← Chapters

အခန်း (၂၀၁၉)

Vol. 135 Ch. 2019

အခန်း (၂၀၁၉)

Vol. 135 Ch. 2019

ချန်ယာ၏ စကားကို ကြားတော့ လူတိုင်း၏ မျက်လုံးက လင်းရီထံသို့ ကျရောက်သွားခဲ့သည်။

လင်းရီက ရုပ်ရည်ချောမောခန့်ညားသည်ကို သူတို့ သတိပြုမိသော်လည်းပဲ များများစားစား မတွေးတောမိကြချေ။မည်သို့ပင်ဆိုစေ လူတိုင်းက ကိုယ်စီ ပြင်းပြသည့် စိတ်အားထက်သန်ရာတို့ ရှိကြလေသည်။

သို့သော် ယခုလိုမျိုး ဤအမျိုးသမီးက ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာသည်ကို ကြားရတော့ အနည်းငယ် တရားလွန်သည်ဟု အားလုံးက ခံစားလိုက်ရ၏။ ခါးသီးမှန်း သိပါသော်လည်း အပျော်လင်လေး ဖြစ်နေသည်ကတော့ ရှောင်လွှဲမရသည့် အမှန်တရား ဖြစ်၏။

“ ခင်များတို့ လူတွေကတော့ တကယ် လေးစားတယ် သိလား… နေ့တိုင်းနေ့ ဒီလို ကိစ္စတွေချည်းပဲ ..” လင်းရီ ပြောဆိုလိုက်ပြီး “ ကိုယ့်ဘာကိုယ် ဒီလာပြီး အဝတ်လာဝယ်တာ ဘယ်သူရှင်းရှင်းပေါ့ … ဘယ်သူ့ ဂရုစိုက်နေရမှာ …”

ပြောပြီးသည်နှင့် လင်းရီသည် သူ့ ဘဏ်ကတ်ကို ထုတ်ပေး၍ ကောင်တာရှိ ကောင်မလေးအား ကမ်းပေးလိုက်သည်။

“ ကတ်ဖြတ်လိုက် … “

လင်းရီဘက်က ဘဏ်ကတ်ထုတ်ပေးလာသည်ကို မြင်တော့ ချန်ယာမှာ ကြက်သေသေသွားခဲ့သည်။

ကောင်တာရှိ ကောင်မလေးလည်း ခေတ္တမျှ ကြောင်အမ်းသွားခဲ့၏။

သူက သူဌေးမကြီးနား ချူစားနေတဲ့ အပျော်လင်ကောင်လေး မဟုတ်ဘူးလား …

သူ့မှာ ဒါတွေ ရှင်းဖို့ ဘယ်နားက ပိုက်ဆံတွေ ရလာခဲ့တာ ..

သူသာ ဒီလောက်ထိ ပိုက်ဆံချမ်းသာနေတယ်ဆိုရင် သကြားမာမီ ရှာစရာ လိုသေးလို့လား …

“ ဘာငိုင်နေတာ … ကတ်ဖြတ်လိုက်လေ…”

“ ရှင် .. ဟုတ်ကဲ့ လူကြီးမင်း … ခဏလေး စောင့်ပေးပါရှင့် …”

ကောင်မလေးက ကတ်ဖြတ်လိုက်ပြီး လျို့ဝှက်နံပါတ်ကို လင်းရီက ရိုက်ထည့်လိုက်၏။ ထို့နောက် ပြေစာထွက်လာခဲ့ပြီး ငွေပေးချေသည့် ဖြစ်စဉ်လည်း ပြီးဆုံးသွားခဲ့လေသည်။

ဤသည်ကို မြင်တော့ ချန်ယာ၏ မျက်နှာမှာ ဖြူတစ်ခါ နီတစ်လှည့် ဖြစ်သွားခဲ့တော့၏။

လင်းရီက ယွမ်ဆယ်သိန်းနီးပါးကို မျက်တောင်တစ်ချက် မခတ်ဘဲ သုံးပြသွားခဲ့သည်လေ။

ဤကောင်ချောလေးက ဤမျှများပြားသည့် ပိုက်ဆံကို ဘယ်နားက ရလာခဲ့လဲ သူမ အမှန်ပင် နားမလည်နိုင်တော့ချေ။

