← Chapters

အပိုင်း ၆၃၇-၆၄၀

Vol. 32 Ch. 637-640

အပိုင်း ၆၃၇-၆၄၀

Vol. 32 Ch. 637-640

အပိုင်း ( ၆၃၇ )

သန်း၂၀၀နှင့် ကြီးမားတဲ့ သဘောတူညီချက်တစ်ခုကို ရလိုက်ခြင်း

ဆိုရိုးစကားအရ ပညာရှင်များသည် တံခါးကို ကြည့်ပြီး လူပြိန်းများက စိတ်လှုပ်ရှားမှုကို စောင့်ကြည့်ကြသည်။

ထိုလူလတ်ပိုင်းအရွယ်လူကြီး မြင်လိုက်ရသည်ကို ဘေးမှကြည့်သူများက မမြင်နိုင်ဘဲ ယဲ့ဖန် သနားစရာကောင်းသော အခြေအနေဖြင့် ထွက်ပြေးသွားရသည်ကိုသာ မြင်လိုက်ရသည်။

ဒါ ဂုဏ်ယူစရာ မဟုတ်လား။

" ဟားဟားဟား၊ အခု သူ ဘယ်လိုထွက်ပြေးသွားတာလဲ မြင်လိုက်လား။ ရှက်စရာကောင်းလွန်းတယ် "

" ကြွက်တစ်ကောင်လိုပဲ။ ငါရယ်သေပြီ "

" ဘာရယ်စရာပါလဲ။ သူက အရင်က တစ်ခါမှ မတိုက်ခိုက်ဖူးတဲ့ ကလေးတစ်ယောက်မလို့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ သေချာ မသိလို့ဖြစ်မှာပေါ့ "

" အရင်က မတိုက်ဖူးဘူးဆိုရင်တောင် ဒီလောက်တောင် အရှက်မဲ့မနေသင့်ဘူး မဟုတ်လား။ ဟားဟားဟား၊ ရယ်ရတာ ဗိုက်နာတယ် "

လူလတ်ပိုင်းအရွယ်၏ ကြောက်မက်ဖွယ် စွမ်းအားကို သူတို့ မခံစားရသောကြောင့် အဝေးမှ သူတို့နှစ်ဦးကြား အပြန်အလှန် ပညာဖလှယ်မှုသည် သာမန်ရန်ပွဲဟုသာ အထင်ခံကြရသည်။

သူတို့ စိတ်ထဲမှ ကျေနပ်စွာ လှောင်ရယ်မောနေစဉ် လူလတ်ပိုင်း အမျိုးသားက စကားပြန်ပြောသည်။

" ကောင်းတယ်၊ အရမ်းကောင်းတယ်။ မင်းက ငါစောင့်မျှော်နေတဲ့ ကိုယ်ခံပညာ ဉာဏ်ကြီးရှင်ပဲ။ ဒီဓားဟာ မင်းရဲ့ အပိုင်ပဲ "

ယဲ့ဖန်ကို လှောင်ပြောင်နေခဲ့သောဘလူများသည် သူတို့၏လည်ပင်းကို ညှစ်ထားခံလိုက်ရသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။

သူတို့ မယုံကြည်နိုင်စွာ မျက်လုံးပြူးသွားကြသည်။

" ဘာလဲ။ ငါကြားတာ မှားတာလား။ ဒီကလေးက ကိုယ်ခံပညာ ဉာဏ်ကြီးရှင်လား "

" ဘယ်သိုင်းပညာက ဉာဏ်ကြီးရှင်လဲ။ သူက အရှုံးသမားလို့တော့ ငါထင်တယ် ဟုတ်တယ်မလား။ ငါပြောတာ မှားလား "

" သူက ဓားကိုတောင် ဆွဲမထုတ်ရဲတာ။ တခြားသူနဲ့ တိုက်ခိုက်တော့လည်း သနားစရာကောင်းအောင် ဘယ်လို ထွက်ပြေးရမလဲဆိုတာပဲ သူသိတယ် "

" ဒါကို ကိုယ်ခံပညာပါရမီရှင်လို့ ခေါ်ရင် ငါက ဉာဏ်ကြီးရှင် တစ်ယောက်ပဲ "

" သိုင်းပညာပါရမီရှင်တစ်ယောက်အတွက် စံနှုန်းကဘာလဲ။ ဘယ်သူက ပိုသူရဲဘောကြောင်လဲဆိုတာ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ငါက သူ့ထက် သာနေဦးမယ် "

" ဘာလို့လဲ။ အဲ့လူကို သွားမေးတော့ သူက ဓားကို အရင်ဆွဲခိုင်းတယ်။ ဒီကလေးကျတော့ သူ့ဓားကိုတောင် မဆွဲရသေးဘူး ဘာလို့ သူ့ကို ရောင်းမှာလဲ "

" ဟုတ်တယ်။ ဒါက မတရားဘူး "

ကျူးရှောင်ကျောင်းပင်လျှင် သူမ၏ ခေါင်းကို အလုပ်မလုပ်နိုင်တော့ပေ။

ယဲ့ဖန် သည် ကိုယ်ခံပညာအချို့ကို သိထားသော်လည်း သူက ကိုယ်ခံပညာပါရမီရှင်ဖြစ်ဖို့က ဝေးနေသေးတယ်မဟုတ်လား။

လိမ်တဲ့သူနဲ့ ကြုံနေတာလား။

လူတိုင်း အံ့ဩနေကြစဉ်တွင် လူလတ်ပိုင်း အမျိုးသားက ဆက်ပြောသည်။

" ဒီဓားဟာ ပြိုင်ဘက်ကင်းတဲ့ဓားပဲ။ နောက်ဆုံးနည်းလမ်းမဟုတ်ရင် ငါဘယ်တော့မှ ရောင်းမှာမဟုတ်ဘူး "

စကားစမြည်ပြောရင်း ခေါင်းကို လှည့်ပြီး ကျောက်တုံးထဲတွင် မြှုပ်ထားသည့် ဓားသွားကို ကြည့်နေသည်။

သူ့မျက်လုံးတွေသည် သူ့မိသားစုကို ကြည့်နေသကဲ့သို့ နူးညံ့မှုတွေနှင့် ပြည့်နေသည်။

ယဲ့ဖန်သည် သူ ဤဓားအပေါ် ဘယ်လိုခံစားချက်ရလဲဆိုတာကို စာနာနိုင်သည်။

" ဘယ်လောက်နဲ့ ရောင်းချင်လဲ "

ထိုလူက သူ့ကို လှည့်ကြည့်သည်။

" ငါတို့က ကံပါတယ်ဆိုတော့ ဈေးသက်သာအောင် လုပ်ပေးတာပေါ့။ သန်း ၁၀၀ "

သူ ထို့သို့ ပြောလိုက်သည့်အခါ အံ့သြနေသည့်သူတွေက မထိန်းနိုင်ဘဲ ရယ်ကြသည်။

" ဟားဟားဟား၊ ဒီလူက သူ့ပါးစပ်ကနေ ကျိုးနေတဲ့ဓားကို သန်း ၁၀၀ နဲ့ ရောင်းရဲသေးတယ်လား "

" သန်း ၁၀၀ ဆိုတာ ဘယ်လောက်လဲရော သူသိရဲ့လား။ စစ်သင်္ဘောတစ်စင်းတောင် ဝယ်နိုင်နေလောက်ပြီ မဟုတ်လား "

" ခင်ဗျား တမင်တကာ လျှို့ဝှက်ဆန်းကြယ်နေတာ လူလိမ်မလို့လား။ တကယ်လို့ ကံပါတယ်ဆိုပြီး သန်း ၁၀၀ နဲ့ရောင်းရင် ကံမပါတဲ့သူကျ သန်း ၁၀၀၀ နဲ့ရောင်းမှာလား "

" ဒီလိုပုံစံကို တစ်နေရာရာမှာတောင် မြင်ဖူးနေတယ်။ ပြဇာတ်ကနေသလိုတွေ လုပ်မနေနဲ့။ ချစ်တပည့် ဒီဓားကို ယူပြီး လူဆိုးတွေကို ရှင်းလိုက် ..... ဟားဟားဟား "

" ယွမ်တစ်သိန်းလောက်နဲ့ ရောင်းရင်တောင် တော်သေးတာကို သူက သန်း၁၀၀လို့ပြောလိုက်တာလား။ ပိုက်ဆံ ရူးနေတာလား "

" လူမိုက်တွေပဲ ဝယ်လိမ့်မယ် ..... "

