သူ့ကို သင်ခန်းစာ ပေးလိုက်မယ်
Vol. 135 Ch. 2017
“ တကယ်တော့ ကျုပ်တို့ နှစ်ယောက်က အတော်လေး လိုက်ဖက်ပါတယ်…” လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ခင်များလို ခန္ဓာကိုယ်အချိုးအစားနဲ့သာဆိုရင် တစ်ညတောင် မလိုဘူး ခဏလေးနဲ့တင် ဖြိုနိုင်တယ်… ဒီတော့ … ကျုပ် ကိစ္စ စိုးရိမ်စရာ မလိုပါဘူး …”
လင်းရီ၏ စကားကို ကြားတော့ ရန်စီမှာ ခစ်ကနဲ အော်ရယ်လု နီးပါးဖြစ်သွားခဲ့၏။ ထိုစဉ် အနီရောင် ဝတ်စုံနှင့် အမျိုးသမီး၏ မျက်နှာအမူအရာမှာ ကွက်ခနဲ ပျက်သွားပြီး မကျေမနပ်ဖြစ်သွားခဲ့သည့်မှာ အသိသာကြီးပင်။
“ ကောင်လေး … နင့် စကားကို သေချာစဉ်းစားပြီးမှပြောစမ်း … ငါလည်း ဒီနယ်ပယ်ထဲကပဲ … သူ့အနား ကပ်နေနိုင်တယ်ဆိုတိုင်း အေးဆေးနေနိုင်မယ်ထင်မနေနဲ့ … ငါလုပ်လိုက်ရင် နင် ဆက်ပြီး ရုန်းကန်နိုင်မှာတောင် မဟုတ်ဘူး .…”
လင်းရီ ပခုံးတွန့်ပြလိုက်သည်။ “ ကျုပ်က ရုန်းကန်ဖို့ လိုလို့လား … ကျုပ်ကို ပိုက်ဆံရှာပေးဖို့ တခြား လူတွေ ရှိတယ်… မလိုပါဘူး …”
“ နင် …”
အနီရောင် ဂါဝန်နှင့် အမျိုးသမီးမှာ ဆွံ့အသွားသည်အထိ ဒေါသထွက်သွားခဲ့သည်။ သူမဘေးရှိ အမျိုးသားကို လက်မောင်းချိတ်၍ ဆောင့်အောင့်ပြီး သူတို့အနားမှ ထွက်ခွာသွားခဲ့လေသည်။
ရန်စီမှာ နေရာတွင် ရပ်ရင်း တသိမ့်သိမ့်တုန်ယင်သည်အထိ အရယ်မရပ်နိုင်ဘဲ ဖြစ်နေလျက် ရှိတော့၏။
“ လျှာစွမ်းယှဉ်ရင်တော့ နင်က လုံးဝကို ပြိုင်ဘက်ကင်းပဲ … ဒီတစ်ခေါက် နင့်ကို ခေါ်ပြီး အပြင်ထွက်လာခဲ့တာ မှန်သွားပြီ …”
“ အဲ့အမျိုးသမီးက ဘယ်သူတုန်း .. တကယ့် ပြဿနာရှာတဲ့လူပဲ …”
“ သူ့နာမည်က ချန်ယာ … ပြီးတော့ ယွင်ရှန်း ဖျော်ဖြေရေး ကုမ္ပဏီရဲ့ အထွေထွေ မန်နေဂျာလေ… ငါတို့နှစ်ယောက်လုံးက နယ်ပယ်အတူတူပဲ …” ရန်စီ ပြောပြလိုက်သည်။
“ ဒါပေမယ့် သူ့ကြည့်ရတာ မင်းအပေါ် အငြိုးတွေ ရှိနေသလိုပဲ … ဘာတွေဖြစ်ထားတာလဲတဲ့ …”
“ ဒီလိုပါပဲ …” ရန်စီ သူမ၏ ဆံပင်ကို ဘေးသို့ သပ်လိုက်ပြီး “ နင် မနှစ်တုန်းက ငါ ရိုက်တဲ့ ရုပ်ရှင် ဇာတ်ကားကို မှတ်မိသေးလား …”
