← Chapters

နက်ရှိုင်းသော တိုက်စားခြင်း၊ ကျိုယိုဥမင်၏ တစ်ဖက်ကမ်း (၂)...

Vol. 41 Ch. 606

နက်ရှိုင်းသော တိုက်စားခြင်း၊ ကျိုယိုဥမင်၏ တစ်ဖက်ကမ်း (၂)...

Vol. 41 Ch. 606

~လေးထောင့်ကွင်းပြင်ကျယ်ကြီးကို သတ္တုဖြင့်တည်ဆောက်ထားသော ဧရာမခံတပ်ကြီးတစ်ခုက ဝန်းရံထား၏။

လက်နက်သန့်စင်သူတစ်ဦးအနေဖြင့် လုရီ၏အမြင်အာရုံမှာ စူးရှလှရာ၊ ဤအရာများအားလုံးမှာ အင်မော်တယ်ရွှေများဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်ကို ချက်ချင်းပင် သိမြင်လိုက်သည်။ သူ၏စိတ်ထဲတွင် အနည်းငယ် အံ့အားသင့်သွား၏။ ဤကြီးမားလှသော ခံတပ်ကြီးတစ်ခုလုံးကို အင်မော်တယ်ရွှေများဖြင့် တည်ဆောက်ထားခြင်းလော။ ဤသည်မှာ ဂြိုဟ်ခံတပ်တစ်ခု မဟုတ်လျှင်တောင်မှ များစွာကွာခြားမည် မဟုတ်တော့ပေ။

ခံတပ်တစ်ခုလုံးတွင် ထူးဆန်းသော အခင်းအကျင်းအင်းကွက်များကို ထွင်းထုထားသည်။ ဤအခင်းအကျင်းအင်းကွက်များမှာ လုရီ တစ်ခါမှ မမြင်ဖူးသော ပုံစံများဖြစ်နေသောကြောင့် သူ့ကို အနည်းငယ် အံ့ဩသွားစေသည်။

ဤသည်ကိုမြင်သောအခါ လင်းလောင်တောင်ထိပ်သခင်မက ရှင်းပြလိုက်သည်။

“ဒါတွေက ကျိုယိုချီကို ပျံ့လွင့်သွားအောင် ပြုလုပ်ထားတဲ့ အခင်းအကျင်းအင်းကွက်တွေပဲ။ ယေဘုယျအားဖြင့်တော့ ကျိုယိုရဲ့ တိုက်စားခြင်းခံထားရတဲ့ ကျင့်ကြံသူတွေဟာ ဒီလိုမဟာအခင်းအကျင်းကြီးထဲမှာ သူတို့ရဲ့ပုံစံအမှန်ကို ဖုံးကွယ်ဖို့ ခက်ခဲလိမ့်မယ်။ ဒါပေမဲ့ ခြွင်းချက်တွေတော့ ရှိတာပေါ့။ ဒါကြောင့်မို့လို့ ထွက်ပေါက်မှာ ကျင့်ကြံသူတစ်ယောက် ကျိုယိုချီရဲ့ တိုက်စားခြင်းခံထားရခြင်း ရှိ၊ မရှိကို စစ်ဆေးဖို့အတွက် အထူးပြုလုပ်ထားတဲ့ ကျင့်ကြံခြင်းရတနာတွေ ရှိနေတာပဲ”

ထိုအခါ သုန်းကုန်းမင်ယွဲ့က သိလိုစိတ်ကို ဖော်ထုတ်လိုက်သည်။

“ဆရာ၊ ကျိုယိုရဲ့တိုက်စားခံထားရတဲ့ ကျင့်ကြံသူတွေက အဲ့ဒီရတနာနဲ့ စစ်ဆေးလို့ မတွေ့တဲ့ အခြေအနေတွေရော ရှိလားဟင်”

လင်းလောင်တောင်ထိပ်သခင်မက သုန်းကုန်းမင်ယွဲ့ကို တစ်ချက်ကြည့်ကာ မျက်ခုံးပင့်လိုက်သည်။

