ယင်ယန် တာအိုတံဆိပ်၊ ကယ်တင်ခြင်း...
Vol. 42 Ch. 616
~ကောင်းကင်ထက်မှ နယ်မြေကွဲထွက်သွားသည့်အခါ၊ အပေါက်ကျဉ်း တစ်ခု ပွင့်လာပြီး နောက်ထပ်နယ်မြေတစ်ခုဆီမှ ကျိုယို ချီစွမ်းအင်များ ပျံ့နှံ့လာနေသည်ကို သူမြင်လိုက်ရလေ၏။
အရာတစ်ခုခုက အတွင်းမှ ပေါက်ကွဲထွက်လာတော့မည့်ဟန်ရှိသည်။
ထိုအခြင်းအရာကို မြင်တွေ့လိုက်ရသည်နှင့်
လုရီ၏ ရင်ထဲတွင် အတိုင်းအဆမရှိ လေးနက်သွားလေတော့၏။
အခြေအနေသည် မည်သည့်ဘက်မှ အဆင်ပြေပုံ မပေါ်ချေ။
“လုရီ.. ဘာဖြစ်တာလဲ”
လုရီ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို ရိပ်မိလိုက်သည်နှင့် လျိုနင်ရွှမ်းနှင့် အခြားသူများက စိုးရိမ်တကြီး မေးလိုက်ကြသည်။
“တစ်ခုခုတော့ မှားနေပြီ။ သူတို့ ကျိုယို ကမ္ဘာကို သွားမယ့်လမ်းကို ဖွင့်နေကြတာ ဖြစ်နိုင်တယ်”
လုရီသည် ခေါင်းခါလိုက်၏။
“ဘာ?!”
လျိုနင်ရွှမ်းနှင့် အခြားသူတို့၏ မျက်နှာများမှာ အကြီးအကျယ် ပြောင်းလဲသွားလေ၏။အခြေအနေ၏ ဆိုးရွားမှုသည် သူမတို့ပင်လျှင် ရှင်းလင်းစွာ သိရှိနေကြသည်။
“ငါတို့ ဘာလုပ်သင့်လဲ”
လုရီသည် အဝေးရှိ အဆင့်မြင့် မိစ္ဆာ ကိုးကောင်ကို ကြည့်လိုက်၏။
ထိုကျိုယိုမိစ္ဆာ ကိုးကောင်၏ အရှိန်အဝါသည် အလွန်ပင် အားကောင်းလှပြီး၊ ၎င်းတို့ အားလုံးမှာ အဆင့်မြင့် နက်ရှိုင်းခြင်း အဆင့်
အင်မော်တယ်များပင် ဖြစ်လေသည်။
လက်ရှိ လုရီအတွက် ထိုမျှ အားကောင်းသော သတ္တဝါများသည် ကိုင်တွယ်ရ အခက်အခဲဆုံးပင်။ သို့သော်လည်း…
ကိုင်တွယ်ဖြေရှင်းရန် မဖြစ်နိုင်သည်မှာ၊ ထို အဆင့်မြင့် နက်ရှိုင်းခြင်း အဆင့် အင်မော်တယ် ကျိုယိုမိစ္ဆာ ကိုးကောင်မှ လုရီ မလွတ်မြောက်နိုင်ဟု ဆိုလိုခြင်း မဟုတ်ပေ။
သူသည် အဝေးရှိ ကျောက်တိုင်များပေါ်တွင်ရှိသော ကျင့်ကြံသူများကို လှမ်းကြည့်လိုက်ပြီး၊ ထို့နောက် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းကာ ညည်းတွားလိုက်လေ၏။
နောက်တစ်ခဏတွင် လုရီသည် လျိုနင်ရွှမ်းနှင့် အခြားသူများကို ကြည့်ပြီး၊ “စီနီယာ အစ်မ.. အစ်မတို့တွေရဲ့ ယင်ယန်တာအို တံဆိပ်ကို အပြည့်အဝ အသက်သွင်းဖို့ လိုတယ်” ဟု အသိပေးလိုက်၏။
ဤစကားကို ကြားလိုက်သောအခါ လျိုနင်ရွှမ်းနှင့် အခြားသူများက အချင်းချင်း အကြည့်ချင်းဖလှယ်ကြည့်ပြီး၊ ခေါင်းညိတ်လိုက်ကြသည်။
