်တရုတ်အင်္ကျီကို ၀တ်ဆင်ထားပြီး သူမပုံစံမှာ ကျက်သရေရှိပြီး ကြီးကျယ်ခမ်းနာသော ရောင်ဝါကို ဖြန့်ကျက်ထားလေသည်။

ထိုလူနှစ်ယောက်သည် ဝေ့ချန်းဖန်းနှင့် လဲ့ချူးဖေးတို့ ဖြစ်သည်။

သို့သော် ဝေ့ချန်းဖန်း၏ ခန္ဓာကိုယ်အပေါ်ပိုင်းသည် အဝတ်ဗလာဖြစ်နေသောကြောင့် ရှိနေသူအားလုံးကို အံ့အားသင့်သွားစေခဲ့သည်။

သူ့နောက်ကျောတွင် ကုတ်ခြစ်ရာများစွာရှိပြီး အဆူးတစ်ချို့ကပင် သူ့အရေပြားထဲသို့ နက်ရှိုင်းစွာ စိုက်နေခဲ့သည်။

သူ၏ နောက်ပြင်ကျောတစ်ခုလုံးသည် သွေးများ စွန်းထင်းနေလေသည်။

ထိုမြင်ကွင်းသည် ထိတ်လန့်စရာကောင်းလွန်းလှသည်။

ရလဒ်အနေဖြင့် ရှိနေသူအားလုံးသည် သူ့ကို ကြောင်အအဖြင့် စိုက်ကြည့်ကာ မည်သို့ တုံ့ပြန်ရမည်ကိုပင် မေ့သွားကြသည်။

ဒါက ရှေးလူကြီးတွေကို ခွင့်လွှတ်ဖို့ တောင်းဆိုတဲ့ပုံစံကို အတုယူထားတာလား။

သို့သော် ယန်းချန်မြို့တစ်ခုလုံးမှာ ဝေ့လူကြီးမင်းကို ဒီလိုတောင်းဆိုအောင် ဘယ်သူက လုပ်နိုင်တာလဲ။

အားလုံးက အံ့ဩနေဆဲချိန်တွင် ဝေ့ချန်းဖန်းသည် ယဲ့ဖန်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားသည်ကို တွေ့လိုက်ရသည်။

ထို့နောက် ဘာမှမပြောဘဲ ဒူးထောက်ထိုင်ချလိုက်သည်။

လဲ့ချူးဖေးသည် သူ့ခင်ပွန်းဘေးမှ လိုက်ပြီး ဒူးထောက်လိုက်သည်။

" ယဲ့လူကြီးမင်း၊ ငါ ဝေ့ချန်းဖန်းက ပြင်းထန်တဲ့ အပြစ်ကို ကျူးလွန်ခဲ့မိပါတယ် "

သူ၏ အသံသည် အလွန်ကျယ်လောင်ပြီး ကြည်လင်ပြတ်သားနေတာကြောင့် လူတိုင်းကြားလိုက်ရပြီး စိတ်ထဲ ပဟေဠိများစွာ ဖြစ်သွားကြသည်။

တုန်လှုပ်သွားမှုကလည်း ပြင်းထန်လေသည်။

" အမလေး ဘုရားရေ၊ ဝေ့လူကြီးမင်းက ဒီလူငယ်လေးကို တကယ်ပဲ ဒူးထောက်နေတာလား။ ငါ မှားမြင်တာလား။ ဒါက တကယ်ပဲ ဝေ့လူကြီးမင်းလား "

" မင်းမမှားပါဘူး။ ငါလည်း ငါ့မျက်လုံးတွေကိုတောင် မယုံနိုင်ဘူး။ ဝေ့လူကြီးမင်းက ယန်းချန်ရဲ့ စီးပွားရေးလောကက ထိပ်တန်းသူဌေးတစ်ယောက်ပဲလေ။ ဘာလို့ တခြားသူကို ဒူးထောက်ရမှာလဲ "

" ပြီးတော့ သူက ခွင့်လွှတ်ဖို့ တောင်းပန်နေရသေးတယ် "

" ဒီလူငယ်က ဘယ်သူလဲ။ သိပ်ကြောက်စရာ မကောင်းလွန်းဘူးလား။ တကယ်ကြီး ဝေ့လူကြီးမင်းက တောင်းပန်နေရတာလေ "