လူလတ်ပိုင်းအမျိုးသား၏ ကမ်းလှမ်းမှုကြောင့် လူတိုင်း အံ့အားသင့်သွားပြီး သူ့ကို လှောင်ပြောင်ကြသည်။

ယဲ့ဖန်က ခေါင်းခါပြပြီး ထိုလူ၏ မျက်နှာကို အချိန်အကြာကြီး စိုက်ကြည့်နေသည်။

" သန်း ၁၀၀ မရဘူး "

သူ့တုံ့ပြန်မှုကို လူတိုင်း မအံ့သြကြပေ။

သူသည် ဓားတစ်လက်အတွက် သန်း ၁၀၀ပေးပြီးသား တကယ်ဝယ်လိုက်ရန် ဆန္ဒရှိနေပါက သူသည် အမှန်တကယ် လူမိုက်ဖြစ်သွားလိမ့်မည်။

သို့သော် ယဲ့ဖန် နောက်ထပ်ပြောသည့်စကားက သူတို့ကို အံ့သြသွားစေသည်။

" သန်း ၂၀၀ ပေးမယ် "

ယဲ့ဖန်သည် ရိုးသားသော အကြည့်ဖြင့် ထိုလူလတ်ပိုင်းကို ကြည့်လိုက်သည်။

တစ်ဖက်က ကမ်းလှမ်းလာတဲ့အခါ သူ့မျက်နှာမှာ ရှက်ရွံ့နေပြီး အားကိုးရာမဲ့နေပုံကို မြင်လိုက်ရသည်။

ထိုလူသည် အခက်အခဲအချို့နှင့် ကြုံတွေ့ခဲ့ရပြီး ဤနည်းလမ်းကို အသုံးပြုရန်မှတပါး ရွေးချယ်စရာမရှိတာကြောင့်ဟု ယဲ့ဖန်ထင်လေသည်။

မဟုတ်ပါက ကျန်းလုဓား၏ တန်ဖိုးကို ငွေနဲ့တိုင်းတာလို့ မရချေ။

ဓားသည် တန်ဖိုးဖြတ်မရသော်လည်း ဤကဲ့သို့ အင်အားကြီးသည့်သူနှင့် မိတ်ဆွေဖြစ်ခြင်းက သန်း ၂၀၀ လောက် အကုန်အကျခံဖို့ တကယ်တန်လေသည်။

သို့သော် တခြားသူများကတော့ ယဲ့ဖန်ကို အရူးလို့သာ ထင်လိုက်ကြသည်။

" ခဏနေပါဦး။ ငါကြားတာ မှားသွားတာလား။ ဒီကလေးက ဒီဓားကိုဝယ်ဖို့ သန်း ၂၀၀ အကုန်ခံချင်နေတာလား "

" ဟိုဘက်က သန်း ၁၀၀ တည်းပြောထားတာတောင် သူက ဈေးမစစ်တဲ့အပြင် နောက်ထပ် သန်း ၁၀၀ ပေးသေးတယ် "

" ဟားဟားဟား၊ ဒါက ငတုံးနဲ့ လူလိမ်အကြီးစား တွေ့ဆုံပွဲပဲ။ လိုက်ဖက်ညီတယ် "

" ဒီကလေးက ချမ်းသာပေမဲ့ ငတုံးပဲ "

" ငါ မကြာခဏ ငတုံးတွေ တွေ့ဖူးပေမယ့် ဒီလောက်အထိ တုံးတဲ့လူကို တွေ့ရဖို့က ရှားတယ်။ သူက တကယ့်ကို ပါရမီရှင်ပဲ "

" ငတုံး၊ သူငယ်ချင်းဖြစ်ရအောင် ..... "

သူတို့သည် ယဲ့ဖန်၏ လုပ်ရပ်ကို နားမလည်နိုင်ကြပေ။

ထို့ကြောင့် သူ့ကို လှောင်ပြောင်ကြသည်။

ကျူးရှောင်ကျောင်းပင် နားမလည်နိုင်ပေ။

သူက ရူးနေတာလား။

ဓားရှည်တစ်လက်အတွက် သန်း ၂၀၀ သုံးဝယ်ခဲ့သည်။

ဘယ်လောက်ပင် ချမ်းသာပါစေ၊ ဒီလိုမျိုး မဖြုန်းတီးသင့်ပေ။

သူတို့တင်မကဘဲ လူလတ်ပိုင်းအရွယ်လူပင် အနည်းငယ် အံ့သြသွားခဲ့သည်။

" ဘာလို့လဲ ပြောလို့ရမလား "

ယဲ့ဖန်က သူ့ကို တည်ငြိမ်စွာ ကြည့်နေသည်။

" သူငယ်ချင်းဖြစ်ရအောင် "

လူလတ်ပိုင်းအရွယ် အမျိုးသားက သူ့ကို အချိန်အတော်ကြာ စိုက်ကြည့်ရင်း ရုတ်တရက် ခေါင်းကို မော့ကာ ရယ်သည်။

" ကောင်းပြီ ငါမင်းရဲ့ သူငယ်ချင်းဖြစ်မှာ သေချာတယ် "

ပတ်ဝန်းကျင်က လူအုပ်ကြီးက ခေါင်းခါပြီး ကျိန်ဆဲကြသည်။

ဘယ်သူက ဒီလိုငတုံးကို သူငယ်ချင်း မဖြစ်ချင်မှာလဲ။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် ထိုအမြင်ကျဉ်းသော လူများကို စိုက်ကြည့်ကာ ပြတ်သားသော အသံဖြင့် ပြောသည်။

" ငါ့သူငယ်ချင်းတွေကို ဘယ်တော့မှ အရှုံးမရှိစေရဘူး။ မင်းက ဒီဓားကို ဝယ်ဖို့ သန်း ၂၀၀ သုံးခဲ့တော့ စိတ်ကောင်းနှလုံးသားရှိတယ်လို့ပြောရမယ်။ မင်း လျှော့ဈေးအကြီးစား ရလိုက်တာလို့တောင် ပြောရမယ် ဘာလို့လဲဆိုတော့ ဒီဓားက ကျန်းလုဓားမလို့ပဲ "

သူ့စကား ပထမတစ်ဝက်ကို ကြည့်ရှုနေသူများက ကြားသောအခါ ရယ်ချင်ကြသည်။

သန်း ၂၀၀က ဘာလို့ လျှော့ဈေးဖြစ်ရမှာလဲ။

သို့သော် အထူးသဖြင့် စကား၏ ဒုတိယပိုင်းကို ကြားသောအခါ အကုန် အံ့ဩတုန်လှုပ်ကုန်ကြသည်။

ဘာလဲ။ ဒါက တကယ်ပဲ ဒဏ္ဍာရီလာ ကျန်းလုဓားလား။

အပိုင်း ( ၆၃၈ )

ကျန်းလုဓား၏ ပိုင်ရှင်အသစ်

လက်နက်အကြောင်း ဘာမှမသိတဲ့သူပင် နာမည်ကြီးကျန်းလုဓားကို ကြားဖူးမှာဖြစ်သည်။

ဤဓားသည် ချွန်ကျွမ်း၊ နတ်ဆိုးနှင်ဓား၊ ယွီချန်နှင့် ကြီးမြတ်သောအောင်နိုင်သူ ဓားများကဲ့သို့ နာမည်ကြီးသည်။

ထိုဓားအားလုံးကို နွေဦးရာသီနှင့် ဆောင်းဦးရာသီ၏ဓားပညာရှင် အောင်ယဲ့ကျီမှ သွန်းလုပ်ထားခြင်း ဖြစ်သည်။

ထို့အပြင် ဤကျန်းလုဓားသည် ထင်ရှားကျော်ကြားသော ဓားငါးလက်ထဲမှ ပထမအဆင့်ဖြစ်သည်။

ဤဓားတန်ဖိုးသည် ပိုက်ဆံဖြင့် တိုင်းတာ၍ပင် မရနိုင်ပေ။

အစောမှာ ယဲ့ဖန်ကို လှောင်ပြောင်နေခဲ့သူများမှာ စကားမပြောနိုင် ဖြစ်သွားကြသည်။

အကယ်၍ ကျန်းလုဓားသာဖြစ်ခဲ့လျှင် သန်း၂၀၀ ထက်မက၊ ၂ ဘီလီယံထက်ပင် တန်ဖိုးရှိမည်ဖြစ်သည်။

ဤကဲ့သို့သော ကျော်ကြားသော ကျန်းလုဓားသည် လက်မှုပညာတန်ဖိုး၊ နောက်ကွယ်ရှိ သမိုင်းနှင့် ယဉ်ကျေးမှုတန်ဖိုးကို ခန့်မှန်းရန်ခက်ခဲသောကြောင့်ဖြစ်သည်။

