← Chapters

ရန်စီရဲ့ ဖုန်းကော

Vol. 135 Ch. 2014

ရန်စီရဲ့ ဖုန်းကော

Vol. 135 Ch. 2014

“ ငါ အခုတော့ … အဲ့ဒီ ဝေရိဟွာဆိုတဲ့ အဘိုးကြီးက တကယ် မရတော့ဘူးဆိုတာ မြင်နိုင်သွားပြီ … သခင်လေးလင်းလို့ ခေါ်တဲ့ လူက အရည်အချင်း တစ်ချို့ ရှိကောင်း ရှိလိမ့်မယ်… ဒါပေမယ့် ငါတို့ ကြောက်ရလောက်တဲ့ အတိုင်းအတာထိတော့ မဟုတ်သေးဘူး.. ဝေရိဟွာ ကြောက်နေတယ်ဆိုတာ သူ့ရဲ့ လက်ရှိ အခြေအနေက အရင်နဲ့မှ မတူတော့တာ …”

ဝမ်ရှုကွမ်း ခေါင်းညိတ်ပြီး “ ဒါပေမယ့် ကျုပ်တို့ကတော့ မတူဘူး … ကျုပ်တို့ရဲ့ လက်ရှိ အနေအထားက သူ့ကို သတိနဲ့ ဆက်ဆံရလောက်တဲ့ အထိ ဖြစ်နေပြီ … ဒီတော့ သဘောထား မတိုက်ဆိုင်တာတွေ ရှိလာရင် ကျုပ်တို့ကို လေးစားမှု ပြရမှာ သဘာဝပဲ …”

“ ငါတော့ ဝေရိဟွာကို အထင်ကြီးလွန်းနေခဲ့မိတာပဲ ..” ပိုင်ရုံရှို သက်ပြင်းချ၍ “ ငါသာ အစောတုန်းကတည်းက သိခဲ့ရင် သူ့ကို ထမင်းအတူစားဖို့ မဖိတ်လိုက်ပါဘူးကွာ … အလကား အချိန်ကုန်တာပဲ ရှိတယ်…”

“ အမှန်ပဲ … သူ ပြောနေတဲ့ လေသံက တစ်ဖက်လူကို ကျော်လွှားမရတဲ့ ထိုက်တောင်ကြီးလိုလို ဘာလိုလိုနဲ့ တကယ့်တကယ်ကျတော့ ဘာမှလည်း ဟုတ်မနေဘူး … ကျုပ်သာ ဒီနေ့ တိုက်ဆိုင်ပြီး မတွေ့ဖြစ်ခဲ့ဘူးဆိုရင် သူ့စကားတွေကို နားယောင်ပြီး ရှေ့ဆက်ဖို့ အတော်လေး အခက်တွေ့နေရလောက်တယ်…”

“ အဲ့တာ တကယ်ပဲ … မင်း စောန မရှိတုန်းက ငါ ဒီကိစ္စကို တောက်လျှောက်စဉ်းစားနေတာ ဒါပေမယ့် ဆုံးဖြတ်ချက် တစ်ခုကို မချနိုင်သေးဘူး … အခုတော့ ဘာကြောက်စရာမှ မလိုတော့ဘူး …” ပိုင်ရုံရှို အပြုံးလေးဖြင့် ပြောလိုက်ပြီး “ သူ့အသက်အရွယ် ၊ သူ့အတွေ့အကြုံလောက်လေးနဲ့ … ငါနဲ့ မျက်နှာချင်းဆိုင်တွေ့ရင် လေးလေးစားစား စီနီယာဆိုပြီးတောင် ခေါင်းစဉ်တပ် ခေါ်ရဦးမယ်….”

