အပိုင်း ၆၂၉-၆၃၂
Vol. 32 Ch. 629-632
အပိုင်း ( ၆၂၉ )
၃ သန်းမှ ကျဆင်းသွားခြင်း
လီကောင်းဖုသည် သူရွေးချယ်ထားသော သေတ္တာများအတွက် အလွန်ယုံကြည်မှုရှိနေသည်။
ယဲ့ဖန်မှ သူ့ကို ၃ သန်းပေးလေသည်။
ဆိုလိုသည်မှာ ဒီသေတ္တာများထဲမှ ရတနာတွေသည် အနည်းဆုံး ၃ သန်းလောက် တန်ဖိုးရှိပေမည်။
သူသည် ယွမ် ၅သိန်းရင်းနှီးမြှပ်နှံခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းတွင် ယွမ် ၃သန်း ရရှိခဲ့သည်။
သေလောက်တဲ့ အမြတ်ထွက်နှုန်းပဲ။
ငါ ဘယ်လိုလုပ် ဒီလောက် တော်ပြီး စမတ်ကျရတာလဲ။
လီကောင်းဖုသည် သူဌေးရွှယ်ကို စိုက်ကြည့်နေရင်း ရူးကြောင်ကြောင် တွေးနေလေသည်။
ရွှယ်ပုသည် သူ့လက်ထဲမှ သေတ္တာများကို ယူကာ ဓားတစ်ချောင်းကို ထုတ်ပြီး တစ်ခုချင်း ဖွင့်လိုက်သည်။
အနီးနားရှိ လူအုပ်ကြီးသည် ရလဒ်ကို ကြည့်ရန် မစောင့်နိုင်တော့ပေ။
" ဒီလူကြီးမင်းရဲ့ ပထမဆုံး သေတ္တာက ယွမ် ၅၀၀၀ တန် ခေတ်မီတဲ့ ကြွေထည်လက်ရာတစ်ခုပါ "
ရွှယ်ပုသည် သေတ္တာကိုဖွင့်ပြီး ကြွေပုလင်းကို ထုတ်ယူလိုက်သည်။
ကြွေပုလင်း၏လက်ရာသည် အလွန်လက်ရာမြောက်သည်။
ပုံသဏ္ဍာန်ပဲဖြစ်စေ၊ ပုံသဏ္ဍာန်ပဲဖြစ်စေ လှပသည်ဟု ပြောလို့ရနိုင်သည်။ ခေတ်မီလက်မှုပညာများထဲတွင် အတော်လေး လက်ရာမြောက်သည်ဟု ယူဆနိုင်သည်။
သို့သော် လီကောင်းဖု၏ နားထဲတွင် ထိုစကားသည် ကျည်ဆန်တစ်ခုလို ဖြစ်သည်။
" ခေတ်မီအနုပညာလား။ တန်ဖိုးက ....... ယွမ် ၅၀၀၀လား "
သူသည် အရူးတစ်ယောက်လို ရှေ့သို့ ပြေးသွားကာ ကြွေပုလင်းကို ကိုင်ပြီး ဂရုတစိုက် စစ်ဆေးနေသည်။
အမှန်ပင် ထိုပစ္စည်းက ခေတ်သစ်အနုပညာလက်ရာတစ်ခုဖြစ်နေသည်။
သူ့ရင်ဘတ်ထဲမှ သွေးများက ပါးစပ်ဆီ တက်လာသည်ကို ခံစားလိုက်ရသည်။
သူက အမြန်လှည့်ပြီး ယဲ့ဖန်ကို ကြည့်လိုက်သည်။
" မင်း ငါနဲ့ ကစားနေတာလား "
ယဲ့ဖန်က ပခုံးတွန့်လိုက်သည်။
" အထဲမှာ ဘာရှိလဲ မသိဘူး။ ခင်ဗျားဘာသာ လုယူချင်ခဲ့တာ "
လီကောင်းဖုသည် ထိုစကားကို ကြားသောအခါ ဆဲမိမတတ်ဖြစ်သွားသည်။
ယဲ့ဖန်မှ ဝမ်းနည်းသည့် အမူအရာဖြင့် သူ့ကို ကြည့်နေသည်။
" ဆရာလီ၊ ခင်ဗျား ဒီတစ်ခါတော့ အောင်ပွဲ မခံနိုင်ပေမဲ့ နောက်တစ်ပွဲတော့ နိုင်ပါလိမ့်မယ်။ ကျေးဇူးပြုပြီး အလျှော့မပေးပါနဲ့ "
ကျူးရှောင်ကျောင်းသည် ရယ်မိမတတ်ဖြစ်သွားသည်။
ယဲ့ဖန်က အရမ်းစိတ်ပုတ်တာပဲ။
သူ့ကို လှည့်စားခဲ့တာတောင် အပြစ်ကင်းသလို ဟန်ဆောင်နေသေးတယ်။
လီကောင်းဖုသည် သူ့ကိုယ်သူ အမြန် စိတ်ငြိမ်အောင်လုပ်လိုက်သည်။
ယဲ့ဖန်အား မုန်းတီးနေသော်လည်း သူပြောသည့်စကားတွင် အမှားအယွင်းမရှိပေ။
သူသည် သေတ္တာများထဲမှ တစ်ခုကိုသာ ရှုံးနိမ့်ခဲ့တာဖြစ်သည်။ ကျန်သည့်လေးပုံကသာ ရတနာတွေဖြစ်နေလျှင် မြတ်ဦးမှာဖြစ်သည်။
သို့သော် ကိစ္စများသည် သူ့ထင်ထားသည့် လမ်းကြောင်းအတိုင်း မသွားပေ။
ဒုတိယ သေတ္တာကို ဖွင့်လိုက်သောအခါ သူ အံ့သြသွားရပြန်သည်။
" ဒီလူကြီးမင်းရဲ့ ဒုတိယသေတ္တာက ကျောက်စိမ်းအကြည်ပုစဉ်းဖြစ်ပါတယ်။ ...... ပျမ်းမျှ ပုံပန်းသဏ္ဍာန်ရှိပြီး ယွမ် ၂သောင်းတန်ကြေးရှိမယ်လို့ ခန့်မှန်းရပါတယ် "
လီကောင်းဖုသည် ကျောက်စိမ်းအကြည်ပုစဉ်စအကြောင်း ပထမဆုံး ကြားလိုက်သောအခါ ရတနာတစ်ခုဖြစ်သည်ဟု သူထင်ခဲ့သည်။
သို့သော် နောက်ဆုံးအပိုင်းကို ကြားလိုက်ရပြီးနောက် သူ့စိတ်တွေ အေးခဲသွားပြန်သည်။
ကျောက်စိမ်းကြည်ပုစဉ်းသည် လက်သန်းအရွယ်သာရှိသည်။ ကျောက်စိမ်း၏ အရည်အသွေးသည် သာမန်သာဖြစ်ပြီး ထွင်းထုထားမှုသည်လည်း အလွန်ကြမ်းတမ်းသည်။
ထို့အပြင် တောင်ပံတစ်ခုကလည်း ပျောက်ဆုံးနေသောကြောင့် စုဆောင်းမှုတန်ဖိုးမရှိပေ။
ခန့်မှန်းဈေး ၂သောင်းသည် အလွန်ဆုံးဖြစ်လေသည်။
" ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ...... "
သူ အမှန်တကယ်ပင် ထိတ်လန့်နေပြီဖြစ်သည်။ 'အမှိုက်'ပစ္စည်းနှစ်ခုကို ဆက်တိုက်ရခဲ့သည့် မည်သူမဆို ခက်ခဲလိမ့်မည်ဖြစ်သည်။
သူက ယဲ့ဖန်ကို ကြည့်လိုက်ပြန်သည်။
" ဘာတွေဖြစ်နေတာလဲ "
ယဲ့ဖန် ပခုံးတွန့်လိုက်သည်။
" ကျွန်တော်က ဘယ်လိုသိမှာလဲ။ ကျပန်းရွေးချယ်ခဲ့တာပဲ "
" မင်း ..... "
လီကောင်းဖုသည် ထိုကောင်စုတ်ကို လည်ပင်းညှစ်သတ်ချင်လာသည်။
ကျပန်းရွေးချယ်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။
