နောက်ဆုံးတော့ ခံစားသင့်တာကို ခံစားပြီးသားပဲ
Vol. 56 Ch. 840
ကျူးနိုင်ငံတော်၏ မြို့တော်သို့ ရောက်ပြီးကတည်းက လုချန်းနှင့် လိီချင်ရို့တို့သည် နန်းတော်မှ ထွက်ခွာခဲ့ခြင်း မရှိသလောက်ပင် ဖြစ်သည်။ လုချန်းသည် လိီချင်ရို့၏ ဖီးနစ်အိပ်ရာကိုပင် ကျင်လွမ်နန်းဆောင် အတွင်းသို့ ရွှေ့ပြောင်းထားခဲ့သည်။
လုချန်း၏ ထိန်းချုပ်မှုအောက်တွင် တစ်ချိန်က အလွန်တရာ စိတ်ဓာတ်ခိုင်မာသော ဧကရီတစ်ဦးဖြစ်သည့် လီချင်ရို့သည် ယခု အလွန်အားနည်းသောသူတစ်ဦး ဖြစ်လာခဲ့သည်။
ဤအတောအတွင်း လုချန်းသည် နိုင်ငံတော်ကိစ္စများကို လုံးလုံးလျားလျား လျစ်လျူရှုထားခြင်း မရှိသော်လည်း ထိုကိစ္စများကို ကိုင်တွယ်ဖြေရှင်းသောအခါတွင်ပင် လိီချင်ရို့ကို ဖက်ထားဆဲပင် ဖြစ်သည်။ သူသည် ယခု လိမ္မာပါးနပ်သော မိန်းမတစ်ဦး၏ အပိုင်သိမ်းခြင်း ခံနေရသည့် ပုံပေါ်နေသည်။
သို့တိုင် ရှစစ်သည်များကမူ ထိုအရာကို မည်သို့မှ မှားယွင်းသည်ဟု မမြင်ပေ။ လိီချင်ရို့သည် အလွန်တရာ အစွမ်းထက်သောသူတစ်ဦး ဖြစ်ပြီး လုချန်းက သူမကို ထိန်းချုပ်မထားပါက ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးပင် သူမကို ထိန်းချုပ်ရန် ခက်ခဲပေလိမ့်မည်။ မည်သို့ပင်ဆိုစေ လိီချင်ရို့သည် ယခုအခါ သူတို့ဧကရာဇ်၏ မိန်းမ ဖြစ်နေပြီ ဖြစ်သည်။
ရှစစ်သားများသည် ထိုအရာကို ပြဿနာတစ်ခုဟု မမြင်ကြရုံသာမက ကျူးနိုင်ငံတော်၏ ဧကရီပင်လျှင် သူတို့ဧကရာဇ်၏ အောင်နိုင်မှုကို ခံရသည်ဟု ဂုဏ်ယူစရာ ကိစ္စတစ်ခုအဖြစ်ပင် ခံယူခဲ့ကြသည်။
ကျူးနိုင်ငံတော်၏ ကျင်လွမ်နန်းဆောင်တွင် တစ်လလုံး နေထိုင်ပြီးနောက် ကျူးနိုင်ငံတော်၏ ကိစ္စအများစုကို အခြေခံအားဖြင့် စီမံပြီးစီးခဲ့ပြီ ဖြစ်သည်။ ထို့နောက် ကျူးနိုင်ငံတော်ကို စောင့်ရှောက်ရန်အတွက် နဂါးနက် တပ်ဖွဲ့ဝင်များကို ထားခဲ့ပြီး သူ၏ ရှတပ်များနှင့် ရန်ခရိုင်သို့ပြန်ရန် ပြင်ဆင်လိုက်၏။
……
ကျင်လွမ်နန်းဆောင်အတွင်း၌ မီးခိုးငွေ့များ လွမ်းနေပြီး မွှေးကြိုင်သော ရနံ့များ လေထဲတွင် ပြန့်လွင့်နေသည်။ ထိုအချိန်တွင် လုချန်းသည် လှပသော လိီချင်ရို့၏ ကိုယ်ခန္ဓာကို ဖက်ထားကာ ဖီးနစ်ထိုင်ခုံပေါ်တွင် လဲလျောင်းနေသည်။ သူ၏လက်များသည် သူမ၏ ကိုယ်ပေါ်တွင် လှုပ်ရှားနေပြီး ရံဖန်ရံခါ သူမ၏နားထဲသို့ လေများ မှုတ်နေတတ်သည်။
