← Chapters

သူတို့ကို သတ်ပစ်လိုက်မှာ မကြောက်ဘူးလား

Vol. 56 Ch. 839

သူတို့ကို သတ်ပစ်လိုက်မှာ မကြောက်ဘူးလား

Vol. 56 Ch. 839

လုချန်း လိီချင်ရို့၏ ခေါင်းမာမှုနှင့် ပတ်သက်ပြီး ဆက်လက်ကိုင်တွယ်ဖြေရှင်းရန် ပြင်ဆင်နေစဉ်တွင် အပြင်ဘက်မှ အမျိုးသမီးကိုယ်ရံတော်များက အစိုးရစာရွက်စာတမ်းများနှင့် ထောက်လှမ်းရေးအစီရင်ခံစာများကို နန်းတွင်းစာကြည့်ခန်းမှ ခန်းမဆောင်ကြီးအတွင်းသို့ ရွှေ့ပြောင်းပြီးသွားပြီ ဖြစ်သည်။

လုချန်းသည် ခန်းမဆောင်ကြီးရှိ သေတ္တာကြီးများကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းကိုက်သွားသလို ခံစားလိုက်ရသည်။ ထို့နောက် သူက အမျိုးသမီး ကိုယ်ရံတော်များကို

“နောက်ထပ် လူနဲနဲကို သွားခေါ်လိုက်ဦး။ ပြီးတော့ ချွမ်နိုင်ငံတော်နဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေနဲ့ ထောက်လှမ်းရေးအစီရင်ခံစာတွေအားလုံးကို စစ်ထုတ်လိုက်။”

ဤစာရွက်စာတမ်းများနှင့် အစီရင်ခံစာများကို သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရမည်ဆိုပါက ချွမ်နိုင်ငံတော်နှင့်သက်ဆိုင်သော ထောက်လှမ်းရေးအချက်အလက်အားလုံးကို ရှာဖွေရန် မည်မျှကြာသွားမည်ကို ပြောရခက်သည်။ ဧကရာဇ်တစ်ပါးအနေနှင့် ထိုခက်ခဲသော ကိစ္စများကို သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရန် မလိုအပ်ပေ။

နောက်ပိုင်းတွင် လုချန်း၏ ယုံကြည်ရသော လက်ထောက်များက စာရွက်စာတမ်းများနှင့် ယခင်က ကျူးနိုင်ငံတော်မှ စုဆောင်းထားသော ထောက်လှမ်းရေးအချက်အလက်များကို စတင်စစ်ဆေးပြီး မကြာမီပင် ချွမ်နိုင်ငံတော်နှင့်သက်ဆိုင်သော စာရွက်စာတမ်းများအားလုံးကို ရှာဖွေတွေ့ရှိကာ လုချန်းထံသို့ ယူလာခဲ့ကြသည်။

ချွမ်နိုင်ငံတော်နှင့်ပတ်သက်သော ထောက်လှမ်းရေးအချက်အလက်နှင့် စာရွက်စာတမ်းများကို လုချန်း တစ်ချက်ကြည့်လိုက်ပြီး ခံစားချက်အချို့ ဖြစ်ပေါ်လာ၏။ လိီချင်ရို့တွင် ထိုအမျိုးသမီးနှင့်ပတ်သက်၍ စာရွက်စာတမ်းနှင့် အစီရင်ခံစာများစွာ ရှိသောကြောင့် ချွမ်နိုင်ငံတော်အခြေအနေကို သူမ အတော်လေး အာရုံစိုက်ပုံရသည်။

လုချန်းလည်း စာရွက်စာတမ်းများနှင့် ထောက်လှမ်းရေးအချက်အလက်များကို ကောက်ယူပြီး ဖတ်ရှုစစ်ဆေးလိုက်သည်။ ခဏအကြာတွင် ချွမ်နိုင်ငံတော်တွင်လည်း တခြားကမ္ဘာမှ ကျင့်စဉ်ကျင့်သူများ ရှိသည်ဟု လိီချင်ရို့အဘယ်ကြောင့် တွေးထင်နေသည်ကို သူ နားလည်သွားသည်။

