ဟိတ်ဟန် ထုတ်ခြင်း
Vol. 135 Ch. 2021
ဇာချဲ့လှသည့် Alphard ၏ သွင်ပြင်ကို မြင်တော့ ကျိုးရှင်းယွီမှာ မယုံကြည်နိုင်မှုနှင့် အံ့အားသင့်မှုတို့ ရောပြွမ်းနေသည့် အနေအထားသို့ ရောက်ရှိသွားခဲ့လေသည်။
ရန်စီ ခေါင်းညိတ်လိုက်သည်။ “ ဘာဖြစ်လို့လဲ …”
“ ဘာမှ မဟုတ်ပါဘူး .. အဲ့ဒါက ဒီတိုင်း …..” ကျိုးရှင်းယွီ အနည်းငယ် စကားထစ်ငေါ့သွားခဲ့ပြီး “ ဒီကားရဲ့ ဒီဇိုင်းက တအား ဖလက်ရှီ (မျက်စိနောက်စရာ) ဖြစ်လွန်းတယ်… သိမ်မွေ့ပြီး လက်ဇရီဆန်တာမျိုး မမြင်ရဘူး … ပြည်တွင်းထုတ်တဲ့ ကားတွေကတော့ တကယ်ပါပဲ … နင့်ရဲ့ အော်ဒီ အဟောင်းလေးလောက်တောင် ကြည့်လို့ မကောင်းဘူးနော်…”
လင်းရီ “ …. “
ရန်စီ “ …. “
“ ယွီယွီ … မင်း အဲ့လိုတွေ မပြောရဘူးလေ…”
ချန်ထန် လျင်မြန်စွာ ကြားဖြတ်ပြောလာခဲ့ပြီး သူမအား ရပ်တန့်ရန် ကြိုစားလိုက်သည်။
သူမ၏ အားကျ မနာလို ဖြစ်သည့် မျက်ဝန်းတစ်စုံကတော့ မိမိကိုယ်ကို ပြန်လည် သစ္စာဖောက်နေပြီး လင်းရီ၏ ကားကို ကြည့်ရင်း သွားရည်ယိုလုမတတ် ဖြစ်နေလေသည်။
“ ငါ ပေါက်ကရတွေ ပြောနေတာ မဟုတ်ဘူး … ကြည့်လိုက်ရင် ဘယ်လောက် မျက်စိနောက်စရာ ကောင်းထားလဲ … အခုခေတ် ပြည်တွင်းထုတ်ကားတွေကတော့ အကုန်လုံး ဒီထရန်းနောက် လိုက်နေကြတော့တာပဲ … အမြင်က ကြည့်လိုက်တာနဲ့ ဖလက်ရှီ ဖြစ်မယ်… ဒီ ဒီဇိုင်းကို အားကိုးပြီး ဝယ်တဲ့လူတွေကို အရူးလုပ်နေတာပဲ …” ကျိုးရှင်းယွီက အရိပ်အမြွက်ကို နားမလည်ဘဲ ဆက်ပြီး ပြောလိုက်၏။
“ ယွီယွီ … ဒီကားက ပြည်တွင်းထုတ်ကားမဟုတ်ဘူး … ဈေးကွက် တန်ဖိုး ယွမ် ၉ သိန်းကျော်တဲ့ Toyota Alpard ပဲ … “ ချန်ထန်မှ အနည်းငယ် ကိုးရို့ကားယား နိုင်စွာဖြင့် ရှင်းပြလိုက်သည်။
ယင်းက ကားအကောင်းစား စီးနိုင်သည့် လင်းရီကို မနာလို ဖြစ်နေခြင်းတော့ မဟုတ်ပေ။ သူ့မိသားစုက ကြွယ်ဝသည်။ သူ့ ညီမ စီးသည့်ကားပင် မာစီးဒီး G class ဖြစ်ပြီး တန်ဖိုးက ယွမ် ၂ သန်းကျော်သည်။ ထိုအစား ကျိုးရှင်းယွီ၏ အလိုက်မသိသည့် အပြုအမူကသာ သူ့အား ရှက်ရွံ့သွားစေခြင်းပင်။
“ ဒါ … ဒီကားက အဲ့လောက် ဈေးကြီးတယ်ပေါ့ …”
ကျိုးရှင်းယွီ ပြောစရာစကား ကင်းမဲ့သွားခဲ့ရ၏။
