← Chapters

လူကြီးလူကောင်း

Vol. 33 Ch. 461

လူကြီးလူကောင်း

Vol. 33 Ch. 461

တုန်ဖန်းကျင်း၏ လှပသော မျက်လုံးများမှာ ဆက်ဖြစ်လာမည့်ကိစ္စများအတွက် စိတ်လှုပ်ရှားစွာဖြင့် တဖျတ်ဖျတ်လင်းလက်လာသည်။

အတွေ့အကြုံ ကြွယ်ဝသူဖြစ်သောကြောင့် သူမသည် အမျိုးသားတစ်ဦး၏ အားနည်းချက်အားလုံးကို နှိုက်နှိုက်ချွတ်ချွတ် သိရှိထား၏။ ထို ငွေရောင်ဆံပင်လေး သူမလက်ထဲသို့ ကျဆင်းကြွေလွင့်လာပါက ဘဝနှင့်ချီသော ကျွမ်းကျင်မှုအားလုံးကို ထုတ်ဖော်အသုံးပြုရပေတော့မည်။

လေထုသည် ချက်ချင်း တင်းမာလာသည်။

ထိုအချိန်တွင် ယဲ့ကျွင်းလင်၏ နိမိတ်မကောင်းသောခံစားချက်ကြီးမှာ ပို၍ပို၍ ပြင်းထန်လာကာ မကြုံစဖူး ထိတ်လန့်လာမိသည်။ သူ၏ ကိုယ်ပိုင်အသိစိတ်အာရုံက သူ့ရှေ့ရှိ အနက်ရောင်ဝတ်စုံနှင့် လှပသောအမျိုးသမီးကို အလွန်အမင်းသတိထားဖို့ရာ အတန်တန်မှာကြားနေသကဲ့သို့။

“အကြီးအကဲယဲ့၊ ဘာလို့ဒီလောက် မျက်နှာပျက်နေရတာလဲ?” တုန်ဖန်းကျင်းက စိတ်ရှုပ်ထွေးစွာ လက်ကို ဆန့်လိုက်ပြီး ယဲ့ကျွင်းလင်၏ ပါးပြင်ကို ထိလိုက်သည်။

“ရပ်!”

ယဲ့ကျွင်းလင် စိတ်မသက်မသာဖြစ်မှုကို ဖိနှိပ်လိုက်ပြီး တုန်ဖန်းကျင်း၏ နူးညံ့ပြီး ကျောက်စိမ်းကဲ့သို့ချောမွတ်သော လက်ကို ဖမ်းကိုင်လိုက်ကာ လေးလေးနက်နက် ပြောသည်။ “တာအိုမိတ်ဆွေ တုန်ဖန်း၊ ကျေးဇူးပြုပြီး ကိုယ့်ကိုကိုယ် လေးစားပါ။ သမီးဖြစ်သူသာ ဒီအကြောင်းကို သိသွားရင် မိခင်တစ်ဦးအနေနဲ့ မင်းရဲ့ပုံရိပ်ကို ပျက်စီးစေလိမ့်မယ်!”

တုန်ဖန်းကျင်း အံ့အားသင့်သွားပြီးနောက် တခစ်ခစ်ရယ်မောလိုက်ပြီးနောက် ပြန်ပြောလိုက်သည်။ “၁၈နှစ်ပဲ ရှိသေးတဲ့ ကောင်မလေးက ဘာသိမှာလဲ? ကျွန်မက သမီးတစ်ယောက်အမေဖြစ်ရုံနဲ့ ကျွန်မရဲ့ ကိုယ်ပိုင်ပျော်ရွှင်မှုကို ရှာဖွေပိုင်ခွင့်မရှိဘူးလို့ ဆိုလိုတာလား?”

“ဒါမှမဟုတ်…”

“ရှင် ကျွန်မသမီးကိုများ စိတ်ဝင်စားနေတာလား?”