“ အင်း … မှတ်မိတယ်… ဇာတ်လမ်းပြတုန်းကတောင် ရုပ်ရှင် နှစ်ရုံစာ ဝယ်ပြီး အားပေးခဲ့သေးတယ်….” လင်းရီ ပြောဆိုလိုက်၏။
“ အဲ့ဇာတ်ကားရဲ့ ဘတ်ဂျက်က ၈၀ မီလီယမ် … ပြီးတော့ ဘောက်စ်အော့ဖစ်မှာက စုစုပေါင်း ၁.၃ ဘီလီယမ်အထိရတယ် …အဲ့ဇာတ်ကားနဲ့ ဆုသုံးခုလည်း ရတယ်… ငါနဲ့ တစ်ချိန်တည်းမှာ သူ့ကုမ္ပဏီကလည်း ဘတ်ဂျက် ၃၈၀ မီလီယမ်နဲ့ ဇာတ်ကားရိုက်ပြီး ဘောက်စ်အောဖစ်မှာ ပြတာ ၈၀၀ မီလီယမ်လောက်ပဲ ရတယ်… အမြတ်ငွေဆိုတာ တစ်ပြားနှစ်ပြားလောက်ပဲ … ဘာဆုမှလည်း မရဘူး .. ပြီးတော့ မကောင်းတဲ့ ရီဗျူးတွေလည်း အများကြီးပဲ … အဲ့ကတည်းကရင် ငါတို့နှစ်ဦးကြား ဆက်ဆံရေးလည်း ဆိုးရွားလာတာပဲ …”
“ ပြိုင်ဘက်တွေက ရန်သူတွေဆိုတဲ့ စကားက တကယ်မှန်တာပဲ … “ လင်းရီ ရယ်မောလိုက်သည်။ “ ဒါပေမယ့် သူ့ကြည့်ရတာ မင်းအကြောင်း ကောင်းကောင်းသိသလိုပဲ …”
“ ငါ့အကြောင်းသိတယ် ဟုတ်လား …” ရန်စီ မေးမြန်းလိုက်ရင်း သူမ၏ အမူအရာမှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
“ အင်းလေ… သူပြောတာ မင်းက နွားသိုးကိုတောင် တစ်ညတည်းနဲ့ အမောဖောက်အောင် လုပ်နိုင်တယ်ဆို … အဲ့တာက အမှန်ပဲ မဟုတ်ဘူးလား …”
ရန်စီမှာ ခေတ္တမျှ ကြက်သေသေသွားခဲ့ပြီး ထို့နောက် ချက်ချင်းပဲ မျက်နှာနီရဲသွားခဲ့၏။ သူမ၏ ဖြူဖွေးနူးညံ့သည့် လက်ချောင်းများက လင်းရီ၏ ခါးထံသို့ ရောက်သွားခဲ့ပြီး “ ပေါက်ကရတွေပဲ လျှောက်ပြောနေ … နင့်ကို သေအောင်ဆွဲဆိတ်ပစ်မိတော့မယ် သိလား…”
“ အိုကေ အိုကေ … မပြောတော့ဘူး မပြောတော့ဘူး … ဒီအကြောင်း ညရောက်မှ ဆက်ပြောကြတာပေါ့ …”
ရန်စီသည် လင်းရီအား ရွှန်းစိုချစ်စဖွယ်ကောင်းသည့် မျက်ဝန်းအကြည့်တစ်ချက် ပေး၍ အလျင်အမြန်ပဲ တိုက်တွန်းလိုက်၏။
“ မြန်မြန်လေး .. အင်္ကျီရွေးပြီးရင် တခြားနေရာ သွားရဦးမှာ …”
“ အင်း … သွားကြတာပေါ့ …”
နှစ်ဦးမှာ အမျိုးသား အဝတ်အထည်တို့ ပြသထားသည့် နေရာသို့ ရောက်လာခဲ့ပြီး ရန်စီသည် လင်းရီအတွက် အင်္ကျီများ တစ်ထည်ပြီး တစ်ထည် ကြည့်ပေးနေကာ စောနက အဖြစ်အပျက်အား လုံးလုံးလျားလျား မေ့လျော့သွားခဲ့တော့၏။