မင်းက ဒီရွှယ်ဆိုတဲ့ကောင်နဲ့ တွဲလုပ်နေတာ မဟုတ်ဘူးလား။ ဘယ်ထဲမှာ ဘာရှိတယ်ဆိုတာ ဘယ်လိုလုပ် မသိတာ ဖြစ်နိုင်မှာလဲ။
ရွှယ်ပုက သူ့ကို စိတ်ဆိုးဖို့ အချိန်အများကြီးမပေးချေ။ ကျန်သေတ္တာများကို ဆက်လက်ဖွင့်သည်။
" ဆုန်းရုကြွေပန်းကန်လုံး ..... ယွမ် ၈၀၀၀ခန့် တန်တယ်လို့ ခန့်မှန်းရပါတယ် "
" ရှုပေဟုန်းရဲ့ ပြေးနေတဲ့မြင်းရုပ်ပုံ ...… ပုံတူဖြစ်တာကြောင့် ၁၂၀၀၀ လောက်ရှိပါတယ် "
" ပန်းပွင့်နဲ့ အသီးပုံစံ အပြာရောင်ပန်းအိုး ....... ခေတ်မီလက်ရာ ယွမ် ၉၀၀၀ ခန့် ...... "
သေတ္တများကို ဖွင့်လိုက်တိုင်း လီကောင်းဖု၏နှလုံးသည် ပိုပိုအေးခဲသွားရသည်။
နောက်ဆုံး သေတ္တာကို ဖွင့်ကြည့်ပြီးတဲ့နောက် သူ့ခြေထောက်တွေ ပျော့ခွေသွားသလို ခံစားလိုက်ရပြီး မြေပေါ်လဲကျသွားသည်။
ဖွင့်ထားသည့် ရတနာတွေကို သူ့မျက်လုံးများမှ အသက်မရှိသလို ကြည့်နေသည်။ ထိုရတနာများ၏ စုစုပေါင်းတန်ဖိုးမှာ ယွမ် ၅၄၀၀၀ ဖြစ်လေသည်။
သို့သော် သူသည် ယွမ် ၅သိန်းလုံး ရင်းနှီးမြှပ်နှံထားသော်လည်း ယွမ် ၅သောင်းသာတန်သည့် ပစ္စည်းများကိုသာ ရရှိခဲ့သည်။
စုစုပေါင်း ယွမ် ၄သိန်းခွဲ ဆုံးရှုံးခဲ့လေသည်။
သူ့ရင်ဘတ်ထဲမှ သွေးများ တဟုန်ထိုး တက်လာသည်ကို ခံစားရပြီး သွေးအန်ချင်စိတ်ဖြစ်လာသော်လည်း ခက်ခက်ခဲခဲ မျိုသိပ်ထားရသည်။
ထိုအချိန်တွင် ယဲ့ဖန်မှ အရိုက်နှက်ခံရရန် တောင်းဆိုနေသကဲ့သို့ ရုတ်တရက် သူ့လက်ကို လာဆွဲကိုင်သည်။
" ဟူး ဆရာလီ၊ ကျွန်တော် ဘာပြောရမလဲတောင် မသိတော့ပါဘူး။ ကျွန်တော်တို့ရဲ့ ဆရာ-ကျောင်းသားဆက်ဆံရေးကြောင့် ဒီသေတ္တာတွေကို ဝယ်ဖို့ ယွမ် ၃ သန်းနဲ့ ကမ်းလှမ်းပေမဲ့ ဆရာက သဘောမတူခဲ့ဘူး။ အခု ၃ သန်းက ၅သောင်းဖြစ်သွားရပြီ "
" ဖူး ........ "
လီကောင်းဖုသည် ထိုစကားကို ကြားသောအခါ သူ မထိန်းနိုင်တော့ဘဲ ပါးစပ်ထဲမှ သွေးများ ထွက်လာခဲ့သည်။
" ခွေးသား၊ မင်း ငါ့ကို တမင်တကာလှည့်စားခဲ့တာ။ ငါ မင်းကိုသတ်မယ် ...... "
သူသည် ချက်ချင်း ရူးသွပ်သွားပြီး ယဲ့ဖန်ကို လှမ်းခုန်အုပ်သည်။
ယဲ့ဖန်က ရှောင်မပြေးဘဲ သူ့အနားရောက်လာဖို့ စောင့်နေသည်။
အနီးကပ်လာမှ ရှောင်လိုက်သောကြောင့် လီကောင်းဖု လွဲချော်သွားပြီး မျက်နှာမှောက်လျက် လဲကျသွားသည်။ သူ့ရှေ့သွားနှစ်ချောင်းပင် ကျိုးသွားသည်။
သို့သော် သူသည် ခေါင်းကို မော့ကာ ယဲ့ဖန်ကို စိုက်ကြည့်နေပြီး သူ့မျက်လုံးများတွင် အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။
ဒီကောင်က တမင်ထောင်ချောက်ဆင်ပြီး သူ တွားသွားလာအောင် စောင့်နေခဲ့တာ ဖြစ်နိုင်တယ်။
ထို ၅သိန်းသည် အလွန်များသည့် ပမာဏဖြစ်သည်။ ကျောင်းမှ လက်ဆောင်များ၊ လာဘ်လာဘများ အတော်ရသော်လည်း ထိုပမာက အတော်များနေသေးသည်။
ဒါကို သူ ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ။
သူ့ပါးစပ်တွင် သွေးများနှင့် ပြည့်နေပြီး မျက်လုံးအကြည့်တွေကလည်း အေးစက်နေသည်။ သူ့ပုံစံက အနည်းငယ် ကြောက်စရာကောင်းသည်။
ကျူးရှောင်ကျောင်းသည် ယဲ့ဖန်၏ နောက်တွင် အလျင်အမြန် ပုန်းနေလိုက်ပြီးမှ နေရထိုင်ရ သက်တောင့်သက်သာရှိလာတော့သည်။
သူဌေးရွှယ်က ထိုအချိန်တွင် မတ်တပ်ထရပ်လိုက်သည်။
" ဆရာ၊ ဒီ ကံစမ်းတဲ့သေတ္တာဂိမ်းကလည်း လောင်းကစားတစ်မျိုးပါ။ လောင်းကစားလုပ်တယ်ဆိုတာ ရှုံးတာလည်းရှိပါတယ်။ ခင်ဗျားလို လူတိုင်းကသာ ဒုက္ခပေးနေရင် ငါတို့က စီးပွားရှာနိုင်ပါ့ဦးမှာလား "
လီကောင်းဖုသည် ချက်ချင်း သူတို့ကို ညွှန်ပြလိုက်သည်။
" မင်းတို့ လိမ်လည်ကြံစည်နေတာလို့ ငါ သံသယရှိတယ်။ မင်းရဲ့ သေတ္တာထဲမှာ အဖိုးတန်တဲ့ရတနာတွေ မရှိဘူး။ အားလုံးပဲ ရဲခေါ်ပြီး ဒီလိမ်နေတဲ့သူ နှစ်ယောက်ကို ပို့ပေးရမယ် "
သူ့စကားကို ကြားပြီးနောက် တခြားလူတွေကလည်း ရွှယ်ပုကို စိတ်ရှုပ်ထွေးစွာ ကြည့်နေကြသည်။
" သူဌေးရွှယ်၊ သူပြောနေတာ အမှန်ပဲလား။ တကယ်ပဲ လှည့်စားနေတာလား "
" ကျွန်တော်လည်း ထင်တယ်။ ဒီလူကြီးမင်းက သေတ္တာငါးလုံးကို ဆက်တိုက်ဖွင့်လိုက်တော့ အဖိုးတန်ရတနာကို မတွေ့ခဲ့ရဘူး။ ဒါက အဓိပ္ပာယ်မရှိဘူး မဟုတ်လား "
" ဟုတ်တယ်၊ အခွင့်အရေးငါးခုမှာ တစ်ခုရှိတယ်ဆိုတာ မမှန်တော့ဘူးလေ "
" ငါတို့ကို ကျေနပ်လောက်တဲ့ အဖြေမပေးရင် ငါတို့ ရဲကို အခုချက်ချင်း ဖုန်းဆက်ပြီး လိမ်လည်မှုနဲ့ တရားစွဲမယ် "
" ရဲကိုခေါ်၊ ရဲကိုခေါ် ... "
အပိုင်း ( ၆၃၀ )