ကျူးနိုင်ငံတော်၏ ထောက်လှမ်းရေးအရာရှိများသည် ချွမ်နိုင်ငံတော်အတွင်းသို့ အတော်စောစီးစွာ စိမ့်ဝင်ခဲ့ကြပြီး ကံကောင်းထောက်မစွာပင် သူတို့ထဲမှ တစ်ဦးက ချွမ်နိုင်ငံတော်တွင် အရေးပါသောပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။ ထို့ကြောင့် လုချန်း၏ အထူးကိုယ်ရံတော်များပင် ရှာမတွေ့ခဲ့သော ကိစ္စများစွာကို ကျူးနိုင်ငံတော်က သိရှိနေခြင်းဖြစ်သည်။

ကျူးနိုင်ငံတော်၏ သူလျှိုများက မိဖုရားခေါင် သိသိသာသာ ပြောင်းလဲသွားကြောင်းကို ရိပ်စားမိခဲ့သည်။ အထူးသဖြင့် ရောဂါကပ်ဘေးအပြီးတွင် သူမသည် လုံးဝကွဲပြားခြားနားသော လူတစ်ဦးနှင့်တူပြီး သူမ၏စွမ်းအားလည်း အလွန်အမင်း တိုးတက်လာကြောင်းကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ လုပ်ကြံသတ်ဖြတ်သူများစွာက သူမကို သတ်ရန် ကြိုးစားခဲ့သော်လည်း သူမက ၎င်းတို့အားလုံးကို အလွယ်တကူ ရှင်းလင်းနိုင်ခဲ့သည်။

အရေးကြီးဆုံးအချက်က ချွမ်နိုင်ငံတော်၏ မိဖုရားခေါင်သည် မကောင်းဆိုးရွား နတ်ဘုရားများကို တိုက်ထုတ်ရန် ကောင်းသောကံတရားများကို စုဆောင်းခြင်းအကြောင်းကို တစ်ချိန်က ပြောခဲ့ဖူးသည်ဟူ‌သော အချက်ဖြစ်သည်။ ၎င်းက လိီချင်ရို့အား မုယန်စီကို ပြန်လည်အမှတ်ရစေခဲ့သည်။ မုယန်စီသည် ကမ္ဘာတစ်ခုလုံးကို ပေါင်းစည်းပြီး ကံတရားတစ်မျိုးမျိုးကို စုဆောင်းကာ ကောင်းကင်ဘုံ၏လမ်းစဉ်မှ အသိအမှတ်ပြုခြင်းခံရရန် ကြိုးစားနေခြင်းဖြစ်သည်။ ထိုနည်းဖြင့် အာကာသလမ်းကြောင်းကို ဖွင့်ရန်အတွက် စွမ်းအားများ စုဆောင်းခြင်းဖြစ်သည်။

ချွမ်နိုင်ငံတော်၏ မိဖုရားခေါင်၏ ပန်းတိုင်များသည် မုယန်စီ၏ ပန်းတိုင်များနှင့် တူညီဖွယ်ရှိသည်ဟု လိီချင်ရို့ ခံစားမိသည်။ အကယ်၍ မိဖုရားခေါင်သည်လည်း ကောင်းကင်ဘုံ၏လမ်းစဉ်မှ အသိအမှတ်ပြုခြင်းကို လိုလားသည်ဆိုပါက သူမသည်လည်း ဤကမ္ဘာမှ ထွက်ခွာလိုကြောင်းကို ညွှန်ပြနေသည်။ သို့သော် ဤအရာအားလုံးသည် လိီချင်ရို့၏ ခန့်မှန်းချက်သာ ဖြစ်ပြီး ချွမ်နိုင်ငံတော်၏ ဧကရီ တခြားကမ္ဘာမှ ကျင့်စဉ်ကျင့်သူတစ်ဦး ဟုတ်မဟုတ်ကိုမူ အတည်မပြုရသေးပေ။

ချွမ်နိုင်ငံတော်နှင့်ပတ်သက်သော ထောက်လှမ်းရေးအချက်အလက်များကို ဖတ်ရှုပြီးနောက် လိီချင်ရို့၏ နူးညံ့သော ခန္ဓာကိုယ်ကို ဖက်ထားရင်း လုချန်းက

