မော့ကြည့်ရုံသာ တက်နိုင်တော့သည် ~
Vol. 11 Ch. 159
ဒုတိယနှစ် ကျောင်းသားများအတွက် အချိန်ကတ်များ စုဆောင်းရန် လွယ်ကူသည်ဟု သင်ထင်ပါသလား ။
သာမန် ဒုတိယနှစ်ကျောင်းသားများအတွက် အချိန်ကတ်များ စုဆောင်းရန် အလွန်ခက်ခဲလှပေသည် ။
မြေဆွဲအားခန်းသို့ မကြာခဏ သွား၍ လေ့ကျင့်ရသည်ဖြစ်၍ ပထမနှစ်တုန်းက စုဆောင်းထားသည့် ၈ ကတ် ၉ ကတ် ခန့်သာ အပိုရှိပေသည် ။
ယခု လင်းမို့ထံသို့ ပေးရတော့မည် ။ သူတို့ ငိုချင်သွား၏ ။
" လင်းမို့က ဘာလို့ ဒီလောက် သန်မာနေတာလဲ.."
" ချီဖုန့်ပိုက လက်သီးတစ်ချက်တောင် မခံနိုင်လိုက်ဘူးလား.. "
" ငါတို့ ဘယ်လို တိုက်ရတော့မှာလဲ.. လေဟပ်ရုံနဲ့တင် လွှင့်သွားမှာလား.."
" ငါ မင်းတို့ကို အရင်တည်းက သတိပေးတယ်.. လင်းမို့လို့ ပါရမီရှင်မျိုးကို လျော့မတွက်ပါနဲ့ဆို.. "
" ချီးကိုပြော.. မင်းမနေ့က အတင်းရှေ့တိုးပြီး နေရာလုသွားတဲ့ ကောင်မှတ်လား.. "
" ငါတို့ အခု ဘာလုပ်ကြမှာလဲ.. "
လောင်းကြေးစာချုပ် လက်မှတ်ထိုးထားသူအားလုံး ဇောချွေးပြန် လာ၏ ။ သူတို့ တစ်နှစ်လုံး စုထားခဲ့သည့် အချိန်ကတ်များကို လင်းမို့အား ဆက်သရတော့မည် ။
" ဒါနဲ့.. "
တစ်ယောက်က သတိရသွား၏ ။
" လင်းမို့ မနက်က လောင်းကြေးစာချုပ် ဖျက်ခွင့်ပြုမယ်လို့ ပိုစ့် တင်ထားတယ်မလား.. "
" အချိန်မမီတော့ဘူးလေ.. သူက မနက်ကိုးနာရီနောက်ဆုံးလို့ ပြောထားတာ.. "
" ရရင် ရမှာပေါ့ဟ.. စမ်းကြည့်တာ ဘာမှ မှားဘူး.. ခုမှ ကိုးမိနစ်ပဲကျော်သေးတာ.. "
" ဟုတ်တယ် စမ်းကြည့်ရမယ်.. "
ကျောင်းသား နှစ်ရာကျော်က ဖုန်းထုတ်၍ ကျောင်းဖိုရမ်အတွင်းသို့ ဝင်ကြည့်လိုက်ကြ၏ ။ သူတို့ လင်းမို့၏ ပိုစ့်ကို ရှာတွေ့သောအခါ မန့်ပိတ်ထားသည်ကို တွေ့လိုက်ရသည် ။
" လင်းမို့က မန့်ပိတ်သွားပြီဟ.. "
" သောက်ခွေး.."
" လင်းမို့က ငါတို့အချိန်ကတ်တွေ လိုချင်လို့ တမင်လှည့်စားတယ်ဆိုပြီး ကျောင်းကို တိုင်ကြမလား.. "
" ချီးကိုတိုင်.. စာချုပ်မှာ နှစ်ဦးသဘောတူ လက်မှတ်ထိုးထားတာ တိုင်လည်း ဘာထူးမှာလဲ.. "
" ငါ..ငါတို့ ဆရာဝေ့ကို သွားပြောရင်ရော.. "
ကျောင်းသား နှစ်ရာကျော် စိတ်ဓာတ်အနည်းငယ် တက်ကြွသွား၏ ။ သူတို့မနေ့ညက ဆရာဝေ့ ၏ စကားကို နာခံခဲ့ပေသည် ။ ဆရာဝေ့က ကူညီကောင်း ကူညီနိုင်ပေလိမ့်မည် ။
" လောင်းကြေးစာချုပ် ဖျက်သိမ်းချင်တာလား.."
