ယွီမိသားစုဘိုးဘေး တာအို တရားဟောကြားခြင်း၊ အင်မော်တယ်ကျမ်းပေါင်း ကုဋေသုံးရာ ...
Vol. 42 Ch. 625
~"နေ... နေဦး ဆရာအဘိုး၊ ကျွန်တော့်ဆရာကရော ဒီအကြောင်းကို သိရဲ့လား။" လုရီ အလျင်အမြန်ပင် ဝင်ပြောလိုက်သည်။
ယွီရှင်းက ပြုံးလိုက်ပြီး
"အဲ့ဒီကောင်မလေးနဲ့ မင်းက ကံကြမ္မာဆက်နေပြီးသားပဲ၊ သူက ဒါကို ဆန့်ကျင်မှာမဟုတ်ဘူး။ သူ့အကြောင်းကို ငါနားမလည်ဘဲနေမလား။"
လုရီ၏စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ ပြည့်နှက်သွားပြီး၊ ခင်ဗျား တကယ် နားမလည်လောက်ဘူးဟု တွေးလိုက်မိသည်။ သူ၏ ဆရာ့အကြောင်းကို သူနားလည်ထားသည်အရ၊ ဤကိစ္စကို သူမကိုယ်တိုင် ထုတ်မပြောလျှင်တော့ ဖြစ်နိုင်ချေမရှိပေ။
လုရီက တစ်စုံတစ်ခု ထပ်ပြောရန် ပြင်လိုက်စဉ်မှာပင် ယွီရှင်းက လက်ကာပြလိုက်၏။
"တော်ပြီ၊ ဒီကိစ္စကို ဒီမှာပဲထားလိုက်တော့။ ဘိုးဘေးကြီးလည်း ပြန်ရောက်နေပြီ။ မင်းလည်း
ကျန်းအန်းစစ်မြေပြင်ကနေ ပြန်ရောက်လာပြီဆိုတော့ ဘိုးဘေးကြီးကို သွားတွေ့လိုက်ဦး။ သူက မင်းကို သင်ကြားပြသပေးချင်နေတာ။ အမှန်အတိုင်းပြောရရင်၊ မင်းရဲ့ လက်ရှိစွမ်းအားနဲ့ဆို
လင်းလောင်လို ကောင်မလေးက မင်းရဲ့ဆရာ ဘယ်လိုလုပ်ဖြစ်နိုင်တော့မှာလဲ။"
လုရီ၏ မျက်လုံးများ အရောင်တောက်သွားလေ၏။
သူ နောက်ဆုံးတော့ ယွီမိသားစုဘိုးဘေးကြီး၏ တာအိုတရားကို နာကြားခွင့်ရတော့မည်တဲ့လား။
ထိုသူကား အင်မော်တယ်အရှင်သခင်အဆင့် စွမ်းအားရှင်တစ်ပါးပင်တည်း။
လုရီသည် သူ၏စိတ်ထဲတွင် အလျင်အမြန် ရေရွတ်လိုက်သည်။ "ငါ ယွီမိသားစုဘိုးဘေးကြီးရဲ့ တာအိုတရားကို နာကြားချင်တယ်။"
[အလုပ်]
ယွီမိသားစုဘိုးဘေးကြီး၏ တာအိုတရားကို နာကြားပါ။
ဆုလာဘ်: ရွှေအင်မော်တယ်စွမ်းရည်တစ်ခု ရွေးချယ်၍ အဆင့် +၄ တိုးမြှင့်မှု
*၄ ကြိမ်၊
ကျင့်ကြံခြင်းနည်းစနစ်တစ်ခု ရွေးချယ်၍ အဆင့် တိုးမြှင့်မှု+၄ *၄ကြိမ်၊
ဉာဏ်အလင်းရခြင်း အခွင့်အရေး တစ်ကြိမ်။
အလုပ်အား လက်ခံပါ: လက်ခံမည်လား/ငြင်းမည်လား။
လုရီသည် ဆုကြေးများကို ကြည့်လိုက်သော်လည်း သူ၏စိတ်ထဲတွင် ကြီးမားသော လှုပ်ခတ်မှုများ မရှိခဲ့ပေ။
အကြောင်းမူကား၊ ဤတာဝန်၏ ဆုကြေးများ မဆိုးနိုင်ဟူ၍ သူ ခန့်မှန်းထားပြီးဖြစ်သောကြောင့်တည်း။
ဆုလာဘ်မှာ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်နေတော့သည်။
