← Chapters

ဒီလူ၏ အစွမ်းအစက မသေးလှပေ

Vol. 56 Ch. 828

ဒီလူ၏ အစွမ်းအစက မသေးလှပေ

Vol. 56 Ch. 828

လုချန်း၏ စကားကို ကြားသောအခါ ယွဲ့ဧကရာဇ်က

“ကျွန်မရဲ့ ရုပ်သွင်ကို မြင်ချင်တယ် ဆိုရင်‌ တော့ ရှနိုင်ငံတော်ရဲ့ ဧကရာဇ်မှာ အစွမ်းအစ ရှိမရှိ ပေါ်မှာပဲ မူတည်ပါတယ်။”

တရားမျှတမှုကို အကြောင်းပြု၍ အပိုစကားများစွာ ပြောတတ်ကြသော စစ်မြေပြင်တစ်ခုတွင် ယွဲ့ဧကရာဇ်သည် ထိုကဲ့သို့ အဓိပ္ပာယ်မရှိသည့် စကားများကို ရှောင်လွှဲသွားသည်။

လုချန်းတွင် အသင့်ပြင်ဆင်ထားသော စကားလုံးများ ရှိပြီးသား ဖြစ်သည်။ ယွဲ့ဧကရာဇ်က သူ့ကို ကျူးနိုင်ငံတော်ကို ကျူးကျော်သည်ဟု စွပ်စွဲမည်ဖြစ်ပြီး သူကလည်း ယွဲ့ဧကရာဇ်ကို လွင်ပြင်ဒေသ မျိုးနွယ်စုများနှင့် ပူးပေါင်းကာ ဘိုးဘေးများနှင့် မိမိလူမျိုးအပေါ် သစ္စာဖောက်သည်ဟု ပြန်လည်စွပ်စွဲရန် စဉ်းစားထားခဲ့သည်။

သို့သော် ယွဲ့ဧကရာဇ်သည် ထိုကဲ့သို့ အနှစ်သာရမရှိသော စကားများကို ဂရုမစိုက်ခဲ့ပေ။ ထို့ကြောင့် လုချန်း ပြင်ဆင်ထားသည့် ပြန်လည်‌ ချေပမည့် စကားများလည်း အသုံးမဝင် ဖြစ်သွားသည်။

သူမက ထိုပြဿနာများကို မပြောသောကြောင့် ကျူးကျော်သူဘက်မှ ဖြစ်သော လုချန်းလည်း တရားမျှတမှု အကြောင်းကို စတင်ပြောဆိုရန် မသင့်တော်ဟု ခံစားမိသည်။

ကျန်ရှိနေသည်မှာ မည်သူ၏ နည်းဗျူဟာက ပို၍ ကောင်းပြီး မည်သူ၏ ဓားက

က ပို၍ ထက်သည်ကို သိရှိရန်သာ ဖြစ်တော့သည်။

လုချန်းကလည်း အချိန်မဆွဲတော့ပဲ

“ကျွန်တော့်မှာ အစွမ်းအစရှိမရှိ မကြာခင် ခင်ဗျား သိလာမှာပါ။”

ထို့နောက် ခါးတွင်ချိတ်ထားသော ဧကရာဇ်ဓားကို ထုတ်ယူကာ အမိန့်ထုတ်လိုက်သည်။

“တိုက်ကြ”

အမြောက်တပ်သားများသည် ချက်ချင်းပင် နည်းဗျူဟာ ပုံစံအတွင်း နေရာယူလိုက်သည်။ အမြောက်များ အသင့်ဖြစ်နေသည့်အချိန်တွင် ကျူး စစ်တပ်သည်လည်း အသင့်အနေအထားဖြင့် တန်းစီနေကြပြီး ဖြစ်သည်။