သူမအဖို့ ချစ်ရသူအတွက် အင်္ကျီ ရွေးချယ်ပေးရသည်မှာ ပျော်ရွှင်စရာကောင်းသည့် အတွေ့အကြုံ တစ်ခုပင် ဖြစ်လေသည်။
“ ဒီရဲ့ အဖြူရောင်ရှပ်က မဆိုဘူး … စိမ်းနုရောင် cropped pant နဲ့သာဆို နင် ကြည့်လို့ကောင်းသွားမှာ … ဘယ်လိုလဲ .. ကြိုက်လား …”
“ အင်း .. အဲ့လိုပဲ ယူကြတာပေါ့ …”
ပြီးနောက် ရန်စီသည် ဝတ်စုံနှင့် လိုက်ဖက်မည့် ရှူးဖိနပ်တစ်ရံကို ရွေးချယ်ပြီး အကုန်လုံးကို လင်းရီလက်ထဲ ထည့်ပေးကာ အဝတ်လဲခန်းထဲသို့ တွန်းပို့လိုက်၏။
လင်းရီ အဝတ်လဲနေသည့် အချိန်အတွင်း အခြား ဧရိယာများသို့ သွားကာ လက်ဆောင်ပေးရန် သင့်လျော်မည့် ပစ္စည်းများအား လိုက်လံ ကြည့်ရှုနေလိုက်လေသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် ရန်စီသည် စိန်ပွင့်တို့ဖြင့် တန်ဆာဆင်ထားသည့် ပလတ်တီနမ် ကျောက်စိမ်းလက်ကောက်တစ်ကွင်းအား ရွေးချယ်လိုက်၏။ ယင်းက လက်ဆောင်ပေးရန် အင်မတော်သင့်လျော်သည်။ ဘူးလှလှလေးဖြင့် ဆိုပါက အတော်လေး နှစ်လိုဖွယ်ရာကောင်းလှ၏။
တစ်ချိန်တည်းတွင် ချိန်ယာနှင့် အမျိုးသားမှာ အခြား ဧရိယာဘက်ခြမ်းသို့ ရောက်ရှိနေရင်း ချန်ယာ၏ ရင်ဘက်ကြီးမှာ ဒေါသဖြင့် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။
စင်စစ်တွင်မူကား သူမဘေးရှိ အမျိုးသားက သူမ၏ ချစ်သူကောင်လေး မဟုတ်ပါဘဲ အပျော်လင်တစ်ဦးသာ ဖြစ်၏။ ကောင်လေး၏ နာမည်က လီကျွင်းရန် ဖြစ်ကာ ကာယကြံ့ခိုင်ရေးနည်းပြ(fitness coach) တစ်ဦးပင်။ မူလက တစ်ညတာ ပျော်ပါးပြီး စွန့်ပစ်ရန် ကြံရွယ်ခဲ့သော်လည်းပဲ လီကျွင်းရန်၏ ချောမောသည့် ရုပ်ရည်သွင်ပြင်နှင့် အိပ်ရာထက်၌ စွမ်းဆောင်နိုင်စွမ်းတို့က မဆိုးလှသောကြောင့် အပျော်လင်အဖြစ် ထောက်ပံ့ပေးထားခြင်း ဖြစ်၏။
သူတို့နှစ်ဦး၏ ယခုလို အတူနေသည်မှာ ခြောက်လကြာပြီ ဖြစ်ပြီး ချန်ယာ၏ ခင်ပွန်းလည်း လုံးဝ သတိပြုမိခြင်း မရှိပေ။
“ နင်က အလကားကောင်ပဲ … ငါ အနိုင်ကျင့်ခံနေရတာကို ဘာမှ ဝင်မပြောဘဲ ဒီတိုင်း ရပ်ကြည့်နေတယ် … အဲ့လိုဆိုမှတော့ နင့်ကို ခေါ်ထားနေလို့ ဘာအသုံးဝင်တော့မှာ….”