ထိုသို့မေးခွန်းထုတ်လာပြီး တုန်ဖန်းကျင်းသည် မွှေးကြိုင်သော သစ်ခွပန်းတစ်ပွင့်ကဲ့သို့ ထွက်လက်လေကို ဟင်းခနဲရှူထုတ်လိုက်ကာ ထိုလေတစ်သုတ်က ယဲ့ကျွင်းလင်၏မျက်နှာထက် ပွတ်သပ်ဆော့ကစားသွားသည်။

ယဲ့ကျွင်းလင် အကြီးအကျယ် တုန်လှုပ်သွားတော့၏။

“တာအိုမိတ်ဆွေ တုန်ဖန်း၊ မင်း နားလည်မှုလွဲနေပြီ။ ငါဆိုလိုတာ အဲ့ဒီလိုမဟုတ်ဘူး။” ယဲ့ကျွင်းလင် အမူအရာပျက်သွားပြီး ထိုစိတ်အားထက်သန်သော မျက်လုံးများကို ရှောင်ရှားရန် တစ်ဖက်သို့ ခေါင်းလှည့်လိုက်သည်။

“ဒါဆိုရင် ရှင့်စကားက အတိအကျ ဘာကိုဆိုလိုတာလဲ? ဒီလိုအချိန်မှာတောင် ရှင် ကျွန်မကို စနောက်နေနိုင်တုန်းလား!” တုန်ဖန်းကျင်း စိုးရိမ်လာသည်။ အကယ်၍ ဒီလူကိုဒီည မဆွဲဆောင်နိုင်ခဲ့လျှင် အတင်းအကျပ်ပြုကျင့်ရမည်။

ထိုအချိန်တွင် တံခါးအပြင်ဘက်မှ စိတ်ပူပန်နေသော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။ “သခင်‌လေးယဲ့! သခင်လေးယဲ့၊ ရှင် အထဲမှာ ရှိလား?”

“ဒါ ယောင်ယောင်လား?” တုန်ဖန်းကျင်း၏ မျက်နှာတွင် ထူးဆန်းသောအမူအရာ ပေါ်လာပြီးနောက် ယဲ့ကျွင်းလင်ကို အဓိပ္ပာယ်ပါပါစိုက်ကြည့်သည်။

“အကြီးအကဲယဲ့၊ ဒါဆို ရှင်က တခြားတစ်ယောက်နဲ့ ချိန်းထားတာကိုး~”

ယဲ့ကျွင်းလင်: “…”

အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့၊ စကားတွေကို သတိထား၊ မဟုတ်ရင် မင်းကို အသရေဖျက်မှုနဲ့ တရားစွဲပစ်မယ်!

“သခင်လေးယဲ့၊ ထူးသံလည်းမကြားရပါလား? ကျွန်မ ဝင်လာလိုက်မယ်နော်!” တုန်ဖန်းမုန့်ယောင်သည် ဤအချိန်တွင် အခြားဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ တံခါးကို အလောတကြီးဖြင့် တွန်းဖွင့်ကာ အထဲသို့ အလျင်အမြန် ဝင်လာသည်။

ထို့နောက် သူမ မျက်စိဖြင့် တပ်အပ်မြင်လိုက်ရသော မြင်ကွင်းက သူမကို နေရာမှာတင် ဆွံ့အသွားစေပြီး ကူကယ်ရာမဲ့စွာ ခေါ်လိုက်မိ၏။ “အမေ၊ အမေ…”

တုန်ဖန်းမုန့်ယောင်၏ စိုးရိမ်မှုများ နောက်ဆုံးတွင် အမှန်တကယ် ဖြစ်လာခဲ့လေပြီ။

အမေရင်းက ချစ်ရသူကို ခိုးယူချင်နေသတဲ့လား?

သမီးဖြစ်သူကိုယ်တိုင် ဝင်ရောက်လာသည်ကို မြင်ပါသော်လည်း တုန်ဖန်းကျင်း၏ အမူအရာမှာ ရှက်ရွံ့သွားခြင်းမရှိ။ သူမက မလိုတမာကြည့်ကာ ပြောလိုက်သည်။ “ယောင်ယောင်၊ မင်း အချိန်ကိုက် ရောက်လာတာပဲ၊ အကြီးအကဲယဲ့က မင်းကို စောင့်နေတယ်!”

“အယ်…” ယဲ့ကျွင်းလင် နဖူးကြောများထောင်ထသွားသည်။ ငါ ဘယ်တုန်းက သူမကို စောင့်နေခဲ့လို့လဲ?

“ကျွန်မကို စောင့်နေတာ?…”

တုန်ဖန်းမုန့်ယောင် အေးခဲသွားပြီး သူမ၏ လှပသော မျက်နှာသည် ချက်ချင်း နီမြန်းသွားသည်။

သခင်လေးယဲ့က သူမကိုပဲစိတ်ရှိကြောင်း အမေ့ကိုပြောထားတာများလား?