ဆရာဝေ့သည် သူ့အား ကျောင်းသား နှစ်ရာကျော် ဝိုင်းရံ ခံထားရသဖြင့် ရယ်ချင်သွား၏ ။
သူမနေ့ညက စာချုပ်ဖျက်သိမ်းပေးရန် တောင်းဆိုစဥ်က ဤကလေးများအား ဘိုးဘွား သဖွယ် ပြောဆိုခဲ့ရပေသည် ။ သူ့အလှည့် ပြန်ရောက်လာမည်ဟု ထင်မထားမိခဲ့ ။
ဆရာဝေ့က ပီတိကို ခံစားမိလိုက်သည် ။ သူမနေ့ညက ခံစားခဲ့ရသော မကျေနပ်မှုများ ပျောက်ကွယ်သွား၏ ။
' လင်းမို့က ကောင်းကောင်းလုပ်ခဲ့တာပဲ.. '
သူ လင်းမို့အား မယုံခဲ့သည်ကိုတော့ မေ့ထားလိုက်တော့၏ ။
ဆရာဝေ့က လက်နှစ်ဘက်ကို နောက်ပစ်၍ သူ့အား မျက်နာငယ်လေးများဖြင့် ကြည့်နေကြသော ကျောင်းသားများကို ခပ်တည်တည် ကြည့်ကာ...
" လင်းမို့ကိုတော့ ပြောကြည့်လိုက်မယ်လေ.. သူသဘောတူမတူတော့ ငါအာမ မခံနိုင်ဘူး.. "
ဆရာဝေ့၏ ဟန်က မနေ့ညအတွက် လက်စားချေနေပုံရသည် ။
လင်းမို့သည် တိုက်ပွဲပြီးသည်နှင့် အမြန်ထွက်လာခဲ့၏ ။ လမ်းညွှန်တိုက်ပွဲတွင် သူ့ကိစ္စ မရှိတော့ချေ ။
" အကိုမို့.. သောက်ရမ်း မိုက်တယ်.. "
ဟောက်ရန်က စပ်ဖြဲဖြဲ ရုပ်နှင့် ပေါ်လာသည် ။
" မင်းမသေချာရင် လောင်းကြေးစာချုပ် ချုပ်မှာ မဟုတ်ဘူးဆိုတာ ငါသိတယ်.. "
" ဟောက်ရန်.. "
လင်းမို့က ခဏစဥ်းစားလိုက်ပြီး...
" လောင်းကြေး တိုက်ပွဲကို မနက်ဖြန်စမယ်.. အသင့်ပြင်ထားလိုက်အုံး.. "
" စိတ်ချထားလိုက်.. "
ဟောက်ရန်က ရင်ဘက်ကို ပုတ်ပြလိုက်ပြီး ...
" ငါ သေသေချာချာ လုပ်ထားလိုက်မယ် .."
" အေးပါ.."
လင်းမို့က ...
" တိုက်ပွဲပြီးရင် ငါမင်းကို များများ ပိုခွဲပေးမယ်.. "
" အကိုမို့ အဲ့လို လုပ်စရာ မလိုပါဘူး.. ရပါတယ်.. အကိုမို့ကြောင့် ငါ ကျန်းနန်တက္ကသိုလ်ကို ဝင်ခွင့်ရခဲ့တာပဲ.. "
ဟောက်ရန်က လက်ယမ်းလိုက်ပြီး...
" အချိန်ကတ်တွေက အကိုမို့အတွက် ပိုအရေးကြီးတယ်.. အကိုမို့ပဲ သိမ်းထားလိုက်.. ပေးချင်ရင် အကိုမို့ ကျောင်းသားကတ်လေးပဲ တစ်ရက်လောက် ငှားလိုက်လေ.. "
" သွားစမ်းပါ.."
လင်းမို့ ဆက်မပြောရဲတော့ ။ သူ့ကျောင်းသားကတ်ပါသွားပါက လင်းမို့ဟူသော အမည်သည် ကျန်းနန်၏ ဓားကြီးလောကတွင် ထိပ်ဆုံးသို့ ရောက်သွားပေလိမ့်မည် ။
" ညီလေးလင်း.."
လီကျားရွှမ် ရှက်ရွံ့ဟန်ဖြင့် ရောက်လာပြီး...
" ငါ့ လောင်းကြေးစာချုပ်လေး ဖျက်ပေးပါလား.."