“ ဘော့စ်ပြောတာ မှန်တယ်… ဒါဆို သူ့ကို ထမင်းစားဖိတ်ဖို့က လုပ်ဦးမှာလား …”

“ ဒါပေါ့ … ဘယ်လိုပဲဆိုဆို သူက ကျိုးဟိုင်မှာ လွှမ်းမိုးမှုတစ်ချို့ ရှိတဲ့လူပဲ … သူနဲ့ တည့်အောင်ပေါင်းတာကလည်း မဆိုးပါဘူး …” ပိုင်ရုံရှို ပြောလိုက်ပြီး “ ပြီးတော့ သူ့ဘက်ကလည်း ငါတို့ကို မျက်နှာသာ ပေးခဲ့သေးတယ်မလား … ကိုယ့်ဘက်ကလည်း စေးနည်းနေလို့ ဘယ်ဖြစ်မှာ … အချိန်ရတယ်ဆို ထမင်းတစ်နပ်လောက် ဖိတ်ကျွေးကြတာပေါ့ … ပြီးရင် ငါတို့အချင်းချင်း မိတ်ဆွေတွေ ဖြစ်သွားပြီ …”

“ ကျုပ် နားလည်ပြီ…”

ပိုင်ရုံရှို ပျင်းရိစွာ အညောင်းဆန့်လိုက်ပြီး “ ကောင်းပြီ … လောလောဆယ်တော့ ဒီလောက်ပဲ … ကျန်တာကို မင်းဘာမင်းပဲ စီစဉ်လိုက် … ငါ ခဏလောက် မှေးလိုက်ဦးမယ်….”

“ ဟုတ်ကဲ့ …”

….

ထို့နေညတွင် လင်းရီတို့ လေးဦးလုံး မနက်ခင်းရောက်ချိန်ထိ မရပ်မနား အရက်သောက်နေခဲ့ကြသည်။ လွန်ချိန်ကိုရောက်တော့ သူတို့အားလုံး အိမ်သို့ မပြန်ကြဘဲ ပန်နီဆူလာဟိုတယ်သို့ ဦးတည်လိုက်ကြ၏။

နောက်တစ်နေ့နံနက်ခင်း ၊ လင်းရီ မျက်လုံးဖွင့်လာသည့် အချိန်၌ လီချူးဟန်ထံက ဝီချက်မက်ဆေ့ချ် ရောက်ရှိနေကြောင်းကို မြင်တွေ့လိုက်ရသည်။

ပြောထားသည်က သူ အဆင်ပြေသည်ဆိုပါက ဆေးရုံသို့လာပြီး ပတ်တီးလာလဲဖို့ပင်။

အနှီ ဂရုစိုက်ပေးသည့် မက်ဆေ့ချ်ကို မြင်တော့ လင်းရီကိုယ်တိုင်ပင် သတိမထားမိလိုက်ပါဘဲ မျက်နှာထက်၌ အပြုံးတစ်ခုက အလိုအလျောက် ဖြစ်ပေါ်လာသည်။

ထို့နောက် ဝမ်ထျန်းလုံကို ခေါ်ပြီး မီးဖိုချောင်သို့သွား၍ လီချူးဟန်အတွက် မုန့်တစ်ချို့ ပြုလုပ်ထားရန် ညွှန်ကြားလိုက်သည်။ ပြီးနောက် အိပ်ရာထ၊ မျက်နှာသစ်ပြီး လက်ထဲတွင် မုန့်အချိုအားကိုင်၍ ဟွာရှန်းဆေးရုံသို့ ဦးတည်လာသည်။

ပုံမှန် အချိန်များကဲ့သို့ လင်းရီ ဤနေရာသို့ ရောက်လာသည့် အချိန်တိုင်း နာ့စ်များ၏ အားတက်သရော ကြိုဆိုမှုကို ခံလိုက်ရလသည်။

တစ်ခါတစ်ရံ အနှီ နာ့စ်ငယ်လေးများက အိမ်တွင် အခက်အခဲ တစ်ချို့ ကြုံရတတ်သည့်အချိန်၌ သူ့အား အကူအညီ လာတောင်းလေ့ ရှိသည်။ လင်းရီလည်း သူ တတ်နိုင်သည့်အရာကို ကူညီပေးဖို့ ဘယ်တုန်းကမျှ တွန့်ဆုတ်ခဲ့ခြင်း မရှိချေ။

