← Chapters

သီးသန့်ခန်း

Vol. 135 Ch. 2023

သီးသန့်ခန်း

Vol. 135 Ch. 2023

ရန်စီသည် ခပ်ဖျော့ဖျော့ ပြုံးရင်း လက်ဖက်ရည်ကို တစ်ကျိုက်သောက်လိုက်ကာ စိတ်ထဲတွင် တွေးတောလိုက်မိ၏။

လင်းရီသာ ဒီကို တစ်ယောက်တည်း လာပြီး ထမင်းစားရင် စားသောက်ဆိုင်ပိုင်ရှင်က သူ့ကို ကြိုဆိုဖို့နဲ့ နေရာတစ်ခုလုံးကိုတောင် ဗလာကျင်းပေးလောက်တယ်…

“ အစိုးရ အရာရှိတွေက အဲ့လောက်တောင် အခွင့်အရေး ရတယ်ပေါ့ …” ထန်လိ အံ့အားသင့်သွားခဲ့၏။ “ အမေထင်နေတာ သူတို့ရဲ့ အကြီးမားဆုံး အားသာချက်က အလုပ် အာမခံချက်လားပေါ့ …”

“ မေမေက အမြင်ကျဉ်းတာကိုး …” ကျိုးရှင်းယွီ ပြောဆိုလိုက်ပြီး “ အမှန်အတိုင်း ဝန်ခံရရင် သမီးလည်း ဒီ ကိစ္စတွေ သိပ်အများကြီး မသိဘူး … ဒါပေမယ့် နောင်ကျ ဖြည်းဖြည်းချင်း သိလာမှာပဲ … မေမေ ဘယ်ပဲသွားသွား … သူတို့က အမေ့ကို မော့ကြည့်ကြရမှာ … ပြီးတော့ ကောင်းကောင်းမွန်မွန်လည်း ဆက်ဆံပေးရဦးမှာ …”

“ နားထောင်ရတာက ကောင်းမလို ရှိသားပဲ …” ထန်လိ တုံ့ပြန်လိုက်၏။ သူမ၏ သွင်ပြင်က အနည်းငယ်တော့ နားလည်လာသလိုပင်။

ထိုအချိန်မှာပဲ စားသောက်ဆိုင် မန်နေဂျာက အပြုံးလေးဖြင့် ရောက်လာသည်။ ချန်ထန် မေးမြန်းလိုက်၏။

“ ကိစ္စရှိလို့လား …”

“ ဒီလိုပါ … ကျုပ်တို့ရဲ့ မမလေးယွင်က ပထမထပ်မှာရှိတဲ့ ပတ်ဝန်းကျင်က သိပ်မကောင်းလို့ လူကြီးမင်းတို့ကို တတိယထပ်မှာရှိတဲ့ သီးသန့်ခန်းကို လာစေချင်နေပါတယ်…”

“ သီးသန့်ခန်း ဟုတ်လား …” ချန်ထန် အံ့အားသင့်သွားခဲ့သည်။

“ ဟုတ်တယ်… ဘာလို့ဆို ပထမထပ်မှာက နည်းနည်း ဆူတယ်လေ…”

ချန်ထန် စက္ကန့်အနည်းငယ်ကြာ တုံ့ဆိုင်းသွားခဲ့သည်။ ထို့နောက် အပြုံးလေးဖြင့် “ မိန်းကလေးယွင်က တကယ် ကြင်နာတတ်တာပဲ … ငါတို့က ဒီမှာ မိသားစု ညစာလာစားတာ ဒီလောက်ထိ ဒုက္ခများဖို့ မလိုပါဘူး …”

“ မမလေးယွင်ပြောတာ လူကြီးမင်းက ဂုဏ်သိမ်ရှိတဲ့ ဧည့်သည်တော်တွေတဲ့ … ပြီးတော့ ပထမထပ်မှာ ဧည့်ခံရတာ အရိုအသေတန်သလို ဖြစ်တယ်တဲ့ … အဲ့လို ပြောခိုင်းလိုက်ပါတယ်….”

“ ဒါဆိုလည်း မိန်းကလေးယွင်ကို ကျုပ်ကိုယ်စား ကျေးဇူးတင်ပေးဖို့ ပြောရတော့မှာပါ ….”

