ဒီလူဆိုးဟာ...
Vol. 56 Ch. 834
လိီချင်ရို့၏ ရုန်းကန်မှုသည် အချည်းနှီး ဖြစ်နေသည်။ သူမ၏ အတွင်းအား ပိတ်မိနေသည်ဖြစ်ရာ လုချန်းကို တိုက်ခိုက်ရန် နည်းလမ်းမရှိခဲ့ပေ။ သူက သူမကို ကျင်လွမ် ခန်းမသို့ ပွေ့ချီသွားပြီး ဖီးနစ်ထိုင်ခုံပေါ်တွင် တင်လိုက်သည်။
သူမ၏ အခြေအနေ ပို၍ ဆိုးရွားလာမည်ဖြစ်ပြီး သူမ၏ သန့်ရှင်းမှု ပျောက်ကွယ်သွားမည်ကို သိရှိသောကြောင့် လိီချင်ရို့က တိုက်ရိုက် ခြိမ်းခြောက်လိုက်သည်။
“ရှင်ဒီလိုလုပ်ရဲရင် ကျွန်မ ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်။”
လုချန်း၏ နှုတ်ခမ်းများတွင် အပြုံးတစ်ပွင့် ပေါ်လာသည်။
“ကျွန်တော်ဘာမှ မလုပ်ရင်တောင် ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် သတ်သေမှာပါ။”
ထို့နောက် သူက သူမဘက်ကို လှည့်လိုက်ကာ သူမ၏ လက်များကို နောက်ကျောတွင် ချုပ်ထားပြီး သူမပေါ်သို့ မှီလိုက်သည်။ ထို့နောက် သူမ၏ နားနားသို့ ကပ်ကာ
“ခင်ဗျားကို ကျွန်တော်လိုချင်ရင် စိတ်ဆိုးမလားလို့ ကျွန်တော် ကျန်းဝမ်ကို ကျူးနိုင်ငံတော်ကို မလာခင်က မေးခဲ့တယ်။ ကျွန်တော် ဆန္ဒရှိရင် ခင်ဗျားကို ကျွန်တော့်ရဲ့ မိန်းမ ဖြစ်စေနိုင်တယ်လို့ သူက ပြောခဲ့ပါတယ်။”
လိီချင်ရို့ စကားမပြောနိုင်လောက်အောင် ထိတ်လန့်သွားခဲ့သည်။ သူမနှင့်အတူ သေအတူရှင်မကွာ နေခဲ့ပြီး သူမ၏ စိတ်နေသဘောထားကို နားလည်ခဲ့သော သူမ၏ သူငယ်ချင်း ဝူကျန်းဝမ်က သူမကို ဤမျှလောက် လွယ်လွယ်ကူကူ သစ္စာဖောက်လိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မထင်ခဲ့ပေ။ သူမ၏ နှလုံးသားထဲတွင် အေးစက်မှုတစ်ခု နေရာယူလာသည်။ သူမ၏ ချစ်လှစွာသော သူငယ်ချင်းထံမှ သစ္စာဖောက်ခြင်းက ဘယ်တော့မှ မဖြစ်နိုင်ဟု သူမထင်ခဲ့သည်။
ဝူကျန်းဝမ်၏ နာမည်ကို ကြားသောအခါ သူမ၏ ရုန်းကန်မှု ရပ်တန့်သွားသည်ကို မြင်သောကြောင့် လုချန်းက ဆက်လက်၍ တိုးတိုးလေး ပြောလိုက်သည်။
“ကျန်းဝမ်က ရန်ခရိုင်မှာ ခင်ဗျားကို စောင့်နေတုန်းပဲ။ သေခြင်းတရားက ပြဿနာ ဖြေရှင်းနည်း မဟုတ်ပါဘူး။ ခင်ဗျားက ယွဲ့ဧကရာဇ် မဟုတ်တော့ရင်တောင် ခင်ဗျားရဲ့ အနာဂတ်က ညှိုးမှိန်နေမှာ မဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်က ကျူးနိုင်ငံတော်ရဲ့ ပြည်သူတွေကို အကြောင်းမဲ့ မသတ်ဖြတ်ပါဘူး။”
ထိုစကားကို ကြားသောအခါ လိီချင်ရို့ လုချန်း၏ ဆိုလိုရင်းကို ချက်ချင်းပင် နားလည်လိုက်သည်။ လုချန်းသည် ကျူးနိုင်ငံတော် ပြည်သူများ၏ အသက်ကို အသုံးချကာ ခြိမ်းခြောက်နေခြင်း ဖြစ်သည်။ သူမသာ သူ့ကို ခုခံပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်ပါက သူ၏ ဓားကို သူမ၏ ပြည်သူများအပေါ် လှည့်လိမ့်မည်။
