ချစ်ကြည်ရေး ပြိုင်ပွဲ ~
Vol. 11 Ch. 163
ဟောက်ရန်ကဲ့သို့ပင် ကုသရေးအဖွဲ့လည်း အလှုပ်ရှုပ်သွား၏ ။
ကုသရေးဝန်ထမ်းမှာ ဆယ်ယောက်သာ ရှိသဖြင့် ဒဏ်ရာရသူ တစ်ရာကျော်ကို မနိုင်တော့ပေ ။
ဒဏ်ရာရသူများထဲတွင် စကားပြောနိုင်သေး သူများ ကျန်နေသေးသည် ။
" လင်းမို့ မင်းက ငါ့တို့ထက် နည်းနည်းလေးပဲ သန်မာတာ.. "
" ဟုတ်တယ်.. လက်သီးပြင်းအားများတိုင်း ငါတို့ထက်သန်မာတယ်လို့ မဆိုလိုဘူး.. "
" သေချင်းရှင်ချင်း တိုက်ပွဲဆို မင်း ဆယ်ခါပြန်လောက်သေပြီးပြီ.. "
" တကယ်တိုက်ပွဲကြရင် မင်းလိုကောင်ကို အေးဆေး သတ်နိုင်တယ်.. "
လင်းမို့က သူတို့ကို ဥပေက္ခာပြု ထားလိုက်သည် ။ အရှုံးကို လက်မခံနိုင်သူများက သိုင်းလမ်းစဥ်တွင် မည်မျှအထိ ဆက်လျောက်နိုင်မည်နည်း ။
လင်းမို့က လက်နက်များကို လေ့ကျင့်ရန် မလိုအပ်ချေ ။ သူများလေ့ကျင့်သည်က သူလေ့ကျင့်သည်နှင့် အတူတူပင် ။ လေ့ကျင့်ကွင်းတွင် လက်နက်မျိုးစုံ နေ့စဥ် လေ့ကျင့်နေသူများ ရှိသဖြင့် သူသည် လက်နက် အားလုံးနီးပါးကို ကျွမ်းကျင်ပေသည် ။ သို့သော်လည်း သူတစ်ခါမှပင် လက်နက် မကိုင်ဘူးသေးပေ ။ အထက်တန်းကျောင်းများတွင် လက်နက် ကိုင်ဆောင်ခွင့်မပြု ။
' သူတို့ ပြောတာလည်း မှန်တော့ မှန်ပါတယ်.. '
လင်းမို့သည် ခန်းမ ထဲမှ အပြင်သို့ ထွက်ရင်း တွေးလိုက်သည် ။
' ငါရဲ့ တိုက်ပွဲအတွေ့အကြုံက မရှိသလောက်ပဲ.. '
တိုက်ပွဲအတွေ့အကြုံက တိုက်ခိုက်ရေးစွမ်းရည် ၊ တိုက်ခိုက်ရေးအသိညဏ်များဖြင့် မသက်ဆိုင်ချေ ။
အဆင့်တူများ တိုက်ခိုက်လျှင် တိုက်ခိုက်ရေးအသိညဏ်နှင့် တိုက်ပွဲအတွေ့အကြုံ သာသူက အနိုင်ရပေမည် ။ တိုက်ပွဲအတွေ့အကြုံက သေခြင်းရှင်ခြင်း တိုက်ပွဲများ ဖြတ်သန်းဖူးသူမှ ရှိပေမည် ။
' ဒီလို တက်ကြွအညွှန်းကိန်းမျိုးက ကျန်းနန်တက္ကသိုလ်မှာ မရနိုင်ဘူး.. '
လင်းမို့သည် သေခြင်းရှင်ခြင်း တိုက်ပွဲများမှ တက်ကြွအညွှန်းကိန်းများကို ရလိုလျှင် အပြင်လောက တိုက်ပွဲကွင်းပြင်သို့ သွားရပေမည် ။
တက္ကသိုလ်ကဲ့သို့ ကလေးများ ကစားနေသည့် နေရာတွင် ထိုသို့သော အညွှန်းကိန်းမျိိုး ရရန် မဖြစ်နိုင် ။
