အပိုင်း (၆၃၃-၆၃၆)
Vol. 32 Ch. 633-636
အပိုင်း ( ၆၃၃ )
အဆ၂၀၀၀ ပြန်ရခြင်း
ယဲ့ဖန် စနစ်၏ အတွင်းကျကျ စစ်ဆေးခြင်းကို လုပ်ဆောင်လိုက်သည်။
ထို့နောက် သူက ကံစမ်းသေတ္တာများကို အမြန်ကောက်ယူလိုက်သည်။
မိနစ်ဝက်မပြည့်ခင်တွင် ယဲ့ဖန်သည် ကံစမ်းသေတ္တာငါးလုံးကို ကောက်ယူပြီး ရွှယ်ပု၏ရှေ့တွင် ချလိုက်သည်။
ရွှယ်ပုသည် ထိုလူငယ်လေးကို အလေးအနက် ကြည့်လိုက်သည်။
ယဲ့ဖန်မှ သူရွေးချယ်ထားသည့် ကံစမ်းသေတ္တာများအား အလွန်ယုံကြည်မှုရှိနေသည်ကို မြင်လိုက်သည့်အခါ အနည်းငယ် ပဟေဠိဖြစ်မိသည်။
ဒီကံစမ်းသေတ္တာများ၏ ပုံစံကနေကြည့်လျှင် ဘာမှမမြင်ရချေ။
သူဌေးပင်လျှင် ဖွင့်မကြည့်ပါက အထဲတွင် ဘာပါသည်ဆိုတာကို မသိရပေ။
ဒီလူငယ်လေးက ဘာလို့ ဒီလောက်တောင် ယုံကြည်မှု ရှိနေရတာလဲ။
တခြားသူများကတော့ သိပ်မတွေးကြပေ။
ကံစမ်းသေတ္တာများမှ မည်သည့်အရာ ထပ်ဖွင့်မိမည်ကိုသာ ပို၍ စိုးရိမ်နေကြသည်။
အကယ်၍ ဤလူငယ်လေးသည် နောက်ဆုံးအကြိမ်ကကဲ့သို့ တောက်ပသော မှတ်တမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါက အခု သူတို့၏ သံသယများ ပြေပျောက်သွားမည်ဖြစ်သည်။
ရတနာ ထပ်မထွက်လာပါက ရွှယ်သူဌေးအား ပြဿနာရှာဖို့ အကြောင်းပြချက်ရပြီဖြစ်သည်။
အထူးသဖြင့် လီကောင်းဖုသည် ယွမ် ၁ သန်းကျော်ကို ဒီနေ့အတွင်း ပေးချေခဲ့ရပြီးဖြစ်သောကြောင့် ရလဒ်ကို အခြားသူများထက် ပိုစိုးရိမ်နေခဲ့သည်။
ကျူးရှောင်ကျောင်းပင်လျှင် အလွန်စိတ်လှုပ်ရှားနေသည်။
သူမ၏ လက်သည်းများသည် ယဲ့ဖန်၏ လက်မောင်းကို ထိုးမိနေသည်။
ယဲ့ဖန် အံ့ဩသွားသည်။
စိတ်လှုပ်ရှားနေရင် ကိုယ့်ကိုယ်ကိုယ် ထိုးပါလား။ ငါ့ကို ဘာလို့ လာထိုးစိတ်နေတာလဲ။
ရွှယ်ပုက သူတို့ကို အကြာကြီးမစောင့်ခိုင်းချေ။
သူက ချက်ချင်း ဓားကို ကောက်ကိုင်လိုက်ပြီး ပထမဆုံး ကံစမ်းသေတ္တာကို ကျွမ်းကျင်စွာ ဖွင့်လိုက်သည်။
အထဲမှ ပစ္စည်းများကို မြင်လိုက်သည်နှင့် တပြိုက်နက် ယဲ့ဖန်ကို ရှုပ်ထွေးသော အမူအရာဖြင့် ချက်ချင်း ကြည့်လိုက်သည်။
လူတိုင်းက သူ့အကြည့်ကို မြင်သည့်အခါ ပိုလို့ပင် စူးစမ်းချင်လာကြသည်။
" သူဌေးရွှယ်၊ အထဲမှာ ဘာရှိလဲ။ မြန်မြန်ထုတ်ပြီး ငါတို့ကိုပြ "
" ဟုတ်တယ်၊ သူဌေးရွှယ်။ ငါတို့ကို လန့်အောင် မလုပ်နဲ့ "
" သူဌေးရွှယ်ရဲ့အမူအရာအရ ဒီတစ်ခါတော့ မရဘူး မဟုတ်လား "
" ဒါဆို ဒီကလေးက ဟန်ပြလို့ ဆိုလိုတာလား။ နေရာတွေ ပြောင်းလိုက်တာနဲ့ သူက ရတနာကို ရှာမတွေ့တော့ဘူးလား "
" အဲ့ဒါဆိုရင် လင်းကန်အိမ်ရာက လှည့်စားနေတာ သက်သေပြလိုက်တာပဲ။ သူတို့က ငါတို့ကို အကျိုးအမြတ် မပေးဘူးဆိုရင် ငါတို့ လုံးဝ လက်မလွှတ်ပေးသင့်ဘူး "
လီကောင်းဖုလည်း အလွန်စိတ်လှုပ်ရှားနေသည်။
သူက သူ့ဘေးနားမှ ယဲ့ဖန်ကို လျင်မြန်စွာ ကြည့်လိုက်သည်။
ယဲ့ဖန်၏မျက်နှာတွင် ထိတ်လန့်မှု အရိပ်အယောင်မရှိဘဲ တည်ငြိမ်အေးဆေးနေသည်ကို မြင်လိုက်ရသည့်အခါ သူ့ရင်ထဲတွင် ဆိုးရွားသော ခံစားချက် ဖြစ်ပေါ်လာခဲ့သည်။
ဒီကလေးက ယုံကြည်မှုလွန်ကဲနေတာများလား။
အားလုံးက အလွန်ထိတ်လန့်နေကြချိန်တွင် ရွှယ်ပုသည် အတွင်းမှ ပစ္စည်းကို ဖြည်းညှင်းစွာ ထုတ်ယူလိုက်သည်ကို တွေ့လိုက်ရသည်။
" ချင်မင်းဆက် ချန်းလုံအဖြူရောင် သတ္တုသံချပ်ကာ ကြွေနဂါးပုံစံ ခန့်မှန်းဈေး ၁.၂ သန်း .... "
ကျူးရှောင်ကျောင်းသည် ရွှယ်သူဌေး၏ လုပ်ရပ်တိုင်းကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေခဲ့သည်။
သူမ၏ လက်ဖဝါးတွင် ချွေးများဖြင့် ဖုံးလွှမ်းသွားသည်။
ထို့နောက်မှာတော့ သူမ၏နှလုံးသည် နောက်ဆုံးတွင် ငြိမ်သက်သွားခဲ့သည်။
သူမ ချက်ချင်း ယဲ့ဖန်၏လက်ကို ဆွဲရမ်းကာ ပွေ့ဖက်ခုန်ပေါက်လိုက်သည်။
" ယဲ့ဖန် နင် ဘယ်လိုတောင် အစွမ်းထက်တာလဲ။ တကယ်ကြီး နောက်ထပ်ရတနာတစ်ခုကို ရှာတွေ့ခဲ့တာလား "
ယဲ့ဖန်က ပေါ့ပေါ့ပါးပါးသာ ပြုံးပြလိုက်သော်လည်း သူ့စိတ်ထဲတွင် တိတ်တဆိတ် ကျိန်ဆဲနေခဲ့သည်။
တခြားသူတွေက သူဌေးရွှယ်၏ လက်ထဲမှ အဖြူရောင် ချပ်ဝတ်တန်ဆာကို တွေ့လိုက်သည့်အခါ သူတို့အားလုံး အသက်ရှူချောင်သွားကြသည်။
" ဒါက တခြား အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုလား။ ဒီကလေးရဲ့ ကံကောင်းမှုက ကြက်သီးတွေပါထရတယ် "
" ဟူး၊ ဒါဆို သူက ဟန်ပြမဟုတ်သလို သူဌေးရွှယ်နဲ့လည်း မပူးပေါင်းထားဘူးဆိုတာကို သက်သေပြနေတယ် "
" ဟုတ်တယ်၊ ဘာလိုပဲဖြစ်ဖြစ် ကံစမ်းသေတ္တာတွေကို အစီအစဉ်ကို ပြန်မွှေထားတာပဲလေ။ ဟန်ပြဖြစ်ရင်တောင် သဲလွန်စရှာဖို့က မဖြစ်နိုင်ဘူး "
" သူက အရမ်းကံကောင်းတာပဲ ဖြစ်ဖြစ်၊ ထူးထူးခြားခြား လုပ်နိုင်စွမ်း တစ်ခုခူရှိတယ်ဆိုတာ သက်သေပြနေတယ် "
