လောင်းကြေး ~
Vol. 11 Ch. 153
" ဘယ်လောက်.. "
ဟောက်ရန် အံ့သြသွား၏ ။
" အစောင်တစ်ထောင်တောင်လား.. အကိုမို့ ဘာလုပ်မလို့လဲ.. "
" အစောင်တစ်ထောင်က ယာယီပဲ.. "
လင်းမို့က...
" မလောက်ရင် ထပ်ဝယ်ရမယ် .."
" ရှီး..."
ဟောက်ရန် ထိတ်လန့်သွားသည် ။ သို့သော်လည်း လင်းမို့ ခိုင်းသည်ကို သူလုပ်ရပေမည် ။ သူ နောက်လိုက်ကောင်း ပီသရမည် ။
ယီမိုက နားလည်သွား၏ ။
" နင် ဒုတိယနှစ်တွေ အကုန်လုံးကို စိန်ခေါ်မလို့လား.. "
ယီမိုက ခေါင်းခါလိုက်ပြီး ...
" နင့် ယုံကြည်မှုတွေက ဘယ်ကလာလဲတော့ မသိဘူး.. နင်ကစားချင်ရင် ငါလိုက် ကစားပေးမယ်.. " ( နင်ပျော်ရင်ပြီးတာပဲ... )
ယီမို အံကြိတ်ပြီး ဆုံးဖြတ်လိုက်၏ ။ လင်းမို့ ရှုံးနိမ့်လျှင် ပထမနှစ်၏ အချိန်ကတ်များအားလုံး ကုန်ဆုံးသွားမည်ဖြစ်သည် ။ သူမ လင်းမို့အား ယုံကြည်ရန်သာ ဆုံးဖြတ်လိုက်သည် ။
ပထမနှစ်တွင် လက်သီးပြင်းအားတိုးမြှင့်ရန် အရေးမကြီးသေးပေ ။ အခြေခံခိုင်အောင် လုပ်ရမည့် နှစ်ဖြစ်သဖြင့် အချိန်ကတ်က သိပ်အရေးမကြီး ။ ကုန်ဆုံးသွားလျှင် အခြားသူများထံမှ ချေးငှား၍ သုံးရပေမည် ။
ထိုအခိုက် ယဲ့ရီက ကျိုးနေသော လက်ကို ထိန်းကိုင်ရင်း ရောက်လာသည် ။
" လင်းမို့.. အရမ်းစိတ်ကြီးဝင်နေတာက မကောင်းဘူးနော် .."
ယဲ့ရီက အကြံပေးလိုက်ပြီး...
" မင်း ဒုတိယနှစ်တွေနဲ့ မတိုက်ခိုက်ဘူးတော့ သူတို့ ဘယ်လောက်သန်မာတယ်ဆိုတာ မင်းမသိဘူး.. ရလဒ်က ငါ့ကိုသာကြည့်.. "
ယဲ့ရီက သူ၏ ကျိုးနေသောလက်ကို မြှောက်ပြလိုက်ပြီး...
" ဒုတိယနှစ်တွေရဲ့ အခြေခံက ခိုင်မာပြီး လက်သီးပြင်းအားလည်း ငါတို့ထက်များတယ်.. တိုက်ပွဲအတွေအကြုံလည်း ငါတို့ထက်များတယ်.. သူတို့နဲ့ တိုက်ခိုက်ရတာ ဟာကွက်ကို ရှာမတွေ့ဘူး.. "
ယဲ့ရီ၏ အသံက ပြောရင်း တုန်ရီလာ၏ ။ သူအရိုက်ခံရသည်ကို ပြန်လည် မှတ်မိသွားပုံရသည် ။
လင်းမို့သည် ယဲ့ရီကို ကြည့်၍ ပြုံးလိုက်ပြီး...
" ငါက မင်းနဲ့မတူဘူး.. "
" ဘာ မတူတာလဲ .."
ယဲ့ရီ မေးလိုက်မိ၏ ။
" ငါ က မင်းမဟုတ်ဘူးလေ.. "
လင်းမို့က တည်ငြိမ်စွာပြောလိုက်၏ ။
ယဲ့ရီ... "..."
