အစွမ်းရှိရင် အသုံးအနှုန်းပြောင်းအောင် လုပ်ကြည့်ပေါ့
Vol. 56 Ch. 837
လုချန်းသည် ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးကို ကိုယ်ဝန်ရအောင် ယခုအချိန်အထိ မလုပ်နိုင်သေးသော်လည်း သူ၏အဆင့် ကောင်းကင်လူသားအဆင့်သို့ တက်သွားသည်နှင့် လိီချင်ရို့ ကိုယ်ဝန်ရနိုင်ခြေ များစွာတိုးလာမည်ဟု သူ ယုံကြည်ထားသည်။
ယခုအခါတွင် ဝူမင်းဆက်နှင့် ကျူးမင်းဆက်နှစ်ခုစလုံး ပျက်စီးသွားပြီဖြစ်သည်။ ချွမ်နိုင်ငံတော်တစ်ခုသာလျှင် သူ၏အတားအဆီးအဖြစ် ကျန်ရှိတော့သည်။ ချွမ်နိုင်ငံတော်ကို သိမ်းပိုက်ခြင်းဖြင့် သူ၏ အဆင့်နယ်ပယ် နောက်တစ်ဆင့်သို့ တက်လှမ်းကာ ကောင်းကင်လူသား စွမ်းအားရှင် အဆင့်သို့ ရောက်ရှိလာမည်ဖြစ်သည်။
ထိုအချိန်တွင် လိီချင်ရို့က ပြောလိုက်သည်။ “ကျူးနိုင်ငံတော်ရဲ့ တခြား နန်းတွင်းမိသားစုဝင်တွေကို ဘယ်လိုလုပ်ဖို့ စီစဉ်ထားသလဲ။”
ကျူးနိုင်ငံတော်၏ တော်ဝင်မိသားစုဝင်များသည် အရေအတွက် နည်းပါးသော်လည်း သူတို့ကို ကိုင်တွယ်ဖြေရှင်းရသည်မှာ အခက်အခဲရှိသော ကိစ္စတစ်ခု ဖြစ်သည်။
လုချန်း ခဏခန့် စဉ်းစားပြီးနောက်
“သူတို့ကို သတ်ဖို့ စိတ်ကူးမရှိပါဘူး။ သူတို့ကို ရန်ခရိုင်ကို ပြောင်းရွှေ့ ပေးပြီး စည်းစိမ်ချမ်းသာတွေကို ဆက်ခံစားခွင့်ပေးထားပါမယ်။”
မည်သို့ပင်ဆိုစေ ကျူးနိုင်ငံတော်၏ တော်ဝင်မိသားစုမှ၏ ကြွယ်ဝချမ်းသာမှုကို ရှနိုင်ငံတော်က သိမ်းပိုက်ပြီးသား ဖြစ်သည်။ ထိုထဲမှ တစ်စိတ်တစ်ပိုင်းကို ခွဲဝေပေးခြင်းဖြင့် ကျူးတော်ဝင်မိသားစုဝင်များ၏ ဤမျိုးဆက် အနေနှင့် ကြွယ်ဝချမ်းသာစွာ နေထိုင်နိုင်စေရန် လုံလောက်သည်။ နောက်မျိုးဆက်အတွက်မူ အနာဂတ်၏ ကိစ္စဖြစ်ပေသည်။
လုချန်း၏ အဖြေကိုကြားသောအခါ လိီချင်ရို့သည် ငြိမ်သက်သွားပြီး ထပ်မံ၍ မပြောတော့ပေ။ သူ ဤသို့ ပြုလုပ်မည်ဟု သူမခန့်မှန်းပြီးဖြစ်သည်။ ထိုအရာက သူသည် ကရုဏာစိတ်ရှိပြီး ဖြောင့်မတ်သော အုပ်စိုးသူဖြစ်ကြောင်း ပြသနေပြီး ချွမ်နိုင်ငံတော်ကို တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းလည်း ဖြစ်သည်။
လိီချင်ရို့ စကားပြောခြင်း ရပ်သွားသည်ကို မြင်သောအခါ လုချန်း၏ လက်များက သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ထပ်မံ လှုပ်ရှားလာသည်။ သူက သက်ပြင်းတချက်ချလိုက်ရင်း