" ထူးခြားတဲ့စွမ်းရည်လား။ သူက စူပါမန်းမလို့လား "
" ထင်တာပဲ ...... "
လီကောင်းဖုသည် မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။
" မဖြစ်နိုင်ဘူး ..... ဒါလုံးဝမဖြစ်နိုင်ဘူး ..... " ဟုသာ ရေရွတ်နေနိုင်သည်။
ကံစမ်းသေတ္တာများ၏ အစီအစဉ်ကို ပြန်မွှေရန် လူများကို သူကိုယ်တိုင် ဦးဆောင်ခဲ့သည်။
သူလည်း သေသေချာချာ စစ်ဆေးခဲ့သည်။
သေတ္တာများတွင် အမှတ်အသားများ မရှိချေ။
အပြင်ကနေ အတွင်းမှာ ဘာတွေပါလဲဆိုတာ ဘယ်သူမှ မပြောနိုင်ချေ။
သို့သော် ယဲ့ဖန်၏ ကံကောင်းခြင်းကို ထိုသေတ္တာအစီအစဉ်က မတားဆီးနိုင်ပေ။
ဘယ်အပိုင်းက မှားသွားတာလဲ။
လူတိုင်းသည် သူတို့ရဲ့ဘဝကို သံသယဝင်နေကြချိန်တွင် ရွှယ်ပုက တခြား ကံစမ်းသေတ္တာများကို ဆက်ဖွင့်လေသည်။
" မင်ကျားကျန်း ရေးဆွဲခဲ့သည့် ပန်းကန်ပြား ခန့်မှန်းတန်ဖိုး ၁.၁ သန်း "
" ဆောင်မင်းဆက်မှ နဂါးနဲ့ဖီးနစ်ပုံပါတဲ့ ကျောက်စိမ်းလက်ကောက် ၂ သန်းခန့် "
" ချင်မင်းဆက် ကျောက်စိမ်းအခေါင်းပေါက်တွင် ထွင်းထုထားသော ဘူးသီးပုလင်း ခန့်မှန်းတန်ဖိုး ၂.၃ သန်း "
" ဆောင်မင်းဆက် ကြာပန်းပုံစံ ကျောက်စိမ်းအိုး နှစ်အိုး၊ ခန့်မှန်းတန်ဖိုး ၂.၆ သန်း "
ကျန်ကံစမ်းသေတ္တာလေးလုံးထဲရှိ ရှေးဟောင်းပစ္စည်းများသည်လည်း တန်ဖိုးမဖြတ်နိုင်သော ရတနာများဖြစ်ပြီး စုစုပေါင်းတန်ဖိုးမှာ ၁၀ သန်းနီးပါးဖြစ်သည်။
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားကြသည်။
လူတိုင်းက သရဲတစ္ဆေမြင်သွားသလိုမျိုး ယဲ့ဖန်ကို ကြောင်ကြည့်နေကြသည်။
ရွှယ်ပုကိုယ်တိုင်ပင် မယုံကြည်နိုင် ဖြစ်ခဲ့ရသည်။
သူ့၏ ကံစမ်းသေတ္တာများ၏ ရနိုင်ခြေနှုန်းက အတော်များသောလည်း ဤကဲ့သို့ ရူးလောက်တောင်တော့ မများပေ။
ဒီကောင်လေးက ကံစမ်းသေတ္တာ ဆယ်လုံးကို ဆက်တိုက်ဖွင့်ခဲ့ပြီး အားလုံးတွင် တကယ်ပဲ ရတနာများရှိနေခဲ့သည်။
ထို့အပြင် ထိုရတနာအားလုံးသည် ယွမ် ၁ သန်းကျော်တန်ဖိုးရှိ အရည်အသွေးမြင့် ပစ္စည်းများဖြစ်သည်။
ထိုကိစ္စသည် လင်းကန်အိမ်ရာ၏ အပြစ်ကင်းမှုကိုလည်း သက်သေပြနိုင်ခဲ့သော်လည်း တစ်ချိန်တည်းမှာပင် သန်း ၂၀ နီးပါး ဆုံးရှုံးခဲ့ရသည်။
သေဖို့ အသက်တောင် ရှိသေးရဲ့လား။
လီကောင်းဖုကတော့ လုံးဝ အံ့အားသင့်သွား
ရသည်။
သူ ဦးနှောက်တွေပင် တုန်ရီနေပြီး ဘာတွေဖြစ်နေတာလဲ နားမလည်တော့ချေ။
ဒီကလေးကျ ဘာလို့ ကောင်းတာရပြီး သူကျ အမှိုက်တွေပဲ ရတာလဲ။
သူ့ကို ပိုလို့တောင် စိတ်ဆင်းရဲစေခဲ့သည်မှာ ယဲ့ဖန် ရရှိသွားသည့် ဝင်ကြေးအဖြစ် သူ ၅သိန်းပေးလိုက်ခြင်းကြောင့်ဖြစ်သည်။
" ညီလေး၊ ဒီရှေးဟောင်းပစ္စည်းတွေကို ကိုယ်တိုင်ထုပ်ပိုးသွားမှာလား။ ဒါမှမဟုတ် ငွေသားအဖြစ်ပြောင်းမှာလား "
ထိုအချိန်တွင် ရွှယ်ပုသည် ရုတ်တရက် ပြောလိုက်သည်။
ဘာမှ အမူအရာမပေါ်သော်လည်း သူ့စိတ်ထဲတွင်တော့ အလွန်ခါးသီးနေသည်။
ယဲ့ဖန်က စဉ်းစားလိုက်သည်။
သူသည် ကျူးရှောင်ကျောင်း စျေးဝယ်ထွက်တာကို လိုက်ခဲ့ရသေးသည်။
ပစ္စည်းတွေ အများကြီး ယူရန် မလွယ်ချေ။
" ငွေသားပြောင်းတာက ပိုကောင်းတယ်။ ကျွန်တော့်ကတ်ထဲကို တန်းလွှဲပေးလိုက်ပါ "
ရွှယ်ပုက တခြားဘာမှ မပြောချေ။
ထိုရှေးဟောင်းပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးကို တွက်ချက်ရန် သူ၏ လက်အောက်ငယ်သားများကို ချက်ချင်းတောင်းဆိုလိုက်သည်။
ယဲ့ဖန်ကို စုစုပေါင်း ၁၉.၈သန်း ပေးချေရမည်ကို သူသိလိုက်သောအခါ သူ့နှလုံးမှ သွေးများ ပျို့တက်စပြုလာသည်။
သို့သော် သူဌေးရွှယ်သည် အလွန်ဖြောင့်မတ်သည်။ သူ အံကြိတ်ပြီး ပိုက်ဆံတွေကို ယဲ့ဖန်ဆီသို့ လွှဲလိုက်သည်။
အားလုံးက ယဲ့ဖန်ကို မနာလိုစွာ ကြည့်နေကြသည်။
သူသည် ၅သိန်းသာသုံးခဲ့ရပြီး ပြန်အမ်းငွေ သန်း ၂၀ နီးပါးရရှိခဲ့သည်။
အတိအကျပြောရလျှင် သူက ၂သောင်းသာ ကုန်ခဲ့သည်။
ပထမဝင်ကြေးကို ရှုခင်းပန်းချီနဲ့ လဲလှယ်ခဲ့ပြီး ဒုတိယအကြိမ်ကို လီကောင်းဖုမှ ပေးဆောင်ခဲ့သည်။
တစ်နည်းဆိုရလျှင် သူသည် ပန်းချီကားတစ်ချပ်အတွက် ယွမ် ၂သောင်းသာ သုံးစွဲခဲ့ပြီး ယွမ် သန်း ၂၀ ပြန်ရခဲ့သည်။
အဆ ၂ထောင် ပြန်ရတာ ဒီကမ္ဘာမှာ ရှိရော ရှိသေးရဲ့လား။ ဒီထက်ကောင်းတဲ့ အပေးအယူလည်း မရှိနိုင်ဘူး။
ဒီဖြစ်ရပ်က လူမဆန်ဘူး။
အပိုင်း ( ၆၃၄ )
ပြီးသွားပြီ၊ မမလေးက ကျရှုံးသွားပြီ
ထိုအချိန်တွင် တစ်စုံတစ်ယောက် အရင်တုံ့ပြန်ပြီး စာရင်းပေးသည့် စားပွဲဆီကို ပြေးသွားသည်။
" စာရင်းသွင်းချင်တယ်၊ စာရင်းသွင်းချင်တယ် ....... "
တခြားသူတွေကလည်း တုံ့ပြန်ပြီး စာရင်းသွင်းဖို့ ပြေးကြသည်။