လင်းမို့သည် အိပ်ဆောင်သို့ ပြန်လာခဲ့လိုက်သည် ။
' အချိန်ကတ်တွေရဖို့ လောင်းကြေးတိုက်ပွဲကို ငါဘာလို့ မစဥ်းစားမိခဲ့တာလဲ.. '
လင်းမို့ သက်ပြင်းချလိုက်မိသည် ။
' လမ်းညွှန်တိုက်ပွဲက မနက်ဖြန်ဆိုစပြီ.. လမ်းညွှန်တိုက်ပွဲပြီးရင် ဘယ်သူမှ ငါ့ကို စိန်ခေါ်ရဲတော့မှာ မဟုတ်ဘူး.. အချိန်သိပ်မကျန်တော့ဘူး..'
သူသာ ဤသို့ အချိန်ကတ် ရနိုင်မှန်းသိလျှင် အကြံစောစော ထုတ်ခဲ့ပေမည် ။ ယခုတော့ တစ်ညသာ အချိန်ရတော့သည် ။
' ဒုတိယနှစ် ကျောင်းသားတွေ ပိုပြီး တက်ကြွဖို့ ငါမျှော်လင့်တယ်.. '
လင်းမို့ တွေးသည် ။ တက်ကြွနေမှသာလျှင် ဒေါသဖြစ်လွယ်၍ သွေးဆူလွယ်မည်ဖြစ်သည် ။
' ဒုတိယနှစ်တွေ အကုန်လုံးကို စိန်ခေါ်မှဖြစ်မယ် ..'
လင်းမို့ ကျောင်းဖိုရမ်အတွင်းသို့ ဝင်၍ စိန်ခေါ်စာ ရေးလိုက်သည် ။
" ငါ.. လင်းမို့.. ရှုံးနိမ့်မှုကို ရှာဖွေနေတယ်.. "
လင်းမို့က သူရေးလိုက်သော ခေါင်းစဥ်ကို သဘောကျသွား၏ ။ သူဆက်ရေးလိုက်သည် ။
" ငါ ကျန်းနန်တက္ကသိုလ်ကို စရောက်ကတည်းက ဒုတိယနှစ်တွေက အရမ်းသန်မာတယ်လို့ ကြားတယ်.. အဲ့ဒါကြောင့် ငါ ဒုတိယနှစ်တွေ အကုန်လုံးကို လောင်းကြေးတိုက်ပွဲ စိန်ခေါ်ချင်တယ်.. မတိုက်ရဲတဲ့သူကတော့ ဒူးထောက်ပြီး အရှုံးကို ဝန်ခံလိုက်ပေါ့ .. ငါ လင်းမို့ မင်းတို့ကို လူသားတစ်ယောက်အနေနဲ့ ဘယ်လိုနေထိုင်ရမှာလဲဆိုတာ သိအောင် သင်ပေးမယ်.. "
လင်းမို့ တစ်ခေါက်ပြန် ဖတ်ကြည့်လိုက်၏ ။
' မဆိုးဘူး.. မဆိုးဘူး.. ဒီလောက်ဆို လုံလောက်ပြီ.. စိန်ခေါ်မယ့်သူတွေ ပေါ်လာလောက်ပါတယ်.. "
သူ ကျေနပ်သွားပြီး ပိုစ့်တင်ရန် နှိပ်လိုက်သည် ။
ထိုအချိန် နဂါးနီ၏ အဆောင်တွင်...
ဒုတိယနှစ်ကျောင်းသားများ အောင်ပွဲခံနေကြသည် ။
" အကို နဂါးနီက ညဏ်အကောင်းဆုံးပဲ.. အချိန်ကတ် ရှာရတာ လွယ်လိုက်တာ.. "
" ဟုတ်တယ် ဟုတ်တယ်.. ဒီနေ့ ကတ်ငါးဆယ်တောင် ရတယ် .."
