← Chapters

လင်လုပွဲ

Vol. 33 Ch. 460

လင်လုပွဲ

Vol. 33 Ch. 460

နတ်မိမယ်တိုင်းပြည်။

နန်းတော်စားပွဲပြီးသော် အမှုထမ်းများက ယဲ့ကျွင်းလင်တို့အဖွဲ့ကို သက်ဆိုင်ရာ အိပ်ဆောင်များသို့ ပို့ဆောင်ပေးလာသည်။

ဧကရီကိုယ်တိုင် ကပြဖျော်ဖြေခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများအားလုံးက ပါးနပ်စွာ တိတ်ဆိတ်နှုတ်ပိတ်၍သာ နေကြသည်။ အပြင်လောကသို့ သတင်းများ မပေါက်ကြားစေရန် လုံးဝ ဖုံးကွယ်ထားရမည်ပင်။

ပြည့်ရှင်ဘုရင်မ၏ ဂုဏ်သိက္ခာမှာ အမြင့်မြတ်ဆုံး ပြည့်ရတနာသာဖြစ်၏။ ဧကရီသည် တိုင်းပြည်တစ်ပြည်လုံးရှိ အမျိုးသမီးများအားလုံး၏ လေးစားချစ်ခင်ခြင်းနှင့် ကိုးကွယ်ခြင်းခံရသူဖြစ်သည်။ ယခုလို ကချေသည်တစ်ဦးကဲ့သို့ ပြုမူလုပ်ဆောင်ခဲ့သည့်လုပ်ရပ်က ပြည်သူပြည်သားများ၏စိတ်ထဲမှ ဘုရင်မ၏ပုံရိပ်ကို အကြီးအကျယ်ထိခိုက်စေလိမ့်မည်။

လော့ဟွမ်နန်းတော်။

အလှပြင်စားပွဲရှေ့တွင် ကျက်သရေရှိသောအမျိုးသမီးတစ်ဦး ထိုင်နေပြီး သူမ၏ မျက်နှာပေါ်ရှိ ဖြူစင်ချောမွေ့သော ပန်းသွေးရောင်ပါးပြင်များကို သေသေချာချာ ကြည့်ရှုနေသည်။

အလှပြင်နေရင်း စိတ်ကူးထဲတွင် ထိုခန့်ညားသော ပုံရိပ်ကို ဖျတ်ခနဲအမှတ်ရလိုက်သောအခါ သူမ၏ ရင်ခုန်သံများ မြန်ဆန်လာသည်။

မီးလျှံနီရောင် နှုတ်ခမ်းသားများကို အသာဖိကိုက်ထားမိရင်း မျက်လုံးအကြည့်တို့ကပင် တစ်မျိုးဆွဲဆောင်ဖျားယောင်းနေဟန် ရှိလာ၏။

ပြီးပြည့်စုံသော ထိုအမျိုးသား၏ပုံရိပ်ကို မြင်ယောင်ရင်း တုန်ဖန်းကျင်း၏ ရင်ထဲတွင် ပို၍ပို၍ ပူလောင်လာသည်။ သံကိုပူနေချိန်တွင် ပုံသွင်းရမည် ဖြစ်သကဲ့သို့ သူမသည်လည်း ယခုညတွင်ပင် ချက်ချင်းလင်ငင်း လက်ဦးမှုရယူရမည်ဟု သိနေသည်။

နှလုံးသားရေးရာကိစ္စများမှာ အပြောင်းအလဲမြန်လွန်းလှသည်မဟုတ်လော။

“ဧကရီ၊ ဖဲပြားရွေးချယ်ဖို့ အချိန်ကျပါပြီ။”

တံခါးအပြင်ဘက်တွင် အစေခံမိန်းကလေးများစွာသည် ဆင်ယင်စီခြယ်ထားသော ကျောက်ဗန်းများကို ကိုယ်စီကိုင်ထားကြပြီး ၎င်းတို့ပေါ်တွင် ကိုယ်လုပ်တော်အမျိုးသားများအားလုံးကို ကိုယ်စားပြုသော ကျောက်ပြားများ အစီအရီ တင်ထားသည်။

အများအားဖြင့် ရုပ်ရည်ပိုင်းတွင် သာလွန်သည်ဟု လူသိများသော ကိုယ်လုပ်တော်အမျိုးသားခုနစ်ဦးကို အရှေ့ဆုံးတွင် ထားရှိလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် ဧကရီသည် ထိုခုနစ်ဦးထဲမှ တစ်ဦးကိုသာ အမြဲတမ်း ရွေးချယ်တတ်ပြီး နောက်လူများကို လှည့်ကြည့်ပင်မကြည့်သောကြောင့်ဖြစ်၏။