“မင်းက ကိုယ့်ထက်ပိုပြီး မြန်မြန်လုပ်နိုင်တာပဲ။ ချွမ်နိုင်ငံတော်ကို စိမ့်ဝင်ထိုးဖောက်ဝင်ရောက်ပြီး အရေးပါတဲ့ ဝန်ကြီးတစ်နေရာအထိ သူလျှိုချထားနိုင်မယ်လို့ မထင်ခဲ့မိဘူး။”

“သူလျှိုတွေအကြောင်း ပြောရမယ်ဆိုရင် ကိုယ် တစ်ယောက်ကို သတိရသွားတယ်။”

“ကိုယ် ဘယ်သူ့အကြောင်း ပြောနေတယ်ဆိုတာ မင်း သိလား။”

လုချန်း၏ မေးခွန်းကို ကြားသောအခါ သူ၏လက်ထဲမှ အေးစက်စက် အလှပိုင်ရှင်က

“မသိပါဘူး”

ဟု မထူးခြားသလို ပြန်ဖြေလိုက်၏။

လိီချင်ရို့က မသိပါဟု ပြောသော်လည်း လုချန်းကတော့ ထုတ်ပြောရန် ဆန္ဒရှိနေသေးသည်။ သူက

“ကိုယ် ပြောနေတဲ့သူက မုယုံရွှီ”

ဟု တိုက်ရိုက်ပြောလိုက်သည်။

“မင်းက ကိုယ့်ရဲ့ တကယ့်ကို ကြီးကျယ်တဲ့ဇနီးပါပဲ။ ကိုယ်နဲ့ လက်မထပ်ရသေးခင်မှာတောင်မှ လှပပြီး အရမ်းကို စွမ်းဆောင်နိုင်တဲ့ မုယုံရွှီလို အမျိုးသမီးတစ်ယောက်ကို အစေခံဖို့ ပို့ပေးခဲ့တယ်။”

“သူရဲ့ ခန္ဓာကိုယ်က တကယ်ကို လှပတယ်လို့ ပြောရမှာပါပဲ။”

“အထူးသဖြင့် မင်း ဒီဇိုင်းထုတ်ထားတဲ့ ကျိန်စာပုံစံက အတော်လေးကို ကောင်းတယ်။ အဲဒီကျိန်စာပုံစံရဲ့ သက်ရောက်မှုကြောင့် ကိုယ့်ရဲ့စိတ်ခံစားမှုတွေ အရမ်း မြင့်တက်လာတယ်။”

လိီချင်ရို့က လုချန်း၏ စကားများကို မကြားသည့်အလား ပြုမူနေသည်။ သူမ၏အမြင်တွင် သူမ၏ရှုံးနိမ့်မှုများကို ပြောဆိုနေခြင်းမှာ သူမကို စော်ကားခြင်းပင် ဖြစ်သည်။

သူမ၏ အပျိုစင်ဘဝကိုတောင် ဆုံးရှုံးသွားခြင်းထက် ဘာများပိုထူးပြီး စော်ကားနိုင်ဦးမှာလဲ ဟု သူမ တွေးလိုက်၏။

လိီချင်ရို့ စကားမပြောလိုသည်ကို မြင်သောအခါ လုချန်းလည်း ထိုအကြောင်းအရာကို ဆက်မပြောတော့ပဲ

“မင်းရန်ခရိုင်ကိုရောက်ရင် မုယုံရွှီ၊ ကျန်းဝမ်တို့နဲ့အတူတူ နေရလိမ့်မယ်။ သုံးယောက်အတူတူ‌ နေရတာ တကယ်ကို စိတ်ဝင်စားစရာကောင်းမှာ သေချာတယ်။”

လိီချင်ရို့ ဘာမှ မပြောသေးပေ။ ထိုအချိန်တွင် လုချန်း၏လက် လှုပ်ရှားလာနေသည်ကို သူမ ရုတ်တရက် သတိပြုမိလိုက်၏။ သူ သူမကို တစ်ခုခု လုပ်တော့မည်ဖြစ်သည်။

ထိုစဉ် လိီချင်ရို့က

“ရှင် ဘာလုပ်နေတာလဲ”