လင်းကန်အိမ်ရာ၏ ကံစမ်းသေတ္တာသည် အနိုင်ရရန် အခွင့်အရေး အလွန်မြင့်မားသောကြောင့် သူတို့အတွက် ပိုက်ဆံကောက်နေသကဲ့သို့ ဖြစ်နိုင်သည်။
ခဏအကြာတွင် လူလေးဆယ်မှ ငါးဆယ်အထိ စာရင်းပေးခဲ့သည်။
ထိုအခါ ရွှယ်ပု အနည်းငယ် သက်တောင့်သက်သာဖြစ်လာသည်။
ထိုလူများ စာရင်းသွင်းကြေး တစ်ခုတည်းမှ သန်း ၂၀ ကျော်လာ၍ သွေးပြန်ကျသွားသည်။
မဟုတ်ပါက သူတကယ် စိတ်ဓာတ်ကျပြီး သွေးအန်သွားနိုင်သည်။
လီကောင်းဖုသည် အချိန်တိုလေးအတွင်း ယဲ့ဖန် သန်း ၂၀ ဝင်ငွေရရှိသည်ကို မြင်လိုက်ရပြီး မျက်လုံးများ ပြူးထွက်မတတ်ဖြစ်သွားသည်။
ရှုပ်ထွေးသော ခံစားချက်တစ်ခုသည် သူ့မျက်နှာပေါ်တွင် လျင်မြန်စွာ ပေါ်လာပြီးနောက် ပြုံးလျင် ရှေ့လျှောက်သွားလိုက်သည်။
" ယဲ့ကျောင်းသား၊ မင်းက တကယ်ကို အံ့သြစရာကောင်းတာပါ။ ဟိုးကတည်းက ကျောင်းမှာ မင်းက တခြားကျောင်းသားတွေထက် ထက်မြက်တယ်လို့ ဆရာက အမြဲတမ်းထင်ခဲ့တာ။ မင်းရဲ့အနာဂတ်က အကန့်အသတ်မရှိ ...... "
" ခဏလေးနေပါဦး၊ ကျွန်တော့်မှာ ကျောရိုးမရှိနဲ့ မိန်းမနား ကပ်စားတယ်လို့ ခင်ဗျားပဲ ပြောခဲ့တာ မဟုတ်ဘူးလား။ ကျွန်တော့်ရဲ့ အကျင့်စာရိတ္တက ပျက်ပြားနေပြီး လိမ်ညာတတ်တယ်လို့ ခင်ဗျားပဲ ပြောခဲ့တာမဟုတ်ဘူးလား။ အခုကျ ဆန့်ကျင်ဘက်တွေ ပြောနေတာပါလား။ ဘာလို့လဲ "
ယဲ့ဖန်က သူ့ကို မညှာမတာ ဖြတ်ပြောလိုက်ပြီး လှောင်ပြောင်တဲ့ လေသံဖြင့် မေးလိုက်သည်။
လီကောင်းဖုသည် အဆင်မပြေသည့် အမူအရာကို ထုတ်ပြသည်။
" ဆရာက မင်းအကျိုးအတွက် ပြောတာ။ အဲ့တာကို မင်းက အာဃာတတွေ ထားနေသေးတယ်လို့ မပြောနဲ့။ ဒီကလေးကတော့ ဟားဟားဟား ..... "
ယဲ့ဖန်က သူနဲ့ နီးစပ်ဖို့ စိတ်မ၀င်စားချေ။
" ခင်ဗျားနဲ့မထိုက်တန်လို့ မထားပါဘူး "
ထို့နောက် သူသည် ကျူးရှောင်ကျောင်းနှင့် ထွက်ခွာတော့မည့်အချိန်တွင် လီကောင်းဖုက အရှက်မရှိ ဆက်တွယ်ကပ်နေသည်။
" ကျောင်းသား ယဲ့ဖန်၊ ခဏစောင့်ပါဦး "
" တခြားကိစ္စ ရှိသေးလို့လား "
ယဲ့ဖန် က သူ့ကို စိတ်မရှည်စွာ ကြည့်လိုက်သည်။
" ကျောင်းသား ယဲ့ဖန်၊ ဟို ..... ဟို အဲ့ဒီငွေတွေက အခုထိ တဖြည်းဖြည်း စုသိမ်းထားရတာ။ မင်း ..... ငါ့ကို ပြန်ပေးနိုင်မလား "
လီကောင်းဖုက တောင်းပန်တဲ့လေသံဖြင့် ပြောလိုက်သည်။
ယဲ့ဖန် မထိန်းနိုင်ဘဲ ရယ်လိုက်သည်။
" ဆရာလီ၊ ခင်ဗျား ပြောတာ မှားနေတယ်မဟုတ်လား။ ခင်ဗျား ကျွန်တော့်ကို ပိုက်ဆံမပေးဘူး။ ပြန်ရချင်ရင် သူဌေးရွှယ်ကို သွားမေးလိုက်။ သူ့ဆီမှာမလို့ သူ့ဆီကတောင်း။ ကျွန်တော်နဲ့မဆိုင်ဘူး "
လီကောင်းဖုသည် ရွှယ်ပုနှင့် သူ့နောက်မှ လူရမ်းကားများကို ကြည့်လိုက်သည်။
သူ တုန်လှုပ်သွားသည်။ သူသည် သူတို့နှင့် ငြင်းခုံရန် မဝံ့ရဲသောကြောင့် ယဲ့ဖန်ကိုသာ လှည့်ကြည့်နိုင်လေသည်။
" ယဲ့ကျောင်းသား၊ မင်းက သန်း ၂၀တောင် ရထားတယ် မဟုတ်လား။ ဒီတစ်သန်းလောက်ကိုတော့ မင်းဂရုမစိုက်ဘူး ထင်ပါတယ် ...... "
ယဲ့ဖန်က သူ့ကို မညှာမတာ စကားဖြတ်ပြောလိုက်သည်။
" ၁သန်းလောက်ကို ဂရုမစိုက်ပေမယ့် အဲ့တာက ကျုပ်ပိုက်ဆံလေ။ ဘာလို့ ခင်ဗျားကို ပေးရမှာလဲ။ ခင်ဗျားကိုယ်ခင်ဗျား ဘယ်သူလို့ထင်နေတာလဲ "
လီကောင်းဖုသည် သူ့အား မညှာတာစွာ ပြောဆိုခြင်းကို ခံရပြီးနောက်တွင်ပင် လက်မလျှော့သေးပေ။
" ဒါဆိုရင်ရော ဘယ်လိုလဲ။ ငါ နောက်တစ်လှမ်းဆုတ်ပေးမယ်။ အားလုံး ငါ့ကို ပြန်ပေးစရာ မလိုဘူး။ ၅သိန်းပဲပေး "
" ၅သိန်းမပြောနဲ့ ၅၀တောင် ပေးဖို့ မရှိဘူး "
လီကောင်းဖု၏ အမူအရာသည် ချက်ချင်းပင် ပြင်းထန်လာသည်။
" ငါတို့က ဆရာနဲ့ ကျောင်းသားပါ။ မင်း ဒီလိူ တကယ်ပဲ ရက်စက်မှရမှာလား "
ကျူးရှောင်ကျောင်း မနေနိုင်တော့ချေ။
" ရှင် ဘာလို့ ဒီလောက်အရှက်မဲ့နေတာလဲ။ ရှင်က ယဲ့ဖန်ကို နည်းမျိုးစုံနဲ့ အရှက်ခွဲခဲ့တယ် လေ။ ဆရာနဲ့ကျောင်းသားကြားက ဆက်ဆံရေးကို အခုမှ ဘာလာဂရုစိုက်နေတာလဲ။ အခု ရှင့်မှာ ပိုက်ဆံတောင်းဖို့ မျက်နှာရှိသေးတာလား။ ဒီငွေတွေအားလုံးကို ရေထဲပစ်ချလိုက်ရင်တောင်မှ ရှင့်ကို တစ်ပြားတစ်ချပ်မှ မပေးဘူး "
ကံစမ်းသေတ္တာနှိုက်ရန် ပိုက်ဆံမရှိ၍ ဘေးတွင် ရပ်နေသော လူအနည်းငယ် ရှိလေသည်။
သူတို့ကပင် လီကောင်းဖု၏ အပြုအမူကို အားလုံးက ဝေဖန်ခဲ့ကြသည်။
" အရင်တုန်းက ဆရာလီက စရိုက်ကောင်းရှိတဲ့ ဆရာတစ်ယောက်လို့ ထင်ခဲ့တာ။ အခု ကြည့်လိုက်တော့ တကယ့်ကို ရှက်စရာကြီးပဲ "
" ဟုတ်တယ်။ ဟိုကောင်လေးက သူ့အစွမ်းအစနဲ့ သူရခဲ့တာလေ။ ဘာလို့ ပေးရမှာလဲ "
" အရင်က အရှက်မရှိတဲ့လူတွေကို တွေ့ဖူးပေမယ့် ဒီလောက် အရှက်မရှိတဲ့လူကိုတော့ တစ်ခါမှ မတွေ့ဖူးဘူး။ ခုနကပဲ တစ်ဖက်သူတွေကို သတ်ဖို့ အော်ဟစ်နေပြီး အခုမှ ဆရာ-ကျောင်းသားဆက်ဆံရေးကို ဂရုစိုက်ပြနေတယ်။ အခုကျ ပိုက်ဆံပြန်ပေးဖို့ ပြောနေပြန်ရော "