ဧကန္တ … ရန်စီ သူ့ကို အမ်းထားတာတွေ များလား …

အဲ့လို ဖြစ်နိုင်တယ်…

“ ကျုပ် ခင်များကိုလည်း လေးစားတယ်… သုံးစက္ကန့်ကောင်ကို ရည်းစားတော်ပြီး သူများကို လိုက်ကဲ့ရဲ့ဝံ့တဲ့ သတ္တိရှိလို့ …” လင်းရီ ပြောဆိုလိုက်ပြီး “ ခင်များရဲ့ နည်းလမ်းတွေက အရှက်မရှိလွန်းလို့ ပြဌာန်းစာအုပ်တွေထဲ ထည့်ထားဖို့တောင် ထိုက်တန်တယ်…”

ပြောပြီးနောက် လင်းရီသည် ရန်စီ၏ ခါးကို ဖက်၍ လက်တစ်ဖက်က ဝယ်ယူထားသည့် ပစ္စည်းများအား ကိုင်ရင်း စတိုးဆိုင် အပြင်သို့ ထွက်လာခဲ့လေသည်။

“ မင်း ခါးက အသားတွေက အနေတော်ပဲ … ကိုင်ရတာ သက်တောင့်သက်သာ ပိုဖြစ်လာပြီ …”

“ တော်တော့လို့ …. နင်လုပ်တာနဲ့ ငါ ရွှဲလာပြီနော် … ဒီည အတွက် သိမ်းထားလိုက် …” ရန်စီ ပြောလိုက်ပြီး နာရီကို တစ်ချက်ကြည့်ကာ “ ငါ့ ညီမကို သွားကြိုဖို့ အချိန်တောင် ရောက်လာပြီ … နောက်ကျရင် မကောင်းဘူး …”

“ မပူနဲ့ … ငါတစ်ယောက်လုံး ရှိနေတာ နောက်ကျရင်တောင် မနောက်ကျစေရဘူး …”

လင်းရီသည် လီဗာပေါ်သို့ နင်း၍ ကားကို အရှိန်တင်လိုက်ပြီး အမြန်ရထား ဘူတာသို့ မောင်းနှင်လာခဲ့သည်။

ဘူတာရုံတွင် လူတို့ သွားလာလှုပ်ရှားနေပြီး စည်ကားသိုက်မြိုက်နေသည်။ ရန်စီ၏ တောင့်တင်း ပြေပြစ်သည့် ကိုယ်လုံးကိုယ်ပေါက်က လူတော်တော်များများ၏ အကြည့်အာရုံကို ဆွဲဆောင်သွားခဲ့ကာ သူတို့နှစ်ဦးမှာ လူအုပ်ကြီးအလယ်၌ အတော်လေး မျက်စိဖမ်းစားခြင်း ခံနေရတော့၏။

ဆယ်မိနစ်ခန့် ကြာပြီးနောက် ဘူတာရုံ၏ အသံလွင့်ဌာနမှ ရထားရောက်ရှိလာကြောင်း ကြေညာလာခဲ့ပြီး မကြာမီ လူတို့ တစ်ဦးပြီး တစ်ဦး ထွက်လာခဲ့ကြသည်။

တစ်ချိန်တည်းတွင် သက်လတ်ပိုင်း အမျိုးသမီးကြီး တစ်ဦးနှင့် အသက်နှစ်ဆယ်နှောင်းပိုင်း ရှိမည့် ကောင်မလေးတစ်ဦးတို့ ခရီးဆောင်အိတ်ကို ကိုယ်စီ ဆွဲလာခဲ့ကြလေသည်။

“ မေမေကလည်း …. ဒီတိုင်း ဆေးစစ်ရုံသပ်သပ်ကို ဘာလို့ ရန်စီကို ခေါ်လိုက်တာလဲ … မေမေ့ သားမက်လောင်းက အစိုးရ ရုံးမှာ အလုပ်လုပ်တဲ့လူလေ.. သူ့ အဆက်အသွယ်တွေက ကျိုးဟိုင်မှာ အများကြီးကို မေမေသာ ပြောလိုက်တာနဲ့ ခဏလေးအတွင်း အကောင်းဆုံး ဝန်ဆောင်မှုရအောင်တောင် လုပ်ပေးလို့ရတယ်…”