အဖိုးမဖြတ်နိုင်သော ရတနာဟုပင် ဆိုနိုင်သည်။

ငတုံးဖြစ်ခြင်းအတွက် ရယ်မောခဲ့ကြသော်လည်း သူတို့ကိုယ်၌ကသာ အမှန်တကယ် ငတုံးဖြစ်နေမည်ဟု မမျှော်လင့်ခဲ့ကြပေ။

အကျယ်ဆုံးရယ်ခဲ့သည့် သူဌေးသားက မျက်နှာထားအေးစက်သွားသည်။

" လူကြီးမင်း၊ ဒီဓားက ကျန်းလုဓားသာ အစစ်ဆိုရင် သန်း၅၀၀နဲ့ ဝယ်ချင်ပါတယ် "

လူလတ်ပိုင်းအရွယ်က သူ့ကို မထီမဲ့မြင် စိုက်ကြည့်လိုက်သည်။

" ငါ မရောင်းပါဘူး "

ထိုသူဌေးသားသည် အရှုံးမပေးသေးပေ။

" ၁ ဘီလီယံ "

သူက တကယ်ကြီး ၁ ဘီလီယံအထိ ပေးမလို့လား။

သို့သော် ဤကျန်းလုဓား၏တန်ဖိုးကို တွေးကြည့်သောအခါ စိတ်သက်သာရာရသွားသည်။

ဤကဲ့သို့ နတ်ဘုရားပစ္စည်းအတွက် ၁ ဘီလီယံသည် မများလှချေ။

သို့သော် လူလတ်ပိုင်းအရွယ် အမျိုးသားသည် အထင်အမြင်သေးစွာဖြင့် ပြောသည်။

" မင်းက ၁၀ ဘီလီယံ ပေးရင်တောင် ငါ မင်းကို ရောင်းမှာ မဟုတ်ဘူး "

သူဌေးသားသည် ထိုအချက်ကို နားမလည်နိုင်ပေ။

" ဘာလို့လဲ။ ခင်ဗျားက သူ့ကို သန်း ၂၀၀ နဲ့တောင် ရောင်းလိုက်တာကို ငါက ပိုပေးထားတာဆိုတော့ ခင်ဗျား ငါ့ကို ဘာလို့ မရောင်းနိုင်ရတာလဲ "

လူလတ်ပိုင်းအရွယ် အမျိုးသားသည် စုတ်ပြတ်နေသော ဆိုင်းဘုတ်ကို ညွှန်ပြလိုက်သည်။

" အဲ့ဒီမှာ ဘာရေးထားလဲ "

" အပြင်လူကိုမရောင်းပါဘူး။ လူပြိန်းတွေကို မရောင်းပါဘူး။ ကြမ္မာငင်တဲ့ ဧည့်သည်တွေကိုပဲ ရောင်းတာပါ "

သူဌေးသားသည် ချက်ချင်း အသံကျယ်ကျယ်ဖြင့် ပြောလေသည်။

" ငါက ဒီအချက်တွေနဲ့ ကိုက်ညီမယ်ထင်တယ်။ ငါက တရုတ်လူမျိုး၊ အပြင်လူမဟုတ်ဘူး။ နောက်ပြီး ကျွန်တော့်မိသားစုက အရမ်းချမ်းသာတယ်။ ငါက ဘယ်လိုလုပ် လူပြိန်းဖြစ်နိုင်မှာလဲ။ ခင်ဗျားကိုတွေ့ဖို့ ဒီရောက်လာတာ အဲ့ဒါ ကံကြမ္မာဘဲ မဟုတ်ဘူးလား "

ထိုလူလတ်ပိုင်းအရွယ် အမျိုးသားက လှောင်ရယ်လိုက်သည်။

" နောက်ထပ် အခြေအနေတစ်ခုရှိသေးတယ်။ ကိုယ်ခံပညာရှင်တွေပဲ ရောင်းတာ "

သူဌေးသားသည် အနည်းငယ် ဒေါသထွက်သွားသည်။

" ဒီလို စည်းမျဥ်းစည်းကမ်း ဘယ်မှာရှိလို့လဲ "

" ငါ့ဟာငါ ထည့်လိုက်တာ "

ထိုလူလတ်ပိုင်းအရွယ်က ပြုံးလိုက်သည်။

" ခင်ဗျား ........ "

ထိုသူဌေးသားသည် သူ့ကို မသိမ်းသွင်းနိုင်တာကြောင့် ယဲ့ဖန်ကို လှည့်ကြည့်ရုံသာ ရှိတော့သည်။

" မင်း ဒီဓားကို ဝယ်ပြီးပြီဆိုတော့ ဒီဓားက မင်းဟာပဲ။ ဘယ်လောက်နဲ့ ရောင်းချင်လဲ "

ယဲ့ဖန်သည် လူလတ်ပိုင်းကို အတုယူကာ သူ့ကို အထင်အမြင်သေးစွာ စိုက်ကြည့်နေသည်။

" ဒါကို မင်းထုတ်နိုင်ရင် ငါတစ်ပြားမှမယူဘူး။ မင်းကို အလကားပေးမယ် "

" ငါ ........ "

ချမ်းသာသော ဒုတိယမျိုးဆက် အမွေဆက်ခံသူသည့် သူ့အမေကို စိတ်ထဲမှ ကျိန်ဆဲချင်မိသည်။

သူသာ ဆွဲထုတ်နိုင်ခဲ့လျှင် ဓားကို ရပေလိမ့်မည်။

အခုတော့ ထိုကောင်လေးက သူ့ကို လှောင်ပြောင်နေသည်။

" ခွက်တိိုက်ဖို့ ငြင်းရင် ခက်ခက်ခဲခဲ သောက်ရလိမ့်မယ်။ ဒီသခင်လေးက ဒီဓားကို ကြိုက်တယ်လို့ ပြောနေတယ် "

သူဌေးသားသည် အသက်ရှုရန်ပင် ပျင်းရိလွန်းသဖြင့် သက်တော်စောင့်နှစ်ဦးကို တန်းပြီး လှမ်းကြည့်လိုက်သည်။

သက်တော်စောင့်နှစ်ယောက်သည် ချက်ချင်းသဘောပေါက်သွားပြီး လျှပ်စစ်လျှော့တိုက်နှင့် ပေါက်ချွန်းကို ကိုင်ထားကြသည်။

သူတို့သည် ထုံးကျောက်အုတ်ခဲကို ဖြိုဖျက်ပြီး ဓားကိုထုတ်ရန် အဆင်သင့်ဖြစ်နေကြသည်။

လူလတ်ပိုင်းအရွယ် ယောက်ျားက ဒေါသတကြီးနှင့် ရှေ့ကို ပြေးသွားသည်။

သက်တော်စောင့်နှစ်ယောက်က သူ့ကို စောင့်နေပြီး ရောက်လာတဲ့အခါ လက်ထဲမှာရှိသည့် ကိရိယာများကို ချက်ချင်းပစ်ချပြီး ကန်ကြသည်။

သို့သော် သူတို့ အပြန်အလှန် ကန်ကြသောအခါ သူတို့၏ စွမ်းအားသည် ပင်လယ်ထဲမှ ရေတစ်စက်နှင့်တူကြောင်း ရုတ်တရက် သိလိုက်ရသည်။

လှိုင်းလုံးတွေတောင် မရှိခဲ့ချေ။

သူတို့ နှစ်ယောက် ထိတ်လန့်သွားသည်။

သူတို့သည် ကျွမ်းကျင်သူတစ်ဦးနှင့် ကြုံတွေ့နေရကြောင်းကို သိလိုက်ကြပြီး ချက်ချင်း ပြန်ဆုတ်ချင်ကြသည်။

သို့သော် လူလတ်ပိုင်းအရွယ်ယောက်ျားက သူတို့ကို အခွင့်အရေး လုံးဝမပေးခဲ့ချေ။

ခြေထောက်တစ်ဖက်စီကို လက်နှစ်ဖက်လုံးဖြင့် ဆုပ်ကိုင်ကာ လေထဲသို့ လွှင့်ပစ်လိုက်သည်။

ထို့နောက် ခုန်ကာ သူတို့နှစ်ဦးကို ကန်ထုတ်ပစ်လိုက်သည်။

သူတို့နှစ်ယောက်သည် မြေပြင်ပေါ်သို့ လဲကျပြီး အချိန်အတော်ကြာသည်အထိ မထနိုင်ကြချေ။

သူဌေးသားသည် အလွန်ကြောက်လန့်သွားပြီး ခြေထောက်များပင် အားနည်းသွားသည်။

အဆိုပါ သက်တော်စောင့်နှစ်ဦးကို နိုင်ငံခြားမှ ငွေများစွာဖြင့် ငှားရမ်းခဲ့ရသည်။

သူတို့သည် ပြည်ပမှ အဆင့်မြင့်အရာရှိအချို့ကိုပင် အကာအကွယ်ပေးခဲ့ဖူးသည်။

သူတို့က ထိုလူရှေ့တွင် ဒီလောက်ထိသာ ခံနိုင်ရည်ရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားချေ။

