← Chapters

ဆွမ်ဧကရာဇ်က တကယ်ပဲ ဥပဒေ အလုံးစုံ အဆင့်ကို ရောက်နိုင်မယ် ထင်နေတာလား

Vol. 56 Ch. 831

ဆွမ်ဧကရာဇ်က တကယ်ပဲ ဥပဒေ အလုံးစုံ အဆင့်ကို ရောက်နိုင်မယ် ထင်နေတာလား

Vol. 56 Ch. 831

ရထားထဲတွင် ထိုင်နေသော လိီချင်ရို့လည်း မုယန်စီ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို သတိထားမိခဲ့သည်။ သူမလည်း အလွန်စူးစမ်းလိုစိတ် ဖြစ်မိသည်။ သူမကိုယ်တိုင်ပင်လျှင် မုယန်စီ၏ နယ်ပယ် အစစ်အမှန်နှင့် အသက်ကို မသိခဲ့ပေ။ ဤလူက မည်သို့ သိနိုင်မည်နည်း။

သူ့တွင် လူတစ်ဦး၏ဇာစ်မြစ်ကို သိနိုင်သော စွမ်းအားရှိသလား။

မုယန်စီ၏မျက်နှာကိုကြည့်ရသည်မှာ သူပြောသောစကားက မှန်နေပုံရသည်။ မဟုတ်ပါက သူမ၏မျက်နှာအမူအရာ ဤမျှတင်းမာပြီး အေးစက်နေမည်မဟုတ်ပေ။

ခဏတာတွင် လိီချင်ရို့ ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ လုချန်းသည် မူလအစကမ္ဘာ နယ်ပယ်မှ စွမ်းအားရှင်ကိုတောင် ခြိမ်းခြောက်နိုင်ပါက နောက်ပိုင်း သူတို့တိုက်ခိုက်ကြလျှင် သူမအနေနှင့် သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။

ထိုအခါ မုယန်စီက

“ကျွန်မအသက်ကို သိမြင်နိုင်တာကို ကြည့်ရင် ရှင့်ရဲ့စွမ်းအားဟာ ကျွန်မမျှော်မှန်းထားတာထက် ပိုကြီးနေပုံရတယ်”

“ကျွန်မအရမ်းသိချင်နေတာက ရှင့်လို အင်မတန် အစွမ်းထက်တဲ့သူတစ်ယောက်က ဒီလို နိမ့်ကျတဲ့ကမ္ဘာမှာ ဘာလုပ်နေတာလဲ။ ဒီ‌နေရာက နတ်ဆိုးကျင့်စဉ် ကျင့်သူတွေတောင် ရှောင်ရှားတဲ့နေရာပဲ။”

လုချန်း

“နတ်ဘုရားမက လက်နက်ချပြီး ကျွန်တော့်အမျိုးသမီး ဖြစ်လာဖို့ ဆန္ဒရှိမယ်ဆိုရင် ကျွန်တော်ကလည်း ကျွန်တော့်အကြောင်းကို ပြောပြဖို့ ဆန္ဒရှိပါတယ်။”

မုယန်စီက ဟက်ကနဲ ရယ်မောလိုက်ပြီးနောက်

“ဆွမ်ဧကရာဇ်က ကာမဂုဏ် လိုက်စားသူလို့ ကျော်ကြားတယ်။ ဒီနေ့တွေ့ရတာတော့ ဒီသတင်းက အမှန်ပဲကိုး။”

“ကျွန်မကို ရှင့်ရဲ့ အမျိုးသမီးလုပ်ခိုင်းဖို့ စဉ်းစားနေတာကိုး။ ရှင့်မှာ အဲ့ဒီလောက်စွမ်းအား မရှိသေးဘူးလို့ ထင်ပါတယ်။”

မုယန်စီသည် မြေအဆင့်ရှိ လူသတ်လှံကို အမှန်တကယ်ပင် သတိထားသော်လည်း ထွက်ပြေးရန်မှာ သူမအတွက် ပြဿနာမရှိသေးပေ။ လုချန်းသည် လူသတ်လှံဖြင့် သူမကို ထိမှန်အောင် ပစ်ခတ်နိုင်ဖို့ မသေချာပေ။

