← Chapters

ယင်ယန် တာအိုတံဆိပ်၊ ကယ်တင်ခြင်း_၂...

Vol. 42 Ch. 617

ယင်ယန် တာအိုတံဆိပ်၊ ကယ်တင်ခြင်း_၂...

Vol. 42 Ch. 617

~ကျင့်ကြံသူတို့သည် မိမိတို့၏ မျက်လုံးများကိုပင် မယုံနိုင်ပေ။ အစစ်အမှန် အင်မော်တယ် ရှစ်လွှာအဆင့် ကျင့်ကြံသူတစ်ဦးအား အဆင့်မြင့် နက်ရှိုင်းခြင်း အင်မော်တယ် ကျိုယိုမိစ္ဆာ ကိုးကောင်က ဝိုင်းရံတိုက်ခိုက်နေသော်လည်း၊

မည်သည့် ထိခိုက်ဒဏ်ရာမှ မရှိဘဲ လွယ်ကူစွာ ကိုင်တွယ်ဖြေရှင်းနေသည်ကို တွေ့ရလေ၏။

ထို နက်ရှိုင်းခြင်း အဆင့် အင်မော်တယ် ကျိုယိုမိစ္ဆာ ကိုးကောင်သည်လည်း သာမန် နက်ရှိုင်းခြင်း အဆင့် အင်မော်တယ်များ မဟုတ်ဘဲ၊ အားအကောင်းဆုံးသော နက်ရှိုင်းခြင်း အဆင့်

အင်မော်တယ်များပင်။ အထူးသဖြင့် ကြယ်တာရာနယ်မြေတပ်မတော်မှ စစ်သည်သုံးဦးသည် ၎င်းတို့၏ ကိုယ်ပိုင် မျက်လုံးများကိုပင်

မယုံကြည်နိုင်ကြပေ။

၎င်းတို့သည် အားအကောင်းဆုံးသော မိစ္ဆာများနှင့် တိုက်ခိုက်ခဲ့ဖူးပြီး၊ ကျိုယိုမိစ္ဆာများ၏ ပြင်းထန်မှုကို ကောင်းစွာသိရှိထားသူများပင်။ အစစ်အမှန် အင်မော်တယ် အဆင့်ရှစ်လွှာခွန်အားသာရှိသည့် လူငယ်တစ်ဦးသည် ၎င်းတို့ကို ဒုက္ခပေးနိုင်လိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ပေ။

ဤသည်မှာ တကယ်ကိုပင် ရူးသွပ်လွန်းလှသည်မဟုတ်လား။

“နေဦး…ဒါ၊ ဒါက... သခင်လေး လုရီ...လား?!”

ကြယ်တာရာနယ်မြေ တပ်မတော်မှ ခေါင်းဆောင်သည် အံ့အားသင့်စွာ ပြောလိုက်၏။ သူ့ကိုယ်ခန္ဓာသည် တစ်စိတ်တစ်ပိုင်း ပျက်စီးနေသော်လည်း ဤသို့သော အဖြစ်အပျက်မျိုးကို မြင်တွေ့လိုက်ရခြင်းက သူ၏ ခံစားချက်ကိုပင် ထိခိုက်စေလေ၏။

အခြား ကြယ်တာရာနယ်မြေ တပ်မတော်မှ စစ်သည်နှစ်ဦးလည်း ရုတ်တရက် သဘောပေါက်သွားလေသည်။ ဤလူမှာ လုရီ ဖြစ်နေ၏။

သူတို့၏ မျက်လုံးများမှာ ပြူးထွက်လာတော့မတတ်ပင်။

“မဟုတ်ဘူး၊ ဒါမဖြစ်နိုင်ဘူး… နောက်ဆုံး ကျွန်တော်တို့ သခင်လေး လုရီကို ထျန်းမင်ကြယ်စနစ်မှာ တွေ့တုန်းက သူက ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူလေးပဲ ရှိသေးတာ… အခု၊ အခု သူက ဘယ်လိုလုပ် အစစ်အမှန် အင်မော်တယ်ဖြစ်လာတာလဲ”