“မင်းကလည်းတကယ်ကို ကျန်းဝမ်ရဲ့သူငယ်ချင်းကောင်းပါပဲ။ မင်းရဲ့ခန္ဓာကိုယ်က ဒီလောက်တောင် နူးညံ့နေတာ။”
လုချန်း၏ စကားများကို ကြားသောအခါ
လိီချင်ရို့ အာရုံမစိုက်ပဲ သူမ၏စိတ်ခံစားချက်များကို ထိန်းချုပ်ရန် ကြိုးစားနေသည်။
လိီချင်ရို့ တိတ်ဆိတ်နေဆဲဖြစ်သည်ကို မြင်သောအခါ လုချန်းက သူမ၏ ခန္ဓာကိုယ်ကို ဖက်ထားပြီး ရေချိုးကန်ဆီသို့ လျှောက်သွားသည်။ လုချန်းသည် အသစ်အဆန်းများနှင့်ပတ်သက်လျှင် အလွန်စိတ်ပါတတ်သူ ဖြစ်သည်။ မိန်းမအသစ်တစ်ယောက်ကို ရသည့်အခါတိုင်း ကြာရှည်စွာ ကစားလေ့ရှိသည်။
လုချန်းက သူမကို ရေချိုးကန်အစွန်းသို့ တွန်းပို့လိုက်သည်ကို မြင်သောအခါ လိီချင်ရို့က သူ့ကို လှည့်ကြည့်ကာ အေးစက်စွာ မေးလိုက်သည်။
“ရှင် ဘာလုပ်နေတာလဲ။”
“ရှင်...”
လိီချင်ရို့ စကားမဆုံးမီ သူမ၏ပါးစပ်ကို လုချန်းက ထပ်မံပိတ်လိုက်၏။ မည်သည့်ယဉ်ကျေးမှုကိုမှ မပြသတော့ပေ။
ထို့နောက် ရေချိုးကန်အတွင်းရှိ ရေများ လှိုင်းထလ ပြီး ရေငွေ့များ ပိုမိုထူထဲလာသည်။
အချိန်အတိုင်းအတာတစ်ခုကြာပြီးနောက် သစ်ခွရနံ့ကဲ့သို့ မွေးပြန့်နေသော လိီချင်ရို့သည် သူမ၏လက်မောင်းကို ရေချိုးကန်၏အစွန်းတွင် တင်ကာ ဦးခေါင်းကို လက်မောင်းပေါ်တွင် တင်ထားပြီး
“ဟူး...ရှင် ကျူးနိုင်ငံတော်ရဲ့ ကိစ္စတွေကို အရင်ဆုံး ကိုင်တွယ်ဖို့ တကယ်ပဲ ရည်ရွယ်ချက် မရှိဘူးလား။”
ကျူးနိုင်ငံတော်သည် လွန်ခဲ့သောရက်ပေါင်းများစွာကတည်းက သိမ်းပိုက်ခံလိုက်ရပြီဖြစ်သည်။ သို့သော် ဤလူသည် နိုင်ငံတော်ကိစ္စများကို ဆောင်ရောက်ရန် အရိပ်အယောင်ပင် မပြပဲ ကျင်လွမ်နန်း ဆောင်တွင်သာ သူမနှင့်အတူ ထိုကိစ္စများလုပ်နေသည်။
လုချန်းက လျစ်လျူရှုဟန်ဖြင့်
“လိုအပ်မယ်မထင်ဘူး။ ကိုယ့်ရဲ့ စစ်သူကြီးတွေက ကောင်းကောင်းကိုင်တွယ်နိုင်ပါတယ်။”
သူတို့သည် ကျူးနိုင်ငံတော်ကို တိုက်ခိုက်ခြင်းမပြုမီကတည်းက ကျူးနိုင်ငံတော်ကို မည်သို့ တိုက်ခိုက်မည် အောင်နိုင်ပြီးနောက် ကျူးနိုင်ငံတော်ကို မည်သို့စီမံအုပ်ချုပ်မည်စသည်တို့ကို စီစဉ်ထားပြီးဖြစ်သည်။ ဤအရာအားလုံးကို ဆွေးနွေး အတည်ပြုခဲ့ပြီးဖြစ်သောကြောင့် လုချန်းအနေနှင့် မည်သည့်အရာကိုမှ ပါဝင်လုပ်ဆောင်ရန် မလိုအပ်တော့ပေ။
