← Chapters

အဲ့တာ နင့်ကားလား

Vol. 135 Ch. 2020

အဲ့တာ နင့်ကားလား

Vol. 135 Ch. 2020

မကြာမီ သားအမိနှစ်ယောက် ထွက်ပေါ်သို့ ထွက်လာခဲ့ပြီး ထန်လိ၏ ထက်ရှသည့် အမြင်က အပြင်တွင် စောင့်ဆိုင်းနေသည့် ရန်စီကို မြင်တွေ့သွားခဲ့သည်။

“ ရန်ရန် …”

ရန်စီကို မြင်သည့် အချိန်၌ ထန်လိ လက်ဝှေ့ယမ်းပြလိုက်၏။ ရန်စီလည်း သူမကို ချက်ချင်း မြင်တွေ့သွားခဲ့ကာ လင်းရီနှင့်အတူ လျှောက်လှမ်း၍လာသည်။

တစ်ချိန်တည်းတွင် သားအမိနှစ်ဦးလည်း လင်းရီကို မြင်တွေ့သွားခဲ့ပြီး မျက်လုံးအရောင် လက်ခနဲ ဖြစ်သွားခဲ့ကြ၏။

ဒီကောင်လေးရဲ့ ရုပ်ရည်က မဆိုးဘူးပဲ … ရန်ရန်နဲ့ တကယ် လိုက်ဖက်ညီတယ်…

ကျိုးရှင်းယွီလည်း ခြေဆုံးခေါင်းဆုံး သေချာ အကဲခတ်ကြည့်နေသည်။

သူ့ကောင်လေး သူ့ထက်ငယ်ပြီး အရမ်းလည်း ချောနေတယ်ဆိုတော့ … ဧကန္တ ကစားဖို့ ထားထားတဲ့ အရုပ်ကောင်လေးများလား …

အဲ့တာ ဖြစ်နိုင်တယ်…

“ အန်တီ…”

ရန်စီ အပြုံးလေးဖြင့် လျှောက်လာ၍ ထန်လိ၏ လက်မောင်းကို ချက်ချင်း တွဲဖက်လိုက်သည်။ သူမတို့၏ ဆက်ဆံရေး မည်မျှ ကောင်းမွန်နေကြောင်းကို ပြသနေသည်။

“ ဒီ လူငယ်လေးက နင့်ကောင်လေး အသစ်လား …”

“ ဟုတ်တယ်… သူ့နာမည် လင်းရီတဲ့ ….”

ရန်စီ ခေါင်းညိတ်ပြီး ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။

“ ဟယ်လို အန်တီ … မင်္ဂလာပါဗျ …”

လင်းရီ အပြုံးလေးဖြင့် နှုတ်ဆက်လိုက်၏။

“ အေးကွယ် အေးကွယ် … မင်္ဂလာပါ မင်္ဂလာပါ …” ထန်လိလည်း အပြုံးလေးဖြင့် ပြန်လည် တုံ့ပြန်လိုက်၏။

“ ဒီလောက် ပူတဲ့ ကြားထဲက အပြင်ထွက်ပြီး လာကြိုပေးတာ ကျေးဇူးတင်လိုက်တာ ရန်ရန်ရယ် .. အန်တီ နင့်ကို ဒုက္ခပေးမိပြီ …” ထန်လိ ပြောလိုက်သည်။

“ မဟုတ်တာ … ဒါ သမီး လုပ်ပေးသင့်တာပဲလေ…” ရန်စီ တုံ့ပြန်ရင်း သူမ၏ နာရီကို တစ်ချက်ကြည့်၍ “ ငါးနာရီတောင် ထိုးတော့မယ်… အရင်ဆုံး တစ်ခုခု စားကြတာပေါ့ … သမီး ဘက်က အားလုံး စီစဉ်ထားပြီးသား … ဒီတော့ အန်တီ ဘာမှ မစိုးရိမ်နဲ့ …”

“ အေးပါကွယ် အေးပါ … နင်တို့ ကလေးတွေလည်း ကြီးပြင်းလာပြီဆိုတော့ ဒီလိုကိစ္စတွေကို နင်တို့နဲ့ပဲ လွှဲထားတော့မယ်…”

“ ဟုတ်တယ်… အန်တီက တဖြည်းဖြည်းချင်း အသက်ကြီးလာနေပြီ … ဒီလို အသေးမွှား ကိစ္စလေးတွေကို သမီးတို့နဲ့ လွှဲထားလိုက် … သွားစို့ …” ရန်စီ သက်တောင့်သက်သာ ဖြစ်စေသည့် အပြုံးလေးဖြင့် ပြောဆိုလိုက်သည်။