" ပြီးတော့ လူတွေအများကြီးရှေ့မှာ။ ဝေ့လူကြီးမင်းက သူ့မျက်နှာပျက်မှာကိုတောင် မစိုးရိမ်တော့ဘူးလား "

လူတိုင်းသည် ဝေ့ချန်းဖန်းကို လက်ညှိုးထိုးပြီး ပြောနေကြသည်။

သူတို့၏ စကားတွေအရ သူတို့ မည်မျှ ထိတ်လန့်သွားသည်မှာ ပြောစရာပင် မလိုလောက်ချေ။

ကျိုးကျောင်ပင်း၏ စိတ်သည်လည်း ဗလာဖြစ်နေသည်။

သူသည် အမြဲတမ်း ဝေ့လူကြီးမင်းကို တွယ်ကပ်ချင်ခဲ့တာဖြစ်သည်။

သို့သော် သူ့စိတ်ထဲမှ နတ်ဘုရားလိုဖြစ်နေသည့် ဝေ့လူကြီးမင်းဟာ ဒီလို ဒူးထောက်ပြီး ခွင့်လွှတ်ဖို့ တောင်းပန်ရလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ခဲ့ပေ။

ပိုလို့တောင် စိတ်ပျက်စေခဲ့သည်မှာ ဝေ့ချန်းဖန်း တောင်းပန်နေသည့် လူသည် သူ ခုနက ဆိုးဆိုးရွားရွား စော်ကားခဲ့သည့် လူငယ်လေးဖြစ်နေခဲ့သည်။

ဒါက ဘယ်လို အလွဲအချော်ကြီးလဲ။

အင်အားကြီးသော ဝေ့လူကြီးမင်းပင် ဤလူငယ်၏ ရှေ့တွင် ဒူးထောက်ကာ တောင်းပန်နေရသည်။

ထို့ကြောင့် ထိုလူငယ်၏အမြင်တွင် သူသည် ပုရွက်ဆိတ်တစ်ကောင်လောက်ပင် မရှိလောက်ချေ။

ထို့အပြင် အခုလေးတင် လိမ်ညာခဲ့ပြီး ဝေ့လူကြီးမင်းသည် သူ့ရည်းစားကို လိုချင်နေကြောင်း ပြောခဲ့သည်။

အခု ဝေ့လူကြီးမင်း ကိုယ်တိုင်ကိုယ်ကျရောက်လာ၍ သူ့စိတ်ထဲမှာ ချက်ချင်း သောကဝေသွားသည်။

'ပြီးပြီ၊ ပြီးပြီ။ ဒီတစ်ခါ ငါတကယ်သေပြီ'

အနားတွင်ရှိနေသည့် အစ်ကိုဟူသည်လည်း အံ့သြသွားသည်။

ဝေ့ချန်းဖန်းသည် စီးပွားရေးလောကတွင် အနေအထားကြီးကာ ကောင်းသူဌေးနှင့်ပင် စကားပြောရယ်မောနိုင်သူ ဖြစ်သည်။

အခုအခါ သူသည် ယဲ့ဖန်ကို အလွန်ကြောက်နေပြီး ခွင့်လွှတ်ပေးရန် တောင်းပန်နေရသည်။

ဒီ ယဲ့ဖန်က တကယ်ကို ကြောက်စရာကောင်းတာပါလား။

ချန်းရွှမ်ကတော့ ယဲ့ဖန်ကို ကြည့်နေလိုက်သည်။

သူမသည် ယန်းချန်မြို့ရှိ စီးပွားရေးလောကကို နက်နက်ရှိုင်းရှိုင်း နားလည်ထားသောကြောင့် ဝေ့ချန်းဖန်း၏ စစ်မှန်သော စွမ်းအားကို အခြားသူများထက် ပိုပြီးကောင်းမွန်စွာ သိလေသည်။

ဝေ့ချန်းဖန်းသည် ယန်းချန်မြို့၏ အိမ်ခြံမြေလုပ်ငန်းတွင် ထိုက်တန်သော ဒေသခံဧကရာဇ်ဖြစ်သည်ဟုဆိုလျှင် ချဲ့ကားပြောဆိုရာရောက်မည် မဟုတ်ပေ။

