← Chapters

ယွဲ့ဧကရာဇ်နှင့် လုချန်းတို့ ပထမဆုံး စကားစမြည်ပြောဆိုခြင်း

Vol. 56 Ch. 827

ယွဲ့ဧကရာဇ်နှင့် လုချန်းတို့ ပထမဆုံး စကားစမြည်ပြောဆိုခြင်း

Vol. 56 Ch. 827

နန်းတွင်းစာကြည့်ခန်းတစ်ခုလုံး ထိတ်လန့်တုန်လှုပ်သွားကြ၏။ မှူးမတ်များ ယွဲ့ဧကရာဇ်၏ စကားကို ကြားလိုက်ကြရသောကြောင့် ဖြစ်သည်။ နဂါးနက်နိုင်ငံတော်၏ ဧကရာဇ်သည် စစ်တပ်ကို ကိုယ်တိုင်ဦးဆောင်ပြီး ကျူးနိုင်ငံတော်ကို တိုက်ခိုက်နေပြီဖြစ်သည်။

ဤသည်မှာ ဟန်ပြလှုပ်ရှားမှု သက်သက် မဟုတ်တော့ကြောင်း သူတို့ သိထားကြ၏။ အရင်ကဆိုလျှင် စစ်ရေးလှုပ်ရှားမှု အနည်းငယ်သာ ပြုလုပ်လေ့ရှိပြီး ဘုရင်ကလည်း နေပြည်တော်တွင်သာ အချိန်ကုန်လေ့ရှိသည်ဟု နာမည်ကြီးသည့် နဂါးနက်နိုင်ငံတော်သည် ယခုအခါ အမှန်တကယ် ရည်ရွယ်ချက် ရှိနေပြီဖြစ်သည်။ အရေးတကြီး မေးခွန်းတစ်ခု လေထုထဲတွင် ပျံ့လွင့်နေ၏။

ယခု ဘာလုပ်ကြမည်နည်း.....

ကျူးနိုင်ငံတော်၏ အဓိကတပ်မကြီးသည် အရှေ့ဘက်စစ်မျက်နှာသို့ ထွက်ခွာသွားပြီဖြစ်ရာ အနောက်ဘက်သည် အလွန်အမင်း အားနည်းနေခဲ့သည်။ ခုခံရန် မဖြစ်နိုင်ချေ။

နဂါးနက်ဘုရင်သည် ကောင်းကင်လူသား စွမ်းအားရှင်ဖြစ်နေသောကြောင့် ခြိမ်းခြောက်မှုက ကြီးနေသည်။ အနောက်ဘက်တွင် အကာအကွယ်မရှိလျှင် ကျူးစစ်တပ်သည် ရှေ့တန်းစစ်မျက်နှာ၌ အောင်ပွဲရခဲ့လျှင်ပင် နောင်ကျောမှ ဓားနှင့်ထိုးခံရသောကြောင့် ပြိုလဲကျဆုံးသွားနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ အနည်းဆုံးတော့ သူတို့ ကြီးကြီးမားမား ဆုံးရှူံးမှုများ ရှိမည်ဖြစ်သည်။ နဂါးနက်နိုင်ငံတော်၏ ရုတ်တရက် ပေါ်ပေါက်လာမှုက အဆုံးအဖြတ်တိုက်ပွဲတွင် အောင်ပွဲခံရန် ပိုမိုခက်ခဲသွားစေသည်။

ထိုအချိန်တွင် အေးစက်သော်လည်း ဆွဲဆောင်မှုရှိသော အသံတစ်သံသည် စာကြည့်ခန်း၏ ပြတင်းပေါက်မှတစ်ဆင့် ဝင်ရောက်လာသည်။

“ရှင်တို့အားလုံးဟာ သာမန်နဂါးနက်နိုင်ငံ လေးလောက်နဲ့တောင် ဒီလောက် ထိတ်လန့်နေကြလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့မိဘူး”

အရာရှိများ၏ ဦးခေါင်းတိုင်း လှည့်သွားကြ၏။ နိုင်ငံတော် ပညာရှိ မုယန်စီသည် ပြတင်းပေါက်ဘောင်တွင် မှီနေသည်။

ယွဲ့ဧကရာဇ်က တည်ငြိမ်စွာဖြင့်

“အိုး... ဒါဆို နိုင်ငံတော် ပညာရှိမှာ ဖြေရှင်းနည်း ရှိသလား။”