ဘုရားသခင်က မင်းကို ငါနဲ့ကစားဖို့ လွှတ်လိုက်တာလား။
လူအုပ်ကြီး၏ ဒေါသကို မြင်သောအခါ ရွှယ်ပု၏အမူအရာ ချက်ချင်း မည်းမှောင်သွားသည်။
" ငါ့ရဲ့ လင်းကန်အိမ်ရာက ရိုးသားမှုကို အမြဲအခြေခံထားပြီး လှည့်ဖြားမှု ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး "
လီကောင်းဖုသည် စိတ်လွတ်သွားပြီး သူ့ရှေ့သို့ ချက်ချင်း ပြေးသွားခဲ့သည်။
" ဒါဆို အခွင့်အရေး ငါးခုထဲက ငါ ဘာလို့ ဘာမှမရဘူးတာကို မင်း ဘယ်လိုရှင်းပြမှာလဲ "
ရွှယ်ပုက သူ့ကို အေးစက်စွာ ကြည့်နေသည်။
" ဒါက မင်းရဲ့ ကံက ဆိုးလွန်းတယ်လို့ ဆိုလိုတာပဲ။ ပြီးတော့ ယွမ် ၅သောင်းတန်တဲ့ ပစ္စည်းတွေကို ပြန်ရခဲ့တယ် မဟုတ်ဘူးလား။ ဘာမှမရဘူးလို့ ဘယ်လိုလုပ် ပြောရတာလဲ "
" ဘာ "
လီကောင်းဖု ဒေါသထွက်သွားသည်။
" ငါက ယွမ်၅သိန်း အကုန်သုံးပြီး ယွမ် ၅သောင်းတန် ပြန်ရတာကို ပြောနေတာလား။ ငါ့ပိုက်ဆံတွေ ပြန်ပေး၊ မဟုတ်ရင် မင်းဆိုင်ကို ဖျက်ဆီးပစ်မယ် ...... "
သူ့စကားမပြီးခင်တွင် ရွှယ်ပုက သူ့ကို ပါးရိုက်လိုက်သည်။
" မင်း ငါ့ လင်းကန်အိမ်ရာရှေ့မှာ ရိုင်းစိုင်းရဲလား။ မင်းကို ဘယ်သူက သတ္တိပေးလိုက်တာလဲ "
လီကောင်းဖုသည် သူ့မျက်နှာကို အုပ်ကာ နီရဲနေသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေသည်။
" မင်းတို့တွေက လူလိမ်တွေဖြစ်တဲ့အပြင် လူကို ရိုက်ရဲတာလား။ ငါ မင်းတို့ကို သေအောင် တိုက်ပစ်မယ် "
ထိုသို့ပြောပြီးနောက် သူသည် ရှေ့သို့ထပ်တက်ရန်ပြင်သည်။
သို့သော် ထိုအချိန်တွင် ဘေးမှစောင့်ကြပ်နေသော လင်းကန်အိမ်ရာမှ လုံခြုံရေးဝန်ထမ်းများ ချက်ချင်းထလာပြီး သူ့ကို ဝိုင်းရိုက်ကာ ကန်ကြသည်။
ဒုကျောင်းအုပ်လီသည် သူ့မိဘတွေကို တကာ ငိုယိုပြီး အသနားခံရသည်။
ရွှယ်ပုက သူ့ကို မကြည့်တော့ဘဲ ယဲ့ဖန်ဘက်ကို လှည့်ကြည့်လိုက်သည့်အခါ သူ့အမူအရာက တစ်ဖန် ပျော့ပြောင်းသွားသည်။
" ညီလေး၊ မင်းရွေးချယ်ရမယ့်အလှည့်ပဲ။ ဒီအမှိုက်လိုကောင်ကြောင့် စိတ်အနှောင့်အယှက် မဖြစ်ပါနဲ့။ ငါတို့ လင်းကန်အိမ်ရာရဲ့ ကံစမ်းတဲ့ သေတ္တာတွေထဲမှာ ရတနာတွေရှိပါတယ်။ ရတနာပါတဲ့သေတ္တာကို ဖွင့်မိရင် အဲ့ဒီရတနာကို ရမှာပါ "
ယဲ့ဖန်က သူ့ကို လှည့်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
သူဌေးရွှယ် အမှန်တိုင်းပြောနေလား ဆိုတာကို စစ်ဆေးရန် စနစ်၏အတွင်းကျကျ စစ်ဆေးခြင်းကို အသက်သွင်းကာ ကြည့်ထားပြီးဖြစ်သောကြောင့် သူဌေးမှ အမှန်တိုင်းပြောနေသည်ကို ယဲ့ဖန် သိလေသည်။
သေတ္တာများ အထဲတွင် တကယ်ပင် ကောင်းသည့်အရာတွေ အများကြီးရှိလေသည်။
သို့သော် လီကောင်းဖုကို လှည့်ဖြားရန်အတွက် ယဲ့ဖန် တမင်တကာ မကောင်းသည့်ပစ္စည်းများကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
အခုအခါ ထိုဆရာဟု မခေါ်ထိုက်သည့်သူသည် ထိုက်သင့်သော ပြစ်ဒဏ်ကို ခံရပြီးဖြစ်သောကြောင့် နောက်ဆုံးတွင် သူ့ဒေါသကို ဖြေဖျောက်နိုင်ခဲ့သည်။
ထိုအခါမှ ယဲ့ဖန် စတင်ပြီး အလေးအနက်ထား ရွေးချယ်ခဲ့သည်။
သူ့ပစ်မှတ်ကို ဆုံးဖြတ်ထားပြီးဖြစ်သောကြောင့် အချိန်အများကြီး မဖြုန်းခဲ့ပေ။
ယဲ့ဖန်သည် ကံစမ်းသောသေတ္တာငါးလုံးကို အမြန်ကောက်ယူပြီး သူဌေးရွှယ်ကို ပေးလိုက်သည်။
ထိုအခါ အားလုံးက ဝိုင်းအုံလာကြပြန်သည်။
ဒီတစ်ကြိမ်တွင်လည်း ဘာရှာတွေ့မလဲဆိုတာကို သိချင်နေကြသည်။
ဒီအကြိမ်ရလဒ်သည်လည်း လီကောင်းဖု၏ ရလဒ်များကဲ့သို့ တန်ဖိုးမဲ့အမှိုက်များ ဖြစ်နေသေးပါက လင်းကန်အိမ်ရာ၏ ကျပန်းသေတ္တာနှိုက်ပွဲသည် အတုအယောင်ဟု ဆိုလိုနိုင်သည်။
ကျူးရှောင်ကျောင်းပင်လျှင် ရလဒ်များကို သိချင်နေခဲ့သည်။
သူမသည် သေတ္တာများကို စိုက်ကြည့်နေသည်။
ရွှယ်ပုသည် ပထမဆုံးသေတ္တာကို ကျွမ်းကျင်စွာ ဖွင့်လိုက်သည်။
အထဲမှပစ္စည်းကို မြင်လိုက်သည်နှင့် ချက်ချင်း အေးစက်တဲ့လေကို ရှုရှိုက်မိလိုက်သည်။
သူ ယဲ့ဖန်ကို အလျင်အမြန် မော့ကြည့်လိုက်ပြီးနောက် တုန်ရီနေသော သူ့လက်ဖြင့် နှိုက်လိုက်သည်။
အားလုံးက သူ၏ အံ့အားသင့်နေသော အမူအရာကို မြင်လိုက်သည့်အခါ ချက်ချင်း သိချင်သွားကြသည်။
" သူဌေးရွှယ်၊ အထဲမှာ ဘာရှိတာလဲ "
" သူဌေးရွှယ်ရဲ့ အမူအရာကို ကြည့်ရတာ အဖိုးတန်ရတနာတစ်ခုပဲ ထင်တယ် "
" နောက်ထပ် အမှိုက်တစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်တာပဲ။ ဒီလိုဆိုရင် သူဌေးရွှယ်က ဘယ်လိုရှင်းပြမလဲဆိုတာ ကြည့်ရအောင် "