လုချန်းသည်

“ကျွန်တော့်မှာ အဲဒီစွမ်းအား ရှိမရှိဆိုတာ တိုက်ခိုက်ပြီးမှပဲ ကျွန်တော်တို့ သိရလိမ့်မယ်။”

စကားပြောနေစဉ်အတွင်း ရှထျန်းယွမ်နှင့် မုဟုန်ကွမ်းတို့သည် စွမ်းအင်ထည့်သွင်းမှုကို ဆက်လက်တိုးမြှင့်ခဲ့သည်။ မကြာမီတွင် လုချန်း၏ခန္ဓာကိုယ်သည် စွမ်းအင်များဖြင့် ပြည့်နှက်သွားပြီး ထို့နောက် သူ၏ လှံတံကို နောက်တစ်ကြိမ် မြှောက်တင်လိုက်သည်။

ဟုတ်ပါသည်။ လုချန်းတွင် အမျိုးသမီးနှစ်ဦးကို သတ်ဖြတ်ရန် ရည်ရွယ်ချက်မရှိပေ။ သို့သော်လည်း သူတို့ကို ဖမ်းဆီးရန်အတွက် အနိုင်ယူရမည် ဖြစ်သည်။

လုချန်း လူသတ် လှံကို ပြန်ကိုင်လိုက်သည်ကို မြင်လိုက်သောအခါ အမျိုးသမီးနှစ်ဦးစလုံး၏ စိတ်နှလုံးများ တင်းကျပ်သွားပြီး သူတို့၏ မျက်နှာအမူအရာများမှာ ပိုမိုအေးစက်လေးနက်လာသည်။

ထွက်ပြေးရန် အသင့်ရှိနေသော်လည်း မုယန်စီသည် လုချန်း၏ စွမ်းအားကို ဦးစွာ စမ်းသပ်ရန် ဆုံးဖြတ်ခဲ့သည်။ နောင်တစ်ချိန်တွင် သူမ ဤကမ္ဘာမှ ထွက်ခွာခဲ့ပါက ဤလူနှင့် တစ်ဖန် ပြန်ဆုံမည်မှာ ရှောင်လွှဲ၍ မရနိုင်ပေ။

ထိုအချိန်တွင် မုယန်စီ၏ ကိုယ်ခန္ဓာမှ ခရမ်းရောင် စွမ်းအားလှိုင်းများ ထွက်ပေါ်လာသည်။ ထို့နောက် သူမ၏

ခြေထောက်တွင်ရှိသော ခေါင်းလောင်းများ လှုပ်ယမ်းလာပြီး ခေါင်းလောင်းသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

သို့သော်လည်း ခေါင်းလောင်းသံများသည် ဤတစ်ကြိမ်တွင် မြင်တွေ့နိုင်‌သော လှိုင်းလုံး များအဖြစ် မပြောင်းလဲသွားပေ။ ထိုအစားလေထုမှတစ်ဆင့် လုချန်း၏နားသို့ ရောက်ရှိလာသော အသံလှိုင်းများအဖြစ် ပြောင်းလဲသွားသည်။ ဤအသံကို ကြားသူတိုင်း အံ့ဩသွားကြသည်။ တိုက်ပွဲနယ်မြေမှ ထွက်ခွာနေသော ရှစစ်သည်တော်များပင် မျက်လုံးများသေသွားကာ ငြိမ်သက်စွာ ရပ်နေခဲ့ကြသည်။

လွှမ်းမိုးခံရပြီးနောက် လုချန်း ချက်ချင်း သတိပြန်ဝင်လာခဲ့သည်။ သူ အလွန်လျင်မြန်စွာ သတိပြန်ဝင်လာသည်ကို မြင်လိုက်ရသောအခါ သူမ၏ ခန့်မှန်းချက်ကို မုယန်စီပိုမိုယုံကြည်သွားခဲ့သည်။

ဤလုချန်းသည် ကျင့်စဉ် လောကရှိ မိသားစုတစ်စုမှ စေလွှတ်လိုက်သော စမ်းသပ်မှုတစ်ခုဖြစ်ကောင်းဖြစ်နိုင်သည်။ အချို့သော ကျင့်စဉ်ကျင့်သည့် မိသားစုများသည် ၎င်းတို့၏ အကောင်းဆုံးသော မျိုးဆက်များကို လေ့ကျင့်ရန်အတွက် အဆင့်နိမ့်ကမ္ဘာများသို့ စေလွှတ်တတ်ကြသည်။