ဟု အလျင်အမြန် ပြောလိုက်သည်။

သူမသည် ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးသာ ဖြစ်ပြီး တကယ့် နတ်ဘုရားမ စစ်စစ် မဟုတ်ပေ။ သူမ မည်သို့ခံနိုင်ရည် ရှိမည်နည်း။ ဒီ လူဆိုးမှာ ဘယ်အစွမ်းအစမျိုး ရှိနေတာလဲဟု သူမက တွေးလိုက်မိသည်။

ထိုကဲ့သို့သော အရာများကို သူမအား ဆက်လက်ပြုလုပ်ခြင်းမှ ရပ်တန့်စေရန်အတွက် အကြောင်းအရာအသစ်တစ်ခုကို လိီချင်ရို့ စကားစလိုက်သည်။

“ရှင်က ဒီကမ္ဘာကြီးကို ဘာအတွက် ပေါင်းစည်းချင်တာလဲ။ ဒီကမ္ဘာကနေ ထွက်သွားဖို့လား။”

လုချန်း ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ သူ၏လက်သည် လိီချင်ရို့၏ အဝတ်အစားများပေါ် ရှိနေသေးသည်။

“အဲ့ဒီလိုလည်း ပြောလို့ရပါတယ်။”

လိီချင်ရို့က

“ရှင် ထွက်သွားခဲ့ရင် ရှင့်ရဲ့ ဇနီးတွေနဲ့ ကလေးတွေက ဘယ်လိုလုပ်မလဲ။ အဲဒီ့အချိန်ကျရင် ကျွန်မက သူတို့ကို သတ်ပစ်လိုက်မှာကို မကြောက်ဘူးလား။”

“ဒါမှမဟုတ် ရှင် မထွက်ခွာခင် ရှင့်မျိုးဆက်တွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ သူတိုင်းကို ရှင်းပစ်ဖို့ စီစဉ်ထားတာလား။”

ဤကမ္ဘာ၏ စွမ်းအင် အလွန်နည်းပါးကြောင်းမုယန်စီက လိီချင်ရို့အား ပြောပြခဲ့သည်။ အာကာသ ဂိတ်ပေါက်ကို ဖွင့်လိုက်သည်နှင့် လူတစ်ဦးတည်းကိုသာ အပြင်သို့ သယ်ယူပို့ဆောင်နိုင်မည် ဖြစ်သဖြင့် မုယန်စီက လုချန်းနှင့် ပူးပေါင်းရန် မရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

လိီချင်ရို့၏အမြင်တွင် လုချန်းသည် တစ်နေ့နေ့ ထွက်ခွာလိုလာပါက သူတစ်ယောက်တည်းသာ ထွက်ခွာရမည် ဖြစ်သည်။ သူ ထွက်သွားသည်နှင့် သူ့ပတ်ဝန်းကျင်ရှိ ကောင်းကင်လူသားများကြား မလွဲဧကန် ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာမည်ဖြစ်ပြီး ၎င်းတို့လည်း တစ်ဦးပြီးတစ်ဦး စွန့်ခွာသွားနိုင်ပေသည်။ ထိုကောင်းကင်လူသားများ၏ အကာအကွယ်မရှိပါက လုချန်း၏ ဇနီးများနှင့် မျိုးဆက်များ လက်စားချေ ခံရနိုင်ခြေ အလွန်များသည်။

ထို့ကြောင့် လုချန်းသည် သူ၏ဇနီးများနှင့် မျိုးဆက်များကို ဂရုစိုက်ပါက ဤကမ္ဘာမှ မထွက်ခွာမီ ၎င်းတို့၏ ရှင်သန်မှုကို ခြိမ်းခြောက်နိုင်သည့် လူတိုင်း အထူးသဖြင့် ဤကမ္ဘာမှ ကောင်းကင်လူသားများကဲ့သို့သော သူများကို ရှင်းလင်းရန် နည်းလမ်းတစ်ခုကို ရှာဖွေလိမ့်မည်မှာ သေချာသည်။

လုချန်းက ပြုံးလျက်

“တစ်ယောက်တည်း ထွက်သွားမယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ဘူး။ ဒီကမ္ဘာကနေ ထွက်သွားမယ်ဆိုရင် ကိုယ့်ရဲ့ မိန်းမတွေနဲ့ ကလေးတွေလည်း ဒီကမ္ဘာကနေ ခေါ်သွားမှာပါ။”

ဒါက.....

