သင်ခန်းစာ မရသေးဘူး ထင်ပါရဲ့
Vol. 56 Ch. 835
လုချန်းသည်လည်း လိီချင်ရို့၏ အတွင်းအား အငွေ့အသက်များ ရူးသွပ်စွာ တိုးတက်လာသည်ကို ခံစားမိပြီး သူမ၏ အရှိန်အဝါသက သူ့ထက်ပင် ပို၍ ထင်ရှားစွာ သာလွန်နေသည်ကို သိရှိလိုက်ရသည်။
ဒါက...
လုချန်း သူ၏လုပ်ဆောင်ချက်များကို ရပ်တန့်လိုက်ပြီး ဖီးနစ်ထိုင်ခုံပေါ်တွင် လဲလျောင်းနေသော လိီချင်ရို့ကို ကြည့်လိုက်သည်။
ထိုအခိုက်အတန့်တွင် လိီချင်ရို့၏ ခန္ဓာကိုယ်မှ အလွန်ကြီးမားသော ဖိအားတစ်ရပ် ထွက်ပေါ်လာသည်။
သူမ ကောင်းကင်လူသား စွမ်းအားရှင်အဆင့်သို့ တက်လှမ်းနိုင်ပြီဟု ခံစားလိုက်ရသောအခါ လိီချင်ရို့က အေးစက်သော အပြုံးတစ်ခုကို ပြုံးလိုက်ပြီးနောက် လုချန်းကို ကြည့်ကာ
“ဒီလိုဖြစ်လာလိမ့်မယ်လို့ ရှင် မထင်ထားဘူး မဟုတ်လား။ ကျွန်မက ဒီအချိန်မှာပဲ အဆင့်တက်သွားပြီလေ။”
“အခု အဲဒီကောင်းကင်လူသား စွမ်းအားရှင်နှစ်ယောက်က အပြင်မှာ ရှိနေတာဆိုတော့ သူတို့က ရှ့င်ကို ဘယ်လိုလာကယ်ကြမှာလဲ။”
“ပြောပါဦး... ရှင် ဘယ်လိုသေချင်လဲဆိုတာ။”
လိီချင်ရို့၏ မျက်လုံးများသည် လူသတ်လိုသော အငွေ့အသက်များဖြင့် အေးစက်နေသည်။ သူမသည် လုချန်း၏ ကိုယ်အောက်၌ ရှိနေသေးသော်လည်း အချိန်မရွေး လုချန်းအား တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။
ဤလူသည် သူမ၏ အပျိုစင်ဘဝကို ယူခဲ့သည်။ သူသည် ဝူကျန်းဝမ်၏ အမျိုးသား အချစ်တော် ဖြစ်နေပါစေ၊ ဝူကျန်းဝမ်က ဒီလူကို မည်မျှပင် သဘောကျနေပါစေ၊ သူမအနေနှင့် ဤလူကို ပြင်းပြင်းထန်ထန် အပြစ်ပေးရပေမည်။ မဟုတ်ပါက သူမ၏ စိတ်နှလုံးထဲမှ ဒေါသကို ဖြေဖျောက်နိုင်မည် မဟုတ်ပေ။
လိီချင်ရို့၏ ကောင်းကင်လူသား စွမ်းအားရှင်အဆင့်သို့ တိုးတက်သွားကြောင်း ခံစားလိုက်ရသောအခါ လုချန်းတွင် ကြောက်ရွံ့စိတ် မရှိရုံသာမက သူ့မျက်နှာပေါ်တွင်ပင် အပြုံးတစ်ခု ပေါ်လာသည်။
“ကျွန်တော် ပျော်ပျော်ရွှင်ရွှင် သေချင်တယ်။ ဖြစ်နိုင်မလား။”
လုချန်းသည် အချိန်တွင်ပင် အရွှမ်းဖောက်နေဆဲဖြစ်ပြီး ချက်ချင်း ဒူးထောက်ကာ သူ၏ အမှားများကို ဝန်မခံသေးပေ။ သူက အရွှမ်းဖောက်နေနိုင်ဆဲဖြစ်သည်။ လိီချင်ရို့က အေးစက်စွာဖြင့်
“ရှင်က ခေါင်းမပြတ်မချင်း မျက်ရည်မကျဘူး ထင်ပါရဲ့။”