သူတို့သည် လုံးဝ နားမလည်နိုင်တော့ပေ။

ထိုအခိုက်တွင်၊

“မင်းတို့အားလုံးကို ငါကယ်တင်ပေးမယ်”

လုရီ၏ ပုံရိပ်သည် ကျောက်တိုင်တစ်ခုနှင့်

မနီးမဝေးတွင် ပေါ်လာပြီး၊ ကြယ်တာရာနယ်မြေတပ်မှ ကျင့်ကြံသူသုံးဦးကို ကြည့်၍ ဆိုလိုက်၏။

ဤစကားကို ကြားလိုက်သောအခါ၊ ကြယ်တာရာနယ်မြေတပ်မတော်မှ စစ်သည်သုံးဦး၏ မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး၊ ထိုနောက် သူတို့၏ခေါင်းဆောင်က "မဖြစ်ဘူး! သခင်လေး

လုရီ၊ ကျွန်တော်တို့ကို မကယ်ပါနဲ့!" ဟု ဝမ်းနည်းသော လေသံဖြင့် ပြောလိုက်လေ၏။

အနီးနားရှိ ကျင့်ကြံသူများလည်း ဤစကားကို ကြားလိုက်သောအခါ၊ ၎င်းတို့၏မျက်နှာများ ပြောင်းလဲသွားပြီး၊ “စီနီယာ၊ ကျွန်တော်တို့ကို ကယ်ပါ!” ဟု အလျင်အမြန် ပြောဆိုလိုက်ကြသည်။

“စီနီယာ! ကျွန်တော်တို့ကို ကယ်ပေးပါ၊ ကျွန်တော်တို့ မသေသေးဘူး၊ ကျွန်တော်တို့ကို ကယ်တင်နိုင်သေးတယ်!”

တောင်းပန်သော အသံများ ဆက်တိုက်ထွက်ပေါ်လာတော့သည်။

လုရီသည် သူ၏ မျက်ခုံးများကို တွန့်ချိုးလိုက်ပြီး၊ တိုက်ခိုက်မှု တစ်ခုကို ရှောင်တိမ်းလိုက်သည်။

ထို ကျီယိုမိစ္ဆာများက ကျောက်တိုင်များကို တမင်တကာ ရှောင်ရှားနေသဖြင့် တိုက်ခိုက်မှုများက ၎င်းတို့ကို မထိမှန်ပေ။

“ဘာလို့ ငါ့ကို မကယ်တင်ခိုင်းတာလဲ”

လုရီက မေးလိုက်၏။

ကြယ်တာရာနယ်မြေ တပ်မတော်မှ ခေါင်းဆောင်သည် ခါးသီးစွာ ပြုံးလိုက်ပြီး

“ကျွန်တော်တို့ ကျိုယိုစွမ်းအင်နဲ့ တိုက်စားခံရပြီးပြီ။ သခင်လေး လုရီ ကယ်တင်ရင်တောင်မှ

မကြာခင်မှာ ကျွန်တော်တို့ လုံးဝကို ကျိုယိုမိစ္ဆာတွေအဖြစ် ပြောင်းလဲသွားတော့မှာ”

နောက်ထပ် ကြယ်တာရာနယ်မြေ တပ်မတော်မှ စစ်သည်တစ်ဦးကလည်း ခါးသီးစွာ ရယ်မောလိုက်ပြီး၊

“ဒီနေရာမှာ သခင်လေး လုရီကို တွေ့ရတာ ကျွန်တော်တို့အတွက် ကံကောင်းခြင်းပဲ။ ကြယ်တာရာနယ်မြေ တပ်မတော်ဟာ

ထျန်းလောင်ကို စောင့်ရှောက်ဖို့ ရည်မှန်းထားတာ။ ဒါကြောင့် ထျန်းလောင်မှာ ကပ်ဆိုးတွေ ဖြစ်စေတဲ့ မိစ္ဆာတွေအဖြစ် ပြောင်းလဲလို့ မရဘူးလေ! ကျေးဇူးပြုပြီး သခင်လေး လုရီ၊ ကျွန်တော်တို့ကို သတ်ပေးပါ!”