ထိုအခိုက်တွင် အင်အားကြီး မိသားစု၏ မျိုးဆက်တစ်ဦးနှင့် တွေ့ဆုံခဲ့ရသည်အတွက် ကံမကောင်းလှဟု မုယန်စီ ခံစားခဲ့ရသည်။ ဤကမ္ဘာမှ ထွက်ခွာရန်မှာ ခက်ခဲသော အလုပ်ဖြစ်တော့မည်ဟု ထင်ရသည်။

ထိုအင်အားကြီး မိသားစုများသည် သူတို့၏တပည့်များကို လေ့ကျင့်ရန်အတွက် အဆင့်နိမ့်ကမ္ဘာများသို့ သွားရောက်စွန့်စားစေနိုင်ခြင်းမှာ သူတို့ထံ၌ ကြိုတင်ပြင်ဆင်မှုများ ကောင်းစွာပြုလုပ်ထားသောကြောင့် ဖြစ်သည်။ ဤကမ္ဘာမှ ထွက်ခွာရန် အခွင့်အရေးအတွက် လုချန်းနှင့် ယှဉ်ပြိုင်ရန်မှာ လွယ်ကူမည် မဟုတ်ပေ။

ထိုအချိန်တွင် လုချန်းက တိတ်ဆိတ်မှုကို ထပ်မံ ဖြိုခွဲလိုက်သည်။

“နတ်ဘုရားမ။ ကျွန်တော်တို့ တိုက်ခိုက်စရာ မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် နတ်ဘုရားမရဲ့ဆန္ဒက ဒီကမ္ဘာကနေ ထွက်ခွာဖို့ဆိုတော့ တစ်နေ့ကျရင် ကျွန်တော်က နတ်ဘုရားမကိုပါ ကျွန်တော်နဲ့အတူ ခေါ်သွားဖို့ နည်းလမ်းရှာနိုင်ပါတယ်။”

လုချန်း၏စကားကို ကြားသောအခါ မုယန်စီ ညင်သာစွာ ရယ်မောလိုက်ပြီးနောက်

“ဆွမ်ဧကရာဇ်က ချိုသာတဲ့ စကားပြောတတ်တာပဲ။ ဆွမ်ဧကရာဇ်က ကျွန်မရဲ့ ဒီကမ္ဘာကနေ ထွက်ခွာချင်တဲ့ဆန္ဒကို သိနေတယ်ဆိုရင် ဒီကမ္ဘာရဲ့ စွမ်းအားတွေက အရမ်းပါးလွှာတာကိုလည်း ရှင်းရှင်းလင်းလင်း သိထားမှာပါပဲ။ လူအများကြီးကို သယ်ယူသွားဖို့ နည်းလမ်းမရှိနိုင်ဘူး။ ကျွန်မ သွားချင်တဲ့နေရာက တကယ်ကို ဝေးပါတယ်။”

ဤကမ္ဘာ၏ပြင်ပတွင် ခန့်မှန်းရခက်လှ‌သော ကမ္ဘာ့အာကာသ ရှိနေသည်။ ဤကမ္ဘာ၏ ကျန်ရှိနေသော စွမ်းအားအားလုံးကို မသုံးပဲ အာကာသလမ်းကြောင်းတစ်ခုကို ဖန်တီး၍ ထွက်ခွာရန်မှာ လုံးဝမဖြစ်နိုင်ပေ။

မုယန်စီ၏အမြင်တွင် အခြားကမ္ဘာမှ ကျင့်စဉ်ကျင့်သူ မည်မျှပင်ရှိစေကာမူ တစ်ဦးတည်းသာ ဤကမ္ဘာမှ ထွက်ခွာနိုင်ပြီး ကျန်သူများမှာမူ သူတို့သေဆုံးသည့်တိုင် ဤနေရာတွင် တစ်သက်လုံး ပိတ်မိနေလိမ့်မည်။

မုယန်စီ၏စကားကို ကြားပြီးနောက် လုချန်းက ပြုံး၍

“မုနတ်ဘုရားမက အရမ်းအဆိုးမြင်လွန်းပါတယ်။ ဘယ်သူက အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်မှာလဲ။ ဒီကမ္ဘာကနေ ထွက်ခွာဖို့ တခြားနည်းလမ်း ရှိနေရင်ကော။”