ယခု စစ်ပွဲသည် ယာယီပြီးဆုံးသွားပြီဖြစ်သောကြောင့် လုချန်း အပြည့်အဝ ပျော်ရွှင်နိုင်ပြီဖြစ်သည်။
လုချန်း၏အဖြေကို ကြားပြီးနောက် လိီချင်ရို့၏ စိတ်ထဲ
“ငမိုက်သား အုပ်စိုးသူ”
ဟု ကျိန်ဆဲလိုက်သည်။
မိန်းမကိစ္စကိုသာ စွဲလမ်းနေတတ်သော မိုက်မဲသည့် အုပ်စိုးသူများအကြောင်းကို သူမ ကြားဖူးသည်။ ထိုသို့သောစွဲလမ်းမှုများကြောင့် ၎င်းတို့၏နိုင်ငံများကို ဆုံးရှုံးခဲ့သည့် အုပ်စိုးသူများလည်း သမိုင်းတွင် မနည်းပေ။ သို့သော် လုချန်းကဲ့သို့သော အုပ်စိုးသူမျိုးကို သူမ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ သူသည် ရက်ပေါင်းများစွာ ဆက်တိုက် ထိုလုပ်ဆောင်ချက်များတွင် ပါဝင်နစ်မျောနေပြီး သူအောင်နိုင်ခဲ့သော နယ်မြေကို လုံးဝလျစ်လျူရှုထားသည်။
လိီချင်ရို့ စိတ်ရှုပ်ထွေးနေသည်။ ထိုသို့သောလူတစ်ဦးက ရှနိုင်ငံတော်တစ်ခုလုံးကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ပါ့မလား။ ကောင်းကင်လူသား စွမ်းအားရှင်များက သူ့ကို အမှန်တကယ် နာခံလိုပါ့မလား။
လုချန်းအပေါ် သံသယအပြည့်ရှိနေသော်လည်း ထိုအရာများကို သူမ ထုတ်မပြောခဲ့ပေ။ ယခု သူမ၏ သံသယများကို ဖော်ပြခဲ့ပါက ဒီလူကသူမကို ဘယ်လောက်ကြာကြာအလွတ်မပေးပဲ နေမည်မှန်း မသိနိုင်ပေ။
သူမသည် ကောင်းကင်လူသား စွမ်းအားရှင်ဖြစ်သော်လည်း ထိုလူနှင့်အတူ တစ်လလုံး ထိုလုပ်ဆောင်ချက်များတွင် ပါဝင်နိုင်လောက်အောင် အစွမ်းထက်သည်တော့ မဟုတ်ပေ။
ထို့နောက် လိီချင်ရို့က
“ ကျွန်မ ရှင့်ရဲ့မိန်းမဖြစ်နိုင်တယ်။ ဒါပေမဲ့အခြေအနေတချို့ရှိတယ်။”
ထိုစကားကြောင့် လုချန်း၏စိတ်ဝင်စားမှု ချက်ချင်း မြင့်တက်လာသည်။
“ဪ...အစတုန်းက အသေခံမယ် ဆိုပြီး ခေါင်းမာနေခဲ့တာ မဟုတ်ဘူးလား။ ဘာကြောင့် ရုတ်တရက် စိတ်ပြောင်းသွားတာလဲ။”
“ကိုယ့်ကို လှည့်စားပြီး ကိုယ်လွှတ်ပေးတာကို စောင့်နေတာတော့ မဟုတ်ဘူးနော်။ ပြီးတော့ ကိုယ့်ကို လုပ်ကြံဖို့ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ အခွင့်အရေးရှာတာလည်း မဟုတ်ဘူးနော်။”
လိီချင်ရို့သည် လျစ်လျူရှုစွာ ပြောလိုက်သည်။
“ကျွန်မရဲ့စကားက အမြဲတစေ ရွှေလို တန်ဖိုးရှိပါတယ်။”
လိီချင်ရို့၏ ခါးကို ဖက်ထားရင်း လုချန်းက
“အဲ့ဒါဆို နားထောင်ကြည့်ရအောင်။ ဘယ်လိုအခြေအနေတွေရှိလဲ။”