လုချန်းက လူတိုင်းကို သူနှင့်အတူ ခေါ်သွားချင်လိမ့်မည်ဟု လိီချင်ရို့ မမျှော်လင့်ထားခဲ့ပေ။ ထိုအရာက အောင်မြင်ရန် အလွန်ခက်ခဲပေလိမ့်မည်။ သို့သော် လုချန်းသည် အတွေ့အကြုံရရှိရန် ဤနေရာသို့ စေလွှတ်ခံထားရသော ကျင့်စဉ်ကျင့်သူ အာဏာကြီးမိသားစုတစ်စု၏ မျိုးဆက်တစ်ဦးသာ ဖြစ်ပါက ဤကမ္ဘာမှ အစုအဝေးဖြင့် ထွက်ခွာရန် နည်းလမ်းတစ်ခုကို သူ တကယ်ပင် ပိုင်ဆိုင်ပေလိမ့်မည်။

ထိုအချိန်တွင် လုချန်းက လိီချင်ရို့၏ ခန္ဓာကိုယ်ကို ဖီးနစ်ထိုင်ခုံပေါ်သို့ ထပ်မံ၍ ဖိလိုက်ပြီး သူမကို အေးစက်စက် မျက်လုံးများဖြင့် စိုက်ကြည့်ကာ

“အခုတော့ ဒါတွေ တော်လောက်ပြီ။ ရက်အနည်းငယ်အတွင်းမှာ ကိုယ်တို့ ရန်ခရိုင်ကို ပြန်သွားတော့မယ်။ လှပတဲ့ အမှတ်တရတွေကို ပိုပြီး ဖန်တီးလိုက်ရအောင်”

လုချန်းသည် ထိုအပြုအမူကို ဆက်လက်ပြုလုပ်လိုသေးသည်ကို တွေ့သောအခါ လိီချင်ရို့၏ မျက်လုံးများမှာ ချက်ချင်းပင် ပို၍ အေးစက်လာခဲ့ပြီး လုချန်းကို သတ်ပစ်ချင်ပုံ ပေါ်နေသည်။

“ကျွန်မ မခံနိုင်တော့ဘူး။ ရှင့်ရဲ့ ယုံကြည်ရတဲ့ လက်ထောက်တွေကိုပဲ ခိုင်းလိုက်ပါတော့”

သူမ လုချန်းကို ကြောက်ရွံ့လာခဲ့သည်။ သူမသည် လုချန်းကို အနိုင်ယူလိုသော်လည်း ပြီးခဲ့သည့် ရက်များအတွင်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များအရ သူမ လုချန်းနှင့် မည်သို့မျှ ယှဉ်နိုင်သေးကြောင်းကို နားလည်ခဲ့သည်။

လုချန်းသည် လိီချင်ရို့၏ စကားများကို လျစ်လျူရှုထားပြီး ဆက်လက်လုပ်ဆောင်နေစဉ်

“ရှင့်ရဲ့ ယုံကြည်ရတဲ့ လက်ထောက်တွေကလည်း လှပတဲ့သူတွေချည်းပဲ။ သူတို့ကလည်း ရှင့်ကျေနပ်စေနိုင်ပါတယ်။”

လုချန်း၏ အမျိုးသမီးလက်ထောက်များသည် ချူးယုချင် ကိုယ်တိုင်ရွေးချယ်ထားသောသူများ ဖြစ်သည်။ အားလုံးလှပကြပြီး အများအားဖြင့် အမှတ် ၈၀ မှ ၉၀ အကြားတွင် ရှိသည်။ လုချန်း လိုအပ်ပါက သူတို့အား မည်သည့်အချိန်တွင်မဆို အစေခံရန် ခွင့်ပြုနိုင်သည်။ သို့သော် လုချန်းက သူ၏စွမ်းအင်ကို မဖြုန်းတီးလိုပေ။

လုချန်းက လိီချင်ရို့၏ စကားများကို လျစ်လျူရှုပြီး သူ၏ကိုယ်ပိုင်အလုပ်ကို ဆက်လုပ်ခဲ့သည်။ မကြာမီတွင် လိီချင်ရို့လည်း လုချန်းကြောင့် တစ်ဖန် အင်အားချိနဲ့သွားပြန်တော့သည်။

…………….

All Chapters