← Chapters

အသေခံပြီး သတ်

Vol. 11 Ch. 161

အသေခံပြီး သတ်

Vol. 11 Ch. 161

~

ချယ်ရီပန်းနိုင်ငံ... ညနက် သန်းခေါင်ယံအချိန်...

သိုင်းသူတော်စင် တောင်တွင် ​မိုးများ သည်းထန်စွာ ရွာသွန်းနေ၏ ။

ချယ်ရီပန်းနိုင်ငံရှိ သိုင်းမဟာသခင် တစ်ဝက်ကျော်သည် ဤရွာငယ်လေးတွင် နေထိုင်ကြပေသည် ။

ယနေ့တွင် ချယ်ရီပန်းနိုင်ငံ၏ အဆင့်မြင့် အရာရှိများက ပြင်းထန်စွာ ရွာသွန်းနေသော မိုးကို လျစ်လျှူရှု၍ ရွှံ့ထူထပ်သော တောင်တက်လမ်းမှ တဆင့် ရွာငယ်လေးဆီသို့ ပြေးလာနေကြသည် ။

ရွာ၏ အစည်းအဝေးခန်းမတွင် မီးမှိန်မှိန်လေးသာ ထွန်းညှိထားသည် ။ အပြင်မှ တစ်ချက်တစ်ချက် လက်သွားသော လျှပ်စီးအလင်းများက ခန်းမအတွင်းထိုင်နေသော လူတစ်ဒါဇင်ကျော်၏ မျက်နှာများကို ထပ်ဟပ်နေ၏ ။

" ရွာသူကြီး.. အခြေအနေကို အတည်ပြုပြီးပါပြီ.. "

ပြေးလာကြသော အဆင့်မြင့် အရာရှိများက ဤအကြောင်းကို သတင်းလာပို့ခြင်းပင် ။

" လင်းမို့ရဲ့ ပါရမီက ငါတို့ ထင်ထားတာထက် ကြောက်စရာကောင်းတာပဲ.. "

ရွာသူကြီးက မွန်းကြပ်လာ၍ သက်ပြင်းချလိုက်မိသည် ။

" ငါတို့ ထင်ထားတာ အုပ်ထိန်းသူက Black Earth ကို ရွေးသွားတာ ဆိုတော့ လင်းမို့ရဲ့ ပါရမီကို အထင်သေးမိတာ.. ခုအခြေအနေအရဆို လင်းမို့ရဲ့ ပါရမီက Black Earth ထက်တောင် သာနေတာပဲ.. "

" ဟုတ်တယ်.. "

" အုပ်ထိန်းသူက ဒီတစ်ခါတော့ မှားသွားပြီ လင်းမို့ရဲ့ ပါရမီက Black Earth ထက် အများကြီးသာတယ်.. "

" လင်းမို့ရဲ့ တိုးတက်နှုန်းက ကြောက်စရာကောင်းလိုက်တာ.. "

" လင်းမို့ကို ဆက်တိုးတက်ခွင့်ပေးထားရင် သိုင်းမဟာသခင်အဆင့်ကို ခနလေးနဲ့ ရောက်သွားပြီး ကျွန်တော်တို့ ပါရမီရှင် ထပ်သာသွား​တော့မယ်.. "

ချယ်ရီပန်းနိုင်ငံတွင် ချုံးချွမ် မင်ကျင့် ဟူသော လျို့ဝှက် ပါရမီရှင် တစ်ယောက်ရှိသည် ။

ထိုပါရမီရှင်အား လျို့ဝှက်ထားပြီး ဤအကြောင်းသိသူမှာ ယခု အစည်းအဝေးတက်ရောက်နေသော အကြီးအကဲ တစ်ဒါဇင်ခန့်သာ ရှိသည် ။

အုပ်ထိန်းသူ၏ အမွေအနှစ်ကို ဆက်ခံခွင့်ရနိုင်ရန် အထူးလေ့ကျင့် သင်ကြားပေးနေခြင်းဖြစ်သည် ။

အုပ်ထိန်းသူ သက်တန်းကုန်တော့မည်မှန်း ဂြိုလ်ပြာပေါ်ရှိ သိုင်းမဟာသခင် အားလုံး သိထားကြသည် ။

