← Chapters

အလုပ် ၃ ခု၊ ကြီးမားသော အကျိုးအမြတ် (အပိုင်း ၂) ...

Vol. 42 Ch. 620

အလုပ် ၃ ခု၊ ကြီးမားသော အကျိုးအမြတ် (အပိုင်း ၂) ...

Vol. 42 Ch. 620

~သူက လုရီကို ကြည့်ပြီး ပြောလိုက်သည်။

“သခင်လေးလုရီ၊ ခင်ဗျား တခြားသူတွေကိုခေါ်ပြီး သွားနှင့်ပါ၊ ကျွန်တော် ဒီကျိုယိုမိစ္ဆာတွေကို ခဏလောက် ထိန်းထားပေးမယ်။"

သူ့ဘေးတွင် ရပ်နေသော ကြယ်တာရာနယ်မြေတပ်မတော်မှ အဖွဲ့ဝင်နှစ်ဦးသည်လည်း မျက်နှာအမူအရာ ခိုင်မာစွာဖြင့် မတ်တပ်ထရပ်လိုက်ကြ၏။

ကြယ်တာရာနယ်မြေတပ်မတော်၏ အဖွဲ့ဝင်များအနေဖြင့် သူတို့၏ ညီအစ်ကိုများကဲ့သို့ပင် စစ်မြေပြင်တွင် အသက်ပေးလှူရန်မှာ သူတို့၏ ကံကြမ္မာပင် ဖြစ်သည်တကား။

ပတ်ဝန်းကျင်မှ ကျင့်ကြံသူများ၏ မျက်နှာအမူအရာများ ပျက်ယွင်းသွားပြီး အချို့မှာ ဆုံးဖြတ်ချက်ချရန် ချီတုံချတုံ ဖြစ်နေကြသည်။

အကြောင်းမူကား၊ သူတို့အများစုမှာ ကျိုယို စစ်မြေပြင်သို့ ရောက်နေကြခြင်းသည် အင်မော်တယ်တစ်ပါး၏ တာဝန်ဝတ္တရားကြောင့်သာ ဖြစ်သည်။

အပြင်လောကတွင်မူ သူတို့အားလုံးသည် မာန်မာနထောင်လွှားနိုင်သော၊ မြင့်မြတ်သည့် အဆင့်အတန်းများကို ပိုင်ဆိုင်ထားသည့် အင်မော်တယ်များသာ ဖြစ်ကြ၏။

အသက်ရှင်နိုင်မည်ဆိုလျှင်တော့ သေချင်စိတ်ရှိမည်မဟုတ်သည်မှာ သဘာဝကျပါသည်။

လုရီက ပြုံးလိုက်ပြီး "ဘယ်သူက ခင်ဗျားတို့ကို ထိန်းထားခိုင်းမယ် ပြောလို့လဲ။ ကျွန်တော် ခင်ဗျားတို့ကို ကယ်တင်ခဲ့ပြီးမှတော့ စခန်းကို ဘေးမသီရန်မခဘဲ ပြန်ခေါ်သွားမှာပေါ့။"

"ဒါပေမဲ့ သခင်လေး ပြောတာက... ကျိုယိုနတ်ဆိုး

ကောင်တွေ လိုက်မီတော့မယ်ဆို။"

"အဲ့ဒါက နေနီလှေပျံကို လိုက်မီတော့မှာကို ပြောတာလေ။ ကျွန်တော်လည်း အတော်လေး ပြန်ကောင်းနေပြီ၊ ခင်ဗျားတို့အားလုံးကို ပြန်ခေါ်သွားဖို့ လုံလောက်ပါတယ်။"

လုရီက လေးနက်စွာ ပြောလိုက်သည်။

အလုပ် ပြီးဆုံးသွားပြီဖြစ်၍ သူသာ သူတို့ကို ဂရုမစိုက်ဘဲ ထားခဲ့လျှင်ပင် လုရီအတွက် တစ်စုံတစ်ရာ ဆုံးရှုံးမှုရှိမည်မဟုတ်ပေ။