“ ချန် … ကိုယ်က စကားသိပ်ပြောတတ်တဲ့ကောင် မဟုတ်ဘူး … မင်း မပျော်ဘူးဆိုရင် ကိုယ်သူ့ကို သင်ခန်းစာသွားပေးလို့ရတယ်…” လျိုကျန်းယန်က ကမ်းလှမ်းလိုက်၏။
“ သင်ခန်းစာ ပေးမယ် ဟုတ်လား …” ချန်ယာမှာ ပို၍ ဒေါကန်သွားခဲ့ပြီး “ ရန်စီကို ရှုပ်လို့ လွယ်တယ်များ နင်ထင်နေလား … သူ့ရဲ့ ကောင်ချောချောလေးကို သွားထိရင် ဟိုက နင့်ကို လွှတ်ပေးမယ် ထင်မနေနဲ့ဟဲ့ …”
“ လွယ်ပါတယ်… သူ မသိရင် အဆင်ပြေပြီ မဟုတ်လား …”
“ နင် ဘာပြောချင်တာ …”
လျိုကျန်းယန် ပြုံးလိုက်ပြီး “ အဲ့ကောင်က အဝတ်လဲဖို့ဆိုပြီး အဝတ်လဲခန်းထဲ ဝင်သွားခဲ့တယ်မလား … ကိုယ်သွားပြီး သင်ခန်းစာ ပေးလို့ရတယ်… ရန်စီ သိတယ်ထားဦးတော့ ဘယ်မလဲ သက်သေ … သူ ဘာတတ်နိုင်မှာလဲ ဟုတ်တယ်မလား …”
ချန်ယာ၏ မျက်လုံးမှာ လက်ခနဲ ဖြစ်သွားခဲ့၏။ ပုံစံကြည့်ရသလောက်တော့ ဤအကြံဉာဏ်က အမှန်ပင် မဆိုးလှချေ။
“ ကောင်းပြီလေ… နင် သွားလိုက် …” ချန်ယာ ပြောလိုက်ပြီး “ ဒါပေမယ့် နင်မှတ်ထားရမှာ ခြေလွန် လက်လွန်တွေ မဖြစ်စေနဲ့ … နောင်ကြဉ်သွားလောက်ရုံဆို ရပြီ …”
“ မပူနဲ့ … ဒါက ကိုယ့်အတွက် အလွယ်လေးပဲ … ကိုယ့်ကြွက်သားတွေကို မြင်တယ်မလား … အသာယာလေးပဲ …”
ပြောဆိုပြီးနောက် လျိုကျန်းယန်သည် အထည်အချို့ယူကာ အဝတ်လဲခန်းထဲသို့ ဦးတည်သွားခဲ့သည်။
စတိုးဆိုင်တွင် လူတို့က များပြားခြင်း မရှိသဖြင့် ဧရိယာတစ်ခုလုံးက လူပြတ်လပ်နေသည်။ အဝတ်လဲခန်း နှစ်ခုက လော့ကျနေပြီး လျိုကျန်းယန်လည်း မည်သည့်အခန်းထဲ၌ လင်းရီ ရှိနေလဲဆိုတာကို မပြောနိုင်သဖြင့် အပြင်ဘက်တွင်သာ စောင့်ဆိုင်းနေရတော့သည်။
မကြာမီ အဝတ်လဲခန်း တံခါး ပွင့်ဟလာပြီး သက်လတ်ပိုင်း အမျိုးသမီး တစ်ဦးက အသစ်လဲထားသည့် ဝတ်စုံဖြင့် ထွက်လာခဲ့၏။ သို့ပေမယ့် မှန်ရှေ့တွင် ကိုယ်ကို လှည့်ပတ်ကြည့်ပြီးနောက် သူမ၏ လက်ရှိ သွင်ပြင်အား အားမလိုအားမရ ဖြစ်နေဟန်ပင်။
ကျန်ရစ်သည့် တစ်ခုတည်းသော တံခါးကသာ ပိတ်လျက်ဆဲ ရှိနေသဖြင့် လျိုကျန်းယန်လည်း ထိုအခန်းထဲ၌ လင်းရှီ ရှိနေသည်ကို သေချာသွားခဲ့ပြီး ၎င်းထွက်လာမည့် အချိန်အား စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေတော့၏။