ထိုသတ်လတ်ပိုင်းအရွယ် အမျိုးသား၏ ခွန်အားသည် မယုံနိုင်လောက်အောင် ပြင်းထန်လေသည်။

ထို့ကြောင့် သူ့လက်မှ လွတ်မြောက်လာသော ယဲ့ဖန်ကို လျှော့တွက်၍မရနိုင်ကြောင်း တွေးကြည့်နိုင်သည်။

" မသေချင်ရင် သွားလိုက်တော့ "

ထိုအမျိုးသားက သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်။

သူဌေးသားသည် မနေရဲတော့ပေ။

အမြန်ကုန်းထပြီး လှိမ့်ကာ တွားသွားသည်။

သတ်လတ်ပိုင်းအရွယ် အမျိုးသားက ပြုံးလိုက်သည်။

သူက လှည့်ကြည့်လိုက်ပြီး စာရွက်တစ်ရွက်ကို ယဲ့ဖန်ဆီ ပေးလိုက်သည်။

" ညီလေး၊ ဒီအကောင့်ထဲကို ငွေလွှဲလိုက်ရုံပါပဲ။ အကယ်၍ ငါ အသက်ရှင်လျက် ပြန်လာနိုင်ရင် မင်းနဲ့ အတူတူ လာသောက်မယ် "

ထိုသို့ပြောပြီးနောက် သူက ယဲ့ဖန်၏လက်ကို ပုတ်ကာ လှည့်ထွက်သွားသည်။

ရှိနေသူအားလုံးသည် ထိုမြင်ကွင်းကို မှင်တက်စွာ ကြည့်နေကြသည်။

ဒါပဲလား ...... သူက ထွက်သွားပြီလား။ သူက အဲ့လောက် စိတ်ချတယ်လား။

သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် နာမည်တောင် မသိကြဘူးလေ။

တစ်ဖက်က ဓားသွားယူသွားပေမယ့် ပိုက်ဆံမလွှဲရင် ဘယ်လိုလုပ်မလဲ။

ဒါက ယွမ် သန်း ၂၀၀တောင်။

ထိုပမာဏသည် လူများစွာကို အသိစိတ်လွတ်မည့်ကိစ္စမျိုးကို လုပ်နိုင်ရန် လုံလောက်စေသည်။

ဒါပေမယ့် ယဲ့ဖန်က သူတို့ထင်သလောက် မဆိုးချေ။

သူက ချန်းရွှမ်ကို ချက်ချင်းဖုန်းဆက်ပြီး ငွေလွှဲခိုင်းလိုက်သည်။

ဤမျှကြီးမားသော ငွေပမာဏလွှဲပြောင်းမှုအတွက် ဘဏ်နှင့် ဆက်သွယ်ရန် လိုအပ်သောကြောင့် ယဲ့ဖန် မေးရန် ပျင်းလွန်းလှသည်။

ကျူးရှောင်ကျောင်း အံ့အားသင့်စွာ သူ့ဆီ လျှောက်သွားသည်။

" ဒါ ...... တကယ် ကျန်းလုဓားလား။ ငါတကယ် ဒဏ္ဍာရီလာဓားကို ငါ့မျက်စိနဲ့ မြင်နိုင်တာလား။ တကယ်ကို အံ့သြစရာကောင်းတာပဲ "

သူမတင်မကဘဲ ဘေးမှကြည့်နေသူများသည်လည်း ယဲ့ဖန် ကို ရှုပ်ထွေးသောအကြည့်များဖြင့် ကြည့်နေကြသည်။

ဒီကလေးက ကံကောင်းလွန်းတယ်။

အရင်က ထိုကောင်လေးမှ ကျိုးနေသောဓားတစ်ချောင်းကို ဝယ်ယူရန် သန်း ၂၀၀ သုံးစွဲခဲ့ခြင်းကြောင့် တစ်ဖက်ကို လှောင်ပြောင်ခဲ့ကြသည်။

သို့သော် ထိုအရာက အလွန်မိုက်မဲသည့် လုပ်ရပ်တစ်ခုဖြစ်လေသည်။

ငတုံးက ကံကောင်းမယ်လို့ ဘယ်သူက ထင်မှာလဲ။

သူက ကံကောင်းပြီး ဒဏ္ဍာရီလာဓားပိုင်ရှင်အသစ် ဖြစ်လာလေသည်။

သူတို့သည် ထိုအခါမှ မနာလိုဖြစ်လာကြသည်။

ယဲ့ဖန်သည် ပူလောင်သောအကြည့်ဖြင့် ရှေးဟောင်းဓားသွားကို စိုက်ကြည့်နေသည်။

သူသည် တစ်နေ့တွင် ကျန်းလုဓားပိုင်ရှင်ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။

ထိုအချိန်တွင် ကျူးရှောင်ကျောင်းက မေးသည်။

" ဒါပေမယ့် ဒီဓားကို နင် ဘယ်လိုဆွဲထုတ်မှာလဲ "

အပိုင်း ( ၆၃၉ )

လမ်းတစ်လျှောက်မှ မီးပွားများ

လူစုမခွဲရသေးသော လူအုပ်ကြီးသည် ယဲ့ဖန်ကို စူးစူးစိုက်စိုက်ကြည့်နေကြသည်။

ယဲ့ဖန်မှ ဤနာမည်ကြီးဓားအား ဘယ်လိုထုတ်မည်ဆိုသည်ကို သူတို့ သိချင်နေကြလေသည်။

ဓားစိုက်ထားခြင်းနှင့် ယခင်အားထုတ်မှုများကို ကြည့်ခြင်းအားဖြင့် ဓားအား အုတ်ခဲကို ဖောက်ခွဲပြီးမှသာ ထုတ်ယူနိုင်မည်ဖြစ်သည်။

သို့သော် ယဲ့ဖန်မှာတော့ ထိုကဲ့သို့ ကျောက်တုံးကို ဖောက်ခွဲလိုက်ခြင်း မလုပ်ခဲ့ချေ။

သူသည် ခါးကိုကိုင်းလိုက်ပြီး ဓားရိုးအား လှမ်းဆွဲကိုင်လိုက်သည်။

ထိုအခါ သူနှင့် ဓား၏ သွေးကြောဆက်နွယ်မှုကို ချက်ချင်း ခံစားလိုက်ရသည်။

လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်မှ ဤဓားကို ဆရာကြီးအောင်ရဲကျီမှ သွန်းလုပ်ခဲ့သည့်အချိန်၌ ဝီရိယစိုက်ထုတ်ကာ လှုပ်ရှားနေမှုကို သူကိုယ်တိုင် မြင်လိုက်ရသလိုပင် ဖြစ်သွားလေသည်။

ဤတင်္ဒဂတွင် သူသည် အချိန်နှင့် အာကာသကို ဖြတ်သန်းသွားသလို ခံစားလိုက်ရသည်။

ဘေးပတ်ဝန်းကျင်မှ လူအုပ်ကြီးသည် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။

" ဒီကလေးက ဒီလိုကြီးတင် ဆွဲထုတ်ဖို့ စဉ်းစားနေတာတော့ မဟုတ်ဘူးမလား။ ဒီအတိုင်းဆွဲထုတ်ဖို့က မဖြစ်နိုင်ဘူး မဟုတ်လား "

" ဟုတ်တယ်၊ ခုနကတင် လူတော်တော်များများ ကြိုးစားကြပေမယ့် ဘယ်သူမှ ဆွဲမထုတ်နိုင်ကြဘူး။ သူရော လုပ်နိုင်မယ်မထင်ဘူး၊ ဟုတ်တယ်မလား "

" အရင်ကြည့်စမ်းပါဦး။ ဒီကလေးက ဘယ်လောက်တောင် ပိန်လိုက်လဲ။ ဆွဲထုတ်နိုင်ရင် သေပြီး သရဲတန်းဖြစ်သွားလိမ့်မယ် "

" သူ ဓားကို ဖယ်နိုင်ရင် ငါ ချီးသွားစားလိုက်မယ် "