ဤအချိန်တွင် လှပသော အမျိုးသမီး၏ မျက်နှာတွင် မည်သည့် ခံစားချက်မှ မရှိပေ။ သူမ၏ လှပသောမျက်နှာသည် နီမြန်းနေပြီး ချွေးပေါက်လေးများက သူမ၏ ဖြူဖွေးချောမွေ့သော နဖူးပေါ်တွင် စီးကျနေ၏။ သူတို့ မည်သည့်အရာများကို ပြုလုပ်ခဲ့ကြောင်း ထင်ရှားစွာ မြင်နိုင်သည်။
ထို့နောက် လုချန်းက
“မနက်ဖြန်မှာ ကိုယ်တို့ ရန်ခရိုင်ကို ထွက်ခွာကြတော့မယ်။ မင်းလည်း ကျန်းဝမ်ကို တွေ့ရဖို့ အရမ်းမျှော်လင့်နေမှာ သေချာပါတယ်။”
လိီချင်ရို့ လုချန်းကို မတုံ့ပြန်ပေ။ ပြီးခဲ့သည့် ရက်များတစ်လျှောက်တွင် သူ ဘာပြောပြော သူမ စိတ်အနှောင့်အယှက်မဖြစ်တော့ပေ။ သူမသည် ယခုအခါ လုချန်း၏ ကစားစရာအရုပ်တစ်ခုမျှသာဖြစ်ပြီး သူ၏ ဆန္ဒများကို ဖြည့်ဆည်းရန်အတွက်သာ ဖြစ်သည်ဟု ခံစားနေရသည်။ သူမသည် တစ်ချိန်က နိုင်ငံတစ်နိုင်ငံ၏ ဧကရီ ဖြစ်ခဲ့ဖူးပြီး ယခုမူ ဤမျှ အဆင့်နိမ့်ကျသွားခဲ့သည်။
ထို့ပြင် သူမသည် ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးလည်း ဖြစ်သည်။ အရိပ်အယောင် ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးရှေ့တွင် သူမသည် တွန်းလှန်နိုင်စွမ်း မရှိရုံသာမက သူ့၏ အလိုဆန္ဒကိုသာ လိုက်လျောနေရ၏။ သူမ၏ အတွင်းစိတ်ထဲတွင်တော့ အတော်လေး ခံပြင်းနေသည်။ ယခုမူ လုချန်းက သူမကို ထိတွေ့သည့်အချိန်တွင်မှသာ သူမ အသံအချို့ ပြုတတ်ပြီး ကျန်အချိန်များတွင်မူ တိတ်ဆိတ်စွာသာ နေတော့သည်။
‘ဒီလူ ငါ့ကို သတ်ပစ်လိုက်ရင် ပိုကောင်းမယ်’ ဟု သူမ တွေးလိုက်၏။ သူမ သူ့ကို ကောင်းသော အမြင်ဖြင့် ဘယ်တော့မှ ကြည့်မည် မဟုတ်သည်မှာ သေချာသည်။ နန်းကျ ဧကရာဇ်တစ်ပါး ဖြစ်နေသော်လည်း သူမတွင် ဂုဏ်သိက္ခာ ရှိနေဆဲပင် ဖြစ်သည်။
လိီချင်ရို့ စကားမပြောသည်ကို မြင်သောအခါ လုချန်း စိတ်ဆိုးခြင်း မရှိပေ။ သူက
“မင်း ကျန်းဝမ်ကို တွေ့ရရင် အရမ်းဝမ်းသာမှာ သေချာတယ်။”
“ကိုယ်တို့ ရန်ခရိုင်ကို ပြန်ရောက်တာနဲ့ မင်းကို လွတ်လပ်ခွင့်ပေးပါမယ်။”
ထိုစကားကို ကြားသောအခါ လိီချင်ရို့ကနှာခေါင်းရှုံ့လိုက်ပြီး