ထိုသို့ပြောပြီးနောက် လိီချင်ရို့ လုချန်းကို တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ သို့သော် သူမ၏ လက်မောင်းကို မြှောက်လိုက်သည်နှင့် လုချန်းက လက်နှစ်ဖက်ဖြင့် ဖမ်းဆုပ်ကာ ဖိချလိုက်ပြီး ဖီးနစ်ထိုင်ခုံပေါ်တွင် ကပ်ထားလိုက်သည်။
လိီချင်ရို့သည် ခဏတာခန့် ထိတ်လန့်သွားသည်။ သူမသည် ကောင်းကင်လူသား စွမ်းအားရှင်အဆင့်သို့ အမှန်တကယ် တက်လှမ်းခဲ့ပြီး သူမ၏ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားများ စီးဆင်းနေသည်ကို ခံစားခဲ့ရသည်။ သို့သော် အဘယ်ကြောင့် ဤအချိန်တွင် သူမ၏ အတွင်းအားများ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေရသနည်း။ ဘာတွေဖြစ်နေတာလဲ။
ထိုအချိန်တွင် လုချန်း သူမကို အစောပိုင်းက ကြောက်မနေရခြင်း၏ အကြောင်းရင်းကို နားလည်သွားသကဲ့သို့ ဖြစ်သွားသည်။ သူမက ဒေါသတကြီးဖြင့် ပြောလိုက်သည်။
“ရှင် ကျွန်မကို ဘာလုပ်လိုက်တာလဲ။”
ကောင်းကင်လူသား စွမ်းအားရှင်များသည် မြူခိုးဒေသတွင် အရေးမပါသော်လည်း ဤကမ္ဘာတွင်မူ အမြင့်ဆုံး တိုက်ခိုက်ရေးစွမ်းအားရှင်များအဖြစ် သတ်မှတ်ခြင်း ခံရသည်။ လုချန်းက သူမကို အဘယ်ကြောင့် ဤမျှ လွယ်ကူစွာ ဖိနှိပ်နိုင်ရသနည်း။ လိီချင်ရို့ နားမလည်နိုင်ပေ။
လုချန်းက လိီချင်ရို့၏ မျက်လုံးများကို ငုံ့ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
“ကျွန်တော် ပျော်ပျော်ရွှင်ရွှင် သေချင်တယ်လို့ ပြောခဲ့တယ်။ အခု ခင်ဗျားက ကျွန်တော့် ကို ပျော်ပျော်ရွှင်ရွှင် သေခွင့်ပေးဖို့ အခွင့်အရေး ပေးနေတာပါ။”
“ရှင် ...အွန်း အွန်း”
လိီချင်ရို့ တခြားတစ်ခုခု ထပ်ပြောချင်သော်လည်း လုချန်းက သူမ၏ နှုတ်ခမ်များကို သူ့ပါးစပ်ဖြင့် ပိတ်လိုက်သည်။ နောက်ဆုံးတွင် ကောင်းကင်လူသား စွမ်းအားရှင်အဖြစ်သို့ ရောက်ရှိလာခဲ့သော ယွဲ့ဧကရာဇ်သည် ကျင်လွမ်နန်းဆောင်ခန်းမထဲတွင် လုချန်း၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို ရက်ပေါင်းများစွာ ခံခဲ့ရသည်။
ကံမကောင်းစွာဖြင့် လိီချင်ရို့ လုချန်းအား မသေစေ နိုင်ခဲ့ပေ။ ဆန့်ကျင်ဘက်အားဖြင့် သူမကိုယ်တိုင် သေတော့မလို ခံစားခဲ့ရသည်။ အင်အားကြီးမားသော ကောင်းကင်လူသား စွမ်းအားရှင်ဖြစ်သွားသော်လည်း သူမ လုချန်းကို မတိုက်ခိုက်နိုင်ခဲ့ပေ။ ဤအရာက သူမကို အဆုံးမဲ့သော အရှက်ရမှုထဲသို့ ထပ်မံနှစ်မြုပ်စေခဲ့သည်။