" ဒီတစ်ခါတော့ မဖြစ်သင့်ဘူးမဟုတ်လား။ အနည်းဆုံး ယွမ် သောင်းချီတော့ တန်သင့်ပါတယ် "
အားလုံးဆွေးနွေးနေကြစဉ် ရွှယ်ပုထုန်သည် သေတ္တာထဲမှ ခရမ်းရောင်ရွှံ့လက်ဖက်ရည်အိုးကို ထုတ်ယူလိုက်သည်။
" ချင်မင်းဆက်က ဟွေ့ရီကုန်း ခရမ်းရောင် မြေစေးလက်ဖက်ရည်အိုး အစစ်၊ တန်ဖိုး ယွမ် ၁ သန်း "
ခရမ်းရောင်ရွှံ့စေးလက်ဖက်ရည်အိုးကို မြှောက်လိုက်သောအခါ ကြည့်နေသူတိုင်း ခေါင်းကိုက်သွားသလို ခံစားလိုက်ရသည်။
" အမလေး ဘုရား ဘုရား၊ ဒါက တကယ်ပဲ ဟွေ့ရီကုန်း ခရမ်းရောင်ရွှံ့စေးလက်ဖက်ရည်အိုးပဲလား။ ပြီးတော့ ကောင်းကောင်း ထိန်းထားတဲ့ဟာပဲ။ သူတော့ တကယ်ချမ်းသာပြီ "
" ဒီတစ်ခုတည်းက ၁ သန်းတန်တယ်ဆိုတော့ နှစ်ဆတိုးမြတ်သွားပြီ "
" ဒီလူငယ်ရဲ့ ကံက အတော်ကောင်းတာပဲ။ ဒီခရမ်းရောင်ရွှံ့စေးလက်ဖက်ရည်အိုး တစ်ခုတည်းနဲ့ အရင်းကြေသွားပြီး အမြတ်တောင် အများကြီးရလိုက်ပြီ "
" ဒါ ကံတရားပဲ။ ဟိုလူကတော့ အခုတင် ငါးခုလုံး ဖွင့်ပြီးတာတောင် စုစုပေါင်း ယွမ် ၅သောင်းလောက်ပဲ တန်တာ ရတယ် "
လီကောင်းဖုလည်း အံ့သြနေသည်။
မယုံကြည်နိုင်စွာဖြင့် မျက်လုံးကို ပွတ်သပ်လိုက်သည်။
" မဖြစ်နိုင်ဘူး၊ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ ........ ဒီကလေးက ဘယ်လိုလုပ် ဒီလောက် ကောင်းကင်ကိုတောင် အံတုနိုင်တဲ့ ကံကောင်းခြင်းတွေ ရလာခဲ့တာလဲ "
ဒီကလေးက ၁သန်းတန်တဲ့ ရတနာတစ်ခုကို တကယ်ကြီး ရသွားတာလား။
ဒါဆို သူ့ကို ယွမ် ၅သောင်းပဲ တန်ကြေးရှိတဲ့ အမှိုက်တွေကို ဘာလို့ ပေးခဲ့တာလဲ။
ကောင်းကင်ဘုံ၊ မင်း မျက်လုံးကန်းနေလား။
ကျူးရှောင်ကျောင်းသည် ကလေးတစ်ယောက်ကဲ့သို့ စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်နေပြီဖြစ်သည်။
အမှန်မှာ ယွမ် ၁ သန်းက သူမအတွက် ပိုက်ဆံအများကြီး မဟုတ်ချေ။
သို့သော် ကံစမ်းသည့်သေတ္တာကို ဖွင့်လိုက်ခြင်း၏ ပီတိက သူမကို အလွန်စိတ်လှုပ်ရှားစေခဲ့သည်။
" ယဲ့ဖန်၊ နင်က အံ့သြစရာပဲ "
သူမ၏ မျက်နှာလေးသည် နီမြန်းလာသည်။ သူမက ယဲ့ဖန်ကို မျက်လုံးရွဲလေးများဖြင့် ကြည့်နေကာ အလွန်ဆွဲဆောင်မှုရှိလေသည်။
ယဲ့ဖန်သည် သူမ၏အမူအရာကို မြင်လိုက်သောအခါ သူ့နှလုံးသားမှ မထိန်းနိုင်ဘဲ ပြင်းထန်စွာခုန်ပေါက်လာလေသည်။
ထို့နောက် သူ့ကိုယ်သူ တွေးလိုက်သည်။
'မင်း ကိုယ့်ကို ဒီလို မကြည့်လို့ မရဘူးလား။ နားလည်မှုလွဲတော့မယ်'
ရွှယ်ပုသည် ရှုပ်ထွေးသောအမူအရာဖြင့် သူ့ရှေ့မှ လူငယ်ကို ကြည့်လိုက်သည်။
ယွမ် ၁သန်း တန်တဲ့ သေတ္တာပုံးကို သူ တကယ်ပဲ ဖွင့်နိုင်ခဲ့တာဆိုတော့ သူက မရိုးရှင်းဘူးပဲ။
" ညီလေး၊ ဂုဏ်ယူပါတယ်။ မင်းရဲ့ သေတ္တာက အရင်းတန်းကြေပြီး ကြီးမားတဲ့ အမြတ်တောင် ရလိုက်ပါတယ် "
ယဲ့ဖန်က သူ့လက်ကို နှိမ့်ချစွာ အမြန်ဝှေ့ယမ်းလိုက်သည်။
" ကံကောင်းတာပါ၊ ကံကောင်းတာ "
ထို့နောက် ရွှယ်ပုသည် သူ့ဘေးနားရှိ လီကောင်းဖုကို တစ်ချက်ကြည့်လိုက်သည်။
" မျက်လုံးကို ကျယ်ကျယ်ဖွင့်ပြီး ကြည့်လိုက်။ ငါ့သေတ္တာတွေ လွတ်နေတယ်လို့ ဘယ်သူပြောလဲ။ တစ်ဖက်က ဒီလိုရတနာတစ်ခုကို ထုတ်ယူနိုင်ပေမယ့် မင်းကတော့ မတတ်နိုင်ဘူး။ မင်းရဲ့ကံဆိုးမှုနဲ့ အနံ့ထွက်နေတဲ့လက်တွေကိုပဲ အပြစ်တင်လို့ရမယ် "
အားလုံးက သူ့စကားကြားပြီး လီကောင်းဖုကို ကြည့်နေကြသည်။
ရွှယ်သူဌေးကို လီကောင်းဖုက ရတနာမရှိဘူးဟု မေးခွန်းထုတ်ခဲ့သည်။
သို့သော် ယခုအခါ ထိုလူငယ်လေးမှ ဤမျှတန်ဖိုးကြီးသော ရတနာတစ်ခုကို ထုတ်ယူလိုက်ရာ သူ့မျက်နှာကို ပါးရိုက်ခံလိုက်ရသလို ဖြစ်သွားသည်။
လူတိုင်းက သူ့ကို စိုက်ကြည့်နေသည့် အခါ လီကောင်းဖု၏ မျက်နှာက ချက်ချင်း အကျည်းတန်သွားသည်။
" တစ်ခုပဲ ထုတ်ရသေးတာ မဟုတ်လား။ ဒီကလေးက ကံကောင်းသွားတယ်လို့ပဲ ပြောရမှာ။ ဒီသေတ္တာက ဒီဆိုင်ထဲမှာ ပစ္စည်းကောင်းပါတဲ့ တစ်ခုတည်းသောသေတ္တာတောင် ဖြစ်နေဦးမယ် "
ရွှယ်ပုသည် ထိုစကားကိုကြားသောအခါ ချက်ချင်းပင် လှောင်လိုက်သည်။
" အရမ်းခေါင်းမာလွန်းတော့ မင်းကို ဒီနေ့ မျက်နှာရောင်လာတဲ့အထိ ငါ ရိုက်ပြမယ်။ ဆက်ဖွင့်ကြရအောင် "
သူက စကားပြောနေစဉ်တွင် ဒုတိယသေတ္တာကို စတင်ဖွင့်လိုက်သည်။
အထဲတွင်ရှိနေသည့် အရာကို မြင်လိုက်ရတော့ သူဌေးရွှယ်သည် တဖန် ထပ်ပြီးအံ့အားသင့်သွားကာ သူ့အာရုံတွေ အတော်ကြာ ပြန်မကပ်လာနိုင်ပေ။