လူတိုင်းက ရွဲ့စောင်းပြောနေကြချိန်တွင် ယဲ့ဖန်သည် သူ့ခြေထောက်ကို သေချာနေရာတကျရပ်ပြီး သူ့၏ခွန်အားအားလုံးကို သူ့ညာလက်ထဲသို့ စုဆောင်းလိုက်သည်။

" ရား ....... "

ထို့နောက် ကျယ်လောင်စွာ အော်လိုက်သည်။

ထိုသို့ဖြင့် ထုံးကျောက်အုတ်ထဲတွင် စိုက်ထားသည့်ဓားကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်သည်။

ဓားကို တစ်ချက်တည်းဖြင့် ဆွဲထုတ်လိုက်သည်ကို မြင်သောအခါ ဘေးတွင် ရပ်ကြည့်နေသော မျက်လုံးများ ပြူးကျယ်သွားရသည်။

နောက်ဆုံးတွင် သူတို့၏ မျက်လုံးများ ရှေ့သို့ ပြူးထွက်ကျလာမတတ် ဖြစ်သွားသည်။

ချွမ်

ကျန်းလုဓားကို ယဲ့ဖန်မှ ဆွဲထုတ်လိုက်သည့်အခါ ဓားမှ နဂါးအော်သံကဲ့သို့ အသံတစ်ချက် ဟိန်းထွက်လာသည်။

ဓားသည် တစ်မီတာခန့်ရှည်ပြီး ရိုးရှင်းစွာ တန်ဆာဆင်ထားသော်လည်း ဟိန်ဟန်ပြင်းသော ရောင်ဝါကို ထုတ်ပေးနေသည်။

ဓားသွားမည်မျှထက်သည်ကို ပြောရခက်သော်လည်း ပြင်းထန်သော ဖိနှိပ်မှု ခံစားချက်ကို ပေးစွမ်းလေသည်။

လူတိုင်းသည် ဓားသွားကို စိုက်ကြည့်ကြရင်း စိတ်ဝိညာဉ်များပင် တုန်လှုပ်သွားကြရသည်။

" ဒါက တကယ်ကို ကျန်းလုဓားပဲ။ ငါ တကယ်ကြီး ဒဏ္ဍာရီလာ ကျန်းလုဓားကို တွေ့ဖူးသွားပြီ။ ဒီအကြောင်းကို တစ်သက်လုံးတောင် ကြွားလုံးထုတ်နိုင်တယ် "

" သူက ဘယ်လိုလုပ် ဆွဲထုတ်နိုင်တာလဲ။ ဒီလူငယ်လေးက အရမ်း မသန်မာလွန်းဘူးလား "

" ဟိုရောင်းတဲ့လူက လွယ်လွယ်နဲ့ ထွက်သွားတာ အံ့သြစရာမရှိတော့ပါဘူး။ ဒီလူငယ်လေးက ဆွဲထုတ်နိုင်မယ်ဆိုတာ သူ ယုံကြည်ပြီးသားပဲ "

" ချီးစားမယ်လို့ ပြောလိုက်တဲ့သူ ဘယ်မှာလဲ။ မင်းရဲ့ကတိကို ဖြည့်ဆည်းပေးဖို့ အချိန်ရောက်ပြီ မဟုတ်ဘူးလား "

" အဲ့ကောင် ထွက်ပြေးသွားတာကြာနေပြီ ...... "

ကျူးရှောင်ကျောင်း၏ အကြည့်များသည် ကျန်းလုဓားနှင့် ယဲ့ဖန်၏ မျက်နှာတို့ကြား ရွေ့လျားနေကာ သူမ၏ လှပသော မျက်လုံးများက တလက်လက်တောက်နေသည်။

ယဲ့ဖန်၏ လက်ရှိခန္ဓာကိုယ်သည် လူတိုင်းကို ကြွေကျစေနိုင်သော တန်ခိုးကြီးသည့် ဘုရင်တစ်ယောက်၏ဩဇာကို ထုတ်လွှတ်နေသည်ဟု ဆိုရပေမည်။

သူမသည် ယဲ့ဖန်ဆီသို့ လျှောက်လာကာ ခြေဖျားထောက်ပြီး ရပ်လျက် ပါးပြင်ကို နမ်းလိုက်သည်။

ယဲ့ဖန်သည် လွှမ်းမိုးနိုင်စွမ်းရှိသည့် အရိပ်အယောင်ကို လွှမ်းခြုံထားဆဲဖြစ်သည်။

ဒီမိန်းကလေးမှ ဤကဲ့သို့လုပ်ဖို့ မမျှော်လင့်ထားတာကြောင့် ပြောစရာစကား ပျောက်ရှနေသည်။

" အိုး ...... မင်း ...... "

ယဲ့ဖန်သည် ကျူးရှောင်ကျောင်းကို ကြောင်အအနှင့် ကြည့်နေသည်။

လူငယ်တွေကတော့ ကျင့်ဝတ်ကို ဂရုမစိုက်တော့ဘူးလား။

ဒီကောင်မလေး ဘယ်လိုလုပ်ပြီး သူ့ကို ခြုံခိုတိုက်ခိုက်ရဲရတာလဲ။

ထိုအချိန်တွင် ကျူးရှောင်ကျောင်းသည်လည်း အာရုံပြန်ကပ်လာသည်။

ထို့ကြောင့် သူမ၏ လှပသော မျက်နှာလေးသည် ချက်ချင်းပင် နီရဲလာသည်။

" အထင်လွဲမနေနဲ့နော် ...... "

" မရှင်းပြနဲ့။ ကိုယ်နားလည်ပါတယ် "

ယဲ့ဖန် သဘောထားကြီးတဲ့အပြုံးမျိုး ပြုံးပြလိုက်သည်။

ကျူးရှောင်ကျောင်း ထိတ်လန့်သွားသည်။

" နင်က ဘာသိလဲ။ နင့်ရဲ့ ပေါက်ကရအတွေးတွေနဲ့ လျှောက်တွေးမနေနဲ့။ ငါက ..... ဒီအတိုင်း ...... "

သူမသည် 'ဒီအတိုင်း'ဟုသာ အချိန်အတော်ကြာအောင် ထပ်ခါတလဲလဲ ပြောသော်လည်း စကားကို ဘယ်လိုဆက်ပြောရမည်ကို မသိပေ။

ယဲ့ဖန်က ယုတ်မာသော အပြုံးကို ထုတ်ပြုံးပြလိုက်သည်။

" မင်း ကိုယ့်ရဲ့ ကိုယ်ရောင်ကိုယ်ဝါကြောင့် အားနည်းသွားတာမဟုတ်လား။ အဲ့တာကြောင့် မင်း စိတ်ထဲကတော့ မပါပေမဲ့ ကိုယ့်ဆီကို မင်းကိုယ်မင်း ပေးအပ်ချင်သွားတာလေ။ ကိုယ် နားလည်ပါတယ် "

ကျူးရှောင်ကျောင်း ချက်ချင်း သူ့ကို ဆဲဆိုလိုက်သည်။

" အရှက်မရှိလိုက်တာ။ ဘယ်သူက နင့်ဆီကို ပေးဆပ်ချင်နေလို့လဲ "

ယဲ့ဖန် သူမကို မကျေမနပ် ကြည့်နေသည်။

" မင်းက ကိုယ့်ကို နမ်းလိုက်တော့ မသန့်ဂှင်းတော့ဘူးလေ။ အဲ့တာကြောင့် အခု မင်းက ကိုယ့်ကို ထားသွားတော့မှာလား။ ရက်စက်လိုက်တာ "

ကျူးရှောင်ကျောင်းက ဒေါသကြောင့် တုန်လှုပ်နေသည်။

" နင် ...... နင်ကများ အခွင့်ကောင်းယူပြီး သူတော်ကောင်း ဟန်ဆောင်နေသေးတယ် "

ယဲ့ဖန်က ပြန်အော်လိုက်သည်။

" မင်းက ကိုယ့်ကို ခိုးနမ်းတာလေ။ ဘယ်သူက အခွင့်ကောင်းရသွားတာလဲ။ ကိုယ်က အဲ့တာကို မလိုချင်မှတော့ မင်းကို ပြန်ပေးမယ် "