တွေ့ဆုံမှု တစ်ရပ်လုံးအတွင်း၌ ရန်စီသည် ထန်လိနှင့်သာ စကားပြောဆိုနေခဲ့ပြီး ကျိုးရှင်းယွီနှင့် အဆက်ဆံလုပ်ခြင်း သိပ်မရှိချေ။ သူမက အေးစက်နေပြီးသည့် ပတ်သက်မှုတစ်ခုကို ပြန်လည်အစပျိုးမည့် လူတစ်ဦး မဟုတ်သည်မှာ သိသာလှ၏။

“ မေမေကလည်း ဘာတွေလောနေတာလဲ ….” ကျိုးရှင်းယွီ ပြောဆိုလိုက်ပြီး “ မေ့မေ့ရဲ့ သားမက်လောင်းက ဒီကို ရောက်တော့မှာလေ.. သူ့ကို စောင့်ကြတာပေါ့ …”

“ ဟဲ့ .. သူ့ကို မခေါ်ဖို့ ပြောထားတာ ဘာလို့ ဒီကို ခေါ်လိုက်ရတာလဲ …” ထန်လိ အနည်းငယ် မကျေနပ်ဖြစ်သွားခဲ့လေသည်။

“ သမီးလည်း အဲ့လို မဖြစ်ချင်ပါဘူး … ဒါပေမယ့် ဒီနားမှာ အစိုးရ အလုပ်သမားတွေ ဘယ်လောက်များလဲ အမေသိလို့လား … သူတို့ရဲ့ နားရွက်တွေက နေရာတိုင်းပဲ … သူ့ အနာဂတ် ယောက္ခမလောင်းက ဒီကို ရောက်လာတယ်ဆိုတော့ သူက လာကြိုမယ်ပဲ ပြောနေတာလေ… သမီးလည်း ဘယ်တတ်နိုင်မှာ …”

“ ဒီ ကလေးနဲ့တော့ …”

ထန်လိက အတော်လေး ရှေးရိုးစွဲသည့် လူတစ်ယောက်ပင်။

လက်မထပ်ရသေးခင် အချိန်အထိ တစ်မိသားစုတည်းဟု မသတ်မှတ်နိုင်ဘဲ ကိုယ့်အရေးကိစ္စအတွက် အခြားအပြင်လူကို အပူမကပ်ချင်ပေ။

လင်းရီကတော့ ဘေးတွင် ရပ်နေရင်း ဘာမျှ ဝင်မပြောပေ။

ကျိုးရှင်းယွီက မငယ်တော့သော်လည်း ထက်မြက်မှုပိုင်းဆိုင်ရာ၌ ရန်စီနှင့် လယ်ဗယ်တစ်ခုတည်းတွင် ရှိနေသူ မဟုတ်ချေ။ သူမ၏ ပြိုင်ဆိုင်လိုစိတ်က ကလေးဆန်လွန်းသည်ဟု လင်းရီ ထင်မိ၏။

“ အဲ့တာတော့ မေမေ သမီးကို အပြစ်လာတင်လို့ ဘယ်ရမှာ …. တင်ချင်ရင် တွေးတောပေးတတ်တဲ့ အမေ့သားမက်ကိုသာ အပြစ်တင်လိုက်တော့ …”

ကျိုးရှင်းယွီ ဘဝင်လေဟပ်သည့် အမူအရာဖြင့် ပြောဆိုလိုက်၏။

“ ပြီးတော့ သူက အခုတလောမှ ကားအသစ် ဝယ်ထားတာလေ … ဝမ်းကွဲရဲ့ အိမ်စီးကား sedan ထက်တော့ ပိုပြီး သက်တောင့်သက်သာ ဖြစ်မှာပါ …”

လင်းရီနှင့် ရန်စီတို့ မတိုင်ပင်ထားဘဲ တစ်ယောက်ကိုယ် တစ်ယောက် ကြည့်မိလိုက်ကြ၏။ သို့သော် မည်သည်ကိုမျှတော့ မဆိုချေ။

ဤအပိုင်းတွင် သူမ ပိုပြီး ကြွားဝါပြလေလေ ၊ သူမကိုယ်သူမ ရန်စီ၏ အဆင့်နှင့် မည်မျှ အလှမ်းဝေးနေကြောင်းကို ဖော်ပြနေခြင်း ဖြစ်သည်။

“ ယွီယွီ…”

သူတို့ ပြောဆိုနေစဉ်မှာပဲ မလှမ်းမကမ်းက အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

