← Chapters

လမ်းညွှန်တိုက်ပွဲ စတင်ခြင်း ~

Vol. 11 Ch. 156

လမ်းညွှန်တိုက်ပွဲ စတင်ခြင်း ~

Vol. 11 Ch. 156

လင်းမို့သည် ပိုစ့်တင်ပြီးနောက် ကျိန်ဆဲနေသူများကို ဥပေက္ခါ ပြု၍ ​အိပ်ပျော်သွား၏ ။ မနက် ၈ နာရီခွဲမှ ပြန်နိုးလာခဲ့သည် ။

' လမ်းညွှန်တိုက်ပွဲကြောင့်သာ အစောကြီး ထနေရတာ.. '

လင်းမို့ အိပ်ရသည်ကို မဝသေး ။ သို့ရာတွင် သူ မထ၍ မဖြစ်ချေ ။ လမ်းညွှန်တိုက်ပွဲက မနက် ၉ နာရီတွင် စတင်မည်ဖြစ်သည် ။

တိုက်ပွဲ၏ ပထမ အကျော့သည် ဒုတိယနှစ်များမှ ပထမနှစ်များကို လမ်းညွှန်မည်ဖြစ်သည် ။

လင်းမို့က ပထမနှစ်၏ အဆင့် ၂ ပါရမီရှင်ဖြစ်၍ ဒုတိယမြောက်ပွဲတွင် တိုက်ခိုက်ရပေမည် ။ ထို့ကြောင့် သူစောစောသွားရ​မည် ။

လမ်းညွှန်တိုက်ပွဲအတွက် ကျောင်းက တိုက်ပွဲကွင်း ၂၀ ကို အထူးပြင်ဆင်ထားသည် ။

လင်းမို့သည် ကွင်း ၁ တွင် တိုက်ခိုက်ရမည်ဖြစ်သည် ။

" လင်းမို့.. "

အရင်ရောက်နေသော ယီမိုက လင်းမို့ကို နှုတ်ဆက်လိုက်ပြီး...

" အမှန်အတိုင်းပြောရရင် ခုငါ စိတ်လှုပ်ရှားနေတယ်.. "

" နင် အရင်ဆုံး တိုက်ရမှာမလား.. "

လင်းမို့က ပြောလိုက်သည် ။

" ဟုတ်တယ်.. "

ယီမိုက မချိပြုံး ပြုံးလိုက်ပြီး...

" ငါ အရင်ဆုံး မတက်ချင်ဘူး..စင်ပေါ်တက်ပြီး ငါ အရင်ဆုံး အရိုက်ခံရမှာ.. "

" အများကြီး လျောက်တွေးမနေနဲ့.. "

လင်းမို့က နှစ်သိမ့်လိုက်ပြီး...

" ပထမနှစ်တွေက ဒုတိယနှစ်တွေကို ရှုံးတာ ပုံမှန်ပဲလေ.. "

" နင်ကရော.."

ယီမိုက မေးလိုက်သည် ။

" ငါကတော့ ဘယ်ရှုံးမလဲ.. "

လင်းမို့က ယုံကြည်မှု အပြည့်ဖြင့် ပြန်ဖြေလိုက်၏ ။

ယီမိုက မျက်စောင်းထိုးလိုက်ပြီး...

" နင် သာမန် ဒုတိယနှစ်တွေကို နိုင်ပင်မယ့် ချီဖုန့်ပိုကို နိုင်မှာ သေချာလို့လား.. "

သူမ လင်းမို့အား လောင်းကြေးတိုက်ပွဲတွင် နိုင်မည်ဟု ယုံကြည်သော်လည်း လမ်းညွှန်တိုက်ပွဲတွင် နိုင်မည်ဟု မယုံပေ ။

" ပြီးတော့ ကြားထားသေးတယ်.. ချီဖုန့်ပိုက နာမည်ကြီးချင်လို့ နင့်ကို နင်းခြေပစ်မယ်တဲ့.. "

ယီမိုက သတိပေးလိုက်ပြီး...