“အမြင့်ပျံ နဂါး နည်းဗျူဟာ ပုံစံ လေ့ကျင့်ထားတဲ့ တပ်ရင်းနှစ်ခုကို အနောက်ဘက်ကို စေလွှတ်လိုက်ပါ။ ရှေ့တန်းမှာ ပေါ်လာနိုင်တဲ့ ကောင်းကင်လူသား စွမ်းအားရှင် လေးယောက်ကိုတော့ ကျွန်မ ထိန်းထားပေးမယ်။ ကျွန်မ တိုက်ခိုက်မှုကို တိုက်ရိုက် မစနိုင်ပေမဲ့ သူတို့ရဲ့ ထိုးစစ်တွေကို ခုခံပေးဖို့‌တော့ ပြဿနာ မရှိနိုင်ပါဘူး။”

ယွဲ့ဧကရာဇ် စဉ်းစားလိုက်သည်။ ဤအမျိုးသမီးသည် သူမ ပြောဆိုသည့်အတိုင်း စွမ်းအားရှိခဲ့လျှင် ထိုသို့ စွန့်စားဖို့ ထိုက်တန်သည်ဟု ယူဆလိုက်သည်။

အခြားရွေးချယ်စရာ နည်းလမ်းများ မရှိသည့်အပြင် နဂါးနက်နိုင်ငံတော်၏ ရုတ်တရက် တိုက်ခိုက်မှုသည် သူတို့၏ စစ်ပွဲစီမံကိန်းတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်ပေသည်။

နဂါးနက်စစ်သည် တစ်သိန်းကို တားဆီးရန်အတွက် တပ်ရင်းနှစ်ခု စေလွှတ်ခြင်းသည် တစ်ခုတည်းသော လက်တွေ့ကျသည့် လမ်းကြောင်းဖြစ်ပုံရသည်။ ကျူးနိုင်ငံတော်၏ စစ်သားများသည် ယခုအခါ အမြင့်ပျံနဂါး နည်းဗျူဟာ ပုံစံကို ကျွမ်းကျင်ပိုင်နိုင်ကြပြီး ဖြစ်သည်။ လွင်ပြင်ဒေသ မျိုးနွယ်စုများသည် နည်းဗျုဟာပုံစံကို ကြာမြင့်စွာ လေ့ကျင့်ထားသော်လည်း ကျူးနိုင်ငံတော်၏ တပ်များနှင့် နှိုင်းယှဉ်၍မရပေ။

ဤသည်မှာ အံ့သြစရာမရှိပေ။ အဘယ်ကြောင့်ဆိုသော် ကျူးနိုင်ငံတော်၏ စစ်စည်းကမ်းသည် ရှနိုင်ငံတော်၏ စစ်တပ်စည်းကမ်းလောက် မကောင်းနိုင်သော်လည်း လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်စည်းကမ်းထက် များစွာ သာလွန်သည်။ ထို့ကြောင့် ကျူးစစ်သည်များသည် အမြင့်ပျံနဂါး ပုံစံကို လျင်မြန်စွာ ကျွမ်းကျင်လာခြင်းဖြစ်သည်။

နဂါးနက်နိုင်ငံတော်၌ နည်းဗျူဟာပုံစံ မရှိပေ။ ကောင်းကင်လူသား စွမ်းအားရှင် တစ်ဦးသာရှိသည်။ တပ်ရင်းနှစ်ခုသည် နဂါးနက်နိုင်ငံတော်ကို ထိန်းထားရန် လုံလောက်လိမ့်မည်ဟု ယွဲ့ဧကရာဇ် ယူဆသည်။ လိုအပ်သည်မှာ ရန်သူဘုရင်ကို ချုပ်နှောင်ထားရန်သာဖြစ်သည်။

ယွဲ့ဧကရာဇ်သည် စစ်အမိန့်နှစ်ခုကို ချက်ချင်းရေးသားကာ အမြင့်ပျံနဂါး နည်းဗျူဟာ ပုံစံ ဖြင့် နဂါးနက်စစ်တပ်ကို ကြားဖြတ်ဟန့်တားရန် ညွှန်ကြားလိုက်သည်။

နာရီအနည်းငယ်ကြာ ဆွေးနွေးပြီးနောက် ယွဲ့ဧကရာဇ်နှင့် အရာရှိများသည် အဆုံးအဖြတ်တိုက်ပွဲဆင်နွှဲမည့် နေရာကို ဆုံးဖြတ်နိုင်ခဲ့ကြသည်။

