← Chapters

အိပ်ဆောင်အသစ် ၂ ~

Vol. 11 Ch. 165

အိပ်ဆောင်အသစ် ၂ ~

Vol. 11 Ch. 165

ဤနည်းဖြင့် အချိန်ကတ်များကို တန်ဖိုးရှိရှိ အသုံးပြုရပေမည် ။

" မင်း... "

လင်းမို့ သည် သူ၏ စကားကို နားမထောင်သည်ကို မြင်လျှင် မန်နေဂျာက အနည်းငယ်ဒေါသထွက်သွား၏ ။

" မင်းက အချိန်ကတ်တွေ ဖြုန်းနေတာပဲ.. မင်းမှာ အချိန်ကတ်တွေ သုံးမကုန်အောင် ရှိနေလို့လား.. "

" အမ်.. သိပ်မများပါဘူး.. "

လင်းမို့က သူ၏ ပိုင်ဆိုင်မှုကို မကြွားလိုသော်လည်း...

" ကတ် ၂၀၀၀ ကျော် လေးပဲ ရှိတာ.. "

"......"

မန်နေဂျာက ပါးစပ်ပိတ်၍ လင်းမို့ပေးသော အချိန်ကတ်များကို ယူလိုက်သည် ။ သူ တက္ကသိုလ် တက်ခဲ့သော လေးနှစ်လုံး ပေါင်းလျှင်ပင် ကတ်တစ်ထောင် မပြည့်ခဲ့ ။ သူနာကျင်သွား၏ ။ လူ့ဘဝ များက မမျှတပေ ။

' ငါ သူဌေးကို ငွေချွေတာဖို့ ပြောနေတာလား.. '

မန်နေဂျာက လင်းမို့၏ နောက်ကျောကို ကြည့်၍ တွေးသည် ။

' ချမ်းသာတဲ့ကောင်တွေက ဖြုန်းတီးလိုက်တာ.. '

မန်နေဂျာက လင်းမို့ ဖိအားမခံနိုင်၍ ထွက်ပြေးလာမည့်အချိန်ကို တွေးမိပြီး ရယ်လိုက်၏ ။

' ငါပြောတာကို နားမထောင်တာ မင်းထိုက်နဲ့ မင်းကံပဲ.. မင်း ပထမဆုံး ဝင်တာကို နှစ်နာရီထက် ပိုကြာအောင် နေနိုင်မယ်လို့ ငါမယုံဘူး.. '

မန်နေဂျာက ချက်ချင်းတစ်ခုခုကို တွေးမိသွားသည် ။

' လင်းမို့က နှစ်နာရီနဲ့ ထွက်လာရင် ဆယ်နာရီတောင် ကျန်နေမှာပေါ့.. '

မြေဆွဲအားခန်းအား အချိန်သတ်မှတ်ပြီးသည်နှင့် ပြန်နှုတ်၍ မရပေ ။ ထွက်လာလျှင်ပင် အချိန်ကုန်သည်အထိ မြေဆွဲအားအခန်းက ဆက်လက် လည်ပတ်နေအုံးမည်ဖြစ်သည် ။

' ပိုနေတဲ့ အချိန်ကို ငါသုံးလို့ရတာပဲ.. '

မန်နေဂျာက တွေးသည် ။

' ငါက အလုပ်နဲ့ဆိုတော့ ဝင်လို့မရဘူး.. ငါနဲ့ ခင်တဲ့ ကျောင်းသားတွေကို လှမ်းခေါ်ရမယ်.. '

သူ ချက်ချင်း ဖုန်းထုတ်ဆက်လိုက်၏ ။ ထိပ်တန်း ပါရမီရှင်များကိုသာ ခေါ်လိုက်ခြင်းဖြစ်သည် ။ ယခုအခွင့်အရေးကို ပေးလိုက်ပါက အနာဂတ်တွင် သူ့အား ပြန်၍ အကျိုးပြုနိုင်ပေသည် ။ သိပ်မကြာမီပင် ကျောင်းသားငါးယောက် ရောက်လာ၏ ။ သူတို့ထဲမှ နှစ်ယောက်မှာ လင်းမို့ရင်းနှီးသော လီကျွားရွှမ်နှင့် ဖုန်ကျစ်ဝေပင် ။