“ရှိတာပေါ့။ အဲ့ဒီရတနာက အားမနည်းပေမယ့် ကျိုယိုချီက သိပ်ကို ထူးဆန်းတော့ အပြည့်အဝ စစ်ဆေးနိုင်ချင်မှ စစ်ဆေးနိုင်လိမ့်မယ်။ ကျိုယိုချီရဲ့စွန်းထင်းမှုခံထားရတဲ့ ကျင့်ကြံသူတချို့က ကျိုယိုစစ်မြေပြင်ကနေ ထွက်သွားပြီး ပြဿနာတချို့ ဖြစ်စေခဲ့တယ်။ ဟုတ်သားပဲ၊ အင်မော်တယ်ဓားဂိုဏ်းက ဝမ်ကျန်းယွမ်က အဲ့ဒီလို ဖြစ်ရပ်တစ်ခုပဲ။ သူ ထျန်းမင်ကို ပြန်သွားပြီး နောက်ဆုံးမှာတော့ အင်မော်တယ်ဓားဂိုဏ်းကြီးကို သူကိုယ်တိုင်ပဲ ဖျက်ဆီးပစ်ခဲ့တယ်”

ဤစကားကို ကြားသောအခါ လုရီတို့အားလုံး ချက်ချင်းပင် သဘောပေါက်နားလည်သွားကြသည်။

လျိုနင်ရွှမ်းက စိုးရိမ်သောမျက်နှာဖြင့် မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။

“ဒီလောက်များတဲ့ ကာကွယ်ရေးတွေနဲ့တောင် ကျိုယိုချီရဲ့ တိုက်စားခြင်းကို အပြည့်အဝ မတားဆီးနိုင်ဘူးဆိုတော့… ဒီကျိုယိုချီက တကယ်ပဲ ကြောက်စရာကောင်းလွန်းပါတယ်”

“ဒါပေါ့၊ မဟုတ်ရင် စကြဝဠာတစ်ခွင်လုံးက အင်အားစုတွေအားလုံးက သူ့ကို ဘာလို့ ကြောက်နေကြမှာလဲ” လင်းလောင်တောင်ထိပ်သခင်မက မျှော်လင့်ချက်ကင်းမဲ့စွာ ခေါင်းခါလိုက်ပြီး ဆက်ပြောသည်။

“ကျိုယိုမိစ္ဆာတွေက ဘယ်တော့မှ မကုန်ခန်းဘူး။ တစ်ခါတုန်းက အင်မော်တယ်အရှင်သခင်တစ်ပါးက ကျိုယိုစစ်မြေပြင်တစ်ခုထဲက မိစ္ဆာအားလုံးကို သတ်ဖြတ်ခဲ့ပေမယ့် နှစ်အနည်းငယ်အတွင်းမှာပဲ မိစ္ဆာအသစ်တွေ ပြန်ပေါ်ပေါက်လာခဲ့တယ်။ ဒါကြောင့် ကျိုယိုမိစ္ဆာတွေကို သတ်ဖို့ ကျင့်ကြံသူတွေကို ဒီနေရာကို အဆက်မပြတ် စေလွှတ်နေရတာပဲ”

ဤစကားကို ကြားသောအခါ လုရီက အနည်းငယ် စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

“ဆရာ၊ ကျွန်တော်တို့ ကျိုယိုဥမင်ကို ဖြတ်ပြီး ကျိုယိုမိစ္ဆာတွေ နေတဲ့ ကမ္ဘာကို သွားကြည့်လို့မရဘူးလား”

ဤစကားကို ကြားသောအခါ လင်းလောင်တောင်ထိပ်သခင်မသည် တိတ်ဆိတ်သွားပြီးနောက် သူမ၏ မျက်နှာထားမှာ တင်းမာသွားသည်။