ထိုဖြစ်နိုင်ချေကို တွေးလိုက်သောအခါ တုန်ဖန်းမုန့်ယောင်သည် ပုလဲရောင်သွားလေးများဖြင့် နှုတ်ခမ်းကိုအသာဖိကိုက်ကာ ရင်ထဲမှ အသည်းနှလုံးလေးလည်း တဒိတ်ဒိတ်အခုန်မြန်လာသည်။

ရှက်ရွံ့စွာဖြင့် သူမက တိုးတိုးလေး ပြောလိုက်သည်။ “အမေ၊ အမေ ပြန်လိုက်လို့ရမလား? သမီးလည်း သခင်လေးယဲ့ကို သ‌ဘောကျတယ်"

တုန်ဖန်းကျင်း နှုတ်ခမ်းထောင့်ကို တစ်ချက်တွန့်လိုက်သည်။

“ယောင်ယောင်၊ အမေက မင်းရဲ့ ဆန္ဒကို မဖြည့်ဆည်းပေးချင်လို့ မဟုတ်ပါဘူး၊ ဒါပေမယ့် အမေ တစ်သက်လုံးမှာ ဒီလောက် အဆင်းရောအချင်းပါ ပြည့်စုံတဲ့လူမျိုး မတွေ့ဖူးသေးဘူး။ အခု အခွင့်အရေး ရနေတုန်းမှာ ဘယ်လိုလုပ် မယူဘဲ နေနိုင်မှာလဲ? အကယ်၍ ဒီအခွင့်အရေးကို လွဲချော်သွားရင် အမေတစ်သက်လုံး နောင်တရနေလိမ့်မယ်!” တုန်ဖန်းကျင်းက အကျပ်ရိုက်စွာ ပြောလိုက်သည်။

တုန်ဖန်းမုန့်ယောင်က ဆင်ခြေပေးဖို့ပြင်၏။ “ဒါပေမယ့်၊ ဒါပေမယ့်…”

“ဒါပေမယ့်ဆိုတာ မရှိဘူး၊ ငါက မင်းရဲ့အမေ၊ မင်း ငါ့စကားကို နားထောင်ရမယ်!” တုန်ဖန်းကျင်း၏ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားပြီး မျက်နှာထားတင်းတင်းဖြင့် အမိန့်သံကိုထုတ်သုံးလိုက်သည်။

တုန်ဖန်းမုန့်ယောင်၏ ရင်ထဲတွင် ကြောက်ရွံ့မှုဖြင့် တုန်ခါသွားပြီး မတတ်သာစွာ ခေါင်းငုံ့လိုက်မိသည်။ မျက်ရည်များပင် စီးကျတော့မလို။

ဤအချိန်တွင် သူမသည် အားနည်းသူတစ်ဦးအတွက် ညှိနှိုင်းစရာ နေရာမရှိကြောင်း နက်ရှိုင်းစွာ နားလည်လိုက်ရ၏။

သူမသည် ချစ်ရသူကိုပင် မကာကွယ်နိုင်ပေ!

ဤမြင်ကွင်းကို မြင်သောအခါ တုန်ဖန်းကျင်းသည် သူမ၏ အစွမ်းထက်သော အရှိန်အဝါကို ချက်ချင်း ထိန်းချုပ်လိုက်ပြီး သူမကို နူးညံ့စွာ နှစ်သိမ့်လိုက်သည်။ “ယောင်ယောင်၊ အမေ မင်းကို အများကြီး ဂရုစိုက်ပါတယ်"

အမေနှင်သမီးကြားမှ ရင်နင့်ဖွယ်ပြဇာတ်ကို ကြည့်နေရင်း ယဲ့ကျွင်းလင်သည် ပြောစရာစကားလုံးပင် မရှိတော့ပေ။ ဤကိစ္စနှင့် အဓိကသက်ဆိုင်သူမှာ ဤနေရာတွင် ရှိနေတုန်းပင်၊ သို့သော် သူ့သဘောထားကိုမေ့ပစ်ကာ သူတို့အချင်းချင်း ခွဲတမ်းချနေကြသည်လော။

ယဲ့ကျွင်းလင်သည် ဒေါသအလျောက် ပေါက်ကွဲဖို့ကိုသာ ရွေးချယ်လိုက်သည်။

“အဓိပ္ပာယ်မရှိတာတွေ! ကျွန်တော်တို့ ကျင့်ကြံသူတွေ ရှာဖွေနေတာက ထာဝရရှင်သန်ခြင်းပါ၊ အချစ်ရေးကို စွဲလမ်းနေဖို့ ဘယ်မှာအချိန်ရှိမလဲ?!”

