← Chapters

ဝူကျန်းဝမ်နဲ့ ခြိမ်းခြောက်မလို့လား

Vol. 56 Ch. 832

ဝူကျန်းဝမ်နဲ့ ခြိမ်းခြောက်မလို့လား

Vol. 56 Ch. 832

မုယန်စီ၏ အသံ ချိုင့်ဝှမ်းအထက်ကောင်းကင်ယံမှ တိတ်ဆိတ်သွားချိန်၌ ရေနဂါးပေါက်ကွဲမှု၏ ကျန်ရစ်သောစွမ်းအင်များသည်လည်း ကွယ်ပျောက်သွားပြီး ရထားပေါ်တွင် မုယန်စီ၏ အရိပ်အယောင်ပင် မကျန်တော့ပေ။

ထိုအချိန်၌ လီချင်ရို့၏ မျက်နှာသည် ရေခဲကဲ့သို့ အေးစက်နေပြီး ဓားအငွေ့အသက်များကလည်း သူမပတ်လည်တွင် လည်ပတ်နေသည်။ မကြာမီမှာပင် ရထားလုံးတစ်ခုလုံးသည် ဓားအငွေ့အသက်များ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။

မုယန်စီ၏ ထွက်ပြေး သွားသောကြောင့် လီချင်ရို့ ဒေါသထွက်နေကြောင်း ထင်ရှားသည်။

သူမ၏ မဟာမိတ် ယုံကြည်စိတ်ချရခြင်း မရှိကြောင်း သူမအမြဲတမ်း သိခဲ့သည်။ သို့သော် ယခုလို အချိန်၌ မုယန်စီ ထွက်ပြေးမည်ဟု သူမ တစ်ခါမှ မမျှော်လင့်မိခဲ့ပေ။

မည်သို့ပင်ဆိုစေ မုယန်စီသည် မူလအစကမ္ဘာ နယ်ပယ်အဆင့် စွမ်းအားရှင်ဖြစ်သည်။ သို့သော်လည်း သူမသည် သတ္တိနည်းလှသည်။

ထိုအမျိုးသမီးက အသုံးမဝင်သောကြောင့် သူမကိုယ်တိုင် ကိုင်တွယ်ရတော့မည် ဖြစ်သည်။

လုချန်းသည် အလွန်အင်အားကြီးနေသော်လည်း လီချင်ရို့၏ ကမ္ဘာတွင် “ကြောက်ရွံ့ခြင်း” ဟူသော စကားလုံးမရှိပေ။ သူနှင့်ရင်ဆိုင်ရန် သူမ၌ နည်းလမ်းမရှိဟု မယုံကြည်ပေ။

ထိုအခိုက်၌ လုချန်းက

“ယွဲ့ဧကရာဇ်။ အခုဆိုရင် ဝူကျန်းဝမ်က ကျွန်တော့်ရဲ့ မိန်းမဖြစ်လာပြီ။ ခင်ဗျားတို့နှစ်ယောက်ကလည်း အရင်းနှီးဆုံး သူငယ်ချင်းတွေဆိုတော့ တကယ်တမ်းဆိုရင် ကျွန်တော်တို့ တိုက်ခိုက်စရာ မလိုပါဘူး။”

ထိုစကားကိုကြားသောအခါ ယွဲ့ဧကရာဇ်က အေးစက်စွာ ရယ်မောလိုက်ပြီး

“ဘာလဲ။ ကျွန်မကိုလည်း ရှင့်ရဲ့ မိဖုရားဆောင်ထဲ ထည့်ချင်လို့လား”

“အဓိပ္ပာယ်မရှိလိုက်တာ။”

သူမသည် ယောက်ျားများကို အလွန်မုန်းတီးသည်။ မမုန်းတီးသည့်တိုင် သူမ၏ သူငယ်ချင်း ဖြစ်သူထံမှ ယောက်ျားတစ်ဦး၏ မေတ္တာကို လုယူမည်မဟုတ်ပေ။