“မကြိုးစားခဲ့ကြတာတော့ မဟုတ်ဘူး။ ငါကိုယ်တိုင် မမြင်ဖူးပေမယ့် ဒဏ္ဍာရီအရတော့ လွန်ခဲ့တဲ့ နှစ်တစ်သန်းကျော်တုန်းက အင်မော်တယ် အရှင်သခင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အင်အားကြီးအဖွဲ့တစ်ဖွဲ့က ကျိုယိုနယ်မြေထဲကို စွန့်စားဝင်ရောက်ခဲ့ဖူးတယ်လို့ ဆိုကြတယ်”

“ပြီးတော့ရောဟင်..” ကျန်းရူယွီ၏ မျက်လုံးများမှာ စူးစမ်းလိုစိတ်ဖြင့် ပြူးကျယ်သွားသည်။

“သူတို့အားလုံး သေဆုံးသွားခဲ့ကြတယ်။ တစ်ယောက်မှ ပြန်မလာနိုင်ခဲ့ဘူး” လင်းလောင်တောင်ထိပ်သခင်မက တည်ငြိမ်စွာ ဆိုလိုက်သည်။

“…”

ခေတ္တမျှ လုရီတို့အားလုံး တိတ်ဆိတ်သွားကြသည်။

အင်မော်တယ်အရှင်သခင်များစွာပင် ပြန်မလာနိုင်ခဲ့လျှင် ကျိုယိုကမ္ဘာသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းလိုက်မည်နည်း။ လုရီတို့၏ ဦးရေပြားများပင် ထုံကျင်သွားသလို ခံစားလိုက်ရသည်။ လုရီကိုယ်တိုင်ပင် ထိတ်လန့်သွား၏။

လင်းလောင်တောင်ထိပ်သခင်မက ထပ်မံပြောလိုက်သည်။

“နှစ်တွေတစ်လျှောက်လုံး စကြဝဠာထဲက အဓိကအင်အားစုတွေအားလုံးက ကျိုယိုနယ်မြေကို သုတေသနလုပ်ခဲ့ကြပြီး၊ ကျိုယိုဥမင်က ကျိုယိုမိစ္ဆာတွေကိုပဲ ပိတ်ဆို့ထားတယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။ အစွမ်းထက်တဲ့ ကျိုယိုမိစ္ဆာတချို့က အားနည်းတဲ့ ကျိုယိုဥမင်ကို ဖြတ်ပြီး ငါတို့ကမ္ဘာထဲကို ဝင်လာလို့မရဘူး။ ဒီကျန်းအန်းစစ်မြေပြင်လိုပေါ့။ ဒါပေမဲ့ ငါတို့ကတော့ ကျိုယိုဥမင်ကို လွတ်လပ်စွာ ဖြတ်ကျော်နိုင်တယ်။ စွမ်းအားတစ်ခုခုက ကျိုယိုမိစ္ဆာတွေကို ပိတ်ဆို့ပြီး ငါတို့စကြဝဠာကို ကာကွယ်ပေးနေသလိုပဲ”

လုရီနှင့် လျိုနင်ရွှမ်းတို့သည် အခြားနှစ်ဦးနှင့် မျက်နှာချင်းဆိုင်ကြည့်လိုက်ကြသည်။

“ဒါပေမဲ့ အခြေအနေက အခုအတိုင်းပဲ ဆက်ရှိနေမယ်ဆိုရင် ကျိုယိုစစ်မြေပြင်ကို ကောင်းကောင်းထိန်းချုပ်ထားနိုင်သရွေ့တော့ ကျိုယိုမိစ္ဆာတွေအတွက် သိပ်ပြီး စိတ်ပူစရာမလိုတော့ဘူး မဟုတ်လား” ယွင်ရှီးက သတ္တိမွေး၍ ပြောလိုက်သည်။

လုရီနှင့် အခြားသူများလည်း သဘောတူညီစွာ ခေါင်းအသာညိတ်လိုက်ကြသည်။

ဤစကားကို ကြားသောအခါ လင်းလောင်တောင်ထိပ်သခင်မ၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး နားထင်ကြောများထောင်ကာ မျှော်လင့်ချက်ကင်းမဲ့စွာ ဆိုလိုက်၏။