"ဒါဆိုရင်တော့ ကျွန်တော် အခုချက်ချင်းပဲ သွားတွေ့လိုက်ပါ့မယ်။"
"ကောင်းပြီ၊ ငါ မင်းကို ခေါ်သွားမယ်။" ယွီရှင်းက ခေါင်းညိတ်လိုက်သည်။
နှစ်ဦးသား တံခါးအပြင်သို့ ထွက်လာခဲ့ပြီး ခြံဝင်းထဲမှ မထွက်ခွာမီမှာပင် အပြင်မှ ပြန်လာသော
ယွီယွမ်ဝူကို တွေ့လိုက်ရသည်။
ယွီရှင်းနှင့် လုရီကို မြင်သောအခါ ယွီယွမ်ဝူ အံ့အားသင့်သွားပြီးနောက် အလျင်အမြန် ပျံသန်းလာ၏။ "အဖေ၊ အစ်ကိုရီ၊ ခင်ဗျားတို့ ဘယ်သွားကြမလို့လဲ။"
ထိုအခါယွီရှင်းက ယွီယွမ်ဝူကို တစ်ချက်ကြည့်လိုက်ပြီး ဆူပူလိုက်လေသည်။
"ဟွန်း၊ ဘယ်တွေ သွားလည်နေတာလဲ။ မင်း ရီအာကို အတုယူသင့်တယ်။ သူ့အရည်အချင်းက မင်းထက် အများကြီးသာလွန်တာတောင် ကြည့်စမ်း၊ သူ ဘယ်လောက်တည်ငြိမ်လဲ။ ကျန်းအန်းစစ်မြေပြင်ကနေ ပြန်လာကတည်းက သူ အဆက်မပြတ် ကျင့်ကြံနေတာ။"
ဤသို့ကြားသောအခါ လုရီ အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရ၏။
ဘာကြောင့် သူက သူများအိမ်က စံပြကလေးတစ်ယောက် ဖြစ်သွားရသလို ခံစားနေရပါလိမ့်။
ယွီယွမ်ဝူ၏ မျက်နှာမှာ မကျေမနပ်ဟန်များ အပြည့်ဖြစ်နေသည်။
"အဖေ၊ ကျွန်တော်က အစ်ကိုရီနဲ့ ဘယ်လိုလုပ် နှိုင်းလို့ရမှာလဲ။ ကျွန်တော့်ရဲ့ အင်မော်တယ်စွမ်းရည်က တည်ငြိမ်အေးချမ်းတဲ့အဆင့်ကို ရောက်သွားလို့ ဉာဏ်အလင်းရဖို့အတွက် တခြားသူတွေနဲ့ သိုင်းပညာ ဖလှယ် လုပ်ခဲ့ရတာပါ၊ အချိန်ဖြုန်းနေတာ မဟုတ်ပါဘူး။"
ယွီယွမ်ဝူ၏ စကားကိုကြားသောအခါ ယွီရှင်း၏ မျက်နှာအမူအရာ အနည်းငယ် ပျော့ပျောင်းသွားသော်လည်း ခပ်ကြမ်းကြမ်းပင် ဆိုလိုက်သည်။
"ငါတို့ ဘိုးဘေးကြီးကို သွားတွေ့မလို့။"
ဤသို့ကြားသောအခါ ယွီယွမ်ဝူ၏ မျက်လုံးများ လင်းလက်သွားတော့၏။
"ဒါက... အစ်ကိုရီက ဘိုးဘေးကြီးရဲ့ သင်ကြားမှုကို သွားခံယူမလို့လား။ အစ်ကိုရီ၊ အစ်ကိုရီ၊
ငါ့ကိုလည်း ခေါ်သွားပါ၊ မင်းရဲ့ ညီလေးကိုလည်း ခေါ်သွားပါဦး။"
ယွီရှင်းသည် လုရီကို ဖက်လုမတတ် ဖြစ်နေသော ယွီယွမ်ဝူကို မြင်သောအခါ မျက်နှာမည်းမှောင်သွားပြီး၊ ဤကောင်လေးသည် အလွန်အရှက်မရှိဟု ခံစားလိုက်ရ၏။
သို့သော် ယွီရှင်း စဉ်းစားလိုက်သည်မှာ၊ အကယ်၍ ယွီယွမ်ဝူသာ အမှန်တကယ် လိုက်သွားပြီး
တာအို တရားကို နာကြားခွင့်ရခဲ့လျှင်၊ ၎င်းသည်လည်း ကံကောင်းသော အခွင့်အရေးတစ်ခု ဖြစ်ပေလိမ့်မည်။