" သူက ကလေးတွေကို အနိုင်ကျင့်ဖို့ ဆရာတစ်ယောက်အနေနဲ့ သူ့အထောက်အထားကို အသုံးချနေတာပဲ။ သူတို့က သူ့ပိုက်ဆံတွေ ယူသွားတာမှ မဟုတ်တာ။ ခင်ဗျားမှာ သတ္တိရှိရင် သူဌေးရွှယ်ဆီကို သွားမေးလိုက် "
" ညီလေး၊ မကြောက်နဲ့။ ငါတို့အားလုံး မင်းကို ထောက်ခံတယ်။ ဒီလိုလူအတွက် မင်း သူ့ကို တစ်ပြားတစ်ချပ်တောင် ပေးစရာမလိုဘူး "
ယဲ့ဖန်ပြုံးပြီး လီကောင်းဖုကို ကြည့်လိုက်သည်။
" ခင်ဗျားကြားလား။ လူတွေမှာ မျက်လုံးပါတယ်။ ခင်ဗျားရဲ့ အရှက်မဲ့တဲ့လုပ်ရပ်ကို လူတိုင်းမြင်ဖူးသွားပြီ။ ပြီးတော့ ကျုပ်က ပြည်သူလူထုရဲ့ သဘောထားကို လိုက်နာဖို့တော့ လိုတာပေါ့။ ဆရာလီ၊ သွားပြီ တာ့တာ "
ထို့နောက် ကျူးရှောင်ကျောင်း၏လက်ကို ကိုင်ကာ လှည့်ထွက်သွားသည်။
လီကောင်းဖုသည် မထိန်းနိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားသည်။
သူ့ပိုက်ဆံတွေ အကုန်ကုန်ပြီး မျက်နှာပျက်ပါပျက်ရသည်။
ဒီနေ့ သူ အတော် ကံမကောင်းပေ။
သေချာတွေးကြည့်ပြီးတဲ့နောက် ထိုကလေးနှင့် တွေ့ပြီးနောက်မှ သူ့ကံဆိုးသွားတာဖြစ်သည်။
............................
ကျူးရှောင်ကျောင်း သည် အဝေးသို့ ရောက်လာသော်လည်း ရယ်မောနေသေးသည်။
" ဒီဒုကျောင်းအုပ်လီက ဒီနေ့ အကြီးအကျယ် ရှုံးသွားတာပဲ။ သူ့ဘဏ်ကတ်ထဲမှာ ပမာဏနည်းနည်းပဲ ကျန်တော့မယ်ထင်တယ်။ မတရားတဲ့လူတွေကို လူဆိုးတွေက ပြန် ညှဉ်းပန်းနှိပ်စက်တယ်ဆိုတာ အမှန်ပဲ "
ထိုစကားကို ယဲ့ဖန်ကြားသည့်အခါ ချက်ချင်းပြန်ပြောသည်။
" မင်း စကားကို ဘယ်လိုပြောရမလဲ သိလား။ မတရားတဲ့သူကို မတရားတဲ့သူက ညှဉ်းပန်းနှိပ်စက်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ဒါက တရားမျှတမှုကို ကိုယ်စားပြုတယ်။ အဆိုးကို အနိုင်ယူလိုက်တာ တရားမျှတတယ်လို့ ခေါ်တယ် နားလည်လား "
ကျူးရှောင်ကျောင်းက နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။
" ကျစ်၊ နင်သာ တရားမျှတမှုကို ကိုယ်စားပြုရင် ဒီကမ္ဘာမှာ မကောင်းမှုဆိုတာ မရှိတော့ဘူး "
ယဲ့ဖန် သူမနှင့် စကားမပြောချင်တော့ပေ။ သူမနှင့် စကားပြောပြီးနောက် သွေးပေါင်တက်လာသည်ဟု ခံစားရသည်။
" ထားပါ၊ နင် အခု ဘယ်လိုလုပ်လိုက်တာလဲ။ နင်ရွေးလိုက်တဲ့ သေတ္တာတိုင်းက ရတနာတွေပါတယ်။ တခြားလူတွေလည်း ရွေးလိုက်ကြပေမယ့် ရနိုင်ခြေက နင့်လောက်မများဘူးလို့ ငါမြင်တယ် "
ကျူးရှောင်ကျောင်းက အကြောင်းအရာပြောင်းပြီး သူ့ကို စူးစူးစိုက်စိုက်ကြည့်နေသည်။
" ဓာတ်မှန်မျက်လုံးရှိတယ်ဆိုရင် ယုံမှာလား "
ယဲ့ဖန်သည် ချက်ချင်း သူမ၏ ခန္ဓာကိုယ်ကို စိုက်ကြည့်နေသည်။
ကျူးရှောင်ကျောင်းသည် ထိတ်လန့်တုန်လှုပ်သွားပြီး ချက်ချင်း ရင်ဘတ်ကို ဖုံးအုပ်လိုက်သည်။
" တကယ်လား "
ယဲ့ဖန်သည် သူမ၏အမူအရာကြောင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
" မင်း တကယ်ယုံတာလား။ ကိုယ် မင်းကိုကြည့်ရုံနဲ့ ကိုယ်ဝန်ရနိုင်တယ်လို့ ပြောရင် ယုံမှာလား "
ကျူးရှောင်ကျောင်းက သူ့ကို စိုက်ကြည့်နေသည်။
" အဲ့ဒါဆိုလည်း နင်က သာမန်လူတွေ နားမလည်နိုင်တဲ့ အရာတွေကို ဘာလို့ အမြဲလုပ်နေလဲ။ ငါနင့်ကို သုတေသနအဖွဲ့တစ်ခုဆီ ပို့ပြီး ဂြိုလ်သားဟုတ်မဟုတ် သေချာလေ့လာခိုင်းကြည့်ချင်တယ် "
ယဲ့ဖန် တုန်လှုပ်သွားမိသည်။
ဒီမိန်းကလေး၏ ဒေါသနှင့် ကိုယ်ရည်ကိုယ်သွေးအရ သူမ ထိုကဲ့သို့ လုပ်နိုင်သည်မှာ သေချာလေသည်။
ကျူးရှောင်ကျောင်းက သူ့တုံ့ပြန်မှုကို မြင်ပြီး ချက်ချင်း ရယ်မောလိုက်သည်။
" ဘာကိုကြောက်နေတာလဲ။ အပြစ်ရှိစိတ် ဝင်လာတာလား။ ဒါဆိုရင် နင့်ကို လူလား၊ သရဲတစ္ဆေလားဆိုတာ သိရဖို့ ငါတကယ် သေချာစစ်ဆေးရလိမ့်မယ် "
ယဲ့ဖန်က ရက်စက်စွာ ပြုံးပြလိုက်သည်။
" ကောင်းပြီ၊ ကိုယ် မင်းကို စစ်ဆေးခွင့် ပေးနိုင်ပေမယ့် ယဉ်ကျေးသမှုအနေနဲ့ မင်းခန္ဓာကိုယ်ကို အရင်စစ်ကြည့်ရအောင် "
သူ စကားပြောနေရင်း သူ၏ နတ်ဆိုးလက်သည်းများကို ချက်ချင်းထုတ်ကာ သူမကို ဖမ်းဆုပ်လိုက်သည်။
" အား "
ကျူးရှောင်ကျောင်း အော်ဟစ်ပြီး ချက်ချင်း ထွက်ပြေးသွားသည်။
ထိုကဲ့သို့ဖြင့် သူတို့နှစ်ဦးသည် အနီးနားတွင် ဘယ်သူမှမရှိသကဲ့သို့ လမ်းပေါ်တွင် ရန်ဖြစ်ခဲ့ကြသည်။
ကျူးရှောင်ကျောင်းကို ကာကွယ်ရန် လျှို့ဝှက်တာဝန်ယူထားသည့် လူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
ပြီးသွားပြီ။ မမလေး ကျရှုံးသွားပြီ။
ဒါကို အထက်လူကြီးတွေကို တင်ပြသင့်လား။
အပိုင်း ( ၆၃၅ )
ဆရာကြီး၊ သူက တကယ့် ဆရာကြီးအစစ်ပဲ။