လေးယောက်သား လှမ်းကြည့်လိုက်သည့် အခါ၌ သာမန်လျှံကာ ဝတ်ဆင်ထားသည့် လူငယ်လေး တစ်ဦး ခပ်သွက်သွက် ပြေးလာနေသည်ကို မြင်တွေ့လိုက်ရလေသည်။

သူ၏ သွင်ပန်းသဏ္ဌာန်မှတဆင့် အကဲခတ်ကြည့်ရသလောက် သူ့ကြည့်ရသည်မှာ ရန်စီနှင့် သက်တူရွယ်တူ ရှိဟန်တူသည်။ အသက်က ၃၀ အရွယ်မျှ ရှိပြီး သက်တောင့်သက်သာ ဝတ်စားထား၏။ ကိုင်းမျက်မှန်တစ်လက်နှင့် ဆံပင်ကိုလည်း သေချာ ပုံသွင်းထားကာ သန့်ရှင်းသပ်ရပ်သည်ဟူသော ခံစားချက်ကို ပေးစွမ်းနေသည်။

“ ထန်ထန် … နင် ရောက်လာပြီပဲ …”

လူငယ်လေး ပြေးလာနေသည်ကို မြင်တော့ ကျိုးရှင်းယွီသည် သူ့ထံသို့ အပြေးသွား၍ လက်မောင်းအား တွဲဖက်လိုက်သည်။

“ ဆောရီးပါကွာ … ဒီလာတာ ကားက အတော်ကြပ်နေလို့ …”

“ ရပါတယ် … အခု ရောက်လာပြီပဲမလား …”

သူမ ပြောဆိုရင်းဖြင့် ကျိုးရှင်းယွီသည် သူမကောင်လေးကို လင်းရီတို့ ရှိရာဘက်ခြမ်းသို့ ဆွဲခေါ်လာခဲ့၏။

“ မေမေ … သူက သမီးရဲ့ကောင်လေး … ချန်ထန် … သူက ကုန်သွယ်စီးပွားရေးဌာမှာ အလုပ်လုပ်တာ … အခု ဌာနရဲ့ လက်ထောက်ဒါရိုက်တာပေါ့ … တကယ်လို့ တစ်ခုခု အမှားအယွင်းသာ မရှိခဲ့ရင် နောင်နှစ်ဆို ရာထူးတိုးပြီ …”

“ ဟယ်လို အန်တီ…” ချန်ထန် ယဉ်ကျေးစွာ နှုတ်ဆက်လိုက်၏။

သို့သော် သူ၏ အကြည့်က ရန်စီ အပေါ်သို့ မသိမသာ ကျရောက်နေသည်။

ဤသို့ လာသည့်လမ်း၌ ကျိုးရှင်းယွီထံမှ သူမ ဝမ်းကွဲလည်း လာကြိုမည်ကို သိရှိထားပြီး ဖြစ်သော်လည်းပဲ ဝမ်းကွဲ ဖြစ်သူက ဤမျှ လှရက်နိုင်လိမ့်မည်ဟု ထင်မှတ်မထားမိတာတော့ အမှန်ပင်။

“ သူက ဒီလောက် ငယ်ငယ်လေးပဲ ရှိသေးတာကို လက်ထောက် ဒါရိုက်တာ ဖြစ်နေပြီ …” ထန်လိ ပြောဆိုလိုက်ပြီး “ တကယ်မဆိုးဘူး ..”

“ အန်တီက ချီးကျူးလွန်းနေပါပြီဗျာ …” ချန်ထန် ပြုံးလိုက်ပြီး “ ဒီနေရာက စကားပြောလို့ ကောင်းတဲ့ နေရာမဟုတ်ဘူး … ကားထဲ အရင် ဝင်ကြစို့လေ… အန်တီ့ကို ကြိုဆိုရင်း ညစာစားကြတာပေါ့ …”

“ သွားကြစို့ …”

အုပ်စုမှာ ဘူတာရုံက ထွက်ခွာလာခဲ့ကြပြီး ကားပါကင်သို့ ရောက်လာခဲ့ကြသည်။

“ နင့်ရဲ့ ကားအသစ်က ဘယ်မှာလဲ …” ကျိုးရှင်းယွီ မေးမြန်းလိုက်ပြီး “ အရင်ရက်တွေတုန်းက ဓာတ်ပုံတွေပဲ ကြည့်နေရတာ တကယ့် ကားအစစ်က ဘယ်လိုမျိုးလဲ သိချင်နေပြီ ..”