လုချန်း၏ဘက်မှ စီမံထားသော ဗျူဟာက ရိုးရှင်းသည်။ ပထမဦးစွာ ရှစစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ရန်ဖြစ်သည်။ လက်နက်ကြီးများနှင့် ရင်ဆိုင်ရသောအခါ ကျူးတပ်က သူတို့၏ နည်းဗျူဟာပုံစံကို အသုံးပြုကာ ခုခံလိမ့်မည်။ လက်နက်ကြီးများက ထိုနည်းဗျူဟာ ပုံစံကို အတိုင်းအတာတစ်ခုအထိ အားနည်းစေမည်ဖြစ်သည်။

နည်းဗျူဟာ ပုံစံ အားနည်းသွားသည်နှင့်တစ်ပြိုင်နက် ရှနိုင်ငံတော်မှ စွမ်းအားရှင်များ ဝင်ရောက်လာလိမ့်မည်။

သို့သော် လုချန်း၏ အစီအစဉ် အလုပ်မဖြစ်ကြောင်းကို မကြာမီ သိလိုက်ရလေသည်။

စစ်ခရာသံ ထွက်ပေါ်လာပြီး အမြောက်များ ပစ်ခတ်လိုက်သဖြင့် တောင်ကြားတစ်ခုလုံးတွင် ပေါက်ကွဲသံ အမြောက်အမြား ပဲ့တင်ထပ်သွားသည်။

အမြောက်ကျည်များ ကျူးနိုင်ငံတော် စစ်တပ်ပေါ်သို့ ကျရောက်ခါနီးအချိန်တွင် ယွဲ့ဧကရာဇ်၏ ရထားလုံးအတွင်းမှ ခေါင်းလောင်းသံတစ်ခု ထွက်ပေါ်လာသည်။

ထိုခေါင်းလောင်းသံလှိုင်းသည် ရေပြင်ပေါ်မှ လှိုင်းများကဲ့သို့ မြင်နိုင်သော အသံလှိုင်းများအဖြစ် ပျံ့နှံ့သွားသည်။

နောက်တစ်စက္ကန့်တွင် အမြောက်ကျည်များသည် ထိုလှိုင်းလုံးများကို ထိမှန်သွားပြီး အသံလှိုင်းများ၏ စုပ်ယူခြင်းခံရကာ ကျူးနိုင်ငံတော် စစ်တပ်အထက် ကောင်းကင်ယံတွင် အန္တရာယ်ကင်းစွာ ပေါက်ကွဲကုန်ကြသည်။

ရှစစ်သားများ အံ့အားသင့်သွားကြသည်။ အမြောက်ကျည်တိုင်းကို အလေအလွင့်မရှိ ဟန့်တားနိုင်ခဲ့သည်။

ထိုအချိန်တွင် ရှစစ်သားများလည်း ဤတိုက်ပွဲတွင် သူတို့ ပါဝင်စရာမလိုတော့ကြောင်း နားလည်လိုက်ကြသည်။ ရန်သူ၏ စွမ်းအားရှင် တိုက်ပွဲတွင်းသို့ ဝင်ရောက်လာပြီးဖြစ်ရာ စွမ်းအားရှင်ကသာ စွမ်းအားရှင်နှင့် တိုက်ခိုက်နိုင်မည် ဖြစ်သည်။

လုချန်းသည် အမြောက်ကျည်များ ကောင်းကင်ယံတွင် ပေါက်ကွဲသွားသည်ကို အံ့သြခြင်းမရှိပဲ ကြည့်နေသည်။ လွင်ပြင်ဒေသ နတ်ဘုရားမနှင့် ယွဲ့ဧကရာဇ်တို့ စွမ်းအားရှင်များ ဖြစ်နိုင်သည်ဟု အစကတည်းက သူသံသယရှိခဲ့ပြီးသား ဖြစ်သည်။

ထိုအရေးကို ကိုင်တွယ်ဖြေရှင်းရန် ကောင်းကင်လူသား စွမ်းအားရှင်များ လိုအပ်သောကြောင့် သူ့ဘက်မှ စွမ်းအားရှင်များ စေလွှတ်ရန် အချိန်ကျပြီ ဖြစ်သည်။ လုချန်းက

“အားလုံး ဆုတ်ခွာ”