သို့သော် လုရီတစ်ယောက် တာဝန်ယူလိုက်ပြီဆိုမှတော့ သူတို့ကို ပစ်ထားခဲ့မည်မဟုတ်သည်မှာ အသေအချာပင်။

အမှန်တကယ်တွင် သူ၏ အင်မော်တယ်ဝိညာဉ်စွမ်းအင် အပြည့်အဝ မပြည့်ဖြိုးသေးလျှင်ပင် လူတိုင်းကို ပြန်ခေါ်သွားနိုင်သေးသည်။

အကြောင်းမှာ သူ၏ အတွင်း၌ ကမ္ဘာငယ်ပုလဲတစ်လုံး ရှိနေပြီး၊ ထိုအထဲတွင် သူ၏ စွမ်းအားကို အဆက်မပြတ် ထောက်ပံ့ပေးနိုင်လောက်သည့် အလျှံပယ် များပြားသော အင်မော်တယ်ဝိညာဉ်စွမ်းအင်များ ရှိနေသောကြောင့် ဖြစ်သည်။

သို့ရာတွင် ဤသည်မှာ လုရီ၏ တန်ဖိုးအထားဆုံး လျှို့ဝှက်ကတ်ပြားများထဲမှ တစ်ခုဖြစ်ရာ လုံးဝလိုအပ်သည့် အခြေအနေမှလွဲ၍ သူ ထုတ်သုံးမည်မဟုတ်ချေ။

ဤစကားကို ကြားသောအခါ၊ ကြယ်တာရာနယ်မြေတပ်မတော်မှ အဖွဲ့ဝင်သုံးဦးနှင့် အခြားကျင့်ကြံသူများ အားလုံး မှင်တက်သွားကြတော့၏။

အရေအတွက်များပြားသော ကျင့်ကြံသူများကို နေရာလပ်ခရီးဖြင့် သယ်ဆောင်ရန် မည်မျှကြီးမားသော စွမ်းအားလိုအပ်သည်ကို သူတို့ သိကြသည်ဖြစ်ရာ၊ သခင်လေးလုရီက ဒီလောက် မြန်မြန် ပြန်ကောင်းလာခဲ့သည်လား။

ဒါက ဘယ်လို ပြန်လည်ကောင်းမွန်နှုန်းမျိုးလဲ။

လုရီသည် သူတို့၏ အတွေးများကို ဂရုမစိုက်ဘဲ၊ ခုခံခြင်းမပြုရန် မှာကြားလိုက်ပြီးနောက် လူတိုင်းကို သယ်ဆောင်၍ နေနီလှေပျံမှ ထွက်ခွာသွားလေသည်။

ကျိုယိုမုန်တိုင်းသည် ကြောက်မက်ဖွယ်ရာ လှိုင်းလုံးကြီးများကဲ့သို့ တလိမ့်လိမ့်တက်လာပြီး လူတိုင်းထံသို့ တိုက်ခတ်လာရာ ကျင့်ကြံသူအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။

"ကျိုယိုမုန်တိုင်း!"

"ငါတို့တော့ သွားပြီ။"

သူတို့သည် ခန်းမဆောင်ထဲတွင် ဒဏ်ရာများကို ကုသနေခဲ့ကြရာ နေနီလှေပျံအပြင်ဘက်မှ ကြောက်မက်ဖွယ် ကျိုယိုမုန်တိုင်းအကြောင်းကို လုံးဝမသိခဲ့ကြပေ။

ကျိုယိုမုန်တိုင်းအောက်တွင်၊ အပြင်းအထန် ဒဏ်ရာရထားသော သူတို့အဖို့ ခုခံနိုင်စွမ်း လုံးဝရှိမည် မဟုတ်။

သို့သော်၊ သူတို့၏ အခြေအနေအတွက် နောင်တရချိန်ပင် မရလိုက်ခင်မှာပင်၊ ကျိုယိုမုန်တိုင်းအားလုံးသည် တာအိုစွမ်းအင်များကြောင့် ပိတ်ဆို့ခံလိုက်ရရာ ကျင့်ကြံသူအားလုံး၏ မျက်နှာ ကြွက်သားများတောင့်တင်းသွားတော့သည်။

