← Chapters

ဉာဏ်အလင်းရခြင်းအခြေအနေ၊ ခေတ်ကြီးတစ်ခေတ်၏ အရုဏ်ဦး (အပိုင်း ၂)

Vol. 42 Ch. 629

ဉာဏ်အလင်းရခြင်းအခြေအနေ၊ ခေတ်ကြီးတစ်ခေတ်၏ အရုဏ်ဦး (အပိုင်း ၂)

Vol. 42 Ch. 629

"ဒီလောက် ကြွယ်ဝတဲ့ တာအိုစွမ်းအင်တွေ၊ ဒါ၊ ဒါ... ကောင်းကင်က ပေးသနားတဲ့ အခွင့်အရေးကြီးပဲ"

ယွီချန်သည် သူ့ဘာသာသူ တီးတိုးရေရွတ်လိုက်မိပြီး၊ သူ၏ ဆံပင်ဖြူများမှာ စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် လှုပ်ခါသွားသည်။

အနီးအနားရှိ လူအားလုံးမှာ ယွီမိသားစု၏ ရွှေအင်မော်တယ်အဆင့် ကျွမ်းကျင်သူများဖြစ်ကြပြီး၊ ဤအခိုက်အတန့်တွင် သူတို့သည်လည်း အလားတူ မှင်တက်အံ့ဩကာ အတိုင်းမသိ ဝမ်းမြောက်နေကြ၏။

"ဘိုးဘေးကြီး၊ ဘာတွေဖြစ်နေတာလဲ။"

"ဟုတ်ပါတယ် ဘိုးဘေးကြီး၊ တာအိုက ကျွန်တော်တို့ ယွီမိသားစုကို မျက်နှာသာပေးတာများလား။ ဒီလို တာအိုအင်းကွက်တွေနဲ့ ဒီလိုအခွင့်အရေးကြီးက ဘာမှမရှိဘဲနဲ့ ဘယ်လိုလုပ်ပြီး ပေါ်လာနိုင်ရတာလဲ။"

ယွီချန်၏ အကြည့်များသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုပြီးနောက် နောက်ဆုံးတွင် လုရီ၏ ကျင့်ကြံခြင်းအခန်းပေါ်သို့ ကျရောက်သွားရာ၊ သူ၏ မျက်လုံးများမှာ တုန်လှုပ်မှုဖြင့် တောက်ပနေသည်။

သူ၏ ကျင့်ကြံမှုအဆင့်ဖြင့်၊ လုရီ စီစဉ်ထားသော မဟာအခင်းအကျင်းကို သူ သဘာဝကျကျ ထွင်းဖောက်မြင်နိုင်ပေသည်။

ကျင့်ကြံခြင်းအခန်းအတွင်းမှ ပိုမိုကြွယ်ဝသော တာအိုစွမ်းအင်ကို သူ ခံစားမိနိုင်ခဲ့သည်။

သူကိုယ်တိုင်ပင် ယုံရခက်နေ၏။ တာအိုစွမ်းအင်သည် အလွန်အမင်း သိပ်သည်းလွန်းနေပြီး၊ တာအိုစွမ်းအားသည် ဤနေရာသို့၊ ထိုလူထံသို့ သူ၏ စွမ်းအားကို ပို့ဆောင်ပေးရန် အလုအယက် ကြိုးစားနေသကဲ့သို့ပင်။

ယွီချန်၏ နှစ်ပေါင်းများစွာသော အတွေ့အကြုံဖြင့်ပင်လျှင်၊ သူသည် ယခုအခါ အနည်းငယ် မနာလိုဖြစ်မိတော့သည်။

…သေစမ်း။...