ဟု အော်ဟစ်လိုက်သည်။

ဗုံသံများမြည်လာပြီး ရှ စစ်တပ်သည် အံ့မခန်း အမြန်နှုန်းဖြင့် အနောက်သို့ ဆုတ်ခွာသွားသည်။ ကျူးစစ်တပ်ကတော့ ထိုနေရာတွင်သာ ရပ်တည်နေပြီး ရွေ့လျားခြင်း မရှိပေ။

ရှစစ်တပ်သည် တစ်ခဏ အတွင်းတွင် လုံခြုံသည့် အကွာအဝေးသို့ ဆုတ်ခွာသွားသည်။ စစ်မြေပြင်တွင် ကျန်ရစ်ခဲ့သည်မှာ လုချန်း၊ နေဝင်ဆည်းဆာ ဓားဂိုဏ်းနှင့် တိုင်ချူးနတ်ဘုရားကျောင်းမှ လူများသာ ဖြစ်သည်။

လုချန်းဘေးတွင် စွမ်းအားကြီးမားသော လူနှစ်ဦးသာရှိနေသည်ကို ခံစားမိပြီး မုယန်စီနှင့် ယွဲ့ဧကရာဇ်တို့ အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ လုချန်းတွင် ကောင်းကင်လူသား စွမ်းအားရှင် လေးဦး ရှိသည်ဟု သူတို့ ကြားဖူးခဲ့သည်။ ကျန်နှစ်ဦး မည်သည့်နေရာသို့ ရောက်နေသလဲဟု တွေးတောမိလိုက်ကြသည်။

သူတို့၏ ထောက်လှမ်းရေးသတင်းများ မှားယွင်းနေတာလား။

ရှနိုင်ငံတော်တွင် စွမ်းအားရှင် နှစ်ဦးသာ ရှိတာလား။

ရှနိုင်ငံတော်တွင် တကယ်တမ်း စွမ်းအားရှင် နှစ်ဦးသာ ရှိပါက သူတို့ နှစ်ဦးတည်းဖြင့်ပင် နည်းဗျူဟာ ပုံစံများမရှိပဲ ရင်ဆိုင်နိုင်ပေမည်။

မုယန်စီနှင့် ယွဲ့ဧကရာဇ်တို့ ထိုသို့ တွေးတောနေစဉ် မြင်းပေါ်တွင် ဆက်လက်ရှိနေသေးသည့် လုချန်းက

“ကျူးနိုင်ငံတော်ရဲ့ စစ်ရေးနည်းဗျူဟာ ပုံစံတွေဟာ ကောင်းကင်လူသား စွမ်းအားရှင်တွေကိုတောင် တားဆီးနိုင်တယ်လို့ ကြားဖူးပါတယ်။ ဒီကောလာဟလတွေဟာ တကယ်မှန်သလားဆိုတာ သိချင်မိပါတယ်”

ဟု ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ယွဲ့ဧကရာဇ်က ကျွန်တော့်ကို ဒီအခွင့်အရေး ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။”

ယွဲ့ဧကရာဇ်က ချက်ချင်းပင်

“ရှဧကရာဇ်က ကျူးနိုင်ငံတော်ရဲ့ နည်းဗျူဟာ ပုံစံတွေကို မြင်ချင်တယ်ဆိုတော့ ဒီဆန္ဒကို ဖြည့်ဆည်းပေးပါမယ်။”

ထို့နောက်တွင် ယွဲ့ဧကရာဇ်က ကျူးစစ်တပ်အား

“ နေရာယူကြ”

ဟု အေးစက်စွာ အမိန့်ပေးလိုက်သည်။

သူမ၏ စကားသံ တိတ်ဆိတ်သွားသည်နှင့်တစ်ပြိုင်နက် ကျူးစစ်တပ်ဘက်မှ ခရာသံများ ထွက်ပေါ်လာပြီး တောင်ကြားတစ်ခွင်လုံး ပဲ့တင်ထပ်သွားသည်။