မုယန်စီ နောက်တစ်ကြိမ် ညင်သာစွာ ရယ်မောလိုက်ပြီးနောက်

“ဆွမ်ဧကရာဇ်က တကယ်ပဲ ဥပဒေ နိယာမ အလုံးစုံ နယ်ပယ် အဆင့်ကို ရောက်နိုင်မယ်လို့ ကိုယ့်ကိုယ်ကို မယုံကြည်နေ

လောက်ပါဘူး‌နော်။ ဟုတ်တယ်မလား”

“ဒီကမ္ဘာရဲ့ စွမ်းအားနဲ့ဆိုရင် ဥပဒေ နိယာမအလုံးစုံ နယ်ပယ် အဆင့်အထိ အစွမ်းထက်တဲ့ ကျင့်စဉ်ကျင့်သူတစ်ယောက်ကို မွေးထုတ်ပေးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

လုချန်း ပြောသည်မှာ အမှန်ပင် ဖြစ်သည်။ ဤကမ္ဘာမှ ထွက်ခွာရန် အခြားနည်းလမ်းတစ်ခု ရှိသေးသည်။ ၎င်းသည် ဥပဒေ နိယာမ အလုံးစုံ နယ်ပယ်အဆင့်သို့ တက်လှမ်းရန် ဖြစ်သည်။ ထိုအဆင့်သို့ ရောက်မှသာ လူတစ်ဦး၏ စွမ်းအင်သည် အာကာသ လေပွေများကို ခုခံနိုင်ပေလိမ့်မည်။

သို့သော်လည်း ဥပဒေ အလုံးစုံ အဆင့်အထိ အစွမ်းထက်သည့် ကျင့်စဉ်ကျင့်သူတစ်ဦးကို မွေးထုတ်ပေးရန် ဤကမ္ဘာတွင်ရှိသော စွမ်းအင်ထက် ဆယ်ဆခန့် လိုအပ်ပေလိမ့်မည်။

ထို့ကြောင့် ကျင့်စဉ်ကျင့်ခြင်းဖြင့် ထွက်ခွာရန် မုယန်စီ တစ်ခါမှ မတွေးခြင်းပင်။

လုချန်းက

“မုနတ်ဘုရားမ။ ခင်ဗျားပြောတာ မှန်ပါတယ်။ ကျွန်တော်က ဥပဒေ အလုံးစုံ နယ်ပယ် အဆင့်အထိ တက်လှမ်းနိုင်ပါတယ်”

“မုနတ်ဘုရားမ မယုံကြည်ဘူးဆိုရင် စောင့်ကြည့်နိုင်ပါတယ်။ တစ်နေ့ကျ မုနတ်ဘုရားမ စိတ်ပြောင်းသွားမယ်ဆိုရင် ကျွန်တော့်ကို လာရှာနိုင်ပါတယ်။”

မုယန်စီကဲ့သို့ မူလအစကမ္ဘာ နယ်ပယ် အဆင့် ရောက်ရှိနေသူတစ်ဦးကို ထိန်းထားရန်မှာ လွယ်ကူမည် မဟုတ်ကြောင်းကို လုချန်းလည်း သိသည်။ ထို့ပြင် မုယန်စီသည်

လိီချင်ရိုကို စွန့်ပစ်ပြီး တစ်ခဏချင်း ထွက်ပြေးသွားဖွယ် ရှိနေသည်။

သို့သော်လည်း ဤကမ္ဘာတွင် ရမှတ် ၉၀ ကျော်ရှိသော အမျိုးသမီးများ အလွန်ရှားပါးသောကြောင့် လုချန်း မုယန်စီကို လွတ်ပေးချင်စိတ် မရှိပေ။ သူမကို ရယူရန် သူဆုံးဖြတ်ထားသည်။

ပြောဆိုနေစဉ်တွင် လုချန်းက သူ၏ လှံတံကို မြှောက်ထားပြီးဖြစ်သော်လည်း မုယန်စီကို ချက်ချင်း တိုက်ခိုက်ခြင်း မရှိပေ။ ထိုအစား သူသည် လှံကို မိုးပေါ်သို့ ချိန်လိုက်သည်။