" ဟားဟားဟား... ကောင်းလိုက်တာ.. ငါတို့ အချိန်ကတ်အတွက် ခဏတော့ ပူစရာမလိုတော့ဘူး.. "
" အကို နဂါးနီ ချီးယားးး..."
ဒုတိယနှစ် ကျောင်းသား ဆယ်ယောက်ကျော်က ပျော်ရွှင်နေကြသည် ။ သူတို့အတွက် အချိန်ကတ်ရရန် မလွယ်ကူပေ ။
ရုတ်တရက်...
ဖုန်းကြည့်နေသော အရပ်ပုပု ကျောင်းသား၏ အမူအရာက ပြောင်းလဲသွားသည် ။
" ဟေ့.. လင်းမို့က ဖိုရမ်မှာ ပိုစ့် တင်ပြီး စိန်ခေါ်နေပြီဟ.. "
" ဘာတဲ့လဲ.. "
အကုန်လုံး စိတ်ဝင်စားသွားကြ၏ ။
" လင်မို့က ဒုတိယနှစ်တွေအကုန်လုံးကို စိန်ခေါ်ထားတာ.. မတိုက်ခိုက်ရဲရင် ဒူးထောက်တောင်းပန်ရမယ်တဲ့.. "
" ခု ကျောင်းဖိုရမ် တစ်ခုလုံး နာမည်ကြီးနေပြီ.. "
" ဘာ.."
" ဒုတိယနှစ်တွေ အကုန်လုံးကို စိန်ခေါ်ရဲတယ်လား.. "
" ဒူးထောက်တောင်းပန်ခိုင်းမယ်တဲ့လား.."
" အဲ့ကောင် အရိုက်တော်တော် ခံချင်နေတာလား.. "
" မနက်ဖြန်ကြ ငါနဲ့တွေ့မယ်.. "
ကျောင်းဖိုရမ်...
လင်းမို့ တင်လိုက်သော ပိုစ့်အကြောင်းကို ဆွေးနွေးနေကြသည် ။
ဒုတိယနှစ်များက ဒေါသအထွက်ဆုံးပင် ။ သူတို့အား လင်းမို့က တိုက်ရိုက်စိန်ခေါ်နေ၏ ။
" ပထမနှစ်ကကောင်က ငါတို့ကို စိန်ခေါ်ရဲတယ်လား.. "
" အဲ့ မအလက သေချင်နေတာလား.."
" ငါ့ကို ဘယ်သူမှ မဆွဲနဲ့.. အဲ့ကောင် ခြေထောက်ကို သွားရိုက်ချိုးပစ်မယ်.. "
" အဲ့ကောင်ကို သေအောင်ရိုက်သတ်.. "
" ဟမ့် အဲ့ကောင်က လေကြီးလေကျယ်နဲ့ ပြီးမှ ငိုပြီး မတောင်းပန်နဲ့.. "
" ကျောင်းကုသခန်းကို အကြောင်းကြားထားလိုက် အဲ့ကောင် ကုသခန်းကို အိမ်လုပ်နေစေရမယ်.. "
" ညီအကိုတို့ သွားမယ်.. လင်းမို့ ဆီကို ခုသွားကြမယ်.. "
" ငါလာပြီ ငါ့ကိုစောင့်အုံး.. "
" အဲ့ကောင်ကို သေအောင်ရိုက်မယ်.. "
ဒုတိယနှစ်ကျောင်းသားများအား လှိုင်းသုံးခုဖြင့် ခွဲခြား၍ ရသည် ။
ပထမလှိုင်းတွင် ဒုတိယနှစ်ကျောင်းသားအများစုပါဝင်သည် ။ သူတို့က လင်းမို့သည် တမင်သက်သက် အတန်းရှင်း ရှာနေသည်ဟု ယူဆကာ ခဏသာ ဆဲပြီး ငြိမ်သွားကြသည် ။
ဒုတိယလှိုင်းတွင် လင်းမို့အား ရိုက်နှက်လိုသူများနှင့် စုဖွဲ့ထားပြီး လောင်းကြေးစာချုပ် ချုပ်ဆိုရန် အပြေးလာနေကြ၏ ။
တတိယလှိုင်းတွင် ဆင်ခြင်တက်သူများဖြစ်ပြီး လင်းမို့တွင် အားကိုးစရာ တစ်ခုခု ရှိသည်ဟု ယုံကြည်ကြသူများဖြစ်သည် ။
သို့သော်လည်း တတိယလှိုင်းတွင် ပါဝင်သူများ၏ အသံထွက်လာသည်နှင့် ပထမလှိုင်းနှင့် ဒုတိယလှိုင်း၏ ဝိုင်းဆဲခြင်းကို ခံလိုက်ရပေသည် ။
ညသန်းခေါင်ယံ...
