← Chapters

လင်းမို့ သေရမယ် ~

Vol. 11 Ch. 160

လင်းမို့ သေရမယ် ~

Vol. 11 Ch. 160

ကျန်းနန် တက္ကသိုလ် ကျောင်းအုပ် ရုံးခန်း...

" ကျောင်းအုပ်ထူ.. ကျောင်းအုပ်ထူ.. "

ဟယ်ရှင်းက အူယားဖားယား ပြေးဝင်လာပြီး...

" ကိစ္စကြီးတစ်ခု ဖြစ်သွားပြီ.."

ကျောင်းအုပ်ထူက သူလေ့ကျင့်နေချိန်တွင် ဖုန်းအား လေယာဥ်ပျံ ဖွင့်ထားသဖြင့် ဟယ်ရှင်းတစ်ယောက် ပြေးလာရန်သာ တက်နိုင်တော့သည် ။

" လင်းမို့ အကြောင်းပဲလား.."

ထူပင်းချန်က တည်ငြိမ်စွာ ပြောလိုက်၏ ။

" ဟုတ်တယ်.. "

ဟယ်ရှင်း အနည်းငယ် အံ့သြသွား၏ ။ ကျောင်းအုပ်ထူက သတင်းအရင်ရထားမည်ဟု သူမ ထင်မထား ။

" ငါသိပြီးသား.."

ကျောင်းအုပ်ထူက...

" လင်းမို့ ဆိုတဲ့ကောင်က ပြသနာ ဘယ်လိုရှာရမလဲဆိုတာ သိတာပဲ.. တက္ကသိုလ်ရောက်ရောက်ခြင်း ကျောင်းသား ၂၀၀ ကျော်နဲ့ လောင်းကြေးစာချုပ် ချုပ်ပြီးသွားပြီ.."

" ကျောင်းအုပ်ထူ.."

ဟယ်ရှင်းက ဖြတ်ပြောလိုက်သည် ။ သူမ လာတင်ပြသော သတင်းမှာ ဤအကြောင်းမဟုတ် ။

" နင်ပြောနေစရာမလိုဘူး.. ဘာလုပ်ရမှာလဲဆိုတာ ငါသိတယ်.. "

ကျောင်းအုပ်ထူက တည်ငြိမ်စွာဖြင့် ...

" လင်းမို့က လောင်းကြေးတိုက်ပွဲမှာ တစ်ပွဲမှ နိုင်မှာ မဟုတ်ဘူး.. ပွဲနှစ်ရာဆိုရင် အချိန်ကတ် ၂၀၀၀ ပဲ သူတင်မဟုတ်ဘူး ယန်ယီမိုနဲ့ ဟောက်ရန်ပါ သုံးနှစ်လောက် မြေဆွဲအားခန်းထဲ ဝင်လို့ရမှာ မဟုတ်တော့ဘူး.. "

" သူတို့ မြေဆွဲအားခန်းထဲ မဝင်နိုင်ရင် ဒုက္ခိတ ဖြစ်တာနဲ့ ဘာထူးလို့လဲ.. "

ကျောင်းအုပ်ထူက ခေါင်းယမ်းလိုက်ပြီး...

" လင်းမို့ နဲ့ ယန်ယီမို ဒုက္ခရောက်မှာကို ငါ ထိုင်ကြည့်မနေပါဘူး.. ပြီးတော့ ဟောက်ရန်.. ဟောက်ရန်က ဘာပဲဖြစ်ဖြစ် ပါရဂူတန်း စာရင်းဝင်တဲ့ ကျောင်းသားပဲ ငါ ထိုင်ကြည့်နေမှာ မဟုတ်ဘူး.. ငါ လင်းမို့ရှာတဲ့ ပြသနာကို ဝင်ရှင်းပေးရမယ်.. "

" ဆရာ .. ဆရာဝင်ရှင်းပေးဖို့ မလိုပါဘူး.. "

ဟယ်ရှင်းက ပြောလိုက်သည် ။

" ငါ မရှင်းရဘူးလား.. "

ကျောင်းအုပ်ထူက စိတ်တိုသွားပြီး...

" ငါမရှင်းရင် နင်ရှင်းမလို့လား.. "

" ဆရာ.. ကျွန်မ လင်းမို့ သတင်းကို တင်ပြဖို့ အမြန်ပြေးလာတာပါ.. "

ဟယ်ရှင်းက လန့်သွားပြီး အမြန်ပြောလိုက်၏ ။

" တခြားအကြောင်းလား.."

ကျောင်းအုပ်ထူက မျက်နှာတည်သွားပြီး...

" လင်းမို့က နောက်ထပ် ပြသနာ ရှာပြန်ပြီလား.."

" ပြသနာ မဟုတ်ပါဘူး.. "

ဟယ်ရှင်းက...

" လမ်းညွှန်တိုက်ပွဲမှာ လင်းမို့က ချီဖုန့်ပိုကို နိုင်သွားလို့.. "

" ဘာ..."