သူမ၏အမြင်တွင် လုချန်းသည် ဝူကျန်းဝမ်၏ ချစ်သူသာ ဖြစ်သည်။

ယွဲ့ဧကရာဇ်၏ အေးစက်သော အသံကို ကြားရသောအခါ လုချန်းက ပြုံးပြီး

“ယွဲ့ဧကရာဇ် အဲ့ဒီလို ဆန္ဒရှိရင် မဖြစ်နိုင်တာ‌တော့ ‌ မဟုတ်ပါဘူး။”

လီချင်ရို့က နှာခေါင်းရှုံ့ကာ

“ကျွန်မကို ရှင့်ရဲ့မိန်းမဖြစ်စေချင်တယ်ဆိုရင် ရှင့်မှာ အဲဒီအတွက် လုံလောက်တဲ့ အစွမ်းအစ ရှိလားဆိုတာ ကြည့်ရလိမ့်မယ်။”

သူမ ပြောနေစဉ်တွင် လီချင်ရို့၏ ခန္ဓာကိုယ်ပတ်လည်၌ ဓားအငွေ့အသက်များ စုဝေးသွားပြီး လေဆင်နှာမောင်းကြီးတစ်ခု ဖြစ်လာသည်။

ထို့နောက် လေဆင်နှာမောင်းသည် လုချန်းထံသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာသည်။ လုချန်းသည် လူသတ်လှံတံကို အလျင်အမြန် မြှောက်ကာ လေဆင်နှာမောင်းကို ချိန်ရွယ်လိုက်သည်။ တစ်ချက်ပစ်လိုက်သည်နှင့် ကြေက်မက်ဖွယ် လေဆင်နှာမောင်းသည် အစအနပင် မကျန်ရှိတော့ပဲ ပျောက်ကွယ်သွားတော့သည်။

သို့သော်လည်း လုချန်းက ချက်ချင်း တိုက်ခိုက်ခြင်း မပြုပေ။ လီချင်ရို့ အရှုံးမပေးမချင်း ကာကွယ်ရုံသာ လိုအပ်သည်။

လီချင်ရို့သည် အင်အားကြီးမားသော်လည်း နည်းဗျူဟာ ပုံစံ မရှိပဲ သူမ တစ်ဦးတည်း၏ စွမ်းအားဖြင့် လုချန်းနှင့် သူ၏နောက်မှ ကောင်းကင်လူသားအဆင့် စွမ်းအားရှင် နှစ်ဦးတို့ကို ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။

သူမ၏ ပထမဆုံး တိုက်ခိုက်မှု ရပ်တန့်ခံရပြီးနောက် လီချင်ရို့ အရှုံးမပေးခဲ့ပေ။ သူမ၏ စိတ်ဝိညာဉ်ဓားကို ချက်ချင်း ဆွဲထုတ်လိုက်၏။ ယခုတစ်ကြိမ်တွင် သူမ၏ ဓားစွမ်းအင် အစုအ‌ဝေးကို တိုက်ရိုက် ပစ်လွှတ်လိုက်သည်။

သူမသည် မူလက ဓားစွမ်းအင် အစုအဝေးကို အသုံးမပြုရန် စီစဉ်ခဲ့သည်။ လုချန်းသည် သူမ၏ ဓားစွမ်းအင် အစုအဝေးကို ကာကွယ်နိုင်မနိုင် မသေချာပေ။ အကယ်၍ သူ ထိခိုက်ဒဏ်ရာရခဲ့လျှင်လည်း သူမ၏ သူငယ်ချင်းကောင်းအား နောက်ပိုင်းတွင် ရှင်းပြနိုင်မည် မဟုတ်ပေ။

သို့သော် ယခုသူမတွင် ရွေးချယ်စရာ မရှိတော့ပေ။ အကယ်၍ သူမ အသုံးမပြုပါက လုချန်းနှင့် လုံးဝယှဉ်နိုင်မည် မဟုတ်ပေ။ အထူးသဖြင့် သူ၏လက်ထဲရှိ လက်နက်၏ ကြီးမားသော စွမ်းအားကို ယှဉ်နိုင်မည် မဟုတ်ပေ။

အမှန်စင်စစ် လီချင်ရို့လည်း သတိထားမိသည်။ လုချန်းက ထိုမျှ အစွမ်းထက်သည့် စိတ်ဝိညာဉ်လက်နက်ကို ပိုင်ဆိုင်ထားသော်လည်း တိုက်ခိုက်ခြင်း မပြုပဲ အမြဲတမ်း ခုခံကာကွယ်နေခဲ့သည်။