တကယ်တော့ ဒါက သူမ အလွန်အကျွံ တွေးနေခြင်း ဖြစ်သည်။ လုချန်းတွင် ထိုသို့သော ရည်ရွယ်ချက် မရှိခဲ့ချေ။ သူက အမှန်တရားတစ်ခုကိုသာ ပြောဆိုခြင်း ဖြစ်သည်။ အနာဂတ်တွင် မြူခိုးဒေသမှ ရန်သူများကို ရင်ဆိုင်ရန်အတွက် ဤကမ္ဘာ၏ လူများကို စည်းလုံးစေရန် သူ ရည်ရွယ်ထားသည်။ အကြောင်းမဲ့ သတ်ဖြတ်မည် မဟုတ်ပေ။
သတ်ဖြတ်ခြင်းသည် နိုင်ငံရေး ကိရိယာတစ်ခု ဖြစ်ပြီး ရည်ရွယ်ချက် မဟုတ်ပေ။ အချို့ကို ဖယ်ရှားရမည် ဖြစ်သော်လည်း ၎င်းတို့သည် သူ့ကို ဆန့်ကျင်သူများ သို့မဟုတ် ပုန်ကန်ရန် ကြံစည်သူများသာ ဖြစ်သည်။ ကျူးနိုင်ငံတော်မှ ရှနိုင်ငံတော်သို့ လက်နက်ချပါက ကျူးပြည်သူများကို ရှပြည်သူများကဲ့သို့ပင် ဆက်ဆံမည် ဖြစ်သည်။
လိီချင်ရို့ တိတ်ဆိတ်သွားသည်။ သူမ နောက်ထပ် စကားမပြောတော့သည်ကို မြင်သောအခါ လုချန်း၏ လက်များသည် သူမ၏ စုတ်ပြဲနေပြီးသား ဖီးနစ်ဝတ်ရုံဆီသို့ ရောက်ရှိသွားသည်။ ဆယ်ရက်ကျော်ကြာ သူမကို ဤသို့သော မသင့်လျော်သည့် အနေအထားဖြင့် ကိုင်ထားခဲ့သည်ဖြစ်ရာ သူ၏ စိတ်ရှည်မှုသည် ကန့်သတ်ချက်တစ်ခုသို့ ရောက်နေပြီ ဖြစ်သည်။
လိီချင်ရို့ ပြောတော့မည့်အချိန်တွင် အဝတ်စုတ်ဖြဲသံကို ကြားလိုက်ရသည်။ သူမ လှည့်ပြီး ရုန်းကန်သော်လည်း ဤအရာက လုချန်းနှင့် သူမ၏ ထိတွေ့မှုကိုသာ တိုးစေခဲ့သည်။
“လူယုတ်မာ။ ကျွန်မက ကျူးနိုင်ငံတော်ရဲ့ အုပ်စိုးရှင်။ ရှင် ကျွန်မရဲ့ ဖြူစင်မှုကိုညစ်ညမ်းစေလို့ မရဘူး။”
လုချန်း သူမ၏ စကားများကို လျစ်လျူရှုလိုက်သည်။ သူက သူမ၏ ကိုယ်ကို ဖက်ထားပြီး သူမ၏ ခေါင်းကို ညင်သာစွာ လှည့်လိုက်ကာ သူမ၏ နှုတ်ခမ်းများကို သူ၏ နှုတ်ခမ်းများဖြင့် ဖုံးအုပ်လိုက်သည်။
“အင်း...အင်း”
ဤသည်မှာ လိီချင်ရို့၏ ပထမဆုံး အနမ်းဖြစ်သည်။ သူမ ခုခံရန် ရည်ရွယ်ခဲ့သော်လည်း ထူးဆန်းသော ကြည်လင်မှုနှင့် အားအင်ပြည့်ဝမှုက သူမ၏ စိတ်ကို ဆွဲဆောင်လာသည်။ ဇဝေဇဝါဖြစ်သွားပြီး အမျိုးသားတစ်ဦးကို နမ်းခြင်းက သူမကို အဘယ်ကြောင့် ဤမျှလောက် လန်းဆန်းစေရသနည်းဟု သူမ တွေးမိသည်။ သို့သော် ဤခံစားချက်သည် ခေတ္တမျှသာ ဖြစ်ပြီး မကြာမီတွင် သူမ၏ အသိစိတ် ဝေဝါးလာသည်။ သူမ၏ အတွင်းပိုင်းမှ အသံတစ်ခုက သူမသည် ကျူးနိုင်ငံတော်၏ အုပ်စိုးရှင်ဖြစ်ပြီး သူမ၏ ရန်သူအား မည်သည့်အခါမှ အလျော့ မပေးရဟု သတိပေးနေသော်လည်း ထိုအသံသည် အင်အားမရှိတော့ပေ။ သူမ လုံးဝ နစ်မြောသွားခဲ့သည်။
သူမ၏ စိတ်များ ဝေဝါးနေစဉ် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို လိီချင်ရို့ရုတ်တရက် ခံစားမိသည်။
“မဖြစ်ဘူး”
သူမသည် ချက်ချင်း သတိပြန်ဝင်လာသည်။
သံယောဇဉ်မဲ့ တာအိုကျင့်စဉ်ကျင့်သူသည် ယခု အရှက်နှင့် ဒေါသ နှစ်မျိုးစလုံးကို ခံစားနေရသည်။ ဒီလူယုတ်မာက တကယ်...
