ဆယ့်နှစ်တန်ပြင်းသော လက်သီး ~
Vol. 11 Ch. 157
" တက်လာခဲ့စမ်း.. နင့်ကို ဘယ်နှကွက် အကျောပေးရမလဲ.. "
ချီဖုန့်ပိုက စင်ပေါ်မှနေ၍ လှမ်းအော်လိုက်၏ ။ လင်းမို့ မည်မျှ ကြောက်မက်ဖွယ်ကောင်းမှန်း သူမ မသိ ။
" ဟမ့်.."
လင်းမို့ မကျေမနပ် နှာခေါင်းရှုံ့လိုက်၏ ။ သူမက သူ့ထက်ပင် မာနကြီးပြနေသေးသည် ။
" ဝှစ်.. "
လင်းမို့ စင်ပေါ်သို့ ခုန်တက်လိုက်သည် ။ လူတိုင်းလင်းမို့အား ကြည့်လိုက်ကြ၏ ။ တခြားတိုက်ပွဲကွင်းမှ လူများပင် ကွင်း၁ အား အာရုံစိုက်နေကြသည် ။
" လင်းမို့ အလှည့်ရောက်ပြီ .."
ဆရာဝေ့ စိတ်ရှုပ်ထွေးနေ၏ ။ လမ်းညွှန်တိုက်ပွဲမှ သင်ခန်းစာယူရမည့် ပထမနှစ်ကျောင်းသားမျိုး ပေါ်လာမည်ဟု သူမမျှော်လင့်ခဲ့ဘူးချေ ။
" ဒီဲပွဲပြီးရင်တော့ လင်းမို့ နားလည်သွားလောက်ပါတယ်.. "
" လမ်းညွှန်တိုက်ပွဲသာ တစ်ရက်စောခဲ့ရင် လင်းမို့ ခုလို ဆုံးရှုံးမှာ မဟုတ်ဘူး.. "
" ဟူး.. "
ဆရာဝေ့က သက်ပြင်းချလိုက်ပြီး...
" လင်းမို့ ရှုံးပြီးသွားရင် အရှုံးသမား ဖြစ်မသွားဘဲ အနာဂတ်မှာ ပိုကြိုးစားနိုင်တဲ့သူ ဖြစ်ဖို့ ငါ မျှော်လင့်ပါတယ်.. "
ဆရာဝေ့နှင့် သိပ်ဝေးသောနေရာတွင် တတိယနှစ်၏ အဆင့်၂ ပါရမီရှင် ဖုန်ကျစ်ဝေက လင်းမို့၏ တိုက်ပွဲအား စောင့်ကြည့်နေသည် ။
' သေချာနေတဲ့ တိုက်ပွဲပဲ..'
ဖန်ကျစ်ဝေ တွေးသည် ။
' ပထမနှစ်တွေက ခုမှ ကျောင်းရောက်လာတာ သူတို့ ပါရမီဘယ်လောက်ရှိရှိ ရေတွင်းထဲက ဖားလေးတွေပဲ.. ကျန်းနန်တက္ကသိုလ်မှာ တစ်နှစ် တက်ပြီးရင် ဘယ်လောက်ထိ တိုးတက်သွားနိုင်လဲဆိုတာ သူတို့နားမလည်ကြဘူး.. '
ဖုန်ကျစ်ဝေသည် သူပထမနှစ်တုန်းက အရိုက်ခံခဲ့ရသော မြင်ကွင်းကို သတိရမိသွား၏ ။
' မင်းက ငါ့အိမ်ကိုတောင် မျက်စောင်းလာထိုးနေသေးတယ်.. '
ဖုန်ကျစ်ဝေ ရယ်လိုက်ပြီး..