ကျောင်းအုပ်ထူ ခုံပေါ်မှ ခုန်ထလိုက်၏ ။

" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. "

ကျောင်းအုပ်ထူ ချီဖုန့်ပို၏ ခွန်အားကို ကောင်းကောင်းသိသည် ။ ကျော်ကြားသော် ပါရမီရှင် တစ်ဦးဖြစ်သဖြင့် အာရုံံစိုက်မိပေသည် ။

" ချီဖုန့်ပိုက လင်းမို့ကို ဘယ်လိုရှုံးသွားတာလဲ.. "

သူမယုံနိုင်သေး...

" ချီဖုန့်ပိုက သတိလွတ်သွားလို့ အလစ်တိုက်ကွက်နဲ့ ခံလိုက်ရတာလား.."

" မဟုတ်ဘူး လက်သီးတစ်ချက်ထဲနဲ့.. "

ဟယ်ရှင်းက...

" လင်းမို့ရဲ့ လက်သီးပြင်းအားက ကီလို ၁၀၀၀၀ ကျော်မယ်ထင်တယ် .."

" ကီလို ၁၀၀၀၀ ကျော်လား.. "

ထူပင်းချန်သည် သူအသက်ကြီးလာ၍ နားကြားလွဲလေသလောဟုပင် ထင်မိ၏ ။

လင်းမို့၏ သတင်းက ရှားနိုင်ငံတစ်ခုလုံးကို တုန်လှုပ်သွားစေရုံသာမက မဟာသခင် ခန်းမကိုပါ တုန်ခါသွားစေသည် ။

" ဆရာ.. သတင်းက အမှန်ပါ.. အတည်ပြုပြီးသွားပါပြီ.."

ဇီကျင်းက အဘိုးအို၏ ရှေ့တွင် ရပ်လိုက်ပြီး...

" လင်းမို့ တက္ကသိုလ်ကို ရောက်ပြီး တစ်ပတ်အတွင်း သူ့လက်သီးပြင်းအားက ကီလို၃၀၀၀ ကျော်ကနေ ၁၀၀၀၀ ကျော်ထိ ရောက်သွားတာ.. "

" တစ်နေ့ကို တစ်တန်လောက်ပေါ့ .."

နှစ်ပေါင်းများစွာကြာ အသက်ရှင်လာခဲ့သူ ဖြစ်သဖြင့် အမြဲတည်ငြိမ်နေသော အဘိုးအိုမှာ ထိတ်လန့်အံ့သြသွားသည် ။

" ဟုတ်တယ်.. တစ်နေ့ကို တစ်တန်လောက် တိုးလာတာ.. "

ဇီကျင်းက...

" ပြီးတော့ သူက ခုမှ ကောင်းကင်အဆင့်ပဲ ရှိသေးတာကို ငွေလအဆင့် နဲ့ နေအလင်းအဆင့်ကို ရောက်ရင် ဘယ်လောက်ထိ မြန်မလဲမသိဘူး.. "

" ဖြန်နိုင်ချေ တစ်ခုပဲရှိတယ်.. "

ခန်းမသခင်ဖြစ်သူ အဘိုးအိုက...

" အရင်က လင်းမို့ရဲ့ ခန္ဓာကိုယ်ပါရမီက အပြည့်အဝ မနိုးလာသေးတာပဲ.. တက္ကသိုလ်ရောက်ပြီး မြေဆွဲအားခန်း အသုံးပြုလိုက်မှ သူ့ပါရမီက အပြည့်အဝ ပေါ်ထွက်လာတာ.. "

ဇီကျင်း နားလည်သွားပြီး...

" အဲ့တာဆို သူ့ပါရမီက ခုမှ နိုးထလာတာပေါ့.. "

" အင်း အဲ့လိုပဲ ဖြစ်ရမယ်.. "

ခန်းမသခင်က...

" လင်းမို့ရဲ့ ဒီအမြန်နှုန်းနဲ့ဆို တစ်နှစ် နှစ်နှစ် အတွင်း သိုင်းတာအိုသခင် အဆင့်ထိရောက်နိုင်တယ်.. ငါတို့ ရှားနိုင်ငံမှာ နောက်ထပ် သိုင်းတာအိုသခင် တစ်ယောက် ထပ်ရတော့မယ်.. "

ဇီကျင်း အံ့သြသွား၏ ။

ခန်းမသခင်က...

" ဒီလိုဆို အုပ်ထိန်းသူက အမှားလုပ်မိပြီထင်တယ်.. လင်းမို့ရဲ့ ခန္ဓာကိုယ်ပါရမီက Black Earth ရဲ့ တိုက်ခိုက်ရေးစွမ်းရည် ပါရမီထက် အများကြီးပိုသာတာပဲ.. "

ဇီကျင်း ခေါင်းညိတ်လိုက်မိ၏ ။

ခန်းမသခင်က...

" မှားတာ မမှားတာက အရေးမကြီးပါဘူး.. ငါတို့ နိုင်ငံက ဒီလို ပါရမီရှင် နှစ်ယောက် ထွက်ပေါ်လာတာ ငါတို့နိုင်ငံရဲ့ ကံကြမ္မာ ကောင်းချီးပဲ.. "

ညအချိန်...