အရင်က တုန်ဖန်းကျင်းသည် ညစဥ်ညတိုင်းတွင် သူမအား မည်သူက ပြုစုမည်ကို ဆုံးဖြတ်ရန် ဖဲပြားတစ်ခုကို သေသေချာချာ ရွေးချယ်လေ့ရှိသည်။

သို့သော် ယခုမူ တုန်ဖန်းကျင်းသည် စိတ်နှင့် နှလုံးသားတစ်ခုလုံးအား လူတစ်ယောက်တည်းတွင်သာ ပုံအပ်ထားမိလေသောကြောင့် သူတို့အပေါ် လုံးဝ စိတ်မဝင်စားမိတော့ပေ။

“ပြန်ယူသွားကြ၊ ဒီညတော့ လုံးဝ မလိုဘူး!”

ခိုင်မာပြီး တည်ငြိမ်သော အမိန့်သံတစ်ခု ခပ်ပြတ်ပြတ်ထွက်ပေါ်လာသည်။

အစေခံမိန်းကလေးများ: “???”

ဘာတွေဖြစ်နေတာလဲ?

ဧကရီ ရသေ့စိတ်ပေါက်သွားတာများလား?

ထို့နောက် သူတို့၏ သံသယများကို ဖိနှိပ်ကာ ထိုအစေခံမိန်းကလေးများမှာ တိတ်ဆိတ်စွာ ပြန်ထွက်သွားကြလေသည်။

တုန်ဖန်းကျင်း၏ လုပ်ရပ်များနှင့်ပတ်သက်၍ သူတို့စိတ်ထဲ အတော်လေး မရှင်းမလင်းခံစားနေရသည်ပင်။

ခြောက်သွေ့တဲ့နေရာများကြတော့လည်း ပပ်ကြားကိုအက်နေချိန် အချို့နေရာတွေတော့ မိုးရွှင်ရေကြီးနေပါရောလား။

တုန်ဖန်းကျင်းသည် စိတ်ကိုတည်ငြိမ်အောင်ထိန်းသိမ်းကာ သူမ၏ အသွင်အပြင်ကို သပ်ရပ်အောင် ပြင်လိုက်သည်။ ထို့နောက် မှန်ကိုတစ်ချက်ကြည့်လိုက်၏။ ပုံမှန် ခန့်ညားထည်ဝါကာ သာမန်လူတို့ သီသီပင်မကပ်ဝံ့သော အရှိန်အဝါမှာ လျော့နည်းပျော့ပျောင်းလျက် ကျက်သရေရှိပြီး နူးညံ့သောအသွင်အပြင်ဖြင့် မိန်းမဆန်နေခဲ့သည်။ တုန်ဖန်းကျင်း၏ ရင်ထဲမှမျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် အထောက်အကူတစ်ခုပင်။

“အကြီးအကဲယဲ့၊ ရှင်လည်း စိတ်အားထက်သန်စွာ စောင့်မျှော်နေမယ်လို့ ကျွန်မ ထင်ပါတယ်။”

“စိတ်မပူပါနဲ့၊ ဒီကိုယ်လုပ်တော် ရှင့်ကို ဒီည သေချာ ဂရုစိုက်ပေးပါ့မယ်~”

ဖျတ်ခနဲဆိုသလိုပင်။

တုန်ဖန်းကျင်းသည် အဆင့်မြင့်ကျင့်ကြံသူတစ်ဦး၏ ဖျတ်လတ်ပေါ့ပါးမှုဖြင့် အိပ်ဆောင်မှ တိတ်ဆိတ်စွာနှင့် သတိမထားမိစေဘဲ ထွက်ခွာသွားရန် အလွန်လွယ်ကူသည်။

‌လစ်ဟာသွားသောအခန်းတွင် သင်းပျံ့သောရနံ့တစ်ခုသာ ကျန်ရစ်ခဲ့၏။

ထိုအချိန်တွင် ဆံပင်နှစ်ဖက်ကို ခွဲထုံးထားသော၊ ပန်းရောင်ဖဲကြိုးများ လေထဲတွင် တလွင့်လွင့်ဝဲနေသော၊ အရုပ်လေးတစ်ရုပ်ကဲ့သို့ နူးညံ့သိမ်မွေ့သော မျက်နှာသွင်ပြင်ရှိသည့် ပန်းရောင်ဂါဝန်နှင့် အမျိုးသမီးငယ်တစ်ဦးသည် ရွှေဖီးနစ်နန်းဆောင်တော်ဘက်သို့ ကျက်သရေရှိစွာ ချဉ်းကပ်လာသည်။