“ ရှေ့နားလေးမှာတင်ပဲ …”

ပြောရင်းဖြင့် ချန်ထန် ကားသော့ကို နှိပ်လိုက်ရာ အလှမ်းသိပ်မဝေးသည့် နေရာရှိ GL8 ကားအဖြူရောင်မှာ မီးလင်းလာသည်။

“ မေမေ … ကြည့် … ဒါ မေ့မေ့ သားမက်ရဲ့ ကားအသစ်ပဲ … သာမန်ကားတွေနဲ့ မတူဘူးနော်.. SUV တွေထက် ပိုပြီး သက်တောင့်သက်သာ ရှိတယ်… လေယာဉ် fist class လိုမျိုးပဲ …”

“ ငါက သာမန်လူပါပဲ … ဘာမှ ထူးခြားနေတဲ့လူလည်း မဟုတ်ပါဘူး …” ထန်လိ ပြောဆိုလိုက်၏။ “ ပြီးတော့ ငါ့ နှလုံးကပဲ နည်းနည်းလေး သက်တောင့်သက်သာ မရှိတာ ခြေထောက်တွေ အကောင်းကြီးပဲ … ဘက်စ်ကား စီးသွားရင်တောင် အဆင်ပြေတယ်… ဒီလောက်ထိ ဒုက္ခများစရာ မလိုပါဘူး …”

“ အဲ့လိုဘယ်ရမှာ … ဘယ်လိုပဲ ပြောပြော အမေ့ရဲ့ အဆင့်အတန်းက မတူဘူးလေ…” ကျိုးရှင်းယွီ ပြောလိုက်ပြီး “ ပြီးတော့ ဒီကားက ယွမ် လေးသိန်းကျော်တယ်… သူ့အပိုင်းမှာ အတော်လေး ဈေးကြီးတဲ့ ကားလို့ ပြောလို့ရတယ် .. ဟုတ်တယ်မလား …”

ချန်ထန် ပြုံးပြီး ခေါင်းညိတ်ပြလိုက်၏။ “ အနည်းနဲ့ အများပေါ့ … ဘာလို့ဆို သာမန်လူတွေ ကားဝယ်ရင် သူတို့ရဲ့ ပထမဆုံး ရွေးချယ်စရာက seden နဲ့ SUV လေ … အခြေအနေ ပိုကောင်းတဲ့ လူတွေပဲ ဒီလို သက်တောင့်သက်သာ ရှိတဲ့ ကားမျိုး ရွေးချယ်နိုင်တာ …”

“ ဪ …..”

ထန်လိမှာ ကားအကြောင်း နားမလည်ပေ။ သို့သော် တစ်ဖက်သူကို အရှက်မရစေချင်၍ ခြောက်ကပ်သည့် အပြုံးဖြင့်သာ သဘောတူလိုက်ရ၏။

“ကိုင်း … ကားအကြောင်း မေ့ထားလိုက် …” ချန်ထန် ပြုံးလိုက်ပြီး “ အရင် အထဲဝင်ကြတာပေါ့ … ပြီးရင် တစ်ခုခု စားကြမယ်…”

“ အွန်း … ငါကြားဖူးတာ ဒီကားက ကုန်းကြောင်းမှာ first class တဲ့ … တစ်ခါမှ မထိုင်ဖူးသေးဘူး … ဘယ်လိုမျိုးလဲ သိချင်နေပြီ …”

( လေယာဉ် fist class ထိုင်ခုံ သဘောမျိုး ပြောချင်တာပါ )

ကျိုးရှင်းယွီသည် စိတ်လှုပ်ရှားကြီးစွာြဖင့် သူ့အမေကို ဆွဲခေါ်ပြီး စားသောက်ဆိုင်သို့ သွားရန် ဟန်ပြင်လိုက်၏။ စိတ်ထဲတွင်တော့ အလွန်အမင်း ကျေနပ်အားရနေသည်။

ရန်စီက ကျိုးဟိုင်တွင် အတော်လေး အဆင်ပြေနေပြီး ကိုယ်ပိုင်ကားလည်း ရှိထားသည်ကို သူမသိသည်။ သို့သော် သူမ၏ ကားက Audi A4 ဖြစ်ပြီး ထန်ထန်၏ GL8 ကဲ့သို့ ဈေးကြီးခြင်း မရှိပေ။ ထို့ကြောင့် သူမစိတ်ထဲ ဂုဏ်ဆာမိသွားခဲ့၏။