ကျူးတပ်အဖွဲ့ အချို့သည် ၎င်းတို့၏ နေရာများကို လျင်မြန်စွာ ပြောင်းလဲလိုက်ကြသည်။ ၎င်းတို့သည် နည်းဗျူဟာ ပုံစံကို အပြည့်အဝ အသက်မသွင်းရသေးသော်လည်း ရှနိုင်ငံတော်မှ စွမ်းအားရှင်များ လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် တုန့်ပြန်နိုင်ရန် အသင့်ပြင်ဆင်ထားကြသည်။

လုချန်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ ကျူးစစ်သားများသည် နေရာယူပြီး ရပ်တန့်သွားသည်။ ဤ “စစ်ရေးနည်းဗျူဟာ ပုံစံ” သည် ထူးခြားသည့်အရာ မဟုတ်ဟု သူထင်မှတ်လိုက်မိသည်။

သူ ထိုသို့ တွေးလိုက်မိသည့် အချိန်တွင်ပင် ကျူးတပ်ခွဲတစ်ခု၏ အထက်တွင် ရွှေရောင်နဂါးကြီးတစ်ကောင် ပေါ်လာသည်။

ထိုရွှေရောင်နဂါးသည် လုချန်းနှင့် သူ့လူများကို တည့်တည့်မတ်မတ် ဦးတည်လာသည်။ ကျူးနိုင်ငံတော်ဘက်က စတင်တိုက်ခိုက်လိမ့်မည်ဟု လုချန်း မမျှော်လင့်ထားခဲ့ပေ။ ကျူးနိုင်ငံတော်က သူတို့အား သိပ်အရေးမစိုက်ဟန်ရှိသည်။

လုချန်းက မုဟုန်ကွမ်းနှင့် ရှထျန်းယွမ်တို့ဘက်သို့ ချက်ချင်းလှည့်ကာ

“မုသခင်ကြီး၊ ရှဂိုဏ်းချုပ် အားလုံးကို ခင်ဗျားတို့အပေါ်မှာပဲ တာဝန်ပေးလိုက်ပါပြီ။”

သူတို့ နှစ်ဦးစလုံးက တပြိုင်တည်း

“အမိန့်အတိုင်းပါမင်းကြီး”

ထို့နောက် ရှထျန်းယွမ်က သူ၏ ဓားကို ထုတ်လိုက်ရာ ကြီးမားသော ဓားလှိုင်းလုံးတစ်ခု ထွက်ပေါ်လာပြီး ရွှေရောင်နဂါးဆီသို့ တည့်တည့်မတ်မတ် တိုးဝင်သွားသည်။

ရှထျန်းယွမ်၏ နောက်တွင် မုဟုန်ကွမ်းလည်း လှုပ်ရှားလာပြီး ဖိအားတစ်ခု သူ့ထံမှ ထွက်ပေါ်လာသောကြောင့် ကျူးစစ်သားများပင် မတ်တပ်ရပ်နိုင်ခြင်းပင် မရှိတော့ပေ။

သို့သော် အခြားတပ်ခွဲမှ စစ်သည်များက လျင်မြန်စွာ တုံ့ပြန်လိုက်ကြသည်။ သူတို့က

‘အမြင့်ပျံနဂါးပုံစံ’ ကို ချက်ချင်း စတင်လိုက်ကြသည်။ ထို့နောက် ရွှေရောင်နဂါး လေးကောင် သူတို့ထံသို့ ဦးတည်လာသည်။

ထိုနဂါးလေးကောင်သည် စွမ်းအားရှင်တစ်ဦးနှင့် တူညီသော စွမ်းအားပမာဏကို ယူဆောင်လာပြီး မုဟုန်ကွမ်းနှင့် ရှထျန်းယွမ်တို့ပင် သူတို့၏ အသက်အန္တရာယ်ကို ခံစားမိလိုက်ကြသည်။