ကျင်လွမ်နန်းဆောင်တွင် ရက်အနည်းငယ်ကြာ ဆက်ဆံပြီးနောက် လိီချင်ရို့၏ စိတ်နေစိတ်ထားများ စတင်ပြောင်းလဲလာခဲ့ပြီး ဝူကျန်းဝမ် အဘယ်ကြောင့် ဤလူကို ရွေးချယ်ခဲ့ရသည်ကို နားလည်လာခဲ့သည်။
ဤလူသည် အမှန်တကယ် ထူးချွန်ပြီး သူ့ကို ယောက်ျား အချစ်တော်အဖြစ် သတ်မှတ်ခြင်းက အလွန်ထိုက်တန်သည်။
ယခုရက်များအတွင်း လိီချင်ရို့သည် အခြေအနေကို ပြောင်းပြန်လှန်ရန်နှင့် အာဏာပြန်ယူရန် နည်းလမ်းများကို အဆက်မပြတ် တွေးနေခဲ့သည်။ ကျူးနိုင်ငံတော်၏ ယခင်ဧကရီတစ်ဦးအနေနှင့် သူမ၏သိက္ခာကို ယောက်ျားတစ်ဦးမှ ချနင်းခြင်းကို လက်ခံမည် မဟုတ်ပေ။ သို့သော် သူမ မည်မျှပင် ကြိုးစားသော်လည်း လုချန်း၏ လက်အောက်တွင် ရှိနေခဲ့သည်။
အလွန်ပင် ပင်ပန်းနွမ်းနယ်နေသော လိီချင်ရို့လည်း အခြေအနေကို ပြောင်းပြန်မလှန်နိုင်ပဲ လုံးဝ ရှုံးနိမ့်ခဲ့ရသည်။
ကျင်လွမ်နန်းဆောင်သည် ထိုအချိန်၌ လုံးဝရှုပ်ပွနေ၏။ လုချန်းသည် လိီချင်ရို့ကို ဖက်ထားဆဲဖြစ်ကာ သူမ၏ကျောပေါ်တွင် လဲလျောင်းနေသည်။
ရုတ်တရက် အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
“မင်းကြီး... ချွမ်ဧကရာဇ် နတ်ရွာစံသွားပါပြီ။”
ထိုစကားကို ကြားသောအခါ လုချန်း လန့်သွားသည်။
သူ ထရန် တွေးလိုက်သော်လည်း သူ့အောက်ရှိ ရက်စက်သော အမျိုးသမီးကို သတိရကာ မထပဲ အကြောင်းကြားလာသော အထူးကိုယ်ရံတော်ကို ပြောလိုက်သည်။
“သိပြီ။ နောက်မှ အစီရင်ခံပါ။”
“ဟုတ်ကဲ့။”
လုချန်း တကယ် မထသွားသည်ကို မြင်သောအခါ လိီချင်ရို့က အေးစက်စွာ ပြောလိုက်သည်။
“ရှင် ဒီလို ဘယ်လောက်ကြာကြာ ဆက်နေ ဖို့ စီစဉ်ထားတာလဲ။ တစ်သက်လုံး ဒီလိုပဲ နေဖို့ စဉ်းစားထားတာလား။”
သူမ၏နားနားသို့ ကပ်လိုက်ပြီး လုချန်းက “ခင်ဗျားပြောတာ မှန်တယ်။ တကယ်ပဲ တစ်သက်လုံး ဒီလိုနေဖို့ စဉ်စားထားတာ။”
လုချန်း၏စကားများက အဓိပ္ပာယ်မမဲ့ပေ။ “တစ်သက်လုံး” ဟု သူရည်ညွှန်းခြင်းမှာ အဆက်မပြတ်ဟု မဆိုလိုပေ။
လိီချင်ရို့က
“အခု ကျွန်မကို လွှတ်ပေးလိုက်ရင် ရှင့်ရဲ့အသက်ကို ချမ်းသာပေးဖို့ စဉ်းစားပေးနိုင်ပါတယ်။”