တစ်စုံတစ်ယောက်က တိုက်တွန်းလိုက်သောအခါမှသာ ခေါင်းကို မော့လိုက်သည်။
သူက ပစ္စည်းကိုထုတ်ဖို့ အမြန်မလုပ်ဘဲ ယဲ့ဖန်ကိုကြည့်လျက် ခါးသက်စွာ ပြုံးနေသည်။
" ညီလေး၊ ကောင်းကင်က မင်းကို ငါနဲ့ ကစားဖို့ လွှတ်လိုက်တာလား "
အားလုံးက သူ့စကားကြားသည့်အခါ ချက်ချင်း စိတ်ရှုပ်သွားကြသည်။
သူက ဘာကို ဆိုလိုတာလဲ။
အပိုင်း ( ၆၃၁ )
၁၀သန်းဖိုး ကံစမ်းသေတ္တာ ရွေးခြင်း
" ချင်းဧကရာဇ် ယုန်ကျန်း ပန်းစိမ်းရောင်ကြွေတင်ပန်း၊ လေးရာသီပန်းပွင့်၊ ပုံစံသုံးမျိုးပါ ပန်းကန်လုံးကြီး၊ တန်ဖိုး ..... ၂.၅ သန်း "
ရွှယ်ပုသည် သေတ္တာထဲမှ ပစ္စည်းများကို ထုတ်ယူလိုက်သောအခါ အားလုံး အံသြသွားကြသည်။
လက်ဖဝါးအရွယ် အစိမ်းရောင်ပန်းကန်လုံးသည် အလွန်လက်ရာမြောက်ပြီး လှပသည်။
ပိုအံ့သြစရာကောင်းသည်မှာ ဤပန်းကန်လုံးသေးသေးလေး၏ ဈေးနှုန်းမှာ ၂.၅ သန်းအထိ မြင့်မားနေခြင်းဖြစ်သည်။
တစ်နည်းအားဖြင့် ယဲ့ဖန်ဖွင့်ခဲ့သော သေတ္တာနှစ်လုံးသည် စုစုပေါင်းတန်ဖိုး ၃.၅ သန်းရှိပြီဖြစ်သည်။
သူ၏ဝင်ကြေးဖြစ်သော ၅သိန်းထက် ၃သန်းပင် ပိုလေသည်။
ဤအမြတ်ပြန်ရနှုန်းက အလွန်အံ့သြစရာကောင်းသည်။
" ဘုရားရေ၊ ကံစမ်းသေတ္တာရွေးရာကနေ ၃.၅ သန်းရတာလား "
" ဒီလူငယ်လေးက ကံကောင်းလိုက်တာ။ ဒီငွေရနှုန်းက ဘဏ်ကို လုယက်တာထက်တောင် ပိုမြန်သေးတယ် "
" ဒါကို ကံကောင်းတယ်လို့တောင် ခေါ်လို့မရဘူး။ သေချာပေါက် ကောင်းကင်ဘုံကပေးတဲ့ ကံတရားပဲ။ ဘာပြောရမှန်းတောင် မသိတော့ဘူး "
" ဒီကံစမ်းသေတ္တာတွေထဲမှာ ရတနာတွေ အများကြီးရှိတာလား။ ဒါဆို ငါတို့လည်း ပါဝင်သင့်လား "
" သူ တခြားသေတ္တာတွေကိုရော ဖွင့်နိုင်မလား အရင်စောင့်ကြည့်ရအောင် ....... "
သူ့အနားတွင်ရှိသည့် လီကောင်းဖု၏ ပါးစပ်သည် ပို၍ပင် ပွင့်လာသည်။ ခြင်ဥပင် ဥနိုင်လေသည်။
သူသည် သေတ္တာငါးခုကို ဆက်တိုက်ဖွင့်ခဲ့ပြီး စုစုပေါင်းတန်ဖိုး ယွမ် ၅သောင်းထက် ပိုမရခဲ့ပေ။
ယဲ့ဖန်သည် သေတ္တာနှစ်ခုသာ ဖွင့်ရသေးသောလည်း စုစုပေါင်းတန်ဖိုးသည် ၃.၅သန်းကျော်သွားခဲ့ပြီဖြစ်သည်။
နှိုင်းယှဥ်ကြည့်လျှင် အတော် ဒေါသဖြစ်စရာ ကောင်းသည်။
အထူးသဖြင့် ယဲ့ဖန်ကို မုန်းတီးစိတ်ကြောင့် ပိုဒေါသထွက်ပြီး သွေးအန်ချင်စိတ်ပေါက်လာလေသည်။
ကျူးရှောင်ကျောင်းမှာတော့ အံ့သြတုန်လှုပ်သွားပြီး စကားမပြောနိုင်လောက်အောင် ဖြစ်သွားလေသည်။
ရတနာပါသော ကံစမ်းသေတ္တာကို ဖွင့်နိုင်လိုက်လျှင် ကံကောင်းခြင်းသာ ဖြစ်ပေလိမ့်မည်။
သို့သော် နှစ်ခါဆက်တိုက်ရခြင်းက ကံဟု ပြောရန် အနည်းငယ်မဖြစ်နိုင်ပေ။
တကယ်ပဲ ကံတရားလား။
သို့သော် လူတိုင်း၏ ထိတ်လန့်မှုသည် နောက်ထပ် သေတ္တာသုံးခုကို ဖွင့်လိုက်သောအခါ ထပ်ပြီးထိတ်လန့်သွားကြရသည်။
" မင်ဝမ်းလီ ထွင်းထုထားတဲ့ ယွန်းတိမ်နဂါးပုံစံ စတုရန်းပန်းကန်၊ ခန့်မှန်းတန်ဖိုး ၁.၂ သန်း "
" ချင်ချန်းလုံ ကြေးဝါရောင် ငွေကြွေသုတ် နံ့သာအိုး ၂.၄ သန်းခန့် "
" ချင်ကန်းရှီ ကြေးနီကိုယ်ထည် ပိုးပတ် အနောက်တိုင်းရုပ်ထု ခန့်မှန်းတန်ဖိုး ၃.၅ သန်း "
အဆုံးမှာ ရွှယ်ပုရဲ့ အသံပင် တုန်လှုပ်သွားသည်။
သူ ကံစမ်းသေတ္တာများထဲတွင် ရတနာများစွာ ထည့်ထားသောကြောင့် ရနိုင်ခြေ အတော်မြင့်သော်လည်း ဒီလောက်ထိတော့ မရှိသင့်ပေ။
သူသည် ကံစမ်းသေတ္တာငါးလုံးကို ဆက်တိုက်ဖွင့်ခဲ့ပြီး ထိုရတနာတစ်ခုစီသည် ယွမ် ၁ သန်းကျော်တန်ဖိုးရှိသည်။
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။
ယဲ့ဖန်၏ ကံစမ်းသေတ္တာများ၏ စုစုပေါင်းတန်ဖိုးသည် ၁၀ သန်းကျော်နေပြီဖြစ်သည်။
ထိုပမာဏက ကြောက်စရာကောင်းသည့် နံပါတ်တစ်ခုဆိုတာ သေချာလေသည်။
ကြည့်ရှုသူများလည်း အံသြသွားကြသည်။
" ဒါက နည်းနည်း ချဲ့ကားတာ မဟုတ်ဘူးလား။ အနိုင်ရဖို့ အခွင့်အလမ်း ဘယ်လောက်ပဲ များနေပါစေ သေတ္တာတိုင်း ရဖို့ကတော့ ဖြစ်နိုင်ဘူး မဟုတ်လား "
" ဟုတ်တယ်၊ ဒီကံစမ်းသေတ္တာငါးလုံးရဲ့ စုစုပေါင်းတန်ဖိုးက ၁၀ သန်းကျော်လောက် ရှိနေပြီ "
" ဘုရားရေ၊ သူက ဝင်ကြေး ၅သိန်းတည်းနဲ့ ၁၀သန်းမကတန်တဲ့ ရှေးဟောင်းပစ္စည်းတွေကို ရသွားတာလား။ ငါအိပ်မက်မက်နေတာလား "
" ငါ့မျက်စိနဲ့ တပ်အပ်မမြင်ခဲ့ရင် မင်းတို့ ငါ့ကို သေအောင်ရိုက်ရင်တောင် ယုံမှာမဟုတ်ဘူး။ ဘာတွေဖြစ်နေတာလဲ "
ထိုမြင်ကွင်းသည် အလွန်ထိတ်လန့်စရာကောင်းသောကြောင့် ရှိနေသူတိုင်းမှာ လက်တွေ့မဟုတ်ဘူးဟု ခံစားမိကြသည်။
