← Chapters

ကျိုယိုမိစ္ဆာများနှင့် ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံခြင်း (၃)...

Vol. 41 Ch. 609

ကျိုယိုမိစ္ဆာများနှင့် ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံခြင်း (၃)...

Vol. 41 Ch. 609

~သို့သော် လုရီ၏ မျက်နှာအမူအရာမှာ အနည်းငယ်မျှပင် မပြောင်းလဲခဲ့ပေ။

သူ၏ ညာဘက်လက်သီးကို ဆုပ်လိုက်သည်။

နက်မှောင်သောရွှေရောင် ချီသွေးစွမ်းအားများ ပေါ်ထွက်လာ၏။

ဝူးး!!!

နဂါးဟိန်းသံတစ်ခုက ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်သွားစေသည်။

ရွှေအိုရောင် နဂါး ပုံရိပ် တစ်ခုက လုရီ၏ကိုယ်ကို ရစ်ပတ်ထား၏။ သူ၏ပုံစံမှာ နတ်ဘုရားသံမဏိဖြင့် ထုဆစ်ထားသည့်အလား နက်မှောင်သော ရွှေရောင်အလင်းများ ဖြာထွက်နေသည်။

လုရီ၏လက်သီးထက်တွင် နက်မှောင်သော ရွှေရောင်အလင်းတန်းများ လှိုင်းထန်နေပြီး၊ ပတ်ဝန်းကျင်မှ နေရာလပ်များ လိမ်ယှက်လှုပ်ခတ်သွားကာ မုန်တိုင်းတစ်ခုအဖြစ်သို့ပင် ပြောင်းလဲသွားတော့သည်။

လုရီက အနက်ရောင်တွင်းနက်ကြီးဆီသို့ လက်သီးတစ်လုံး ထိုးချလိုက်သည်။

ဘုန်း!!!

အလွန်အမင်း အားကောင်းသော ချီသွေးစွမ်းအားများ တိုးထွက်လာသည်။

စွမ်းအားနိယာမ ပေါက်ကွဲထွက်လာ၏။

အထွတ်အထိပ်အဆင့် ကောင်းကင်ခွဲ လက်သီးသိုင်းက ရွှေအိုရောင်ရေစီးကြောင်းကြီးအဖြစ် ပြောင်းလဲကာ ရှေ့သို့ တိုးဝင်သွားသည်။

ရွှေအိုရောင်ရေစီးကြောင်းကြီးသည် အရာအားလုံးကို ဝါးမျိုသွား၏။

ကျိုယိုစွမ်းအားဖြင့် ဖွဲ့စည်းထားသော အနက်ရောင်တွင်းနက်မှာ ချက်ချင်းပင် ငြိမ်းသတ်ခံလိုက်ရသည်။

ထို့နောက် ရွှေအိုရောင်ရေစီးကြောင်းကြီးသည် ကျိုယိုမိစ္ဆာကို ဝါးမျိုသွားတော့သည်။

ကျိုယိုမိစ္ဆာထံမှ အော်ဟစ်သံများ ထွက်ပေါ်လာပြီး၊ ပတ်ပတ်လည်တွင် ကျိုယိုချီစီးကြောင်းများ ဝေ့ဝဲကာ "ရှဲ" ကနဲမြည်သံများ ထွက်ပေါ်နေသည်။

အော်ဟစ်သံမှာ ခဏလေးသာ ကြာမြင့်လိုက်ပြီး၊ မကြာမီမှာပင် ကျိုယိုမိစ္ဆာသည် ရွှေအိုရောင်ရေစီးကြောင်းကြီးဖြင့် လုံးဝ ဖယ်ရှားခံလိုက်ရကာ ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ကောင်းကင်ဘုံအင်မော်တယ်အထွတ်အထိပ်အဆင့် ကျိုယိုမိစ္ဆာတစ်ကောင်သည် လုရီ၏ သာမန်လက်သီးတစ်လုံးကိုပင် မခံနိုင်ခဲ့ပေ။