ချယ်ရီပန်းနိုင်ငံ၏ အဓိကရည်မှန်းချက်မှာ အုပ်ထိန်းသူ၏ အမွေကို ဆက်ခံ၍ ဂြိုလ်ပြာကြီးအား အုပ်စိုးခွင့် ရနိုင်ရန်ပင် ။

သူတို့၏ ပါရမီရှင်ဖြစ်သူ ချုံးချွမ်မင်ကျင့် တစ်ယောက်သာ မျှော်လင့်ချက် ရှိလေသည် ။ ဂြိုလ်ပြာကြီး၏ သမိုင်းတစ်လျောက်တွင်ပင် မင်ကျင့်ကဲ့သို့ ပါရမီရှင်မျိုး ပေါ်မလာဘူးချေ ။

ထို့ကြောင့် မစ္စတန့်ယွင်က အကုန်အကျခံ၍ Black Earth အား လုပ်ကြံရန် ကြိုးပမ်းခြင်းဖြစ်သည် ။ သို့သော်လည်း အကြီးအကဲ ဇီကျင့်၏ တိုက်ခိုက်မှုကြောင့် သူမ ဒဏ်ရာ အပြင်းအထန်ရသွားသည်သာ အဖက်တင်ခဲ့သည် ။

" Black Earth ကို အုပ်ထိန်းသူက ခေါ်သွားပြီဆို​တော့ ငါတို့ ဘာမှ မတက်နိုင်​တော့ဘူး.. "

ရွာသူကြီးက...

" လင်းမို့က Black Earth ထက် ပါရမီသာပင်မဲ့ အုပ်ထိန်းသူ ခေါ်မသွားတာ ကံကောင်းတာပဲ.. ငါတို့ လင်းမို့ကို သတ်ရမယ်.. "

ရွာသူကြီးက ခနစဥ်းစားလိုက်ပြီး...

" အခွင့်အရေးရတုန်း အမြန်လှုပ်ရှားရမယ်.. မင်ကျင့်အတွက် ပြိုင်ဘက်တစ်ယောက်နည်းသွားရင် အခွင့်အရေးပိုရနိုင်တယ်.. လင်းမို့သာ သိုင်းမဟာသခင်အဆင့်ကို ရောက်သွားရင် ငါတို့အတွက် အခွင့်အရေး မရှိ​တော့ဘူး.. "

ရွာသူကြီးက ရုတ်တရက် ထရပ်၍ ပြတင်းပေါက်ဆီသို့ လျောက်သွားပြီး အပြင်ဘက်မှ လျှပ်စီးမိုးကြိုးများကို ကြည့်ရင်းဖြင့်...

" လင်းမို့ကို သတ်နိုင်ဖို့ တစ်ရွာလုံး စတေးရမယ် ဆိုရင်တောင် ဖြစ်အောင် လုပ်ရမယ်.. "

အားလုံး မတ်တပ်ထရပ်လိုက်ကြသည် ။ ချယ်ရီပန်းနိုင်ငံက ဂြိုလ်ပြာကို စိုးမိုးနိုင်ရန် ဤအခွင့်အရေး တစ်ခုသာရှိမှန်း သူတို့ နားလည်ကြသည် ။

ပြတင်းပေါက် အပြင်ဘက်တွင် ​မိုးခြိမ်းသံများ ဆက်တိုက်ထွက်ပေါ်လာပြီး လင်းမို့အား လုပ်ကြံသတ်ဖြတ်ရန် အကြံအစီကို အတည်ပြုလိုက်၏ ။

နောက်တနေ့ မနက်.. ကျန်းနန် တက္ကသိုလ်..

အမှတ် ၁ သိုင်းခန်းမတွင် လူတစ်ထောင်ကျော် စုရုံးနေကြသည် ။

လင်းမို့နှင့် စာချုပ် ချုပ်ထားသော ကျောင်းသားနှစ်ရာကျော်က အချိန်ကတ် ဆယ်ကတ်စီ ယူလာကြပြီး သူတို့၏ လက်များ တုန်ရီနေ၏ ။

ကျန်သူများမှာ ပွဲလာကြည့်သူများနှင့် ကုသခန်း၏ ဆရာဝန်များ ဖြစ်သည် ။

လင်းမို့ ဝင်လာသည်နှင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားကြ၏ ။

" အကိုမို့.. "

ဟောက်ရန်က ပြေးလာပြီး...