ယွမ် ၅သိန်းရင်းပြီး ၁၀သန်းမက ပြန်ရခြင်းက အိပ်မက်ဆန်လေသည်။
အမြတ်ပမာဏ အဆ၂၀ ကျော်ဖြစ်သည်။
ဤတုန်လှုပ်ချောက်ချားမှုကြောင့် လူတိုင်းစိတ်လွတ်နေချိန်တွင် ဘေးတွင်ရှိသော လီကောင်းဖုသည် ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
အဆုံးတွင် သူ ကျောကိုပင် ဖြောင့်အောင် မရပ်နိုင်သည်အထိ ရယ်မောခဲ့သည်။
လူတိုင်းက သူ ရုတ်တရက် ဘာဖြစ်သွားမှန်း မသိဘဲ အရူးတစ်ယောက်လို ကြည့်နေကြသည်။
လီကောင်းဖု အူတက်မတက် ရယ်မောနေခဲ့သည်။
ထို့နောက် သူ့မျက်နှာမှ မျက်ရည်များကို သုတ်လိုက်သည်။
" ဒီလို အဆင့်နိမ့်လှည့်ကွက်ကို မင်းတို့က တကယ်ယုံကြတာလား။ ငါ ရယ်သေတော့မယ် "
တစ်စုံတစ်ယောက်က ချက်ချင်းမေးလိုက်သည်။
" ဘာကို လှည့်စားတာလဲ။ ဒီညီငယ်လေးက ရတနာတွေကို တစ်ကြိမ်တည်းနဲ့ဖွင့်တာ ငါတို့အားလုံး ကိုယ့်မျက်စိနဲ့ကိုယ် မြင်တာပဲ။ ဘယ်လိုလုပ် လှည့်စားတာဖြစ်မှာလဲ "
တခြားသူတွေကလည်း ခေါင်းညိတ် သဘောတူကြသည်။
လီကောင်းဖုသည် သူတစ်ယောက်တည်းသာ သမ္မာသတိရှိသောသူပုံစံဖြင့် ထုတ်ဖော်ပြောဆိုခဲ့သည်။
" စဉ်းစားကြည့်ကြစမ်းပါ။ ကံစမ်းသေတ္တာကို အနိုင်ရဖို့ ဖြစ်နိုင်ခြေ ဘယ်လောက်ပဲရှိနေပါစေ ဒီလောက်ထိ တန်းစီ မမြင့်နိုင်ဘူး။ မင်းတို့လိုလူမိုက်တွေကိုပဲ အရူးလုပ်လို့ရမှာ "
လူတစ်ချို့က အနည်းငယ် လက်မခံကြသေးပေ။
" ဒါဆို ဘာဖြစ်သွားတယ်လို့ ခင်ဗျားက ထင်လဲ။ ဒီညီငယ်လေးက ဘာလို့ ဒီလောက် ရတနာတွေ အများကြီး ဆက်တိုက်ရတာလဲ "
လီကောင်းဖုသည် ယဲ့ဖန်ကို အေးစက်စွာ ကြည့်လိုက်သည်။
" ပြောစရာတောင် လိုသေးလို့လား။ ဒီကလေးက ဟန်ပြပဲ။ သူက ဘယ်သေတ္တာတွေထဲမှာ ရတနာပါတယ်ဆိုတာကို ကြိုသိထားပြီးသား။ သူတို့က မင်းတို့ကို လှည့်စားဖို့ ဒီကံစမ်းသေတ္တာတွေကို မင်းတို့ရှေ့မှာ တမင်ဖွင့်လိုက်တာ "
သူ့သုံးသပ်ချက်တွေကို လူတိုင်းက ကြားပြီးတဲ့နောက် အားလုံးက သံသယဖြစ်သွားကြသည်။
" ဆရာလီရဲ့ ခွဲခြမ်းစိတ်ဖြာချက်ကို နားထောင်ပြီးတော့ ဒါက အဓိပ္ပါယ်ရှိတာပဲ။ ကံစမ်းသေတ္တာကို ဒီလောက်ကြီးထိ ဆက်တိုက် အနိုင်ရဖို့ ဖြစ်နိုင်ခြေက သိပ်ကို ဆန်းကြယ်လွန်းတယ် မဟုတ်လား "
" တစ်ခုခု ထူးဆန်းတယ်လို့ ခံစားနေရတာ မျှော်လင့်ထားသလို ဟန်ပြဖြစ်နေတာပဲ "
" ဟားဟားဟား၊ ဒီလောက် အလကားရတာ မဖြစ်နိုင်ဘူးလို့ ငါပြောသားပဲ မဟုတ်ဘူးလား။ ပြီးပြည့်စုံတဲ့ လှည့်စားမှုတစ်ခု ဖြစ်နေခဲ့တာပဲ "
" ဒီ လင်းကန်အိမ်ရာက ရှေးဟောင်းပစ္စည်းလောကမှာ အချိန်အတော်ကြာ နာမည်ရထားတဲ့ အမှတ်တံဆိပ်တစ်ခုဆိုတော့ ဒီလိုလိမ်ဖို့ မမျှော်လင့်ထားဘူး "
" ကံကောင်းတာက ဆရာလီက အချိန်မီ သတိပေးလိုက်လို့။ မဟုတ်ရင် ငါတို့ လှည့်စားခံရမှာ "
" ကျေးဇူးတင်ပါတယ် ဆရာလီ။ ခင်ဗျားက တကယ်ကို အသိတရားနဲ့ တရားမျှတမှုရှိတဲ့ ဆရာကောင်းတစ်ယောက်ပဲ "
လူတိုင်းသည် လင်းကန်အိမ်ရာနှင့် ယဲ့ဖန်တို့ကို ဝေဖန်လာကြသည်။
ကျူးရှောင်ကျောင်းသည် လူတိုင်းပြောသည်ကို ကြားသောအခါ သူမသည် ချက်ချင်းသဘောမတူဘဲ ဝင်ပြောသည်။
" ရှင်တို့အားလုံး ထင်ကြေးပေးနေတာပဲ။ ယဲ့ဖန်က လုံးဝ မလှည့်စားခဲ့ဘူး။ ဒီ သူဌေးရွှယ်ကို ကျွန်မတို့ သိတောင် မသိဘူး "
လီကောင်းဖုက သူမကို လှောင်ပြောင်သည်။
" သိလား မသိလားဆိုတာ မင်းတို့ပဲ ကောင်းကောင်းသိမှာပါ "
ရွှယ်ပု၏မျက်နှာထားသည် မည်းမှောင်နေပြီဖြစ်သည်။
" ဒီညီလေးရဲ့ကံက ဘာလို့ ဒီလောက်ကောင်းတာလဲဆိုတာ ငါလည်း မသိဘူး။ ဒါပေမဲ့ ငါ သူ့ကို အရင်က လုံးဝ မသိခဲ့ဘူးလို့ ငါ့ရဲ့ လင်းကန်အိမ်ရာရဲ့ ဂုဏ်သိက္ခာကိုရင်းပြီး အာမခံနိုင်တယ်။ သူက ဟန်ပြမဟုတ်ဘူး "
လီကောင်းဖုသည် သူ၏ အာမခံချက်ကို ကြားသောအခါ ချက်ချင်း လှောင်ပြောင်ခဲ့သည်။
" မင်းရဲ့ကတိက ဘာသုံးရမှာလဲ။ သေချာပေါက် မင်းက လက်ခံမှာ မဟုတ်ဘူးပေါ့။ မင်း အပြစ်ကင်းတာကို လူတိုင်းရှေ့မှာ သက်သေမပြနိုင်ရင် မင်းရဲ့ဆိုင်က လူတွေကို ထပ်ပြီးမလှည့်စားနိုင်တော့အောင် ဆိုင်ကို ဖြိုချပစ်မယ် "
ရွှယ်ပုက သူ့ကို အေးစက်စွာ ကြည့်နေသည်။
" ဒါကို ဘယ်လို သက်သေပြစေချင်တာလဲ "
လူတိုင်းက လီကောင်းဖုကို စူးစူးစိုက်စိုက်ကြည့်ကာ သူပြောသည်ကို ကြားချင်နေကြသည်။
လီကောင်းဖုသည် ယဲ့ဖန်ကို လှည့်ကြည့်လိုက်ပြီး လှောင်ပြုံး ပြုံးနေသည်။