လုချန်း၏ ယုံကြည်မှုကို မြင်လိုက်သောအခါ မုယန်စီလည်း သူမ၏ကိုယ်ခန္ဓာအတွင်းမှ စွမ်းအားများကို တစ်ဖန်ပြန်ထုတ်လွှတ်လိုက်သည်။ နောက်တစ်ခဏတွင် သူမပတ်ပတ်လည်ရှိ ဖိအားသည် အရှိန်အဟုန် ဖြင့် မြင့်တက်လာခဲ့ပြီး အလွန်ပြင်းထန်လာခဲ့သည်။ ခေါင်းလောင်းသံသည် ရေလှိုင်းလုံးများအဖြစ်သို့ ပြောင်းလဲသွားသည်။

ချက်ချင်းဆိုသလို ရေနဂါးတစ်ကောင်သည် လှိုင်းလုံးများထဲမှ ထွက်လာပြီး လုချန်းဆီသို့ တည့်တည့်ဝင်လာသည်။

“ဒါက ကျွန်မရဲ့ အစွမ်းအထက်ဆုံး ကျင့်စဉ်ပါ။ မသေချင်ရင် ရှောင်လိုက်ပါ”

ဟု လုချန်းကို သတိပေးရန် သူမ မမေ့ခဲ့ပေ။

အကြောင်းတစ်ခုကြောင့် မုယန်စီသည် လုချန်းကို တိုက်ခိုက်ခဲ့သော်လည်း သူတစ်စုံတစ်ရာ ဖြစ်သွားသည်ကို မမြင်ချင်ပေ။

သူမ၏ အတွင်းစိတ်တွင် ထူးဆန်းသော ခံစားချက်တစ်ခု ရရှိခဲ့သည်။ သူမသည် လုချန်းနှင့် အလွန်ရင်းနှီးသည်ဟု ခံစားရပြီး လုချန်းသည် သူမကဲ့သို့ ကျင့်စဉ်ကျင့်သည့် ကမ္ဘာမှဖြစ်သည်ဟု ယခု အခိုင်အမာ ယုံကြည်နေသည်။

မုယန်စီ၏ သတိပေးမှုကို ကြားသောအခါ

လုချန်း အနည်းငယ် ပြုံးလိုက်ပြီးနောက် လှံကို မြှောက်လိုက်ကာ ရေနဂါးကို ချိန်ရွယ်ပြီး ခလုတ်ကို ဆွဲလိုက်သည်။

နောက်တစ်ခဏတွင် လှံ၏ပြောင်းမှ ခရမ်းရောင်အလင်းတန်းတစ်ခု ထွက်လာသည်။ ခရမ်းရောင်အလင်းတန်းသည် ရေနဂါးကို ထိလိုက်သောအခါ ရေနဂါးသည် ချက်ချင်း ပျက်စီးသွားပြီး လေထဲရှိ ထူးဆန်းသော လှိုင်းလုံးများသည် ဖန်စများကဲ့သို့ ကြေမွသွားခဲ့သည်။

သို့ရာတွင် ရေနဂါး ပေါက်ကွဲသွားသော အခိုက်အတန့်တွင် ချိုင်င့်ဝှမ်းအထက်တွင် ခေါင်းလောင်းသံတစ်ချက် မြည်လာပြီး မုယန်စီ၏ ကြည်လင်သန့်ရှင်းသောအသံကို ကြားလိုက်ရသည်။

“ရှင်က တကယ်ကို အစွမ်းထက်ပါတယ်။ ရှင့်ရဲ့စွမ်းအားကို ကျွန်မ အသိအမှတ်ပြုလိုက်ပါပြီ။ ဒါပေမဲ့ နောက်တစ်ကြိမ် ဆုံတွေ့တဲ့အခါကျရင်တော့ ကျွန်မ လွှတ်ပေးမှာ မဟုတ်ဘူး။”

“ နောက်ပြီး ရှင် ဥပဒေ အလုံးစုံ နယ်ပယ် အဆင့်အထိ ကျင့်ကြံနိုင်မယ်လို့တော့ ကျွန်မ မယုံကြည်သေးပါဘူး။”

…………..

All Chapters