“ ဒါပေါ့ ဒါပေါ့ …”

မန်နေဂျာက ကြိုဆိုသည့် လက်ဟန်ကို ပြလျက် “ ကျေးဇူးပြုပြီး … ဒီဘက်ကြွပေးကြပါ …”

“ ကျေးဇူးတင်ပါတယ်….”

ချန်ထန် အပြုံးလေးဖြင့် မတ်တပ်ရပ်လိုက်ပြီး ရန်စီနှင့် ထန်လိတို့ဘက် လှည့်၍ “ ဝမ်းကွဲ ၊ အန်တီ ၊ ဖူရုံရှန်းရဲ့ ပိုင်ရှင်က ကျုပ်တို့ကို သီးသန့်ခန်းထဲ လာပေးဖို့ ကမ်းလှမ်းရင်း အထူးအခွင့်အရေး ပေးနေတယ်… အခု သွားကြစို့ …”

ကျိုးရှင်းယွီမှာ မျက်လုံးအရောင်လက်သွားခဲ့သည်။ သူမတို့က လက်မထပ်ရသေးသော်လည်းပဲ ယခုလို အချိန်မျိုး၌ သူမချစ်သူကိုယ်စား ဂုဏ်ယူဝံ့ကြွားမှုကို ခံစားနေရလေသည်။

“ သူတို့က တကယ်ကြီး သီးသန့်ခန်းထဲ သွားကြတော့မလို့ပေါ့ ဟုတ်လား …”

အနီးနားဝိုင်းရှိ စားသုံးသူများလည်း ချန်ထန်တို့ကို သီးသန့်ခန်းထဲ ရွေ့သွားတော့မှာကို မြင်တော့ အံ့အားသင့်သွားခဲ့ကြလေသည်။

“ ဘာတွေဖြစ်နေတာလဲ … ဖူရုံရှန်းက ဘွတ်ကင်စနစ်နဲ့ သွားတာပဲ မဟုတ်ဘူးလား … စားပွဲတောင် ရောက်နေပြီး စားရင်းတန်းလန်း ရွေ့သွားရတယ်ဆိုတာ ရှိလို့လားကွ …”

“ မင်း မသိဘူးမလား … ဖူရုံရှန်းက ရာထူးမြင့်တဲ့ အရာရှိတွေနဲ့ သူဌေးကြီးတွေအတွက်ဆိုပြီး သီးသန့်ခန်း သုံးခန်း အမြဲဖယ်ထားပေးတယ်… သူတို့ အဲ့ဒီ အထူးခန်းထဲ သွားကြတော့မှာဆိုတာ ငါယုံတယ်…”

ဤသည်ကို ကြားတော့ အခန်းထဲရှိ လူတိုင်း၏ အာရုံက ချန်ထန်ထံ ကျရောက်သွားခဲ့ကြသည်။

“ ဘယ်သူက ထင်ထားမိမှာ .. ဒီကောင်က ထူးခြားတဲ့ အဆင့်အတန်းနဲ့ တစ်စုံတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ကွာ … အထင်ကြီးလောက်စရာပါပဲ …”

“ စာအုပ်တစ်အုပ်ကို အဖုံးကြည့်ပြီး ဆုံးဖြတ်လို့ မရဘူးဆိုတာ တကယ်မှန်တာပဲ … လူတွေကို ဘယ်တော့မှ သူတို့ရဲ့ ပုံစံကြည့်ပြီး ဆုံးဖြတ်လို့ မရဘူးပဲ …”

“ အမှန်ပဲ .. ငါတော့ နောင်ကျရင် စိတ်ထဲ ကိုယ့်ကိုယ်ကို အမြဲတမ်း သတိပေးနေရတော့မယ်… မဟုတ်ရင် အရေးကြီး ပုဂ္ဂိုလ်တစ်ယောက်ကို ဘယ်အချိန် စော်ကားမိမလဲ ဘယ်သူက သိနိုင်မှာ …”

ဘေးပတ်ပတ်လည်ရှိ တီးတိုးပြောဆိုသံများကို ကြားတော့ ချန်ထန်သည် မသိစိတ်အလျောက် ကျောမတ်သွားခဲ့ပြီး ဂုဏ်ယူဝံ့ကြွားမှုကို ခံစားနေရသည်။