" အကိုကျန်း ဘာကိစ္စရှိလို့လဲ.. "

လီကျားရွှမ်က ရောက်ရောက်ချင်း မေးလိုက်၏ ။

ကျန်းယွမ်က လီကျားရွှမ်ကို ကြည့်၍ ပြုံးလိုက်ပြီး...

" အရင်က မင်းငါ့ကို ဓားကြီးကစားဖို့ ခေါ်တာကို မှတ်မိသေးတယ်.. ခု ငါမင်းကို နှစ်နာရီ အကျိုးပြုဖို့ ခေါ်လိုက်တာ.. ဘာလဲဆိုတာတော့ သိပ်မကြာခင်သိလိမ့်မယ်.. "

" ဝိုး.. အကိုကျန်း ကြည့်ရတာ ကောင်းတဲ့ ကိစ္စ တစ်ခုခု ထင်တယ်.. "

လီကျားရွှမ်က မျက်ခုံးပင့်လိုက်၏ ။ သူတွေးလိုက်သည် ။

' ဟောက်ရန်နောက်မလိုက်မိတာ ကံကောင်းတာပဲ.. မဟုတ်ရင် ဒီလို ကောင်းတာနဲ့ လွဲတော့မလို့.. '

လီကျားရွှမ်က သိရန်အလျင်မလို ။ အကိုကျန်းက ကောင်းသည့်ကိစ္စ ဟု ပြောသည့်အတွက် ကောင်းသည့်အရာ သာဖြစ်ပေမည် ။

လင်းမို့က သူဝင်ရမည့် အခန်းကို ရှာတွေ့သွား၏ ။

' အခန်း ၇၇၇ '

သူက ဆရာဝေ့ သင်ပေးထားသည့်အတိုင်းပင် တံခါးကို ဖွင့်၍ ဝင်လိုက်သည် ။ အထဲသို့ ရောက်သည်နှင့် မြေဆွဲအားမှာ ပုံမှန်ထပ် ဆယ်ဆဖြစ်သော 10 G ဖြစ်သည် ။

လင်းမို့ သူ၏ တည်​ငြိမ်အညွှန်းကိန်း ၁ မှ ၂ သို့ပြောင်းသွားသည်ကို မြင်လိုက်ရသည် ။

' ဆွဲအား ဆယ်ဆက ဘာမှလဲ မခံစားရဘူး.. '

လင်းမို့ တွေးသည် ။ သူအစမ်းလေ့ကျင့်ရန် ဝင်ရစဥ်က သူ၏ လက်သီးပြင်းအားမှာ ကီလို ၅၀၀၀ အောက်သာရှိသည် ။ ထိုအချိန်ကပင် သူ 40 G အထိ အေးဆေး ခံနိုင်ခဲ့သည် ။ ယခု သူ၏ လက်သီးပြင်းအားမှာ ကီလို ၁၄၀၀၀ ကျော်သွားလေပြီ ။ မနေ့ကထက် ကီလို ၂၀၀၀ ကျော် ပိုတိုးလာခဲ့၏ ။

' ဆွဲအားကို 40G အထိ တစ်ခါတည်း တိုးလိုက်မယ်..'