“ ဒါရိုက်တာလင်း … ဒီနေ့ရော ကျွန်မတို့ဖို့ ဘာအရသာရှိတာတွေ ဝယ်လာခဲ့လဲ …” B cup နှင့် နာ့စ်တစ်ဦးက မေးမြန်းလာခဲ့သည်။

“ ပန်နီဆူလာဟိုတယ်က အချိုပွဲမုန့်… မင်းတို့ တစ်ယောက်ချင်းစီအတွက်နော်…”

“ ဝေါင်း … အဲ့တာက စတားဘက်ထက်တော့ ပိုကောင်းမှာပဲ … ကျေးဇူးနော် ဒါရိုက်တာလင်း .. မွ …”

“ ဒါရိုက်တာလီက ဒီနေ့ ဆေးခန်းထိုင်တယ်နော်… ဒါကို နင်တို့အားလုံးက ဒါရိုက်တာလင်းနဲ့ အီစီကလီ လုပ်နေကြတယ်ဆိုတော့ အသက်ရှင်နေရတာ ပျင်းနေကြလို့လား …” နာ့စ်အကြီးအကဲ ခေါင်းဆောင်က ကြိမ်းလိုက်၏။ “ ပြီးတော့ ငါ့ကိုလည်း မပါဘူးမထင်နဲ့ .. သတိထား … မဟုတ်ရင် နင်တို့ရဲ့ ဒီလ ဘောနပ်စ်တွေ ဖြတ်ပစ်မယ်…”

“ ခစ်ခစ်ခစ် …”

“ ဒါရိုက်တာလီက ဒီနေ့ ဆေးခန်းထိုင်တယ်ဟုတ်လား …”

လင်းရီမှာ ခေတ္တမျှ ပြောစရာ စကား ကင်းမဲ့သွားခဲ့သည်။ လီချူးဟန်ထံက ဝီချက်မက်ဆေ့ချ်ရသည်နှင့် ထွက်လာခဲ့ပြီး သူမ ဆေးခန်းထိုင်ရမည့် အကြောင်းကိုတော့ မေ့လျော့နေခဲ့၏။

“ ဟုတ်တယ်… ဒါပေမယ့် ဒါရိုက်တာလီက အခုတလော လူနာကို အကန့်အသတ်နဲ့ပဲ လက်ခံတော့တာလေ… တစ်နေ့ကို အယောက် ၂၀ လောက်ပဲ ယူတော့တယ်… ခဏဆို ပြန်လာလောက်ပါပြီ …”

“ ကောင်းပြီလေ… အဲ့ဒါဆိုလည်း စောင့်လိုက်တာပေါ့ …” လင်းရီ အလျင်လိုခြင်း မရှိပေ။ နာ့စ်များ နားနေသည့် နေရာ၌ ထိုင်နေရင်း မိန်းမငယ်လေးများနှင့်အတူ စကားပြောဆိုနေခဲ့သည်။

နာရီဝက်ခန့် ကြာပြီးနောက် လီချူးဟန်နှင့် ချောင်ရှင်းတို့မှာ ဓာတ်လှေကားထဲက အသီးသီး ထွက်လာခဲ့ကြသည်။

လီချူးဟန် လူနာကြည့်သည့်အခါတိုင်း ချောင်ရှင်းကိုလည်း အမြဲတမ်း ခေါ်သွားလေ့ရှိသည်။ ဆရာဝန် တစ်ယောက်အဖို့ လူနာကြည့်သည့် အတွေ့အကြုံက တန်ဖိုးမဖြတ်နိုင်လောက်အောင် အဖိုးတန်လွန်းလှလေသည်။ ဤအတောအတွင်း ချောင်ရှင်းသည်လည်း လီချူးဟန်ထံမှ အများအပြား သင်ယူနိုင်ခဲ့ပြီး သူမ၏ ဆေးပညာ အရည်အချင်းသည်လည်း သိသိသာသာ တိုးတက်လာခဲ့၏။

“ အစ်ကိုရီ …”

လင်းရီကို မြင်သည့်အခါ၌ ချောင်ရှင်း၏ ခြေလှမ်းတို့မှာ ခပ်သွက်သွက်ဖြစ်လာသည်။

“ ဒီ တစ်ခါရော ဘာအရသာ ရှိတာတွေ ပါလာခဲ့သေးလဲ …”