ယဲ့ဖန်သည် ပြောနေရင်းဖြင့် နှုတ်ခမ်းစူပြီး မတ်တတ်ရပ်လိုက်သည်။

ကျူးရှောင်ကျောင်း အလွန်ထိတ်လန့်သွားပြီး သူမ၏မျက်နှာသည် ဖျော့တော့သွားရသည်။

ထို့နောက် သူမ လှည့်ကာ ထွက်ပြေးတော့သည်။

ယဲ့ဖန်က အရှုံးမပေးချေ။

သူသည် ကျန်းလုဓားကိုကိုင်ပြီး သူမ အနောက်ကို လိုက်သွားလေသည်။

ဓားသွားသည် လမ်းတစ်လျှောက်နှင့် ပွတ်တိုက်မိပြီး တလက်လက်တောက်ပနေသည်။

ပွတ်တိုက်မှုကြောင့် မီးပွားများပင် ထွက်နေသည်။

အမှန်တရားကို မသိသော ရှေးဟောင်းလမ်းပေါ်ရှိ လူများမှာ အံသြသွားကြရသည်။

ကောင်လေးတစ်ယောက်က ဓားနဲ့လိုက်ဖမ်းနေပြီး ကောင်မလေးတစ်ယောက်ကကျ အော်ဟစ်ပြီး ရှေ့ကနေ ထွက်ပြေးနေသည်။

ဒါက ဘယ်လိုပဲကြည့်ကြည့် မှုခင်းမြင်ကွင်းတစ်ခုလိုပဲ။

ကျူးရှောင်ကျောင်းအား အကာအကွယ်ပေးနေသော လူနှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ကြောင်ကြည့်နေကြသည်။

" မမလေးက ဒီကောင်လေးကို အခုနမ်းလိုက်တာလား။ ဒါကိုရော အထက်လူကြီးတွေကို အကြောင်းကြားသင့်သလား "

" တခြားသူတွေရဲ့ ကိစ္စမှာ ဝင်မစွက်ဖက်ဖို့ အကြံပေးချင်တယ်။ မင်းက မမလေးကို ညှော်လိုက်တယ်ဆိုတာ သိသွားရင် မင်းသေပြီ "

" ဒါပေမယ့် ငါတို့က သတင်းမပို့ရင် မမလေးက သူ့ကို လုံးဝကြီး ကြွေကျသွားတော့မှာ မဟုတ်လား "

" အဲ့တာ ကောင်းတဲ့ကိစ္စမဟုတ်ဘူးလား။ ဒီအဘွားအိုလေးက မိသားစုတစ်ခုလုံးကို ခေါင်းကိုက်အောင်လုပ်နေကြလေ။ အဲ့ကောင်လေးကြောင့်သာ အချစ်ခြေချုပ်မိသွားရင် မိသားစုက ပိုပျော်နေမှာ မဟုတ်လား "

" ဟုတ်သားပဲ ...... "

................................

ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့သည် ရှေးဟောင်းလမ်းမှ ထွက်ခွာလာပြီးနောက် နေ့လည်စာစားရန် စားသောက်ဆိုင်တစ်ခုသို့ ရှာသွားခဲ့ကြသည်။

စားသောက်ဆိုင်ရှိ လူတိုင်းသည် သူတို့နှစ်ယောက်ကို စူးစူးစမ်းစမ်း ကြည့်နေကြသည်။

ထိုအတွက် သူတို့ အပြစ်တင်လို့ မရချေ။

အကြောင်းမှာ သူတို့နှစ်ယောက်၏ ပြင်းထန်သော ညှို့ယူဓာတ်ကြောင့်ဖြစ်သည်။

ကျူးရှောင်ကျောင်းသည် သူမ သွားလေရာနေရာတိုင်း၏ အာရုံစိုက်ခံရမှု ဗဟိုချက်ဖြစ်လေသည်။

ယဲ့ဖန်မှာတော့ သူ့လက်ထဲတွင် ဓားတစ်ချောင်း ကိုင်ဆောင်ထားသောကြောင့် သူ့လုပ်ရပ်က ထူးဆန်းနေလေသည်။

ထို့ကြောင့် ခေါင်းလှည့်ကြည့်သူ အရေအတွက်က မထင်ထားလောက်အောင် များပြားသည်။

သူတို့နှစ်ယောက် ထိုင်စားသောက်နေသည်ကို မမြင်မိရန်မှာ အတော်လေးခက်ခဲလေသည်။

ဗိုက်ပြည့်သည်ထိ ထမင်းစားပြီးနောက် အမြန်ထလိုက်ကြသည်။

" ဒီမှာ ခဏစောင့်။ ကိုယ် ကားယူလာခဲ့မယ် "

စားသောက်ဆိုင်မှ ထွက်လာပြီးနောက် ယဲ့ဖန်သည် ကျူးရှောင်ကျောင်းကို စောင့်နေခိုင်းခဲ့ပြီး ကားရပ်နားရာသို့ သွားခဲ့သည်။

Blue Charm Nightနှင့်အတူ သူ ပြန်လာသောအခါ သူ့ရှေ့မှ မြင်ကွင်းသည် ချက်ချင်းပင် သွေးစောင့်တက်မတတ် ဖြစ်သွားခဲ့သည်။

စားသောက်ဆိုင်အဝင်ဝတွင် သူ့ကို ရပ်စောင့်နေသည့် ကျူးရှောင်ကျောင်းကို ခွေးတစ်ကောင်က လှမ်းဟပ်နေသည်။

သူမသည် အရမ်းကြောက်နေပြီး မျက်နှာက ဖြူဖျော့နေသည်။

သူမ ရှောင်တိမ်းနေသော်လည်း ခွေးဆိုးကြီးက သူမနောက်ကို လိုက်ကိုက်နေသည်။

မနီးမဝေးတွင် လှပသော အဝတ်အစားများကို ၀တ်ဆင်ထားသော အမျိုးသမီးအချို့သည် ရယ်စရာကောင်းသော ပြပွဲကို ကြည့်နေရသကဲ့သို့ သူတို့အားလုံးသည် ရယ်မောနေကြသော်လည်း ထိုခွေးကို တားရန် ဘယ်သူမှ ရှေ့မတိုးလာကြပေ။

ယဲ့ဖန်၏ မျက်လုံးများ ပေါက်ထွက်မတက် ဒေါသဖြစ်သွားကာ ကျန်းလု ဓားကို ချက်ချင်းကိုင်ကာ တံခါးဖွင့် ဆင်းလာသည်။

ကျူးရှောင်ကျောင်းကို ကာကွယ်စောင့်ရှောက်နေသည့် လူနှစ်ယောက်သည် ရှေ့ကို အပြေးလာနေသော်လည်း ယဲ့ဖန်ပြန်လာသည်ကို တွေ့လိုက်ပြီး ပြန်ပုန်းနေလိုက်ကြရသည်။

ကျူးရှောင်ကျောင်းသည် အလွန်ကိုပင် ထိတ်လန့်ကြောက်ရွံ့နေပြီဖြစ်သည်။

ယဲ့ဖန်ပြန်လာသည်ကို သူမ မြင်လိုက်သည့်အခါ ကယ်တင်ရှင်ကို မြင်လိုက်ရသလို ဖြစ်သွားသည်။

" ယဲ့ဖန်၊ ငါ့ကိုကယ်ပါဦး ........... "

ထိုအချိန်တွင် ခွေးဆိုးသည် ရုတ်တရက် ပါးစပ်ကိုဟကာ သူမ၏ သေးသွယ်သော ခြေသလုံးကို ကိုက်သည်။ ယဲ့ဖန်သည် ချက်ချင်းပင် သူမကို အနောက်သို့ ဆွဲကာလိုက်ပြီး ထိုခွေး၏ ခေါင်းကို ပြင်းထန်စွာ ကန်လိုက်သည်။

ထိုခွေးဆိုးသည် ညည်းတွားပြီး ရပ်ကြည့်နေသည့် အမျိုးသမီးတစ်ယောက်၏ အနောက်သို့ ချက်ချင်း ပြေးသွားသည်။

ထိုအမျိုးသမီးသည် ဟက်ဟက်ပက်ပက် ရယ်မောနေသော်လည်း သူမ၏ချစ်လှစွာသော ခွေးကို ကန်ထုတ်ခံရသည်ကို မြင်သောအခါတွင် ဒေါသထွက်သွားသည်။

" ဟဲ့အကောင်၊ နင် ငါ့ဟွမ်ဟွမ်လေးကို ဘာလုပ်တာလဲ။ နင် သေချင်တာလား "

အပိုင်း ( ၆၄၀ )

ဓားလက်ဝယ်ပိုင်ထားမှုကြောင့် ဖြစ်လာသော လူသတ်ချင်စိတ်

ယဲ့ဖန်သည် ကျူးရှောင်ကျောင်းကို အရင်နှစ်သိမ့်ပေးလိုက်သည်။

" မင်းအဆင်ပြေရဲ့လား။ ခွေးက ကိုက်လိုက်သေးတာလား "