ကျိုးရှင်းယွီသာလျှင် စိတ်ထဲ ဂုဏ်ဆာနေခြင်း မဟုတ်ဘဲ ချန်ထန်သည်လည်း ထို့အတူပင်။

အမျိုးသားများ၏ ပြိုင်ဆိုင်လိုစိတ်ကိုလည်း အထင်သွားသေး၍ မရပေ။

ချန်ထန်သည် သူ့ကိုယ်သူ ရုပ်ရည်ပိုင်းဆိုင်ရာ၌ လင်းရီနှင့် သွားနှိုင်းယှဉ်၍ မရသည်ကို သိသည်။ သို့သော် သူ ဂရုမစိုက်ပေ။ အမျိုးသားနှင့် အမျိုးသမီးတို့မှာ မတူညီပေ။ ယခု လူ့ဘောင်လောကကြီး၌ အမျိုးသားတို့က ရုပ်ရည်ပြေပြစ်ဖို့ လိုအပ်သည်သာမက ကြွယ်ဝမှုနှင့် လူမှုရေး အဆင့်အတန်းတစ်ရပ် ရှိထားဖို့ လိုအပ်သည်။

ကျိုးရှင်းယွီ ဝမ်းကွဲ၏ ကောင်လေးက သူ့ထက်ပိုပြီး ချောမောခန့်ညားကောင်း ခန့်ညားနိုင်သော်လည်းပဲ ဘက်ပေါင်းစုံကို ခြုံငုံသုံးသပ်ကြည့်လိုက်မည်ဆိုပါက သူနှင့် အများကြီး အလှမ်းဝေးနေသည်ကို မြင်တွေ့နိုင်သည်။

လင်းရီနှင့် ရန်စီမှာ အနောက်က လျှောက်လှမ်းလာ၍ ဤ ချန်ထန် အမည်ရသည့် လူက သိသာသည့် ကျောထောက်နောက်ခံ တချို့ ရှိနေသည်ကို သတိထားမိလိုက်သည်။

မဟုတ်ပါက သူ၏ လက်ထောက် ဒါရိုက်တာ ရာထူးလေးဖြင့် ဤမျှ ဈေးကြီးသည့် ကားကို မောင်းနှင်နေသည်က သက်ဆိုင်ရာ ဌာနတို့အဖို့ တင်းကြပ်ထားသည့် စည်းကမ်းတစ်ခုပင်။

ထို့ပြင် ကျိုးဟိုင်ကဲ့သို့ မြို့ကြီး တစ်မြို့၌ အသက်သုံးဆယ် အရွယ်ဖြင့် အစိုးရ ဌာနရုံး၌ လက်ထောက် ဒါရိုက်တာ ရာထူးလည်း ရထားသေးသည်။ ထို့ပြင် နောင်နှစ်အရာ၌ ရာထူးကလည်း တိုးဦးမည် ဖြစ်၏။ ဤ အချက်များအားလုံးက ချန်ထန် အမည်ရသည့် လူတွင် ကုံလုံသည့် မိသားစု အဆက်အသွယ်တို့ ရှိနေသည်ကို ညွှန်ပြနေလျက် ရှိ၏။

“ ရန်ရန် … နင် ဘယ်ကို သွားနေတာလဲ … ငါတို့ကားက ဒီမှာလေ…” ထန်လိ အနောက်သို့လှည့်ပြီး မေးမြန်းလာခဲ့၏။

“ သမီးတို့လည်း ဒီကို ကားမောင်းလာတာလေ … အကုန်လုံး ကားတစ်စင်းထဲ ထိုင်လို့မှ မရတာ… သမီးတို့ အနောက်ကနေ လိုက်ခဲ့လိုက်မယ်…” ရန်စီ ရှင်းပြလိုက်၏။

“ ပြီးတာပဲလေ… ဒါဆို ဂရုစိုက်ပြီး မောင်းဦးနော်… အရမ်း မြန်မြန် မမောင်းနဲ့ …” ထန်လိ သတိပေးလိုက်၏။

“ ဟုတ်ကဲ့ …”

ရန်စီနှင့် လင်းရီတို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း ကျိုးရှင်းယွီသည် ခေါင်းမော့ ရင်ချီကာ အောင်နိုင်သည့် ခံစားချက်ကို ခံစားရရှိနေသည်။

ရန်စီရဲ့ ကားကလည်း ထန်ထန်ရဲ့ ကားလောက် မကောင်းဘူး … သူ့ကောင်လေးရဲ့ ကားကလည်း မပြောတတ်ဘူး … ဒီတော့ ငါတို့နဲ့ အတူမထိုင်တာ ရှက်လို့နေမှာ …

ထိုအချိန်မှာပဲ လင်းရီ ကားသော့နှိပ်လိုက်ပြီး Alphard ၏ ကားမီးတို့ လက်ခနဲ ဖြစ်လာသည်။

ကျိုးရှင်းယွီမှာ ကြက်သေသေသွားခဲ့၏။

“ ဒါ နင့်ရဲ့ကားလား …”

All Chapters