40G တွင် တည်​ငြိမ်အညွှန်းကိန်း ၅ အထိရမည်ဖြစ်သည် ။ မြေဆွဲအား ပိုတိုးလာလျှင်ပင် ၅ ထက်ပိုမြင့်တော့မည် မဟုတ်သဖြင့် 40 G ဖြင့် အိပ်သည်က အကောင်းဆုံးပင် ။

သူ 40 G အထိ မြှင့်လိုက်၏ ။

' 40 G က လွယ်တောင် လွယ်နေသေးတယ်.. ငါဘာမှ မသက်မသာ မခံစားရဘူး.. '

လင်းမို့ တွေးသည် ။ အိပ်ရန် အဆင်မပြေသည့် တစ်ခုထဲသော အကြောင်းမှာ နေအတုပင်ဖြစ်သည် ။ အပူရှိန်ကြောင့် မသက်မသာ မဖြစ်မိသော်လည်း စူးရှသည့် အလင်းရောင်ကြောင့် ကောင်းကောင်းအိပ်စက်နိုင်ရန် ခက်ခဲပေသည် ။

လင်းမို့က လက်ကို မျက်နှာ ပေါ်တွင် တင်ထားလိုက်သည် ။ ဤသည်မှ အဆင်ပြေသွား၏ ။

' ငါ့တိုးတက်နှုန်းကို ကြည့်မှ..'

စနစ်မျက်နှာပြင်ကို ကြည့်လိုက်ရာ တက်ကြွအညွှန်းကိန်း ၂၀၀၅ နှင့် တည်ငြိမ်အညွှန်းကိန်း ၅ ရှိနေသည် ။ တက်ကြွအညွှန်းကိန်းနှင့် တည်ငြိမ်အညွှန်းကိန်းကို မြှောက်လိုက်လျှင် သူ၏ တက်ကြွအညွှန်းကိန်းက ၁၀၀၀၀ ကျော်နေ၏ ။ သူကျေနပ်သွားသည် ။

ငါနောက်ဆုံး တက်ကြွအညွှန်းကိန်း ၁၀၀၀၀ အထိရဖူးတာက စာမေးပွဲဖြေတုန်းကပဲ.. အဲ့တုန်းက အချိန်သိပ်မကြာပင်မဲ့ ငါ တော်​တော် ရလိုက်တယ်.. ခု ငါ့မှာ အချိန်ကတ် ၂၀၀၀ ရှိတော့ နာရီနှစ်ထောင် တောင်ပဲ.. ငါ့ ဘဝက သာယာသွားပြီ..'

ထို့အပြင် မြေဆွဲအားခန်းသို့ ဝင်သူများမှာ လက်သီးပြင်းအား တိုးမြှင့်နိုင်ရန် ခန္ဓာကိုယ်လေ့ကျင့်ခန်းများ ပြုလုပ်ကြသဖြင့် လက်သီးပြင်းအား အညွှန်းကိန်းက ၁၅၀၀ အထိရှိသည် ။ ငါး နှင့် ​မြှောက်လျှင် ၇၅၀၀ ပင် ။ သူတစ်နာရီလျှင် လက်သီးပြင်းအား ၁၅၀၀ ကီလိုနှုန်းဖြင့် တိုးတက်နေ၏ ။

' ငါတစ်နေ့ကို ၁၂ နာရီအိပ်ရင်တောင် လက်သီးပြင်းအားက ၁၈၀၀၀ ကီလို တိုးလာမှာပဲ.. '

လင်းမို့၏ လက်သီးပြင်းအားက လက်ရှိတွင် ၁၄၀၀၀ ကီလိုကျော်သာ ရှိသည် ။ မြေဆွဲအားခန်းတွင် တစ်ရက်အိပ်ချင်းက သူ့ဘဝတစ်လျောက်လုံး လေ့ကျင့်ခဲ့သည်ထက်ပင် ပိုနေပေသည် ။

' နှစ်ရက်ဆို ဘယ်လိုနေမလဲ.. '

' သုံးရက်ဆို ဘယ်လိုနေမလဲ.. '

လင်းမို့၏ မျက်လုံးများ တောက်ပလာ၏ ။ မြေဆွဲအားအခန်းအား သူ၏ အိပ်ဆောင်အဖြစ် သတ်မှတ်လိုက်တော့သည် ။

' ငါ သိပ်မကြာခင် စူပါမင်း ဖြစ်လာတော့မယ် ..'

All Chapters