ကျူးရှောင်ကျောင်းသည် ချက်ချင်း သူ့ရင်ခွင်ထဲသို့ ခေါင်းတိုးလိုက်သည်။ ထို့နောက် ခေါင်းကို ညင်ညင်သာသာ ယမ်းရင်း ပါးပြင်ပေါ်တွင် မျက်ရည်များ စီးကျလာသည်။

ယဲ့ဖန်သည် သူမ၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်နေသေးသည်ကို ခံစားနိုင်လေသည်။

သူမ သိသာစွာပင် အလွန်ကို ထိတ်လန့်သွားလေသည်။

ဤအချက်က သူ့ကို အတော်လေး ဒေါသထွက်စေခဲ့သည်။

ထို့နောက် ကျိန်ဆဲနေသည့် အမျိုးသမီးကို ချက်ချင်း လှည့်ကြည့်လိုက်သည်။

" ခင်ဗျားခွေးက လူတွေကို ကိုက်နေတာလေ။ မတားဘဲ ရယ်နေသေးမှတော့ အခု ခင်ဗျားဘက်က ပြန်ပြီး မေးခွန်းထုတ်စရာ ရှိသေးလို့လား "

ထိုမိန်းမသည် ရုပ်ရည်ချောမောလှပသည်။ အသက်ငါးဆယ်ကျော်ဝန်းကျင်ဟု ထင်ရသော်လည်း သူမကိုယ်သူမ ကောင်းမွန်စွာ ဂရုစိုက်ပုံရသည်။

ငယ်စဉ်ကလည်း လှပခဲ့သည်မှာ ထင်ရှားလေသည်။

သူမသည် သူမ၏ခွေးကို ငုံ့ကြည့်နေစဉ်မှာတင် ယဲ့ဖန်မှ ပြန်ခံပြောသည်ကို ကြားလိုက်ရသည်။

ထိုလေသံက သူမကို ချက်ချင်းပင် ဒေါသထွက်သွားစေသည်။

" အဲ့ကောင်မကို ကိုက်တာ ဘာဖြစ်လဲ၊ သေအောင် အကိုက်ခံရရင်တောင် တန်သေးတယ်။ ဒါပေမယ့် ငါရဲ့ဟွမ်ဟွမ်လေး တစ်ခုခုဖြစ်သွားလို့ကတော့ ငါ နင့်ကို သတ်ပစ်မယ် "

ယဲ့ဖန်သည် သူမ၏ ထူးဆန်းသော စကားများကို ကြားလိုက်သောအခါ ဒေါသထွက်လွန်းလို့ ရယ်လိုက်သည်။

" ခင်ဗျားမျက်စိထဲမှာ ခွေးလောက်တောင် လူ့အသက်က တန်ဖိုးမရှိဘူးလား "

ထိုအမျိုးသမီးသည် သူတို့နှစ်ယောက်ကို အထင်သေးစွာ ကြည့်လေသည်။

" လူ့အသက်ဆိုတာ ဘာမလို့လဲ။ ငါ့ဟွမ်ဟွမ်လေးနဲ့ ယှဉ်လိုက်ရင် ဘာတန်ဖိုးမှ မရှိဘူး။ ကောင်စုတ်၊ နင် ငါ့ဟွမ်ဟွမ်လေး နေကောင်းပါစေလို့ ဆုတောင်းနေလိုက်။ မဟုတ်ရင် နင် ဒီကမ္ဘာမှာ မွေးဖွားလာရတာကို နောင်တရသွားစေရမယ် "

ယဲ့ဖန် အေးစက်စွာ ရယ်လိုက်မိသည်။

" သခင်က ခွေးနောက်ကို တကယ်လိုက်နေတာပဲ။ ခွေးရူးက လူတွေကို နေရာတကာ ကိုက်တယ်။ တကယ်ကျ သခင်က ခွေးရူးထက်တောင် ခွေးရူးနဲ့ ပိုတူနေတာပဲ "

ထိုမိန်းမသည် ယဲ့ဖန်၏စကားကို ကြားသောအခါ ဒေါသ ပေါက်ကွဲသွားတော့သည်။

" ဘယ်သူ့ကို ခွေးရူးလို့ ခေါ်နေတာလဲ "

ယဲ့ဖန်က ရက်စက်စွာ ပြုံးလိုက်သည်။

" ပိုကျယ်ကျယ်အော်တဲ့ ခွေးရူးကို ပိုဆုံးမပေးရမှာပဲ "

ထိုအမျိုးသမီးသည် ချက်ချင်းပင် ဒေါသူပုန်ထသွားပြီး သူမ၏ခွေးကို အမိန့်ပေးလိုက်သည်။

" ဟွမ်ဟွမ်၊ သွားကိုက်လိုက်စမ်း "

ခွေးသည် သခင်၏အမိန့်ကိုကြားသောအခါ ယဲ့ဖန်ဆီသို့ ချက်ချင်း ခုန်ပြေးသွားသည်။

ကျူးရှောင်ကျောင်း ကြောက်လန့်ကာ ထပ်ပြီး အော်လိုက်သည်။

ယဲ့ဖန်၏ မျက်လုံးများတွင် အေးစက်သော အရောင်တစ်ခူ လင်းလက်သွားသည်။

ထိုခွေးသည် သူ့ရှေ့ကို ပြေးရောက်လာချိန်တွင် သူ့လက်ထဲမှ ကျန်းလုဓားကို ချက်ချင်း လွှဲလိုက်သည်။

ရွှား

ဓားသည် ချွန်ထက်သောပုံမပေါ်သော်လည်း ခွေး၏ဦးခေါင်းသည် တို့ဟူးတုံးကဲ့သို့ ငြိမ်သက်စွာ ချက်ချင်း လှိမ့်ဆင်းသွားသည်။

ပိုလို့ပင် အံ့သြစရာကောင်းသည်မှာ ဓါးပေါ်၌ သွေးတစ်စက်မှ မစွန်းပေ။

အင်မတန် အံ့သြစရာကောင်းလေသည်။

ထိုခွေးဆိုးသည် သူ၏ဓားအောက်တွင် ပထမဆုံးသေသည့် ဝိညာဉ်ဖြစ်လာခဲ့တော့သည်။

ထိုသွေးထွက်သံယို မြင်ကွင်းကို မြင်လိုက်ရသောအခါ ထိုအမျိုးသမီး၏ အနောက်မှ မိန်းမတချို့သည်လည်း ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။

မြင်လိုက်ကြသည့် လမ်းသွားလမ်းလာတွေပင် တုန်လှုပ်သွားကြသည်။

တခဏ ထိတ်လန့်သွားပြီးနောက် ထိုအမျိုးသမီးက ရုတ်တရက် ငိုယိုလေသည်။

" ဟွမ်ဟွမ်၊ ငါ့ဟွမ်ဟွမ်လေး ........ "

ခွေးအလောင်းကို ပွေ့ဖက်ကာ သူ့သားလေးကို ဆုံးရှုံးလိုက်ရသလို ရှိုက်ကြီးတငင် ငိုလေသည်။

ယဲ့ဖန်သည် ကျူးရှောင်ကျောင်းကို ဘေးသို့ ဆွဲထူလိုက်သည်။

ကျူးရှောင်ကျောင်းသည်လည်း ဤရုတ်တရက်ဆန်သော မြင်ကွင်းကြောင့် ထိတ်လန့်သွားသည်။

သူမသည် ယဲ့ဖန်ကို ဘေးမှ ကြောင်အအကြည့်နေကာ သူမ၏ စိတ်ထဲတွင် ဗလာနတ္ထိဖြစ်နေသည်။

ထိုအမျိုးသမီးသည် ညစ်ပတ်သော ခွေးအလောင်းကို ဂရုမစိုက်ဘဲ ဖက်ထားသောကြောင့် ခွေး၏ သွေးများသည်ပင် သူမ၏ ဇိမ်ခံအဝတ်အစားများတွင် စွန်းထင်းသွားခဲ့သည်။

သူမသည် တစ်ဖက်သား၏ နှလုံးသားကို နာကျင်စေလောက်အောင်ပင် ငိုကြွေးနေခဲ့သည်။

ထိုငိုသံအား ကြားသည့်သူတိုင်းက ဝမ်းနည်းပြီး မျက်ရည်ကျကြရသည်။

ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို ကြည့်ဖို့ ဝိုင်းလာသည့် လူတချို့မှာ ဖြစ်စဉ်အစအဆုံးကို သေချာ နားမလည်ကြပေ။

ဓားတစ်လက်ကိုကိုင်လျက် မတ်တပ်ရပ်နေပြီး မျက်နှာထား အေးစက်နေသည့် လူတစ်ယောက်ကိုသာ တွေ့လိုက်ရသည်။