ထိုအခိုက်အတန့်တွင် လုရီသည် နေနီလှေပျံကို သိမ်းဆည်းလိုက်ပြီး၊ ကောင်းကင်ဥမင်ကျောက်ပြားကို ထုတ်ယူကာ နေရာလပ်ထဲတွင် ကူးပြောင်းရွှေ့လျားနေလေပြီ။

လုရီနှင့် အခြားသူများ ထွက်ခွာသွားပြီး မကြာမီမှာပင်၊ ထိုအစွမ်းထက်သော ကျိုယို မိစ္ဆာများသည် နေနီလှေပျံရှိခဲ့ရာ နေရာသို့ ရောက်ရှိလာကြပြီး နေရာလပ် လှိုင်းထန်မှုများကို အာရုံခံမိသောအခါ အလွန်အမင်း ဒေါသထွက်ကာ တစ်ဖန် သည်းကြီးမည်းကြီး ဖမ်းဆီးကြပြန်သည်။

သို့ရာတွင်၊ လုရီ၏ အဆက်မပြတ် နေရာလပ် ကူးပြောင်းနှုန်းသည် နေနီလှေပျံထက်ပင် ပိုမိုမြန်ဆန်လှ၏။

နေရာလပ်ကူးပြောင်းမှု အကြိမ်အနည်းငယ် ပြုလုပ်ပြီးနောက်၊ လုရီသည် စခန်း၏ မဟာအခင်းအကျင်းကို ဖြတ်သန်းကာ စ အခြေစိုက် စခန်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

စခန်း၏ ရင်ပြင်ပေါ်တွင် လူတိုင်း ပေါ်ထွက်လာကြပြီး၊ လုရီသည် ကျင့်ကြံသူအများအပြားကို ချပေးလိုက်ပြီးနောက် သက်ပြင်းတစ်ချက်ကို ရှိုက်ထုတ်လိုက်သည်။

သူ၏ နဖူးပေါ်ရှိ တာအိုတံဆိပ်သည် တဖျပ်ဖျပ်လက်သွားပြီး လျိုနင်ရွှမ်းနှင့် အခြားသုံးဦး ပေါ်ထွက်လာကြသည်။

ထိုအချိန်တွင် ကျင့်ကြံသူများသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြရာ သူတို့၏ မျက်နှာအမူအရာများတွင် နားမလည်နိုင်သော အံ့ဩမှု အရိပ်အယောင်များ ထင်ဟပ်နေဆဲ။

"...ဒါက စခန်းလား။"

"ငါတို့ တကယ်ပြန်ရောက်လာတာလား။"

သူတို့အတွက် ယုံရခက်နေပါ၏။

လူများ ပေါ်ထွက်လာသည်နှင့် စခန်းအတွင်းရှိ ကျင့်ကြံသူများ၏ အာရုံကို ဆွဲဆောင်လိုက်သည်မှာ သဘာဝပင်။

အလင်းတန်းများသည် ရင်ပြင်ထက်သို့ လျင်မြန်စွာ ရောက်ရှိလာကြရာ၊ ထိုအထဲတွင် လင်းလောင်တောင်ထိပ်သခင်မနှင့် စုန့်တာဟုန်ကဲ့သို့ ကြယ်တာရာနယ်မြေတပ်မတော်မှ စွမ်းအားရှင်များလည်း ပါဝင်သည်။

လုရီနှင့် အခြားသူများ၊ အထူးသဖြင့် အပြင်းအထန် ဒဏ်ရာရထားသော ကြယ်တာရာနယ်မြေတပ်မတော်မှ အဖွဲ့ဝင်များကို မြင်သောအခါ လူတိုင်း၏ မျက်နှာထားများ သုန်မှုန်သွားကြသည်။

လင်းလောင်တောင်ထိပ်သခင်မသည် လုရီထံသို့ ချဉ်းကပ်လာပြီး သူ့နှင့် သူ့ဘေးမှ အခြားသူများကို ကြည့်ကာ မေးလိုက်၏။

"ဘယ်လိုလဲ။ အခြေအနေမဆိုးဘူး မဟုတ်လား။"