လင်းမို့၏ အဆောင်ပတ်ဝန်းကျင်တွင် လူများ စုရုံးနေကြ၏ ။
စာချုပ်လက်မှတ်ထိုးရန် လာသူများမှာ ရာဂဏန်းခန့်ရှိပေသည် ။
လင်းမို့သည် အဆောင်အောက်တွင် ခုံတစ်လုံးချပြီး တစ်ယောက်ချင်း လက်မှတ်ထိုးပေးနေ၏ ။ ဟောက်ရန်က လူထိန်းရန် တာဝန်ကို ယူထားသည် ။
" မတွန်းကြနဲ့.. မတွန်းကြနဲ့.. လူတိုင်း သေချာပေါက်ရမယ်.. "
" တန်းစီကြပါ တန်းစီကြပါ ကြားဖြတ် မတိုးကြပါနဲ့.. "
" လက်မှတ် ထိုးပြီးရင် တန်းပြန်ကြနော်.. ဆဲတဲ့သူဆို လက်မှတ်ထိုး မပေးဘူး.. "
ဟောက်ရန်က တန်းစီရန် ပြောနေရင်း ရုတ်တရပ် အံ့သြသွားသည် ။
' လီကျားရွှမ်ပါလား..'
" အကိုလီ ဘာလာလုပ်တာလဲ.. "
" ဟီးးး..."
လီကျားရွှမ်က ရှက်ရွံ့ဟန်ဖြင့် ရယ်လိုက်ပြီး...
" ငါ က ဒုတိယနှစ်ကျောင်းသားလေ.. ဘာလို့ မလာရမှာလဲ.. မင်းကလည်း ဆိုရိုးစကားတောင် ရှိသေးတာကို ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲပဲ ဖိတ်သင့်တာပေါ့.. "
" အကိုမို့ ရှုံးမယ်ဆိုတာ မင်းဘယ်လိုလုပ်သိလဲ.. "
ဟောက်ရန်က မကျေမနပ်ပြောလိုက်၏ ။
" ရှင်းရှင်းလေးကို ပထမနှစ်နဲ့ ဒုတိယနှစ်ကြား ကွာခြားချက်ကို ငါမသိဘဲ နေမလား.. "
လီကျားရွှမ်က တောင်းပန်ဟန်ဖြင့် ပြုံးလိုက်ပြီး ...
" ဟောက်ရန်.. ငါ့ကို နေရာ ရှေ့တိုးပေးလို့ရမလား.. ငါနိုင်တဲ့အခါကြရင် အချိန်ကတ်ရဖို့ အချိန်အကြာကြီး စောင့်ရမှာစိုးလို့.."
" အကိုလီ ငါက အဲ့လိုကောင်လား.. "
ဟောက်ရန်က ဖြောင့်မတ်ဟန် အပြည့်ဖြင့် ပြောလိုက်သည် ။
" မင်းငါ့ကို နေရာရှေ့တိုးပေးရင် ခုပြီးတဲ့အချိန်ကြရင် မင်းကို ငါခေါ်ပေးနေကြရဲ့ နှစ်ဆ ပြန်ကျေးဇူးဆပ်မယ်.. "
" ......."
ဟောက်ရန်က ဘာမှ ပြန်မပြောသော်လည်း မျက်လုံးများတောက်ပလာ၏ ။
Chapter 154