" နင် အလှည့်ရောက်ရင် သေချာသတိထားပြီး တိုက်ခိုက်နော်.. မာနကြီးပြမနေနဲ့.. အရမ်းကြီး ဆိုးဆိုးဝါးဝါး အရိုက်မခံရစေနဲ့.. "

လင်းမို့ ရယ်လိုက်မိ၏ ။ နာမည်ကြီးရန် သူ့အား နင်းခြေပြချင်သည်လော ။ ထိုကလေးမ ချီဖုန့်ပိုက သူ၏ ပြိုင်ဘက်ဟု မှတ်ယူရန်ပင် မထိုက်တန် ။

" ယီမို.. လင်းမို့.. "

ဆရာဝေ့ ရောက်လာ၏ ။

ဆရာဝေ့က လင်းမို့ကို စိတ်ဓာတ်ကျစွာဖြင့်ကြည့်၍ ခေါင်းခါလိုက်ပြီး ယီမိုဘက်သို့ လှည့်လိုက်သည် ။

" တိုက်ပွဲစရင် ခံစစ်ကို အဓိကထားပါ.. အလောတကြီး ရှေ့မတက်နဲ့.. ရှုံးဖို့က သေချာနေတာပဲ.. ကွင်းထဲမှာ အချိန်ကြာကြာ နေနိုင်အောင်သာ ကြိုးစားပါ.. "

" ဟုတ်ကဲ့ပါ ဆရာ.. "

ယီမိုက တည်တည်​ငြိမ်ငြိမ် ပြန်ဖြေလိုက်သည် ။

" အင်း သွားပြီးပြင်​တော့ .. နင်က ပထမနှစ်ရဲ့ အဆင့် ၁ ဆိုတော့ တစ်ကျောင်းလုံး နင့်ကို အာရုံစိုက်ပြီး ကြည့်နေကြတယ်.. သတိထားပါ.. "

ဆရာဝေ့က ပြောလိုက်သည် ။

ယီမို ထွက်သွားသည်နှင့် ဆရာဝေ့က လင်းမို့ကို ကြည့်လိုက်ပြီး...

" ဟူး..."

သက်ပြင်းရှည်ကြီး ချလိုက်၏ ။

" လင်းမို့ မနေ့ညက ကျောင်းသား ၉၀ % ကျော် သဘောတူအောင် ငါပြောရတာ လွယ်တာမဟုတ်ဘူး.. မင်းက အဲ့လိုကြီး ပိုစ့်တင်လိုက်တယ်.. ငါ လုပ်ထားသမျှ အကုန်သွားရော.. "

" ဆရာဝေ့.. "

လင်းမို့က ပြတ်သားစွာဖြင့် ...

" ဆရာဝေ့ လုပ်ပေးတာတွေကို ကျေးဇူးအများကြီးတင်ပါတယ်.. ဒါပင်မဲ့ ကျွန်တော်က သေချာပေါက်နိုင်မှာလေ.. "

သေချာပေါက် နိုင်မည့်ပွဲကို မည်သည့်အတွက်ကြောင့် အရှုံးပေးရမည်နည်း ။

" လင်းမို့ မင်း ဒုတိယနှစ်တွေကို လျော့တွက်လွန်းတယ်.. ခုမှ ဒီစကားတွေ ပြောနေလည်း နောက်ကျသွားပြီ.. အဲ့ကောင်တွေ ခုချိန်မှာ စာချုပ်ဖျက်သိမ်း ပေးတော့မှာ မဟုတ်ဘူး.. "

ဆရာဝေ့က သက်ပြင်းချလိုက်ပြီး...

" မင်း ချီဖုန့်ပိုနဲ့ တိုက်ခိုက်ပြီးရင် ဒုတိယနှစ်တွေ ဘယ်လောက်သန်မာလဲ နားလည်သွားမယ် .."

ဆရာဝေ့ လင်းမို့၏ ပခုံးကို ပုတ်လိုက်ပြီး...

" မင်း ဒီအမှားကနေ သင်ခန်းစာ ယူရမယ်.. "

" ကျ..."