နှစ်ယောက်သား လမ်းလျှောက်ထွက်ရင်း တစ်ယောက်ကိုတစ်ယောက် စနောက် ပြေးလိုက်ကြသည်။
သို့သော် မကြာခင်မှာပက် ယဲ့ဖန်သည် သူ့ကို ပစ်မှတ်ထားခံနေရကြောင်း သိလိုက်ရသည်။
လင်းကန်အိမ်ရာတွင် ကံစမ်းသေတ္တာကို ဖွင့်ခဲ့သည့် သတင်းက ရှေးဟောင်းလမ်းတလျှောက် ပျံ့နှံ့နေတာကြောင့် ဖြစ်နိုင်သည်။
ယွမ် ၂သောင်းဖြင့် ဝင်ရောက်ခဲ့ပြီး ယွမ်သန်း၂၀ ရရှိခဲ့သည်ကို လူတိုင်း သိသွားကြသည်။
ထို့ကြောင့် လမ်းပေါ်ရှိ ကုန်သည်များအားလုံးက သူ့ကို ပစ်မှတ်ထားပြီး အထူးဂရုစိုက်ပေးနေကြသည်။
ပစ္စည်းတစ်ခုတည်းကို တစ်စုံတစ်ဦးမှ စျေးနှုန်းမေးလျှင် ယွမ် ၁သိန်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ယဲ့ဖန် မေးသည့်အခါ ၅သိန်းအထိ ဈေးတက်သွားသည်။
ထိုအရာက သူ့ကို စိတ်ရှုပ်စေခဲ့သည်။
အကြိမ်အနည်းငယ်ကြာပြီးနောက် ယဲ့ဖန် အလွန်စိတ်ပျက်သွားသည်။
ကျူးရှောင်ကျောင်းက ပါးစပ်ကို အုပ်ပြီး ရယ်မောလိုက်သည်။
" ထင်ပေါ်ချင်မှတော့ ခံလေ။ နင်နဲ့ တန်တယ် "
ယဲ့ဖန်သည် သူမကို မှုန်ကုပ်ကုပ် စိုက်ကြည့်နေသည်။
" ကိုယ်က သရုပ်မှန်ကို မထိန်းချင်ဘူးထင်လို့လား။ ကံမကောင်းစွာနဲ့ ကိုယ့်ခွန်အားက ခွင့်မပြုဘူး "
" ပေါက်ကရ "
ကျူးရှောင်ကျောင်းက ရွံရှာစွာ နှုတ်ခမ်းကို သုတ်လိုက်သည်။
" ငါတို့ အခု ဘာလုပ်သင့်တယ်လို့ ထင်လဲ။ အားလုံးက နင်နဲ့ မကစားတော့ဘူးဆိုရင် ဘာဆက်လုပ်မှာလဲ "
ယဲ့ဖန်က ကူကယ်ရာမဲ့စွာ ပုခုံးတွန့်လိုက်သည်။
" ဒီနေ့ ဒီလောက်နဲ့ ရပ်တာပေါ့။ မနက်ဖြန် ကိုယ်တို့ ပြန်လာကြမယ် "
ကျူးရှောင်ကျောင်း ခေါင်းညိတ်လိုက်သည်။
အချိန်အတော်ကြာ ဈေးဝယ်ပြီးနောက် သူမ ပင်ပန်းနေခဲ့သည်။
စောစောပြန်ပြီး အနားယူချင်လေသည်။
သူတို့နှစ်ဦး ပြန်ခါနီးတွင် လမ်းထောင့်၌ လူတစ်စု စုဝေးနေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။ တစ်ခုခုဖြစ်နေပုံရလေသည်။
" အဲ့ဒါကို သွားကြည့်ရအောင် "
ကျူးရှောင်ကျောင်း ချက်ချင်း စိတ်ပြောင်းသွားပြီး လမ်းလျှောက်သွားကြည့်သည်။
ယဲ့ဖန်က ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်ပြီး အနောက်မှ လိုက်သွားခဲ့ရသည်။
သူတို့နှစ်ဦး အနီးသို့ ရောက်လာသောအခါ လူအုပ်ကြီး ဝိုင်းရံထားသော ဆိုင်ခန်းတစ်ခုတွင် လူလတ်ပိုင်းတစ်ဦး ထိုင်နေသည်ကို တွေ့လိုက်ရသည်။
ရှုပ်ပွနေသော ဆံပင်ရှည်များသည် ပြန့်ကျဲနေပြီး သူ့မျက်နှာတစ်ခုလုံးကိုပင် ဖုံးအုပ်ထားသောကြောင့် ထိုလူ၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်းမမြင်ရပေ။
အပေါက်များစွာကို ဖားထေးထားသည့် ပိတ်စရှည်ကို ၀တ်ဆင်ထားပြီး အလွန်လည်း ညစ်ပတ်လေသည်။
ထိုလူ၏ နောက်တွင် စာလုံးကြီးအနည်းငယ်ဖြင့် ရေးထားသော ဆိုင်းဘုတ်တစ်ခုရှိသည်။
" မိသားစုအမွေဆက်ခံဓားကို ပြင်ပလူတွေကို မရောင်းပါနှင့်။ ကံကြမ္မာ ဖောက်သည်တွေကိုပဲ ရောင်းပါ "
ယဲ့ဖန်သည် ထိုစကားကို မြင်ပြီး တိတ်တဆိတ် ချီးကျူးလိုက်သည်။
လက်ရေးသည် အလွန်ကောင်းမွန်ရုံသာမက အကြောင်းအရာမှာလည်း အလွန်ထူးခြားလေသည်။
အခြားသူများ ရောင်းသည့်အခါ ပိုက်ဆံအလုံအလောက်ပေးရသည်။
သို့သော် ဒီလူကတော့ ပစ္စည်းရောင်းသည့်အခါ စည်းကမ်းများ ချမှတ်ထားလေသည်။
ထိုလူ၏ရှေ့တွင် နေရာလွတ်၌ ဓားတစ်ချောင်းရှိသည်။
ဓားကို ထုံးကျောက်အုတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း ထိုးမြှုပ်နှံထားသည်။
ထိုအချိန်တွင် လူငယ်တစ်ယောက်က ဈေးမေးလေသည်။
" သူဌေး၊ ဒီဓားက ဘယ်လောက်လဲ "
ထိုလူငယ်သည် နာမည်ကြီးတံဆိပ် အ၀တ်အစားများကို ၀တ်ဆင်ထားပြီး ပေါ့ပေါ့ဆဆ ပြောဆိုကာ မာနကြီးသော ကိုယ်ရောင်ဝါရှိသည်။
အနက်ရောင်ဝတ်ထားသည့် လူနှစ်ယောက်က သူ့နောက်မှ လိုက်လာကာ ပတ်ပတ်လည်ကို သတိကြီးစွာ ကြည့်နေသည်။
ဤအချက်မှ သူ၏ မိသားစုနောက်ခံသည် ထူးထူးခြားခြားဖြစ်သည်ကို တွေ့မြင်နိုင်သည်။
သူသည် ချမ်းသာသည့် ဒုတိယမျိုးဆက် အမွေဆက်ခံသူ ဖြစ်နိုင်သည်။
လူလတ်ပိုင်းအရွယ်က သူ့မေးခွန်းကိုကြားပြီး သူ့ရှေ့က ဓားကို လှမ်းထိုးပြလိုက်သည်။
" ဓားကို အရင်ထုတ်လိုက်။ ပြီးရင် စျေးနှုန်းအကြောင်းပြောမယ် "
ချမ်းသာသော ဒုတိယမျိုးဆက် အမွေဆက်ခံသူသည် လှည့်၍ ဓားကို တစ်ချက်ကြည့်လိုက်သည်။
" စီးပွားရေး ဘယ်လိုလုပ်ရလဲ သိလား။ လုပ်ငန်းလုပ်နေမှတော့ ပိုက်ဆံပဲ ပြောလို့မရဘူးလား။ ဒီသခင်လေးက ရှေးဟောင်းပစ္စည်းတွေကို နှစ်သက်တော့ ဈေးပြောလိုက် ငါ စျေးမစစ်ဘူး "
လူလတ်ပိုင်းအရွယ်က သူ့ကို နားမထောင်ချေ။
ထိုလူသည် ဓားကို ဆက်လက်ညွှန်ပြသည်။
" ဓားကို အရင်ထုတ်လိုက်ပါ။ ပြီးရင် စျေးနှုန်းအကြောင်းပြောမယ် "