“မင်းတို့တွေကတော့ သိပ်ကို ရိုးရှင်းလွန်းအောင် စဉ်းစားတာပဲ။ ကျိုယိုဥမင်တွေက တဖြည်းဖြည်း များလာနေပြီ၊ အနာဂတ်မှာ ပိုပိုပြီး များလာဦးမှာ”

“ဘယ်လို”

ဤစကားကို ကြားသည်နှင့် လုရီတို့အားလုံး အာမေဋိတ်သံများ ပြုလိုက်ကြသည်။

“ထျန်းမင်ပေါ်က ကျိုယိုနယ်မြေ အစအနတစ်ခုကို မှတ်မိကြသေးလား။ အဲ့ဒါက ကျိုယိုဥမင်တစ်ခု ဖြစ်ပေါ်လာဖို့ ရှေ့ပြေးနိမိတ်ပဲ။ အခုတော့ ငါတို့က အဲ့ဒီထွက်ပေါက်ကို မဟာအခင်းအကျင်းကြီးနဲ့ ပိတ်ထားနိုင်သေးပေမယ့် မကြာခင်မှာပဲ အဲ့ဒီထွက်ပေါက်က တဖြည်းဖြည်း ကျယ်ပြန့်လာပြီး မဟာအခင်းအကျင်းကြီးနဲ့တောင် ပိတ်ထားလို့ လုံလောက်တော့မှာ မဟုတ်ဘူး။ ငါတို့လုပ်နိုင်တာက အဲ့ဒီနေရာလပ်ကို လုံးဝပိတ်ဆို့ပြီး ကျိုယိုစစ်မြေပြင်တစ်ခုအဖြစ် ပြောင်းလဲပစ်ဖို့ပဲ” လင်းလောင်တောင်ထိပ်သခင်မက မျက်နှာထားတင်းမာစွာဖြင့် ပြောလိုက်သည်။

လုရီတို့မှာ အံ့ဩတကြီးဖြင့် မျက်လုံးများ ပြူးကျယ်သွားကြသည်။

“ဘာ…။ ထျန်းမင်က အနာဂတ်မှာ ကျိုယိုစစ်မြေပြင် ဖြစ်လာမယ်ဟုတ်လား။”

“ဒါဆို ထျန်းမင်ပေါ်က သက်ရှိတွေကရော ဘယ်လိုလုပ်မလဲ။”

လုရီတို့မှာ ခေတ္တမျှ လက်မခံနိုင် ဖြစ်သွားကြသည်။

လင်းလောင်တောင်ထိပ်သခင်မက ဆက်ပြောသည်။

“ဒါက မင်းတို့ စိတ်ပူရမယ့်ကိစ္စ မဟုတ်ဘူး။ မဟာအခင်းအကျင်းကြီးက မထိန်းနိုင်တော့တဲ့အချိန်ရောက်ရင် တစ်စုံတစ်ယောက်က အဲ့ဒီဂြိုဟ်ပေါ်က သက်ရှိတွေကို ခေါ်ထုတ်သွားလိမ့်မယ်”

ထို့နောက် လင်းလောင်တောင်ထိပ်သခင်မက လုရီကို ကြည့်ကာ ခပ်ဖွဖွရယ်မောလိုက်သည်။

“ဒါပေမဲ့ အမှန်အတိုင်းပြောရရင်တော့ ထျန်းမင်က နင့်ကို အများကြီး အကြွေးတင်နေတယ် လုရီ”

