ကျွန်တော့်ရဲ့ ခန့်ညားတဲ့ ခန်းမသခင်ကို ပြန်ပေး
Vol. 3 Ch. 41
"တောက်... တောက်... တောက်..."
တိတ်ဆိတ်သောအခန်းထဲတွင် ဂိုခုံပေါ်သို့ အဖြူအနက်ကျောက်တုံးများ ကျရောက်သံသာ ကြားနေရသည်။
ကစားသမားနှစ်ဦးလုံးမှာ လေးနက်တည်ကြည်သော မျက်နှာအမူအရာများ ရှိကြသည်။
တစ်နာရီခန့် ဒီအတိုင်းကုန်ဆုံးသွားပြီးနောက် နောက်ဆုံးတွင် စစ်တုရင်ခုံပေါ်၌ အငြင်းပွားစရာနေရာများ မရှိတော့ပေ။
"ဟူး..."
ချန်လျန်ကျီက သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်သည်။ သူက သူ့ဘေးရှိ ကြွေရည်သုတ်ခွက်ကို ကောက်ယူပြီး ဖျော်ထားသော လက်ဖက်ရည်ကို သောက်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကျန်းပေရန်က တာဝန်ကျေစွာ ကျောက်တုံးများကို စတင်ရေတွက်တော့သည်။
စစ်တုရင်ခုံပေါ်မှ ကျောက်တုံးသေများအားလုံးကို ဖယ်ရှားပြီးနောက် ကျန်းပေရန်က ၎င်းတို့ကို စုဖွဲ့လိုက်သည်။
"အနက်မှာ ၁၇၇ လုံးရှိပါတယ်။ အဖြူက သုံးလုံးနဲ့ သုံးပုံလေးပုံ ပြန်လျော်ပါတယ်။ ခန်းမသခင်ချန် ခင်ဗျား လေးလုံးနဲ့ သုံးပုံတစ်ပုံနဲ့ နိုင်ပါတယ်"
"ဟားဟားဟား"
ချန်လျန်ကျီက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"မင်းဘယ်လိုထင်လဲ။ တစ်ဆယ့်ခုနစ်မှာ ငါ့ရဲ့တစ်ဆယ့်ခုနစ်ကွက်မြောက် ရွှေ့ကွက်က မင်းကို တကယ်ပဲ အကျပ်ရိုက်သွားစေတယ် မဟုတ်လား"
"ခန်းမသခင်ချန်ရဲ့ ရွှေ့ကွက်က တကယ်ပဲ ထူးချွန်ပါတယ်။ တပည့်က ထောင့်မှာချထားရင် ခန်းမသခင်ရဲ့တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ ရွှေ့ကွက်က နဂါးပုံစံကို ပြန်အသက်မသွင်းနိုင်ခဲ့ပေမဲ့ ခန်းမသခင် ရလိုက်တဲ့ အပိုဦးဆောင်မှုက ကျွန်တော့်ကို လုံးဝ အငိုက်မိသွားစေခဲ့တယ်။ တကယ်ကို ကျွမ်းကျင်ပိုင်နိုင်လွန်းပါတယ်"
"ဟားဟားဟားဟား"
ကျန်းပေရန်၏ မြှောက်ပင့်ပြောဆိုမှုက ချန်လျန်ကျီကို ရှင်းလင်းစွာ ကျေနပ်သွားစေသည်။ သူက သူ၏မုတ်ဆိတ်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။
"မင်းနဲ့ကစားရတာက အမြဲတမ်း စိတ်ဝင်စားဖို့ကောင်းတယ်။ အနည်းဆုံးတော့ မင်းဘာလို့ရှုံးလဲ ဆိုတာကို မင်းနားလည်တယ်။ တခြားငတုံးတွေနဲ့မတူဘူး"
ကျန်းပေရန်က လေးစားစွာ လက်အုပ်ချီလိုက်သည်။