အဆုံးအဖြတ်တိုက်ပွဲအတွက် ရွေးချယ်ထားသော နေရာမှာ ကျူးနိုင်ငံ၏ ရှောင်ဟိုင်ခရိုင်ဖြစ်သည်။ ထိုဒေသတွင် လူဦးရေနည်းပြီး မြေပြင်ကျယ်ဝန်းသော နေရာဖြစ်ကာ မည်သည့်မြို့ကြီးမှ မရှိပေ။ ကောင်းကင်လူသား စွမ်းအားရှင်များ၏ တိုက်ပွဲကြောင့် ကြီးမားသော ပျက်စီးမှုဖြစ်စေသည့်တိုင် ကျူးနိုင်ငံတော်အား ပျက်စီးဆုံးရှုံးမှု များစွာမဖြစ်စေနိုင်ပေ။

အဆုံးအဖြတ်တိုက်ပွဲအတွက် နေရာသတ်မှတ်ပြီးနောက် ကျန်ရှိသည်မှာ စောင့်ဆိုင်းရန်သာဖြစ်သည်။

………

ရက်အနည်းငယ်ကြာပြီးနောက်။

ရှနိုင်ငံတော်။

ကွမ်ယွမ်မြို့။

လုချန်းသည် အနက်ရောင် ရွှေရောင် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားပြီး အ‌ဆောင်ငယ်တစ်ခုထဲတွင်ထိုင်ကာ မြေပုံတစ်ခုကို ကြည့်နေသည်။ ထိုစဉ် စစ်သားတစ်ဦးသည် လျင်မြန်သော ခြေလှမ်းများဖြင့် စိတ်လှုပ်ရှားစွာ ပြေးဝင်လာသည်။

“မင်းကြီး... ရလဒ် ထွက်လာပါပြီ။”

လုချန်းက မော့ကြည့်ရင်း

“ဘယ်မှာလဲ”

စစ်သားက ထောက်လှမ်းရေး အစီရင်ခံစာကို သူ့အား ပေးလိုက်သည်။

“ရှောင်ဟိုင်ခရိုင်မှာပါ”

စစ်သား၏ အကြောင်းပြန်ချက်ကို ကြားလျှင် သူ့လက်ထဲရှိ ထောက်လှမ်းရေးသတင်းကို ချက်ချင်းမဖွင့်သေးပဲ ကျူးနိုင်ငံတော်၏ မြေပုံကြမ်းကို ငုံ့ကြည့်ကာ အတွေးထဲနစ်မြောနေမိသည်။ အတော်လေးကြာပြီးနောက် သူက

“ဗိုလ်ချုပ်တွေ အားလုံးကို စစ်ရေးအစည်းအဝေး ချက်ချင်း ခေါ်လိုက်ပါ။”

ကျူးနိုင်ငံတော်က စစ်မြေပြင်နေရာကို နောက်ဆုံးတွင် ဆုံးဖြတ်ပြီးဖြစ်ရာ ရှစစ်တပ်အတွက် ကွမ်ယွမ်မြို့တွင် ဆက်လက်နေထိုင်ရန် အကြောင်းမရှိတော့ပေ။

လုချန်းသည်လည်း လူဦးရေထူထပ်သော နေရာတွင် စစ်မြေပြင်သတ်မှတ်ရန် မလိုလားပေ။ ကောင်းကင်လူသား စွမ်းအားရှင်များအကြား တိုက်ပွဲမှ အဖျက်စွမ်းအားက ကြီးမားလှသည်။ ထို့ပြင် ဤတစ်ကြိမ်တွင် သူ့ဘက်၌ ကောင်းကင်လူသား စွမ်းအားရှင်များစွာရှိပြီး သူ့တွင် လူသတ်လှံတံလည်းရှိသည်။

လူသတ်လှံတံ အသုံးပြုပါက ဖြစ်ပေါ်လာမည့် ပျက်စီးမှုမှာ ပိုမိုကြီးမားလိမ့်မည်။

လုချန်းအတွက် ကျူးနိုင်ငံတော်၏ လူဦးရေသည်လည်း အရင်းအမြစ်တစ်ခုဖြစ်သည်။ ကျူးနိုင်ငံတော်၏ လူဦးရေ ဆုံးရှုံးမှု များပြားစေရန် သူ မလိုလားပေ။