သူမ၏ လက်များကို အချင်းချင်းဆုပ်ကိုင်ပွတ်သပ်လျက် လှပသောမျက်နှာလေးမှာ လေးလံဖိစီးနေသောနှလုံးသားကြောင့် စိုးရိမ်ပူပန်မှုအပြည့် ဖော်ပြနေခဲ့၏။

“အမေလည်း သခင်လေးယဲ့ကို ကြိုက်နေတာလား?”

“ဒါပေမယ့် သခင်လေးယဲ့ကို ကျွန်မအရင်မြင်ခဲ့တာလေ။ မွေးမိခင်တစ်ဦးအနေနဲ့ သမီးဖြစ်သူရဲ့ ချစ်သူအမျိုးသားကို ဒီလိုပြောင်ပြောင်တင်းတင်း ခိုးယူသင့်ပါသလား?"

“ဒါ့အပြင် အမေ့မှာ အမျိုးသားတွေ အများကြီးရှိပြီးသားကို၊ ကျွန်မက ဒီတစ်ယောက်ကိုပဲ ကြိုက်တာတောင် ကျွန်မဆီကနေ ခိုးယူချင်သေးတယ်‌ပေါ့…”

တုန်ဖန်းမုန့်ယောင်သည် မိခင်ဖြစ်သူက သခင်လေးယဲ့ကို စိတ်ဝင်စားနေကြောင်း ရိပ်မိလိုက်သောအခါ စိုးရိမ်ပူပန်မှုနှင့် မကျေနပ်မှုနှစ်မျိုးလုံးကို တပြိုင်တည်းခံစားနေရတော့သည်။

တစ်ဖက်က သူမ၏ အရင်းနှီးဆုံး မိသားစုဝင်ဖြစ်ပြီး အခြားတစ်ဖက်က သူမ ချစ်ဦးသူဖြစ်သည်။ မည်သည့်အရာကို ရွေးချယ်သည်ဖြစ်စေ သူမသည် တစ်သက်လုံး နောင်တရကျန်ရစ်လိမ့်မည်။

“ကောင်းကင်ဘုံရယ် ကျွန်မမှာ ဘာအပြစ်များရှိလို့လဲ?”

“ကျွန်မ ဒီနှစ်မှ ၁၈ နှစ်ပြည့်တာပါ!”

တုန်ဖန်းမုန့်ယောင်သည် ထိုသို့ ခက်ခဲသော ရွေးချယ်မှုမျိုးကို သူမတစ်သက်တာတွင် ရင်ဆိုင်ရလိမ့်မည်ဟု တကယ် မမျှော်လင့်ထားခဲ့ပေ။

ကြိမ်ဖန်များစွာစဉ်းစားပြီးနောက် တုန်ဖန်းမုန့်ယောင်သည် သတ္တိကို စုဆောင်းကာ လော့ဟွမ်နန်းတော် သို့သွားပြီး သူမ၏ မိခင်နှင့် မျက်နှာချင်းဆိုင် စကားပြောရန် ဆုံးဖြတ်ခဲ့သည်။

၎င်းသည် သမီးနှင့် မိခင်ကြားမှ ပြိုင်ဆိုင်မှုတစ်ခုပင်!

လမ်းတစ်လျှောက်တွင် အစောင့်အရှောက်များသည် တုန်ဖန်းမုန့်ယောင်၏ ရာထူးအဆင့်အတန်းကို သိရှိထားသောကြောင့် တစ်ဦးတလေမှ မတားဆီးရဲဘဲ ဝင်ခွင့်ပေးလိုက်ရ၏။

တုန်ဖန်းမုန့်ယောင် ခဏတာ တုံ့ဆိုင်းနေပြီးနောက် တံခါးကို ညင်သာစွာ ခေါက်လိုက်သည်။ “အမေ၊ သမီးပါ!”

သူမ အချိန်အတော်ကြာ စောင့်ဆိုင်းသော်လည်း အတွင်းမှ တုံ့ပြန်မှုမရှိပေ။

“အမေ! အမေရှိလား?”