“ဟုတ်တယ်၊ သခင်လေး လုရီ၊ ကျွန်တော်တို့ကို သတ်ပစ်ပါ! ဒီနတ်ဆိုးတွေက ကျွန်တော်တို့ရဲ့ အနှစ်သာရသွေးနဲ့ ဝိညာဉ်တွေကို အသုံးပြုပြီး လမ်းကြောင်းတစ်ခုကို ဖွင့်ချင်နေတာ!”

ရွှေအင်မော်တယ်အဆင့် ကျိုယိုမိစ္ဆာများ ပေါ်ပေါက်လာလျှင် ထျန်းလောင်ကို ကပ်ဘေးဆိုက်စေမည် ဟူသော အချက်ကို ကျန်ရှိနေသေးသော ကြယ်တာရာနယ်မြေတပ်မှ စစ်သည်တစ်ဦးက အသံအက်အက်ဖြင့် အော်ဟစ် ပြောပြလိုက်လေ၏။

ဤစကားကို ကြားလိုက်သောအခါ၊ အနီးအနားတွင် တောင်းပန်နေသော ကျင့်ကြံသူများထဲမှ အချို့သည် တိတ်ဆိတ်သွားကြပြီး၊ ၎င်းတို့၏ မျက်လုံးများမှာ သိသိသာသာ မှေးမှိန်သွားသည်။

၎င်းတို့၏ အခြေအနေကို ၎င်းတို့ကိုယ်တိုင်သာ အသိဆုံးပင်။

သို့သော်လည်း၊ ကျင့်ကြံသူအချို့သည် မကျေနပ်သော အမူအရာကို ပြသနေဆဲပင်။ ၎င်းတို့က “စီနီယာ! ကျွန်တော်တို့ လုံးဝတိုက်စားခံရတာ မဟုတ်သေးဘူး၊ ကျွန်တော်တို့ကို ကယ်တင်နိုင်သေးတယ်၊ ကျေးဇူးပြုပြီး..ကယ်ပေးပါဗျာ!” ဟု တောင်းပန်နေကြ၏။

“စီနီယာ၊ ကျွန်တော့်ကို ကယ်ပေးပါ၊ ကျွန်တော်

မသေချင်သေးဘူး!”

“...”

ဤသို့သော စကားများကို ကြယ်တာရာနယ်မြေတပ်မတော်မှ ကြားရသောအခါ၊ လုရီသည်

မရယ်ဘဲ မနေနိုင်တော့ပေ။

တိုက်စားခြင်း။

နက်ရှိုင်းစွာ တိုက်စားခံထားရလျှင်တောင်မှ၊ ၎င်းကို ဖယ်ရှားနိုင်သည်ဟု လုရီက ယုံကြည်နေသည်။

မည်သို့ပင်ဆိုစေကာမူ၊ လုရီ၏ တာအိုစွမ်းအင်သည် အလွန်ပင် အားကောင်းလှပြီး၊ တာအိုရတနာများစွာကိုလည်း စုပ်ယူထားသည် မဟုတ်လား။

ထို့အပြင်၊ သူသည် ၎င်းကို အမှန်တကယ် ဖယ်ရှားနိုင်ခြင်း မရှိလျှင်တောင်မှ၊ ကျိုယိုမိစ္ဆာများအဖြစ်သို့ ပြောင်းလဲသွားသော ကျင့်ကြံသူများကို ကိုင်တွယ် ဖြေရှင်းနိုင်မည်ဟု လုရီ ယုံကြည်နေသည်။

“မင်းတို့ အသက်ရှင်နိုင်တယ်။ စိတ်မပူနဲ့။ ငါ့မှာ ကျိုယို တိုက်စားမှုကို ဖယ်ရှားဖို့ နည်းလမ်းရှိတယ်”