အင်မော်တယ်အရှင်သခင်အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်တောင် တာအိုရဲ့ မျက်နှာသာပေးခြင်းကို မခံရဘဲ၊ ကောင်းကင်ဘုံအင်မော်တယ်အဆင့် ကောင်လေးတစ်ယောက်ကတော့ တာအိုရဲ့ ဒီလောက်တောင် မြတ်နိုးခြင်းကို ခံနေရပါလား။

ဒါကတော့ လုံးဝ အကျိုးအကြောင်းဆီလျော်မှုမရှိဘူး။…

သို့သော်၊ သူသည် သူ၏ စိတ်ခံစားချက်များကို လျင်မြန်စွာ တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်၊ အကြောင်းမှာ ဤသည်မှာ လုရီအတွက် ကြီးမားသော အခွင့်အရေးတစ်ခု ဖြစ်သော်လည်း၊ သူတို့အတွက်လည်း အခွင့်အရေးတစ်ခု မဟုတ်ပါလော။

သူတို့၏ အခွင့်အရေးမှာ လုရီပင် ဖြစ်သည်။ လုရီမရှိဘဲ၊ တာအိုတွင် ဖြစ်ပေါ်စေသော လှိုင်းဂယက်များမရှိဘဲ၊ သူတို့ မည်သို့လျှင် ဤမျှ သိပ်သည်းသော တာအိုစွမ်းအင်ကို ခံစားနိုင်မည်နည်း။

ဤသည်မှာ လုံးဝမဖြစ်နိုင်သလောက်ပင်။

ယွီချန်၏ အတွေးများ လည်ပတ်သွားပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"ဟုတ်ပေတယ်၊ ဒါက ကြီးကျယ်တဲ့ အခွင့်အရေးကြီးတစ်ခုပဲ... ဒါပေမဲ့၊ ဒီအခွင့်အရေးက ရီအာရဲ့အပိုင်ပဲ။ ငါသာ မှားမမှန်းရင်၊ သူက ရှေးဟောင်းဒဏ္ဍာရီတွေအရ အင်မော်တယ်ဘုရင်တွေနဲ့ အင်မော်တယ်အင်ပါယာတွေတောင်မှ အလွန်ရှားပါးတဲ့ အခြေအနေတွေမှာမှ ဝင်ရောက်နိုင်ခဲ့တဲ့ ဉာဏ်အလင်းရခြင်းအခြေအနေထဲကို ဝင်ရောက်သွားခဲ့လောက်ပြီ။"

"ဉာဏ်အလင်းရခြင်းအခြေအနေ ဟုတ်လား။ ဒါက... တာအိုကို တိုက်ရိုက်နားလည်သဘောပေါက်နိုင်ပြီး၊ တာအိုမူလဇာစ်မြစ်ကို စီစဉ်ခွဲခြမ်းနိုင်တဲ့ အခြေအနေကို ပြောတာလား။"

သူ့ပတ်လည်မှ ရွှေအင်မော်တယ်များသည် လောကအကြောင်းကို ကောင်းစွာသိရှိသူများ ဖြစ်ကြသည်။

သို့တိုင်၊ သူတို့အားလုံး မယုံနိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။

အင်မော်တယ်ဘုရင်များနှင့် အင်မော်တယ်အင်ပါယာများ ပျောက်ကွယ်သွားကတည်းက၊ ထိုသို့သော အခြေအနေမျိုး ဘယ်သောအခါကမှ ပေါ်ပေါက်ခဲ့ဖူးပါသနည်း။

ယွီမိသားစု၏ ရွှေအင်မော်တယ်များ တစ်ယောက်မျက်နှာတစ်ယောက် မတိုင်ပင်ထားဘဲ ကြည့်လိုက်မိကြသည်။

ခဏတာ တိတ်ဆိတ်သွားပြီးနောက်၊ တစ်စုံတစ်ယောက်က စကားစလိုက်သည်။

"ဉာဏ်အလင်းရခြင်း အခြေအနေ ဒီလောကမှာ ပြန်ပေါ်လာတယ်ဆိုတော့၊ ဒါက ခေတ်ကြီးတစ်ခေတ် ရောက်လာတော့မယ်ဆိုတဲ့ သဘောလား။ ခေတ်အဆက်ဆက် ပျောက်ကွယ်နေခဲ့တဲ့ အင်မော်တယ်ဘုရင်တွေနဲ့ အင်ပါယာတွေ၊ ဒီလောကမှာ ပြန်ပေါ်လာနိုင်တော့မလား။"