"တပည့်က ဘယ်မှာရှုံးနိမ့်ခဲ့လဲဆိုတာကိုပဲ သိတာပါ၊ ဘယ်လိုတန်ပြန်ရမလဲဆိုတာကိုတော့ မသိပါဘူး။ ခန်းမသခင်က လမ်းညွှန်မှုအချို့ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
"ကောင်းပြီ။ ဒါဆိုရင် နောက်တစ်ပွဲထပ်ကစားကြရအောင်"
ညသုံးနာရီအချိန်တွင် တောက်ပသောဖယောင်းတိုင်မီးအောက်၌ ကျန်းပေရန်မှာ သူတို့၏ မာရသွန်ပွဲတွင် ဆက်လက်ပါဝင်နေဆဲ ဖြစ်သည်။
နောက်ထပ်နှစ်ပွဲ ရှုံးပြီးနောက် ကျန်းပေရန်က သူ၏နဖူးမှ ချွေးနုနုများကို သုတ်လိုက်သည်။
"ခန်းမသခင်ရဲ့ 'ရိုက်ကွက်' က တကယ်ပဲ အဆုံးမရှိပြောင်းလဲနိုင်ပြီး တပည့်ကို အံ့ဩလေးစားသွားစေပါတယ်။ တပည့်ကို အဲ့ဒါကို နက်နက်ရှိုင်းရှိုင်းလေ့လာဖို့ တစ်လလောက် တံခါးပိတ် ကျင့်ခွင့်ပြုဖို့ ခန်းမသခင်ကို တောင်းပန်ပါတယ်"
ဒီ "တံခါးပိတ်ကျင့်ကြံခြင်း ဟုခေါ်သောအရာမှာ အခြေခံအားဖြင့် ဂိုဏ်းမှခွင့်တောင်းခြင်း ဖြစ်သည်။
ဥပမာအားဖြင့် တပည့်တစ်ဦးက သူအဆင့်တက်တော့မည်ဟု ခံစားရလျှင် သူတို့က သူတို့ခန်းမ၏ အကြီးအကဲမှူး သို့မဟုတ် ဆရာထံသို့ တံခါးပိတ် ကျင့်ခွင့် လျှောက်ထားနိုင်သည်။
ခွင့်ပြုချက်ရလျှင် သူတို့သည် ထိုလအတွက် မဖြစ်မနေလုပ်ဆောင်ရမည့် တာဝန်များနှင့် စမ်းသပ်စစ်ဆေးရေးမစ်ရှင်များမှ ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။
သို့သော် ဒီ "ခွင့်" မှာ တစ်နှစ်လျှင် တစ်ကြိမ်သာ အသုံးပြုနိုင်ပြီး ကျန်းပေရန်က တော်တော်လေး ကန့်သတ်ချက်ရှိသည်ဟု တွေ့ရှိရသည်။
ကျန်းပေရန်၏ လုံးဝကြည်ညိုလေးစားသော အမူအရာကို မြင်သောအခါ ခန်းမသခင်ချန်မှာ အလွန်ပျော်ရွှင်သွားပြီး ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ ငါမင်းရဲ့တောင်းဆိုမှုကို ခွင့်ပြုတယ်"
"ကျေးဇူးတင်ပါတယ် ခန်းမသခင်ချန်"
ကျန်းပေရန်က ပျော်ရွှင်စွာ ဦးညွှတ်လိုက်သည်။
"နောက်တစ်ပွဲကော"
ချန်လျန်ကျီက ဖိတ်ခေါ်သောဟန်ဖြင့် စစ်တုရင်ခုံကို ပွတ်သပ်လိုက်သည်။
"ခန်းမသခင်ရဲ့ သင်ကြားပြသမှုအတွက် ကျေးဇူးတင်ပါတယ်"
ထိုက်တန်သောပြိုင်ဘက်တစ်ဦးကို ရှာတွေ့ခြင်းမှာ ဘဝ၏အကြီးမားဆုံးပျော်ရွှင်မှုများထဲမှ တစ်ခုဟု ဆိုရိုးစကားရှိသည်။
ကျန်းပေရန်နှင့် ချန်လျန်ကျီတို့မှာ တစ်ညလုံး "တိုက်ပွဲဝင်" ခဲ့ကြသော်လည်း မိုးလင်းသည့်တိုင် ပင်ပန်းနွမ်းနယ်သည့် လက္ခဏာများ မပြခဲ့ပေ။