သူမ လုချန်းကို စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။
“ယုတ်မာတဲ့လူ။ ငါ့ကို ဒီလိုလုပ်ရဲတယ်ပေါ့။ငါ သူ့ကို သတ်ရမယ်။”
သူမ တတ်နိုင်သော အရာမရှိတော့သဖြင့် လိီချင်ရို့သည် အနည်းဆုံး ခဏတာအတွက်တော့ သူမ၏ ကံကြမ္မာကို လက်ခံလိုက်သည်။ သူမ၏ အတွင်းအား ပိတ်မိနေပြီး အားနည်းနေသည်ဖြစ်ရာ ဝူကျန်းဝမ် အမျိုးသား၏ ဆန္ဒကို သူမ ခုခံနိုင်ခြင်း မရှိတော့ပေ။
အတွေးတစ်ခုက သူမ၏ စိတ်ထဲသို့ ဝင်လာသည်။ လုချန်းသည် ဝူကျန်းဝမ်နှင့်လည်း ရှိခဲ့သည်။ ယခု သူ သူမ၏ ဖြူစင်မှုကို ရယူလိုက်သည်နှင့် သူမသည်လည်း ဝူကျန်းဝမ်နှင့် သွယ်ဝိုက်သောအားဖြင့် ရင်းနှီးသော ဆက်ဆံရေးတစ်ခုကို မျှဝေခဲ့သကဲ့သို့ပင် ဖြစ်သည်။ သို့သော် ဒါကလည်း ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ရန် ခဏပေါ်ပေါက်သော အတွေးတစ်ခုသာ ဖြစ်သည်။
လုချန်း၏ ထိန်းချုပ်မှုအောက်တွင် လိီချင်ရို့၏ အသိစိတ်များ လျင်မြန်စွာ ဝေဝါးသွားခဲ့သည်။ သူက ပြုံးပြီး သူမ၏ နားနားသို့ ကပ်ကာ
“ကျန်းဝမ် ပြောတာ မှန်တယ်။ ခင်ဗျားနဲ့ဆိုရင် အလျှော့ပေးလို့ မရဘူး။ မဟုတ်ရင် ခင်ဗျားက ဘယ်တော့မှ နာခံမှာ မဟုတ်ဘူး။”
လိီချင်ရို့၏ အသိစိတ် အနည်းငယ် ကြည်လင်လာသည်။ သူမက အသက်ရှူထုတ်လိုက်ပြီး
“ကျန်းဝမ်က ဘယ်တော့မှ ဒီလိုမျိုး မပြောပါဘူး။”
ယခုအချိန်အထိ သူမ၏ သူငယ်ချင်းက သူမကို သစ္စာဖောက်ခဲ့သည်ကို လက်မခံနိုင်သေးပေ။
လုချန်းက ပြုံးလျက်
“ခင်ဗျား ရှနိုင်ငံတော်ကို ရောက်ရင် ခင်ဗျား ကိုယ်တိုင် သူ့ကို မေးကြည့်လို့ရပါတယ်။”
ထို့နောက် သူက သူမကို သူ့ဘက်သို့ လှည့်လိုက်သည်။ ပုံမှန်အားဖြင့် ရေခဲကဲ့သို့ အေးစက်နေသော လိီချင်ရို့၏ မျက်နှာသည် ယခုအခါ နီရဲနေသည်။ သူမက သူ့ကို စိုက်ကြည့်နေပြီး သူမ၏ မျက်လုံးများသည် သူ့ကို သတ်ပစ်ချင်သည့်အလား တောက်ပနေသည်။ သို့သော် လုချန်း ကတော့ ဘာမှမဖြစ်ပဲ သူ ဆန္ဒရှိသလို ဆက်လုပ်နေသည်။
“ခင်ဗျားက ပုံမှန်အားဖြင့် ဒီမှာ နန်းတွင်းကို အုပ်ချုပ်တယ် မဟုတ်လား”