အဆိုပါ အမြင်စူးစရာ ဖြစ်သည့် ကားက ဤမျှ တန်ဖိုးကြီးမားနေလိမ့်မည်ဟူ၍ သူမ ဘယ်တုန်းကမျှ ထင်မှတ်မထားခဲ့ချေ။
ကားတန်ဖိုးကို သိပြီးသည့်နောက် သူမ ကားကို နောက်တစ်ဖန် သေချာပြန်ကြည့်လိုက်၏။
အစောပိုင်းတုန်းကလောက် အကျည်းမတန်တော့သယောင်ပင်။
ဒါပေမယ့် ရန်စီရဲ့ ဘေးမှာ ရပ်နေတဲ့ သူ့ကောင်လေး ပုံစံကြည့်ရတာ လူချမ်းသာတစ်ယောက် ဖြစ်မယ့်ပုံလည်း မတူပါဘူး … ဖြစ်နိုင်တာက .. ရန်စီ ဝယ်ထားတာများလား … ဒါမှမဟုတ် သူတို့ ကားကို ငှားစီးနေတာများလား …
မည်သို့ပင်ဆိုစေ ယွမ် တစ်သန်း နီးနီး တန်ဖိုးရှိသည့် ကားတစ်စင်းက အမှန်ပင် ဈေးမပေါလှချေ။
“ အန်တီ …. ခင်များတို့ အရင်သွားလိုက်ပါ … ကျုပ်နဲ့ ရန်စီ အနောက်က လိုက်ခဲ့လိုက်မယ်…”
“ အေးပါကွယ်…”
ကားကိုယ်စီထဲသို့ ဝင်ရောက်ပြီးသည့်နောက်တွင် ကျိုးရှင်းယွီ၏ အမူအရာမှာ ယခင်ကလောက် မမော်ကြွားနိုင်တော့ချေ။
“ မင်း ဝမ်းကွဲက တစ်ခုခုတော့ တစ်ခုခုပဲ …” ကားစတင် မောင်းနှင်ပြီးနောက် ချန်ထန်က စကားစလာသည်။
“ နင် ဘာပြောချင်တာလဲ …”
ကျိုးရှင်းယွီ၏ လေသံမှာ အနည်းငယ် စိတ်မရှည် ဖြစ်နေခဲ့သည်။ ယခုလို အချိန်မျိုး၌ ရန်စီ၏ နာမည်ကို နားဖြင့်သော်မျှ မကြားလိုပေ။
“ အခွန်ဘာညာနဲ့ဆိုရင် ကားက ယွမ် ၁.၃ သန်းလောက် ရှိတယ်… လစဉ်ပေးနဲ့ ငွေချေမယ်ဆိုရင်တောင် အနည်းဆုံး တစ်လကို ယွမ် တစ်သောင်းကျော်ပဲ … ဒီကားဝယ်ပြီးနောက်ပိုင်း သူတို့ ခံစားရတဲ့ ဖိအားလည်း မသေးလောက်ဘူး …”
ဤစကားကို ကြားပြီးသည့်နောက် ကျိုးရှင်းယွီ၏ ခံစားချက်တို့ ပိုပြီး ကောင်းမွန်လာခဲ့သည်။
အကယ်၍ ကားကို ချေးငွေဖြင့် ဝယ်ယူထားသည် ဆိုပါက အားကျနေစရာ ဘာအကြောင်းမျှ မရှိချေ။
ထန်ထန်၏ ကားက ထိုမျှ ဈေးမကြီးသော်ငြားလည်း ငွေ အပြည့်ချေပြီး ဝယ်ယူထားခြင်း ဖြစ်၏။
ထို့ပြင် သူ၏ လူမှုရေး အဆင့်အတန်းဖြင့် ထိုကဲ့သို့ ကားမျိုးကို အလိုရှိပါက ဝယ်ယူနိုင်သည်။ သူ၏ ရာထူးက မျက်နှာသာမပေးသောကြောင့်သာ မဝယ်နိုင်ခြင်း ဖြစ်၏။