" ဒါက အရမ်းရိုးရှင်းပါတယ်။ သူ့ကိုပြန်ရွေးခိုင်းလိုက် ....... "
အပိုင်း ( ၆၃၂ )
မင်းရဲ့မျက်နှာဖုံးကို ငါ့ကိုယ်တိုင် လက်နဲ့ ဆွဲခွာချင်တယ်။
အားလုံးက အနည်းငယ် အံ့သြသွားကြသည်။
ထပ်ရွေးရမယ်ဆိုတာ သူက ဘာကိုဆိုလိုတာလဲ။
လီကောင်းဖုက ဆက်ပြောလေသည်။
" ဒါပေမယ့် ဒီတစ်ခါတော့ အရင်ကလို ရွေးလို့မရတော့ဘူး "
ရွှယ်ပုက သူ့ကို အေးစက်စွာ ကြည့်နေသည်။
" ဒါဆို ငါတို့ ဘယ်လိုရွေးရမှာလဲ "
လီကောင်းဖုသည် ယဲ့ဖန်ကို တစ်ချက်ကြည့်လိုက်သည်။
" ဒီကလေးက မင်းရဲ့အကူဆိုတော့ သူက ကံစမ်းသေတ္တာတွေရဲ့ အစဉ်ကို သူက မှတ်မိနေမှာ။ အဲ့တာကြောင့် ဒီတစ်ခါတော့ သူက အရင်ဆုံး တစ်နေရာမှာ ဖယ်နေရမယ်။ ကံစမ်းသေတ္တာတွေရဲ့ အစီအစဥ်တွေကို ရှုပ်အောင်မွှေပြီးမှ သူ့ကိုပြန်ရွေးခွင့်ပေးရမယ် "
သူက စကားပြောရင်း ဂုဏ်ယူစွာ ပြုံးပြသည်။
" သူက ခုနတုန်းကလို ဆက်ပြီး ကံကောင်းနိုင်တယ်ဆိုရင်တော့ ငါတို့ ဘာမှ ပြောစရာမရှိဘူး။ မဟုတ်ရင် မင်းက ငါတို့ ဝယ်သူတွေကို လှည့်ဖြားဖို့ သူတို့နဲ့ ပူးပေါင်းထားတယ်ဆိုတာကို သက်သေပြလိုက်တာပဲ "
လူတိုင်းက သူ့စကားကို အဓိပ္ပါယ်ရှိသည်ဟု ခံစားလိုက်ရသည်။
" မှန်တယ်။ ဆရာလီ၊ ပြောတဲ့အတိုင်းလုပ်။ ကံစမ်းသေတ္တာတွေရဲ့ အစီအစဥ်တွေကို ရောနှောမွှေနောက်ပြီးမှ သူ့ကို ပြန်ရွေးခိုင်း "
" သူ့ရဲ့ကံက အရင်အတိုင်းပဲဆိုရင် ငါတို့ ယုံပေးမယ်။ မဟုတ်ရင် မင်းတို့က လူလိမ်ဆိုတာ သက်သေပြပြီးသားဖြစ်သွားမှာဆိုတော့ ရဲကို ချက်ချင်း ဖုန်းဆက်မယ် "
" ဟားဟား၊ ပညာရှင်တစ်ယောက်ရဲ့ ဦးနှောက်က တကယ်ထက်မြက်တာပဲ။ သူက ဒီလောက် အံ့သြစရာကောင်းတဲ့ နည်းလမ်းကို တွေးနိုင်ခဲ့တယ် "
" ဆရာလီကို ထောက်ခံပါတယ်။ ဒီလိမ်လည်သူတွေရဲ့ သရုပ်မှန်တွေကို ဖော်ထုတ်ပေးပါ ..... "
ရွှယ်ပုသည် လူအုပ်ကြီး၏ စိတ်လှုပ်ရှားမှုကို မြင်ပြီး ချက်ချင်းပင် အကျပ်ရိုက်သွားခဲ့သည်။
လီကောင်းဖု ပြောသည့်အတိုင်း မလုပ်ပါက လူတိုင်း၏ဒေါသကို ဖြေဖျောက်ရန် ခက်ခဲမည်ဖြစ်ပြီး လင်းကန်အိမ်ရာ၏ ဂုဏ်သတင်းမှာလည်း အတော်လေးထိခိုက်ကာ ဆုံးရှုံးမှုကြီးမည်ဖြစ်သည်။
အမှန်မှာလည်း သူ ဒီကိစ္စအတွက် လိပ်ပြာလုံလေသည်။
ထို့ကြောင့် ဒီလိုမျိုး စိစစ်တာကို ကြောက်စရာအကြောင်းမရှိပေ။
ထိုအကြောင်းကို တွေးမိပြီး သူက ယဲ့ဖန်ကို ချက်ချင်း လှည့်ကြည့်လိုက်တယ်။
" ညီလေး မင်းဘယ်လိုထင်လဲ "
ယဲ့ဖန်က သူ့အိတ်ကပ်ထဲတွင် လက်နှစ်ဘက်လုံးကို ထည့်ပြီး လီကောင်းဖုကို ကြည့်လိုက်သည်။
" အပြောကတော့ အရမ်းလွယ်တယ်။ ခင်ဗျားစကားကို ဘာလို့ နားထောင်ရမှာလဲ။ ဒါက ကျွန်တော့်အတွက် ဘာအကျိုးကျေးဇူးရှိမှာမလို့လဲ "
လူတိုင်းက ယဲ့ဖန် တမင်တကာ လှည့်စားနေသေးတယ်ဟု ထင်ပြီး ချက်ချင်းလှောင်ပြောင်ကြသည်။
" ဘာလို့လဲ။ ဆရာလီပြောတဲ့အတိုင်း မလုပ်ရဲဘူးလား။ ဒါက ဝန်ခံလိုက်တာပဲ မဟုတ်လား "
" သူက လူလိမ်လို့ ထင်တယ်။ ဆရာလီပြောတဲ့အတိုင်း သူတကယ်လုပ်လိုက်ရင် သူ ဖော်ထုတ်ခံရမှာ မဟုတ်လား "
" မလုပ်ရဲရင် ပြော။ ဆင်ခြေတွေ အများကြီးရှာမနေနဲ့။ ငါတို့က အရူးတွေလို့ မင်း ထင်နေတာလား "
" မင်းမှာ မကောင်းတဲ့ ရည်ရွယ်ချက်မရှိရင် ဆရာလီပြောတဲ့အတိုင်း မင်း ဘာလို့ မလုပ်ရဲရတာလဲ။ မင်းမှာ အပြစ်ရှိတယ်လို့ ငါထင်တယ် ..... "
လီကောင်းဖုသည် လူအများ၏ ထောက်ခံမှုကို ရရှိပြီး ယဲ့ဖန်အား ဂုဏ်ယူစွာ ကြည့်နေလေသည်။
" ငါပြောသလို မလုပ်ရဲရင် မင်းက လူလိမ်လို့ လူတိုင်းကို ဝန်ခံလိုက်တာပဲ။ ငါတို့ မင်းကို လွှတ်ပေးနိုင်ပါတယ် "
ယဲ့ဖန်က အတော်ကြာအောင် စိုက်ကြည့်နေပြီး ရုတ်တရက် ရယ်လိုက်သည်။
" ကျွန်တော်က ဖြောင့်မတ်တယ်။ ဘယ်စစ်ဆေးမှုကိုမဆို မကြောက်ပါဘူး။ ဒါပေမဲ့ မေးခွန်းထုတ်ချင်တိုင်း ထုတ်လို့မရဘူးလေ။ လက်တွေ့ကျတဲ့အဖြေတော့ ရှိရမယ်မဟုတ်လား "
လီကောင်းဖုသည် သူဘာကိုဆိုလိုသည်ကို နားမလည်ချေ။
" ဘာလက်တွေ့ကျတဲ့ အဖြေလဲ "
ယဲ့ဖန်၏ မျက်လုံးများသည် တောက်လောင်လာသည်။
" ဝင်ကြေး ယွမ်၅သိန်းပေးဖို့ ခင်ဗျားမှာ တာဝန်ရှိတယ်။ သူဌေးရွှယ်နဲ့ ကျွန်တော်က တကယ်ပဲ လူတိုင်းကို လိမ်စားဖို့ ပူးပေါင်းခဲ့တာဆိုရင် ဒီ ယွမ်၅သိန်းကို ပြန်ပေးသွားမှာ။ ပြီးတော့ ရှေးဟောင်းလမ်းမှာရှိတဲ့ ဘယ်ရှေးဟောင်းပစ္စည်းကိုမဆို ရွေးချယ်နိုင်တယ်။ ဘယ်လောက်ပဲ ဈေးကြီးနေပါစေ ကျွန်တော် ပေးပါ့မယ် "
ထိုအချိန်တွင် သူ့အကြည့်များက စူးရှလာသည်။
