လင်းရီကို ထိပါးခြင်း
Vol. 135 Ch. 2012
“ ဒါပေမယ့် ဒီကိစ္စက ကျုပ်တို့နဲ့ ဘာမှမဆိုင်ဘူးမလား …”
“ ငါက အခု အနားယူနေပြီ .. ပြီးတော့ ပိုင်ရုံရှိုက ဖြည်းဖြည်းချင်း မြင့်တက်နေတယ်… ဒီလိုနဲ့ စောင့်ကြည့်နေတဲ့ မျက်လုံးတွေ အကုန်လုံးက သူ့ဆီ ရောက်သွားမှာ ငါ့အတွက် ကောင်းတဲ့ ကိစ္စပဲ …”
ဝေရိဟွာ သက်ပြင်းချပြီး မုန်းတီးစွာ ဆိုလိုက်၏။
“ ဒါပေမယ့် အဲ့စောက်ရူးက မောက်မာလွန်းတယ်… သခင်လေးလင်းရဲ့ အာဏာကို စိန်ခေါ်နိုင်ပြီ ထင်နေတာ … သူ သေသွားတဲ့အခါကျ မျက်လုံးတွေက ငါ့ဆီ ပြန်ရောက်လာတော့မှာ အဲ့လိုဆို မကောင်းဘူး …”
“ ကျုပ်အထင် ပိုင်ရုံရှိုက ဒီနှစ်တွေထဲ ဘာမဟုတ်တဲ့ လူတွေလောက် ကိုင်တွယ်ပြီး အတော်လေး သက်တောင့်သက်သာ ဖြစ်နေလို့နဲ့ တူတယ်… ဖြုံလောက်တဲ့ ပြိုင်ဘက်နဲ့ သူ မကြုံဖူးသေးလို့ ….”
“ လွယ်ကူနေရုံတင် ဘယ်ဟုတ်မှာ … သူက တဇောက်ကန်း …” ဝေရိဟွာ ပြောလိုက်ပြီး “ ကမ္ဘာကြီး အပေါ် သူမြင်ထားတဲ့ အမြင်က တဇောက်ကန်း လျှောက်လုပ်တာနဲ့ အကုန် ဖြေရှင်းနိုင်တယ်ထင်နေလား မသိဘူး … အဲ့လိုလုပ်တာက သူ့ကို ပြဿနာတွေပဲ ဖြစ်ပေါ်စေမှာ … တစ်နေ့ သခင်လေးလင်းနဲ့ ဆုံတဲ့အခါကျ တကယ့်ဒိတ်ဒိတ်ကျဲဆိုတာ ဘယ်လိုလူကို ခေါ်လဲ သူ နားလည်သွားလိမ့်မယ်…”
“ သခင်လေးလင်းက သူ့လိုလူလောက်တော့ လက်ညှိုးတစ်ချောင်းပါပဲ …” လက်ထောက်က ပြောလိုက်သည်။
“ လက်ညှိုးတစ်ချောင်းတဲ့လား … ဟားဟား .. ငါတော့ သူ သခင်လေးလင်းကိုတောင် မမြင်လိုက်ရဘဲ ချေမှုန်းခံလိုက်ရမှာ စိုးတာ …”
“ မာစတာဝေ ပြောတာ မှန်သားပဲ… ဟားဟားဟား ….”
…….