လင်းမို့ ပြန်ငြင်းရန် ပြင်လိုက်သော်လည်း ​ပြန်မပြောတော့ရန်သာ ဆုံးဖြတ်လိုက်သည် ။ နောက်မိနစ် အနည်းငယ်ကြာလျှင် ဆရာဝေ့ သဘောပေါက်သွားပေလိမ့်မည် ။

' ကြယ်ငါးပွင့် သိုင်းပညာရှင် '

လင်းမို့သည် သူ၏ ခွန်အားကို ထိန်းချုပ်ထားရသဖြင့် ပေါက်ကွဲလုမတက် ဖြစ်နေချေပြီ ။ သူ၏ ပြိုင်ဘက်ဖြစ်သူ ချီဖုန့်ပိုက လက်သီးပြင်းအား ကီလို ၃၀၀၀ ကျော်သာရှိသည် ။ တစ်ချက်တည်းဖြင့် မသေသွားအောင် သူဂရုစိုက်ရမည်ပင် ။

' ငါ့ လက်သီးပြင်းအားက ၁၂ တန်ဖြစ်နေပြီ.. ချီဖုန့်ပို တစ်ချက်ထဲနဲ့တော့ သေမသွားလောက်ဘူးမှလား..'

ရင်ပြင်တွင် တိုက်ပွဲကွင်း ၂၀ အား စီတန်းထားခြင်းဖြစ်သည် ။ ကွင်း ၁ မှ ကွင်း ၂၀ အထိ အမြင့်မှ အနိမ့်သို့ စီစဥ်ထားသည် ။

ကွင်း၁ တွင် ပွဲကြည့်ပရိတ်သတ် များဖြင့် ပြည့်နေ၏ ။ ပထမနှစ် များမှာ သေချာပေါက် ရှုံးနိမ့်မည်ဖြစ်၍ ကွင်း၁ တွင်သာ တိုက်ပွဲအပြင်းထန်ဆုံး ဖြစ်ပေမည် ။

ထို့အပြင် နိုင်ငံ၏ ထိပ်တန်းပါရမီရှင်များ အရိုက်ခံနေရသည်ကလည်း ကြည့်၍ ကောင်းလှပေသည် ။

" ကြည့်ကြည့် ကျောင်းဖိုရမ်မှာ အာချောင်နေတဲ့ လင်းမို့ဆိုတာ အဲ့ကောင်ပဲ.. "

" သူမနေ့တုန်းက လောင်းကြေးစာချုပ် ၂၀၀ ကျော် ချုပ်လိုက််တယ်တဲ့.. ပြီးတော့ သူ့ဆရာက ကျောင်းသားတွေကို ပြန်တောင်းပန်ပြီး စာချုပ်ဖျက်သိမ်းပေးဖို့ တစ်ညလုံး လိုက်ပြောလိုက်ရတယ်တဲ့.. အဲ့တာကို သူက နားမထောင်ဘဲ ဖိုရမ်ပေါ် ပိုစ့်တင်ပြီး စိန်ခေါ်နေသေးတာ.. "

" ဒီကောင်က သောက်ကြီးသောက်ကျယ်သာ ပြောနေတာ သူ့အကန့်အသတ်ကို သူမသိဘူး.. ဒီလိုကောင်မျိုး တပည့်တော်ထားရတာ ဆရာဝေ့ ကံမကောင်းဘူး.."

" သူက ပထမနှစ်မှာ ပြိုင်ဘက်မရှိတဲ့ ပါရမီရှင်ပဲ မာနကြီးနေတာ မဆန်းဘူး.. ဒါပင်မဲ့ မာနကြီးတဲ့အတွက် တန်ဖိုးကြီးကြီး ပြန်ပေးရတော့မယ်.. ဟီးဟီးဟီးးး.."

ကွင်း၁ တွင် ပထမဆုံး တိုက်ခိုက်မည့် ယီမိုအကြောင်းကိုတော့ မည်သူမှ မဆွေးနွေးကြ ။ ပြောနေသူအများစုမှာ ဒုတိယနှစ်၏ ထိပ်တန်း ပါရမီရှင်များဖြစ်သည် ။ သူတို့အတွက် အရင်းအမြစ်မရှားပါးသဖြင့် လင်းမို့နှင့် စာချုပ်ချုပ်ကြသူများထဲတွင် မပါဝင်ပေ ။ သူတို့၏ ဂုဏ်သိက္ခာကို နိမ့်ချ၍ ပထမနှစ်ကလေးများအား အနိုင်ကျင့်မည် မဟုတ် ။