“ ချေးငွေနဲ့ ဒါမှမဟုတ် ငှားထားတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့ …” ကျိုးရှင်းယွီ သုံးသပ်လိုက်ပြီး “ ကျိုးဟိုင်မှာ သူ့ကိုယ်ပိုင် တိုက်ခန်းဝယ်ထားတာကို အဲ့ဒီအတွက် တစ်လ တစ်လ ပေးရတာလည်း မနည်းဘူး … ဘယ်နားက ငွေတွေနဲ့ ကားဝယ်လည်း မသိပါဘူး …”
ကျိုးရှင်းယွီ သို့မဟုတ် ထန်လိတို့ နှစ်ဦးလုံး ရန်စီ၏ ဘဏ္ဍာရေး အခြေအနေကို နားလည်သိရှိခြင်း မရှိကြချေ။
ထို့ကြောင့် ချေးငွေဖြင့် ဝယ်ယူထားခြင်း မဟုတ်သည်ကို သူမတို့ မသိကြခြင်း ဖြစ်၏။ ထို့ပြင် ရန်စီ၌ ဝံ့ကြွားစရာ ဟူ၍ ရှိလည်း မရှိချေ။
သူမ ရှိသည့် တိုက်ခန်းကို ရင်းနှီးမြုပ်နှံငွေအဖြစ် ဘဏ်တွင် အပေါင်ထားရှိသောကြောင့် သူမ၏ ပိုင်ဆိုင်မှုက လက်တွေ့ မြင်နေရသည်ထက် ပိုပြီး နည်းပါးသယောင် ဖြစ်နေစေသည်။
ယင်က သူမ၏ မိသားစုကို ရန်စီသည် ကျိုးဟိုင်၌ အဆင်ပြေနေသော်လည်းပဲ စုဆောင်းမိသည့် ငွေပမာဏက များများစားစား ရှိနိုင်မှာ မဟုတ်ဟူသည့် အတွေးသို့ ဦးတည်သွားစေခဲ့သည်။
“ မင်းပြောတာ မှန်လောက်တယ်… ဘာပဲဆိုဆို ကျိုးဟိုင်က အိမ်ဈေးတွေက မသေးဘူးလေ…” ချန်ထန် အပြုံးလေးဖြင့် ရှင်းပြလိုက်ပြီး ကားကိစ္စနှင့် စပ်လျဉ်း၍ ရှက်ရွံ့နေခြင်း လုံးဝ မရှိပေ။
ထိုကားက ငှားရမ်းထားသည် ဆိုလျှင်တော့ အကောင်းဆုံးပင်။ သို့မဟုတ် ချေးငွေဖြင့် ဝယ်ယူထားသည်ဆိုလည်း အဆင်ပြေသည်။
ငွေအပြည့်ပေးချေပြီး ဝယ်ယူထားသည်နှင့် မည်သို့မျှ ယှဉ်ရက်နိုင်ခြင်း မရှိပေ။
အခြားတစ်ဖက်တွင်တော့ လင်းရီသည် GL8 အနောက်မှနေ၍ လိုက်ပါမောင်းနှင်နေလျက် ရှိပြီး ရန်စီကို ရယ်ရယ်မောမော စကားပြောနေသည်။
“ ကြည့်ရတာ မင်းတို့ ညီအစ်မနှစ်ယော်ကရဲ့ ဆက်ဆံရေးက ငါထင်ထားတာလောက်တောင် သိပ်မကောင်းဘူးပဲ … စကားတောင် ပြောခဲကြတယ်…”
“ ငါတို့ရဲ့ အကျင့်စရိုက်ချင်း မတူတာလည်း ပါမှာပေါ့ …” ရန်စီ တည်ငြိမ်စွာ ပြောဆိုလိုက်၏။ “ ငါ့ဘက်ကတော့ သူနဲ့ ဘာမှ များများစားစား ပြောစရာ မရှိဘူး … ငါတို့ တွေ့တိုင်း သူတစ်ခွန်း ၊ ငါ တစ်ခွန်းပဲ … တခြား ပြောစရာ စကား ရှာလို့ကို မရတာ … ဒါပေမယ့်လည်း ငါ့ အန်တီရဲ့ သမီး ဖြစ်နေတယ်ဆိုတော့ မကင်းရာ မကင်းကြောင်းတွေလေ… အပေါ်ယံမှာတော့ အဆင်ပြေချင်ယောင် ဆောင်ထားရတာပေါ့ ….”