ချမ်းသာသော ဒုတိယမျိုးဆက်သူဌေးသားသည် အနည်းငယ် စိတ်မချမ်းမသာ ဖြစ်သွားပုံရသည်။
" မင်း တကယ်ခေါင်းမာတာပဲ။ ဆင်းရဲပြီး သေဖို့ပဲ တန်တယ် "
ထိုသို့ပြောသော်လည်း လှည့်ပြီး ဓားကို လှမ်းကိုင်လိုက်သေးသည်။
" ဓားကို ဆွဲထုတ်ရုံပဲ မဟုတ်လား။ ဘာကိစ္စကြီးမလို့လဲ "
ထိုသို့ ပြောပြီး သူက ဓားကို ဆွဲထုတ်ရန် ညာဘက်လက်ကို ဆန့်ထုတ်လိုက်သည်။
သို့သော် ထင်ထားသလို ဖြစ်မလာပေ။ အားကုန်သုံးကာ သူ့ခေါင်းတစ်ခုလုံး နီရဲလာသော်လည်ယ ဓားက လုံးဝမလှုပ်ချေ။
" ငါ ထပ်လုပ်မယ် "
ချမ်းသာသော ဒုတိယမျိုးဆက် သူဌေးသားသည် ပီကေကို မြေပြင်ပေါ်သို့ ထွေးထုတ်လိုက်ပြီး ဓားကို လက်နှစ်ဘက်ဖြင့် ဆွဲကိုင်ကာ အစွမ်းကုန် ဆွဲထုတ်လိုက်သည်။
သို့သော် ရလဒ်ကတော့ အတူတူပဲဖြစ်သည်။ တစ်မီလီမီတာလောက်ပင် ထွက်မလာချေ။
လူအုပ်ကြီးသည် ချက်ချင်း အချင်းချင်း စကားပြောကြသည်။
" ဒီဓားက အရမ်းနက်တာလား။ ယောက်ျားလေးတောင် ဆွဲမထုတ်နိုင်ဘူးလား "
" ဘယ်လိုလုပ် ဓားကဝင်နေတာလဲ။ ကျောက်တုံးကြီးနဲ့ ပစ်ပေါက်လိုက်တာ ဖြစ်နိုင်မလား "
" ဒီဓားဟာ ပြိုင်ဘက်ကင်းဓားနဲ့ တူတယ်။ ဒါက ကောင်းကင်ဘုံဓားနဲ့ နဂါးနိုင်ဓားတို့လို အဆင့်အတူတူပဲ "
" ဝတ္ထုတွေ အများကြီးဖတ်ထားတာလား။ ကောင်းကင်ဘုံဓားနဲ့ နဂါးနိုင်ဓားလား။ မင်းဘာလို့ အစွမ်းတွေအကြောင်းပါ မပြောတာလဲ "
" ဒီလူက ဟန်ပြ ဖြစ်နေမလား။ အရမ်းအားစိုက်ထုတ်ပြီး ဖြုတ်လို့တောင် မရဘူးဆိုတာက ရယ်စရာကောင်းလွန်းတယ် မဟုတ်လား "
" သူလို ချမ်းသာတဲ့ ဒုတိယမျိုးဆက် သူဌေးသားက အရက်နဲ့အပျော်အပါးပဲမက်တာလေ။ သူ့မှာ ဘာအားရှိမှာမလို့လဲ "
သူဌေးသားသည် မျက်နှာ နီရဲလာသည်အထိ ဆွဲသော်လည်း ဓားကို ဆွဲမထုတ်နိုင်သေးပေ။
သူ့နောက်မှ သက်တော်စောင့်နှစ်ယောက်ကို လက်ဝှေ့ယမ်းပြလိုက်သည်။
" မင်းတို့ နှစ်ယောက် အတူတူ လာ "
သက်တော်စောင့်နှစ်ယောက် ချက်ချင်းထလာပြီး ဓားရိုးကို လှမ်းဆွဲလိုက်ကြသည်။
ထို့နောက် သူတို့သည် အံကြိတ်ကာ ခြေကိုနင်းလျက် အစွမ်းကုန် ဆွဲထုတ်ကြသည်။
သို့သော် လူတိုင်းကို ထိတ်လန့်စေသည့်အရာမှာ ဓားသည် မလှုပ်ရှားသေးပေ။
သူဌေးသား ဆွဲမနှုတ်နိုင်ခြင်းက အရက်နှင့် အပျော်အပါးကြောင့်ဟု သူတို့ထင်ကြသည်။
သို့သော် ဤကိုယ်ရံတော်နှစ်ဦးသည် နွားများကဲ့သို့ သန်မာသော်လည်း ထိုဓားကို ဆွဲမထုတ်နိုင်ကြပေ။
ထိုအချက်က လူတိုင်းကို အနည်းငယ် အံ့သြသွားစေသည်။
သူဌေးသားသည် နောက်ပြန်ဆုတ်ရန်သာ တတ်နိုင်တော့သည်။
" သူဌေး၊ ငါတို့နဲ့ မကစားနဲ့။ ဒီဓားကို ငါ အရမ်းကြိုက်တယ်။ မြန်မြန်ဈေးပြော "
" ဓားကိုအရင်ဆွဲထုတ်ပါ။ စျေးနှုန်းကို ပြီးမှပြောမယ် "
လူလတ်ပိုင်းအရွယ်သည် ထိုစကားများကိုသာ ထပ်ခါတလဲလဲပြောနေသည်က အသံဖမ်းစက်နှင့်တူလေသည်။
" မင်း ....... "
သူဌေးသားသည် စကားမပြောနိုင်ဖြစ်သွားသည်။
သူက ကျိန်ဆဲရုံသာ တတ်နိုင်တော့သည်။
" မင်းက တကယ် သူတောင်းစားပဲ။ နောင်ဘဝထိ ဘယ်သူမှ ထုတ်နိုင်မှာ မဟုတ်ဘူး။ စောင့်ကြည့်နေလိုက် "
ထို့နောက် မတ်တပ်ရပ်ပြီး ထွက်သွားသည်။
သူထွက်သွားပြီးနောက် ဓားဆွဲထုတ်ရန် လာခဲ့သူ အနည်းငယ်ရှိသော်လည်း နောက်ဆုံးတွင် ခြွင်းချက်မရှိ အားလုံး ကျရှုံးသွားကြသည်။
ကျူးရှောင်ကျောင်း ချက်ချင်း စိတ်လှုပ်ရှားသွားပြီး ယဲ့ဖန်၏ လက်မောင်းကို ဆွဲလိုက်သည်။
" သွားပြီးတော့ စမ်းကြည့်ရအောင် "
ယဲ့ဖန်က သဘောမတူခင်မှာ သူမက သူ့ကို ဆွဲခေါ်သွားသည်။
ယဲ့ဖန်ကို မြင်သောအခါ လူလတ်ပိုင်းအရွယ် အမျိုးသား၏အကြည့်က စူးရှလာသည်။
ယဲ့ဖန်သည် သူ့ခန္ဓာကိုယ်မှ ထွက်လာသည့် ပြင်းထန်သော အတွင်းအားကို ကောင်းစွာ ခံစားလိုက်ရသည်။
ဆရာကြီး၊ သူက တကယ့် ဆရာကြီးအစစ်ပဲ။
အပိုင်း ( ၆၃၆ )
သူ့မှာ ဇာတ်ဆောင်ကိုယ်ရောင်ဝါများ ရှိနေလို့လား
ယဲ့ဖန်၏ အတွင်းအားသည် ယခုလက်ရှိတွင် အလွန်အားကောင်းနေပြီဖြစ်သည်။
အကယ်၍ အခြားသူကသာ ကိုယ်ခံပညာရှင်ဖြစ်လျှင် ထိုအတွင်းအားကို အလွယ်တကူ အာရုံခံသိနိုင်မည်ဖြစ်သည်။
သို့သော် ထိုလူလတ်ပိုင်းအရွယ် အမျိုးသား၏ ခန္ဓာကိုယ်အတွင်းမှ အားစီးကြောင်းကို အခု သူ နားမလည်ခဲ့ပေ။
ယခုမှသာ တစ်ဖက်မှ သူ့အင်အားကို ခံစားမိရန် ထုတ်လွှတ်သည့်အားကို စမ်းမိသောကြောင့်ဖြစ်သည်။
ထိုကိစ္စအတွက် ရှင်းလင်းချက်တစ်ခုသာ ရှိခဲ့သည်။
တစ်ဖက်သား၏ အင်အားသည် သူ့ထက် များစွာသာလွန်လေသည်။
သူသည် ယဲ့ဖန် ကိုယ်ခံပညာကို စတင်လေ့ကျင့်ချိန်မှစ၍ တွေ့ဖူးသမျှထဲ အပြင်းထန်ဆုံး ကိုယ်ခံပညာရှင်တစ်ဦးဟု ဆိုနိုင်သည်။
သို့သော် ထိုလူသည် ဒဏ္ဍာရီဆန်သော ဂန္တဝင်ဆရာကြီး နယ်ပယ်သို့ ရောက်ရှိသွားခြင်း ရှိ၊ မရှိ မသိရချေ။