“ရှင့်ရဲ့ လိမ်ညာတဲ့စကားတွေကို ကျွန်မက ယုံမယ် ထင်နေတာလား။”
သူမသည် ကောင်းကင်လူသားတစ်ဦး ဖြစ်သည်။ လုချန်းက သူမကို လွတ်လပ်ခွင့်ပေးလိုက်မည်ဆိုပါက ထွက်ပြေးရုံသာမက ရန်ခရိုင်တစ်ခုလုံးကိုပါ ဗြောင်းဆန်သွားအောင် လုပ်နိုင်လိမ့်မည်။ ရန်ခရိုင်သည် လုချန်း၏ ဇနီးများနှင့် ကလေးများ နေထိုင်ရာဖြစ်၏။ သူ သူမကို စိတ်ချလက်ချ လွှတ်ပေးနိုင်မည် မဟုတ်ပေ။ ဤလူသည် နိုင်ငံတော်ကိစ္စများကို ကိုင်တွယ်နေစဉ်ပင် ထိုအရာများကို ပြုလုပ်နေခဲ့ပြီး သူမကို သူ၏ ရင်ခွင်ထဲတွင် ထည့်ထားခဲ့သည်။
လုချန်းကို လိီချင်ရို့ တကယ် နားမလည်နိုင်ပေ။ ဤကာမစိတ်ထက်သန်သော ယောက်ျားအဘယ်ကြောင့် ဤမျှဆွဲဆောင်မှုရှိပြီး အခြားသော ကောင်းကင်လူသား စွမ်းအားရှင်များ၏ ထောက်ခံမှုကို ရရှိခဲ့သည်ကို သူမနားလည်နိုင်ခြင်း မရှိသေးပေ။ ထိုအရာအားလုံးသည် သူ၏ နောက်ခံအခြေအနေကြောင့်လား။ သော့ကိုမခတ်ပဲ သော့ပေါက်ထဲ သော့ကို အမြဲတမ်း ထားတတ်သောသူကို သူမ တစ်ခါမှ မကြားဖူးပေ။
လိီချင်ရို့က သူ၏စကားများကို မယုံကြည်သည်ကို မြင်သောအခါ လုချန်းက
“ကျွန်တော့်ကို မယုံဘူးလား။ ကျန်းဝမ်ကလည်း ကျွန်တော့်ရဲ့စကားကို မယုံကြည်ခဲ့ပါဘူး။ အခုတော့ သူက နန်းတော်ထဲကနေ နေ့တိုင်းထွက်ပြီး ရန်ခရိုင်အနှံ့ လျှောက်သွားနေတတ်ပြီ။”
လိီချင်ရို့က
“ကျွန်မက ရှင့်ရဲ့ဇနီးတွေနဲ့ ကလေးတွေကို သတ်ပစ်လိုက်မှာကို မကြောက်ဘူးလား။”
လုချန်းက ခပ်အေးအေးပင်
“မင်း အဲ့ဒီလို မလုပ်ဘူးလို့ ကိုယ်ယုံကြည်တယ်”
လိီချင်ရို့က အေးစက်စွာဖြင့်
“ကျွန်မ တော်တော်လေး သိချင်စိတ်ပြင်းပြနေတယ်။ ဒီလိုယုံကြည်မျိုးမှုက ဘယ်ကလာတာလဲ။ သူရဲ့ခန္ဓာကိုယ် အတင်းအကျပ် သိမ်းပိုက်ခံထားရတဲ့ လူတစ်ယောက်က ရှင့်အပေါ် ရန်ငြိုးမထားဘူးလို့ ဘယ်လိုများတွေးတတ်ရတာလဲ။”
လုချန်းက ပြုံးလျက်
“တခြားသူတစ်ယောက်ဆိုရင်တော့ ကျွန်တော့်ကို မုန်းတီးကောင်း မုန်းတီးနိုင်မှာပါ။ ဒါပေမဲ့ မင်းကတော့ မတူဘူး။”
လိီချင်ရို့က
“ပြောပြပါဦး။ ကျွန်မက တခြားအမျိုးသမီးတွေနဲ့ ဘာကွာခြားလဲဆိုတာ နားထောင်ကြည့်ချင်တယ်။”
လုချန်းက
“မင်းက ကိုယ်နဲ့လင်မယားဖြစ်ပြီးနောက်မှာ ကောင်းကင်လူသားတစ်ဦး ဖြစ်လာခဲ့တယ်။”