သက်လတ်ပိုင်း အမျိုးသမီးကြီးကတော့ ရန်စီ၏ အဒေါ်ဖြစ်ပြီး နာမည်က ထန်လီဖြစ်သည်။

နှစ်ဆယ်နှောင်းပိုင်း ကောင်မလေးက ရန်စီ၏ ဝမ်းကွဲညီမလေး ကျိုးရှင်းယွီ ဖြစ်လေသည်။ သို့သော် သူမတို့ချင်း ရင်းနှီးပတ်သက်မှုက နက်ရှိုင်းခြင်းတော့ မရှိလှပေ။

ရန်စီက စာလေ့လာရာ၌ ထူးချွန်ပြီး ရုပ်ရည်လည်း လှပသည့် အပြင် အတန်းဖော်များနှင့် ဆရာမများ၏ နှစ်သက်ခြင်းကို ခံရသူ တစ်ဦး ဖြစ်၏။ အခြားတစ်ဖက်ရှိ ကျိုးရှင်းယွီကတော့ ရန်စီနှင့် မည်သို့မျှ မနှိုင်းယှဉ်သာသည့် သာမန် ကောင်မလေး တစ်ဦးသာ ဖြ်သည်။

သို့သော် သူမအဖေကတော့ နှိုင်းယှဉ်ရသည်ကို အတော်လေး နှစ်သက်လှပြီး စိတ်ဓာတ်ကလည်း ကြမ်းကြုတ်သူ ဖြစ်သဖြင့် ဝမ်းကွဲဖြစ်သူ ရန်စီနှင့် အမြဲတမ်း နှိုင်းယှဉ်လေ့ရှိပြီး သူ့သမီးအား အပြစ်တင်လေ့ ရှိသည်။ ထိုအကြောင်းရင်းကြောင့်ပဲ ကျိုးရှင်းယွီ၏ ရန်စီအပေါ် သဘောထား အပြုအမူမှာ ကောင်းမွန်သည့် ဘက်ခြမ်း၌ သိပ်မရှိလှပေ။

ထို့ကြောင့်ပဲ ကျိုးရှင်းယွီသည် ဝမ်းကွဲအစ်မဟု ခေါ်ရမည့် အစား ရန်စီ၏ နာမည်ကို တိုက်ရိုက်ခေါ်ဆိုခဲ့ခြင်း ဖြစ်၏။

ရန်စီကလည်း ယင်းအချက်ကို သတိထားမိသောကြောင့် တစ်ဖက်သူနှင့် အဆက်အဆံ သိပ်မလုပ်ပေ။ ယခုလို ရောက်လာရခြင်းကလည်း သူမ အဒေါ် မျက်နှာကြောင့်သာ ဖြစ်ပြီး အကယ်၍ မဟုတ်ပါက မဆိုင်သည့် အခြားသူ၏ အရေးကိစ္စတွင် ဝင်မပတ်သက်လိုပေ။

“ နင်တို့နှစ်ယောက်က လက်ထပ်ရသေးတာမှ မဟုတ်တာ သူများကို ဒုက္ခပေးလို့ ဘယ်ကောင်းပါ့မလဲ …” ထန်လိက ပြောလိုက်၏။

“ ရန်စီကကျတော့ မိသားစုတွေ … အပြင်လူဆီ အကူအညီတောင်းတာထက် စာရင်တော့ မိသားစုဝင်အချင်းအချင်း အကူအညီတောင်းတာက ပိုပြီး မျက်နှာမပူရတာပေါ့ … ဒီလောက်ရိုးရှင်းတဲ့ သဘောတရားလေးတောင် နင်ဘာလို့ နားမလည်နိုင်ရတာလဲ ဟမ် …”

ထန်လိ အနည်းငယ် စိတ်ပျက်သွားခဲ့မိ၏။ သူမ သမီးက တူမဖြစ်သူနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက အဘက်ဘက်တွင် လိုအပ်နေသည်။