လိီချင်ရို့က
“ကျွန်မတို့ ရန်ခရိုင်ကို ရောက်တာနဲ့ ကျန်းဝမ်နဲ့အတူ နေချင်တယ်။”
ထိုပထမဆုံး တောင်းဆိုချက်ကို ကြားသောအခါ လုချန်း၏ စိတ်ထဲ တိတ်တဆိတ် လှောင်ပြောင်လိုက်သည်။
ဝူကျန်းဝမ်နဲ့အတူ နေချင်တယ်... ဟုတ်လား။
ဒါက ဘာတောင်းဆိုချက်မျိုးလဲ။
သူ့အတွက် ထိုအရာက တောင်းဆိုချက် တစ်ခုလို့တောင် မသတ်မှတ်နိုင်ပေ။
ဒါက ကောင်းတဲ့အရာတစ်ခုလည်း ဖြစ်သည်။ သူ ဟိုပြေးဒီပြေး သွားနေစရာ မလိုတော့ပေ။
သူမ တစ်ချိန်က သူ့အနားသို့ ပို့ခဲ့ဖူးသော
မုယုံရွှီကို လိီချင်ရို့ မြင်သောအခါ ဘာတွေး နေမည်ကို သူသိချင်နေသည်။
လုချန်းက မေးလိုက်သည်။
“ဒီတောင်းဆိုချက်အပြင် တခြားတစ်ခုခုများ ရှိသေးသလား။”
လိီချင်ရို့က
“ရှင် ကျွန်မအပေါ်မှာ ထားထားတဲ့ ထိန်းချုပ်မှုကို ဖယ်ရှားပေးပါ။”
သူမ ဤလူ၏ ထိန်းချုပ်မှုအောက်တွင် အမြဲရှိနေသည်ဟု လိီချင်ရို့ ခံစားနေရသည်။
မဟုတ်ပါက သံယောဇဉ်မဲ့ ကျင့်စဉ် ကျင့်ကြံသူတစ်ဦးအနေနဲ့ ဘယ်လိုလုပ် ကာမဂုဏ်တွင် ယစ်မူးသော မိန်းမတစ်ယောက် ဖြစ်လာနိုင်မည်နည်း။ ၎င်းသည် ယုတ္တိဗေဒကို လုံးဝဆန့်ကျင်နေသည်။
လုချန်းက ချက်ချင်းပင် ပြောလိုက်သည်။
“အဲ့ဒီလို ထိန်းချုပ်မှုမျိုး မရှိပါဘူး။”
လုချန်းသည် ဆက်လက် ငြင်းဆိုနေသည်ကို မြင်သောအခါ လိီချင်ရို့က အေးစက်စွာ ဖြင့်
“အဲဒါကိုဖယ်ရှားပေးဖို့ဆန္ဒမရှိဘူးဆိုရင်တော့ ကျွန်မကိုယ်ကျွန်မ အဆုံးစီရင်လိုက်တာပိုကောင်းမယ်။။”
လုချန်းက ရယ်မောပြီး ပြောလိုက်သည်။ “ကြည့်ပါဦး။ မင်း ကိုယ်တိုင်ပဲ ဝန်ခံနေတာ။ ကိုယ့်မှာ မင်းကို ထိန်းချုပ်ဖို့ နည်းလမ်းတစ်ခုရှိတယ်ဆိုရင် ဖယ်ရှားပေးမယ်လို့ မင်းထင်သလား။ မင်းသာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ရင် ကိုယ့်အတွက် အကြီးအကျယ် ဆုံးရှုံးမှု မဖြစ်နိုင်ဘူးလား။”
လိီချင်ရို့၏ မျက်ခုံးများ မြင့်တက်လာပြီး ဆက်လက်တိတ်ဆိတ်နေခဲ့သည်။
အမှန်စင်စစ် ဤလူထံ၌ သူမကို ထိန်းချုပ်ရန် နည်းလမ်းတစ်ခုရှိသည်ဆိုလျှင်ပင် ယခုအချိန်တွင် ထိုနည်းလမ်းကို ဖယ်ရှားပေးမည်မဟုတ်ပေ။
သို့သော် သူမလည်း လုချန်းက ထိန်းချုပ်မှုကို ဖယ်ရှားပေးလိမ့်မည်ဟု မမျှော်လင့်မထားခဲ့ပေ။ ထိုကဲ့သို့ ထိန်းချုပ်ထားသည့် နည်းလမ်းတစ်ခု ရှိမရှိကို စမ်းသပ်ရန် မေးမြန်းခဲ့ခြင်း ဖြစ်သည်။