"ဘာမှမဖြစ်ပါဘူး ဆရာ။ တပည့်တို့က အတော်လေး အစွမ်းထက်ပါတယ်။"

သုန်းကုန်းမင်ယွဲ့က ခပ်ပြုံးပြုံးဖြင့် ပြောလိုက်ရာ သူ၏ အမူအရာမှာ အတော်လေး အောင်နိုင်သူဟန် ပေါက်နေသည်။

ယင်ယန်တာအိုတံဆိပ်ကို အသုံးပြုပြီး လုရီ၏ တန်ခိုးစွမ်းအားကို ခံစားလိုက်ရပြီးနောက် သုန်းကုန်းမင်ယွဲ့သည် စိတ်ကြီးဝင်ကာ သူမကိုယ်သူမ မယုံနိုင်လောက်အောင် အစွမ်းထက်နေပြီဟု ထင်နေတော့သည်။

လင်းလောင်တောင်ထိပ်သခင်မက သုန်းကုန်းမင်ယွဲ့ကို တစ်ချက်ကြည့်လိုက်ပြီး လက်ညှိုးဖြင့် တစ်ချက် တောက်လိုက်ရာ "ဖြောင်း" ဟူသော အသံနှင့်အတူ သုန်းကုန်းမင်ယွဲ့သည် သူမ၏ နဖူးကို ကိုင်ကာ ဆောင့်ကြောင့်ထိုင်ချလိုက်တော့သည်။

"ဘာလို့ ဒီလောက်တောင် စိတ်ကြီးဝင်နေရတာလဲ။ ပြဿနာရှာချင်နေတာလား။"

လင်းလောင်တောင်ထိပ်သခင်မက ဘာပြောရမှန်းမသိဟန်ဖြင့် ဆိုလိုက်၏။

လျိုနင်ရွှမ်းနှင့် အခြားသူများမှာ မရယ်ဘဲ မနေနိုင်ကြတော့ပေ။

လုရီက ခေါင်းခါလိုက်ပြီး ပြောလိုက်၏။

"တပည့်တို့တော့ ဘာမှမဖြစ်ပါဘူး၊ ဒါပေမဲ့ ဟိုဘက်မှာတော့ ကိစ္စတစ်ခု ဖြစ်ခဲ့တယ်။"

လင်းလောင်တောင်ထိပ်သခင်မ၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။

"ဘာဖြစ်ခဲ့တာလဲ။"

"အဲ့ဒီအကြောင်းကိုတော့ သူတို့ကို မေးကြည့်သင့်ပါတယ်၊ သူတို့က ပိုသိနိုင်လောက်တယ်။"

လုရီက သူ ကယ်တင်ခဲ့သော ကြယ်တာရာနယ်မြေတပ်မတော်နှင့် အခြားကျင့်ကြံသူများဘက်သို့ မေးငေါ့ပြလိုက်သည်။

ထိုအချိန်တွင် စုန့်တာဟုန်နှင့် ကြယ်တာရာနယ်မြေတပ်မတော်မှ အဖွဲ့တစ်ဖွဲ့သည် အပြင်းအထန် ဒဏ်ရာရထားသော တပ်သားသုံးဦးကို ဝန်းရံထားကြပြီး၊ ထိုအထဲတွင် လုရီတို့အဖွဲ့ အပြန်လမ်းတွင် ကယ်တင်ခဲ့သော နှစ်ဦးလည်း ပါဝင်သည်။

"တပ်မှူး။ ခင်ဗျား အသက်ရှင်နေသေးတယ်။ တကယ်ကို ကောင်းလိုက်တာ။"

လူသား ကြယ်တာရာနယ်မြေတပ်သား လော့ရီဟု အမည်ရသော သူသည် မျက်လုံးများ နီရဲနေပြီး အပြင်းအထန် ဒဏ်ရာရထားသော တပ်မှူးကို တင်းကျပ်စွာ ပွေ့ဖက်ထားတော့သည်။

တပ်မှူး၏ မျက်နှာမှာ ဖြူဖျော့သွားပြီး ကျိန်ဆဲလိုက်သည်။

" ဟေးကောင်‌လေး၊၊ လွှတ်စမ်း။ ဒီအတိုင်းသာဆို ငါက ဒဏ်ရာနဲ့ မသေဘဲ မင်းကြောင့် သေတော့မယ်။"