“ မုန့်အချိုယူလာပေးတယ် စားကြည့်ကြည့် …”

“ ခစ်ခစ်ခစ် … ဒါဆို ညီမ အားမနာတော့ဘူးနော်… တစ်မနက်ခင်းလုံး အလုပ်လုပ်ထားရတာ ဗိုက်လည်း အတော်လေး ဆာနေပြီ …”

ပြောပြီးသည်နှင့် ချောင်ရှင်းသည် တုံ့ဆိုင်းမနေဘဲ လင်းရီ ယူလာခဲ့သည့် အစာသွပ်မုန့်များကို အားပါးတရ သုံးဆောင်တော့၏။

“ အနာ ဘယ်လိုနေသေးလဲ … အရမ်း နာနေသေးလား …”

“ အဆင်ပြေပါတယ်… ဒါပေမယ့် ပြင်းပြင်းထန်ထန် လှုပ်ရှားလို့တော့ မရသေးဘူး …”

“ အတွင်းဘက်ပိုင်းကတော့ သက်သာသွားပြီ… အပြင်ဘက် သက်သာဖို့ပဲ လိုတော့တယ်…” လီချူးဟန် ပြောလိုက်သည်။ “ ဒါပေမယ့် ခုတလော ရာသီဥတုကပူတော့ အနာရင်းနိုင်ချေလည်း များတယ်… ပုံမှန်ဆေးထည့်ပြီး ဆေးလည်း သောက်ဖို့ မမေ့နဲ့ …”

“ အဲ့လောက်ထိ လိုလို့လား .. ငါတော့ အဆင်ပြေတယ်ထင်တာပဲ …”

“ လိုမှလုပ်တာထက်တော့ ပိုမကောင်းဘူးလား …” လီချူးဟန် ညင်သာစွာ ပြောဆိုလိုက်သည်။

“ ကောင်းပြီလေ… မင်းပြောတာကို နားထောင်မယ်…”

လီချူးဟန်၏ အပြုံးမှာ ညင်သာသွားခဲ့ပြီး “ သွားစို့ … အနာကို ကြည့်ပေးမယ်…”

“ အင်း ..”

သုံးယောက်သား လူနာခန်းထဲသို့ ဝင်သွားခဲ့ကြသည်။

လီချူးဟန်သည် ပတ်တီးစအား ဖယ်၍ လင်းရီ၏ အနာကို စစ်ဆေးလေသည်။

“ အစ်ကိုရီရဲ့ အနာကျက်နှုန်းကတော့ အံ့ဩဖို့ကောင်းလောက်အောင် မြန်လွန်းတယ်… ရက်နည်းနည်းပဲ ရှိသေးတာတောင် ဒီအနေအထားထိ ရောက်လာနေပြီ … ပုံမှန်လူဆို ဒီအနေအထား ဖြစ်ဖို့ အနည်းဆုံး တစ်ပတ်လောက်ကြာတယ်…”

“ ငယ်ရွယ်တာကလည်း သက်သာတဲ့ ဖြစ်စဉ်ကို ပိုပြီး လျင်မြန်စေတယ်လေ…”

အနာကျက်မြန်သည်က စနစ် ပြုပြင်ပေးထားသည့် ခန္ဓာကိုယ်အခြေအနေကြောင့်ဆိုတာကို လင်းရီ သိသော်လည်းပဲ ငယ်ရွယ်မှုကြောင့်ဟုသာ ဆိုကာ ရှည်ရှည်ဝေးဝေး ရှင်းပြမနေတော့ချေ။

“ မြန်တယ်ဆိုတိုင်းလည်း ဂရုမစိုက်ဘဲ မနေနဲ့ဦး ….”