လော့ကျင်းယွမ်ပင်လျှင် သူ့ထက် အနည်းငယ် နိမ့်ကျသည်။

ထို့အပြင် ဤလူသည် အလွန်မာနကြီးပြီး မည်သူ့ကိုမျှ ခေါင်းငုံ့မခံခဲ့ပေ။

သို့သော် သူသည် ခွင့်လွှတ်ခံရရန် တောင်းပန်ဖို့ ယဲ့ဖန်ရှေ့တွင် ဒူးထောက်နေလေသည်။

စိတ်ကူးထဲပင် မရှိခဲ့ဖူးသော မြင်ကွင်းဖြစ်လေသည်။

သူတို့သာမက ယဲ့ဖန်ပင် အံ့အားသင့်သွားခဲ့ပြီး ဝေ့ချန်းဖန်းကို ကြောင်အစွာကြည့်သည်။

" ခင်ဗျား ဘာလုပ်ဖို့ ကြိုးစားနေတာလဲ "

ဝေ့ချန်းဖန်းသည် ရှက်ရွံ့ကြောက်လန့်စွာဖြင့် ပြောလေသည်။

" ကျွန်တော် ရီချန်းကျယ်ရဲ့ ပွဲကို သွားခဲ့တာက ကြီးမားတဲ့ အပြစ်ပါ။ ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါ "

သူ့ရှင်းပြချက်ကို ကြားပြီးသည့်အခါ လူတိုင်း အံ့သြသွားကြသည်။

ပွဲလေးတက်တာက ကြီးမားတဲ့ အပြစ်တဲ့လား။

အဲ့လူငယ်လေးက ဝမ်းမသွားခိုင်းဘဲ ဝမ်းသွားမိရင် သူ့မိသားစုတစ်ခုလုံး သေဒဏ်ပေးခံရမှာတော့ မဟုတ်ဘူးမလား။

ဘယ်လိုကြီးလဲ။

( စာရေးသူမှတ်ချက် - ဝေ့ချန်းဖန်းက ရှေးခေတ်ကားတွေထဲက အပြစ်သားတွေ နယ်လှည့်ပြီး အရှက်ကွဲအောင် ပြသတဲ့အခါ ဝတ်သလိုမျိုး လည်ပင်းပေါ်မှာ သစ်သားနှစ်ချပ်ညှပ်ပြီး အပြစ်ပေးတဲ့ကိရိယာကို ဝတ်ဆင်ထားတာပါ )

အပိုင်း ( ၆၁၂ )

ဦးနှောက်ပျက်နေတဲ့ မယားထိုးကျွေးသူ

တခြားသူတွေက မသိသော်လည်း ယဲ့ဖန်ကတော့ ဝေ့ချန်းဖန်း ဆိုလိုချင်သည့် အဓိပ္ပါယ်ကို သိလေသည်။

ထိုပွဲသည် သာမာန်ပွဲတစ်ခု မဟုတ်ဘဲ ယဲ့ဖန်ကို သတ်ဖို့ ချောက်ချနိုင်ခြင်းအတွက် ဂုဏ်ပြုပွဲတစ်ခုဖြစ်သည်။

ပွဲသို့ တက်ရောက်လာသူတိုင်းမှာ ရီမိသားစုဘက်တွင် ရပ်တည်လိုက်ကြောင်း ပြောလိုက်ခြင်းနှင့် တူညီလေသည်။

သို့သော်လည်း အခြေအနေများသည် ရုတ်တရက် ပြောင်းလဲသွားလိမ့်မည်ဟု ထိုပွဲတက်ခဲ့သူများ ဘယ်တုန်းကမှ မမျှော်လင့်ထားကြချေ။

သို့သော် မထင်မှတ်ထားဘဲ ရီမိသားစုသည် ဤအချီတွင် အကြီးအကျယ်ထိုးနှက်ချက်ကို ခံလိုက်ရပြီး ခွန်အားတွေ လျော့ကျသွားကာ ယဲ့ဖန်ကတော့ ယန်းချန်တွင် အနေအထားမြင့်တက်လာတော့သည်။