ယင်းက သူ့တွင် တိုက်ခိုက်လိုစိတ် မရှိဟု ဆိုလိုသည်။ သူလည်း သူမကဲ့သို့ပင် တွေးနေနိုင်သည်။ သို့သော် တစ်ယောက်နှင့်တစ်ယောက် ထိခိုက်ဒဏ်ရာရစေလိုခြင်း မရှိသော်လည်း အနိုင်အရှုံးကို ဆုံးဖြတ်ရန်က လိုအပ်ဆဲဖြစ်သည်။

ဓားစွမ်းအင် အစုအဝေးများ ပြည့်နေသည့် ခရမ်းရောင်ဓားလှိုင်းတစ်ခု လုချန်းအနီးသို့ ရောက်လာသည်။ သို့သော် သူက လှံတံကို ထပ်မြှောက်ကာ တစ်ချက် ပစ်လိုက်သည်နှင့် ဓားစွမ်းအင် အစုအဝေး လုံးဝပျောက်ကွယ်သွားသည်။

ထိုအရာကို မြင်သောအခါ လီချင်ရို့၏ မျက်ခုံးများ အနည်းငယ် တွန့်သွားခဲ့သည်။ သူမ၏ ဓားစွမ်းအင် အစုအဝေးပင် အလွယ်တကူ ဖျက်ဆီးနိုင်သည်ဆိုလျှင် ထိုစိတ်ဝိညာဉ်လက်နက်က ထူးခြားလွန်းလှသည်။

အဓိက ပြဿနာမှာ လုချန်း၏နောက်မှ ကောင်းကင်လူသား စွမ်းအားရှင်နှစ်ဦးသည် သူ၏စွမ်းအားကို အဆက်မပြတ် ဖြည့်ပေးနေခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့သော အခြေအနေမျိုး၌ လုချန်းသည် ထိုစိတ်ဝိညာဉ်လက်နက်ကို အကြိမ်ကြိမ် အသုံးပြုနိုင်သည်။

သို့သော်လည်း လီချင်ရို့ အရှုံးမပေးသေးပေ။ သူမသည် စားစွမ်းအင် အစုအဝေးကို ထပ်မံ အသုံးပြုကာ နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ခဲ့၏။ ထိုနောက် ဆက်တိုက်တိုက်ခိုက်မှု ဆယ်ကြိမ်အထိ ပြုလုပ်ခဲ့သည်။ သို့သော် အားလုံးကို လုချန်းက တားဆီးခဲ့သည်။

ဤအချိန်တွင် လိီချင်ရို့၏ ခန္ဓာကိုယ်သည် သိသိသာသာ အားနည်းလာပြီး သူမ၏ ရေခဲကဲ့သို့ဖြူဖွေးသော ပါးပြင်များသည် ပို၍ပင် ဖြူရော်လာ၏။ စွမ်းအင်အများအပြား သုံးစွဲပြီး သူမ ခန္ဓာကိုယ် ဆက်လက်ရပ်တည်နိုင်ရန် ခက်ခဲနေလာသည်။

ဓားစွမ်းအင် အစုအဝေးကို နောက်တစ်ကြိမ် အသုံးပြုပြီးနောက် သူမခန္ဓာကိုယ်၏ ကန့်သတ်ချက်သို့ ရောက်ရှိသွားသည်။ သူမချက်ချင်း ဒူးထောက်လိုက်ရပြီး ဓားကို အမှီပြုကာ ရပ်တည်နိုင်ရန် ကြိုးစားနေရတော့သည်။ သူမ အလွန်အားနည်းသွားပြီဖြစ်သည်။

အတိတ်ကာလတုန်းက မြူခိုးဒေသတွင် ရှိစဉ်တုန်းကပင် သူမသည် ထိုမျှ ကြီးမားသော တိုက်ပွဲမျိုးနှင့် မကြုံတွေ့ရ သလောက်ဖြစ်သည်။ လုချန်းက အဆက်မပြတ် ကာကွယ်နေပြီး သူမက အဆက်မပြတ် တိုက်ခိုက်နေသော်လည်း ဒဏ်ရာရပြီး အားနည်းသွားသူမှာ သူမပင်ဖြစ်သည်။