“နင့်ကို ကူညီနိုင်တာဟာ၊ ဒီရက်တွေ ငါတို့ ကျင့်ကြံခဲ့တာတွေ အချည်းအနှီး မဖြစ်ဘူးဆိုတာ ပြနေတာပဲ”
ကျန်းရူယွီသည် ပြုံးကာ ပြောလေသည်။
ယွင်ရှီးနှင့် သုန်းကုန်းမင်ယွဲ့တို့လည်း ပြုံးနေကြ၏။
ထို့နောက်တွင်၊ လျိုနင်ရွှမ်းတို့၏ ခန္ဓာကိုယ်ပတ်လည်၌ တာအိုပုံစံများ ဖြစ်သည့် ရေခဲ
တာအိုပုံစံများ၊ ဓားတာအိုပုံစံများ၊ မိုးကြိုးတာအိုပုံစံများနှင့် သဘာဝ တာအိုပုံစံများ လှုပ်ခတ်လာကြ၏။ ထိုတာအိုပုံစံများအပြင် ယင်ယန် တာအိုတံဆိပ်များလည်း လှုပ်ခတ်နေလေသည်။
သူမတို့၏ အရှိန်အဝါသည် သိသိသာသာ မြင့်တက်လာပြီး၊ စီးဆင်းနေသော အလင်းများအဖြစ် ပြောင်းလဲသွားကာ လုရီ၏ နဖူးပေါ်တွင် အလွန်နက်နဲသည့် ယင်ယန် တာအိုတံဆိပ်တစ်ခုကို ဖြစ်ပေါ်လာစေလေသည်။
လုရီသည် သူ၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သောအခါ အလွန် နက်နဲသော ပုံစံများ လှုပ်ခတ်နေသည်ကို တွေ့လိုက်ရ၏။
ယင်ယန်တာအိုတံဆိပ်၏ အမြင့်ဆုံးအဆင့်တွင်၊ လျိုနင်ရွှမ်းနှင့် အခြားသူများသည် တာအိုတံဆိပ်များအဖြစ်သို့ ပြောင်းလဲသွားနိုင်ပြီး၊ ၎င်းတို့၏ စွမ်းအားအားလုံးကို လုရီ၏ ခွန်အား တိုးတက်စေရန် ထုတ်လွှတ်ပေးနိုင်၏။ လျိုနင်ရွှမ်းနှင့် အခြားသူများ၏ စိတ်ခံစားမှုများထဲမှ နွေးထွေးသော ခံစားမှုများကို လုရီသည် ရှင်းလင်းစွာ ခံစားလိုက်ရသည်။
သူသည် လေပူတစ်ချက်ကို ရှူထုတ်လိုက်ပြီး၊ အင်မော်တယ် တက်လှမ်းခြင်း သိုင်းနည်းစနစ်ကိုလည်း စတင်အသုံးပြုလိုက်ရာ၊ သူ၏ အရှိန်အဝါသည် မနားတမ်း မြင့်တက်လာလေ၏။
အင်မော်တယ်တက်လှမ်းခြင်း သိုင်း နည်းစနစ်၏ အမြင့်ဆုံးအဆင့်နှင့်အတူ၊ ယင်ယန် တာအိုတံဆိပ်၏ စွမ်းအားအပြည့်အဝသည် လုရီ၏ အရှိန်အဝါကို အစစ်အမှန် အင်မော်တယ်အဆင့် ရှစ်လွှာအဆင့်သို့ ရောက်ရှိစေလေသည်။
လုရီ၏ ကိုယ်ပိုင်အခြေခံအုတ်မြစ်များနှင့် ပေါင်းစပ်လိုက်သောအခါ၊ သူ၏ ကြောက်မက်ဖွယ်အရှိန်အဝါကြောင့် ပတ်ဝန်းကျင်ရှိ ကျိုယိုမိစ္ဆာများအားလုံး ၎င်းကို အကြည့်လွှဲကာ စိုက်ကြည့်လာကြ၏။
၎င်းတို့အားလုံးသာမက၊ ကျောက်တိုင်များပေါ်တွင် ရှိသော ကျင့်ကြံသူများပင် တုန်ယင်လာပြီး၊ အရှိန်အဝါ၏ မူလအရင်းအမြစ်ဆီသို့ လှည့်ကြည့်လာကြသည်။
သူတို့၏ မျက်လုံးများမှာ မှေးမှိန်နေပြီး၊ လေထဲတွင် မရေမရာ လွင့်နေသော ဖယောင်းတိုင်မီးကဲ့သို့ ဖြစ်နေလေ၏။