" ဒါပေမယ့် နောက်ဆုံးမှာ ကျွန်တော်တို့က အပြစ်မရှိဘူးလို့ သက်သေပြလိုက်နိုင်ရင် ဒီ ယွမ်၅သိန်းက ခင်ဗျား ကျွန်တော့်ကို မေးခွန်းထုတ်ဖို့ ပေးရမယ့်စျေးပဲ။ အဲ့တော့ ဘယ်လိုလဲ။ ဒါက မတရားဘူးလား "
လီကောင်းဖုသည် ထိုစကားကို ကြားသောအခါ ချက်ချင်း အမူအရာပြောင်းလဲသွားသည်။
မေးမြန်ထုတ်ရသည့် အကြောင်းရင်းမှာ သူ့ဒေါသကြောင့် ဖြစ်သည်။
ယဲ့ဖန်က သန်းချီရပြီး သူကျ ဘာလို့ ၅သောင်းပဲ ရရတာလဲ။
ထိုသို့ မေးခွန်းထုတ်ခြင်းက ဘာစရိတ်မှ မကျသင့်သောကြောင့် ယဲ့ဖန်နှင့် ရွှယ်ပုတို့ကို လူထုမှ ပစ်မှတ်ထားလာရန် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ခဲ့ခြင်းဖြစ်သည်။
ယွမ် ၅သိန်း ပေးရမည့်ကြောင်းကို ကြားလိုက်ရသည့်အခါ ချက်ချင်း ပြန်ဆုတ်သွားခဲ့သည်။
ဒီကလေးက ဟန်ပြမဟုတ်ခဲ့ရင် သူ့ရဲ့ ယွမ် ၅သိန်း ဆုံးရှုံးမှာ မဟုတ်လား။
သူ တုံ့ဆိုင်းနေချိန်တွင် ပွဲကြည့်နေသူများက စတင် ပြောဆိုနေပြီဖြစ်သည်။
" ဆရာလီ၊ ဘာ ကြောက်စရာရှိလို့လဲ။ ခင်ဗျားက သူတို့နဲ့ လောင်းကြေးထပ်လိုက် အားလုံးက ခင်ဗျားကို ထောက်ခံပေးနေမယ် "
" ဟုတ်တယ် ဆရာလီ။ ခင်ဗျားရဲ့ ခွဲခြမ်းစိတ်ဖြာမှုက အရမ်း အကျိုးကြောင်းဆီလျော်တယ်။ ဒီနှစ်ယောက်က လူလိမ်တွေဖြစ်လောက်တယ်။ သူတို့ရဲ့ သရုပ်မှန်တွေကို ဖော်ထုတ်ရမယ် "
" မှန်တယ်။ ဆရာလီက ဖြောင့်မတ်တော့ သူက ဒီလူလိမ်တွေရဲ့ မျက်နှာဖုံးကို ခွာချဖို့ လူတိုင်းကို သေချာပေါက် ကူညီပေးလိမ့်မယ် "
" ၅သိန်းပဲ မဟုတ်လား။ ပိုက်ဆံ ကူထည့်ပေးမယ် ...... "
လီကောင်းဖုသည် ချက်ချင်း ခက်ခဲသော အနေအထားသို့ ရောက်သွားခဲ့သည်။
အခု သူ နောက်ဆုတ်လိုက်လျှင် ဟာသဖြစ်သွားပေလိမ့်မည်။
" ကောင်းပြီ၊ ငါမင်းနဲ့ လောင်းမယ်။ ဝင်ကြေး ၅သိန်းပေးမယ်။ ပြီးရင် မင်းရဲ့ လျှို့ဝှက်ထားတဲ့ မျက်နှာဖုံးကို ငါကိုယ်တိုင် ခွာချပြီး လူတိုင်းကို တရားမျှတမှု ပြန်ပေးမယ် "
သူပြောပြီးသည်နှင့် ပရိသတ်က ချက်ချင်းလက်ခုပ်တီးသည်။
ယခုအခါ သူသည် လူတိုင်း၏အမြင်တွင် တရားမျှတမှု၏ သင်္ကေတဖြစ်လာခဲ့သည်။
လီကောင်းဖုသည် သူ့စိတ်ထဲတွင် ကြိတ်ပြီး ဘဝင်မြင့်နေသည်။
ထို့နောက် ဘဏ်ကတ်ကို ထုတ်ကာ ဝင်ကြေး ယွမ်၅သိန်း ပေးချေခဲ့သည်။
ငွေချေပြီးနောက် သူသည် နာကျင်ခြင်းလှိုင်းလုံးကို ထပ်ပြီး ခံစားခဲ့ရသည်။
အရင်က ယွမ်၅သိန်းအပါအဝင် ဒီနေ့တွင် စုစုပေါင်း ယွမ် ၁ သန်း သုံးစွဲခဲ့သည်။
ဤပမာဏသည် သူ၏ စည်းစိမ်အကုန် ဖြစ်သည်။
သူသည် ဒီနှစ်များတစ်လျှောက်လုံး ကျောင်းမှ လက်ဆောင်များကို သိမ်းဆည်းယူခဲ့သည်။
သူ ဒီလောင်းကြေးကို ရှုံးလျှင် သူတကယ် ဒေဝါလီခံရလိမ့်မည်။
သို့သော် သူပြောတာ မမှားဘူးဟု ထင်သည်။
ယဲ့ဖန်သည် ကြိုမသိထားပါက သန်းဆယ်ချီတန်သော ရတနာများကို မရနိုင်ပေ၊
ထိုအကြောင်းကိုတွေးပြီး သူ ပိုယုံကြည်ချက် ပိုရှိလာကာ ယဲ့ဖန်ကို ကြည့်လိုက်သည်။
" အခု ကံစမ်းသေတ္တာတွေကို ထပ်ပြီး ထားတော့မယ်။ မင်းရဲ့မျက်လုံးတွေကို ကံစမ်းရမယ်။ ကန့်ကွက်တာမျိုး မရှိဘူး မဟုတ်လား "
ယဲ့ဖန်က ပူးပေါင်းဆောင်ရွက်စွာ ခေါင်းညိတ်လိုက်သည်။
" မကန့်ကွက်ပါဘူး၊ လာပါ "
လီကောင်းဖုကိုယ်တိုင် လုပ်စရာမလိုချေ။
တစ်စုံတစ်ယောက်သည် ယဲ့ဖန်၏ မျက်လုံးများကို အနက်ရောင်အ၀တ်ဖြင့် ချက်ချင်း ဖုံးအုပ်လိုက်သည်။
ထို့နောက် ပွဲထဲမှ လူတိုင်းသည် ရာနှင့်ချီသော ကံစမ်းသေတ္တာများကို ပြန်လည် မွှေနောက်စီစဥ်ကြသည်။
ယဲ့ဖန်က ထိုကိစ္စကို ဖြတ်ကျော်နိုင်လျှင် ဘယ်သေတ္တာမှာ ရတနာပါလဲဆိုတာ ကြိုမသိဘူးဟု သူတို့ ယုံပေးမည်ဖြစ်သည်။
အားလုံးအဆင်သင့်ဖြစ်သောအခါ လီကောင်းဖုသည် ယဲ့ဖန်၏ မျက်လုံးစည်းအနက်ရောင်ကို ချွတ်လိုက်သည်။
" အခု သွားရွေးလို့ရပြီ။ ဒီတစ်ခါတော့ မင်း ဘယ်လို လှည့်ကွက်တွေ ကစားမလဲဆိုတာ ငါကြည့်ချင်သေးတယ် "
ယဲ့ဖန်က သူ့မျက်နှာကို ကြည့်ပြီး ရုတ်တရက် မေးလိုပ်သည်။
" ဆရာလီ၊ ခင်ဗျားရဲ့ ဘဏ်ကတ်ထဲမှာ ပိုက်ဆံရော ရှိသေးရဲ့လား "
" မရှိဘူး၊ ဘာဖြစ်လဲ "
လီကောင်းဖုက အေးစက်သော မျက်နှာဖြင့် ပြန်ပြောသည်။
ယဲ့ဖန်က ခေါင်းညိတ်လိုက်သည်။
" ဒါဆို ကျွန်တော် စိတ်ချပါပြီ "
ထိုစကားကိုပြောပြီးနောက် လှည့်ကာ ကံစမ်းသေတ္တာကို ရွေးချယ်ခဲ့သည်။
လီကောင်းဖုသည် သူ့နောက်ကျောကို ကြည့်ပြီး "အရူး"ဟု ကျိန်ဆဲလိုက်သည်။