"ဒေါက် ဒေါက် ဒေါက်"
"လျန်ကျီ ပေရန်မင်းနဲ့အတူရှိနေလား"
ချန်လျန်ကျီက ကျန်းပေရန်၏ တစ်ဆယ့်ခုနစ်လိုင်းမြောက် တစ်ဆယ့်လေးမှတ်မှ မြင်းငယ်ချဉ်းကပ်ကွက်ကို မျက်မှောင်ကြုတ်ကြည့်နေစဉ် တံခါးခေါက်သံတစ်ခုနှင့်အတူ ကစားသမားနှစ်ဦးလုံး ကောင်းကောင်းမှတ်မိသော အသံတစ်ခု ထွက်ပေါ်လာသည်။
'မဖြစ်နိုင်တာ... ခန်းမသခင်ကိုယ်တိုင် ရောက်လာတာလား'
ကျန်းပေရန်က ဒီနေ့တစ်စုံတစ်ယောက် သူ့ကိုလာရှာမည်ဟု မျှော်လင့်ထားသော်လည်း ခန်းမသခင်ကိုယ်တိုင် ဖြစ်လိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးထင်ခဲ့ပေ။
ကျန်းပေရန်၏ အတွေးများကို မသိသော ချန်လျန်ကျီက ရိုးရှင်းစွာ ပြန်ဖြေလိုက်သည်။
"သူငါနဲ့ ဂိမ်းတစ်ပွဲကစားနေတယ်"
"ဒါဆိုရင် ငါဝင်လာပြီ"
ကျန်းဟယ်ချင်းက တံခါးကို တွန်းဖွင့်လိုက်သည်။
"ခန်းမသခင်ကို နှုတ်ခွန်းဆက်ပါတယ်"
ကျန်းဟယ်ချင်း ဝင်လာသောအခါ ကျန်းပေရန် ချက်ချင်းပင် ထရပ်ပြီး ဦးညွှတ်လိုက်သည်။
"အင်း"
ကျန်းဟယ်ချင်းက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
"ပေရန် ခဏနားပြီး ငါနဲ့လိုက်ခဲ့"
ကျန်းပေရန်နှင့် ချန်လျန်ကျီနှစ်ဦးလုံး အံ့အားသင့်ကာ ကြောင်သွားကြသည်။ သူတို့မှာ တူညီသော ထိတ်လန့်သောအမူအရာများ ရှိနေသည်။
နီလာနှလုံးခန်းမတွင် မရေးထားသော စည်းမျဉ်းတစ်ခုရှိသည်။ အသက်သေဆုံးရမည့် ကိစ္စမဟုတ်လျှင် လုပ်ငန်းအားလုံးမှာ ဂိမ်းပြီးသည်အထိ စောင့်ဆိုင်းရမည်။
သို့သော် ယခုအခါ ခန်းမသခင်က သူတို့ဂိမ်းကို ချက်ချင်း "ခဏရပ်" ခိုင်းသည်။
"ပေရန် မင်းဒုက္ခရောက်နေလို့လား"
ချန်လျန်ကျီက သူ၏ထိတ်လန့်မှုမှ ပြန်လည်သတိဝင်လာပြီးနောက် မေးလိုက်သည်။
ခန်းမသခင်က သူ၏မျက်နှာကို လုံးဝမထောက်ထားသည့်အတွက် အခြားအကြောင်းပြချက်တစ်ခုကို သူစဉ်းစားမရနိုင်ခဲ့ပေ။
ကျန်းပေရန်က အလျင်အမြန် ခေါင်းခါလိုက်သည်။
"လုံးဝမဟုတ်ပါဘူး။ တပည့်က အမြဲတမ်း ရိုးသားပြီး ဥပဒေလိုက်နာပါတယ်။ ကျွန်တော်ဘယ်လို ဖြစ်ပြီး ဒုက္ခရှာနိုင်မှာလဲ"
ကျန်းဟယ်ချင်းက အားရပါးရရယ်မောပြီး ကျန်းပေရန်၏ ပခုံးကို ပုတ်လိုက်သည်။
"စိတ်လှုပ်ရှားနေစရာမလိုပါဘူး ငါနဲ့လိုက်ခဲ့ရုံပဲ"