" လင်းမို့ အကြောင်းတော်တော့.. ပွဲက စတော့မယ်.. "

ကွင်း ၁ ထဲတွင် ယီမိုနှင့် ဒုတိယနှစ်မှ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော ယောကျ်ားလေးတစ်ယောက် မျက်နှာခြင်းဆိုင် ရပ်နေကြသည် ။

အဖြူရောင်ဝတ်စုံဖြင့် ယောကျ်ားလေး၏ မျက်နှာမှာ အေးစက်နေ၏ ။ မည့်သည့်အချိန်တွင်မှ မပြောင်းလဲသော မျက်နှာသေ ​ဖြင့်ပင် ။

သူက ယီမိုကို သာမန်ကာလျှံကာ တစ်ချက်ကြည့်၍...

" နင်က စိတ်ထိန်းချုပ်သူမှလား..နင် ကြိုက်သလို ပြင်လိုက် ငါ နင် သုံးမယ့် ပုံရိပ်ယောင်စွမ်းရည် ကို မနှောက်ယှက်ဘူး.. "

' ငါကို အထင်သေးတာလား..'

ယီမို မပျော်​တော့ ။ စိတ်ထိန်းချုပ်သူများ၏ အဓိက အားနည်းချက်မှာ စွမ်းရည်သုံးရန် အချိန်ကြာခြင်းဖြစ်သည် ။ စွမ်းရည် ထုတ်သုံးနိုင်ပါက အဆင့်ကျော်၍ပင် တိုက်ခိုက်နိုင်သည် ။

' သူက ငါ့လို စိတ်ထိန်းချုပ်သူ တစ်ယောက်ကို အထင်သေးနေတာလား.. '

သူမ ဒေါသထွက်သွား၏ ။ သူမသည် ရှားနိုင်ငံ၏ ယခုနှစ် တစ်ယောက်ထဲသော စိတ်ထိန်းချုပ်သူ ဖြစ်သည် ။ စိတ်ထိန်းချုပ်သူ အဆင့် ၄ သို့ရောက်နေသော ပါရမီရှင်လည်းဖြစ်သည် ။ သူမအား မည်သည့်အတွက်ကြောင့် ဤမျှ အထင်သေးနေရပါသနည်း ။

' နင်ငါ့ကို အထင်သေးနေတာ နောင်တရသွားစေရမယ်.. '

ယီမို၏ မျက်လုံးများ တောက်ပလာပြီး...

' ငါ ကံကောင်းရင် နိုင်နိုင်တယ်.. '

ယီမို၏ လက်ချောင်းများက လေထဲတွင် ကခုန်နေသကဲ့သို့ ချိတ်ပိတ်တံဆိပ်များ ရေးဆွဲလိုက်သည် ။ သူမ၏ အသန်မာဆုံး စွမ်းရည်ကို အသုံးပြုလိုက်ခြင်းပင် ။

' အဆုံးမဲ့ပျောက်ဆုံးခြင်း စွမ်းရည်က သုံးဖို့ ရှုပ်ထွေးလွန်းတယ်.. သူက ရပ်ပြီး ခံနေမယ်ဆို​တော့ ခုသုံးလို့ရပြီ.. နင် စိတ်ထိန်းချုပ်သူ တွေရဲ့ စွမ်းအားကို သိစေရမယ်.. "

တစ်မိနစ် ကြာပြီး​နောက် ယီမိုပြင်ဆင်နေသည်က ပြီးသွားလေပြီ ။

' ပုံရိပ်ယောင်ထဲ ကျလိုက်စမ်း..'

ယီမိုက ပုံရိပ်ယောင်စွမ်းရည်ကို ပစ်လွှတ်လိုက်၏ ။ တစ်ချိန်တည်းပင် ရန်​သူဆီသို့ အဆုံးသတ်ရန် ပြေးဝင်သွား၏ ။ ပုံရိပ်ယောင်ထဲ ကျရောက်နေချိန်တွင် အဆုံးသတ်ရပေမည် ။

" ဝှစ်.."