ထိုအခိုက်အတန့်၌ စင်မြင့်၏ ထိပ်တွင် ရှိသော နက်ရှိုင်းခြင်းအဆင့် အင်မော်တယ် ကျိုယိုမိစ္ဆာများက ထူးဆန်းသော အသံတစ်မျိုးကို ထုတ်လွှတ်လိုက်ကြ၏။ ထို့နောက်၊ ကြီးမားသော အရှိန်အဝါသည် အဝေးမှ နေ၍ ဧရိယာ တစ်ခုလုံးကို လွှမ်းခြုံလာတော့သည်။
ပတ်ဝန်းကျင်ရှိ ကျိုယိုမိစ္ဆာများ ဖြစ်သည်ကို
လုရီ သဘောပေါက်လိုက်၏။ ဤအရှိန်အဝါများအနက်၊ အနိမ့်ဆုံးအဆင့်မှာ အစစ်အမှန်အင်မော်တယ်အဆင့်ဖြစ်ပြီး၊ နက်ရှိုင်းခြင်း အင်မော်တယ်အဆင့်ရှိသော ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှု များစွာပင် ရှိနေသေးသည်။
လုရီ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲပင်။ သူသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး၊ စင်မြင့် အပြင်ဘက်သို့ ရောက်ရှိကာ၊ အောက်ရှိ ကျိုယို မိစ္ဆာများကို ငုံ့ကြည့်လိုက်သည်။
ပုံစံအမျိုးမျိုး ရှိသော ကျိုယိုနတ်ဆိုး ကိုးကောင်သည် လေထဲသို့ တက်လာပြီး၊ ၎င်းတို့၏ ကြောက်မက်ဖွယ်ကောင်းသော ကျိုယိုစွမ်းအင်သည် ဝေ့ဝဲနေ၏။ ၎င်းတို့၏ အေးစက်သော မျက်လုံးများသည် လုရီကို မဖုံးကွယ်ထားသော လောဘဖြင့် စိုက်ကြည့်နေကြသည်။
ကျိုယိုမိစ္ဆာများက ဖရိုဖရဲ စိတ်လှိုင်းများကို ထုတ်လွှတ်လိုက်ကြသည်။
“တာအိုစွမ်းအင်... တာအိုစွမ်းအင် ဒီလောက်တောင် များနေတာ”
“ဟီးဟီးဟီး...သူ့ကို စားပစ်လိုက်! စားပစ်လိုက်! ငါတို့ အသွင်ပြောင်းမယ်!”
“...ဟီးဟီးဟီး..ဟီးဟီးဟီး.ဟီးဟီးဟီး...”
၎င်းတို့၏ စိတ်လှုပ်ရှားမှုများမှ၊ လုရီသည် ၎င်းတို့၏ ဆာလောင်မှုနှင့် အလျင်စလိုဖြစ်မှုတို့ကို ခံစားမိ၏။ အလွန်အရသာရှိသော အရာတစ်ခုနှင့် ကြုံတွေ့လိုက်ရသည့်အလားပင်။
လုရီ ရေခဲရေနှင့် ပက်ခံရသလို ကျောချမ်းသွားရ၏။ တာအိုစွမ်းအင်သည် ကျိုယိုအတွက်ပင် အဖိုးတန်ရတနာတစ်ခု ဖြစ်ပုံရလေသည်။
သူ အကြီးအကျယ် အံ့အားသင့်သွားသည်။
ကျိုယိုသည် မည်သည့် ကမ္ဘာမျိုး ဖြစ်ကြောင်း သူအတိအကျ မသိသော်လည်း၊ တာအိုစွမ်းအင်ကို စုပ်ယူနိုင်ခြင်းကို ထောက်ရှုရလျှင် တာအိုနယ်မြေအတွင်းတွင် ရှိနိုင်သည်ဟု ယူဆရလေသည်။
လုရီ၏ မျက်နှာသည် အေးစက်သွားပြီး၊ သူ၏ စိတ်ခံစားမှုများကို ဖော်ပြလိုက်သည်။
“ဟမ့်.. ငါ့ကို စားဖို့ စဉ်းစားနေတာ၊ မင်းတို့မှာ အဲဒီအရည်အချင်း မရှိဘူး”
“ဟိန်း!”