လုရီက သူ၏လက်သီးကို တည်ငြိမ်စွာ ပြန်သိမ်းလိုက်ပြီး အနည်းငယ် ပြုံးလိုက်သည်။

အခြေခံအုတ်မြစ်တည်ထောင်ခြင်းအတွက် အစွမ်းထက်ရတနာများစွာကို အသုံးပြုခဲ့ခြင်းက တော်တော်လေး ထိရောက်ပုံရသည်။

မည်သို့ဆိုစေ ကျိုယိုမိစ္ဆာများမှာ အဆင့်တူကျင့်ကြံသူများကြားတွင် အတော်ပင် အစွမ်းထက်သည်ဟု သတ်မှတ်ခံထားရသည်။ ယခု ကောင်းကင်ဘုံအင်မော်တယ် ပထမအလွှာတွင်သာ ရှိသေးသော လုရီက ကောင်းကင်ဘုံအင်မော်တယ်အထွတ်အထိပ်အဆင့် ကျိုယိုမိစ္ဆာတစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့ခြင်းမှာ သူ၏အစွမ်းအစသည် အမှန်ပင် ချီးကျူးထိုက်ကြောင်း ညွှန်ပြနေလေသည်။

ကောင်းကင်ဘုံအင်မော်တယ်

အထွတ်အထိပ်အဆင့် ကျိုယိုမိစ္ဆာကို သတ်ဖြတ်ပြီးနောက် လုရီက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ယွင်ရှီး၊ လျိုနင်ရွှမ်းနှင့် အခြားသူများမှာ တိုက်ပွဲဝင်နေကြဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။

အခြားသော ကောင်းကင်ဘုံအင်မော်တယ်အဆင့် ကျိုယိုမိစ္ဆာလေးကောင်မှာ လုရီ ရင်ဆိုင်ခဲ့ရသကဲ့သို့ အစွမ်းမထက်ကြပေ။ သို့သော် လျိုနင်ရွှမ်းနှင့် အခြားသုံးဦးမှာလည်း အခုမှ အဆင့်တက်ခါစ၊ ကောင်းကင်ဘုံအင်မော်တယ် ပထမအလွှာတွင်သာ ရှိသေးရာ သူတို့၏ ကျင့်ကြံမှုအဆင့်မှာ တော်တော်လေး ကွာဟနေသေးသည်။

သူမတို့လေးဦးစလုံးမှာ အင်မော်တယ်ခန္ဓာကိုယ်များဖြစ်ကြပြီး နိယာမတရားများကို ၁၀ ရာခိုင်နှုန်းကျော်၊ ၂၀ ရာခိုင်နှုန်းနီးပါးအထိပင် ကျွမ်းကျင်ပိုင်နိုင်ကြကာ သူမတို့၏အခြေခံအုတ်မြစ်များမှာလည်း အလွန်ခိုင်မာသော်လည်း၊ တိုက်ပွဲတွင် အလွန်ပင် ရုန်းကန်နေကြရသည်။

လုရီသည် ဝင်ရောက်မကူညီဘဲ အမျိုးသမီးလေးဦး တိုက်ခိုက်နေသည်ကိုသာ ကြည့်နေလိုက်သည်။

အသက်အရေး ကြုံလာသည့် အခိုက်အတန့်သို့ မရောက်မချင်း လုရီသည် ဝင်ရောက်စွက်ဖက်ရန် အစီအစဉ်မရှိခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူ၏အခြေခံအုတ်မြစ်ကြောင့် အဆက်မပြတ် အဆင့်တက်နိုင်သော လုရီနှင့်မတူဘဲ၊ အင်မော်တယ်

ခန္ဓာကိုယ်များအတွက်ပင် အကျပ်အတည်းများကြုံလာသည့်အခါ အသက်နှင့်ရင်းရသော တိုက်ပွဲများကသာ ပိုမိုထိရောက်စွာ အဆင့်တက်နိုင်စေရန် လိုအပ်သောကြောင့်ဖြစ်ပါသည်။

ဤတိုက်ပွဲသည် သူမတို့အတွက် အကောင်းဆုံးစမ်းသပ်မှုတစ်ခုပင် ဖြစ်၏။

ထိုအခိုက်အတန့်တွင် "ဘုန်း" ဟူသော မည်ဟည်းသံကြီး ထွက်ပေါ်လာသည်။

လုရီက ခေါင်းလှည့်ကြည့်လိုက်ရာ လင်းလောင်တောင်ထိပ်သခင်မသည် အဆုံးမဲ့ ကမ္ဘာထဲတွင် အစစ်အမှန် အင်မော်တယ်အဆင့် ကျိုယိုမိစ္ဆာကို ကြေမွသွားအောင် တိုက်ခိုက်လိုက်သည်ကို တွေ့လိုက်ရသည်။