“ကျွန်တော့်ကိုလား” လုရီက နားမလည်နိုင်သော အမူအရာဖြင့် ကြည့်လိုက်သည်။

“ဟုတ်တာပေါ့။ ယေဘုယျအားဖြင့်တော့ သေမျိုးကြယ်တာရာဂြိုဟ်တစ်ခုပေါ်မှာ ကျိုယိုဥမင်တစ်ခု ပေါ်လာရင် လျင်မြန်စွာ ကျယ်ပြန့်လာတတ်တယ်။ ဒါပေမယ့် အင်မော်တယ်ကြယ်တာရာဂြိုဟ်တစ်ခုပေါ်မှာတော့ ကျယ်ပြန့်နှုန်းက အလွန်နှေးကွေးသွားတယ်။ အင်မော်တယ်ဝိညာဉ်ချီက ကျိုယိုချီရဲ့ ပျံ့နှံ့မှုကို တားဆီးပေးတယ်။ နင် အင်မော်တယ်အဖြစ် တက်လှမ်းတုန်းက ထျန်းမင်ကို သေမျိုးကြယ်တာရာဂြိုဟ်ကနေ အင်မော်တယ်ကြယ်တာရာဂြိုဟ်အဖြစ် မြှင့်တင်ပေးခဲ့တယ် မလား။ ဒါကြောင့် ထျန်းမင်က အချိန်အများကြီး ပိုပြီး တည်ရှိနိုင်ခဲ့တာပေါ့”

ဤသည်ကို ကြားသောအခါ လုရီသည် ချက်ချင်းပင် နားလည်သွားပြီး စိတ်ထဲတွင် အနည်းငယ် မျှော်လင့်ချက်ကင်းမဲ့သလို ခံစားလိုက်ရသည်။

“ကံမကောင်းစွာနဲ့ပဲ ကျိုယိုဥမင်ကို ပိတ်ဆို့ဖို့ နည်းလမ်းမရှိဘူး ဖြစ်နေတယ်ဗျာ”

လင်းလောင်တောင်ထိပ်သခင်မက မျက်စောင်းထိုးလိုက်သည်။

“အဲ့ဒီလို အိပ်မက်တွေ မမက်စမ်းပါနဲ့။ နင်က ကျိုယိုဥမင်ရဲ့ တစ်ဖက်ကမ်းကို ဝင်ပြီး အဲ့ဒါတွေ ဘယ်လိုဖြစ်လာလဲဆိုတာ ကိုယ်တိုင်ကိုယ်ကျ သွားကြည့်နိုင်တာမျိုးမှ မဟုတ်ရင်”

လုရီ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး နားထင်ကြောများ ထောင်ထလာသည်။

“ကျွန်တော်က အဲ့ဒီကို ဘယ်လိုသွားရမှာလဲ”

အင်မော်တယ် အရှင်သခင်အဖွဲ့များပင် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည် မဟုတ်ပါလား။

သူ့လို အားနည်းသော ကောင်းကင်ဘုံအင်မော်တယ်

ကြက်ပေါက်လေးတစ်ကောင်က သွားပြီး အသေသတ်ခံစရာလား။

မည်သို့ပင်ဖြစ်စေ၊ လုရီသည် ဤကိစ္စကို သူ၏စိတ်ထဲတွင် တေးမှတ်ထားလိုက်သည်။

သူသည် သူ၏ လက်ရှိကျင့်ကြံမှု အဆင့်ပါရမီနှင့် တာအိုရတနာ၊ ဖရိုဖရဲ ရတနာတို့၏ အခြေခံအုတ်မြစ်များကို စုပ်ယူထားသူဖြစ်ရာ၊ ကြွားဝါ

ပြောဆိုခြင်း မဟုတ်လျှင်တောင် အင်မော်တယ် ဘုရင်၊ သို့မဟုတ် အင်မော်တယ် အင်ပါယာ တစ်ပါး ဖြစ်လာရန်မှာ အလွန်အမင်းကြီးမားသော ပြဿနာတစ်ခု မဖြစ်နိုင်လောက်ပါ။

ဟုတ်တယ်မလား။ သူ အင်မော်တယ် အင်ပါယာ တစ်ပါး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ထိုနေရာက အခြေအနေကို လေ့လာနိုင်မည်ပင်။