မိနစ် အနည်းငယ်ကြာပြီးသည့်နောက် တံခါး ပွင့်ဟလာခဲ့ပြီး လင်းရီ အပြင်သို့ ထွက်လာခဲ့တော့မည့် အချိန်မှာပဲ လျိုကျန်းရန်သည် အလျင်အမြန် လှုပ်ရှား၍ လင်းရီကို အခန်းတွင်းသို့ ပြန်တွန်းထည့်လိုက်ကာ တံခါးအား လော့ခ်ပြန်ချလိုက်၏။
လင်းရီ ထိတ်ထိတ်ပျာပျာ မဖြစ်သွားခဲ့ချေ။ ထိုအစား အနည်းငယ် ကြောင်အမ်းသွားခဲ့ပြီး မကြာမီ အတော်လေး ရယ်ချင်စရာ ကောင်းသည်ဟု ခံစားနေရ၏။
“ မင်း ဒါ ဘာလုပ်တာလဲ …”
“ ရူးချင်ယောင် ဆောင်နေတယ်ပေါ့ …” လျိုကျန်းယန် နှာမှုတ်ပြီး အထင်သေးသည့် မျက်ဝန်းတို့ဖြင့် ကြည့်ကာ လင်းရီအား လေးလေးနက်နက်ပင် သဘောမထားချေ။
လင်းရီ၏ ဘော်ဒီဝိတ်ကို ကြည့်၍ သူ့အတွက် ကိုင်တွယ်ရလွယ်ကူသည့် သားကောင်လေးဟု ယုံကြည်နေကာ ကွန်ဖီးဒန့်အပြည့်ဖြစ်နေသည်။
“ မင်း ချန်ယာကို မလေးမစားလုပ်ခဲ့တယ်.. အခု ငါရောက်လာပြီဆိုတော့ အဲ့အကြောင်း ပြောကြတာပေါ့ …”
လင်းရီ ရယ်ချင်စိတ်ကို အနိုင်နိုင် မျိုသိပ်လျက် မေးခွန်းထုတ်လိုက်၏။
“ မင်း ဘာပြောချင်တာလဲ …”
“ ငါ မင်းကို အခွင့်အရေး တစ်ခုပေးမယ်… အခုချက်ချင်း သွားပြီး ချန်ယာကို တောင်းပန်လိုက် … ဒါဆိုရင် ငါမင်းကို လွှတ်ပေးမယ်… မဟုတ်ရင် ဘာဖြစ်မလဲ မင်းသိပါတယ်…”
“ မင်းပုံစံက အတော်လေး ရန်လိုနေတာပဲ … ဘာလဲ .. ငါ့ကို ရိုက်ဖို့ စီစဉ်ထားတာလား …”
လျိုကျန်းယန်သည် တဖြောက်ဖြောက် အသံမြည်အောင် လက်ဆစ်များအား ချိုးပြလိုက်၏။
“ မင်း သိနေတာပဲ … ဆုံးဖြတ်ဖို့ အချိန်သုံးစက္ကန့်ပေးမယ်… ငါ သတိမပေးဘူး မပြောနဲ့ …”
“ အိုး … ငါ့ကို ကိုင်တွယ်နိုင်မယ်ဆိုပြီး ယုံကြည်ချက် ရှိနေတယ်ပေါ့ ….”
လျိုကျန်းယန်မှာ အငိုက်မိ၍ ကြက်သေသေသွားခဲ့သည်။ လင်းရီသည် ဤမျှ ပိန်းတိန်းသည့် မေးခွန်းတစ်ခုကို မေးမြန်းလာမည်ဟု သူ မျှော်လင့်မထားခဲ့ပါချေ။
“ ငါ ဒီလောကထဲမှာ ကျင်လည်လာတာ ခြောက်နှစ်လောက် ရှိပြီ … မင်းလောက်ကတော့ ကလေးကစားစရာပဲ … မင်းက ငါ့ အရည်အချင်းကို သံသယ ရှိနေတယ်ပေါ့ …”