“ မေမေ .. မြင်ပြီမလား … မေ့မေ့ သားမက်လောင်းက အဆက်အသွယ်တွေ အများကြီးရှိတယ်…” ကျိုးရှင်းယွီ ပြောလိုက်ပြီး “ သူ့အတွက် သိုသိုသိပ်သိပ်နေဖို့ဆိုတာ တကယ်ခက်တာ …”

ထန်လိလည်း ယခု အမှန်ပင် အထင်ကြီးနေမိတော့သည်။

အစိုးရ အရာရှိတစ်ဦးက ဤမျှ လွှမ်းမိုးနိုင်စွမ်း ကြီးမားလိမ့်မည်ဟူ၍ သူမ စိတ်ထဲ ထင်မှတ်မထားခဲ့ပါချေ။ အခြားသူများက စိတ်လိုလက်ရ မျက်နှာလာလုပ်ရသည်အထိ အားကောင်းလှ၏။

သို့သော် အံ့အားသင့်နေမိဆုံးကတော့ ရန်စီပင်။

သူမက ဤနေရာရှိ ပါဝါအာဏာ အဆင့်လိုက် ဇယားကို နားလည်သဘောပေါက်ထားသည့်လူပင်။

ဒေသက ကျဉ်းမြောင်းလေ၊ အစိုးရ အရာရှိတို့၏ လွှမ်းမိုးမှုက ပိုပြီး ကြီးမားလေဖြစ်၏။ သို့သော် ကျိုးဟိုင်ကဲ့သို့ မြို့ကြီးတွင်တော့ အပေါ် အုပ်ချုပ်သူ လူတန်းစားအလွှာမှလွဲ၍ အခြား အစိုးရဝန်ထမ်းတို့မှာ ထူးခြားနေသူများ မဟုတ်ကြချေ။ သာမန်လူများဟု ဆိုလျှင်ပင် မမှားနိုင်ချေ။

ကုမ္ပဏီ မန်နေဂျာများကို ဥပမာပေးပြီး ပြောဆိုရမည်ဆိုပါက ဆိုင်းဘုတ်ပြုတ်ကျ၍ လူဆယ်ယောက်သေသွားခဲ့လျှင် ကိုးယောက်မှာ မန်နေဂျာဖြစ်ပြီး ကျန်တစ်ယောက်သာလျှင် ဒုက္ကဌ ဖြစ်နေလောက်၏။

သို့သော် ဖူရုံရှန်း၏ ပိုင်ရှင်က အဘယ်ကြောင့် သီးသန့်ခန်း ကမ်းလှမ်းရသည်အထိ ရိုသေလေးစားမှုကို ပြသနေရသနည်း။

ချန်ထန်ကတော့ ရန်စီကဲ့သို့ များများစားစား တွေးတောမနေချေ။

မကြာမီ အုပ်စုက တတိယထပ်ရှိ သီးသန့်ခန်းထဲသို့ ရောက်လာခဲ့ကြသည်။

ပထမထပ်နှင့် နှိုင်းယှဉ်မည်ဆိုပါက သီးသန့်၏ ပတ်ဝန်းကျင်မှာ လုံးဝကို မတူညီသည့် အဆင့်တစ်ခု၌ရှိ၏။ အခန်းက ကျယ်ဝန်းပြီး အလယ်တွင် လေးထောင့် စားပွဲ အရှည်ကြီး တစ်ခု ရှိသည်။ အပေါ်ယံ မျက်နှာကြက်၌ ညကောင်းကင် ကြယ်တာယာ၏ ပုံရိပ်တို့ လွင့်မျှောနေသည်။ နံရံဘေးပတ်ပတ်လည်တွင်လည်း Starry sky ပန်းချီကား၏ လှုပ်ရှားသက်ဝင် ပုံရိပ်ကို ပြသထား၏။

ဝင်ရောက်လာသည်နှင့် ခံစားရသည့် လေထုအငွေ့အသက်က တိတ်ဆိတ်အေးချမ်းပြီး သက်တောင့်သက်သာ ဖြစ်သည့် ခံစားချက်ကို ပေးစွမ်းနေလေသည်။

“ ထိုင်ကြပါဦး … ကျုပ် အောက်ထပ်သွားပြီး လူကြီးမင်းတို့ မှာထားတာတွေ ယူလာခဲ့ပေးပါမယ်…” မန်နေဂျာက ယဉ်ကျေးစွာ ဆိုလိုက်သည်။

“ ကောင်းပြီ .. ကျေးဇူးပါ….”