သူမသည် အဆုံးမဲ့ကမ္ဘာထဲမှ ထွက်လာပြီး အနည်းငယ် အားမလိုအားမရဖြစ်နေသော မျက်နှာထားဖြင့် ဆိုလိုက်သည်။

“အားနည်းလွန်းတယ်။ အစစ်အမှန်အင်မော်တယ်အထွတ်အထိပ်အဆင့်တောင် မဟုတ်တဲ့ ကျိုယိုမိစ္ဆာတစ်ကောင်က ကောင်းကောင်းမွန်မွန် စမ်းသပ်မှုတစ်ခုအဖြစ်တောင် မသုံးနိုင်ဘူး”

လုရီလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ် နော်၊ ကောင်းကင်ဘုံအင်မော်တယ်

အထွတ်အထိပ်အဆင့် ကျိုယိုမိစ္ဆာတစ်ကောင်ကို ကျွန်တော့်လက်သီးတစ်လုံးနဲ့တင် ပွဲသိမ်းသွားတယ်၊ တော်တော်လေး အားနည်းတာပဲ”

လင်းလောင်တောင်ထိပ်သခင်မ: “…”

ရုတ်တရက် သူမ စကားပင်မပြောချင်တော့ပေ။

လင်းလောင်တောင်ထိပ်သခင်မသည် အစစ်အမှန်အင်မော်တယ်အဆင့် ကျိုယိုမိစ္ဆာကို သတ်ဖြတ်ပြီးနောက် အဝေးမှ လျိုနင်ရွှမ်းတို့ကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

“မဆိုးပါဘူး၊ နင်ရွှမ်းရဲ့ပြိုင်ဘက်က ကောင်းကင်ဘုံအင်မော်တယ် ပဉ္စမအလွှာမှာ ရှိပြီး၊ ရူယွီနဲ့ ကျန်နှစ်ယောက်က စတုတ္ထအလွှာမှာ ရှိနေတာတောင် အခုထိ မရှုံးသေးဘဲ တောင့်ခံထားနိုင်ကြတယ်။ သူတို့ရဲ့ပါရမီနဲ့ အစွမ်းအစက ကောင်းကင်ကြယ်တာရာနယ်မြေမှာ တော်တော်လေး အားကောင်းတယ်လို့ ဆိုနိုင်တယ်”

လုရီက အသာအယာ ခေါင်းညိတ်လိုက်သည်။

“အင်း၊ သူတို့ကို အတွေ့အကြုံဆက်ပြီး ရယူခိုင်းလိုက်ပါ”

လင်းလောင်တောင်ထိပ်သခင်မမှာလည်း ထိုနည်းတူ ခံစားနေရဟန်တူသည်။

သူတို့နှစ်ဦးသည် ဘေးမှနေ၍ ကြည့်ရှုနေကြသည်။

အချိန်အတော်ကြာပြီးနောက် ကျန်းရူယွီသည် သူမ၏ပြိုင်ဘက်ကို ပထမဆုံး သတ်ဖြတ်နိုင်ခဲ့သော်လည်း သူမကိုယ်တိုင်လည်း ဒဏ်ရာအချို့ရရှိသွားပြီး ခန္ဓာကိုယ်မှာ သွေးများဖြင့် ဖုံးလွှမ်းနေသည်။

သို့သော် ကျန်းရူယွီသည် အနားမယူဘဲ ချက်ချင်းပင် ယွင်ရှီးနှင့် သုန်းကုန်းမင်ယွဲ့ကို သွားရောက်ကူညီသည်။ သူတို့၏ပြိုင်ဘက်များကို သတ်ဖြတ်ရာတွင် ကူညီပြီးနောက် သူမသည် လျိုနင်ရွှမ်းနှင့် ပူးပေါင်းကာ လေးယောက်သားပေါင်း၍ ကောင်းကင်ဘုံအင်မော်တယ် ဆဌမအလွှာရှိ ကျိုယိုမိစ္ဆာတစ်ကောင်ကို ခက်ခဲသောတိုက်ပွဲဖြင့် အဆုံးတွင် အနိုင်ယူနိုင်ခဲ့သည်။