“ မိဘတွေနဲ့ ပေးတွေ့ဖို့တောင် အဆင်သင့် ဖြစ်နေပြီကို လက်ထပ်ဖို့က သေချာပေါက်ပဲလေ… သူ့ကို အပြင်လူလို့ ဘယ်ခေါ်လို့ရမှာလဲ …”

“ ဘယ်ဟာမှ သေချာတယ်ဆိုပြီး ပိုင်သေမတွက်နဲ့ …” ထန်လိ ပြောဆိုလိုက်ပြီး “ နင်တို့ နှစ်ယောက်လုံး လက်ထပ်မှတ်ပုံတင် မလုပ်ရသေးခင်အထိ ဘယ်အရာမှ မသေချာသေးဘူး … သူတို့ မိသားစု အသိုင်းအဝိုင်းက ဘယ်လိုမျိုးလဲဆိုတာ အမေတို့ ကြည့်ရဦးမှာ … တကယ်လို့ ကျိုးကြောင်း မညီညွှတ်တဲ့ မိသားစုကဆိုလို့ကတော့ အမေ လုံးဝ သဘောမတူနိုင်ဘူး …”

“ အဲ့ကိစ္စ စိတ်ပူစရာမလိုပါဘူး မေမေရယ်… သမီး ကောင်းကောင်းသိပါတယ်… သူ့ မိဘတွေနဲ့ သူ့ညီမတွေ အကုန်လုံးလည်း ကောင်းကြပါတယ်…” ကျိုးရှင်းယွီ ပြောဆိုလိုက်၏။

“ နင့်စကားကိုပဲ ယုံလို့တော့ မဖြစ်ဘူး … နင့် ဝမ်းကွဲနဲ့ ဆွေးနွေးကြည့်ရဦးမှာ … ဒါ အသေးအမွှား ကိစ္စ မဟုတ်ဘူး …”

“ ဘာလို့ တစ်ခုခု ရှိတိုင်း ဝမ်းကွဲနဲ့ပဲ ဆွေးနွေးနေရတာလဲ …” ကျိုးရှင်းယွီ စိတ်မရှည်စွာ ပြောဆိုလိုက်ပြီး “ ဒါက သမီးတို့ အရေးလေ… သူနဲ့ ဘာဆိုင်လို့ …”

“ မိသားစု အရေး ...၊ ရန်ရန်က နင့် ဝမ်းကွဲ … နင်တို့က တစ်မိသားစုတွေပဲ ….” ထန်လိ တင်းမာသည့် မျက်နှာကြောနှင့် ပြောဆိုလိုက်၏။ “ ဘယ်လိုပဲ ဖြစ်ဖြစ် နင်က နောင်ကျရင် ကျိုးဟိုင်မှာ နေမှာ … နင့်ဝမ်းကွဲက ဒီမှာ ကောင်းကောင်း အဆင်ပြေနေတယ်… နင်လည်း သူ့ကို အားကိုးလို့ရတယ်… ဒီလို မြို့ကြီးမှာ နင့် မိသားစုဝင် မဟုတ်ရင် ဘယ်သူက နင့်ကို ကူညီစောင့်ရှောက်ပေးမှာလဲ …”

“ ဟုတ်ပါပြီ ဟုတ်ပါပြီ … မေမေလည်း တော်တော့ … ဒီ အကြောင်း ထပ်မပြောကြစို့ …” ကျိုးရှင်းယွီ စိတ်မရှည်သည့် လေသ့ဖြင့် ပြောဆို၍ ခရီးဆောင်သေတ္တာကို ထွက်ပေါ်ထံသို့ ဆွဲလာခဲ့လေသည်။

“ နင် အဲ့ဒီ စိတ်မရှည်တဲ့ လေသံတွေ မလုပ်ပြစမ်းနဲ့ …” ထန်လိ ပြောဆိုလိုက်ပြီး “ နင့် ဝမ်းကွဲရဲ့ ကောင်လေးလည်း ဒီကို ရောက်လာမှာ … သူနဲ့ တွေ့ရင် မျက်နှာကြီး စူပုပ်ပြမနေနဲ့ဦး … နင့်ဝမ်းကွဲက နင့်ကို ဘာအကြွေးမှ တင်မထားဘူး … နားလည်လား …”

