နောက်လိုက်ကောင်းဖြစ်ရန် မလွယ်ကူ ~
Vol. 11 Ch. 162
နဂါးနီက သူ့အခြေအနေကို သူသိသဖြင့် မျက်နှာမရိုက်ရန်သာ တောင်းဆိုလိုက်သည် ။
' မျက်နှာ မရိုက်ရဘူးလား..'
လင်းမို့က ရယ်လိုက်ပြီး ရှေ့သို့တက်၍ နဂါးနီ၏ ပါးကိုရိုက်ကာ ပျံသန်းပေးလိုက်၏ ။
' မင်း မျက်နှာက မော့ထားပြီးတော့ မျက်နှာ အရိုက်မခံချင်ဘူးလား..'
တောင်းဆိုသည့်သူက နိမ့်နိမ့်ချချ တောင်းဆိုသင့်ပေသည် ။
" နောက်တစ်ယောက်.. "
လင်းမို့က လက်နှစ်ဖက်ကို နောက်ပစ်၍ စောင့်နေလိုက်သည် ။
ဟောက်ရန်က နဂါးနီ၏ အချိန်ကတ်ကို ယူလိုက်ပြီး နောက်ထပ် နံပါတ်ကို အော်လိုက်၏ ။
ကွင်းထဲသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်လာသော်လည်း ကွင်းအပြင်သို့သာ ပြန်လွင့်ထွက်သွားသည် ။ ခွန်အားခြင်း ကွာခြားလှပေသည် ။
" ရက်စက်လိုက်တာ.."
" တစ်ချက်တောင် မခံနိုင်ဘူး.."
" တတိယနှစ်တွေတောင် လင်းမို့ကို နိုင်ပါ့မလား.. "
အချိန်ကြာလာသည်နှင့်အမျှ ဒုတိယနှစ်ကျောင်းသားများ ထိတ်လန့် လာကြသည် ။ သူတို့ ဘီလူးတစ်ကောင်နှင့် လောင်းကြေးထပ်မိကြသည်လော ။
' နှေးလိုက်တာ.. '
လင်းမို့က ပျင်းရိလာ၏ ။ တစ်ပွဲလျှင် နှစ်မိနှစ်လောက်သာ ကြာသော်လည်း လူနှစ်ရာကျော်ဖြစ်သည် ။ အကုန်ပြီးဆုံးရန် ခုနှစ်နာရီခန့်ပင် ကြာသွားနိုင်သည် ။
ဤသည်က အချိန်ဖြုန်းခြင်းပင် ။ သူ နေ့ခင်း တရေးတမောအိပ်ရန်နှင့် ညဘက် ငါးသွားမျှားရန် အချိန်လိုသေးသည် ။
' အရှိန်မြှင့်ရမယ်.. '
လင်းမို့ တွေးသည် ။ သူခဏကြာအောင် စဥ်းစားလိုက်ပြီး...
" ဟောက်ရန်.. တစ်ခါကို ဆယ်ယောက် လွှတ်လိုက်.. "
ဒုတိယနှစ်များ ဒေါသထွက်သွားကြသည် ။ သူတို့၏ မာနကို လာ၍ ထိပါးနေပါသည်လော ။
" လင်းမို့က မောက်မာလိုက်တာ.. "
" ငါတို့ကို စော်ကားတာပဲ.. "
" ဆယ်ယောက် တစ်ယောက်ကို ငါတို့ မနိုင်ဘူးလို့ မယုံံဘူး.. "
" ဝိုင်းရိုက်ကြ.. ငါတို့ ဒုတိယနှစ်တွေရဲ့ အကြောင်းကို သိအောင်ပြလိုက်.. "
ကျောင်းသား ဆယ်ယောက် ပြေးတက်လာကြ၏ ။ သူတို့ ပထမဆုံး တက်ကြွလာကြခြင်းပင် ။
သို့သော်လည်း တိုက်ပွဲစသည်နှင့် သူတို့၏ တိုက်ခိုက်မှုက လင်းမို့ကို ထိသော်လည်း သားရေပြားကြီးအား ထိုးနေရသည်နှင့် တူနေပေသည် ။ လင်းမို့၏ လက်ချက်ဖြင့် တစ်ယောက်ပြီး တစ်ယောက် ပျံသန်းသွားကြသည် ။ လူဆယ်ယောက်ကို တစ်မိနစ်ပင် မကြာလိုက်ချေ ။
စင်အောက်တွင် လက်သီးတပြင်ပြင် ဖြစ်နေသော ကျောင်းသားများ ထိတ်လန့်သွားကြသည် ။ ဆယ်ယောက်နှင့် တစ်ယောက်က ကွာခြားပုံ မပေါ် ။
" လင်းမို့ရဲ့ ခန္ဓာကိုယ်က သန်မာလွန်းတယ်.. ငါတို့ လက်သီးပြင်းအားနဲ့ဆို ကလိထိုးသလောက်တောင် ယားမှာမဟုတ်ဘူး .."
" ငါတို့ နိုင်ဖို့ မဖြစ်နိုင်ဘူး.. "
လင်းမို့သည် စင်ပေါ်တွင် အေးဆေးရပ်နေ၏ ။
' ဆယ်ဆတော့ မြန်လာပြီ..'