“ မင်း အန်တီရဲ့ ရည်ရွယ်ချက်ကတော့ အတော်လေး ရှင်းတယ်… သူ့သမီး အိမ်ထောင်ကျပြီးတာနဲ့ ကျိုးဟိုင်မှာပဲ နေခိုင်းမှာ … အဲ့အချိန် မင်းကတော့ သူ့သမီးကို ကြည့်ပေးပေါ့ …”
“ ငါ သိတာ ကြာပေါ့ … အဲ့ကိစ္စ ငါလည်း မတတ်နိုင်ဘူး …”ရန်စီ လက်တစ်ဖက်ဖြင့် ခေါင်းကို ထောက်ထားလျက် ပြောဆိုလိုက်ပြီး “ ငါ့အန်တီက ငါ့ကို သူ့သမီး အရင်းလို စောင့်ရှောက်လာခဲ့ပေးတာဆိုတော့ သူ့ဘက်က မလွန်ကြူးလာသရွေ့ ကူညီပေးလို့ ရပါတယ်…”
လင်းရီ ဘာမျှ မဆိုချေ။ ရန်စီ၏ နည်းလမ်းက အတော်လေး သင့်လျော်သည်ဟု ခံစားနေရ၏။
သူမက သူ့အဒေါ်၏ ကြင်နာမှုကို ပြန်လည် ပေးဆပ်နေခြင်းပင်။
မကြာမီ အုပ်စုမှာ ဖူရုံရှန်း အမည်တွင်သည့် စားသောက်ဆိုင် တစ်ခုသို့ ရောက်ရှိလာသည်။
နေရာက မကြီးမားသော်လည်းပဲ ဆန်းပြားသည့် အပြင်အဆင်နှင့် ဟူနန် ဟင်းလျာတို့အား အဓိက တည်ခင်းသည်။
“ မေမေ … ဒီစားသောက်ဆိုင်က ကျိုးဟိုင်မှာ တအား နာမည်ကြီးတာနော်… မေမေ လာမည်ဆိုတာ ကြိုသိလို့ ထန်ထန်က ဒီနေရာမှာ သုံးရက်လောက်ကြိုပြီး ဘွတ်ကင်လုပ်ထားရတာ … တခြားနေ့မှလာမယ်ဆိုရင် စားပွဲ မရနိုင်လောက်တော့ဘူး …” ကျိုးရှင်းယွီက စိတ်လှုပ်ရှားကြီးစွာဖြင့် ပြောဆိုလိုက်၏။
“ ဒီမှာ တစ်နပ်လေး စားဖို့ကို အဲ့လောက်ထိ ဒုက္ခခံဖို့ လိုတယ်ပေါ့ ….”
မျိုးဆက်ဟောင်းမှ ဖြစ်သည့် ထန်လိမှာ ထမင်းလေး တစ်နပ် စားသောက်ရန် သုံးရက်လောက် ကြိုမှာနေရသည့် သဘောတရားအား နားမလည်နိုင် ဖြစ်နေခဲ့၏။
ပိုက်ဆံပေးပြီး စားသည့် ကတ်စတန်မာ တစ်ဦးအနေဖြင့် အဘယ်ကြောင့် စားချင်သည့် အချိန် မစားနိုင်ဘဲ စောင့်ဆိုင်းဖို့ လိုအပ်ရသနည်း။
“ မေမေ နားမလည်လို့နော်…” ကျိုးရှင်းယွီ ရှင်းပြလိုက်၏။
“ ပုံမှန်ဆို ဒီမှာ လာစားချင်ရင် တစ်ပတ်လောက်ကြိုပြီး ဘွတ်ကင်ယူရတာ … ဒါပေမယ့် ချန်ထန်က အစိုးရ အရာရှိလေ… အထူးသဖြင့် ကုန်သွယ်စီးပွားရေး ဌာနက ဆိုတော့ ဒီက ဆိုင်ရှင်တွေက သူ့ကို မျက်နှာသာပေးကြတာပေါ့ …”
“ ဪ … အဲ့လိုလား …” ထန်လိ ပြောလိုက်ပြီး “ နင်က တကယ်ကြင်နာတာပဲ … ဒါပေမယ့် နောက်တစ်ခါကျရင်တော့ ရိုးရှင်းတဲ့ နေရာမှာပဲ သွားစားကြတာပေါ့ … ဒီလောက်ထိ ဒုက္ခခံစရာ မလိုပါဘူး …”