ယဲ့ဖန် စိတ်တွေ ခုန်ပေါက်နေချိန်မှာပင် ကျူးရှောင်ကျောင်းက ဓားရဲ့ အရှေ့ကို ပြေးသွားခဲ့သည်။
သူမသည် ဓားကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး အစွမ်းကုန် ကိုင်ယူလိုက်သည်။
သို့သော်လည်း သူမ၏ မျက်နှာလေးက နီမြန်းနေသော်လည်း အခြားသူများကဲ့သို့ လုံးဝ မလှုပ်ရှားနိုင်ပေ။
" အမလေး၊ ဒါက အရမ်းမှော်ဆန်တာပဲ။ ဘာလို့ ဒီလောက် လေးနေရတာလဲ။ ယဲ့ဖန် လာစမ်းကြည့် "
ယဲ့ဖန်သည် လမ်းလျှောက်လာပြီး စနစ်၏ အတွင်းကျကျစစ်ဆေးစနစ်ကို ချက်ချင်းဖွင့်လိုက်သည်။
ဤဓား၏ အချက်အလက်များက သူ့ရှေ့တွင် ပေါ်လာသည်။
[ ကျန်းလုဓား- နွေဦးနှင့် ဆောင်းဦးခေတ်မှ ဓားသမား အောင်ရဲကျီမှ သွန်းလုပ်လုပ်ထားခြင်း ဖြစ်သည်။ ကျန်းလုဓားသည် ပထမဆုံး ထင်ရှားသော ဓားငါးလက်ထဲမှ တစ်လက်ဖြစ်သည် ...... တန်ဖိုးငွေ - ခန့်မှန်း၍မရနိုင်ပါ ]
ထိုအချက်အလက်ကို မြင်လိုက်ပြီး သူ့ရင်ထဲတွင် ပြင်းအား ၁၂ ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်သွားသည်။
ဒီဓားက ဒဏ္ဍာရီလာ ကျန်းလုဓားလား။
ဤဒဏ္ဍာရီလာဓားကို ဒီနေရာတွင် မြင်နိုင်ခြင်းက သေချာပေါက် ကံကောင်းခြင်းတစ်ခုဖြစ်သည်။
သို့သော် ပုံမှန်မဟုတ်ဘဲ အစွမ်းထက်သည့် လူလတ်ပိုင်းအရွယ် အမျိုးသားကို သူစဉ်းစားမိသောအခါ ဤနာမည်ကြီးဓား ဤနေရာတွင် ပေါ်လာသည်က အလွန်သင့်လျော်လေသည်။
ကျူးရှောင်ကျောင်းသည် ယဲ့ဖန် ငေးတွေးနေသည်ကို မြင်ပြီး မေးလိုက်သည်။
" နင် ဘာလုပ်နေတာလဲ။ မြန်မြန် စမ်းကြည့်လေ "
ယဲ့ဖန်သည် အာရုံများ ပြန်ကပ်လာသည်။ ထို့နောက် သူမကို အမြန်ဆွဲကာ လှည့်ထွက်သွားသည်။
သူ၏ ပုံမှန်မဟုတ်သော အပြုအမူကြောင့် လူအများက ချက်ချင်း လှောင်ပြောင်ကြသည်။
အထူးသဖြင့် ချမ်းသာသော ဒုတိယမျိုးဆက် အမွေဆက်ခံသူသည် ဘေးနားမှာ ရပ်ပြီး ယဲ့ဖန်တို့ ထွက်သွားသည်ကို စောင့်ကြည့်နေလေသည်။
ကျူးရှောင်ကျောင်း၏ အလှနှင့် ယဲ့ဖန်၏ အပြုအမူများကို မြင်လိုက်ရပြီး သူတို့က ချက်ချင်း လှောင်ပြောင်လိုက်သည်။
" ဘယ်လိုတောင် သူရဲဘောကြောင်လိုက်တဲ့သူလဲ။ မင်း မစမ်းကြည့်ရဲဘူးလား။ မင်း ယောက်ျားမှ ဟုတ်ရဲ့လား "
ယဲ့ဖန်သည် သူ၏ ကဲ့ရဲ့လှောင်ပြောင်ခြင်းကို ခံရသော်လည်း တည်ငြိမ်သောအမူအရာဖြင့်သာ ပြန်ပြောသည်။
" ဒီလို နတ်ဘုရားဆန်တဲ့ လက်နက်ကို ပြိုင်ဘက်ကင်းတဲ့ သူရဲကောင်းကသာ ကိုင်နိုင်တာ။ သေမျိုးက လောဘကြီးပြီး မကိုင်သင့်ဘူး။ ငါနဲ့လည်း အဲ့လိုဂုဏ်ပုဒ်နဲ့ မထိုက်တန်ဘူး "
သူ၏ရှင်းပြချက်ကို လူတိုင်းက ကြားသောအခါ ပို၍ပင် လှောင်ပြောင်ကြသည်။
မျက်နှာပျက်မှာကြောက်၍သာ မကြိုးစားရဲတာဟု အားလုံးက ခံစားကြရသည်။
အခုလည်း သူ့ကိုယ်သူ ကာကွယ်ဖို့ ကြိုးစားနေခြင်းက ရယ်စရာကောင်းသည်ဟု ထင်ကြသည်။
သို့သော် ထိုလူလတ်ပိုင်း၏ မျက်လုံးများကတော့ ထူးဆန်းသော အလင်းရောင်ဖြင့် လင်းလက်သွားသည်။
ဒီလူငယ်က ကျန်းလုဓား၏ မူလဇစ်မြစ်ကို သိနေတာ ဖြစ်နိုင်တယ်ဆိုတာကို သူသိသည်။
" သူငယ်ချင်းလေး၊ မင်းနဲ့ စကားစမြည် ပြောလို့ရမလား "
အရင်က တူညီတဲ့ စာကြောင်းကို ထပ်ခါထပ်ခါ ပြောခဲ့ပြီး ဒါက ပထမဆုံး အကြိမ် စကားလုံး ပြောင်းသွားတာ ဖြစ်သည်။
စောင့်ကြည့်နေသည့် လူများကလည်း အံ့သြသွားသည်။
သူတို့က ယဲ့ဖန်ကို စူးစူးစိုက်စိုက် ကြည့်နေကြသည်။
ဒီကောင်ကို တကယ်ကြီး သူတို့နဲ့ ခွဲခြားဆက်ဆံလိုက်တာလား။ စိတ်ကူးတောင် မယဉ်နိုင်စရာ ဖြစ်ခဲ့သည်။
ကျူးရှောင်ကျောင်းလည်း ယဲ့ဖန်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။
သူ့မှာ ဇာတ်ဆောင်ရဲ့ အငွေ့အသက်တွေရှိနေလို့လား။
သူ ဘယ်ကိုပဲ သွားသွား အထူးအလေးပေးခံရတယ်။
အဲ့လိုမှမဟုတ်ရင် ဒီလူလတ်ပိုင်းကရော တခြားသူတွေအပေါ် အမြဲအေးစက်နေပြီးမှ သူနဲ့ကျ ဘာလို့ ဒီလောက် စိတ်အားထက်သန်နေရတာလဲ။
ချမ်းသာတဲ့ ဒုတိယမျိုးဆက်သည် အတော်လေး မပျော်မရွှင်ဖြစ်သွားရသည်။
ယဲ့ဖန်သည် လူတိုင်း၏ အကြည့်များကို လျစ်လျူရှုခဲ့သည်။
ထိုလူလတ်ပိုင်းအရွယ်လူက ပြောပြီးသားဖြစ်၍ ငြင်းလို့မမရချေ။
သူ့ကိုယ်သူ တောင့်ခံပြီး ရှေ့ကို လျှောက်သွားခဲ့သည်။
" ဆရာကြီး ....... "
ယဲ့ဖန်သည် ထိုလူထံသို့ လျှောက်လာပြီး ဘာမှ မပြောနိုင်ခင်တွင် မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။
ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် ရုတ်တရက် ထခုန်ပြီး လက်သီးနဲ့ထိုးလေသည်။
ထိုလက်သီးချက်၏ အစွမ်းသည် အလွန်ကြောက်စရာကောင်းသည်။
နဂါးတစ်ကောင်၏ ဟောက်သံကဲ့သို့ လေထဲမှ စူးရှသောအသံတစ်ခု ထွက်ပေါ်လာသည်။