နှစ်အနည်းငယ်အတွင်း မြူခိုးဒေသ၏ တားမြစ်ချက်များ ပျောက်ကွယ်သွားမည်ဖြစ်သည်။ ထိုအချိန်တွင် မြူခိုးဒေသမှ အင်အားစုများ၏ ကျူးကျော်ဝင်ရောက်မှုကို ခုခံတိုက်ခိုက်ရန် စစ်သည်မည်မျှလိုအပ်မည်ကို မည်သူမှ မသိပေ။

ရှနိုင်ငံတော်၏ စစ်ဗိုလ်ချုပ်များသည်လည်း အစည်းအဝေး၏ ရည်ရွယ်ချက်ကို သိရှိလိုက်ကြပြီး လျင်မြန်စွာပင် လုချန်း၏ အဆောင်ထဲသို့ ရောက်ရှိလာကြသည်။

သာမန်တပ်များ မည်သည့်အချိန်တွင် စစ်မြေပြင်သို့ ဆင်းသက်မည်၊ ကောင်းကင်လူသား စွမ်းအားရှင်များ မည်သည့်အချိန်တွင် ပေါ်လာမည်၊ ကောင်းကင်လူသား စွမ်းအားရှင်များအကြား တိုက်ပွဲပြီးဆုံးပါက မည်သို့ပြုလုပ်ရမည် .... စသည့် အရာအားလုံးကို စစ်ရေးအစည်းအဝေးတွင် အကျေအလည် ဆွေးနွေးကြသည်။

စစ်ရေးအစည်းအဝေးပြီးဆုံးသောအခါ လုချန်း ကိုယ်တိုင်ဦးဆောင်၍ ရှစစ်သည်အင်အား ငါးသိန်းဖြင့် ကျူးနိုင်ငံတော်၏ ရှောင်ဟိုင်ခရိုင်သို့ တိုက်ရိုက်ဦးတည်သွားလိုက်သည်။

ကျူးနိုင်ငံတော်နှင့် ရှနိုင်ငံတော်နှစ်ခုစလုံးသည် တစ်ဦးကိုတစ်ဦး နားလည်မှုရှိကြပုံရသည်။ ကျူး စစ်တပ်၏ အဓိကအင်အားသည်လည်း ရှောင်ဟိုင်ခရိုင်ဘက်သို့ လျင်မြန်စွာ စုစည်းလိုက်သည်။

တစ်လအကြာတွင် လုချန်း၏ ငါးသိန်းတပ် ရှောင်ဟိုင်ခရိုင်သို့ရောက်ရှိသောအခါ ကျူးတပ်များ အဆင်သင့် စောင့်ဆိုင်းနေသည်ကို တွေ့မြင်ရသည်။

ကျယ်ပြန့်သော ချိုင့်ဝှမ်းတစ်ခုတွင် ကြီးမားသည့် တပ်နှစ်ခုသည် မျက်နှာချင်းဆိုင် ရင်ဆိုင်နေကြပြီး စိတ်ခံစားမှု လေထုက အလွန်တင်းမာနေသည်။ မကြာမီ တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားတော့မည်ဖြစ်သည်။

လုချန်းက သူ၏တပ်ကို ရှေ့သို့ မချီတက်‌စေသေးဘဲ မြင်းပေါ်မှနေ၍ မှန်ပြောင်းဖြင့် ပြိုင်ဘက်တပ်များကို ကြည့်နေသည်။ ယွဲ့ဧကရာဇ်နှင့် မုယန်စီတို့ကို တစ်ခါမှ မမြင်ဖူးသည့်အတွက် သူ၏ စူးစမ်းလိုစိတ်များ တိုးလာခဲ့၏။ သူတို့၏ ပုံပန်းသဏ္ဌာန်နှင့် စစ်မှန်သော စွမ်းအားကို တိုင်းတာရန် လုချန်း စိတ်အားထက်သန်နေသည်။

ယွဲ့ဧကရာဇ်သည် လုချန်းစီးလာသော မြင်း အရွယ်အစားထက် နှစ်ဆပိုကြီးသော မြင်းနက်ကြီး ဆယ့်ခြောက်ကောင် ဆွဲထားသည့် ကြီးမားသော ရထားကြီးထဲတွင် ရှိနေသည်။ လုချန်း၏ စိတ်ဝင်စားမှုသည် မြင်းများတွင်မရှိပေ။ သို့‌သော် ရထားတံခါးမှာ ပိတ်ထားသောကြောင့် လုချန်း သူမကို မမြင်နိုင်ပေ။