လုချန်းက
“ခင်ဗျားဟာ ယွဲ့ဧကရာဇ် မဟုတ်တော့ပဲ ကျွန်တော့်ရဲ့ မိဖုရားခေါင် ဖြစ်နေပြီဆိုတာ မေ့နေပြီ ထင်တယ်။ နိုင်ငံတစ်နိုင်ငံမှာ ဘုရင်နှစ်ပါး ရှိလို့မရဘူးလေ။ ခင်ဗျား ကျွန်တော့်ကို ‘မင်းကြီး’ လို့ပဲ သုံးသင့်ပါတယ်။”
လိီချင်ရို့က အေးစက်စွာ ပြောလိုက်သည်။
“ကျွန်မ အသက်ရှင်သရွေ့ ကျူးနိုင်ငံတော် သူများလက်အောက် မကျသေးဘူး။”
လိီချင်ရို့ ဤမျှ ခေါင်းမာနေသည်ကို မြင်သောအခါ လုချန်းလည်း သူ၏နည်းလမ်းများကို ဆက်လက်အသုံးပြုရန် ရွေးချယ်ရတော့သည်။
မကြာမီပင် လုချန်းနှင့် လိီချင်ရို့တို့ကြား စကားပြောဆိုမှုများသည် ကျင်လွမ် ခန်းမအတွင်း၌ ထပ်မံပဲ့တင်ထပ်လာတော့သည်။
“အိုး...ကျူးနိုင်ငံတော် သိမ်းပိုက်ခံရပြီ မဟုတ်လား။”
“မသိမ်း....”
“ထပ်ပြောပါဦး... အသိမ်းခံရပြီလား”
“အခု မင်းက ဘယ်သူလဲ။”
“ကျွန်မ....က...”
…
“ကျူးနိုင်ငံတော်...အသိမ်းခံရပြီ။ ပြီးတော့...ကျွန်မက...ရှင့်ရဲ့...မိန်းမပဲ...”
လုချန်း၏ အားထုတ်မှုအောက်တွင် လိီချင်ရို့လည်း နောက်ဆုံးတွင် ငြင်းဆိုခြင်းကို ရပ်တန့်လိုက်ပြီး ကျူးနိုင်ငံတော်၏ ကျဆုံးခြင်းနှင့် လုချန်း၏ မိန်းမဖြစ်ကြောင်းကို ဝန်ခံလိုက်ရသည်။
သို့သော် လုချန်း သူ၏နည်းစနစ်များကို ရပ်လိုက်သည်နှင့် လိီချင်ရို့က
“ရှင် ကောင်းကောင်းသိမှာ။ ကျွန်မပြောတဲ့စကားတွေက ရှင် ဇွတ်အတင်း ပြောခိုင်းလို့ ပြောတာ။ ကျွန်မအရှုံးမပေးဘူး။”
“ရှင်လွှတ်ပေးလိုက်တာနဲ့ ရှင့်ကို သတ်ပစ်မယ်။”
လိီချင်ရို့သည် ထပ်မံ ခေါင်းမာလာသည်ကို မြင်သောအခါ လုချန်းလည်း သူ၏နည်းလမ်းများကို ဆက်လက်အသုံးပြုရန် စီစဉ်ခဲ့သည်။ သို့သော် သူသည် ယခုတစ်ကြိမ်တွင် ထိုသို့မပြုလုပ်တော့ပဲ ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး လိီချင်ရို့နှင့် ခွာလိုက်သည်။
ရက်အနည်းငယ်ကြာ ဖိနှိပ်ခံထားရသော လိီချင်ရို့သည် ထိုအခိုက်အတန့်၌ သူမ၏ အတွင်းအားများ အပြည့်အဝ ပြန်လည်ရရှိသွားပြီး သူမ၏ ကိုယ်ခန္ဓာလည်း ပြန်လည်လွတ်မြောက်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ သူမက ဖီးနစ်ထိုင်ခုံဘေးရှိ လုချန်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