ဤအတိုင်းသာ ဆက်သွားလျှင် လုချန်း သူမကို အလွယ်တကူ ဖမ်းဆီးနိုင်‌လိမ့်မည်။ သူမတွင် လက်နက်ချအရှုံးပေးရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိပေ။

သို့သော် သူမ၏ မာနက ထိုယောက်ျား၏ သုံ့ပန်းဖြစ်လာခြင်းကို လက်ခံမည် မဟုတ်ပေ။

ထိုအခိုက်၌ လီချင်ရို့၏ ခန္ဓာကိုယ်ပတ်လည်တွင် ဓားအငွေ့အသက်များ ပြန်လည်စုဝေးလာသည်။ သူမ ထပ်မံ တိုက်ခိုက်တော့မည်ဟု အစပိုင်းတွင် လုချန်း တွေးလိုက်သော်လည်း တစ်ခုခုမှားနေကြောင်း ချက်ချင်း သိလိုက်သည်။ လီချင်ရို့၏ ဓားအငွေ့အသက်သည် သူမကိုယ်ပတ်လည်တွင်သာ စုဝေးနေပြီး လွှတ်ထုတ်ရန် ရည်ရွယ်ချက် မရှိပေ။

လုချန်းသည် ချက်ချင်း နားလည်လိုက်ပြီး

“မရူးမိုက်နဲ့။ ဝူကျန်းဝမ်က ခင်ဗျားကိုတွေ့ဖို့ စောင့်နေတုန်းပဲ။ ခင်ဗျား တစ်ခုခုဖြစ်သွားရင် သူ ဘယ်လို ဆက်ပြီး နေထိုင်ရမလဲ။”

လီချင်ရို့က ပေါ့ပါးစွာ ရယ်မောလိုက်ပြီးနောက

“ဝူကျန်းဝမ်ကို အသုံးချပြီး ကျွန်မကို ခြိမ်းခြောက်နေတာလား။”

“ဝူကျန်းဝမ်က ရှင် ဘယ်လိုလူလဲဆိုတာ သိပါတယ်။ ရှင် လုပ်မယ့် ရွေးချယ်မှုတွေကို သူ ကြိုမြင်ခဲ့ပြီးသားပါ။”

“ပြန်သွားပြီး သူ့ကို ပြောလိုက်ပါ၊ ဒီဘဝမှာတော့ ကျွန်မတို့ သူငယ်ချင်းတွေ ဆက်မဖြစ်နိုင်ပေမဲ့ နောက်ဘဝမှာတော့ သူငယ်ချင်းကောင်းတွေ ဖြစ်နိုင်ပါသေးတယ်။”

သူမ ပြောနေစဉ်တွင် လီချင်ရို့၏ ပတ်လည်ရှိ ဓားအငွေ့အသက်သည် ပို၍ပင် ပြင်းထန်လာသည်။ သူမက ဆက်လက်၍

“ဝူကျန်းဝမ်က ရှင့်ကို အဲဒီလောက် ယုံကြည်နေတာဆိုတော့ ရှင်က သူ့ကို အမြဲတမ်း ကောင်းကောင်း ဆက်ဆံလိမ့်မယ်လို့ ထင်ပါတယ်။ သူကို့ ရှင့်ရဲ့ အစောင့်အရှောက်အောက်မှာ ထားခဲ့မယ်။”

ထိုသို့ဆိုပြီးနောက် လီချင်ရို့ သူမကိုယ်သူမ အဆုံးစီရင်ရန် ပြင်ဆင်လိုက်သည်။

သို့သော် နောက်တစ်စက္ကန့်တွင် ပုံရိပ်တစ်ခုသည် လီချင်ရို့၏နောက်တွင် ရုတ်တရက် ပေါ်လာပြီး သူမ၏လက်များကို ရစ်ပတ်ထားလိုက်သည်။ နောက်တစ်ခဏတွင် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားအားလုံး ပိတ်ဆို့ခံလိုက်ရသဖြင့် သူမ၏ ခွန်အားအားလုံး ဆုံးရှုံးသွားတော့သည်။