ရုတ်တရက် လေတစ်ချက်သည် စစ်တပ်နှစ်တပ်ကြားရှိ လူသူမရှိသော မြေပြင်ပေါ်မှ ဖုန်မှုန့်များကို လွင့်ပျံသွားစေပြီး လေကို ပူနွေးလေးလံလာစေသည်။ ထိုအခါ ယွဲ့ဧကရာဇ်၏ ရထားအတွင်းမှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။

“ရှဧကရာဇ်ဟာ ကောင်းကင်ယံက ဆင်းသက်လာတဲ့ နတ်သားတစ်ပါးလို ချောမောတယ်လို့ ကျွန်မ ကြားသိရတာ ကြာပါပြီ။ ဒီနေ့မှာ တွေ့လိုက်ရတော့ကြားဖူးတဲ့အတိုင်းအမှန်ပဲလို့ သိရပါပြီ။”

လုချန်းနှင့် မတွေ့ဆုံမီကတည်းက ယွဲ့ဧကရာဇ်သည်လည်း သူ့အပေါ် စူးစမ်းလိုစိတ်များ ပြည့်နှက်နေခဲ့သည်။ သူ့အခြေအနေက အတန်ငယ် မယုံနိုင်စရာဖြစ်နေသည်။

သူမ၏ သူငယ်ချင်းကောင်း ဝူကျန်းဝမ်သည် အတွေ့အကြုံများစွာ ရှိသည့် အမျိုးသမီးဖြစ်ပြီး သူတို့၏ ဂိုဏ်းတွင် အရည်အချင်းရှိသည့် အမျိုးသား မြောက်မြားစွာကို တွေ့ခဲ့သော်လည်း တစ်ခါမှ စိတ်မဝင်စားခဲ့ချေ။ သို့သော် မြူခိုးဒေသမှ ထွက်ခွာပြီးနောက်တွင် သူမသည် ဤအမျိုးသားကို ခင်ပွန်းအဖြစ် ရွေးချယ်ပြီး သူ၏ ကလေးများကိုပင် မွေးဖွားပေးရန် စီစဉ်ခဲ့သည်။

ရထားပြတင်းပေါက်ရှိ အပေါက်ငယ်လေးမှတစ်ဆင့် လုချန်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ ယွဲ့ဧကရာဇ် တစ်စုံတစ်ရာကို နားလည်သလို ဖြစ်သွားခဲ့သည်။

ဤအမျိုးသားသည် ထူးခြားသည်။ သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားပြီး လေတွင် လွင့်နေသည့် သူ၏ ဆံပင်များသည် အမျိုးသမီးတစ်ဦးကို စွဲဆောင်နိုင်သည့် ငြင်းမရသော စွမ်းအားများရှိသည်။ သူမကိုယ်တိုင်ပင်လျှင် ဤအမျိုးသားကို ခင်ပွန်းအဖြစ် ရရှိခြင်းက လုံးဝ ပြဿနာမရှိနိုင်ဟု ယူဆမိသည်။

အေးစက် ရင့်ကျက်သည့် အသံကို ကြားသောအခါ လုချန်း တုန်လှုပ်သွားခဲ့၏။ သူမ၏ အသံသည်ပင် နားထောင်ရသည်မှာ နှစ်လိုဖွယ်ကောင်းလှသည်။

လုချန်းက

“ကျူးနိုင်ငံတော်ရဲ့ ဧကရီဟာ ကောင်းကင်ဘုံက နတ်ဘုရားမတစ်ပါးလို လှပပြီး ဒီကမ္ဘာမှာ ရှားပါးတဲ့ မြင်ကွင်းတစ်ခုလို့ ကျွန်တော်လည်း ကြားဖူးပါတယ်။”

“ဒါပေမဲ့ တံခါးတွေနဲ့ ပြတင်းပေါက်တွေ ကာရံထားတဲ့အတွက် အရှင်မရဲ့ ကျက်သရေရှိလှတဲ့ အလှကို မမြင်ရတာကတော့ ကံမကောင်းပါဘူး။”

……………..

All Chapters