လုရီက နောက်ထပ်တိုက်ခိုက်မှုတစ်ခုကို ရှောင်တိမ်းလိုက်ရင်း ညင်သာစွာ ပြောလိုက်လေ၏။

ဤစကားကို ကြားလိုက်သောအခါ၊ လူတိုင်း ရပ်တန့်သွားပြီး၊ ၎င်းတို့၏ မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ကာ လုရီကို ကြည့်လိုက်ကြသည်။

ကြယ်တာရာနယ်မြေ တပ်မတော်မှ စစ်သည်သုံးဦးပင်လျှင် ထိုနည်းအတိုင်းပင် ခံစားနေကြသည်။

မိမိတို့ အသက်ရှင်နိုင်မည်ဆိုလျှင်၊ မည်သူက သေခြင်းကို ရွေးချယ်မည်နည်း။

ကြယ်တာရာနယ်မြေ တပ်မတော်ပင် ထိုနည်းအတိုင်းပင် တွေးနေသည်။

လုရီသည် နက်ရှိုင်းစွာ တိုက်စားခံရသော ကျိုယိုစွမ်းအင်ကို ဖယ်ရှားနိုင်သည်ကို သူတို့

မယုံကြည်နိုင်ကြပေ။

ဤအဆင့်ရှိ ကျိူယိုစွမ်းအင်သည် အင်မော်တယ်ဧကရာဇ် အဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် ဖယ်ရှားနိုင်မည် မဟုတ်ပေ။

သို့သော်၊ အစစ်အမှန် အင်မော်တယ် အဆင့်သာရှိသော လုရီသည် ကျိုယိုမိစ္ဆာများ၏ ကျိုယိုစွမ်းအင်များစွာကို ခံနိုင်ရည်ရှိသည်ကို မြင်သောအခါ၊ ၎င်းတို့သည် အနည်းငယ် ယုံကြည်လာကြလေသည်။ နောက်တစ်ခဏတွင်၊ နက်နဲခြင်း တာအိုပုံစံများက လုရီ၏ မျက်လုံးများထဲတွင် လင်းလက်လာစဉ် သူ၏လက်ထဲရှိ ကောင်းကင်ဥမင်ကျောက်ပြားက ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်ဖိအားများကို ထုတ်လွှတ်လိုက်လေ၏။

နေရာလပ် စွမ်းအားသည် စင်မြင့် တစ်ခုလုံးကို လွှမ်းခြုံထားသည်။

နောက်တစ်ခဏတွင်၊ ကျင့်ကြံသူ အားလုံးကို နေရာလပ်စွမ်းအားက ဆွဲခေါ်သွားပြီး၊ လုရီ၏ ဘေးသို့ ရောက်ရှိသွားကြ၏။

ဤမြင်ကွင်းကို မြင်လိုက်သောအခါ၊ နက်ရှိုင်းခြင်း အင်မော်တယ်အဆင့် ကျိုယို မိစ္ဆာများအားလုံး ချက်ချင်းပင် ဒေါသထွက်သွားကြသည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက လုရီကို ဝိုင်းရံထားသည်။

သို့သော်၊ ဤတစ်ကြိမ်တွင် လုရီသည် စင်မြင့် အတွင်း၌ ရှောင်တိမ်းနေခြင်း မရှိတော့ပေ။ သူသည် ပြင်းထန်စွာ ဒဏ်ရာရထားသော ကျင့်ကြံသူ အုပ်စုနှင့်အတူ စင်မြင့်မှ ထွက်ခွာသွားခဲ့သည်။

မထွက်ခွာမီတွင်၊ လုရီသည် အလင်းတန်းငါးခုကို ပစ်လွှတ်လိုက်၏။

အဆင့်နိမ့် အင်မော်တယ် လက်နက် မိစ္ဆာ တစ်သောင်း ခေါင်းလောင်း၊ အဆင့်နိမ့် အင်မော်တယ် လက်နက် ကောင်းကင်ဖြိုဓား၊ အဆင့်နိမ့် အင်မော်တယ် လက်နက် ကျောက်စိမ်းကြယ်တာရာယာဉ်၊ အဆင့်နိမ့် ကောင်းကင်ဇာစ်မြစ် အခင်းအကျင်း မြေပုံ၊ အလယ်အလတ် အဆင့် အင်မော်တယ် လက်နက် သွေးသတ်လက်အိတ်!