အခုတော့ ဤလူတွင် ထိုသို့သော နည်းလမ်းမျိုး အမှန်တကယ် ပိုင်ဆိုင်နေနိုင်သည်ဟု ထင်ရသည်။
လီချင်ရို့ တွေးလိုက်မိသည်။ ဤလူသည် ဝူကျန်းဝမ်အပေါ်တွင်လည်း ထိုကဲ့သို့ ထိန်းချုပ်နည်းကို အသုံးပြုခဲ့တာ ဖြစ်နိုင်သည်။ ဝူကျန်းဝမ် သူ့ထံမှ လွတ်မြောက်နိုင်အောင် ကူညီနိုင်ရန် လိီချင်ရို့ ယာယီအလျှော့ပေးရန် ဆုံးဖြတ်ခဲ့သည်။ ထိန်းချုပ်မှုကို ချိုးဖျက်ရန် နည်းလမ်းတစ်ခုကို ရှာတွေ့ပြီးနောက်တွင်မှ သူမ ဤလူနှင့် အပြီးအပြတ် စာရင်းရှင်းမည်ဖြစ်သည်။
ထိုအချိန်တွင် လုချန်းက ခေါင်းကို ငုံ့လိုက်ပြီး သူမ၏ဆံပင်ကို လက်ဖြင့် ပွတ်သပ်လိုက်သည်။ ထို့နောက် သူမ၏နားနားကပ်၍ တီးတိုးပြောလိုက်သည်။
“ချင်ရို့... မင်းမှာ တခြားတောင်းဆိုချက်တွေ ရှိသေးလား။”
လုချန်းက သူမကို “ချင်ရို့” ဟု ခေါ်သည်ကို ကြားသောအခါ အမြဲတစေ ရာထူးအဆင့်အတန်းမြင့်မားခဲ့သော လိီချင်ရို့၏ ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးမွှေးညင်းများ ထသွားသည်။
ထိုလူက သူမကို ဒီလိုအသုံးအနှုန်းဖြင့်အဘယ်ကြောင့်ခေါ်ရဲနေရတာလဲ။
လိီချင်ရို့က အေးစက်စွာ ပြောလိုက်သည်။
“ တခြားတောင်းဆိုချက်တွေ မစဉ်းစားမိသေးဘူး။ ကျွန်မကို ပြဿနာတစ်ခုလို့ ရှင်ထင်ရင်တော့ တစ်ခါတည်း သတ်ပစ်လိုက်ပါ။”
လုချန်းက တဟားဟားရယ်လိုက်သည်။ “မင်းအဲ့ဒီလိုစကားတွေ ထပ်ပြောနေပြန်ပြီ။ မင်းကို မပြောထားဘူးလား။ ကိုယ့်မိန်းမကို ကိုယ် ဘယ်တော့မှ မသတ်ဘူး။”
“ဒါပေမဲ့ ပြောရရင်တော့ ကိုယ့်မှာလည်း တောင်းဆိုချက်တစ်ခု ရှိပါတယ်။”
“ဘာတောင်းဆိုချက်လဲ။”
လိီချင်ရို့က မေးလိုက်သည်။
လုချန်းက
“နိုင်ငံတစ်နိုင်ငံမှာ အုပ်စိုးသူနှစ်ဦး မရှိနိုင်ဘူး။ မင်းကိုယ့်ကိုခေါ်တဲ့ အသုံးအနှုန်း ပြောင်းရမယ်။”
လိီချင်ရို့က အေးစက်စွာ ရယ်မောလိုက်သည်။
“ အစွမ်းရှိရင် ကျမဆန္ဒအလျောက် အသုံးအနှုန်းပြောင်းအောင် လုပ်လိုက်.....”
“အာ..”
လိီချင်ရို့၏စကားကို မဆုံးခင် လုချန်းက သူ၏လုပ်ဆောင်ချက်များဖြင့် သူမ၏ စကားကို ဖြတ်တောက်လိုက်သည်။
လုချန်း၏ စိတ်ထဲတွင် “ဆန္ဒအလျောက်” ဟုတ်လားဟု တွေးလိုက်သည်။ ဤရန်သူ့နိုင်ငံ၏ ဧကရီကို မအောင်နိုင်နိုင်ဟု သူ မယုံကြည်ပေ။
………………