ထို့ကြောင့် ရီချန်းကျယ်ဘက်မှ ရပ်တည်ခဲ့သောသူများသည် အပြစ်ပေးခံရနိုင်ဖွယ်ရှိနေသည်။

ယဲ့ဖန်သည် ပြုံးလျက် ဝေ့ချန်းဖန်းနှင့် သူ၏ မိန်းမမျက်နှာကို ကြည့်လိုက်သော်လည်း ဘာစကားမှ မပြောချေ။

စားပွဲပေါ်တွင် လက်ညိုးခေါက်သံမှလွဲ၍ စားသောက်ဆိုင်ခန်းမတစ်ခုလုံး တိတ်ဆိတ်နေသည်။

ထိုအသံသည် လူတိုင်း၏ နှလုံးခုန်သံကို မြန်စေပြီး သွေးလန့်စေနိုင်သည့် မှော်အတတ်တစ်ခုခုရှိနေပုံရသည်။

ခန်းမအတွင်းရှိလေထုသည် အင်မတန်မွန်းကြပ်သည့်အဖြစ်သို့ ရောက်လာသောအခါ ယဲ့ဖန်မှ ဖြည်းဖြည်းချင်းပြောလိုက်သည်။

သို့သော် ဝေ့ချန်းဖန်းကို ဘယ်လိုအပြစ်ပေးမလဲဆိုတာ မပြောခဲ့ပေ။ အဲ့ဒီအစား သူက ရုတ်တရက် မေးလိုက်သည်။

" အခုပဲ ဒီကျိုးသူဌေးက ကျွန်တော့်ရည်းစားကို အခက်တွေ့အောင် လုပ်နေတာ။ ခင်ဗျားက သူ့ကို လွှတ်လိုက်တာလို့ ပြောတယ်။ ခင်ဗျားက အပျော်မယ်အဖြစ် ခေါ်စေချင်တယ်လို့တောင် ပြောခဲ့တယ်မလား "

ဝေ့ချန်းဖန်းသည် ကြောင်အအဖြင့် လှည့်ပတ်ကြည့်သည်။

" သူဌေးကျိုး၊ ဘယ်က သူဌေးကျိုးလဲ "

ကျိုးကျောင်ပင်းသည် ရှာဖွေနေသည့် အကြည့်များကို မြင်သောအခါ ပုန်းရန် နေရာရှာသလိုဖြင့် နောက်ပြန်ဆုတ်သွားသည်။

သို့သော် သူ့အနားရှိ အစ်ကိုဟူသည် သူ့ဂုတ်ကနေ ဆွဲကိုင်လိုက်ပြီး ဝေ့ချန်းဖန်းကို လှည့်ကြည့်လိုက်သည်။

" ဒီကောင်ပါ။ ဝေ့လူကြီးမင်းက ယဲ့လူကြီးမင်းရဲ့ ချစ်သူကို ကြိုက်ပြီး လိုချင်တယ်လို့ပြောပါတယ်။ အဲ့တာကြောင့် ယဲ့လူကြီးမင်းဆီကနေ အတင်းတောင်းနေတာပါ "

ဝေ့ချန်းဖန်းသည် ထိုစကားကို ကြားသောအခါ သူ့ကျောရိုးတစ်လျှောက်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။

သူက အမြန်လှည့်ကာ ယဲ့ဖန်ကို လက်ဝှေ့ယမ်းပြလိုက်သည်။

" ယဲ့လူကြီးမင်း၊ သူ့စကားကို နားမထောင်နဲ့။ ကျွန်တော် သူ့ကို လုံး၀ မသိပါဘူး။ တစ်ယောက်ယောက်က ချောက်ချဖို့ ကြိုးစားနေတာဖြစ်ရမယ် ......... "

သူ့ကံကြမ္မာသည် ယဲ့ဖန်၏ လက်ထဲတွင် ရှိသောကြောင့် ဒီကိစ္စနှင့် တတ်နိုင်သမျှ ဝေးဝေးရှောင်ဖို့ ကြိုးစားရမည်။

ဒါက သူနှင့် ဘာမှ မဆိုင်ဘူးဟု ပြောလို့ရသည်။

ယဲ့ဖန်က သူ့ကို အမူအရာမပြဘဲ ငုံ့ကြည့်နေသည်။

" သူ့ကို ခင်ဗျား တကယ် မပို့ခဲ့ဘူးလား။ ခင်ဗျားကို ဘာလို့ ယုံရမှာလဲ "