ယီမိုက အားနည်းသည့် ပုံပေါက်နေသော်လည်း သူမ၏ လက်သီးပြင်းအားက ကီလို ၂၀၀၀ ကျော်ရှိပေသည် ။

သို့သော်လည်း သူမ ထိတ်လန့်သွား၏ ။

အဖြူရောင်လူက သူမ၏ ပုံရိပ်ယောင်စွမ်းရည်ကြောင့် ထိခိုက်ပုံ မပေါ်ချေ ။

" ဘန်း..."

အဖြူရောင်လူက ယီမို့၏ လက်သီးကို ဖမ်းဆုပ် ထားလိုက်သည် ။

" ဒါပဲလား.."

သူက အမူအရာ ကင်းမဲ့စွာဖြင့် ပြောလိုက်ပြီး ယီမို၏ လက်ကိုဆွဲ၍ ကွင်းအပြင်သို့ လွှင့်ပစ်လိုက်သည် ။

ပထမဆုံး တိုက်ပွဲကား ယီမို လှုပ်ရှားလိုက်သည်နှင့် ပြီးဆုံးသွားချေပြီ ။

" ငါ... "

ယီမို သတိပြန်မကပ်သေးပေ ။ သူမ၏ ပုံရိပ်ယောင်စွမ်းရည်က မည်သို့ ဖြစ်သွားပါသနည်း ။

ဆရာဝေ့က အနားသို့ လျောက်လာပြီး နှစ်သိမ့်ပေး၏ ။

" ယီမို စိတ်ဓာတ်မကျနဲ့.. ဒုတိယနှစ်ရဲ့ အဆင့် ၁ ပါရမီရှင်က ဘက်ပေါင်းစုံကို အ​​ခြေခံခိုင်အောင် သေချာလေ့ကျင့်ထားတာ.. နင်သုံးတဲ့ စွမ်းရည်က သူ့ကို ပန်းနဲ့ ပေါက်နေသလိုပဲ.. "

ပွဲကြည့်နေသူများလည်း ခေါင်းယမ်းလိုက်ကြသည် ။

" ဖွီး.. ယန်ယီမိုက တစ်ချက်တောင် မခံနိုင်ဘူး.. "

" သူက ခုမှ တက္ကသိုလ်ရောက်တာကို ဒီလို စွမ်းရည်မျိုး အသုံးပြုနိုင်တာ အထင်ကြီးစရာပဲ.. နောက်နှစ်တွေကြာရင် ထိပ်တန်း စိတ်ထိန်းချုပ်သူတစ်ယောက် ပေါ်လာတော့မယ်ထင်တယ်.. "

" တိုက်ပွဲက ချက်ချင်းပြီးသွားပင်မဲ့ သူနဲ့ ဒုတိယနှစ်တွေကြားက ကွာခြားချက်ကို နားလည်သွားမယ်ထင်တယ် .."

" နောက်ပွဲကို သေချာကြည့်ရမယ်.. မာနကြီးလင်း အရိုက်ခံ ကလှည့်ပဲ. .."

" ဟားဟားဟား.. သူအရိုက်ခံရပြီးရင် ဖြစ်လာမယ့် မျက်နှာကို မြင်ချင်လှပြီ.. "

" သူမာနကြီးနေတာက ဒုတိယနှစ်တွေရဲ့ ခွန်အားကို မသိလို့လေ.. ဒီပွဲပြီးရင် အပိုးကျိုးသွားလိမ့်မယ်.. "

ထောင်နှင့်ချီသော ပွဲကြည့်သူများက လင်းမို့ ရှုံးနိမ့်မည်ကို စောင့်မျှော်နေကြ၏ ။

ချီဖုန့်ပိုက ကွင်းထဲသို့ ခုန်ဝင်လိုက်သည် ။ သူမ ဤအချိန်ကိုရောက်ရန် တစ်ပတ်လောက် စောင့်နေခဲ့ရသည် ။

" လင်းမို့..."

ချီဖုန့်ပိုက သူမ၏ လက်ချောင်းကို ဓားသဖွယ် လင်းမို့ ထံသို့ ညွှန်ပြလိုက်ပြီး...

" တက်လာခဲ့စမ်း.. နင့်ကို ဘယ်နှကွက် အကျောပေးရမလဲ.. "

Chapter 157

All Chapters