' အပြင်လောက က အန္တရာယ်များလွန်းတယ်.. အနည်းဆုံး ငွေလအဆင့်ကိုရောက်မှ သွားလို့ရမှာ.. ငါအခု သွားလို့ရမယ့် နေရာမှ မဟုတ်တာ.. '
လင်းမို့သည် အသက်စွန့်၍ အတွေအကြုံယူရမည့် ကိစ္စမျိုးကို လုပ်မည်မဟုတ် ။ တိုက်ပွဲအတွေ့အကြုံဆိုသည်က အဆင့်တူများတွင်သာ အသုံးဝင်သည် ။
လူတစ်ယောက်၏ ခွန်အားက အလွန်အမင်းသန်မာနေပါက တိုက်ပွဲ့အတွေ့အကြုံကို လျစ်လျှူရှု ထားနိုင်၏ ။ ကောင်းကင်အဆင့်များက မည်မျှပင် တိုက်ပွဲအတွေ့အကြုံ ပြည့်ဝစေကာမူ နေအလင်းအဆင့်က လက်ညိုးတစ်ချောင်းထဲဖြင့် သတ်နိုင်သည် ။
ထို့ကြောင့် သူ့တွင် တိုက်ပွဲအတွေ့အကြုံ မရှိလျှင် ပျင်းရိရာတွင် ပိုမိုကြိုးစားပြီး ခွန်အားကို တိုးမြှင့်ရပေမည် ။
' ငါ ပိုပြီး ပျင်းဖို့ နည်းလမ်းရှာရမယ်.. '
လင်းမို့သည် ပြိုင်ဘက်ကင်း မဖြစ်သရွေ့ တခြားသူများနှင့် သူသေကိုယ်သေ ဘယ်တော့မှ တိုက်ခိုက်မည် မဟုတ်ချေ ။
လောင်းကြေးတိုက်ပွဲ၏ သတင်းက ကျောင်းဖိုရမ်တစ်ခုလုံးကို ဆူညံသွားစေသည် ။
' တစ်ရာနဲ့ တစ်ယောက်လား..'
ဖုန်ကျစ်ဝေက သူ လင်းမို့အား လျော့တွက်မိသည်ကို နားလည်သွား၏ ။
မနေ့တုန်းက သူ ချီဖုန့်ပိုအား လက်သီးတစ်ချက်ဖြင့် ပျံသန်းခိုင်းလိုက်ပေသည် ။ သနားစရာ ချီဖုန့်ပိုမှာ တစ်နေ့တည်း နှစ်ကြိမ် ပျံသန်းလိုက်ရသည် ။
ဖုန်ကျစ်ဝေသည် သူလည်း လင်းမို့ကဲ့သို့ တစ်ရာနှင့် တစ်ယောက် တိုက်ခိုက်နိုင်သည်ကို ယုံကြည်သည် ။ လင်းမို့ထက်ပင် ပိုမြန်အောင် တိုက်ခိုက်နိုင်သေး၏ ။ သို့သော်လည်း သူက တတိယနှစ် ဖြစ်ပြီး လင်းမို့က ပထမနှစ်ဖြစ်သည် ။
' လင်းမို့က နောက်လအစကြရင် သေချာပေါက် စိန်ခေါ်လောက်တယ်.. ငါ နိုင်မှာ သေချာတယ်..ဒါပင်မဲ့ နောက်နှစ်လ သုံးလ ဆိုရင်ရော.. '
ဖုန်ကျစ်ဝေ စိတ်ဓာတ်ကျသွား၏ ။ သူ၏ အဆောင်နေရာကို ဖယ်ပေးရမည်မှာ သေချာသလောက်ပင် ။
' ငါဖုန်ကျစ်ဝေက ကျန်းနန်တက္ကသိုလ်ရဲ့ ထိပ်တန်း ပါရမီရှင်တစ်ယောက်လေ.. ငါ့အိမ်ကို ပထမနှစ်က လုယူတော့မှာလား..'
သူ အလွန်ရှက်မိသော်လည်း ဘာမှ မတက်နိုင် ။
' အဲ့ သူတောင်းစားက ဘာလို့ ငါ့အိမ်ကိုမှ လာပြီး ပစ်မှတ်ထားနေတာလဲ.. '
ကျန်းနန် တက္ကသိုလ် ကျောင်းအုပ် ရုံးခန်း...
