← Chapters

ငါကူညီနိုင်တာ ဒါအကုန်ပဲ ~

Vol. 11 Ch. 154

ငါကူညီနိုင်တာ ဒါအကုန်ပဲ ~

Vol. 11 Ch. 154

လင်းမို့သည် ညတွင်းချင်းပင် ကျောင်းသား ၂၀၀ ကျော်နှင့် လက်မှတ်ထိုးလိုက်ရ၏ ။

အချိန်ကတ် စုစုပေါင်း ၂၀၀၀ ကျော်မည်ဖြစ်သည် ။

သူ မြေဆွဲအားခန်းထဲတွင် တစ်ရက်လျှင် ၁၀ နာရီခန့် အိပ်လို့ရလေပြီ ။ သူ၏ ခွန်အား မည်မျှထိ မြင့်တက်သွားနိုင်မှန်းကိုပင် သူမတွက်နိုင်တော့ ။

' အင်း.... ကောင်းလိုက်တာ..'

လင်းမို့ စိတ်ချမ်းသာ သွားသည် ။ အိပ်ကောင်းသော ညတစ်ညပင် ။

သို့သော်လည်း လင်းမို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဥ်တွင် အိပ်မပျော်နိုင်သူတစ်ဦးရှိသည် ။

ထိုသူက ဆရာဝေ့ပင် ။

" ဘာ..."

ဆရာဝေ့သည် လင်းမို့ စာချုပ်၂၀၀ ကျော်ချုပ်ဆိုခဲ့ကြောင်း ကြားသည်နှင့် ကုတင်ပေါ်မှ ခုန်ထမိလိုက်၏ ။

' လင်းမို့က ဒုတိယနှစ်တွေကို ရန်စလိုက်တာလား..'

' စာချုပ် ၂၀၀ ကျော်တောင် ချုပ်လိုက်တာလား ..'

' ယန်ယီမိုနဲ့ ဟောက်ရန်ကပါ ပါသေးတာလား..'

' နောက်နေတာ​တော့ မဟုတ်ပါဘူး​နော် ..'

ရိုးရိုးသားသား ကြိုးကြိုးစားစား ကျောင်းသားတစ်ယောက်က ဤမျှကြီးမားသော ပြသနာကြီးကို ဖန်တီးလိုက်မည်ဟု သူမမျှော်လင့်မိ ။

' လင်းမို့က တက္ကသိုလ်တက်တုန်း မြေဆွဲအားခန်းထဲ မဝင်ချင်တော့ဘူးလား..'

ဆရာဝေ့ ဆွံ့အသွား၏ ။

' သူအကျိုးဆက်တွေကို တွေးမကြည့်ဖူးဘူးလား..'

အချိန်ကတ်သည် တက္ကသိုလ်တွင် အရေးအကြီးဆုံး အရင်းအမြစ်ဟုပင် ဆို၍ရလေသည် ။

တိုက်ခိုက်ရေးစွမ်းရည် လုံလောက်နေသ၍ မြေဆွဲအားခန်းမသို့ သွား၍ လက်သီးပြင်းအားတိုးမြှင့်ရန် ကျင့်ကြံနိုင်ပေသည် ။ မည်သည့်အတွက်ကြောင့် ဤမျှအထိ မဆင်မခြင်လုပ်လိုက်ပါသနည်း ။

' လင်းမို့ဆီက အချိန်ကတ်တွေကုန်သွားရင် အနာဂတ်တိုးတက်ဖို့ ခက်ခဲလိမ့်မယ်.. '

ဆရာဝေ့ ထိုင်ကြည့်မနေနိုင်တော့ ။ အဝတ်အစားလဲ၍ ထွက်လာခဲ့သည် ။

' ဒီကိစ္စကို ငါရပ်တန့် ပစ်ရမယ်.. '

ဆရာဝေ့က လင်းမို့နှင့် ပထမဆုံး စာချုပ်ချုပ်ဆိုခဲ့သူ နဂါးနီထံသို့ အရင်သွားလိုက်သည် ။

" အော်ဆရာဝေ့ပါလား.."

နဂါးနီက ယခုမှ ဒုတိယနှစ်ဖြစ်သဖြင့် ဆရာဝေ့အား သိပေသည် ။ သူ ဆရာဝေ့ လာသည့်အကြောင်းကို သိသော်လည်း မသိချင်ယောင်ဆောင်နေ၏ ။

" နောက်တောင်ကျနေပြီ.. ဆရာဝေ့ ကိစ္စတစ်ခုခု ရှိလို့လား.."

" နဂါးနီ.."

ဆရာဝေ့က နာမည်ပြောင်ကို ခေါ်လိုက်ပြီး...

" မင်း ပထမနှစ်တွေဆီက အချိန်ကတ်တွေကို လုခဲ့တယ်ဆို.."

" ဆရာဝေ့.. အဲ့လိုတော့မစွပ်စွဲပါနဲ့.. "

နဂါးနီက အပြစ်ကင်းဟန်ဖြင့်...