မျက်လုံးသုံးလုံး မျိုးနွယ်မှ ကြယ်တာရာနယ်မြေ တပ်သား တစ်ဦးကလည်း အလားတူ အံ့ဩစွာဖြင့်

မေးလာ၏။

"တပ်မှူး၊ ခင်ဗျား ဘယ်လိုလုပ်ပြီး အသက်ရှင်ကျန်ရစ်ခဲ့တာလဲ။"

ဘေးတွင်၊ စုန့်တာဟုန်နှင့် ကြယ်တာရာနယ်မြေ တပ်မတော်မှ အခြားသူများလည်း ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်နေကြသည်။ တပ်ဖွဲ့တစ်ခုတည်းမှ စစ်သားများသည် ညီအစ်ကို မောင်နှမများပမာ ဖြစ်ကြပြီး တစ်ဦးနှင့်တစ်ဦး အလွန်ကောင်းမွန်သော ဆက်ဆံရေး ရှိကြသည်။

စုန့်တာဟုန်ကလည်း မေးလိုက်၏။

"ဟုတ်တယ်၊ ဖန်တဲ၊ တကယ်ပဲ ဘာဖြစ်ခဲ့တာလဲ။"

ထိုအခါ ဖန်တဲသည် သက်ပြင်းတစ်ချက်ချပြီး ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြလိုက်သည်။

ကျိုယို မိစ္ဆာများသည် ထူးဆန်းသော မဟာအခင်းအကျင်းကြီး တစ်ခုကို အသုံးပြု၍ တံခါးပေါက် ဖွင့်ရန် ကြိုးစားကာ ရွှေအင်မော်တယ် အဆင့် ကျိုယိုမိစ္ဆာများကို ကျန်းအန်းစစ်မြေပြင်သို့ ဝင်ရောက်ခွင့်ပြုရန် ကြံစည်နေသည်ကို ကြားသိရသောအခါ လူတိုင်း၏ မျက်နှာများ ဖြူဖျော့သွားပြီး ကျောထဲစိမ့်သွားကြတော့သည်။

ရွှေအင်မော်တယ်အဆင့် ကျိုယိုမိစ္ဆာများသာ ကျန်းအန်းစစ်မြေပြင်သို့ အမှန်တကယ် ကျူးကျော်ဝင်ရောက်လာပါက၊ သူတို့၏ ရှေ့တန်းစခန်းမှာ သိမ်းပိုက်ခံရနိုင်ခြေ အလွန်မြင့်မားလှသည်။

အခြေအနေမှာ အလွန်ဆိုးရွားနေလေပြီ။

သို့သော်၊ လုရီသည် သူတို့အားလုံးကို အဆင့်မြင့် နက်ရှိုင်းခြင်းအင်မော်တယ် ကျိုယိုမိစ္ဆာ ကိုးကောင်၏ ဝန်းရံမှုမှ ကယ်တင်ခဲ့ပြီး မဟာအခင်းအကျင်းကြီးကိုပင် ဖျက်ဆီးခဲ့သည်ဟု ကြားရသောအခါ၊ လူတိုင်း မှင်တက်အံ့ဩသွားကြတော့၏။

လင်းလောင်တောင်ထိပ်သခင်မ ဖြစ်စေ၊ စုန့်တာဟုန်နှင့် အခြားသူများဖြစ်စေ၊ သူတို့သည် လုရီကို နားမလည်နိုင်သော အကြည့်များဖြင့် ကြည့်နေကြရာ ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။

လုရီသည် သူတို့၏ စိုက်ကြည့်မှုကြောင့် အနည်းငယ် မျက်နှာပူသွားပြီး ချောင်းဟန့်လိုက်သည်။

"ဘာလို့ အားလုံးက ကျွန်တော့်ကို ဒီလိုကြီး ကြည့်နေကြတာလဲ။"