လုချန်း၏ စကားများကို ကြားသောအခါ လိီချင်ရို့က
“ဒါပဲလား။”
လုချန်းက
“ဒီကမ္ဘာမှာ ကောင်းကင်လူသားတစ်ဦး ဖြစ်လာဖို့ဆိုရင် ကောင်းကင်ဘုံ လမ်းစဉ်ရဲ့စမ်းသပ်မှုတွေကို ဖြတ်သန်းရမယ်။”
“ပြီးတော့ ကောင်းကင်ဘုံရဲ့ လမ်းစဉ်ရဲ့ စမ်းသပ်မှုတွေက လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေနဲ့ နီးနီးစပ်စပ် ဆက်နွှယ်နေတတ်တယ်။”
“မင်း ကောင်းကင်လူသား အဆင့်မရောက် နိုင်ခဲ့တာက သံယောဇဉ်မဲ့ တာအိုကျင့်စဉ် ကျင့်ခဲ့လို့ပဲ။ ပြီးတော့ မင့်ရဲ့ အဆင့်တက်ဖို့အတွက် အခြေအနေက မင်းသဘောကျတဲ့ ယောက်ျားက မင်းကို ကိုယ်တိုင် အနိုင်ယူပြီး မင်းရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်တာပဲ။ သံယောဇဉ်မဲ့ တာအိုကျင့်စဉ်ကြောင့် မင်းက ဘယ်သူ့ကိုမှ မကြိုက်ဘူးလို့ အမြဲတွေးနေခဲ့ပေမဲ့ တကယ်တော့ မင်းက ကိုယ့်အပေါ် အမြဲတမ်း ခံစားချက်တွေ ရှိနေခဲ့တာ။”
လုချန်း၏ စကားကို ကြားသောအခါ လိီချင်ရို့၏ မျက်ခုံးများ အနည်းငယ် တွန့်တက်သွားပြီး
“ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်တဲ့ စကားလဲ။ ကျွန်မရဲ့ ကိုယ်ပိုင် စွမ်းအားနဲ့ ကောင်းကင်လူသားတစ်ဦး ဖြစ်လာခဲ့တာ။ အဲဒါက ရှင်နဲ့ ဘာဆိုင်လဲ။”
လိီချင်ရို့သည် လူအတစ်ဦး မဟုတ်ပေ။ သူမ၏ အဆင့်တက်မှုသည် လုချန်းနှင့် အလွန်နီးကပ်စွာ ဆက်နွှယ်နေကြောင်းကို သူမက သိနေသည်မှာ သေချာသည်။ သို့သော် မာနကြီးသော အမျိုးသမီးတစ်ဦးအနေနှင့် ထိုကဲ့သို့သောအရာကို မည်သို့ ဝန်ခံနိုင်မည်နည်း။
သူမအတွက် ကောင်းကင်လူသားတစ်ဦး ဖြစ်လာရန်အတွက် အခြေအနေမှာ သူမထက် ပိုမိုအားကောင်းသော ယောက်ျားတစ်ဦး၏ အနိုင်ယူခံရခြင်းဖြစ်သည်။ ထိုသို့သောအခြေအနေကို သိရှိခဲ့ပါက အခြားသူများက သူမကို မည်သို့ကြည့်မည်နည်း။ သူမ၏ ဂုဏ်သိက္ခာကို မည်သည့်နေရာတွင် ထားရမည်နည်း။
ထိုမာနကြီးသော အမျိုးသမီးသည် အစွမ်းထက်သော ယောက်ျားတစ်ဦးက သူမကို အနိုင်ယူပြီး အရှက်ရစေရန် လျှို့ဝှက်စွာ မျှော်လင့်နေသည်။ ၎င်းသည် ရှက်ဖွယ်ကောင်းသည့် အရာတစ်ခု ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် လိီချင်ရို့သည် သူမကိုယ်သူမ ထိုသို့သောသူတစ်ဦးဟု လက်ခံနိုင်မည် မဟုတ်သလို လုချန်းပြောသည့်အရာကို ဘယ်တော့မှ ဝန်ခံလိမ့်မည် မဟုတ်ပေ။