တုန်ဖန်းမုန့်ယောင် ထပ်ကြိုးစားကြည့်သည်။

ထူးသံမကြားသည့်အဆုံး တံခါးကို တွန်းဖွင့်လိုက်ပြီး ခြေဖျားထောက်ကာ အတွင်းသို့ ဝင်လိုက်သည်။ မိခင်၏ အရိပ်အယောင်ကို အိပ်ရာထက်တွင် မတွေ့လိုက်ရသောအခါ သူမ ရင်တဒိတ်ဒိတ်တုန်သွားရ၏။

မယုံနိုင်စရာ အတွေးတစ်ခု သူမ၏ စိတ်ထဲ ဖျတ်ခနဲပြေးဝင်လာသည်။

“မဖြစ်နိုင်ဘူး!”

တုန်ဖန်းမုန့်ယောင် သတိလက်လွတ် အော်ဟစ်တော့မလို ဖြစ်သွားသည်။ သူမ၏ အဆိုးဆုံးကြောက်ရွံ့မှုမှာ အမှန်တကယ် ဖြစ်လာခဲ့လေပြီ။

ချစ်ရသူကို မိခင်ဖြစ်သူက အပိုင်သိမ်းသွားတော့မည်။

ထို့နောက်။

အစောင့်အရှောက်များ၏ အံ့အားသင့်နေသောအကြည့်များအောက်တွင် မင်းသမီးသည် လော့ဟွမ်နန်းတော်မှ အလျင်စလို ထွက်ခွာသွားတော့သည်။ သူမ၏ အမူအရာမှာ တစ်စုံတစ်ယောက်ကို လက်ပူးလက်ကျပ် အမိဖမ်းဖို့ရာ ပြေးလွှားနေသကဲ့သို့…

ရွှေဖီးနစ်နန်းဆောင်တွင်။

ယဲ့ကျွင်းလင် အိပ်မပျော်နိုင်ဘဲ ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက် ဂနာမငြိမ်ဖြစ်နေသည်။ မျက်ခုံးများက သိသိသာသာတွန့်ချိုးနေကာ ခန္ဓာကိုယ်ကို အန္တရာယ်ပြုမည့် ပြဿနာကြီးတစ်ခု ဖြစ်ပွားတော့မည်ဟု ခံစားချက်ရနေမိ၏။

“ထူးဆန်းလိုက်တာ၊ ငါ အခု မသေမျိုးဘုရင်အဆင့်မှာ ရှိနေပြီ၊ နောက်ပြီး အားကိုးစရာ စနစ်နဲ့ရွှေလက်ချောင်းလည်းရှိသေးတယ်။ ဒီကမ္ဘာပေါ်မှာ ဘယ်သူကများ ငါ့ကို ထိခိုက်အောင် လုပ်နိုင်မှာလဲ?”

ယဲ့ကျွင်းလင် ထထိုင်ပြီး မျက်မှောင်ကြုတ်ကာ စဉ်းစားနေသည်။

ထိုအချိန်တွင်။

သူသည် တိတ်ဆိတ်စွာ ချဉ်းကပ်လာသော အရိပ်အယောင်တစ်ခုကို ခံစားမိလိုက်၏။ တစ်ဖက်လူ၏ လှုပ်ရှားမှုသည် အလွန်ပညာသားပါကာ နူးညံ့သိမ်မွေ့သော်လည်း မသေမျိုးဘုရင်တစ်ပါး၏ အာရုံခံနိုင်စွမ်းမှ မလွတ်မြောက်နိုင်ပေ။

“ဘယ်သူလဲ?!”

ယဲ့ကျွင်းလင်က အေးစက်စက်ထုတ်မေးလိုက်သည်။

အမေးစကားဆုံးသည်နှင့် ဖျတ်ခနဲဆိုသလိုပင် သူ၏ ခန္ဓာကိုယ်သည် အိပ်ရာပေါ်မှ ချက်ချင်း ပျောက်ကွယ်သွားပြီး ကန့်လန့်ကာနောက်တွင် ပြန်ပေါ်လာသည်။

“တုန်၊ တာအိုမိတ်ဆွေ တုန်ဖန်း?”