ဟိုတယ် သီးသန့်ခန်းအတွင်း၌ ပိုင်ရုံရှိုသည် ယခုအချိန်ထိ ထွက်ခွာသွားခြင်း မရှိသေးချေ။
နေရာတွင် တိတ်ဆိတ်လျက် ထိုင်နေရင်း အဖြူရောင် ဆေးလိပ်မီးခိုးငွေ့တို့က သူ့အနား လွင့်ဝဲနေသည်။
“ ဘော့စ် … ဝေရိဟွာ ကြည့်ရတာ ဘော့စ်ရဲ့ လုပ်ရပ်ကို ထောက်ခံအားပေးချင်တဲ့ပုံ မပေါ်ဘူးပဲ … ဖြစ်နိုင်တာ သူ့ရဲ့ ပိုင်နက်နဲ့ အာဏာကို လက်မလွှတ်ချင်လို့များလား …”
ပြောလိုက်သူက ပိုင်ရုံရှိုထက် အရပ်အမောင်း ပိုကောင်းပြီး ဆံပင်ဘေးခွဲစတိုင် ၊ ညိုညစ်သည့် အသားအရေ၊ မျက်လုံးထောင့်စွန်းတွင်လည်း အရေးအကြောင်းတွေ ပေါ်လွင်နေကာ အကြမ်းပတမ်းခံသည့် ခံစားချက်မျိုးအား ပေးစွမ်းနေသည်။
ဤလူကတော့ ပိုင်ရုံရှို၏ လူယုံ ၊ ဝူရှုကွမ်းပင်။
“ မဖြစ်နိုင်ဘူး … သူသာ ဆန္ဒမရှိရင် ဘာကိစ္စ အနားယူဖို့ စီစဉ်နေတော့မှာ … ဝေရိဟွာကို ငါ နားလည်ထားသလောက်ဆိုရင် သူက စိတ်ဓာတ်မပြတ်သားဘဲ ချီတုံချတုံ ဖြစ်တတ်တဲ့ လူစားမျိုး မဟုတ်ဘူး …”
“ ဧကန္တ… သခင်လေးလင်းဆိုတဲ့ လူကြောင့် သူ သဘောမတူတာများလား …”
“ အဲ့လိုလည်း မဖြစ်နိုင်ဘူး …” ပိုင်ရုံရှို ပြောလိုက်ပြီး “ ငါ သူ့ကို သိတယ်… သူ့နာမည်က လင်းရီ … အပေါ်ယံမှာ ပိုက်ဆံတွေ အများကြီးရှိပြီး သူ့လက်အောက်မှာ လူတွေ အများကြီး ရှိတယ်… သူ့မှာ အာဏာတစ်ချို့ ရှိတော့ ဝေရိဟွာက သူ့ကို ရှိန်တာ သဘာဝပဲ …”
“ ဟက်…”
ဝမ်ရှုကွမ်းသည် အထင်တသေး နှာမှုတ်လိုက်ပြီး “ ကျုပ် သူ့လို လူမျိုးတွေ အများကြီး မြင်ဖူးတယ်… သူတို့က ငွေပုံပေးပြီး လူဝယ်တတ်ကြတဲ့ လူစားမျိုးပဲ … ပြဿနာတတ်လာရင် ပိုက်ဆံပုံပေးမယ်… ဒါပေမယ့် ကျုပ်တို့နဲ့တော့ မယှဉ်နိုင်ပါဘူး …”
ပိုင်ရုံရှို ခေါင်းညိတ်ပြီး ဝမ်ရှုကွမ်း၏ စကားကို ထောက်ခံလိုက်သည်။ သူသည်က လူမိုက်စစ်စစ်ဖြစ်ပြီး အကြောက်အရွံ့ကင်းကာ ရည်မှန်းချက် ပြည့်ဝဖို့အတွက် မည်သည်ကိုမဆို ပြုလုပ်ရန် ဝန်မလေးသည့် လူတစ်ယောက်ဖြစ်ကြောင်း ကိုယ့်ကိုယ်ကို နားလည်သည်။ သို့သော် လင်းရီကတော့ ကွဲပြား၏။ သူက လူမိုက်တစ်ချို့ရှိသည့် သူဌေးကြီး တစ်ဦးသာဖြစ်ပြီး သူကဲ့သို့ ရေမရောသည့် လူမိုက်ကြီး တစ်ယောက်နှင့် မည်သို့မျှ နှိုင်းယှဉ်နိုင်မှာ မဟုတ်ချေ။
“ ကောင်းပြီ … ဒီကိစ္စ သေချာ စောင့်ကြည့်ပြီး သူ့ကို ညစာ ဖိတ်လို့ ရမရ မေးလိုက် …” ပိုင်ရုံရှို ပြောလိုက်သည်။ “ သူက ငါတို့ကို လေးစားသမှု ရှိတယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ … မဟုတ်ရင်တော့ အခွင့်အရေးရှာပြီး ဒီလောကထဲကနေ မောင်းထုတ်စ်မယ်… သခင်လေးလင်းလည်း ဂရုမစိုက်ဘူး .. သခင်လေးလီလည်း ဂရုမစိုက်ဘူး … ငါသွားမယ့်လမ်းကို လာနှောင့်ယှက်ဝံ့သူ အကုန် ငါ့ရန်သူပဲ …”
“ နားလည်ပါပြီ..”