သူက လုရီကို ကြည့်လိုက်ပြီး ပြောလိုက်တာ့သည်။
"ရီအာ၊ မင်းသာ စကားဖွင့်ပြောရင် ဘိုးဘေးကြီးက မျက်နှာသာ ပေးလောက်ပါတယ်။"
လုရီသည် ဤသို့ကြားသောအခါ မှင်တက်သွားပြီး၊ သူ၏ မျက်နှာကို မသိစိတ်ဖြင့် တို့ထိလိုက်မိသည်။
သူ့မျက်နှာက အခု ဒီလောက်တောင် ဩဇာညောင်းနေပြီလား။
မျှော်လင့်တကြီးဖြစ်နေသော ယွီယွမ်ဝူနှင့် အလားတူ မျှော်လင့်နေသော ယွီရှင်းကို ကြည့်ပြီး သူ ပြုံးလိုက်သည်။ "ဘိုးဘေးကြီးက ကျွန်တော့်တောင်းဆိုမှုကို နားထောင်မှာ သေချာမှတော့၊ ယွမ်ဝူကို တာအိုတရားနာကြားဖို့ ခေါ်သွားရမှာ ဝမ်းသာမိပါတယ်"
ယွီရှင်း၏ မျက်နှာတွင် အပြုံးအရိပ်အယောင်တစ်ခု ပေါ်လာပြီး၊ သူ့ဘေးမှ ယွီယွမ်ဝူမှာ အတိုင်းမသိ ဝမ်းသာသွားတော့သည်။
"အစ်ကိုရီ၊ မင်းက တကယ်ပဲ ငါ့ရဲ့ အစ်ကိုကောင်းပဲ။"
လုရီ၏စိတ်ထဲတွင် မေးခွန်းများ အပြည့်ဖြစ်သွားပြီး တစ်ကိုယ်လုံး ကြက်သီးထသွားသည်။
"ဟေ့ကောင်လေး၊ ငါနဲ့ ခပ်ခွာခွာနေစမ်း။"
ဘာ အစ်ကိုကောင်းလဲ၊ ဒါက စက်ဆုပ်စရာကောင်းလိုက်တာ။
ယွီရှင်းကလည်း ယွီယွမ်ဝူကို မျက်စောင်းထိုးကာ ကြိမ်းလိုက်သည်။
"ဟိတ်..အနာဂတ်မှာ ရီအာက မင်းရဲ့ ယောက်ဖ ဖြစ်လာမှာ။"
ဤသို့ကြားသောအခါ ယွီယွမ်ဝူ၏ မျက်လုံးများ ပို၍ပင် လင်းလက်လာတော့၏။
"တကယ်လား။ ယောက်ဖ၊ ဒါဆို သိပ်ကောင်းတာပေါ့။"
လုရီသည် ဖခင်နှင့်သား၏ စကားပြောဆိုမှုကို နှုတ်ခမ်းများမဲ့လျက် နားထောင်နေမိသည်။
"တော်ပြီ၊ သွားကြစို့။"
ယွီရှင်းသည် သူ၏ လက်စရှည်ကို ဝှေ့ယမ်းလိုက်ကာ လုရီနှင့် ယွီယွမ်ဝူကို ခေါ်ဆောင်သွားပြီး ထိုနေရာမှ ပျောက်ကွယ်သွားလေတော့သည်။
…
ယွီမိသားစုဘိုးဘေးကြီး နေထိုင်ရာ တောင်ကြား၌။
ယွီချန်သည် ဝါးအိမ်တစ်လုံးရှေ့တွင် တင်ပျဉ်ခွေထိုင်လျက် အနီးရှိ စမ်းချောင်းကို ကြည့်နေလေသည်။ ဆံပင်ဖြူနှင့် ထိုပုံရိပ်သည် ယခင်ကထက် အနည်းငယ် ပို၍ အိုမင်းနေသယောင် ထင်ရသည်။
လုရီသည် ယွီချန်ထံမှ အားနည်းခြင်း အရိပ်အယောင်တစ်စကို အာရုံခံမိပြီး ထိတ်လန့်သွားသည်။
"ဘိုးဘေးကြီး ဒဏ်ရာရထားတာလား။"
ယွီရှင်းနှင့် ယွီယွမ်ဝူ နှစ်ဦးလုံး ဤစကားကို ကြားပြီး လုရီကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
ယွီယွမ်ဝူ၏ အံ့ဩမှုမှာ မယုံနိုင်ခြင်းပင် ဖြစ်သည်။ အစပိုင်းတွင် ဘိုးဘေးကြီးနှင့် တွေ့ဆုံရန်