“ ကျုပ် လုပ်ပေးသင့်တာပါ …”

မန်နေဂျာက အနည်းငယ် ဦးညွှတ်ပြီး မထွက်ခွာမီ တံခါးကို သေချာပြန်ပိတ်ပေးသွားခဲ့သည်။

“ ထန်ထန် … နင်က လုံး အမေးဇင်းပဲ … နင့်ဘက်က ဘာမှတောင် လုပ်စရာမလိုဘူး … သူတို့ဘာသာ ရောက်လာပြီး ဒီလို ခမ်းနားတဲ့ အခမ်းကြီးကို စီစဉ်ပေးသွားတယ်… နင်က တကယ့်ကို တစ်ခုခုပဲ …” ကျိုးရှင်းယွီ စိတ်လှုပ်ရှားတကြီးဖြင့် ပြောဆိုလိုက်၏။

ချန်ထန်လည်း အနည်းငယ် မွှန်ထူနေခဲ့ပြီး သီးသန့်ခန်းက အဆင့်မြင့်ပြီး ဇိမ်ကျလွန်း၍ အစစ်အမှန် မဟုတ်ဟုတောင် ခံစားနေရသည်။

“ တကယ်တော့… ထွေထူးမဟုတ်ပါဘူး …” ချန်ထန် ပြော၍ တည်ငြိမ်ချင်ယောင် ဆောင်လိုက်သည်။

“ ငါ့ အထက်အကြီးအကဲတွေနဲ့ ညစာသွားစားရင် ဧည့်ခံမှုအဆင့် အကုန်လုံးက ဒီလယ်ဗယ်လောက်ပဲ …”

“ ငါတော့ ခုလက်ရှိ အလုပ်ကို ထွက်ပြီး အစိုးရ စာမေးပွဲ ဝင်ဖြေဖို့တောင် စဉ်းစားနေမိပြီ … အဲ့လိုသာဆို ငါလည်း ဒီလို ဆက်ဆံပေးမှုမျိုးကို ခံစားနိုင်မှာပဲ …”

ကျိုးရှင်းယွီ ပြောဆိုလိုက်ပြီး “ အပြင်မှာ ရုန်းကန်းနေရတာထက်စာရင် အများကြီး ပိုကောင်းတယ်…”

“ အဲ့လိုလည်း ရတယ်လေ… ငါ့ရဲ့ အဆက်အသွယ်တွေနဲ့ မင်းသာ ရေးဖြေ စာမေးပွဲကို အောင်သရွေ့ အင်တာဗျူးက ဝတ်ကျေတမ်းကျေလောက်ပဲ …”

ထိုသို့ ပြောပြီးနောက် ချန်ထန်သည် ရန်စီကို ကြည့်လိုက်သည်။

“ ဝမ်းကွဲ … မင်းရော အဲ့လိုစဉ်းစားဖူးလား … ကြိုးစားကြည့်လို့ရတယ်နော်…”

“ ငါ့ရဲ့ လက်ရှိ အလုပ်က အတော်လေး အဆင်ပြေတော့ တစ်ခါမှ မစဉ်းစားဖူးဘူး …” ရန်စီ အပြုံးလေးဖြင့် တုံ့ပြန်လိုက်သည်။

“ အခု လောလောဆယ်တော့ အလုပ်က အဆင်ပြေတယ်လို့ စဉ်းစားမိမှာပဲ .. ဒါပေမယ့် နောက်ဆယ်နှစ် ဒါမှမဟုတ် နှစ် နှစ်ဆယ်နေရင် ဘယ်သူသိနိုင်မှာ .. အနာဂတ်အတွက် အစီအစဉ် ရှိထားဖို့ လိုတယ်လေ…”