" စဥ်းတောင် မစဥ်းစားနဲ့ .. "
ဟောက်ရန်က ဝင်ပြောလိုက် ပြီး...
" ဟမ့် မနေ့ညတုန်းက အကိုမို့ဆီက ကုန်းဆင်းချင်နေပြီးတော့ ခုမှ ပြန်ဆုတ်ချင်လို့ရမလား.. "
" ညီလေးဟောက်ရန် ..မင်းငါ့ကို မျက်နှာသာ ပေးသင့်တယ်.. "
လီကျားရွှမ်က အော်လိုက်ပြီး ...
" မင်းနဲ့ငါက ဘဝ သံတိုင်လေးရပ်ကို အတူတူ ကျော်ဖြတ်ခဲ့ကြတဲ့ ညီအကိုတွေပဲ မင်းဒီလိုလုပ်ရင် ဓားကြီးကစားဖို့ ငါမကူညီတော့ဘူး.. "
" မင်းငါ့ကို ဘာကူညီလို့လဲ.. "
ဟောက်ရန်က အထင်သေးဟန်ဖြင့်...
" အဲ့လိုဆို နောက်တစ်ခါ ထပ်အဖမ်းခံရရင် ငါ့ကို အကူအညီလာမတောင်းနဲ့.. "
ဝင်ခွင့်နေ့ အဖမ်းခံရစဥ်က ဟောက်ရန်၏ အဖေ ကောင်းဖန်း၏ အဆက်အသွယ်ကြောင့်သာ သူတို့ ထောင်မှ ထွက်ခဲ့ရခြင်းဖြစ်သည် ။ လီကျားရွှမ်၏ အဖေကို ခေါ်လိုက်ပါက သံတုတ်စာ မိမည်ပင် ။
" မင်း... "
လီကျားရွှမ်က အံကြိတ်လိုက်ပြီး...
" မင်းနိုင်တယ်.. "
" ဒါပင်မဲ့ ငါ့ကို အနိုင်ယူဖို့ လွယ်မယ်မထင်နဲ့.. "
လီကျားရွှမ်က...
" ဒုတိယနှစ်ရဲ့ ငါ့ ပါရမီရှင်အဆင့်က ချီဖုန့်ပိုထက် နိမ့်ပင်မဲ့ တိုက်ပွဲမှာ ဆိုရင် ချီဖုန့်ပိုကို ငါအေးဆေး နိုင်တယ် .."
" အဲ့တာဆို မင်း လင်းမို့ရဲ့ လက်သီးတစ်ချက်ကို ခံနိုင်လို့လား.. "
ဟောက်ရန်က စလိုက်၏ ။
ကွင်း ၁ တွင်...
တတိယမြောက် ပွဲဖြစ်သော ယဲ့ရီ၏ တိုက်ပွဲက ပြီးဆုံးသွားလေပြီ ။
ယဲ့ရီ သည် ဒုတိယနှစ် အဆင့် ၃ ပါရမီရှင်၏ ဖိနှိပ်ခြင်းကို ခံခဲ့ရပြီး ပြန်တိုက်ချိန်ပင် မရလိုက် ။
' ကွာခြားချက်က ကြီးလွန်းတယ် ..'
ယဲ့ရီ ဝန်ခံရုံသာ တက်နိုင်တော့သည် ။ သို့သော်လည်း သူပို၍ စိတ်ဓာတ်ကျမိသည်မှာ လင်းမို့၏ ခွန်အားကြောင့်ပင် ။
' ငါ က ပြန်တောင် မတိုက်လိုက်နိုင်ဘူး.. လင်းမို့က လက်သီးတစ်ချက်နဲ့ အနိုင်ရသွားတယ်.. လင်းမို့နဲ့ ငါ့ကြားက ကွာဟချက်က ဘယ်လောက်တောင် ကြီးနေတာလဲ.. သူနဲ့ ယှဥ်ပြိုင်ဖို့ ကျန်းနန်တက္ကသိုလ်ကို လာခဲ့တဲ့ ငါ့အတွေးက ဟာသပဲ.. ငါ သူ့ကို ဘယ်တော့မှ ကျော်ဖြတ်နိုင်မှာ မဟုတ်တော့ဘူး.. "
ယဲ့ရီ အရှုံးကို လက်ခံလိုက်သည် ။ သူတခြားပါရမီရှင် များကို ကျော်တက်နိုင်သော်လည်း လင်းမို့ကိုမူ မော့ကြည့်နေရုံသာ တက်နိုင်တော့သည် ။
Chapter 160