ယဲ့ကျွင်းလင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့ရှေ့တွင် အနက်ရောင်ဝတ်စုံနှင့် အရပ်ရှည်ရှည်၊ ရင့်ကျက်ပြီး လှပသောအမျိုးသမီးတစ်ဦး ရှိနေပြီး သူ့ကို ချစ်ခင်စွဲလမ်းစွာ စိုက်ကြည့်နေခဲ့လေသည်။

တုန်ဖန်းကျင်း၏ မိတ်ကပ်သည် သေသပ်ပြီး ကျက်သရေအပြည့်ရှိသည်။ သူမ၏ မျက်တောင်များမှာ ရှည်လျားကော့ပျံပြီး လှပသော မျက်လုံးများက တစ်ဖက်လူ၏ စိတ်ဝိညာဉ်ကို ဖမ်းစားနိုင်စွမ်းရှိသည်။ ဂါဝန်အောက်နားစအား ဖြတ်တောက်ဖော်ပြထားသော ဝတ်စုံကြောင့် သူမ၏ သွယ်လျချောမွတ်သော ခြေတံရှည်များကို အတိုင်းသားမြင်တွေ့နိုင်ပေသည်။

ထို့အပြင် အဆင်အယင် အပြင်ပန်းနှင့်မဆိုင်သော သေစေနိုင်လောက်သည့် ဆွဲဆောင်မှုတစ်ခုကိုလည်း ထုတ်လွှတ်နေခဲ့သေး၏။

“အကြီးအကဲယဲ့၊ ဒီကိုယ်လုပ်တော် ရောက်လာပါပြီ။” တုန်ဖန်းကျင်း၏ မျက်နှာသည် မက်မွန်ပန်းကဲ့သို့ ပန်းသွေးထလျက်ရှိကာ အတွေ့အကြုံမရှိသော အမျိုးသမီးငယ်လေးတစ်ဦး ရှက်အားပိုနေသည့်အလား။

ဤမြင်ကွင်းကိုသာ ပြင်ပလောကက သိရှိသွားပါက ကမ္ဘာကြီးတစ်ခုလုံး ဝက်ဝက်ကွဲတုန်လှုပ်မည်ပေလား အောက်မေ့ရ၏။

နတ်မိမယ်တိုင်းပြည်၏ ဂုဏ်သိက္ခာရှိပြီး ခန့်ညားသော ဧကရီ၊ ထိုသို့ မြင့်မားသော ရာထူးကို ထိုက်တန်စွာရယူထားသော သူမသည် အမျိုးသားတစ်ဦး၏ ရှေ့တွင် ဤမျှမြူဆွယ်ဖျားယောင်းသော အမူအရာအား မည်သို့ပြသနိုင်ပါသနည်း?

“တာအိုမိတ်ဆွေ တုန်ဖန်း၊ ညကြီးအချိန်မတော် ရောက်လာရခြင်းရဲ့ ရည်ရွယ်ချက်က ဘာများလဲ?” ယဲ့ကျွင်းလင်၏ မျက်နှာလေးမှာ ဆီးရွက်လောက်သာ ကျန်ရှာတော့၏။

“အကြီးအကဲယဲ့၊ ထင်ရှားပြီးသားအရာကို ဘာလို့မေးနေသေးတာပါလဲ”

တုန်ဖန်းကျင်းက ပါးစပ်ကိုအသာအုပ်ကာ ရယ်မောလိုက်သည်။ ထို့နောက် သူမ၏ခါးကို ဖြည်းဖြည်းချင်း ယိမ်းနွဲ့လျှောက်လှမ်းလျက် ပိုမိုနီးကပ်လာကာ နူးညံ့စွာ ပြောလိုက်သည်။ “ဒီကိုယ်လုပ်တော်က တာအိုလမ်းစဥ်နဲ့ပက်သက်ပြီး လမ်းညွှန်မှုတချို့တောင်းခံချင်လို့ လာခဲ့တာပါ"

ဤအချိန်တွင် ထိုမိန်းမပျို၏ ခန္ဓာကိုယ်မှ သိမ်မွေ့သော ရနံ့တစ်ခု လွင့်ပျံလာပြီး လေထုအပူချိန် မြင့်တက်လာသည်။

“နေဦး နေဦး နေဦး! တာအိုအကြောင်းဆွေးနွေးတာက ဒီလောက်ထိနီးကပ်ဖို့ မလိုဘူး!” ယဲ့ကျွင်းလင်က အံတင်းတင်းကြိတ်ကာ လက်ကိုကမန်းကတန်းကာရင်း တစ်ဖက်လူကိုတားသည်။

တုန်ဖန်းကျင်းမှာ အံ့အားသင့်သွားဟန်ရှိ၏။ “အကြီးအကဲယဲ့၊ ရှင် ဘာဖြစ်တာလဲ?”