ဤအလင်းတန်းများသည် ကျောက်တိုင်ငါးခုပေါ်သို့ ကျရောက်သွား လေသည်။

လုရီ၏ မျက်လုံးများက အလင်းရောင်များဖြင့် လင်းလက်လာပြီး၊ သူ၏ မူလဝိညာဉ်ကို အသက်သွင်းလိုက်လေ၏။

“ပေါက်ကွဲစမ်း”

ဘုန်း! ဘုန်း! ဘုန်း! ဘုန်း! ဘုန်း!

အင်မော်တယ်လက်နက်များ၏ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲအားသည် အလွန်ပင် ထိတ်လန့်စရာကောင်း၏။

အထူးသဖြင့် အလယ်အလတ် အဆင့် အင်မော်တယ် လက်နက်၏ ပေါက်ကွဲအားသည် အထွတ်အထိပ် နက်ရှိုင်းခြင်း အင်မော်တယ်တစ်ဦး၏ စွမ်းအားကိုပင် ကျော်လွန်သွားသည်။

ထိုသို့သော အားကောင်းသည့် စွမ်းအားအောက်တွင်၊ ဝိညာဉ်အလင်းတန်းများ မြင့်တက်လာပြီး ‌နေရာလပ်မျဥ်းများ လိမ်ပတ်သွား၏။

ကျောက်တိုင်ငါးခုအနက် နှစ်ခုသည် လုံးဝ ကွဲထွက်သွားပြီး၊ ကျန်သုံးခုမှာလည်း အက်ကွဲကြောင်းများ ပေါ်လာကာ၊ အခင်းအကျင်းပုံစံများ မှေးမှိန်သွားသည်။

အဆိုပါ ပေါက်ကွဲမှုအပြီးတွင်၊ နက်ရှိုင်းခြင်း အင်မော်တယ်အဆင့် ကျိုယို မိစ္ဆာကိုးကောင်

ထွက်ပေါ်လာကြပြီး၊ ၎င်းတို့၏ ကျိုယိုစွမ်းအင်မှာ သိသိသာသာ မှေးမှိန်သွားလေသည်။

၎င်းတို့သည် အလွန်ပင် ဒေါသထွက်နေကြပြီး၊ ကြောက်မက်ဖွယ် စိတ်လှုပ်ရှားမှုများကို ထုတ်လွှတ်လိုက်ရာ၊ ရူးသွပ်လုမတတ်ပင်။

ဤတိုက်ခိုက်မှုသည် တစ်စိတ်တစ်ပိုင်း ဖွင့်ထားသော လမ်းကြောင်းကို တိုက်ရိုက်ပင် ကျိုးပဲ့သွားစေသည်။

လုရီသည် အေးစက်စွာ ရယ်မောလိုက်ပြီး၊ ကောင်းကင်ဥမင်သိုင်းနည်းစနစ်ကို အင်အား

အပြည့်အဝ ထုတ်ဖော်လိုက်ကာ နေရာမှ ပျောက်ကွယ်သွားလေတော့၏။

ကောင်းကင်ဥမင် သိုင်းနည်းစနစ်ကို အဆက်မပြတ် အသုံးပြုပြီးနောက်၊ လုရီသည် နေနီလှေပျံကို ထုတ်ယူလိုက်ပြီး၊ အုပ်စုနှင့်အတူ အတွင်းသို့ ဝင်ရောက်သွားသည်။

All Chapters