" လောင်းကြေးတိုက်ပွဲကို တက္ကသိုလ်က တရားဝင် ခွင့်ပြုထားတာပဲလေ.. ကျွန်တော် တရားမျှမျှတတ အနိုင်ယူခဲ့တာ.. လုတယ်လို့ မစွပ်စွဲပါနဲ့.. "

" မင်းနိုင်ထားတဲ့ အချိန်ကတ်တွေအကြောင်းကို ငါ​​ဆက်မပြော​တော့ဘူး .. ယဲ့ရီရှုံးလို့ ပေးလိုက်ရတာပဲ.. ဒါပင်မယ့်.. "

ဆရာဝေ့က နောက်သို့ ခြေတစ်လှမ်းဆုတ်ရန် သတိပေးလိုက်သည် ။

" လင်းမို့နဲ့ မင်းက တိုက်ပွဲမှ မစရသေးတာ.. မင်းတို့ စာချုပ်က ဖျက်လို့ ရသေးတာပဲ.. "

' ဖျက်ရမှာလား..'

နဂါးနီက ချက်ချင်း ခေါင်းယမ်းလိုက်သည် ။

" ဆရာဝေ့ ကျွန်တော် မဖျက်ချင်တာ မဟုတ်ပင်မဲ့ အဲ့လင်းမို့ဆိုတဲ့ ကလေးက မာနကြီးလွန်းတယ်.. ကျွန်တော်တို့ကို လူရှေ့သူရှေ့မှာ စိန်ခေါ်ထားတာဗျ.. ကျွန်တော်တို့ စာချုပ်ဖျက်ပေးဖို့ မဖြစ်နိုင်ဘူး.."

" ဒါ.. "

ဆရာဝေ့သည် လင်းမို့ဘက်မှ လွန်မှန်း သိပေသည် ။ ကျောင်းဖိုရမ်တွင် တင်ထားသည်က မောက်မာလွန်းလှသည် ။

" နဂါးနီ.."

ဆရာဝေ့က ...

" ငါ့ကို မျက်နှာသာပေးတယ်လို့ပဲ သဘောထားလိုက်ကွာ.. မင်းတို့ စာချုပ်တွေဖျက်သိမ်းပေးပြီးရင် နောက်ကျ အကူအညီတစ်ခုခုလိုရင် ငါ့ကိုလာပြော.. ငါသေချာပေါက် ကူညီပေးမယ်.. "

" ဟူး... ဆရာဝေ့က ဒီလိုတောင်ပြောမှတော့ ကျွန်တော်တို့ သဘောမတူလို့ရမလား.. "

နဂါးနီက အချိန်ကတ်များ မရတော့သဖြင့် စိတ်မကောင်းဖြစ်ဟန်ဖြင့် သက်ပြင်းချလိုက်ပြီး...

" ဒီလိုလုပ်ရင်ရော.. လင်းမို့သာ ကျွန်တော်တို့ဆီလာပြီး တောင်းပန်လိုက်.. ကျွန်တော်တို့ စာချုပ်ဖျက်သိမ်းပေးမယ်.. "

" အေးပါ.. ငါလင်းမို့ကို ပြောလိုက်မယ်.. "

ဆရာဝေ့က သဘောတူလိုက်သည် ။ သူ၏ အမြင်တွင် နဂါးနီ၏ တောင်းဆိုချက်က သိပ်မဆိုးပေ ။

အလျင်အမြန်ထွက်ခွာသွားသော ဆရာဝေ့ကို ကြည့်၍ နဂါးနီ ခေါင်းယမ်းလိုက်မိ၏ ။

" လင်းမို့မှာ ဆရာကောင်းတစ်ယောက်ရှိတာပဲ.. "

ဆရာဝေ့က နဂါးနီထံမှ ထွက်လာပြီးနောက် တခြားဆရာများရှာပေးသည့် သဲလွန်စအတိုင်း တခြားကျောင်းသားများကို လိုက်ရှာတော့သည် ။

' နဂါးနီဆီမှာက စာချုပ် ဆယ်စောင်ကျော်ပဲရှိတာ.. ဒုက္ခရောက်တာက ကျန်တဲ့ အစောင် ၂၀၀ ကျော်ပဲ.. "

ဆရာဝေ့ ခေါင်းကိုက်သွား၏ ။

' ဘာပဲဖြစ်ဖြစ် ဒီည မရ ရအောင် လိုက်ပြောရမယ်.. '

ဆရာဝေ့သည် လင်းမို့အတွက် အမှန်တကယ် စိတ်ပူနေခဲ့၏ ။ လင်းမို့က ယခုမှ တက္ကသိုလ်သို့ ရောက်သည်ဖြစ်၍ ဒုတိယနှစ်များ၏ ခွန်အားကို နားလည်ပုံမပေါ်ပေ ။ သူ၏ အမြင်တွင် လင်းမို့သည် အချိန်ကတ်များကို ဒုတိယနှစ်များအား အလကားဝေနေသည် ။

' လင်းမို့သာ ရှုံးရင် ယန်ယီမိုပါ ဒုက္ခရောက်တော့မယ်.. '

ဆရာဝေ့က ဟောက်ရန်ကိုတော့ မေ့ထားလိုက်၏ ။

ညသန်းခေါင်ယံ.. မှောင်မည်းနေသည့်ကောင်းကင်အောက်...