ကလင် ကလင် ကလင်….
ထိုအချိန်တွင် ဝမ်ရှုကွမ်း၏ ဖုန်းသံ မြည်လာခဲ့၏။ သူ့လူများထဲက တစ်ယောက်မှ ဆက်သွယ်လာခဲ့ခြင်းပင်။
“ ပြဿနာတက်နေတယ်ဟုတ်လား … မင်း ငါ့နာမည်ကို မပြောပြလိုက်ဘူးလား …”
“ ဒီ ဖရုံသီးလေးတွေကတော့ မာသထက် မာလာတာပဲ … ညစ်ပတ်တဲ့ ပိုက်ဆံလေး နည်းနည်း ရှိတာနဲ့ သူတို့ လုပ်ချင်သလို လုပ်လို့ရပြီများ ထင်နေလား မသိဘူး ….”
“ အဲ့မှာ စောင့်နေ … ငါ အခုလာပြီ …”
ဖုန်းချပြီးသည့်နောက် ဝမ်ရှုကွမ်းသည် ပိုင်ရုံရှိုဘက်သို့ လှည့်လိုက်သည်။
“ ဘာဖြစ်တာလဲ …”
“ မိုဒူးမှာ ကျုပ် ကောင်လေးတစ်ချို့ သူဌေးသားတွေလက်ထဲ ပစ္စည်းနဲ့ ဖမ်းခံထားရလို့ … တစ်ဖက်က ရဲခေါ်မယ်ဆိုပြီး ခြိမ်းခြောက်နေတယ်…."
“ သွားကြည့်လိုက် ..” ပိုင်ရုံရှို ပြောလိုက်ပြီး “ ဒီ ဆန်ကုန်မြေလေးတွေရဲ့ သွေးက ရဲသထက် ရဲလာနေပြီပဲ … သူတို့ကို သင်ခန်းစာ ပေးဖို့ အချိန်တန်ပြီ …”
“ အင်း … တခြား ပြဿနာတွေ မဖြစ်အောင် ကျုပ် သွားဖြေရှင်းလိုက်ဦးမယ်…”
“ သွား …”
…..
မိုဒူး၌။
လင်းရီနှင့် ကျန်သူများမှာ ပထမထပ်ရှိ သူတို့၏ booth သို့ ပြန်ရောက်လာခဲ့ကြပြီ ဖြစ်သည်။
သူတို့ ဖမ်းဆီးထားသည့် လူနှစ်ယောက်ကို လုံခြုံရေး အစောင့်များက ခေါ်သွားကြပြီ ဖြစ်သဖြင့် သူတို့၏ စိတ်အခြေအနေအပေါ် သက်ရောက်မှုတော့ မရှိချေ။
ကံမကောင်းစွာဖြင့် လင်းရီ အောက်ဆင်းလာသည့် အချိန်၌ လီချောင်နှင့် သူ့ မိတ်ဆွေသူငယ်ချင်းတို့မှာ ဘားထဲကနေ ထွက်ခွာသွားခဲ့ကြပြီး ဖြစ်လေသည်။
ဘားအတွင်းရှိ သက်ဝင်လှုပ်ရှားသည့် လေထုက ဆက်လက် တည်တံ့နေပြီး အနေအကျင့် မျိုးစုံနှင့် အလှလေးတို့မှာ တစ်ယောက်ပြီး တစ်ယောက် သူတို့ ဝိုင်းသို့ လာကာ သူမတို့၏ ကိုယ်ခန္ဓာအား တွန့်တိုနေကြခြင်း မရှိပေ။
“ လင်းကော … ဥက္ကဌကျီရဲ့ အမေက ဒီ အပတ် ပိတ်ရက်မှာ မွေးနေ့ပွဲ လုပ်မှာနော်… မင်း လက်ဆောင် ပြင်ဆင်ပြီးပြီလား …” သောက်နေရင်းဖြင့် ကောင်းကျုံးယွမ် မေးမြန်းလာခဲ့သည်။
“ မင်းလည်း သွားမှာမလား … မင်း ဘာရွေးထားလဲ …”