လင်းလောင်တောင်ထိပ်သခင်မ၏ နှုတ်ခမ်းများ မယုံနိုင်စွာ လှုပ်သွားသည်။

“နင်...နင် တကယ်ပဲ သူတို့ကို အထွတ်အထိပ် နက်ရှိုင်းခြင်းအင်မော်တယ် ကျီယိုမိစ္ဆာ ကိုးကောင်လက်ကနေ ကယ်ခဲ့တာလား။ ပြီးတော့ မဟာအခင်းအကျင်းကိုပါ ဖျက်ဆီးခဲ့တယ် ဟုတ်လား။"

လုရီက နောက်တစ်ကြိမ် ချောင်းဟန့်ပြီး ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပါတယ်။"

ယခု နေရာမှာ..ရှိနေကြသော ကြယ်တာရာ နယ်မြေတပ်မတော်သားများပင် အံ့ဩတုန်လှုပ်သွားကြပြီး၊ လုရီကို

အင်မော်တယ်တစ်ပါးကဲ့သို့ ကြည့်နေကြသည်။ ဒါကတော့ အတိုင်းထက်အလွန်ပင်။

ဤအရာများသည် ဒဏ္ဍာရီထဲတွင်ပင် မရှိနိုင်သော အရာများ ဖြစ်သည်။

လူတိုင်း၏ တုန်လှုပ်နေသော အမူအရာများကို မြင်သောအခါ၊ ဖန်တဲနှင့် အခြားကျင့်ကြံသူများသည် သူတို့၏ ကံဆိုးမှုကြားမှ အနည်းငယ် စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။ သူတို့ကိုယ်တိုင် ကြုံတွေ့ခဲ့ရသော်လည်း၊ ယခုအချိန်အထိ အိပ်မက်တစ်ခုလိုပင် ထင်နေကြဆဲပါ။

ထို့နောက်၊ သတိပြန်ဝင်လာသော စုန့်တာဟုန်က ထုတ်ပြောလာသည်။

"ဒါက ကိစ္စကြီးပဲ။ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ မဖြစ်အောင် စစ်တပ် ခေါင်းဆောင်က ချက်ချင်း အကြောင်းကြားမှ ဖြစ်မယ်။"

ထိုသို့ ပြောပြီးနောက် စုန့်တာဟုန်သည် အလျင်အမြန် ထွက်ခွာသွားတော့သည်။ အခြား အပြင်းအထန် ဒဏ်ရာရထားသော ကျင့်ကြံသူများကို ကြယ်တာရာနယ်မြေ တပ်မတော်က စာရင်းသွင်းရန် ခေါ်ဆောင်သွားကြ၏။

လင်းလောင်တောင်ထိပ်သခင်မသည် လုရီကို ကြည့်ကာ အပြည့်အဝ နားမလည်နိုင်သေးဟန်ဖြင့်

"နင် ဘယ်လို လုပ်လိုက်တာလဲ ကောင်စုတ်လေး။ သူတို့က အထွတ်အထိပ် နက်ရှိုင်းခြင်း အင်မော်တယ်တွေနော်။ ဒီလောက် များတဲ့ နက်ရှိုင်းခြင်း အင်မော်တယ် စစ်သည်တွေရဲ့ ဝန်းရံမှုကနေ

လူအများကြီးကို နင် ဘယ်လိုလုပ် ကယ်နိုင်ခဲ့တာလဲ။"

ဤအရာကို သူမပင် မစွမ်းဆောင်နိုင်ပေ။

ဒီကောင်လေးက သူမထက်တောင် ကျော်လွန်သွားပြီလား။

မဖြစ်နိုင်လောက်ပါဘူးနော်။

လင်းလောင်တောင်ထိပ်သခင်မသည် အတွင်းစိတ်မှာ အနည်းငယ် မယုံသင်္ကာ ဖြစ်နေသည်။

လုရီက အကူအညီမဲ့စွာ ပြောလိုက်သည်။

"ကျွန်တော် လျှို့ဝှက်နည်းလမ်းတချို့ သုံးလိုက်လို့ပါ။"

ဤသို့ကြားသောအခါ လင်းလောင်တောင်ထိပ်သခင်မသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး လျိုနင်ရွှမ်းနှင့် အခြားသုံးဦးကို ထူးဆန်းစွာ ကြည့်လိုက်သည်။