ကျန်းဟယ်ချင်း၏ နွေးထွေးသောအပြုံးကို မြင်ပြီး သူ၏ရည်ရွယ်ချက်ကို ခန့်မှန်းမိနှင့်ပြီဖြစ်သော ကျန်းပေရန်က လက်အုပ်ချီလိုက်သည်။
"ခန်းမသခင် မနေ့က ခန်းမသခင်ချန်နဲ့ ကစားတဲ့ပွဲအတွင်းမှာ တပည့်က နက်ရှိုင်းတဲ့ထိုးထွင်းဉာဏ်တချို့ ရခဲ့ပါတယ်။ သူက တပည့်ကို တစ်လ တံခါးပိတ် ကျင့်ခွင့် ခွင့်ပြုပြီးသားပါ။ အကယ်၍—"
သူ၏စကားတစ်ဝက်မှာပင် ကျန်းဟယ်ချင်း၏ အသံက ကျန်းပေရန်၏ နားထဲတွင် ရုတ်တရက်ထွက်ပေါ်လာသည်။
"ဆင်ခြေတွေမပေးနဲ့တော့ အခုငါနဲ့လိုက်ခဲ့။ မဟုတ်ရင် အနာဂတ်မှာ ငါ့ဆီက ဘာမျက်နှာသာမှ မျှော်လင့်မနေနဲ့တော့"
ကျန်းပေရန်၏ မျက်နှာအမူအရာမှာ တည်သွားပြီး ပြုံးနေသောနှုတ်ခမ်းများနှင့် လုံးဝမလှုပ်ရှားသော ကျန်းဟယ်ချင်းကို စိုက်ကြည့်နေမိသည်။
'အသံလွှင့်ခြင်း'
တစ်ပြိုင်နက်တည်းမှာပင် သူ့မျက်စိရှေ့တွင် ရွေးချယ်စရာသုံးခု ပေါ်လာခဲ့သည်။
[ရွေးချယ်စရာ ၁: သွားရန် ဆက်လက်ငြင်းဆန်ပါ။ ဆုလာဘ်: ပင်လယ်ကျယ်ကျိန်စာ (အနက်ရောင်အဆင့်၊ အဆင့်မြင့်တန်း)]
[ရွေးချယ်စရာ ၂: ချန်လျန်ကျီကို ကြားဝင်ဖြန်ဖြေခိုင်းပါ။ ဆုလာဘ်: ခြေလှမ်းခုနစ်လှမ်းကျင့်စဉ် (အနက်ရောင်အဆင့်၊ အဆင့်နိမ့်တန်း)]
[ရွေးချယ်စရာ ၃: ခန်းမသခင်နှင့် သဘောတူလိုက်ပါ။ ဆုလာဘ်: ကျပန်း အခြေခံ ကျွမ်းကျင်မှုအမှတ် +၁]
'သေစမ်း... ကြည့်ရတာ ခန်းမသခင်က ဒီတစ်ခါ တကယ်အလေးအနက်ထားနေပုံပဲ'
ကျန်းဟယ်ချင်း၏ ပုံမှန်မဟုတ်စွာ ခိုင်မာသောရပ်တည်ချက်ကို သိရှိသွားသောအခါ ကျန်းပေရန်က ချက်ချင်းပင် ရွေးချယ်စရာ သုံးကို ရွေးချယ်ပြီး ချန်လျန်ကျီဘက်သို့ လှည့်လိုက်သည်။
"ခန်းမသခင်ချန် ကျွန်တော် ခန်းမသခင်ကျန်းနဲ့ အရင်လိုက်သွားလိုက်ပါ့မယ်"
"ကောင်းပြီလေ မြန်မြန်ပြန်လာခဲ့"
ကျန်းပေရန် သဘောတူလိုက်သည်ကို မြင်သောအခါ ကျန်းဟယ်ချင်းက အလွန်ဝမ်းသာသွားသည်။
"ငါတို့မကြာခင် ပြန်လာမှာပါ"
စိတ်ထဲမှာ သက်ပြင်းချရင်း ကျန်းပေရန်က ကျန်းဟယ်ချင်းနောက်သို့ အခန်းထဲမှ လိုက်ပါသွားသည်။
သူတို့ တိတ်ဆိတ်စွာဖြင့် ဧည့်ကြိုပန်းသစ်တော်တန်ဆောင်းသို့ လျှောက်သွားကြသည်။ ထိုနေရာတွင် ကျန်းဟယ်ချင်းက ချက်ချင်းပင် ရှေ့သို့တိုးပြီး လက်အုပ်ချီကာ ပြုံးလိုက်သည်။
"စောင့်ရှောက်သူယွီ ခင်ဗျားတောင်းဆိုတဲ့လူကို ကျွန်တော်ခေါ်လာခဲ့ပါပြီ"