ဝေ့ချန်းဖန်းသည် ခေါင်းကို လှည့်ပြီး ကျိုးကျောင်ပင်းကို ကြည့်ကာ သူ့မျက်လုံးထဲတွင် မုန်းတီးမှုတွေ ပြည့်နှက်သွားသည်။

" ခွေးမသား၊ မင်း ငါ့ကို သတ်ဖို့ကြိုးစားနေတာလား။ မင်းကို အရင်သတ်ပစ်မယ် "

ထို့နောက် သူ့လည်ပင်းတွင် ချည်နှောင်ထားသော အပြစ်ပေးကိရိယာနှင့် ကြိုးတွေကို ဆွဲဖြုတ်လိုက်ပြီး ကျိုးကျောင်ပင်း၏ ခေါင်းကို ရိုက်လိုက်သည်။

လက်ဖဝါးပေါ်ရှိ ဆူးများသည် သူ့လက်ဖဝါးထဲသို့ ထိုးဖောက်နေပြီဖြစ်သော်လည်း နာကျင်မှုကို မခံစားရပေ။

လက်ရှိတွင် ယဲ့ဖန်ကို စိတ်ချမ်းသာအောင် မလုပ်နိုင်လျှင် သူ၏ သေဆုံးမှုသည် လက်တစ်ကမ်းတွင် ရှိနေမည်ကို သူရှင်းလင်းစွာ သိနေခဲ့သည်။

ကျိုးကျောင်ပင်း၏ ခန္ဓာကိုယ်ကိုလည်း ဆူးတွေစိုက်သွားကာ ခန်းမတစ်ခုလုံးကို ပတ်ပြေးနေရသည်။

" မင်း ငါ့ကို ချောက်ချဖို့ ဘယ်သူက လွှတ်လိုက်တာလဲ "

" ယဲ့လူကြီးမင်းရဲ့ မိန်းကလေးက မင်းက. ဘယ်လိုလုပ် တပ်မက်ရဲရတာလဲ။ မင်း သေချင်ရင်တောင် ငါ့ကို ဆွဲမချနဲ့ ....... "

" မင်းကို ငါ လုံးဝမသိဘူး။ မင်းက ငါ့နာမည်ကိုသုံးပြီး သူများတွေကို အနိုင်ကျင့်ရဲတယ်လား ..... "

ဝေ့ချန်းဖန်းသည် ရူးသွပ်သွားခဲ့ပြီဖြစ်သည်။ သူ၏ ပုံရိပ်ကိုပင် လုံးဝဂရုမစိုက်တော့ချေ။

အလွန်အကျွံ ဆဲဆိုကြိမ်းမောင်းနေခဲ့သည်။

ယဲ့ဖန်ကြောင့် သူခံစားနေရသည့် အရှက်တရားများအတွက် ကျိုးကျောင်ပင်းအပေါ် ပုံချနေခဲ့သည်။

ထိုမြင်ကွင်းကြောင့် စားသောက်ဆိုင်ထဲမှ စားသောက်နေကြသူများ အားလုံး အံ့သြသွားကြသည်။

ဆူးချောင်းပါသည့် ကြာပွတ်နှင့် ရိုက်လိုက်တိုင်း ကိုယ်တိုင် မခံရသော်လည်း တုန်တုန်ယင်ယင် ဖြစ်ကုန်ကြသည်။

ဒီ ဝေ့ချန်းဖန်းက ရက်စက်လွန်းတယ်။

ယဲ့ဖန်ပေါ် သူ့ရဲ့သစ္စာစောင့်သိမှုကို ပြဖို့အတွက်နဲ့ သူက တကယ်ကို ရူးသွားပြီပဲ။

အစပိုင်းတွင် ကျိုးကျောင်ပင်းသည် ခန်းမထဲတွင် ပြေးနေခဲ့သည်။ သို့သော် နောက်ပိုင်းတွင် သူသည် တွားသွားရန်ပင် ခွန်အား မရှိတော့ပေ။ မြေကြီးပေါ်တွင် မလှုပ်မယှက် လှဲလျောင်းနေကာ သူ၏ အော်သံများကလည်း တဖြည်းဖြည်းတိုးလာသည်။