“ကျွန်တော်တို့ ဒီနေရာမှာ ဘာလုပ်နေတယ်ဆိုတာ ကျူးနိုင်ငံတော်ရဲ့ ဝန်ကြီးတွေ သိရင် ဘယ်လိုထင်ကြမလဲ မသိဘူး ”
လိီချင်ရို့ ကြီးမားသော အရှက်ရမှုကို ခံစားလိုက်ရသည်။ သူမ ဘာလုပ်နိုင်မည်နည်း။ သူမ၏ အသက်ကို စောစောကတည်းက အဆုံးမသတ်ခဲ့သည့်အတွက် ယခု သူမနောင်တရနေသည်။ ထို့ကြောင့် သူမ အဖမ်းခံရပြီး ဤလူ၏ ကစားစရာ ဖြစ်ခဲ့ရသည်။
သို့သော် သူမ၏ ရှက်စိတ်များကြားတွင် အတွင်းအား လှိုင်းတစ်ခု လှုပ်ရှားလာသည်ကို သတိပြုမိလိုက်သည်။ အတွင်းအား ပုံစံအသစ်တစ်ခုဖြစ်သည်။ အထူး အတွင်းအား ပုံစံတစ်ခုသည် သူမ၏ ကိုယ်ထဲသို့ ဝင်ရောက်လာပြီး သူမ၏ ကိုယ်ပိုင် အတွင်းအားနှင့် ရောနှောသွားသည်။ သူမ နှစ်ပေါင်းများစွာ ကျော်လွှား၍ မရခဲ့သော ကန့်သတ်ချက်များ လုံးဝ ပျက်ပြယ်သွားသကဲ့သို့ ဖြစ်သည်။
သူမသည် ဇဝေဇဝါ ဖြစ်နေသည်။ ဘာဖြစ်နေတာလဲ။ သူမသည် သံယောဇဉ်မဲ့ တာအိုလမ်းကို လိုက်နာခဲ့သည်။ အဘယ်ကြောင့် သူမ၏ အကျင့်တရား ဆုံးရှုံးခြင်းက သူမ၏ ကျင့်စဉ်အတွက် အထောက်အကူ ဖြစ်စေရသနည်း။
မြူခိုးဒေသသည် ဤကမ္ဘာနှင့် ကွဲပြားသည်။ ထိုနေရာတွင် ကျင့်စဉ်ကျင့်သူများသည် ညီညွတ်ခြင်းနယ်ပယ်သို့ ရောက်ရှိပြီး အရိပ်အယောင် ကောင်းကင်လူသားများ ဖြစ်လာပြီးနောက် ကောင်းကင်လူသား အစစ်များ ဖြစ်လာရန်အတွက် ရှင်းလင်းသော လမ်းကြောင်းမရှိပေ။ သူတို့၏ ကိုယ်ပိုင် ထိုးထွင်းသိမြင်မှုများကိုသာ အားကိုးရသည်။ မြူခိုးဒေသမှ အရိပ်အယောင် ကောင်းကင်လူသားတစ်ဦးဖြစ်သော လိီချင်ရို့သည် ကောင်းကင်လူသားတစ်ဦး ဖြစ်လာရန် သူမ၏ လမ်းကြောင်းသည် သံယောဇဉ်မဲ့ တာအိုလမ်းကို လိုက်နာခြင်းသာ ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ သို့သော် သူမ မှားခဲ့သည်။ ဤကမ္ဘာတွင် သူမ အောင်မြင်ရန်အတွက် အခြေအနေမှာ ပို၍အားကြီးသော ယေက်ျားတစ်ဦးကို ရှုံးနိမ့်ပြီး သူ၏ မိန်းမ ဖြစ်လာရန် ဖြစ်သည်။
ကံကြမ္မာ၏ အလှည့်အပြောင်းဖြင့် လုချန်းသည် မမျှော်လင့်ပဲ သူမကို ကောင်းကင်လူသားတစ်ဦး ဖြစ်လာအောင် ကူညီပေးလိုက်ခြင်း ဖြစ်သည်။
………….