တိုက်ပွဲအပြီးတွင် အမျိုးသမီးလေးဦးမှာ သွေးများဖြင့် ရွှဲနစ်နေပြီး သူမတို့၏ဒ ဏ်ရာများမှာ ပြင်းထန်လှ၏။

လုရီသည် သူမတို့မှာ သူ၏ ချစ်ရသူများဖြစ်သောကြောင့် အလွန်ပင် စိတ်မကောင်းဖြစ်မိသည်။ သို့သော် ဤသည်မှာ လိုအပ်ကြောင်း လုရီသိသည်။ သို့မဟုတ်လျှင် တကယ့်အသက်နှင့်ရင်းရသော တိုက်ပွဲကို မကြုံတွေ့ရဘဲ သူမတို့လေးဦး ကြီးထွားလာရန် ခက်ခဲပေလိမ့်မည်။

တိုက်ပွဲပြီးဆုံးသွားပြီးနောက် လုရီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

‘အလုံးစုံ ပြန်လည် ရှင်သန်ခြင်းသိုင်း’ ပေါ်ထွက်လာ၏။ စိမ်းလဲ့ရောင်အလင်းတန်းများက အမျိုးသမီးလေးဦးကို လွှမ်းခြုံသွားသည်။

ချက်ချင်းပင် သူတို့၏ဒဏ်ရာများမှာ လျင်မြန်သောနှုန်းဖြင့် ကုစားသွားပြီး မူလအခြေအနေသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိသွားတော့သည်။

ထိုအခါ လင်းလောင်တောင်ထိပ်သခင်မက လျှာနှစ်ခါ သပ်လိုက်မိသည်။

“ဒီသဘာဝအင်မော်တယ်သိုင်းကျမ်းရဲ့ ကုသအစွမ်းက တကယ်ပဲ အရမ်းကောင်းလွန်းတယ်”

လုရီက ပြုံးလိုက်သည်။

“ကျွန်တော့်ရဲ့ သဘာဝနိယာမ ကျွမ်းကျင်မှုကလည်း အားနည်းတဲ့အဆင့်မှာ မဟုတ်တော့ဘူးလေဗျ”

လင်းလောင်တောင်ထိပ်သခင်မ: “…”

သူမ စကားပင်မဆိုနိုင်တော့ဘဲ လုရီကို ဒိုင်းခနဲ မျက်စောင်းထိုးလိုက်သည်။

ဒီကောင်စုတ်လေးက စကားမပြောဘဲနေရင် သေသွားမှာကျနေတာပဲ။

“သွားကြစို့” ဟု သူမက သိသိသာသာ စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ပြောလိုက်သည်။

ထို့ကြောင့် အဖွဲ့သားများသည် သူတို့၏ခရီးကို ဆက်လက်ထွက်ခွာခဲ့ကြသည်။ လမ်းတွင် ကျိုယိုမိစ္ဆာများနှင့်တွေ့လျှင် တိုက်ခိုက်ကြပြီး၊ ပင်ပန်းလျှင် အနားယူကာ ကျိုယိုစစ်မြေပြင်ထဲသို့ ပိုမိုနက်ရှိုင်းစွာ စူးစမ်းစွန့်စားသွားကြတော့သည်။

သူတို့ ပိုမိုနက်ရှိုင်းစွာ စွန့်စားသွားလာသည်နှင့်အမျှ အနိုင်ယူခဲ့သော ကျိုယိုမိစ္ဆာအရေအတွက်မှာလည်း တိုးပွားလာပြီး၊ လုရီ ပြီးမြောက်ခဲ့သော အလုပ်များမှာလည်း တဖြည်းဖြည်း များပြားလာခဲ့သည်။

လုရီသည် အလွန်အံ့ဩဖွယ်ကောင်းသော ဖြစ်စဉ်တစ်ခုကိုလည်း သတိပြုမိလိုက် လေသည်။

All Chapters