“အခုပြန်သွားပြီး ကိုယ့်လုပ်ရပ်ကိုယ် သေချာသုံးသပ်ခဲ့ကြ!”

ထိုစကားပြောပြီးနောက် တုန်ဖန်းမျိုးရိုးသားအမိ မတုံ့ပြန်နိုင်ခင် ယဲ့ကျွင်းလင်သည် ဝတ်ရုံလက်ဖျားစကို ဖျတ်ခနဲဝေ့ယမ်းကာ နှစ်ဦးသားအား တံခါးအပြင် အတင်းအကျပ်တွန်းပို့လျက် တံခါးရွက်အား တင်းတင်းစေ့ပိတ်သွားလေတော့၏။

တုန်ဖန်းကျင်း: “???”

တုန်ဖန်းမုန့်ယောင်: “???”

နှစ်ဦးလုံး ဆွံ့အသွားကြသည်။

ဒီယောက်ျား ရဖို့ဒီလောက်ခက်နေတယ်ပေါ့လေ?

“အမေ၊ သခင်လေးယဲ့က ကျွန်မကို မကြိုက်တာများလား…” တုန်ဖန်းမုန့်ယောင် စိတ်ဓာတ်ကျသွားသည်။

တကယ်တော့ ဒီလို ကြီးကျယ်ခမ်းနားတဲ့ ပုဂ္ဂိုလ်တစ်ဦးအတွက် ဇနီးမယားသတ်မှတ်ချက်က အရမ်းမြင့်မားမှာပေါ့လေ။

တုန်ဖန်းကျင်းလည်း အလွန်အံ့အားသင့်နေသည်။ သူမသည် ထိုသို့သောငြင်းဆန်မှုကို ပထမဆုံးအကြိမ်ခံရခြင်းပင်။

ဂရုတစိုက် စဉ်းစားပြီးနောက် တုန်ဖန်းကျင်း ရုတ်တရက် နားလည်သွားဟန်ရှိပြီး သူမ၏ အမူအရာမှာ လေးစားကြည်ညိုသွားဟန်ရှိ၏။ “အကြီးအကဲကတော့ အကြီးအကဲပါပဲ၊ သူ့ရဲ့ အသိအမြင်က အမေတို့ထက် ပိုမြင့်မားတယ်"

“ယောင်ယောင်၊ ဒီလို အမျိုးသားကို ငါတို့ လက်လွတ်စပယ်ထိလို့မရဘူး၊ နိမ့်ပါးတဲ့တပ်မက်မှုတွေကြောင့် ယိုင်လဲမှာမဟုတ်တဲ့ အဆင့်အတန်းမြင့် ပုဂ္ဂိုလ်တစ်ဦးပဲ"

"အမလေး ငါတို့သားအမိ သနားစရာကောင်းလိုက်ပုံများ"

တုန်ဖန်းကျင်းသည် နောင်တအပြည့်ဖြင့် စိတ်ပျက်အားငယ်စွာ ဆုတ်ခွာသွားလေသည်။

သူမ၏ ၁၈နှစ်သက်တမ်းရှိ အတွေ့အကြုံများကိုပင် အသုံးပြုဖို့ အခွင့်အရေးမရှိခဲ့ပေ။

တုန်ဖန်းမုန့်ယောင်သည် စေ့ပိတ်ထားသော တံခါးကို လှည့်ကြည့်လိုက်ပြီး ရှုပ်ထွေးနေသောအမူအရာဖြင့် ရေရွတ်သည်။ "ဒီလူက ဒီလိုလူကိုး"

သူမ၏ လှပသောအိပ်မက်လေး ပျက်စီးသွားပြီးနောက် တုန်ဖန်းမုန့်ယောင်သည် စိတ်ပျက်လက်ပျက်ဖြင့် လှည့်ထွက်သွားရတော့၏။

အခန်းထဲတွင်။

ယဲ့ကျွင်းလင် ချွေးအေးများကို သုတ်ချလိုက်သည်။ “ငါထောင်ချောက်ထဲ ဆင်းမိတော့မလို့ပါလား"

တကယ်တော့ သူ အကြောက်ဆုံးအရာမှာ တုန်ဖန်းကျင်း ဖြစ်သည်။ ထိုအမျိုးသမီးသည် ကြောက်စရာကောင်းလောက်အောင် ဇွဲသန်လှချည်တကား။

All Chapters