ကြိုးစားကျင့်ကြံရန် လိုအပ်နေသေးသည်။ သို့မဟုတ်လျှင် စကြဝဠာထဲတွင် နေရာတိုင်း၌ ကျိုယိုဥမင်များ ပေါ်လာပါက စကြဝဠာကြီးသည် မကြာမီမှာပင် ပျက်စီးသွားပေလိမ့်မည်။

“တော်လောက်ပြီ၊ အခု မင်းတို့အားလုံး ဘယ်လိုခံစားနေရလဲ” လင်းလောင်တောင်ထိပ်သခင်မက ကျိုယိုဥမင်အကြောင်းမှ အကြောင်းအရာပြောင်းလိုက်ပြီး လုရီတို့ကို ကြည့်ကာ မေးလိုက်သည်။

လုရီမှာ ခေတ္တမျှ မှင်တက်သွားပြီး လင်းလောင်တောင်ထိပ်သခင်မ၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း နားမလည်နိုင် ဖြစ်သွားသည်။

လျိုနင်ရွှမ်းက မျက်မှောင်ကြုတ်ကာ ဖြေလိုက်သည်။

“ကျိုယိုချီတွေ စုဝေးလာတာကို ခံစားနေရပေမယ့် ကျွန်မတို့ ခုခံနိုင်ပါသေးတယ်”

“ကျွန်မလည်း ဒီအတိုင်းပဲ” ကျန်းရူယွီက ခေါင်းအသာညိတ်လိုက်သည်။

ယွင်ရှီးနှင့် သုန်းကုန်းမင်ယွဲ့တို့လည်း အလားတူခံစားရကြောင်း ညွှန်ပြရန် ခေါင်းညိတ်လိုက်ကြသည်။

ထိုအခါမှ လုရီသည် သူ၏ဆရာက ကျိုယိုချီ၏ တိုက်စားခြင်းပြဿနာကို ရည်ညွှန်းနေမှန်း နားလည်သွားသည်။ သူ၏မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းသွားသည်။ သူသည် ကျိုယိုချီ မရှိသကဲ့သို့ မည်သည့်မသက်မသာမှုကိုမျှ လုံးဝမခံစားရပေ။

ဟုတ်သားပဲ… ဘာလို့ ကျိုယိုချီ မရှိသလို ခံစားနေရတာလဲ။

ထိုအခါမှ လုရီ သတိပြုမိသွားပြီး ထူးဆန်းသော မျက်နှာအမူအရာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ဤနေရာသည် ကျိုယိုစစ်မြေပြင် ဖြစ်သည်၊ ဘာတွေဖြစ်နေပါလိမ့်။

လင်းလောင်တောင်ထိပ်သခင်မက လုရီကို ကြည့်လိုက်သော်လည်း ထပ်မံမေးမြန်းခြင်းမပြုတော့ပေ။

“နင်လို ကောင်လေးကတော့ ပြဿနာမရှိလောက်ပါဘူး”

လုရီက ခေါင်းညိတ်လိုက်သည်။

“ဟုတ်ကဲ့”

ပြဿနာမရှိရုံသာမက၊ သံသယဖြစ်ဖွယ်ကောင်းလောက်အောင်

ပင် ပြဿနာကင်းမဲ့နေသည်။ သူသည် အပြင်ဘက်တွင် ရှိနေသည်နှင့် ဘာမှမခြား ခံစားနေရ၏။

လင်းလောင်တောင်ထိပ်သခင်မက သုန်းကုန်းမင်ယွဲ့နှင့် ယွင်ရှီးတို့ဘက်သို့ မျက်နှာထားတင်းမာစွာဖြင့် လှည့်လိုက်သည်။

“မင်းတို့နှစ်ယောက်က အခုမှ အဆင့်တက်ခါစမို့ အားအနည်းဆုံးပဲ။ ကျိုယိုရဲ့တိုက်စားမှုကို ခံနိုင်ရည်ကလည်း အနည်းဆုံးပဲ။ မခံနိုင်တော့ဘူးဆိုရင် မဖြစ်မနေ ပြောရမယ်။ မဟုတ်လို့ ကျိုယိုချီက မင်းတို့ကို နက်နက်ရှိုင်းရှိုင်း တိုက်စားသွားရင် ဘယ်သူမှ ကယ်နိုင်မှာမဟုတ်ဘူး၊ ဒီကောင်လေး လုရီတောင်မှပဲ”