' ဒီတိုက်ပွဲပြီးရင်တော့ မင်း အိမ်မက်ကနေ လန့်နိုးလာလိမ့်မယ်.. "
ထိုအခိုက် ယန်ယီမိုက သတိပြန်ကပ် သွားပြီဖြစ်သည် ။ သူမ၏ မျက်ဝန်းများထဲတွင် ကြောက်လန့်သည့် အရိပ်အယောင်များ ပေါ်လာ၏ ။
' ဒုတိယနှစ်က ထိပ်တန်း ပါရမီရှင်တွေကို အနိုင်ယူနိုင်ဖို့ဆိုတာ မဖြစ်နိင်ဘူး.. '
ပထမနှစ်နှင့် ဒုတိယနှစ်များကြားရှိ ကွာခြားချက်ကို သူမနားလည်သွားလေပြီ ။
' ငါအရင်က လင်းမို့ကို ချီဖုန့်ပိုနဲ့ တိုက်ကွက် နည်းနည်းတိုက်နိုင်ပြီး သာမန် ဒုတိယနှစ်တွေကို အနိုင်ယူနိုင်မယ်ထင်ထားတာ ..ခု တိုက်ခိုက်ကြည့်မှပဲ ဘယ်လောက်ခက်တယ်ဆိုတာ သိသွားပြီ.. လင်းမို့လည်း နှစ်ကွက် သုံးကွက်ပြီးရင် ရှုံးမှာပဲ.. '
ရင်ပြင်အတွင်းသို့ ဖက်တီး တစ်ကောင်နှင့် လူပိန်လေး တစ်ယောက် ပြေးလာနေကြသည် ။
ဟောက်ရန်နှင့် လီကျားရွှမ်ပင် ။
" ဟောဟဲ ဟောဟဲ ဟောဟဲ.. "
ဟောက်ရန် အသက်ပြင်းထန်စွာ ရှူနေ၏ ။
" တော်သေးတယ် အချိန်မီသေးတယ်.. အကိုမို့ တိုက်ပွဲကို လွဲတော့မလို့.. "
သူမနေ့ညက လီကျားရွှမ်ကို ကူညီ၍ နေရာရှေ့တိုးပေးခဲ့ပြီး အားလုံးပြီးဆုံးချိန်တွင် နှစ်ထပ်ကြက်သားဂိမ်း ကစားရန် လီကျားရွှမ်နှင့် အတူတူ ထွက်လာခဲ့ကြသည် ။
သူ တစ်ညလုံး ပြင်းထန်စွာ တိုက်ပွဲဝင်ခဲ့ရ၍ မနက်အချိန်မီ မနိုးခဲ့ပေ ။
" မကြည့်လိုက်ရလဲ ဘာဖြစ်လဲဟ.. "
လီကျားရွှမ်က အမှုမထားဟန်ဖြင့် ပြောလိုက်ပြီး..
" ကြည့်ရင်တောင် လင်းမို့ အရိုက်ခံရတာကလွဲလို့ ဘာမြင်ရမှာလဲ.. "
" မဖြစ်နိုင်ဘူး.. "
ဟောက်ရန်က သေချာပေါက်ပြောလိုက်ပြီး...
" အကိုမို့က ပြောတယ် သူသေချာပေါက် နိုင်မှာတဲ့.."
လင်းမို့၏ ခွန်အားကို မျက်လုံးစုံမှိတ်၍ ယုံကြည်နေသူမှာ ဟောက်ရန်တစ်ယောက်သာရှိသည် ။
" ငတုံးကောင်.. "
လီကျားရွှမ်က လှောင်လိုက်ပြီး...
" ညီလေးလင်းကို ချီဖုန့်ပို မပြောနဲ့ ငါတောင် အေးဆေးနိုင်တယ်.. "
လီကျားရွှမ်သည် စိတ်စွမ်းအား ပါရမီရှင် တစ်ဦးဖြစ်သော်လည်း သူ့ကိုယ်သူ ချီဖုန့်ပိုထက် အားနည်းမှန်း သိပေသည် ။
' ငါတောင် ချီဖုန့်ပိုကို မနိုင်တာ လင်းမို့က နိုင်မလား..'
လီကျားရွှမ် ခေါင်းယမ်းလိုက်မိ၏ ။ လင်းမို့က ချီဖုန့်ပိုကို ထိအောင်ပင် တိုက်နိုင်မည်ဟု သူမထင် ။
ချီဖုန့်ပိုသည် သူမ၏ ရှေ့တည့်တည့်ရှိ လင်းမို့အား ကြည့်၍...
" ပြော ဘယ်နှကွက် အကျောပေးရမလဲ.. "
ချီဖုန့်ပို က မောက်မာလှပေသည် ။ သို့သော်လည်း ပတ်ဝန်းကျင်ရှိ ကျောင်းသားနှင့် ဆရာများက ချီဖုန့်ပိုအား မောက်မာသည်ဟု မမြင်ကြပေ ။ သူမတွင် လုံလောက်သော ခွန်အားရှိသည် ။
လင်းမို့က ဖြေးညှင်းစွာ လက်တစ်ချောင်း ထောင်ပြလိုက်သည် ။
" ဆယ်ကွက်လား .."