နဂါးများ၏ ဖိအားကို ခံစားလိုက်ရပြီးနောက် လုချန်း အထင်ကြီးသွား၏။ သူကိုယ်တိုင် လာရောက်ခဲ့သည့်အတွက်လည်း ကိုယ့်ကိုယ်ကို ကျေးဇူးတင်မိသည်။ စွမ်းအားရှင်နှစ်ဦး စေလွှတ်ရုံမျှဖြင့် ကျူးနိုင်ငံတော်ကို ကိုင်တွယ်ဖြေရှင်းရန် မလုံလောက်နိုင်ပေ။

ထိုနည်းဗျူဟာ ပုံစံ ဤမျှအင်အားကြီးမားနိုင်သည်ကို သူ မယုံကြည်နိုင်ဖြစ်ခဲ့ရသည်။ အကယ်၍ ရှစစ်တပ်လည်း ၎င်းကို ကျွမ်းကျင်စွာ တတ်မြောက်နိုင်ပါက အနာဂတ်တွင် မြူခိုးဒေသမှ အင်အားကြီး ရန်သူများကို ရင်ဆိုင်နိုင်စရာ ရှိမည်။

ထိုသို့ တွေးရင်း လုချန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။

ရွှေရောင်နဂါးလေးကောင်သည် ရှထျန်းယွမ်နှင့် မုဟုန်ကွမ်းတို့၏ အပေါ်သို့ ရောက်ရှိနေပြီး တိုက်ခိုက်တော့မည်ဖြစ်သော်လည်း စွမ်းအားရှင်များအတွက် တိုက်ခိုက်မှုများကို ရှောင်ရှားခြင်းက လွယ်ကူသော အရာတစ်ခုဖြစ်သည်။

မုဟုန်ကွမ်းနှင့် ရှထျန်းယွမ်တို့သည် တစ်ချိန်တည်းတွင် ရွေ့လျားသွားကြပြီး သူတို့၏ ပုံရိပ်များ မှိန်ပျပျဖြစ်သွားသည်။ ရွှေရောင်နဂါးလေးကောင်သည် တစ်ကောင်နှင့်တစ်ကောင် တိုက်မိသွားကြပြီး ကြီးမားသော စွမ်းအင်ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာကာ အဝေးတွင်ရပ်နေသော လုချန်းသည်ပင် မြင်းပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

ယွဲ့ဧကရီနှင့် မုယန်စီတို့သည် လုချန်း မြင်းပေါ်တွင် မလှုပ်မယှက် ငြိမ်သက်စွာ ထိုင်နေသည်ကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားကြသည်။

၎င်းတို့သည် သူ့ထံမှ “အရိပ်အယောင် ကောင်းကင်လူသား” ၏ စွမ်းအားကိုသာ ခံစားခဲ့ရသော်လည်း ‘အမြင့်ပျံနဂါးပုံစံ’ ၏ ပေါက်ကွဲမှုကို ခံနိုင်ရည်ရှိနေသည်က လုချန်း၏ တကယ့်စွမ်းအားသည် စွမ်းအားရှင်အဆင့်နီးပါး ရှိနိုင်ကြောင်း ပြသနေသည်။

“ဒီလူရဲ့ စွမ်းရည်က မသေးလှပါလား” ဟု ယွဲ့ဧကရာဇ် နှာခေါင်းရှုံ့ရင်း ရေရွတ်လိုက်သည်။

“ဒီလောက် စွမ်းရည်နဲ့ အလားအလာရှိပြီး ချောမောခန့်ညားတဲ့ ဒီလူကို ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းက စွဲလမ်းနေတာ အံ့သြစရာ မရှိပါဘူး။ သူ့ကို မြင်လိုက်ရတဲ့ မိန်းကလေးတစ်ယောက်ဟာ သူ့ကို အလွယ်တကူ မမေ့နိုင်ပါဘူး။ ငါ့လိုမျိုး သံယောဇဉ်မဲ့ တာအိုလမ်းစဉ်ကို လိုက်နာပြီး ယော‌က်ျားတွေကို လုံးဝစိတ်မဝင်စားတဲ့သူမှပဲ တည်တည်ငြိမ်ငြိမ် နေနိုင်လိမ့်မယ်။”

………………

All Chapters