" ငါစီစဥ်ထားတာ မိုက်တယ်မှလား.."

ဟောက်ရန်က နေရာများကို ညွှန်ပြပြီး...

" အဲ့နေရာက စာချုပ်ချုပ်ထားတဲ့သူတွေ.. အချိန်ကတ်တွေ အကုန်ပါတယ်.. ဟိုနေရာက ငါတို့ အတန်းက ကျောင်းသားတွေ.. ဆရာဝေ့ ကိုပါ ခေါ်လာခဲ့တယ်.. အဲ့မှာ ထပ်ဆုံးမှာ ထိုင်နေတာ.. ဟိုနေရာက ကုသခန်းက ဆရာဝန်တွေ.. ဟိုနေရာက ပွဲကြည့်မယ့်သူတွေ.. "

" ဒါနဲ့ အကိုမို့ တိုက်ပွဲကြရင် သိပ်အားမသုံးနဲ့နော် ဆရာဝန်က ဆယ်ယောက်ထဲ ခေါ်လို့ရတာ.. အကုန်လုံး အလုပ်ရှုပ်ကုန်မယ်.. "

" အင်း.. "

လင်းမို့က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး...

" မဆိုးဘူး.. မင်းစီစဥ်ထားတာ အကုန်ပြည့်စုံတယ်.. "

ခါးသီးသည့် အသွင်ဖြင့် ထိုင်နေသော လီကျားရွှမ်ကို လင်းမို့ မြင်လိုက်ရ၏ ။ မနေ့ညက ဟောက်ရန်ကို ကလပ်သို့ခေါ်၍ အထူးပြုစု ပေးသည်က ထူးပုံမရပေ ။

" သူတို့ စာချုပ်ချုပ်တဲ့ အချိန်ပေါ် မူတည်ပြီး နံပါတ်ကတ်တွေ ထုတ်ပေးထားတယ် .."

ဟောက်ရန်က...

" အကိုမို့ ကွင်းပေါ်ကနေသာစောင့်.. ငါ နံပါတ်ခေါ်ပြီး အချိန်ကတ်ယူပြီးရင် ကွင်းပေါ်ကို တစ်ယောက်ချင်း လွှတ်လိုက်မယ်.. "

" အေးအေး .."

လင်းမို့က ပြုံးလိုက်ပြီး...

" အဲ့တာဆို ငါ လူရိုက်တဲ့ တာဝန်ပဲ ယူလိုက်တော့မယ် ကျန်တာ မင်းဆီကို လွဲခဲ့ပြီ.. "

လင်းမို့ စင်ပေါ်သို့ တက်သွားလိုက်၏ ။

" အကိုမို့ စိတ်သာချထားလိုက်.. "

ဟောက်ရန်က လင်းမို့ကို အော်ပြောလိုက်ပြီး နံပါတ်စဥ်ကို စခေါ်လိုက်သည် ။

" နံပါတ် ၁ နဂါးနီ စင်ပေါ်ကို တက်လို့ရပြီ.."

နာမည်အခေါ်ခံလိုက်ရသော နဂါးနီ၏ မျက်နှာက ရှုံ့မဲ့သွား၏ ။ သူ မနေ့က ပထမဆုံး လက်မှတ်ထိုးခဲ့သူ ဖြစ်သဖြင့် အရင်ဆုံး တက်ရပေတော့မည် ။

သူ့အား လူတိုင်း မုန်းတီးစွာ ကြည့်နေကြသည်ကို သူသတိထားမိသည် ။ သူ့ကြောင့် လင်းမို့က ဖိုရမ်ပေါ်တွင် ပိုစ့်တင်၍ စိန်ခေါ်ခဲ့ခြင်းဖြစ်သည် ။

မနေ့က လင်းမို့ ထုတ်ပြခဲ့သော ခွန်အားကို မြင်လျှင် မည်သူက စာချုပ်တွင် လက်မှတ်ထိုးရဲမည်နည်း ။

နဂါးနီကြောင့်သာ အားလုံး လှည့်စားခံလိုက်ရခြင်းဖြစ်သည် ။

" လင်းမို့... "

နဂါးနီက စင်ပေါ်သို့ ခေါင်းမော့ ရင်ကော့၍ တက်လာပြီး...

" ငါ့ မျက်နှာတော့ မရိုက်နဲ့.. "

Chapter 162

All Chapters