← Chapters

‌မှော်ခရုခွံ

Vol. 33 Ch. 458

‌မှော်ခရုခွံ

Vol. 33 Ch. 458

“ထပ်ပြောနေရဦးမှာလား? မင်းမှာ ငါနဲ့စကားပြောဖို့ အရည်အချင်းမရှိဘူးလို့။” ရွှေရောင်ဆံပင်ရှိလူင

ယ်လေးက နောက်တစ်ဖန် ဖြည်းဖြည်းချင်း အလေးပေးပြောလိုက်သည်။ သူ၏ လေသံတွင် အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေတော့၏။

“မင်း…”

လျှပ်စစ်ငါးရှဥ့်ဘုရင် နည်းနည်းအောင့်သက်သက်ဖြစ်သွားသည်။ ဂုဏ်သိက္ခာရှိပြီး စစ်မှန်သော ကနေဒါမျိုးသန့် လျှပ်စစ်ငါးရှဥ့်၊ မြောက်ပင်လယ်နယ်မြေ၏ ပင်လယ်ဘုရင်ဖြစ်သော သူသည် ထိုသို့သော အရှက်ခွဲမှုကို မည်သို့သည်းခံနိုင်လိမ့်မည်နည်း?

သို့သော် သူ့ရှေ့တွင်ရှိသော ဤပုဂ္ဂိုလ်သည် ကြီးမားသော နောက်ခံရှိပြီး ပင်လယ်ဝေလငါးဘိုးဘေးကြီးသည်လည်း လက်ရှိတွင် သီးသန့်ကျင့်ကြံရေး ဝင်နေသောကြောင့် တစ်ဖက်လူကို စိတ်အနှောင့်အယှက်ပေးဖို့ မရဲလှပေ။

များစွာစဉ်းစားပြီးနောက် လျှပ်စစ်ငါးရှဥ့်ဘုရင်က ခေါင်းငုံ့ပြီး ရယ်မောလိုက်သည်။ “ဒါဆိုရင် ကျေးဇူးပြုပြီး ခဏလောက် ဒီမှာစောင့်နေပါဦး။ ပင်လယ်ဝေလငါးဘိုးဘေးကြီး သီးသန့်အနားယူရာက ထွက်လာပြီးမှ ဆက်ဆွေးနွေးလို့ ရတာပဲလေ"

ရွှေရောင်ဆံပင်ရှိ သခင်လေးက အနည်းငယ် တွေးတောလိုက်ပြီး ဖြေသည်။ “ကောင်းပြီလေ၊ စောင့်ဖို့တစ်နည်းပဲ ရှိတော့တာကိုး။"

ထိုစကားအဆုံးတွင် သူ ထရပ်လိုက်ပြီး လျှပ်စစ်ငါးရှဥ့်ဘုရင်ကို တစ်ချက်ပင် မကြည့်ဘဲ ထွက်ခွာသွားလေသည်။

သူ၏ နောက်လိုက်နှစ်ဦးသည်လည်း သစ္စာရှိစွာနှင့် အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြသည်။

လှည့်ထွက်သွားသော ပုံရိပ်များကို ကြည့်ရင်း လျှပ်စစ်ငါးရှဥ့်ဘုရင်၏ အမူအရာမှာ အလွန်ပျက်ယွင်းနေကာ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းများ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

“ပင်လယ်ဘုရင်၊ အဲ့ဒီတစ်ယောက် မာနကြီးပုံကတော့ လွန်ကိုလွန်လွန်းတယ်!”

“ဟုတ်ပါ့ဗျာ! ဒါက ကျွန်တော်တို့ရဲ့ နယ်မြေ! အဲဒီကောင်လေးက သူ့ကိုယ်သူ ဘယ်သူလို့ထင်နေတာလဲ၊ မာနကြီးနေလိုက်တာ?”

“ပင်လယ်ဝေလငါးဘိုးဘေးကြီး သီးသန့်ကျင့်ကြံရာကနေ ထွက်လာတဲ့အထိ စောင့်နေလိုက်ပါ၊ အဲဒီအခါကျမှ သူ ဒီလောက် မာနကြီးရဲမလားဆိုတာ ကြည့်ရသေးတာပေါ့!”