ရေဘဝဲနှင့်တူသော ကျိုယိုမိစ္ဆာတစ်ကောင်သည် ၎င်း၏ လက်တစ်ဖက်ကို ထုတ်လိုက်ပြီး၊ လုရီဆီသို့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထုတ်လွှတ်လိုက်ကာ သူ့ကို ဖမ်းရန် ကြိုးစားသည်။
သို့သော်၊ လုရီ၏ ခန္ဓာကိုယ်သည် နေရာလပ်ထဲမှ ရုတ်ချည်း ဖြတ်သန်းသွားပြီး၊ ကျိုယိုနတ်ဆိုး၏ တိုက်ခိုက်မှုကို ရှောင်တိမ်းသွားလေသည်။ ဝေ့ဝဲနေသော ကျိုယိုစွမ်းအင်၊ မီးတောက်များကဲ့သို့သော အရာများသည် သူ့ကို မည်သည့်အကျိုးသက်ရောက်မှုမျှ မပေးနိုင်ပေ။
လုရီသည် နေရာလပ်စွမ်းအင်ကို ပိုင်ဆိုင်ထားသည်ကို ရိပ်မိသောအခါ၊ ကျိုယိုနတ်ဆိုးအုပ်စုတစ်စုက စူးစူးရဲရဲအော်လိုက်ကြသည်။ ၎င်းတို့၏ ကျိုယိုစွမ်းအင်သည် ရုတ်တရက် မြင့်တက်လာပြီး၊ လုရီကို ထောင်ချောက်ဆင်ရန် နေရာလပ် တစ်ခုလုံးကို ပိတ်ဆို့ပစ်လိုက်ကြ၏။
ဤကျိုယိုမိစ္ဆာများအထဲတွင် ရွှေအင်မော်တယ်အဆင့်ရှိ သတ္တဝါများသာ ရှိနေခဲ့လျှင်၊ လုရီသည် တစ်ခါတည်းနှင့်ပင် ထွက်ခွာသွားမည် ဖြစ်သည်။သို့သော် ဤနေရာတွင် အားအကောင်းဆုံးသူသည် အဆင့်မြင့် နက်ရှိုင်းခြင်း အင်မော်တယ်အဆင့်တွင်သာ ရှိပြီး၊ သူသည် ရွှေအင်မော်တယ်အဆင့် သိုင်းနည်းစနစ်ပင် ဖြစ်သော ကောင်းကင်ဥမင်သိုင်းနည်းစနစ်ကို အထွတ်အထိပ် အဆင့်အထိ ကျွမ်းကျင်ပိုင်နိုင်ထားသည် ဖြစ်လေ၏။
ထို့အပြင်၊ သူ၏ နေရာလပ် နိယာမကို ကျွမ်းကျင်ပိုင်နိုင်မှုသည်လည်း နက်နဲနေသောကြောင့် အထွတ်အထိပ်အဆင့် နက်ရှိုင်းခြင်း အင်မော်တယ်များပင် သူ့ကို နေရာလပ်ထဲတွင် လုံးဝထောင်ချောက်ဆင်၍ မရနိုင်ချေ။
ထို့ပြင်…
လုရီသည် သူ၏ လက်ကို လှန်လိုက်ရာ၊ အဆင့်မြင့် အင်မော်တယ် လက်နက် ဖြစ်သော ကောင်းကင်ဥမင်ကျောက်ပြားပေါ်လာသည်။
ကောင်းကင်ဥမင်ကျောက်ပြား၏ အကူအညီဖြင့်၊ လုရီသည် နေရာလပ်ထဲတွင် ပိုမိုလွယ်ကူစွာ သွားလာနိုင်ပြီး၊ အဆင့်မြင့် နက်ရှိုင်းခြင်းအဆင့် အင်မော်တယ် ကျိုယို မိစ္ဆာ ကိုးကောင်၏ တားဆီးမှုအောက်တွင်ပင် လုံးဝ မကြောက်ရွံ့တော့ပေ။
သူ၏ ပုံသဏ္ဌာန်သည် လှုပ်ခတ်နေပြီး၊ ကျိုယိုမိစ္ဆာများ၏ တိုက်ခိုက်မှုအောက်တွင် ယိမ်းနွဲ့ကာကာ ရှောင်တိမ်းနေလေ၏။ လုရီ၏ လှုပ်ရှားမှုများကို လုံးဝတားဆီး၍ မရနိုင်သည်ကို တွေ့သောအခါ၊ မိစ္ဆာများစွာသည် ပြင်းထန်သော စိတ်လှိုင်းများကို ထုတ်လွှတ်လိုက်ကြသည်။ သို့သော်၊ ၎င်းတို့ကို တာအိုစွမ်းအင်ဖြင့် ပိတ်ဆို့ထားသောကြောင့် လုရီအပေါ် မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိနိုင်ချေ။
တိုက်ခိုက်မှုများကို ရှောင်တိမ်းနေစဉ်၊ လုရီသည် ပတ်ဝန်းကျင်ရှိ ကျောက်တိုင်များဆီသို့ ဖျတ်ခနဲ လှည့်ကြည့်လိုက်သည်။
ထိုအခိုက်အတန့်တွင်၊ ကျောက်တိုင်များပေါ်တွင် အသက်ရှင်နေသော ကျင့်ကြံသူများသည် သူတို့၏ မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ထားကြပြီး လေထဲမှ ပျံလွှားနေသော လုရီကို တအံ့တဩ စိုက်ကြည့်နေကြလေသည်။