လိီချင်ရို့က အေးစက်စွာ မေးလိုက်သည်။
“ရှင် ကျွန်မကို လွှတ်ပေးလိုက်တဲ့ အကျိုးဆက်တွေကို သိတယ် မဟုတ်လား။”
သူမပြောနေစဉ်တွင် လိီချင်ရို့၏ ကောင်းကင်လူသား စွမ်းအားရှင် ဖိအားများ ချက်ချင်း ထွက်ပေါ်လာသည်။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူမသည် လုချန်း၏ ကစားစရာ အရုပ်ကဲ့သို့ အနိုင်ကျင့်ခြင်း ခံခဲ့ရသည်။ သူမ မည်သည့် ထိခိုက်မှုမှ မခံစားခဲ့ရသော်လည်း သူမ၏ သိက္ခာကတော့ နက်ရှိုင်းစွာ ထိခိုက်ခဲ့ရသည်။
အမြဲတမ်း ကြီးစိုးတတ်သော အမျိုးသမီးတစ်ဦးဖြစ်သော သူမသည် အရှက်ရပြီး ဖိနှိပ်ခံခဲ့ရသည်။
ယနေ့ လုချန်းကို မသတ်ခဲ့သည့်တိုင် ဤရက်အတွင်း ခံစားခဲ့ရသော အရှက်ကွဲမှုအတွက် တန်ဖိုးတစ်ခု ပြန်လည်ရယူရန် သူမကိုယ်သူမ ကတိပြုခဲ့သည်။
ထိုအခိုက်အတန့်တွင် လိီချင်ရို့၏ လက်ချောင်းများက လုချန်း၏ လည်ပင်းကို ဆုပ်ကိုင်လိုက်ပြီး သူ့မျက်လုံးများကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“ရှင်ဟာ ကျွန်မကို ဒီလိုရဲရဲတင်းတင်းဆက်ဆံရဲတဲ့ ပထမဆုံးလူပဲ။ နောက်ဆုံးလူလည်း ဖြစ်လိမ့်မယ်။ ကျန်းဝမ်အတွက်ကြောင့် ရှင့်ကို မသတ်ဘူး။ ဒါပေမဲ့ ...”
လိီချင်ရို့ စကားမဆုံးမီ လုချန်းက ရုတ်တရက် လက်လှမ်းလိုက်ပြီး သူ့လည်ပင်းကို ဖမ်းဆုပ်ထားသော သူမ၏ လက်မောင်းကို ဆုပ်ကိုင်လိုက်ကာ ဖိချလိုက်ပြီး ဖီးနစ်ထိုင်ခုံသို့ ထပ်မံ ဖိကပ်လိုက်သည်။
သူမ၏ အတွင်းအားများ တစ်ဖန် ပျောက်ကွယ်သွားသည်ကို သိရှိလိုက်သောအခါ လိီချင်ရို့သည် အံ့အားသင့်စွာ ရပ်တန့်နေခဲ့သည်။
သူမ၏ အတွင်းအားများ မကြာသေးမီကမှ ပြန်ရလာခဲ့သည် မဟုတ်လား။ အဘယ်ကြောင့် ပြန်ပျောက်ကွယ်သွားရပြန်သနည်း။ ဘာတွေဖြစ်နေတာလဲ။
လိီချင်ရို့၏ စိတ်ထဲတွင် သူမ၏ အတွင်းအားများ မပျောက်ကွယ်မီ ဖြစ်ပျက်ခဲ့သည်များကို အမြန်ပြန်လည်သုံးသပ်ကြည့်လိုက်သည်။ မကြာမီတွင် ဘာတွေဖြစ်ပျက်နေသည်ကို သူမ နားလည်သွားတော့သည်။
သူမ၏ ခန္ဓာကိုယ်က လုချန်းနှင့် ထိတွေ့သောအခါတိုင်း သူမ၏ အတွင်းအားများကို ပိတ်ပင်ခံရသကဲ့သို့ ဖြစ်နေသည်။
လိီချင်ရို့ကို ဖီးနစ်ထိုင်ခုံပေါ်သို့ ဖိကပ်ပြီးနောက် လုချန်းက ပြုံးလျက် ပြောလိုက်သည်။
“မင်း သင်ခန်းစာ မရသေးဘူး ထင်ပါရဲ့။”
………………