ဆရာဝေ့သည် အိပ်ဆောင်များကို တံခါးလိုက်ခေါက်ပြီး လင်းမို့အတွက် ဖြေရှင်းပေးနေခဲ့သည် ။

ဆရာဝေ့သည် အလွန်ကောင်းမွန်သော ဆရာတစ်ယောက်ပင် ။ လင်းမို့အတွက် သူ၏ မာနကိုပင် ဘေးဖယ်၍ လိုက်တောင်းပန်နေခဲ့သည် ။

ဆရာဝေ့သည် တစ်ညလုံး ပြေးလွှားခဲ့ရပြီး မနက်လင်းခံနီးမှ ပြီးဆုံးသွား၏ ။ ကျောင်းသားအားလုံးနီးပါးထံသို့ သွားရောက်ခဲ့ပြီး အများစုမှာ လင်းမို့ တောင်းပန်လျှင် ကျေအေးပေးမည်ဟု ကတိပေးခဲ့ကြသည် ။

" ဟူး...."

တစ်ညလုံး ပြေးလွှားနေရသဖြင့် ငွေလအဆင့်ဖြစ်သော ဆရာဝေ့ပင် ချွေးများစို့နေလေပြီ ။ သို့သော် ဆရာဝေ့သည် လင်းမို့က စာချုပ်ဖျက်သိမ်းမည်လောဟု တစ်ခါမှ မတွေးခဲ့ ။

' အကုန်လုံး နီးပါး လိုက်ပြောပြီးသွားပြီ..အဆောင်မှာ မရှိတဲ့ လီကျားရွှမ်တစ်ယောက်ပဲ ကျန်​တော့တယ်.. '

ဆရာဝေ့က လီကျားရွှမ်နှင့် လင်းမို့တို့၏ ဆက်ဆံရေးကို ကြားဖူးသဖြင့် လီကျားရွှမ်ကို ပြောရန်မလိုအပ်ဟု တွေးထားသော်လည်း ဖုန်းဆက်အသိပေးရန် ဆုံးဖြတ်လိုက်သည် ။ လီကျားရွှမ်၏ ဖုန်းနံပါတ်ကို ရှာ၍ ခေါ်လိုက်၏ ။

" ဟ.ယ်.လို.. ဘယ်.သူလဲဗျ.."

အားအင်ကုန်ခန်းနေသော အသံက ထွက်ပေါ်လာသည် ။

ဆရာဝေ့က အမြန်မိတ်ဆက်လိုက်ပြီး...

" လီကျားရွှမ် မင်းဘာလုပ်နေတာလဲ.. မင်းအသံက ဘာဖြစ်နေတာလဲ.. "

" ကျွန်တော် ဟောက်ရန်နဲ့ နှစ်ထပ်ကြက်သားဂိမ်း ညနက်တဲ့အထိ ကစားနေလို့ပါ.. "

လီကျားရွှမ်က အမှန်အတိုင်းဖြေလိုက်၏ ။

" PUBG ဂိမ်းလား .."

ဆရာဝေ့ ကြားဖူးသည် ။

" မင်းက တက္ကသိုလ်ကျောင်းသားဖြစ်ပြီးတော့ ညနက်တဲ့အထိ ဂိမ်းဆော့တုန်းလား.. ငါအရေးကြီးတာ ပြောစရာ ရှိတယ် မင်းနဲ့ လင်းမို့ ချုပ်ထားတဲ့ စာချုပ်ကို ဖျက်သိမ်းလိုက်.. "

ဆရာဝေ့က လီကျားရွှမ်နှင့် လင်းမို့တို့ ရင်းနှီးမှန်းသိသဖြင့် ယဥ်ယဥ်ကျေးကျေး ပြောမနေ​တော့ပေ ။

" ငါပြောစရာရှိတာ ဒါပဲ ဂိမ်းဆက်ဆော့တော့.. "

ဆရာဝေ့ ဖုန်းချလိုက်သည် ။

' လီကျားရွှမ်ကို ပြောပြီးပြီဆိုတော့.. ဒီကိစ္စပြီးပြီ.. "

သူ သက်ပြင်းအရှည်ကြီး ချလိုက်သည် ။

' သဘောမတူတာက ကျောင်းသား ၂၀ ၃၀ လောက်ပဲ.. ပြသနာတော့ မရှိတော့ပါဘူး.. '

ဆရာဝေ့က လင်းမို့ နောင်ကျဥ်သွားစေရန် လွှတ်ပေးထားလိုက်မည်ဟု တွေးလိုက်သည် ။

" လင်းမို့.. အော်.. လင်းမို့.. ဆရာ ကူညီနိုင်တာ ဒါအကုန်ပဲ.. "

အာရုဏ်တက်လာသဖြင့် ပန်းဆီရောင် နေအလင်းက ထွန်းလင်းလာချေပြီ ။

ဆရာဝေ့က သူ၏ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို သယ်၍ လင်းမို့၏ အခန်းတံခါးကို ခေါက်လိုက်၏ ။

Chapter 155

All Chapters