ယဲ့ဖန်အား ပြုံးပြနေခဲ့သော လူလတ်ပိုင်းအရွယ် အမျိုးသားက သတိပေးချက်မရှိဘဲ ရုတ်တရက် တိုက်ခိုက်လာလိမ့်မည်ဟု ဘာ်ငူမှ မမျှော်လင့်ထားပေ။
" ယဲ့ဖန် သတိထား "
ကျူးရှောင်ကျောင်းသည် အလွန်ထိတ်လန့်သွားသဖြင့် သူမ၏ မျက်နှာသည် ဖျော့တော့လာကာ ကျယ်လောင်စွာ အော်လိုက်သည်။
တခြားသူများ ကျေနပ်စွာ ကြည့်နေကြသည်။
သူတို့ မယူနိုင်လျှင် အခြားသူများကို မရချင်စေကြတာ သဘာဝပဲဖြစ်သည်။
မဟုတ်ပါက သူတို့သည် အခြားသူများထက် ယုတ်ညံ့ကြောင်း သွယ်ဝိုက်၍ သက်သေပြလိုက်ခြင်း ဖြစ်သွားမည်။
အထူးသဖြင့် သူဌေးသားက ပိုကျေနပ်နေသည်၊
" ဟားဟားဟား၊ ဒီကောင်က ဒီဓား ဘယ်လိုလက်ရာကောင်းတာ သူရဲကောင်းတွေပဲ ကိုင်ထားနိုင်တာဆိုပြီး ကြွားလုံးထုတ်နေတာ။ ဒီလိုတန်းပြီး အကျွေးခံရဖို့ မမျှော်လင့်ထားဘူး။ ဟားဟားဟား "
ယဲ့ဖန်သည် ထိုလူများ၏ သရော်လှောင်ပြောင်မှုကို ဂရုစိုက်ရန် အချိန်မရှိပေ။
သူသည် ထိုလူလတ်ပိုင်းအမျိုးသား၏ တိုက်ခိုက်မှုကို ရှောင်ရှားရန် အပြည့်အဝအာရုံစိုက်နေရသည်။
အစတွင် ဤလူသည် သန်မာလွန်းသောကြောင့် သူ အနည်းငယ် ထိတ်လန့်သွားသည်။
ထိပ်တိုက်ရင်ဆိုင်ရန် ရွေးချယ်ပါက ရှုံးသွားနိုင်ချေရှိသည်။
ထို့ကြောင့် ထိပ်တိုက်မတိုက်ဘဲ ပထမဆုံး ပြန်ဆုတ်ခဲ့ရသည်။
သို့သော် ဤလူ၏ စွမ်းအားသည် ဘယ်လမ်းကြောင်းကပဲ ဆုတ်ခွာပါစေ ချက်ချင်း လိုက်နိုင်သည်။
ထိုလူ၏ လက်သီးချက်များသည် ပို၍နီးကပ်လာသည်ကို မြင်လိုက်ရသဖြင့် သူ့ကိုယ်သူ တည်ငြိမ်သွားစေရန် အတင်းအကြပ်လုပ်ကာ တစ်ဖက်သား၏ လှုပ်ရှားမှု အသေးစိတ်အချက်အလက်အားလုံးကို ဂရုတစိုက်ကြည့်ရှုခဲ့သည်။
ထိုအချိန်တွင် သူ့မျက်လုံးများက ရုတ်တရက် တောက်ပလာသည်။
နောက်ဆုံးတွင် ပြိုင်ဘက်၏ ချို့ယွင်းချက်တစ်ခုကို ဖမ်းမိခဲ့သည်။
ဤချို့ယွင်းချက်သည် အလွန်သိမ်မွေ့ပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားနိုင်သည်။
မဆိုင်းမတွ မြေပြင်ပေါ် ချက်ချင်း လှိမ့်ချလိုက်ပြီး ပါးလွှာသော လေထုထဲမှ လစ်ခနဲ တွားသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ထိုလူ၏ နောက်ကျောကို ထိုးရိုက်လိုက်သည်။
သို့သော် ထိုလူ၏ခန္ဓာကိုယ်သည် မမြင်နိုင်သော လေအလွှာဖြင့် ဖုံးအုပ်ထားပုံရသည်။
ယဲ့ဖန်၏ လက်သီးချက်သည် ပင်လယ်ထဲသို့ ဝင်လာသော ရွှံ့နွားတစ်ကောင်နှင့် တူပြီး သဲလွန်စမရှိဘဲ ချက်ချင်းပျော်ဝင်သွားသည်။
သို့သော် အနည်းဆုံးအနေဖြင့် သူသည် ပြိုင်ဘက်၏ ပြင်းထန်သော ထိုးနှက်ချက်ကို ခေတ္တရှောင်နိုင်ခဲ့ပြီး ဘေးဥပဒ်မှ လွတ်မြောက်သွားသလို ခံစားရစေသည်။
ထိုလုပ်ဆောင်ချက်များသည် ရှုပ်ထွေးသည်ဟု ထင်ရသော်လည်း တကယ်တွင် အသက်ရှုသံတစ်ချက်အတွင်းမှာ ဖြစ်သွားခဲ့ခြင်းဖြစ်သည်။
လူတော်တော်များများ ထိုအကွက်တွေကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့ကြပေ။
လူလတ်ပိုင်းအရွယ် အမျိုးသားက ရုတ်တရက် ဒုက္ခပေးတာကိုသာ တွေ့လိုက်ကြပြီး ယဲ့ဖန်က သနားစရာပုံစံနဲ့ ရှောင်ပြေးသွားတာကိုသာ တွေ့လိုက်ရသည်။
အင်မတန် ရိုးရှင်းလှသည်။
" အယ် "
လူလတ်ပိုင်းအရွယ်က သူ့နောက်ကို မလိုက်ချေ။
သူက လှည့်ကြည့်လိုက်ပြီး ယဲ့ဖန်ကို ထိတ်လန့်တကြားကြည့်လိုက်သည်။
သူသည် တိုက်ခိုက်ချိန်၌ သူ၏ ခွန်အားကို အပြည့်အဝအသုံးမပြုဘဲ လူငယ်လေးနှင့် လိုက်လျောညီထွေရှိနိုင်စွမ်းကို စမ်းသပ်ရန်သာ ချခဲ့ပြီး တစ်ချိန်တည်းမှာပင် အားနည်းချက်ကို တမင်တကာ ထုတ်ဖော်ပြသခဲ့သည်။
သို့သော် ထိုအားနည်းချက်၏ သဲလွန်စမှာ တိုတောင်းလှသည်။
ကိုယ်ခံပညာရှင် အများစုပင်လျှင် ထိုအားနည်းချက်ကို ဖမ်းဆုပ်မိရန် ခက်လေသည်။
အလွန်ထက်မြက်ပြီး အသိဉာဏ်ပြည့်သည့် တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝသူများသာ လွတ်မြောက်ဖမ်းဆုပ်နိုင်သည်။
ဤလူငယ်လေးသည် အန္တရာယ်ကို ရင်ဆိုင်ရန် မကြောက်ချေ။
သူသည် ဤအားနည်းချက်ကို မရမက ဖမ်းမိသွားပြီး အောင်မြင်စွာ လွတ်မြောက်ခဲ့သည်။
ထိုအချက်က ရှားသည်ဆိုသော်လည်း အဲ့တာက သူ့ကို ထိတ်လန့်စေရန် မလုံလောက်ချေ။
တကယ်ကို အံ့အားသင့်မိသည်မှာ ထိုလူငယ်လေးက သူ့ကို တန်ပြန်တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။
သူ့ခန္ဓာကိုယ်ကို ကာကွယ်ထားသည့် ပြင်းထန်သော အတွင်းပိုင်းခွန်အားတွေ ရှိပြီး သာမန်လူတွေက သူ့၏ခုခံမှုကို မချိုးဖျက်နိုင်ပေမယ့် ထိုလူငယ်၏ တိုက်ခိုက်မှုက သူ့ကို ချွေးထွက်သွားစေသည်။
အကယ်၍ တစ်ဖက်သား၏ အင်အားသည် သူ့နှင့် တူညီပါက အခု ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်သည်။
ထိုအချက်က သူ့ကို ဒီလူငယ်လေးအား ပြန်အကဲဖြတ်စေသည်။