ကျောင်းအုပ်ထူလည်း လင်းမို့၏ သတင်းကို ကြားလိုက်ရသည် ။
' အစစ်အမှန် ပါရမီရဲ့ ရှေ့မှာဆိုရင် ကြိုးစားတဲ့သူလည်း ဘာမှ မတက်နိုင်ဘူး.. '
ကျောင်းအုပ်ထူ သက်ပြင်းချလိုက်မိ၏ ။
' လင်းမို့က မြေဆွဲအားခန်းထဲ ရက်ပိုင်းလောက် လေ့ကျင့်တာက သာမန်ကျောင်းသားတွေ နှစ်ပေါင်းများစွာ လေ့ကျင့်ရတဲ့ အချိန်နဲ့ တူနေတာပဲ.. '
ကျောင်းအုပ်ထူသည် လင်းမို့နှင့် ခေတ်ပြိုင် ပါရမီရှင်များကို သနားသွား၏ ။ သူတို့ မည်မျှပင် ကြိုးစားစေကာမူ လင်းမို့၏ နောက်တွင် ကျန်ခဲ့သော ဖုန်ကိုသာ ရှုရတော့မည် ။
" ဟင်း... "
ကျောင်းအုပ်ထူသည် သူမနက်က ရခဲ့သော သတင်းတစ်ခုကြောင့် သက်ပြင်းချလိုက်မိ၏ ။
ချစ်ကြည်ရေးတိုက်ပွဲအတွက် ချယ်ရီပန်းနိုင်ငံမှ ကိုယ်စားလှယ် အဖွဲ့ စေလွှတ်တော့မည် ဖြစ်သည် ။
သူတို့က ရည်ရွယ်ချက်ကောင်းနှင့် လာသည်မဟုတ်မှန်း ကျောင်းအုပ်ထူ သိထား၏ ။ ထို့အပြင် အနိုင်ရမည်ကို မသေချာလျှင် လာမည့်သူမျိုး မဟုတ် ။ သူတို့တွင် ဝှက်ဖဲ သေချာပေါက် ရှိပေမည် ။
' အဲ့ကောင်တွေ လာရဲတယ်ဆိုတော့ သူတို့မှာ ရှိတဲ့ ပါရမီရှင်တွေကို ယုံကြည်လို့ပဲ.. ငါတို့ ရှားနိုင်ငံက စတုတ္ထနှစ်တွေထက် သန်မာလောက်တယ် .."
ကျောင်းအုပ်ထူ ခေါင်းယမ်းလိုက်မိသည် ။
' သူတို့က ကျင့်ဒူ တက္ကသိုလ်နဲ့ နတ်ဆိုးတက္ကသိုလ်ကို အရင်သွားပြီးမှ ငါတို့ဆီကို လာမှာတဲ့.. ငါတို့ တက္ကသိုလ် သုံးခုလုံး ရှုံးသွားရင် ရှားနိုင်ငံတော့ အရှက်ကွဲတော့မှာ.. '
ကျောင်းအုပ်ထူ စိုးရိမ်နေ၏ ။
ကျင့်ဒူနှင့် နတ်ဆိုးတက္ကသိုလ်က မတားဆီးနိုင်လျှင် နောက်ဆုံးတာဝန်က ကျန်းနန်တက္ကသိုလ်၏ ခေါင်းပေါ်သို့ ရောက်လာမည်ပင် ။
' ငါတို့ ကျောင်းက စတုတ္ထနှစ်ထဲမှာ အားကိုးလို့ရမယ့် ပါရမီရှင် မရှိဘူး.. '
ကျောင်းအုပ်ထူ ခေါင်းယမ်း၍ သက်ပြင်းချလိုက်ပြန်သည် ။
' လင်းမို့သာ တတိယနှစ်လောက် ရောက်နေရင်ကောင်းမယ်.. အဲ့တာဆို အဲ့ကောင်တွေကို အေးဆေး နိုင် နိုင်တယ်.. ခုတော့ သူက ပထမနှစ်ပဲ ရှိသေးတယ်.. '
Chapter 164