လီချင်ရို့ အံ့အားသင့်သွားသည်။ သူမ သတိပြန်ဝင်လာသောအခါ ဒေါသတကြီးဖြင့်

“ရှင်အတင့်ရဲလှချေလား။”

သို့သော် လုချန်းက လီချင်ရို့ကို လျစ်လျူရှုလိုက်သည်။ လီချင်ရို့က လုချန်း၏ လက်တွင်းမှ လွတ်မြောက်ရန် ချက်ချင်း ရုန်းကန်လိုက်သည်။

သို့‌သော် လီချင်ရို့ ဘယ်လောက်ပဲ ရုန်းကန်နေပါစေ လုချန်း၏လက်များထဲမှ မရုန်းနိုင်ခဲ့ပေ။ လုချန်းသည် သူမ၏ လက်များကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားပြီး သူမ၏ အတွင်းအားကို ပိတ်ဆို့ထားသောကြောင့် သူမ၏ ကြိုးပမ်းမှုအားလုံးသည် အချည်းနှီး ဖြစ်ခဲ့သည်။

ထို့နောက် လုချန်းက

“ ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ် ခင်ဗျားအသက်ရှင်စေရမယ်လို့ ဝူကျန်းဝမ်ကို ကျွန်တော်ကတိပေးခဲ့တယ်။ ဒါကြောင့် ခင်ဗျားကိုယ် ခင်ဗျား သေကြောင်းကြံချင်ရင် ကျွန်တော့်ရဲ့ ခွင့်ပြုချက် လိုလိမ့်မယ်”

ယွဲ့ဧကရာဇ်က နှာခေါင်းရှုံ့လိုက်ပြီး

“အဓိပ္ပာယ်မရှိတာ။ ကျွန်မလို ဧကရာဇ်က ဘယ်အချိန်မဆို ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံနိုင်တယ်။ ရှင်ကျွန်မကို အမြဲတမ်း စောင့်ကြည့်နိုင်မယ်လို့ မထင်ဘူး။”

လီချင်ရို့၏ အတွေးက ရိုးရှင်းသည်။ လုချန်းသည် နိုင်ငံတစ်နိုင်ငံ၏ အုပ်စိုးရှင် ဖြစ်သည်။ သူသည် သူမကို အမြဲတမ်း စောင့်ကြည့်နေနိုင်မည်မဟုတ်ပေ။ လုချန်း သူမကိုလွှတ်လိုက်သည်နှင့် သူမတွင် အဆုံးစီရင်ရန် အခွင့်အရေးရှိလာမည်ဖြစ်သည်။

သူမသည် ဤယောက်ျား၏ သုံ့ပန်း၊ အထူးသဖြင့် သူ၏မိန်းမ လုံးဝ ဖြစ်လာမည် မဟုတ်ပေ။

ထိုစကားကို ကြားရသောအခါ လုချန်းက ပြုံးလိုက်ပြီး

“ဟုတ်တယ်။ ခင်ဗျားပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်‌တော်က ခင်ဗျားကို အချိန်အကန့်အသတ်မရှိ စောင့်ကြည့်နိုင်တယ်။”

ထိုသို့ဆိုပြီးနောက် လုချန်းက ကျူး စစ်သားများဘက်သို့ လှည့်ကာ

“ယွဲ့ဧကရာဇ်ကို ကျွန်တော်က အရှင်လတ်လတ် ဖမ်းဆီးခဲ့ပြီး ကျူးနိုင်ငံတော်ကို အနိုင်ယူပြီးပါပြီ။ အသက်ရှင်ချင်တဲ့သူတွေ လက်နက်ချကြပါ။ ရက်အနည်းငယ်ကြာရင် ယွဲ့ဧကရာဇ်က မိဖုရားကြီးရာထူးကို လက်ခံပါလိမ့်မယ်။ ခင်ဗျားတို့ လက်နက်ချပြီး မခုခံရင် မသတ်ဘူးလို့ ကျွန်တော် ကတိပေးတယ်။”

All Chapters