ဆက်လက် တိုက်ခိုက်နေပါက အသက်ဆုံးရှုံးနိုင်ချေရှိသည်။

ထိုအချိန်တွင် ယဲ့ဖန်က ရုတ်တရက် ထပ်ပြောပြန်သည်။

" ကောင်းပြီလေ "

ဝေ့ချန်းဖန်းသည် နောက်ဆုံးတွင် ရိုက်နေတာကို ရပ်လိုက်ပြီး ဒူးထောက်လိုက်ပြန်သည်။

" ယဲ့လူကြီးမင်း၊ ကျွန်တော့်ကို ယုံပါ။ ဒီကောင်ကို တကယ်မသိပါဘူး။ ကျွန်တော် ဘယ်လောက်ပဲ မိုက်မဲနေပါစေ၊ လူကြီးမင်းရဲ့ မိန်းကလေးကို လုမယူရဲပါဘူး .... "

ယဲ့ဖန်သည် သူ့စကားတွေ ရပ်ခိုင်းဖို့ သူ့လက်ကို မြှောက်လိုက်သည်။

" ဝေ့လူကြီးမင်းက ဒီလောက်မိုက်မဲတဲ့ ကိစ္စကို လုပ်မှာမဟုတ်ဘူးလို့ ယုံပါတယ်။ ကျွန်တော်က လိမ်ရလွယ်တဲ့သူမှ မဟုတ်တာ "

ဝေ့ချန်းဖန်း အရမ်းထိတ်လန့်သွားပြီး ငိုမတတ်ဖြစ်နေသည်။

" ယဲ့လူကြီးမင်းက တကယ်ကို ဥာဏ်ကောင်းပါတယ် "

ယဲ့ဖန်သည် စားပွဲပေါ်မှ ပန်းသီးတစ်လုံးကို ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။

" ကျွန်တော် အတိအကျ သတိမထားမိပေမယ့် ဘယ်သူက ကျွန်တော့်ကို ကူညီပေးခဲ့တယ်၊ ဘယ်သူက ကျွန်တော့်ကို အန္တရာယ်ပေးခဲ့တယ်ဆိုတာ ပြောနိုင်ပါသေးတယ်။ ကူညီခဲ့တဲ့သူတွေကို ဘယ်တော့မှ နှိပ်စက်မှာမဟုတ်ဘူး။ ထိခိုက်အောင်လုပ်ခဲ့တဲ့သူတွေအတွက်ကတော့ ...."

ဝေ့ချန်းဖန်းသည် ထိုစကားကိုကြားသောအခါ ချက်ချင်းပင် တုန်လှုပ်သွားသည်။

ယဲ့ဖန်၏ စကားများသည် အလွန်သိသာနေသည်။ သူအပေါ် မကောင်းတဲ့သူများကို လွယ်လွယ်နှင့် လွှတ်ပေးထားမည်မဟုတ်ကြောင်း ဆိုလိုနေသည်။

အဲ့တာကိုတွေးပြီး သူ့မိန်းမ လဲ့ချူးဖေးကို တစ်ချက်ကြည့်လိုက်သည်။

လဲ့ချူးဖေး ချက်ချင်း သဘောပေါက်သွားသည်။

သူမသည် ဒူးထောက်ရင်း ယဲ့ဖန်၏ ခြေရင်းနားသို့ တွားသွားကာ သူ့လက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။

" ယဲ့လူကြီးမင်း၊ ကျွန်မယောက်ျားက ခဏလောက် ခေါင်းရှုပ်သွားတာပါ။ ကျေးဇူးပြုပြီး ဒီတစ်ခါတော့ သူ့ကို ခွင့်လွှတ်ပေးပါ .... "

လဲ့ချူးဖေးသည် ချောမောပြီး ရင့်ကျက်သော ဆွဲဆောင်မှုရှိသည်။

အချိန်ကြာကြာကြည့်လေ ဆွဲဆောင်မှုသည် တဖြည်းဖြည်း ပိုသိသာလာလေဖြစ်သည်။

လှုပ်ရှားမှုတိုင်းက အလွန်ဆွဲဆောင်မှုရှိသည်။

သူမ၏ လက်ရှိ သနားစရာကောင်းသည့် အသွင်အပြင်ကို ကြည့်ရသည်မှာ တကယ်ကို စာနာချင်စဖွယ်ဖြစ်လေသည်။