ချီဖုန့်ပိုက မျက်မှောင်ကြုပ်လိုက်ပြီး ...
" ဆယ်ကွက်က မနည်းလွန်းဘူးလား.. အကွက်နှစ်ဆယ်လောက်တော့ ယူလိုက်.. ချက်ချင်းပွဲပြီးသွားရင် မကောင်းဘူး.. "
" မဟုတ်ဘူး... "
လင်းမို့က ခေါင်းခါလိုက်သည် ။
" တစ်ကွက်ပဲလား.. "
ချီဖုန့်ပိုက နှာခေါင်းရှုံ့လိုက်ပြီး...
" အဲ့တာဆို နင်ချက်ချင်း ရှုံးသွားမှာပေါ့.. "
" မဟုတ်ဘူး.. ငါမင်းကို လက်သီးတစ်ချက်ပဲ ထိုးမယ်လို့ပြောတာ .."
လင်းမို့က တည်ငြိမ်စွာ ပြောလိုက်၏ ။
" လက်သီးတစ်ချက်နဲ့လား.. ဟားဟားဟားဟားးး..."
ချီဖုန့်ပိုက မျက်ရည်များ ထွက်သည်အထိ အားရပါးရ ရယ်လိုက်ပြီး...
" မင်းက ငါ့ကို အူတက်သေအောင် ဟာသလုပ်နေတာလား.. "
လင်းမို့က မလောပေ ။ သူ ချီဖုန့်ပိုအား တိတ်တဆိတ် စိုက်ကြည့်နေလိုက်သည် ။
ချီဖုန့်ပို ရယ်ပြီးသော အခါမှ...
" သတိထား.. "
လင်းမို့က သတိပေးပြီး လက်သီးနှင့် ပြေးထိုးလိုက်သည် ။
လက်သီးချက်က အလွန်ရိုးရှင်းလှပေ၏ ။ သုံးနှစ်ကလေးပင် ထိုသို့ ထိုးနိုင်သည် ။ သို့သော်လည်း ထိုရိုးရှင်းသော လက်သီးချက်၏ ပြင်းအားက ဆယ့်နှစ်တန် ကျော်ပေသည် ။
ချီဖုန့်ပိုက လင်းမို့အား ဆက်လှောင်ရန် ပြင်လိုက်သော်လည်း လန့်ဖြန့်သွားသည် ။ ထို လက်သီးမှ ဖိအားကို သူမ ခံစားမိလေသည် ။ သို့သော် သူမ လှုပ်၍ မရတော့ ။
" ဖောင်း..."
ချီဖုန့်ပိုအား လက်သီးဖြင့် ထိုးမိလိုက်သည်နှင့် ဧရာမ တူကြီးဖြင့် အရိုက်ခံလိုက်ရသလို လွင့်ထွက်သွားသည် ။
တိုက်ပွဲကွင်း ၁၉ ခုကို ကျော်လွန်၍ ပျံသန်းသွားသည် ။
" ဝှစ်.. ဝှစ်..ဝှစ်..ဝှစ်.."
ကွင်း ၂၀ အထိ လွင့်သွား၏ ။
ကွင်း၂၀ တွင် ပထမနှစ်၏ အညံ့ဖျင်းဆုံးနှင့် ဒုတိယနှစ်၏ အညံ့ဖျင်းဆုံးက တိုက်ပွဲ မစသေးဘဲ တစ်ယောက်ကို တစ်ယောက် ကြည့်၍ ချီးကျူးနေကြသည် ။ သူတို့ကို ကြည့်ရသည်မှာ နှစ်ပေါင်းများစွာ ကွဲကွာနေသော ညီအကိုများ ပြန်ဆုံတွေ့ နေကြသလိုပင် ။
သူတို့နှစ်ယောက်ကြားထဲသို့ ချီဖုန့်ပို ပြုတ်ကျလာ၏ ။
" ဘာကောင်ကြီးလဲ.. "
သူတို့ နှစ်ယောက်လုံး ထိတ်လန့်သွားကြသည် ။
Chapter 158