သုန်းကုန်းမင်ယွဲ့နှင့် ယွင်ရှီးတို့သည် ချက်ချင်းပင် အလေးအနက်ထား၍ ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် ကျိုယိုချီ မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို ကောင်းစွာသိရှိထားပြီး ပေါ့ပေါ့ဆဆ သဘောမထားရဲကြပေ။

“ကောင်းပြီ၊ ဆက်သွားကြစို့” လင်းလောင်တောင်ထိပ်သခင်မက လုရီတို့ကို လေးထောင့်ကွင်းပြင်ကျယ်မှ ခေါ်ဆောင်သွားသည်။

သူမက ရှင်းပြလိုက်သည်။

“ဒါက ကျိုယိုစစ်မြေပြင်ရဲ့ အခြေစိုက်စခန်းပဲ။ ဝင်လာတဲ့ အင်မော်တယ်အားလုံးက ဒီမှာ အနားယူပြီး ပြန်လည်နာလန်ထူနိုင်တယ်။ တာဝန်နဲ့လာတာဆိုရင်တော့ သူတို့အဆင့်တူ ကျိုယိုမိစ္ဆာ အကောင်တစ်ရာကို သတ်ပြီး နှစ်တစ်ရာပြည့်အောင် နေရမယ်။ အဲ့ဒီထက်ကျော်လွန်သွားရင်တော့ ကုသိုလ်ကံကို တွက်ချက်ပေးတယ်။ ကုသိုလ်ကံ လုံလောက်ရင် စောစောထွက်ခွာခွင့်ရှိတယ်။ လေ့ကျင့်ဖို့ လာတာဆိုရင်တော့ ဒီလိုကန့်သတ်ချက်တွေမရှိဘူး၊ အချိန်မရွေး ထွက်သွားလို့ရတယ်”

“ဆရာ၊ အခု ကျွန်မတို့ ဘာလုပ်သင့်လဲ။ အပြင်ထွက်ပြီး ကျိုယိုမိစ္ဆာတွေကို သတ်ရမှာလား” သုန်းကုန်းမင်ယွဲ့သည် စမ်းသပ်ချင်စိတ်များဖြင့် တက်ကြွနေဟန်တူသည်။

ထိုအခိုက်အတန့်တွင် လုရီက တစ်စုံတစ်ရာကို သတိရသွားပြီး ပြောလိုက်သည်။

“ဟုတ်သားပဲ ဆရာ၊ အရင်က နတ်ဓားဂိုဏ်းက ကျင့်ကြံသူ ပုယွင်ကျန့်က ကျွန်တော့်ကို အကူအညီတောင်းထားဖူးတယ်။ သူက ကျွန်တော် ကျန်းအန်းစစ်မြေပြင်ကို ရောက်ရင် ဝေ့ခန်းဆိုတဲ့ နတ်ဓားဂိုဏ်းက အင်မော်တယ်ကို ရှာပေးပါတဲ့။ လူတစ်ယောက်ကို ဘယ်လိုရှာရမလဲဟင်”

“လူရှာမလို့လား။ အခြေစိုက်စခန်းရဲ့ စာရင်းရုံးမှာ စစ်ဆေးကြည့်လိုက်ရုံပဲ။ အင်မော်တယ်အားလုံးက တိုက်စားခံရတာတွေနဲ့ မတော်တဆမှုအမျိုးမျိုးကို ကာကွယ်ဖို့အတွက် သူတို့ရဲ့အနားယူချိန်တွေကို မှတ်တမ်းတင်ထားရတာလေ”

“ဒီလိုကိုး၊ ဒါဆိုရင် သွားကြည့်လိုက်ကြရအောင်”ဟု လုရီက ပြုံးလျက် ဆိုလိုက်သည်။

All Chapters