“ ယွမ်ယွမ်က ငါတို့နှစ်ယောက်ကိုယ်စား လက်ဆောင်ပေးမှာ ဆိုတော့ ငါက ရွေးစရာမလိုဘူး …”
“ မင်းတို့နှစ်ယောက်ကရော …” လင်းရီသည် ချင်းဟန်နှင့် လျန်ကျင်းမင်ကို ကြည့်၍ မေးလိုက်သည်။
“ ငါက ဘယက်တစ်ခု ဝယ်ထားတယ်… ချင်းကောက ကျောက်စိမ်းပုတီး …”
“ ငိုးတဲ့မှ … မင်းတို့ကောင်တွေက အကုန်ဝယ်ထားပြီးကြပြီ … ဘာလို့ ငါ့ဖို့ပါ ပိုပြီး တစ်ခုခုလောက် မဝယ်ခဲ့ကြလဲ …”
“ ဘာလို့ဆို မင်းမှ ဘာမှမပြောပဲကို …” လျန်ကျင်းမင် ပြောလိုက်ပြီး “ ပြီးတော့ အဲ့တာက မင်းရဲ့ အနာဂတ် ယောက္ခမလောင်းကြီးလေ… ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်တိုင်ကိုယ်ကျ ရွေးပြီး စိတ်ရင်းတချို့တော့ ပြပေးသင့်တာပေါ့ ဟုတ်တယ်မလား …”
လင်းရီ နှုတ်ခမ်းကိုက်မိလိုက်သည်။ “ ငါ အချိန်ရရင် တစ်ချက် သွားကြည့်လိုက်မယ်…”
“ လင်းကော … မင်း လေးလေးနက်နက်ထားဖို့ ငါ အကြံပေးချင်တယ်… မင်းနဲ့ ဥက္ကဌကျီတို့ ဆက်ပြီး ရှေ့ဆက်သွားနိုင်မလားဆိုတာ ဒီကိစ္စအပေါ် မူတည်နေတာနော်….” ကောင်းကျုံးယွမ် ပြောလိုက်ပြီး “ နောက်ပြီး ဘာပဲပြောပြော ယွမ်ယွမ်က ငါ့ရှေ့မှာ မင်းကို သိပ်ပြီး မကျိန်ဆဲတော့ဘူးဆိုတော့ ဒါက ကောင်းတဲ့ လက္ခဏာပဲ …”
“ မင်းမိန်းမကို ကုမ္ပဏီရန်ပုံငွေတွေ လျှော့သုံးဖို့ ပြောလိုက်ဦး …” လင်းရီ ပြောလိုက်ပြီး “ ချင်းရန်တောင် မင်းယွမ်ယွမ်လောက် အသုံးဖြုန်းမကြီးဘူး ….”
“ ဟီးဟီး … ကိုယ့်ပိုက်ဆံနဲ့ သူများ ဇနီးကို ထောက်ပံ့ပေးတယ်… လင်းကော … မင်းက တကယ်ရက်ရောတာပဲ …” လျန်ကျင်းမင် စနောက်လိုက်၏။
“ ယီးကို ရက်ရော … လစ်စမ်း …”
တစ်အုပ်စုလုံး ကျယ်လောင်စွာ ရယ်မောလိုက်ကြပြီး ခွက်ချင်းတိုက်ရန်အတွက် ဖန်ခွက်များအား ပင့်မြှောက်လိုက်ကြလေသည်။ လေထုမှာလည်း ပေါ့ပါးကာ သက်တောင့်သက်သာ ဖြစ်နေလျက် ရှိသည်။
ထိုအချိန်တွင် ဝမ်ရှုကွမ်းသည် သူ့လူနှစ်ယောက်နှင့်အတူ ဘားထဲသို့ ဝင်ရောက်လာခဲ့သည်။
သူတို့၏ ရောက်ရှိလာမှုက အာရုံတချို့ကို ဆွဲဆောင်သွားခဲ့၏။
အမျိုးသားနှင့် အမျိုးသမီးတချို့မှာ သူတို့၏ မျက်နှာထက်၌ အထင်သေးပြီး မသတီသည့် မျက်နှာအမူအရာများကို ပေါ်ပေါ်ထင်ထင် ပြသလာသည်။