ခန်းမအလယ်တွင် ရပ်နေသော ယွီမန်ဝင်းက အနည်းငယ်ပြုံးပြီး အရိုအသေပြန်ပေးလိုက်သည်။
"ဒုက္ခပေးရတဲ့အတွက် ကျေးဇူးတင်ပါတယ် ခန်းမသခင်ကျန်း"
"မဟုတ်တာ ဒုက္ခလုံးဝမရှိပါဘူး။ ကျွန်တော့်ကို မြှောက်ပြောလွန်းနေပါပြီ စောင့်ရှောက်သူယွီ"
ထို့နောက် သူက ထိုင်ခုံတစ်လုံးကို စိတ်အားထက်သန်စွာ ဆွဲယူလိုက်သည်။
"ဘာလို့ရပ်နေရတာလဲ စောင့်ရှောက်သူယွီ လူတွေက ကျန်းဟယ်ချင်းက ဧည့်ဝတ်မကျေဘူးလို့ ပြောကြပါဦးမယ်။ ကျေးဇူးပြုပြီး ထိုင်ပါ ထိုင်ပါ"
ကျန်းဟယ်ချင်း၏ ဖားယားသော အပြုံးကို မြင်သောအခါ ကျန်းပေရန်မှာ သူ၏ကမ္ဘာအမြင် ပြိုလဲသွားသလို ခံစားလိုက်ရသည်။
'သေလိုက်တော့။ ငါ့မှတ်ဉာဏ်ထဲက ခန့်ညားပြီး သူရဲကောင်းဆန်တဲ့ ကြယ်တာရာအစီအရင်ဓား - ကျန်းဟယ်ချင်း ခန်းမသခင် ဘယ်ရောက်သွားလဲ'
ယွီမန်ဝင်း ထိုင်ပြီးသည်နှင့် ကျန်းဟယ်ချင်းက တံခါးဘေးတွင် ရပ်နေသော အစေခံကို စိုက်ကြည့်လိုက်သည်။
"ဒီလောက် ဂုဏ်သရေကြီးမားတဲ့ ဧည့်သည်ကို လက်ဖက်ရည်မဆက်သဘဲ နေနိုင်ရသလား"
အစေခံက စကားပြောတော့မည်အပြု ယွီမန်ဝင်းက ဖြတ်ပြောလိုက်သည်။
"သူ့ကိုအပြစ်မတင်ပါနဲ့ ခန်းမသခင်ကျန်း။ ကျွန်မက သူ့ကို ဒုက္ခမခံဖို့ ပြောထားတာပါ"
"အဲ့လိုမဖြစ်ဘူး။ လက်ဖက်ရည်က မရှိမဖြစ်ပဲ။ ကျွန်တော်မကြာသေးခင်က အလွန်ကောင်းမွန်တဲ့ ခရုစိမ်းလက်ဖက်ရည်ရထားတယ် အနံ့က အရမ်းလတ်ဆတ်တယ်၊ ခင်ဗျားမြည်းကြည့်ရမယ်"
သူက ကြောင်နေသော အစေခံဘက်သို့ ပြန်လှည့်လိုက်သည်။
"မင်းဘာကိုစောင့်နေတာလဲ။ သွားဖျော်တော့"
"ဟုတ်ကဲ့ ခု ဖျော်နေပါပြီ"
အစေခံက အလျင်စလို ထွက်ခွာသွားသည်။
"ခင်ဗျားက သိပ်ကြင်နာတာပဲ ခန်းမသခင်ကျန်း"
ယွီမန်ဝင်းက အနည်းငယ်ခေါင်းညိတ်လိုက်သည်။
"စောင့်ရှောက်သူယွီက ကျွန်တော်တို့ရဲ့ ဒီ နီလာနှလုံးခန်းမကို ကြွရောက်ချီးမြှင့်တဲ့အခါ ဒါက လုပ်သင့်လုပ်ထိုက်တာလေးတစ်ခုပါပဲ"
ကျန်းဟယ်ချင်းက ထို့နောက် ကျန်းပေရန်ကို လက်ယပ်ခေါ်လိုက်သည်။
"မင်းဘာလို့ အဲ့မှာရပ်နေသေးတာလဲ။ လာပြီး ငါတို့ဧည့်သည်ကို သေသေချာချာနှုတ်ဆက်"
ကျန်းဟယ်ချင်းက စကားပြောရင်း ယွီမန်ဝင်း၏ဘေးတွင် ထိုင်ခုံတစ်လုံးကို ဆွဲယူနေသည်ကို ကြည့်ရင်း ကျန်းပေရန် စိတ်ထဲမှာ လေးလံစွာ သက်ပြင်းချလိုက်သည်။
'ခန်းမသခင် ဒါက မိန်းမတွေကို ပိုးပန်းရမယ့်ပုံစံမဟုတ်ဘူး'