ကျောက်စိုင်ခဲနှလုံးသားရှိသူလျှင်ပင် သူမကို ငြင်းပယ်ရန် ခက်ခဲလိမ့်မည်။

ထို့အပြင် သူမသည် ကရုဏာကို တောင်းနေချိန်တွင် သူမ၏ လက်ချောင်းများက ယဲ့ဖန်၏ လက်ဖဝါးကို ကုတ်ခြစ်နေသည်။

သူမလုပ်ရပ်တွေ၏ နောက်ကွယ်မှ အဓိပ္ပါယ်မှာ ထင်ရှားလေသည်။

သူ့ဘေးတွင် ထိုင်နေသည့် ချန်းရွှမ်သည် သူ့ကိုသတိပေးရန်အတွက် နှစ်ကြိမ်ချောင်းဆိုးလိုက်ရသည်။

ယဲ့ဖန်သည် သူမလက်ကို ဆွဲဖယ်ထုတ်လိုက်ပြီး ဝေ့ချန်းဖန်းကို မကျေမနပ် ကြည့်လိုက်သည်။

" ဝေ့လူကြီးမင်း ခင်ဗျား ဘာကိုဆိုလိုတာလဲ "

ဝေ့ချန်းဖန်းသည် ချက်ချင်း တုန်လှုပ်ချောက်ချားသော အမူအရာဖြစ်သွားခဲ့သည်။

" ကျွန်တော့်ဇနီးက အိမ်မှာ လူကြီးမင်းရဲ့ဂုဏ်သတင်းအကြောင်းကို ပြောနေတာ ခဏခဏကြားတော့ ယဲ့လူကြီးမင်းကို သဘောကျနေတာ ကြာပါပြီ။ ယဲ့လူကြီးမင်းရဲ့ သွန်သင်ဆုံးမမှုတွေကို အနီးကပ်နားထောင်နိုင်ပြီး အနားမှာနေရမယ်ဆိုရင် လက်ဖက်ရည်အတူသောက်ရမယ်ဆိုရင်တောင်မှ သူမအတွက် ပျော်စရာကောင်းမှာလို့ ပြောခဲ့ပါသေးတယ်။ စိတ်ရှိရင် ..... "

ဝေ့ချန်းဖန်းသည် သူ့စာကြောင်းကို အပြီးမသတ်ခဲ့ဘဲ နောက်ကွယ်တွင် အဓိပ္ပါယ်ကို ကိုယ်တိုင်သိစေခဲ့သည်။

ယဲ့ဖန် မကြားဝံ့မနာသာဖြစ်သွားသည်။ ဝေ့ချန်းဖန်းက သူ့ကို ရည်ရွယ်ချက်ရှိရှိ မျက်စိတစ်ဖက်မှိတ်ပြပြီး သူ့ကို အရိပ်အမြွက်ပြလေသည်။

ဝေ့ချန်းဖန်းစကားများက ရှင်းနေပြီဖြစ်သည်။ ယဲ့ဖန် ပင်မက တခြားသူများပင် သူပြောတာကို နားလည်ကြသည်။

ဘယ်သူက လက်ဖက်ရည် သောက်နေမှာလဲ။ အိပ်ရာပေါ်သွားဖို့ ပြောနေတာပဲ မဟုတ်လား။

ယန်းချန်မြို့၏ နာမည်ကျော် ဝေ့လူကြီးမင်းသည် သူ၏ဇနီးအား ယဲ့ဖန်ကို အပျော်ဆက်ရန် ကိုယ်တိုင် ကမ်းလှမ်းခဲ့သည်။

ဤအရာသည် လူတိုင်းအတွက် ကြီးမားသော ကိုယ်ကျင့်စာရိတ္တဖောက်ပြားမှုကြီးကို ပြသလိုက်ခြင်းဖြစ်သည်။

အာလုံးဆွံ့အသွားရသည်။

ဝေ့ချန်းဖန်းက ဖောက်ပြန်ခံချင်နေတာလား။

ပြီးတော့ သူကိုယ်တိုင်က ပို့ပေးနေတာလေ။

ဒါကြီးက လုံးဝကို ဦးနှောက်ပျက်သွားတာပဲ။

All Chapters