ဟောက်ရန်နှင့် လီကျားရွှမ်တို့ ကလပ်သို့ ရောက်နေကြပြန်လေသည် ။

ယခု အကြိမ်တွင် သူတို့ လာချင်၍ မဟုတ် ။

" အကိုမို့က အချိန်ကတ် ၂၀၀၀ ကျော်အနိုင်ရတော့မှာမို့သာ အောင်ပွဲခံပေးဖို့ လာရတာ တကယ်ဆို ငါမလာချင်ဘူး.. "

ဟောက်ရန်က ဖြောင့်မတ်စွာ ပြောလိုက်၏ ။

လီကျားရွှမ်ကလည်း အားကျမခံ...

" ငါလည်း အချိန်ကတ် ဆယ်ကတ် လင်းမို့ကို ပေးရတော့မှာမလို့ ဝမ်းနည်းကြောင်းအထိမ်းအမှတ် အနေနဲ့ လာရတာ သိပ်မလာချင်ဘူး.. "

အမှန်က ယနေ့ ကလပ်တွင် ချယ်ရီပန်း နိုင်ငံမှ ကောင်မလေး အသစ်နှစ်ယောက် ရောက်နေသည်ဟု သူတို့ သတင်းကြား၍ အမြန်ပြေးလာကြခြင်းဖြစ်သည် ။

နာရီဝက် အကြာတွင်...

" ဟောက်ရန်ကိုကို.. ကိုကို က လင်းမို့နဲ့ ညီအကိုတွေဆိုတာ ဟုတ်လားဟင်.. "

ချယ်ရီပန်းနိုင်ငံမှ ကောင်မလေးက ဟောက်ရန်၏ ရင်ခွင်ထဲတွင် မှီနေရင်း မယုံဟန်ဖြင့် မေးလိုက်၏ ။

" သေချာတာပေါ့.. ငါနဲ့ လင်းမို့ ညီအကိုအရင်းမဟုတ်ပင်မဲ့ ဘောင်းဘီတစ်ထည်တည်း အတူဝတ်လာတဲ့ သူငယ်ချင်းတွေ.. လင်းမို့ကြောင့် ငါကျန်းနန်တက္ကသိုလ်ကို တက်ခွင့်ရခဲ့တာလေ.. "

ဟောက်ရန်က ဂုဏ်ယူစွာ ပြောလိုက်သည် ။

" အဲ့တာဆို လင်းမို့က ဒုတိယနှစ်က ပါရမီရှင်ကို အနိုင်ယူလိုက်တယ်ဆိုတာ တကယ်လား.."

" ဟုတ်တယ်လေ.. "

ဟောက်ရန်က ...

" အဲ့ပွဲတစ်လျောက်လုံး ငါထိုင်ကြည့်နေတာ.. "

တခြားအခန်း...

လီကျားရွှမ်လည်း ချယ်ရီပန်းနိုင်ငံမှ မိန်းကလေးနှင့် စကားပြောနေကြသည် ။

" လင်းမို့ရဲ့ သတင်းက အကိုတို့ ကျန်းနန်တက္ကသိုလ်က တမင်ကြွားပြီး သတင်းဖြန့်နေတာမှတ်လား.."

ချယ်ရီပန်းနိုင်ငံမှ မိန်းကလေးက...

" တက္ကသိုလ်တက်တာ တစ်ပတ်ထဲနဲ့ လက်သီးပြင်းအား ကီလို ၁၀၀၀၀ ကျော်တယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. "

မိန်းကလေးက မယုံဟန်ဖြင့် ပြောလိုက်သည် ။

" ဘာလို့ ကြွားလုံးထုတ်ရမှာလဲ.. "

လီကျားရွှမ်က မကျေမနပ်​ဖြင့် ...

" လင်းမို့က ချီဖုန့်ပိုကို လက်သီးတစ်ချက်ထဲနဲ့ မီတာ ရာဂဏန်းလောက် လွင့်အောင် ထိုးလိုက်တာလေ .. အဲ့လက်သီးပြင်းအားက ကီလို ၁၀၀၀၀ အောက်နည်းမယ်လို့ ထင်လို့လား.. "

" လက်သီးနဲ့ ထိုးလိုက်တာနဲ့ လေပေါ်ပျံသွားတာလား.."

မိန်းကလေးက အလွန်အံ့အားသင့် သွားပုံပေါ်သည် ။

တစ်နာရီလောက် အကြာတွင် ချယ်ရီပန်းနိုင်ငံသို့ လျို့ဝှက်သတင်း မက်ဆေ့ ရောက်လာ၏ ။

စာအရှည်ကြီး ဖြစ်သော်လည်း အဓိက အကြောင်းအရင်းမှာ စာလုံး ငါးလုံးသာ ရှိသည် ။

" လင်း မို့ သေ ရ မယ်.. "

Chapter 161

All Chapters