“ အဲ့လို ဘယ်ဟုတ်မှာ … အန်တီက ယွီယွီရဲ့ အမေပဲဟာ အကောင်းဆုံး ဧည့်ခံပေးရမှာပေါ့ …”
ချန်ထန် ယဉ်ကျေးစွာ ဆို၍ လူကြီးလူကောင်း တစ်ယောက် အပြုအမူကို ရန်စီရှေ့တွင် ပြသကာ အမြင်ကောင်းတချို့ ချန်ထားရစ်ချင်နေသည်။
“ နင်တို့တော့ တအား ပင်ပန်းသွားပြီ …”
“ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါပဲ …”
ပြောပြီးသည်နှင့် ချန်ထန်သည် အထဲသို့ ကြွရန် လက်ဟန်ပြ၍ ထန်လိအား အတွင်းဘက်ခြမ်းသို့ ဦးဆောင်သွားခဲ့သည်။
လင်းရီနှင့် ရန်စီက အနောက်မှ နီးကပ်စွာ လိုက်ပါလာပြီး နောက်ခံ ပိတ်ကားချပ် တစ်ခု အဖြစ် ရပ်တည်ရင်း ချန်ထန်နှင့် စပ်လျဉ်း၍ အတော်လေး ခံစားချက် ကောင်းနေကြ၏။
အနည်းငယ် လေကြီးလေကျယ်ပြုသည်က လွဲ၍ အခြား နေရာများတွင်တော့ အတော်လေး လက်ခံနိုင်စရာ ရှိလေသည်။
အုပ်စုက အထဲသို့ ရောက်လာသည်နှင့် အတွင်းပိုင်း အပြင်အဆင်က ထူးခြားပြီး အသေးစိတ်က အစ ဂရုစိုက်ထားသည်ကို သတိပြုမိလိုက်၏။ ပတ်ဝန်းကျင်ကလည်း အတော်လေး တိတ်ဆိတ်အေးချမ်းမှု ရှိလှ၏။ အခြားအရာများ ထည့်မတွက်လျှင်ပင် ဤတစ်ချက်တည်းနှင့် ဘေလ်ရှင်းသည့် အချိန်၌ ပေးချေရမည့် စားရိတ်မှာ မနည်းလှကြောင်းကို စိတ်ကူးကြည့်နိုင်သည်။
“ လူကြီးမင်းတို့ရှင့် .. ဆိုင်က ဘွတ်ကင်တွေ ပြည့်သွားပါပြီ … ကြိုပြီး ဘွတ်ကင်လုပ်ထားတဲ့လူတွေကိုပဲ လက်ခံပါတယ် … အဆင်မပြေမှု အတွက် တောင်းပန်ပါတယ်….”
ပေါင်ရင်းသို့ ရောက်လုနီးပါး လိုင်းကြောင်းခွဲရာနှင့် ချုံစန်ဝတ်စုံ ဝိတ်တာ ကောင်မလေးက တောင်းပန်တိုလျှိုးစွာ ပြောကြားလာခဲ့သည်။
“ ငါတို့ ကြိုပြီး ဘွတ်ကင်လုပ်ထားတယ်…” ကျိုးရှင်းယွီသည် ခေါင်းကို မြင့်မြင့်မော့၍ “ လူကြီးမင်းချိန် နာမည်နဲ့ …”
“ ဟုတ်ကဲ့ … ခဏလေး စောင့်ပေးပါရှင့် …”
ဝိတ်ကာကောင်မလေးက ဘွတ်ကင်ယူထားသည့် မှတ်တမ်းကို တစ်ချက် စစ်ဆေးကြည့်လိုက်ပြီး ယဉ်ကျေးစွာ ပြောဆိုလာခဲ့သည်။
“ လူကြီးမင်းချန် … ကျေးဇူးပြုပြီး နောက်က လိုက်လာခဲ့ပေးပါရှင့် … ဘွတ်ကင်လုပ်ထားတဲ့ စားပွဲက အတွင်းမှာပါ…”
ချန်ထန် သူ့ အင်္ကျီအဝတ်အား သေသပ်အေင် ပြုပြင်ရင်း ကျောကို မတ်ကာ သာမန် သက်တောင့်သက်သာ လေသံဖြင့် ပြောလိုက်၏။
“ သွားကြစို့ …”