သူ၏ လက်အောက်ခံများက ဒေါသတကြီး ပြောဆိုကြသည်။

လျှပ်စစ်ငါးရှဥ့်ဘုရင်က စိတ်မရှည်စွာ လက်ကို ဝှေ့ယမ်းလိုက်ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ “တော်လောက်ပြီ။ အဲဒီပုဂ္ဂိုလ်မှာ ကြီးမားတဲ့ နောက်ခံရှိပြီး သူ့ရဲ့ ကျင့်ကြံဆင့်ကိုလည်း အကဲဖြတ်လို့မရဘူး။ ငါ့ရဲ့ တာအိုအဆင့်ကများ အရမ်းနိမ့်ကျနေလို့ သူ့မျက်လုံးထဲမဝင်တာလား မသိပါဘူးကွာ!”

ထိုစကားကို ကြားသောအခါ လက်အောက်ခံများလည်း မချင့်မရဲဖြင့် ပါးစပ်ပိတ်သွားကြသည်။

ရွှေရောင်ဆံပင်သခင်လေးထံမှ သူရင်ဆိုင်ခဲ့ရသော ဖိအားပြင်းပြင်း ခံစားချက်ကို သတိရလိုက်သောအခါ လျှပ်စစ်ငါးရှဥ့်ဘုရင်သည် သူ့ရင်ထဲတွင် ကြောက်ရွံ့မှုတို့ကျန်ရှိနေဆဲဖြစ်ကြောင်း သိလိုက်ရ၏။ ပင်လယ်ဝေလငါးဘိုးဘေးကြီး လျှို့ဝှက်ကျင့်ကြံရာမှ အမြန်ဆုံး ထွက်လာရန်သာ မျှော်လင့်နိုင်တော့သည်။ မဟုတ်ပါက သူ၏ ဘုရားကျောင်းငယ်သည် ထိုမျှ ကြီးကျယ်သော ဗုဒ္ဓရုပ်ပွားတော်ကို လက်ခံဖို့ရာပင် မဆံ့နိုင်လောက်ပေ!

“အစီရင်ခံစာ! နတ်မိမယ်တိုင်းပြည်ရဲ့ ပင်းရှီမင်းသားစံအိမ်ကနေ စာရောက်လာပါတယ်ခင်ဗျ!” ပုစွန်စစ်သည်တစ်ဦးက ဝါးပြွန်တစ်ခုကို လေးစားစွာ ပေးအပ်လာသည်။

“နတ်မိမယ်တိုင်းပြည်မှာ ဘာအသစ်အဆန်းတွေများ ဖြစ်နေလို့လဲ?” လျှပ်စစ်ငါးရှဥ့်ဘုရင်က ဝါးပြွန်ကို လက်လှမ်းယူလိုက်သည်။ ၎င်းကို ဖုံးအုပ်ထားသော အလုံပိတ်တံဆိပ်ကို ဖြည်လိုက်ပြီး ဝါးပြွန်ထဲတွင် လိပ်ထားသောစာကို ဖြန့်ချကာ အာရုံစိုက်ဖတ်လိုက်တော့၏။

“ဟမ်? မီးလျှံနတ်ဆိုးဂိုဏ်းရဲ့ နတ်ဆိုးဂိုဏ်းချုပ်၊ သွေးနီနတ်ဆိုး ဟုန်ချန်ယဲ့က တော်ဝင်နန်းတော်မှာ ဧည့်သည်အဖြစ် ရောက်နေတယ်?”

လျှပ်စစ်ငါးရှဥ့်ဘုရင် မျက်မှောင်ကြုတ်လိုက်သည်။ “ဒီဘုရင် သူ့အကြောင်း ကောလာဟလတွေ ကြားဖူးပါတယ်။ ဒါက ရက်စက်ကြမ်းကြုတ်တဲ့ နတ်ဆိုးလမ်းစဥ် အင်အားကြီးပုဂ္ဂိုလ်တစ်ဦးပဲ။ မကြာသေးခင်ကမှ မဟာတာအိုဂိုဏ်းတွေကနေ စေလွှတ်ထားတဲ့ မသေမျိုး မဟာမိတ်စစ်တပ် တစ်တပ်လုံးကိုတောင် ဖျက်ဆီးပစ်ခဲ့တယ်တဲ့လေ။ သူ့ရဲ့ ကျင့်ကြံဆင့်ကို ခန့်မှန်းရရင် ဉာဏ်အလင်းမသေမျိုး အဆင့်ထက် နိမ့်စရာမရှိဘူး!”