လိီချင်ရို့က ခေါင်းမာစွာ ငြင်းဆန်နေသည်ကို မြင်သောအခါ လုချန်းက ရယ်လိုက်ပြီး
“အဲ့ဒါဟာ မင်းကောင်းကင်လူသား စွမ်းအားရှင်ဖြစ်ဖို့ အခြေအနေ ဟုတ်မဟုတ်ဆို မင်းစိတ်ထဲမှာ ကောင်းကောင်းသိပါတယ်။”
ထိုအချိန်တွင် လိီချင်ရို့က
“ရှင် ကျွန်မကို လွှတ်ပေးရဲရင် နောက်ဆက်တွဲ ဖြစ်လာမယ့် အကျိုးဆက်တွေကို ခံရလိမ့်မယ်။”
“ကျွန်မကို သတ်ပစ်လိုက်တာ ပိုကောင်းမယ်လို့ အကြံပေးချင်တယ်။ ရှင် လိုချင်တာကို ရခဲ့ပြီးပြီပဲ။ ရှင့်ရဲ့စွမ်းရည်တွေနဲ့ဆိုရင် ဒီကမ္ဘာမှာရှိတဲ့ လှပတဲ့ အမျိုးသမီးတွေအားလုံးက ရှင့်အတွက် ဖြစ်လာမှာပါ။ ကျွန်မ တစ်ယောက် လျော့သွားတာ ပြဿနာ မရှိပါဘူး။”
ထိုစကားကို ကြားသောအခါ လုချန်းက သူမ၏ လက်မောင်းများကို တင်းကျပ်စာ ဆုပ်ကိုင်လိုက်ပြီး
“ဘာလို့ ဒီလိုစိတ်ဆိုးစရာစကားတွေ ပြောနေတာလဲ။ ကိုယ်က ရက်စက်တတ်တဲ့ ယောက်ျားမျိုး မဟုတ်ဘူး။”
“ကိုယ့်ရဲ့ ချင်ရို့က ဒီလောက်တောင် လှပပြီး ထူးချွန်နေတာ။ အပြင်က သာမန် မိန်းမတွေနဲ့ ဘယ်လိုများ နှိုင်းယှဉ်နိုင်မှာလဲ။”
သူ၏ စကားဆုံးသောအခါ လုချန်းက လိီချင်ရို့၏ နားရွက်ဘေးသို့ ညင်သာစွာ လေမှုတ်လိုက်ပြီး သူ၏ ညာလက်ကို မြှောက်ကာ သူမ၏ ဖြူဖျော့သော လည်ပင်းကို သူ၏ လက်ချောင်းများဖြင့် ဖြည်းဖြည်းချင်း စမ်းသပ်လိုက်သည်။
“ကျွန်မက ဒီလိုချိုသာတဲ့ စကားလုံးတွေ နားထောင်ရတာ ကြိုက်တဲ့ မိန်းမတစ်ယောက်လို့ ရှင် ထင်နေတာလား။”
လိီချင်ရို့သည် တစ်ချိန်က ကြီးမားသော အာဏာကို ကိုင်စွဲထားခဲ့သော ဧကရီတစ်ဦးဖြစ်သည်။ သူမသည် အလွန် လက်တွေ့ကျပြီး ယောက်ျားများ၏ ချိုသာသော စကားများကို ဘယ်သောအခါကမှ မနှစ်သက်ခဲ့ပေ။ ချိုသာသောစကားများဖြင့် သူမကို စည်းရုံးနိုင်သည်ဟု တွေးခြင်းက ရယ်စရာကောင်းလှသည်။
လုချန်းက
“ကိုယ်က တည့်တိုးပြောတတ်တဲ့သူတစ်ယောက်ပါ။ ချိုသာတဲ့စကားတွေကို ကိုယ်လည်း မကြိုက်ပါဘူး။ ကိုယ်အခုပြောတဲ့အရာက အမှန်တရားပဲ။”
လိီချင်ရို့ အေးစက်စက် ရယ်မောလိုက်ပြီးတိတ်ဆိတ်သွားပြန်၏။ ထိုအချိန်တွင် တံခါးဝမှ အစေခံတစ်ဦးက
“ဖီးနစ်ဝတ်ရုံ အဆင်သင့် ဖြစ်ပါပြီ မင်းကြီး”