ယဲ့ကျွင်းလင် ချောင်းနှစ်ချက်ဟန့်လိုက်ပြီး ပြင်းထန်စွာ ပြောလိုက်သည်။ “ငါက တာအိုအကြောင်းဆွေးနွေးတဲ့အခါ စည်းမျဥ်းစည်းကမ်းတွေကို အလေးထားတယ်"

တုန်ဖန်းကျင်း တစ်ဖက်လူ၏ အတွေးများကို မခန့်မှန်းနိုင်သောကြောင့် အလိုက်သင့်ဆိုသည်။ “အကြီးအကဲယဲ့၊ ရှင် ဘယ်လို တာအိုလမ်းစဥ်အမျိုးအစားတွေမှာ အထူးကျွမ်းကျင်သလဲဆိုတာ သိပါရစေ။”

ယဲ့ကျွင်းလင် အနည်းငယ် တွေးတောပြီးနောက် ယုံကြည်မှုရှိစွာ ကြေညာလိုက်သည်။ “နှစ်ခုရှိတယ်!”

“အိုး?”

“ဘယ်လမ်းစဥ်တွေများလဲနော်?”

တုန်ဖန်းကျင်း ရုတ်တရက် စိတ်ဝင်စားလာသည်။ မိတ်ဆွေဖြစ်သူ၏ ဆရာသခင်ထံတွင် မည်မျှအစွမ်းထက်သည့် ကျင့်စဥ်လမ်းသစ်များ ရှိနေလောက်မည်နည်း?

ယဲ့ကျွင်းလင်၏ အကြည့်သည်လည်း လေးနက်လာပြီး စတင်ရှင်းပြသည်။ “ငါ့ကျွမ်းကျင်တဲ့ တာအိုအမျိုးအစားနှစ်ခုက မျှခြေတာအိုနဲ့ သဟဇာတတာအိုလို့ ခေါ်ဆိုတယ်"

ယဲ့ကျွင်းလင်မှ သူမကို အတည်အတံ့ လေးလေးနက်နက် ရှင်းပြနေသည်ကို မြင်သောအခါ တုန်ဖန်းကျင်းသည် ပထမတွင် အံ့အားသင့်သွားပြီး ထို့နောက် သူမ၏ ပါးပြင်ပေါ်တွင် ဆွဲဆောင်မှုရှိစွာ သွေးရောင်ရိပ်ရိပ်သန်းလာသည်။

ထိုအချိန်တွင် ဤအမျိုးသားအပေါ် တဏှာရာဂကင်းသော လေးစားမှုတစ်ခု သူမ၏ ရင်ထဲတွင် အလိုအလျောက် ပေါ်ပေါက်လာသည်။

သူမ စိတ်လိုလက်ရ ပြုံးပြလိုက်သည်။ “အကြီးအကဲယဲ့၊ ကျွန်မမှာလည်း တာအိုလမ်းစဥ်တစ်ခုရှိတယ်။”

ထိုသို့ပြောကာ သူမ၏ စကတ်အစွန်းကို ဆွဲမလိုက်သည်။

“အမ်…”

ယဲ့ကျွင်းလင်သည် တစ်ခုခု မှားယွင်းနေကြောင်း သိရှိလိုက်ပြီး ချက်ချင်း ပြင်ဆင်ဖို့ကြိုးစားသည်။ သို့သော် သူ စကားပြောရန် ကြိုးစားလိုက်သည်နှင့် နှုတ်ခမ်းများထက် လက်ချောင်းတစ်ချောင်းက ညင်သာစွာ ဖုံးအုပ်လာသည်အား ခံစားမိလိုက်ရ၏။ တုန်ဖန်းကျင်းသည် ရေမြွေတစ်ကောင်ကဲ့သို့ သူ့ထံ လျှောခနဲချဉ်းကပ်လာပြီး သစ်ခွပန်း ကဲ့သို့ မွှေးရနံ့များ လွှတ်ထုတ်လိုက်ရင်း ပြောသည်။

“အကြီးအကဲယဲ့က တာအိုအကြောင်းအရာတွေကို ဒီလောက်နက်နက်နဲနဲ ကျွမ်းကျင်နေတာဆိုတော့ ဒီကိုယ်လုပ်တော်လည်း ရှင့်ဆီကနေ ကောင်းကောင်း သင်ယူချင်မိပါတယ်။”

All Chapters