စိတ်အားထက်သန်နေသော သူသည် လုရီ၏ လက်ကို အလျင်အမြန် ဆွဲလိုက်ပြီး
"ယောက်ဖ ဘာတွေပြောနေတာလဲ။ ဘိုးဘေးကြီးလို ပုဂ္ဂိုလ်မျိုးက ဘယ်လိုလုပ်ပြီး ဒဏ်ရာရနိုင်မှာလဲ။"
သို့သော် ယွီရှင်း၏ တုံ့ပြန်မှုမှာ ကွဲပြားနေသည်။
အံ့ဩစွာဖြင့် သူက
"ရီအာ၊ မင်းက ဘိုးဘေးကြီး ဒဏ်ရာရထားတာကို တကယ်
သတိပြုမိတယ် ဟုတ်လား။"
ယွီယွမ်ဝူ မှင်တက်သွားပြီး မယုံနိုင်သော မေးခွန်းများ ပြည့်နှက်လျက် မာကျောတောင့်တင်းစွာဖြင့် ယွီရှင်းဘက်သို့ လှည့်ကြည့်လိုက်သည်။
သူ၏စိတ်ထဲတွင်၊ မယှဉ်နိုင်သော ဘိုးဘေးကြီးက ဒဏ်ရာရသည်တဲ့လား။
အဝေးမှ ယွီချန်သည် ခေါင်းလှည့်လိုက်ပြီး လုရီကို ပြုံးပြသည်။
"ဟုတ်ပေတယ်၊ ငါ မင်းကို အထင်မမှားခဲ့ပါဘူး။ တာအိုနဲ့ နီးစပ်တဲ့ ဒီလိုရှားပါးတဲ့ လူငယ်
တစ်ယောက်ကတော့ အမှန်တကယ်ပဲ ထူးခြားတယ်။ ငါ့ခန္ဓာကိုယ်ထဲက ကျိုယိုစွမ်းအင်ကို ငါ ဖိနှိပ်ထားပြီးသားပဲ၊ မင်းက ဒါကိုတောင် ထွင်းဖောက်မြင်နိုင်သေးတယ်။"
လုရီသည် ယွီရှင်းထံတွင် ရှိခဲ့သော ကျိုယိုစွမ်းအင်ကို စဉ်းစားမိပြီး ရင်ထဲစိမ့်သွား၏။
ယွီမိသားစုဘိုးဘေးကြီးကဲ့သို့သော ပုဂ္ဂိုလ်မျိုးပင်လျှင် သက်ရောက်မှုခံခဲ့ရသည်ကို သူ မမျှော်လင့်ထားခဲ့ပေ။
သူက အကြံပြုလိုက်သည်။
"ဘိုးဘေး၊ ကျွန်တော် ခင်ဗျားကို ကျိုယိုစွမ်းအင်တွေ ဖယ်ရှားပေးလို့ ရနိုင်လောက်ပါတယ်။"
ယွီရှင်းက သဘောတူညီစွာ ခေါင်းညိတ်လိုက်၏။
"ဟုတ်ပါတယ် ဘိုးဘေးကြီး၊ ကျွန်တော့်ကို သက်ရောက်နေခဲ့တဲ့ ကျိုယိုစွမ်းအင်တွေကို ဒီကောင်လေးက ဖယ်ရှားပေးခဲ့တာပါ။"
ဤသို့ကြားသောအခါ ယွီချန်သည် တည်ငြိမ်နေပုံရသည်။
သူတို့ ရောက်ရှိလာစဉ်ကတည်းက ယွီရှင်း၏ အခြေအနေ အလွန်ကောင်းမွန်နေသည်ကို သူ အာရုံခံမိပြီးဖြစ်သည်။ ယွီရှင်း၏ စွမ်းရည်ဖြင့်၊ ကျိုယိုစွမ်းအင်ကို သူကိုယ်တိုင် ဖယ်ရှားရန် အတန်ကြာ အချိန်ယူရမည်ဖြစ်ပြီး၊ ဤမျှလောက် မကြာမီ ဖြစ်ပွားမည် မဟုတ်သည်မှာ သဘာဝကျသည်။
တစ်ခုတည်းသော ရှင်းလင်းချက်မှာ လုရီပင် ဖြစ်ပေတော့မည်။
သူ၏ ကနဦး အံ့အားသင့်မှုရှိလင့်ကစား၊ ယွီချန်သည် မရေမတွက်နိုင်သော ခေတ်ကာလများ၏ အတွေ့အကြုံများ ရှိခဲ့သော အင်မော်တယ်အရှင်သခင်တစ်ပါး ဖြစ်သည်မဟုတ်ပါလော။
ယွီချန်သည် လျင်မြန်စွာပင် သူ၏ တည်ငြိမ်မှုကို ပြန်လည်ရရှိသွားလေသည်။