“ ထွေထူးအရေးကြီးတာမှတ်လို့ … သမီးလည်း သူ့ကောင်လေးကို အရင်က တွေ့ဖူးသားပဲ … သမီးရဲ့ ကောင်လေးလောက်တောင် မတော်ပဲနဲ့ …”

ကျိုးရှင်းယွီ ညွှန်းဆိုနေသည်က ရန်စီ၏ အရင် ရည်စားဟောင်းကို ပြောဆိုနေခြင်းပင်။

သူတို့နှစ်ယောက် လမ်းခွဲပြီးကြပြီကိုတော့ ကျိုးရှင်းယွီ သိရှိခြင်း မရှိပါချေ။

“ နင် တွေ့ဖူးတာက သူ့ရဲ့ အရင် ရည်းစားဟောင်း … အမေကြားတာတော့ သူတို့နှစ်ယောက်ရဲ့ လမ်းခွဲလိုက်ကြပြီဆိုပဲ …”

“ လမ်းခွဲလိုက်ကြပြီ ဟုတ်လား …” ကျိုးရှင်းယွီ အံ့အားသင့်သွားခဲ့သည်။ “ သူ့ အရင်ကောင်လေးက သမီးရဲ့ ကောင်လေးလောက် မတော်ဘူးဆိုပေမယ့် အတော်လေး ကောင်းတဲ့ အနေအထားမှာ ရှိတုန်းပဲလေ… အဲ့တာကို ဘာလို့ လမ်းခွဲလိုက်တာလဲတဲ့ ….”

“ ဘယ်သိမှာ … နင့် အဒေါ် ပြောတာတော့ သူ့မှာ ကောင်လေး အသစ်ရနေပြီတဲ့ … အမေ့ကို သူ့အစား ကြည့်ခိုင်းစေချင်တာ ….”

“ လောဘကြီးပြီး ဘယ်တော့မှ မကျေနပ်နိုင်ဘူး …” ကျိုးရှင်းယွီ ပြောဆိုလိုက်ပြီး “ သမီး ဒီလိုလူစားမျိုးတွေ အများကြီး မြင်ဖူးတယ်… သူတို့ကိုယ်သူတို့ တတ်နိုင်တယ်ထင်ပြီး ကောင်လေးတွေ တစ်ယောက်ပြီး တစ်ယောက်တွဲ … ၊ တွဲလိုက်တဲ့ ကောင်လေးတိုင်းကလည်း အရင်တစ်ယောက်ထက်ကို တဖြည်းဖြည်းချင်း ချာလာ … ဘာမှ ပြောလောက်စရာ မရှိဘူး …”

“ ဟိုဘက်က ဘယ်လိုလူစားမျိုးလဲ အမေတို့ သိသေးတာမှ မဟုတ်တာ ….” ထန်လိ ပြောလိုက်ပြီး “ နင့် ဝမ်းကွဲက ကျိုးဟိုင်မှာ နေတာ ကြာပြီဆိုတော့ အမြင်မညံ့ဘူးလို့တော့ အမေ ယုံတယ်….”

“ မေမေက မျက်ကန်းယုံကြည်နေတာပဲ …” ကျိုးရှင်းယွီ မကျေနပ်သည့် မျက်နှာထားဖြင့် နှုတ်ခမ်းထော်လိုက်ပြီး “ သမီးကတော့ သူ့လက်ရှိ ရည်းစားက သူ့အရင် ရည်းစားဟောင်းကို မှီမယ်လို့ မထင်ဘူး …”

“ သူ့အကြောင်း စိတ်ပူနေတာ တော်ပြီး နင့်ကိုယ်နင်သာ အာရုံစိုက်ထားစမ်းပါ…”

ကျိုးရှင်းယွီ၏ မျက်နှာမှာ ငါးပူတင်းကဲ့သို့ ဖြစ်သွားခဲ့၏။ သို့သော် သူမ၏ အလိုလို သိစိတ်က ပြောပြနေသည်မှာတော့ ရန်စီ၏ ကောင်လေး အသစ်သည် သူမ၏ လက်ရှိ ရည်စားလောက် ထူးချွန်နိုင်မှာ မဟုတ် ဟူ၍ပင်။

All Chapters