နတ်မိမယ်တိုင်းပြည်ကို ထိုမျှအင်အားကြီးသော ပုဂ္ဂိုလ်တစ်ဦးသာ ကာကွယ်ပေးနေလျှင် သူ့အင်အားဖြင့် လှုပ်ကိုင်နိုင်မည့်အနေအထား မဟုတ်ပေသည့် မသေမျိုးဘုရင်အဆင့် ပင်လယ်ဝေလငါးဘိုးဘေးကြီးအား နောက်ခံအဖြစ်ရရှိထားသောကြောင့် ယုံကြည်မှုကတော့အပြည့်ပင်။

ထိုအကြောင်းကို တွေးမိသည်နှင့် လျှပ်စစ်ငါးရှဥ့်ဘုရင်၏ မျက်ခုံးများ ပြေလျော့သွားပြီး အနောက်သို့ မှီချကာ ဂုဏ်ယူစွာ ပြောလိုက်သည်။

“အစီအစဥ်က အလုပ်ဖြစ်ကိုဖြစ်မှာပါပဲ။”

“ကျားငါးမန်းစစ်သူကြီး၊ ဒီတစ်ကြိမ် အဖွဲ့ကို မင်းဦးဆောင်ရမယ်။ အဲဒီ ခပ်ဝဝ ခွေးမကို တော်ဝင်နန်းတော်မှာ သွေချောင်းစီးစေဖို့ သေချာကူညီပေးရမယ်။ အဲ့ဒီနောက်တော့ နတ်မိမယ်တိုင်းပြည်ဟာ ငါတို့ ပင်လယ်မျိုးနွယ်စုရဲ့ နယ်မြေတစ်စိတ်တစ်ပိုင်း ဖြစ်လာလိမ့်မယ်!”

သူ့နောက်တွင် ပါးနှစ်ဖက်တွင် ပါးဟက်များပါရှိသော၊ နှာခေါင်းချွန်ချွန် သွားချွန်ချွန်ဖြင့် အရပ်ရှည်ရှည် သက်လတ်ပိုင်းအရွယ် ယောကျ်ားတစ်ဦးက လေးစားစွာဦးညွှတ်လျက် ပြန်လည်ဖြေကြားသည်။ “အရှင်ရဲ့ အမိန့်တော်ကို ခံယူပါတယ်၊ ပင်လယ်ဘုရင်!”

ထိုသူသည် ကျားငါးမန်းစစ်သူကြီး ဖြစ်ပြီး လက်အောက်ငယ်သားများထဲတွင် အစွမ်းအထက်ဆုံးဖြစ်ကာ လျှပ်စစ်ငါးရှဥ့်ဘုရင်၏ အလေးထားဆုံးနှင့် အရည်အချင်းအရှိဆုံး သစ္စာခံဖြစ်သည်။

“ဒါပေမယ့် ပင်လယ်ဘုရင်၊ အဲဒီ သွေးနီနတ်ဆိုးဟာ ဉာဏ်အလင်းမသေမျိုး အဆင့်ကျွမ်းကျင်သူပါ။ ကျွန်တော် စိုးရိမ်စိတ်ဝင်မိပါတယ်…” ကျားငါးမန်းစစ်သူကြီးက အကျပ်ရိုက်နေဟန်အမူအရာဖြင့် မရဲတရဲလျှောက်တင်လာသည်။

“ဟမ့်၊ ဒီဘုရင် သူ့ကို ကိုင်တွယ်ဖို့ နည်းလမ်းရှိပြီးသား။ ဒီတံဆိပ်ကို ယူလိုက်!” လျှပ်စစ်ငါးရှဥ့်ဘုရင်၏ လက်ထဲတွင် မသေမျိုးအလင်းဖြင့် ဝိုင်းရံထားသော ခရုခွံတစ်ခုပေါ်လာပြီး ကြောက်မက်ဖွယ်အရှိန်အဝါက ဖြာထွက်လျက်ရှိ၏။

“ဒါ… ဒါက ပင်လယ်ဝေလငါးဘိုးဘေးကြီး ပေးအပ်ထားတဲ့ နတ်အစွမ်းခရုခွံပဲ!”

ကျားငါးမန်းစစ်သူကြီး၏ မျက်လုံးများ နီရဲသွားပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

လျှပ်စစ်ငါးရှဥ့်ဘုရင်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။ “မင်း မှော်စွမ်းအားကို ထည့်သွင်းလိုက်တာနဲ့ နတ်အစွမ်းခရုရဲ့ အကူစွမ်းအားကို အသက်သွင်းနိုင်လိမ့်မယ်! ဉာဏ်အလင်းမသေမျိုး အကြောင်းကို မေ့ထားလိုက်၊ မသေမျိုးအရှင်သခင်တစ်ပါးတောင် မင်းလက်ထဲသေလိမ့်မယ်!”

ကျားငါးမန်းစစ်သူကြီးက ကြောက်ရွံ့စွာ လက်ခံလိုက်သည်။ “ပင်လယ်ဘုရင်၊ ဒီ ရတနာကို ပေးအပ်တဲ့အတွက် ကျေးဇူးတင်ပါတယ်!”