မိုဒူးကဲ့သို့ အဆင့်တန်းမြင့်သည့် ဘား၌ အလုပ်သမားနှင့် တူသည့် လူတချို့ ရောက်လာသည်က ဤနေရာနှင့် မအပ်စပ်ဘဲ အနည်းငယ် ကွဲထွက်နေလျက် ရှိသည်။
၎င်းတို့၏ သာမန်သွင်ပြင် ၊ အလုပ်သမားကဲ့သို့ အဝတ်အစားများနှင့် ဖြစ်သော်လည်းပဲ ဘားဝန်ထမ်းများကတော့ သူတို့ကို ခွဲခြားဆက်ဆံခြင်း မပြုခဲ့ပေ။ ဝိတ်တာကောင်လေး တစ်ယောက်က သူတို့အနားသို့ ရောက်လာပြီး နှုတ်ဆက်လေသည်။
“ ဟယ်လို … ပြောစာဖွင့်ချင်ပါသလားဆရာတို့ …”
ဝမ်ရှုကွမ်း ခေါင်းခါရမ်းလိုက်ပြီး “ ငါ ဒီကို လာတာ လူရှာဖို့ပဲ … မင်းတို့ ဘော့စ်ကို ခေါ်ခဲ့လိုက် …”
“ ကျုပ်တို့ ဘော့စ်ကို ရှာနေတာလား …” ဝိတ်တာလေးမှာ အံ့အားသင့်သွားခဲ့သည်။
“ ဟုတ်တယ်…. ငါ ကြားတာ မင်းတို့ဘော့စ်က သူဌေးသားတွေဆို … ငါ့မှာ သူတို့နဲ့ ဆွေးနွေးစရာ ရှိတယ်….”
“ စိတ်မရှိပါနဲ့ ဆရာ … ကျုပ်တို့ ဘော့စ်က ဧည့်သည်တချို့ကို ဧည့်ခံနေလို့ အခုလောလောဆယ် တွေ့ဖို့ အချိန်မရှိသေးပါဘူး …”
“ ဒါဆိုလည်း ယီးမို့လို့ ငါ့လမ်းရှေ့မှာ လာပိတ်ရပ်နေတာလား …”
ပြောပြီးသည်နှင့် ဝမ်ရှုကွမ်းသည် ဝိတ်တာကောင်လေးကို ဘေးသို့ တွန်းဖယ်လိုက်ပြီး ခပ်ဝေးဝေးသို့ လွင့်ထွက်သွားစေသည်။ ဝိတ်တာကောင်လေးမှာ အလစ်ငိုက် ဖြစ်သွားခဲ့သဖြင့် အရက်ဗန်းကို ကိုင်လာသည့် အခြား ဝိတ်တာတစ်ဦးနှင့် တိုက်မိသွားခဲ့ကာ ဖန်ခွက်ကွဲသံတို့ ဆူညံသွားခဲ့သည်။
အားးးးးးး
မိန်းကလေးအချို့မှာ ငယ်သံပါအောင် အော်မြည်လိုက်ကြ၏။ ဝင်ပေါက်ဝရှိ လာရောက်လည်ပတ်သူများလည်း အသံများကြားတော့ နေရာထံ လှမ်းကြည့်လိုက်ပြီး ဝမ်ရှုကွမ်းနှင့် သူ့လူနှစ်ယောက်ကို မြင်တွေ့သွားခဲ့သည်။
“ ဒီသုံးကောင်က ဘာတွေ လုပ်နေတာ … ဒီကို ပြဿနာ လာရှာနေတာလား …” ကောင်းကျုံးယွမ် ရေရွတ်လိုက်လေသည်။
“ သွားကြည့်ကြတာပေါ့ …”
လျန်ကျင်းမင် မတ်တပ်ရပ်၍ ဝမ်ရှုကွမ်းထံ လျှောက်လှမ်းသွားခဲ့သည်။
“ ဒီက ညီကို … မင်း ပြောစရာ ရှိရင် စကားနဲ့ပဲပြော … ငါ့ဝန်ထမ်းတွေကို လက်မပါနဲ့ …”