“ အင်းပါ … ငါ နားလည်ပါတယ်…”

ချောင်ရှင်းသည် လျင်မြန်စွာဖြင့် လင်းရီ၏ အဝတ်အား လဲလိုက်ပြီး IV drip ကို တပ်ဆင်လိုက်သည်။ ဆေးချိတ်ပြီးသည်နှင့် အခြား မည်သည်ကိုမျှ စိတ်ပူရန် လိုအပ်မှာ မဟုတ်တော့ချေ။

“ မင်းတို့ လုပ်စရာ ရှိတာ လုပ်ကြလေ… ငါ့ကို စိတ်ပူစရာ မလိုဘူး …”

“ ဒါဆိုလည်း နင် ဒီမှာ ခဏနေလိုက်ဦး … ငါ တခြား လူနာတွေကို လိုက်ကြည့်လိုက်ဦးမယ်….”

“ အင်း … ကောင်းပြီ ..”

လီချူးဟန်တို့ ထွက်ခွာသွားခဲ့ပြီးနောက် လင်းရီသည် ကုတင်ပေါ်တွင် လဲလျောင်းနေရင်း အားလပ်သည့် ယခုအချိန်၌ မည်သို့သော လက်ဆောင် ပေးရမလဲဆိုတာကို စဉ်းစားကြံဖန်နေသည်။

သူ့ အနာဂတ် ယောက္ခမလောင်းကြီး၏ မွေးနေ့က နီးကပ်လာပြီ ဖြစ်ပြီး ထိုကိစ္စကို သူ့ဘက်က အရေးတယူပြုဖို့လိုသည်။

ကလင် ကလင် ကလင် …

လက်ဆောင်များအား အင်တာနက်ပေါ်တွင် ရှာဖွေနေစဉ်၌ ရန်စီထံက ဖုန်းဝင်လာသည်။

“ ဥက္ကဌလင်းရှင့် .. ဘာတွေများ အလုပ်ရှုပ်နေပါသလဲ ..”

ရန်စီ၏ ချိုသာသိမ်မွေ့သည့် အသံမှာ ဖုန်းထဲက ထွက်လာသည်။

“ ဥက္ကဌလင်းလို့ ခေါ်လာတယ်ဆိုတော့ ကောင်းတဲ့ ကိစ္စပြောမှာတော့ မဖြစ်နိုင်လောက်ဘူး ဟုတ်တယ်မလား …”

“ နင်က ဝမ်းသာရကောင်းမှန်း မသိတဲ့လူပဲ … ငါက နင့်ကို စကားအကောင်းပြောနေတာ … အဲ့တာတောင် လူကို အကြံသမား လာထင်နေတယ်… ဒီက မပျော်တော့ဘူး … ဟွန့် ... ”

“ ဆိုတော့ ဘာကိစ္စမှ မရှိဘူးပေါ့ ….”

“ ဟီးဟီး .. အဲ့လိုလည်း မဟုတ်ဘူး …”

ရန်စီ ရယ်မော၍ “ တကယ်တော့ ငါနင့်ကို တစ်ခုလောက် အကူအညီတောင်းချင်လို့ …”

“ မြင်လား … ငါသိသားပဲ … ပြော … ဘာကိစ္စလဲ …”

“ သဘောတူမယ်လို့ အရင်ကတိပေး … ပြီးရင် ပြောပြမယ်…” ရန်စီမှ အသည်းယားဖွယ် ဆိုလာခဲ့၏။

“ အေးပါ အေးပါ … ကတိပေးတယ်… ဘာကိစ္စလဲဆိုတာသာ ငါ့ကိုပြော …”

လင်းရီလည်း မတတ်နိုင်ပေ။ လီချူးဟန်ကလွဲ၍ ကျန်သည့် အမျိုးသမီးများအားလုံးမှာ ကိုင်တွယ်ရခက်ခဲလှပြီး ၎င်းတို့၏ ၀တ်ရုံလက်စထဲ၌ လှည့်ကွက်တို့ကလည်း မရေမတွက်နိုင်သည်အထိ များပြားလွန်းလှသည်။

“ နင် ဟွာရှန်းဆေးရုံမှာ အလုပ်လုပ်ခဲ့ဖူးတယ်မလား …”

“ မင်း မိသားစုထဲက တစ်ယောက်ယောက် ဆေးပြစရာ ရှိလို့လား …”

All Chapters