ထို့အပြင် မြေကြီးပေါ်တွင် ခွေးအလောင်းတစ်လောင်း ရှိနေသည်။

ခွေးပိုင်ရှင်မှာလည်း ပျော့ညံ့သော အမျိုးသမီးတစ်ဦးဖြစ်သည်။

ထိုအချက်များကို နှိုင်းယှဉ်ကြည့်လျှင် ဘယ်သူက မှန်သည်၊ ဘယ်သူက မှားသည်၊ ဘယ်သူက ကောင်းသည်၊ ဘယ်သူက ဆိုးသည် ဆိုတာ ရှင်းလေသည်။

ထို့ကြောင့် လူတိုင်းက ယဲ့ဖန် ကို ပြစ်တင်သမုတ်လာကြသည်။

" ဒီခွေးကို ဒီတစ်ယောက် သတ်လိုက်တာလား။ တကယ်ကို မတရားသဖြင့်နဲ့ ဒီလောက် ရက်ရက်စက်စက် သတ်နိုင်ရတာလဲ "

" ခွေးတွေက အရမ်းချစ်စရာကောင်းပါတယ်။ ဘာလို့သူက ခွေးတွေကို သတ်ချင်နေရတာလဲ။ တချို့လူတွေက ခွေးတွေထက်တောင် ပိုဆိုးတယ်။ သူတို့က လူမဆန်ဘူး "

" အဲ့အမျိုးသမီးက အားနည်းတဲ့ မိန်းမဆိုတော့ အနိုင်ကျင့်နေတာလား။ သူက တိရစ္ဆာန်ထက်တောင် ပိုဆိုးတာပဲ "

" ဒီလိုလူမျိုးက အသက်ရှင်ဖို့တောင် မထိုက်တန်ဘူး။ ငရဲကိုသွား၊ ၁၈ခါလောက်သေပြီး ငရဲကိုဆင်းသွားလိုက် "

" သူ့ကို ငရဲမှာ အပိုင်းပိုင်းဖြတ်ပြီး ခွေးကိုက်ခံရမယ်ထင်တယ် ....... "

ထိုလူများသည် ယဲ့ဖန်ကို ဆိုးရွားသော စကားလုံးများဖြင့် ကျိန်ဆဲပြီး ထိုပိုင်ရှင်အအျိုးသမီးနှင့် ခွေးကိုတော့ မေတ္တာပြခဲ့ကြသည်။

ယဲ့ဖန်သည် ထိုလူများကို ကြည့်ကာ 'အရူးတွေ'ဟု ဆဲဆိုလိုက်သည်။

အချို့သောသူများသည် အကြောင်းအကျိုးကို နားမလည်ဘဲ အမြင်ဖြင့် လူတတ်ကြီးလုပ်ကာ သူတစ်ပါးကို တိုက်ခိုက်ရန် အမြဲ နှစ်သက်ကြသည်။

အကျင့်စာရိတ္တတစ်ခုပြပြီး တခြားသူတွေကို သတ်ချင်ကြသည်။

သူတို့အတွက် အကျင့်စာရိတ္တသည် သတ်ရန်လက်နက်တစ်ခုသာဖြစ်သည်။

နာခံသောသူသည် ချမ်းသာရာရပြီး ဆန့်ကျင်သောသူသည် သေကြရလိမ့်မည်။

ထိုကဲ့သို့ ဦးနှောက်မရှိသော သူများအား သူ့ကိုယ်သူ ရှင်းပြချက်ပေးရန် ယဲ့ဖန် စိတ်မ၀င်စားပေ။

သူသည် ကျူးရှောင်ကျောင်းနှင့် ချက်ချင်း ထွက်သွားဖို့ ပြင်သည်။

ခွေးအလောင်းကို ပွေ့ဖက်ရင်း ရှိုက်ကြီးတငင် ငိုနေသည့် အမျိုးသမီးသည် သူတို့နှစ်ယောက် ထွက်သွားတော့မည်ကို တွေ့လိုက်လေသည်။

ထိုအခါ သူမသည် ချက်ချင်း မတ်တပ်ရပ်ပြီး အော်တားလိုက်သည်။

" နင်တို့ ကောင်စုတ်တွေ၊ ငါ့ရဲ့ ဟွမ်ဟွမ်လေးကို သတ်လိုက်ပြီး ဒီအတိုင်း ထွက်သွားချင်နေတာလား "

ယဲ့ဖန်သည် သူ့ဓားကို မြှောက်လိုက်သည်။

" ခင်ဗျားရဲ့ ပါးစပ်ကို သန့်ရှင်းအောင်ထား။ ဒါမှမဟုတ်ရင် ခင်ဗျားကိုပါ ရှင်းပစ်လိုက်လို့ရတယ် "

အမျိုးသမီးသည် ထိတ်လန့်တကြားဖြင့် ခြေတစ်လှမ်းဆုတ်သွားသော်လည်း သူမ၏ ညီမများရှေ့တွင် အရှက်မကွဲစေရန် ပြန်အော်ပြောပြန်သည်။

" ဘာလဲ။ နင်က ငါ့ကို သတ်ချင်သေးတာလား။ သတ္တိရှိရင် ငါ့ဆီလာခဲ့။ ပြောစကားမတည်ရအောင် နင့်အမေ၊ အဖေက မွေးပြီး ကြီးလာတာမဟုတ်ဘူးလား "

ဓားရှည်ကို ကိုင်ထားသည့် ယဲ့ဖန်၏ လက်တွင် သွေးကြောများ ပေါက်ထွက်မတတ်ဖြစ်နေသည်။

သူ့မိဘများသည် သူငယ်စဉ်ကတည်းက ဆုံးပါးသွားသည့်အတွက် တခြားသူများက သူ့မိဘတွေကို ပြောသည့်အခါ အလွန်မုန်းလေသည်။

အဲ့တာက သူ့အမာရွတ်တွေကို ဓားဖြင့်ပြန်မွှန်းသလို ခံစားရစေသည်။

သူ့ဓားကို လွှဲပြီး ထိုကြွက်လိုမိန်းမကို ခုတ်ထစ်ပစ်ဖို့ လုပ်လေသည်။

ရှေးဆိုရိုးစကားအတိုင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ချွန်ထက်သော လက်နက်ကို လက်ထဲတွင်ကိုင်ဆောင်လျှင် သတ်လိုစိတ်သည် သဘာဝအတိုင်း ဖြစ်ပေါ်လာပေမည်။

ဤ ကျန်းလုဓားကို သူ ရရှိပြီးကတည်းက စမ်းကြည့်ဖို့ စိတ်အားထက်သန်နေခဲ့ပြီး ယခုအခါ သူ့နှလုံးသားထဲတွင် ရန်လိုမှုတွေ ပြည့်နှက်နေသည်။

ကျူးရှောင်ကျောင်းသည် ယဲ့ဖန်၏ပုံစံကို မြင်ပြီး ထိတ်လန့်သွားကာ သူ့လက်ကို အမြန်ဆွဲလိုက်သည်။

" ယဲ့ဖန်၊ စိတ်မဆိုးပါနဲ့ "

ယဲ့ဖန်သည် သူမ၏ တောင်းဆိုနေသည့်အသံကို ကြားလိုက်ရသောအခါ သူ့ရင်ထဲမှ ရန်ငြိုးတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားသော်လည်း ထိုအမျိုးသမီးကို အေးစက်စွာ ကြည့်နေဆဲဖြစ်သည်။

" မသေချင်ရင် သွားလိုက်တော့ "

ထိုအမျိုးသမီးသည် ယဲ့ဖန်၏ မျက်နှာပေါ်မှ လူသတ်လိုသည့်အသွင်ကို မြင်လိုက်ရသောအခါ သူမ အမှန်တကယ်ပင် တုန်လှုပ်သွားခဲ့သည်။

သို့သော် ယဲ့ဖန်မှ ထပ်ပြီး မျိုသိပ်လိုက်သည်ကို တွေ့လိုက်ရသဖြင့် သူမ၏ မောက်မာမှုက ပိုတိုးလာပြန်သည်။

" မသတ်ရဲဘူးမလား။ နင်က မလုပ်ရဲပေမယ့် ငါက လုပ်ရဲတယ်။ ဒီနေ့ ငါ့ရဲ့ ဟွမ်ဟွမ်နဲ့အတူ နင်တို့ ကောင်စုတ်တွေပါ သေစေရမယ် "

ထို့နောက် ချက်ချင်း ဖုန်းကို ထုတ်လိုက်ပြီး ဆက်လိုက်သည်။

All Chapters