ဟောက်ရန်က အော်လိုက်သည် ။
" နောက်တစ်ဖွဲ့ မြန်မြန်တက်.. '
နောက်တစ်ဖွဲ့က စိတ်ပျက်စွာဖြင့် စင်ပေါ်တက်လာကြသည် ။ တဖြည်းဖြည်း လူကိုးဆယ်ကျော်သာ ကျန်ပေတော့သည် ။
" နောက်... "
ဟောက်ရန်က အော်ရန်ပြင်လိုက်စဥ် လင်းမို့က ဖြတ်ပြောလိုက်သည် ။
" နေဦး.. တစ်ခါတည်း အကုန်လွှတ်လိုက်.. မြန်မြန်ပြီးရင် ပြန်အိပ်လို့ရပြီ.. "
လင်းမို့က ပြောလိုက်၏ ။
" တစ်ပြိုင်တည်းလား.."
ဟောက်ရန် အံ့အားသင့်သွားပြီး...
" အကိုမို့ လူကိုးဆယ်ကျော် ကျန်သေးတယ်လေ.. "
ပုရွတ်ဆိတ် များလျှင် ဆင်ကိုပင် သတ်နိုင်သည် ဟူသော ဆိုရိုးစကားရှိ၏ ။
ဟောက်ရန်သည် လင်းမို့၏ ခွန်အားကို ယုံကြည်သော်လည်း တစ်ရာနှင့်တစ်ယောက် တိုက်ခိုက်နိုင်မည်ဟု မထင်ပေ ။ ကျန်လူကိုးဆယ်ထဲတွင် လီကျားရွှမ်ကဲ့သို့သော စိတ်စွမ်းအားရှင်များပင် ပါဝင်ပေသည် ။
လောင်းကြေးတိုက်ပွဲတွင် လက်နက်များ အသုံးမပြုနိုင်သဖြင့် စိတ်စွမ်းအားရှင်များအတွက် အားနည်းချက်ရှိသော်လည်း သူတို့ က လင်းမို့အား စိတ်စွမ်းအားဖြင့် အနှောက်အယှက် ပေးနိုင်သည် ။
" အကိုမို့.. တစ်ရာက ခက်မယ်နော်.. သုံးဆယ်လောက် အရင်တိုက်ပါလား.."
ဟောက်ရန်က သတိပေးလိုက်သည် ။
" အဲ့လောက် ဒုက္ခခံနေစရာ မလိုဘူး တစ်ခါတည်း အကုန်လွှတ်လိုက်.. "
ဤသာမန်ကျောင်းသားများနှင့် အချိန်ဖြုန်းနေရသည်မှာ မတန်ပေ ။ တခါတည်း ပြီးသွားလျှင် ပိုကောင်းပေသည် ။
" ချီး.. မောက်မာလိုက်တာ.. "
" ငါတို့ကို စော်ကားတာ.. ငါတို့ကို လူလို့တောင် မသတ်မှတ်တော့ဘူး.. "
" ငါတို့မှာ ဂုဏ်သိက္ခာ မရှိတော့ဘူးလို့ သူထင်နေတာါး.."
" ငါ ဂျန်ချန်.. မင်းနဲ့ သေတဲ့ အထိတိုက်မယ်ကွ.. "
ဒုတိယနှစ် ကျောင်းသား တစ်ရာနီးပါးက သူတို့ ၏ ဂုဏ်သိက္ခာကို ကာကွယ်နိုင်ရန် စင်ပေါ်သို့ ဒေါသတကြီး ပြေးတက်လာကြသည် ။
သို့သော်လည်း ဆယ်မိနစ်ပင် မကြာလိုက် ။ စင်ပေါ်တွင် လင်းမို့ တစ်ယောက်သာ ကျန်ခဲ့တော့သည် ။ အကုန်လုံး ကွင်းအပြင်သို့ ပျံသန်းသွားကြ၏ ။
" ပြီးပြီ.. "
လင်းမို့က လက်နှစ်ဖက်ကို ဖုန်ခါလိုက်သည် ။
ဟောက်ရန်က ချွေးတလုံးလုံးဖြင့် ပြေးလာသည် ။
" အကိုမို့ မင်းနည်းနည်းလောက် နှေးလို့ မရဘူးလား.. ငါ အချိန်ကတ်တွေ ယူရအုံးမယ်လေ.. ဒီလောက်မြန်မြန် လွင့်ထွက်လာတော့ ငါဘယ်သူ့ကို သွားတောင်းရမှန်းတောင် မသိတော့ဘူး.. "
ဟောက်ရန်သည် လူနှစ်ရာကျော်ဖြင့် တိုက်သည့်ပွဲတွင် တိုက်ခိုက်ရသည့်သူက ချွေးမထွက်ပဲ အောက်ကလူက ချွေးပြန်နေရမည်ဟု ထင်မထားခဲ့ ။
' နောက်လိုက်ကောင်းဖြစ်ဖို့ မလွယ်ဘူး.. '
ဟောက်ရန် ရုတ်တရက် တွေးလိုက်မိသည် ။ သူ ပင်ပန်း လှလေပြီ ။
' ငါ ပိုကြိုးစားပြီး လေ့ကျင့်မှရမယ်.. '
သူ ဆုံးဖြတ်လိုက်၏ ။
' မဟုတ်ရင် အကိုမို့ရဲ့ နောက်လိုက်ရာထူးကို သူများတွေ ယူသွားလိမ့်မယ်.. '
Chapter 163