“ ကောင်းပြီ … ကျေးဇူးပဲ … ငါစဉ်းစားကြည့်လိုက်မယ်…”

“ တကယ်လို့ ဆုံးဖြတ်ထားတယ်ဆို ကျုပ်ကို အသိပေးလိုက် .. တခြားတော့ ကတိမပေးနိုင်ဘူး … ဒါပေမယ့် အင်တာဗျူး အပိုင်းကိုတော့ အာမခံပေးနိုင်တယ်…”

“ အိုကေ …”

ရန်စီ လက်ဖက်ရည် တစ်ကျိုက်အား သောက်လိုက်ရင်း အဆိုပါ အကြောင်းအရာအား ဆက်မပြောချင်တော့ပေ။ သို့သော် စိတ်အတွင်းထဲကနေတော့ မနေနိုင်ဘဲ ကြိတ်ပြုံးလိုက်မိ၏။

လင်းရီ၏ ကျိုးဟိုင်တွင်း အဆင့်အတန်းဖြင့်ဆိုပါက မည်သည့် နေရာကိုမဆို စကားတစ်ခွန်း ပြောရုံမျှဖြင့် သူမအတွက် ရာထူးတစ်ခုအား လွယ်လင့်တကူ စီစဉ်ပေးနိုင်သည်။

ထို့ပြင် အကယ်၍ သူမဘက်က အလုပ်ဆက်မလုပ်လိုတော့လျှင်ပင် ထိုသို့ စဉ်းစားရန် လိုအပ်လိမ့်မည်ဟု သူမ မထင်ပေ။

သူမ လုပ်ဖို့ လိုအပ်သည်က စကားတစ်ခွန်း ပြောလိုက်ရုံသာ ဖြစ်ပြီး လင်းရီဘက်က သူမ စိတ်ကြိုက်သုံးဖို့ လုံလောက်သည့် ငွေပမာဏကို ပေးနိုင်သည့် ခွန်အား ရှိ၏။ အဘယ်ကြောင့် အလုပ်လုပ်နေရဦးမည်နည်း။

သို့သော် ကျိုးရှင်းယွီ၏ မျက်လုံးထဲတင်တော့ ရန်စီ၏ သဘောထားက အခြား အဓိပ္ပာယ်တစ်မျိုးသို့ သက်ရောက်နေသည်။

သူမက ငြိမ်ကျသွားခဲ့ပြီး ဤမျှကောင်းသည့် ကောင်လေး ရှိထားရခြင်းအတွက် ဖြစ်နေသည့် မနာလိုစိတ်ကို လက်ဖက်ရည်သောက်ရင်း တိတ်တဆိတ် ဖြေဖျောက်နေခြင်းပင်။

ဒေါက် ဒေါက် ဒေါက် …

“ ဝင်ခဲ့ …”

မကြာမီ သီးသန့်ခန်းသို့ တံခါးခေါက်သံ ထွက်ပေါ်လာပြီး ဆိုင်မန်နေဂျာ အမျိုးသားမှာ ဝိတ်တာကောင်မလေး များစွာနှင့် အခန်းတွင်းသို့ ဝင်လာသည်။

တစ်ယောက်ပြီး တစ်ယောက် ရောက်လာခဲ့ရာ လေးထောင့်စားပွဲရှည်၌ ဟင်းပွဲ နှစ်ဆယ်ကျော် ပြည့်နှက်သွားခဲ့ပြီး အနီရောင် ဝိုင်နှစ်ပုလင်း ထိုအထဲ ပါဝင်သည်။

စားပွဲပေါ်၌ အခြားအရာတို့ ထပ်မတင်နိုင်တော့လောက်သည်အထိကို ပြည့်နှက်သွားလေတော့သည်။ ဤမျှများပြားလှသည့် ဟင်းပွဲများကို မြင်တော့ ချန်ထန်နှင့် ကျိုးရှင်းယွီ နှစ်ဦးလုံး အကြီးအကျယ် အံ့အားသင့်မိသွားခဲ့ကြလေသည်။

“ မင်းတို့ အခန်းမှားပြီးများ ဝင်လာကြလား … ငါတို့ ဒီလောက်များတဲ့ ဟင်းတွေ မမှာထားမိပါဘူး …”

All Chapters