"နင် အစောပိုင်းက သူတို့နဲ့အတူ သွားဖို့ ကတိပေးခဲ့တာကလည်း နည်းဗျူဟာတစ်မျိုးပဲလား။"

လျိုနင်ရွှမ်းနှင့် အခြားသုံးဦး၏ မျက်နှာအမူအရာများ အနည်းငယ် တောင့်တင်းသွားပြီး၊

လင်းလောင်တောင်ထိပ်သခင်မက ဤကိစ္စကို မှတ်မိနေလိမ့်မည်ဟု မထင်ထားသောကြောင့် မျက်နှာပူသွားကြသည်။

လုရီလည်း အနည်းငယ် မျက်နှာပူသွားပြီး "အဲ့လို သဘောမျိုးပါပဲ။"

လင်းလောင်တောင်ထိပ်သခင်မသည် လုရီကို သံသယ မျက်လုံးများဖြင့် ကြည့်လိုက်ပြီးနောက်

လျိုနင်ရွှမ်းနှင့် အခြားသူများကို ကြည့်လိုက်သည်။ သူမသည် နောက်ထပ် ဘာမှမပြောတော့ဘဲ

ရိုးရှင်းစွာ အကြံပြုလိုက်၏။

"မင်းတို့ အားလုံးကို ကြည့်ရတာ ပင်ပန်းနေကြပြီ။ အရင်သွားနားကြတော့။"

လုရီ ခေါင်းညိတ်လိုက်သည်။

အုပ်စုသည် သူတို့၏ တည်းခိုရာသို့ ပြန်လာကြပြီးနောက် လုရီသည် သူရရှိထားသော ထိပ်တန်းအဆင့် အင်မော်တယ်လက်နက်နှင့် နောက်ပိုင်းမွေးဖွားဝိညာဉ်ရတနာနှစ်ခုကို သန့်စင်ရန် စိတ်အားထက်သန်စွာဖြင့် ကျင့်ကြံခြင်းအခန်းသို့ သွားလေသည်။

သူ ၎င်းတို့ကို မြန်မြန် သန့်စင်ပြီးလေလေ၊ သူတို့အတွက် အသုံးဝင်မည့် နေရာကို မြန်မြန်ရှာတွေ့နိုင်လေလေဖြစ်ပြီး သူ၏ လက်နက်တိုက်ထဲသို့ လျှို့ဝှက်ကတ်ပြားများ ထပ်ထည့်နိုင်မည် ဖြစ်သည်။

လျိုနင်ရွှမ်းနှင့် အခြားသုံးဦးသည်လည်း သူမတို့ဘာသာ ပြန်လည်ကောင်းမွန်လာစေရန်အတွက် သူမတို့ အခန်းဆီသို့ ပြန်သွားမည် ပြုကြသည်။

ထိုအချိန်မှာပင် လင်းလောင်တောင်ထိပ်သခင်မ၏ အသံထွက်ပေါ်လာသည်။

"မင်ယွဲ့လေး၊ ငါနဲ့လိုက်ခဲ့။"

"ဟင်။ ဘာဖြစ်လို့လဲ ဆရာ။"

သုန်းကုန်းမင်ယွဲ့က နားမလည်ဟန်ဖြင့် မေးလိုက်သည်။

"စကားများမနေနဲ့၊ ငါနဲ့သာ လိုက်ခဲ့စမ်း။"

လင်းလောင်တောင်ထိပ်သခင်မက သုန်းကုန်းမင်ယွဲ့ကို ဆူငေါက်လိုက်သည်။

ထိုအကောင်စုတ်လေးက ဘာကြောင့် သူတို့လေးယောက်ကို ခေါ်သွားပြီး အဲ့ဒါကို လျှို့ဝှက်နည်းလမ်းဟု ရည်ညွှန်းသည်ကို သူမ အလွန်သိချင်နေသည်။

အဲ့ဒီအကြောင်းရင်းကို မသိရဘဲနဲ့တော့ သူမ အိပ်ပျော်နိုင်မည် မဟုတ်ဟု ခံစားနေရသည်။

All Chapters