သူသည် ဤရတနာကို အသုံးပြု၍ ရာဇပလ္လင်ကို သိမ်းပိုက်ရန် ရည်ရွယ်ချက်မရှိပေ။ ဤရတနာသည် တစ်ကြိမ်သာ အသုံးပြုနိုင်သောပစ္စည်းဖြစ်သည်ကို သူကောင်းကောင်းသိထားပါ၏။ လက်ရှိ ပင်လယ်ဘုရင်သည်လည်း ပင်လယ်ဝေလငါးဘိုးဘေးကြီး၏ အထူးအလေးထားခြင်းကို ရရှိထားသည်။ ယာယီအစွမ်းတစ်ခုဖြင့် ဘုရင်ကိုသတ်ကာ နန်းလုနိုင်လျှင်တောင်မှ နောက်ဆက်တွဲပြဿနာများကို သူရင်မဆိုင်နိုင်ပါ။

ထို့ကြောင့် ရှားရှားပါးပါး အဖိုးထိုက်ရတနာကို လက်ဝယ်ရရှိထားသော်လည်း ကျားငါးမန်းစစ်သူကြီး သည် သစ္စာဖောက်အတွေးများ မထားရှိရဲပေ!

လျှပ်စစ်ငါးရှဥ့်ဘုရင်က လှောင်ရယ်လိုက်သည်။ “နတ်မိမယ်တိုင်းပြည်က ဖုန့်မင်ပြည်နယ်မှာ အစွမ်းအထက်ဆုံး ကျင့်ကြံရေး တော်ဝင်မင်းဆက်ပဲ။ ငါတို့သာ အောင်မြင်စွာ သိမ်းပိုက်နိုင်ရင် ကျန်တဲ့လူသားမျိုးနွယ်စု အင်အားစုတွေဆိုတာ မြင်ရုံနဲ့ လက်နက်ချပြီးသား ဖြစ်ကုန်လောက်မယ်။"

ပင်လယ်ဝေလငါးဘိုးဘေးကြီး ပြန်လည်နိုးထလာကတည်းက လျှပ်စစ်ငါးရှဥ့်ဘုရင်၏ ရည်မှန်းချက်သည်လည်း မကြုံစဖူး တိုးမြင့်လာခဲ့သည်။ အရင်က သူသည် မြောက်ပင်လယ်နယ်မြေကို လွှမ်းမိုးဖို့နှင့် ကမ်းရိုးတန်းဒေသများမှာ အနှောင့်အယှက်လေးတွေ လုပ်ဖို့သာ ရဲဝံ့ခဲ့ပေသည့် လက်ရှိ သူ့ပန်းတိုင်မှာတော့ လူသားမျိုးနွယ်တစ်ခုလုံးထိ ချဲ့ကားပြီးခဲ့လေပြီ။

ဒီတော့ ပထမဆုံးအဆင့်က ဖုန့်မင်ပြည်နယ်ကို သိမ်းပိုက်!

မကြာခင်မှာပဲ ကနေဒါလျှပ်စစ်ငါးရှဥ့်ရဲ့ နာမည်ဟာ အလယ်ပိုင်းဒေသရဲံ ပြည်နယ်၁၀၈ခုလုံးတစ်လျှောက်လုံး ပျံ့နှံ့သွားလိမ့်မယ်!

ထိုအကြောင်းကို စိတ်ကူးမိလိုက်ရုံဖြင့် လျှပ်စစ်ငါးရှဥ့်ဘုရင်၏ အပြုံးသည် ပို၍ပို၍ မထိန်းချုပ်နိုင်ဖြစ်လာပြီး ငါးရှဥ့်ယုတ်မာသံဖြင့် ရယ်မောလိုက်သည်။ “ဟားဟားဟားဟား…”

သူ၏ လက်အောက်ခံများလည်း အကြည့်ချင်းဖလှယ်ပြီး သခင်အတိုင်း ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။

“တိတ်စမ်း! ဒီဘုရင် တစ်ဦးတည်းသာ ရယ်မောဖို့အရည်အချင်းပြည့်မီတယ်!” လျှပ်စစ်ငါးရှဥ့်ဘုရင် ခေါင်းလှည့်ပြီး သူတို့ကို မျက်စောင်းတစ်ချက်ပစ်လိုက်သည်။

ရယ်သံများ ချက်ချင်း တိတ်ကျသွားသည်။

အမျိုးမျိုးပဲ။

All Chapters