ဤခံစားချက်ကို အခြားကျင့်ကြံသူများလည်း မျှဝေခံစားကြရ၏။

ကျင့်ကြံသူအများစုမှာလည်း ထိုသို့ပင် တွေးမြင်နေကြသည်။

သူတို့၏အကြည့်များသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုပြီးနောက် နောက်ဆုံးတွင်တော့ လူရီ၏ ကျင့်ကြံခန်းဆီသို့ ရောက်ရှိသွားကာ သူတို့၏မျက်ဝန်းများထဲတွင် ဖော်ပြရခက်သော အမူအရာများဖြင့် ပြည့်နှက်နေသည်။

“ဒီလူငယ်လေးက ဉာဏ်အလင်းပွင့်အဆင့်ကို ရောက်သွားပြီဆိုတော့ အင်မော်တယ်ဘုရင်အဆင့်အထိ သူ့ရဲ့ခရီးလမ်းက ချောမွေ့နေတော့မှာပဲနော်။”

လူတိုင်း တစ်ဖန်ပြန်၍ တိတ်ဆိတ်သွားကြပြန်သည်။

စကြဝဠာတစ်ခွင်လုံးတွင် အကျော်အမော် ပုဂ္ဂိုလ်များဟု သတ်မှတ်ခံထားရသော ရွှေအင်မော်တယ်များ ဖြစ်နေသည့်တိုင် ယခုအချိန်တွင် သူတို့အားလုံး အကြီးအကျယ် တုန်လှုပ်ခြောက်ခြားနေကြသည်။

ခေတ်ပေါင်းများစွာ ပျောက်ကွယ်ပြီးနောက် အင်မော်တယ်ဘုရင်များ နှင့် အင်မော်တယ် အင်ပါယများ ပြန်လည်ပေါ်ထွက်လာခြင်းက ဘယ်လိုအဓိပ္ပာယ်သက်ရောက်နေသလဲဆိုတာ သူတို့အားလုံး အသိဆုံးပင်။

ခေတ္တခဏ တိတ်ဆိတ်သွားပြီးနောက်၊

အစောပိုင်းက လုရီနှင့် ယွီယွမ်ဝူတို့၏ သိုင်းပညာဖလှယ်ပွဲကို ကြည့်ရှုခဲ့သည့် တင့်တယ်လှပသော အမျိုးသမီး၏ မျက်ဝန်းများထဲတွင် အရောင်တစ်ချက် လက်သွားသည်။ သူမက လုရီ၏ကျင့်ကြံခန်းကို ကြည့်လိုက်ပြီး ပြုံးစစဖြင့် ပြောလိုက်သည်၊

“ဒီကောင်လေး ထွက်လာတဲ့အခါ သူ့ကို သေချာလေး သိကျွမ်းအောင် လုပ်ထားမှပဲ။”

သူမအနားရှိ ကျင့်ကြံသူများအားလုံး အံ့အားသင့်သွားကြပြီး အချို့မှာ စကားပြောလိုက်သော အမျိုးသမီးကို လှည့်ကြည့်လိုက်ကြသည်။

“ဟေး… ပင်းရွှမ်း၊ မင်းလည်း အသက်အရွယ်ရနေပြီလေ၊ ဒါက သိပ်ပြီးတော့ မသင့်တော်ဘူးထင်တယ်။ ငါ့မှာ တိုက်ရိုက်မျိုးဆက်ထဲက သားမြေးတစ်ယောက်ရှိတယ်...”

ထိုလူလတ်ပိုင်းအရွယ် အမျိုးသား စကားမဆုံးသေးခင်မှာပင် ယွီပင်းရွှမ်းထံမှ ရေခဲတမျှ အေးစက်သော သတ်ဖြတ်လိုသည့်အရှိန်အဝါကို ခံစားလိုက်ရသည်။

သူမက လူလတ်ပိုင်းအရွယ် အမျိုးသားကို ပြုံးပြုံးလေးကြည့်လိုက်ပြီး

“အော်...ရှင်က ကျွန်မကို အသက်ကြီးတယ်လို့ ထင်နေတာလား။”

သူမ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ သိသိသာသာပင် သဘောကျနေကြပြီး ထိုလူလတ်ပိုင်းအရွယ် အမျိုးသား၏ နှုတ်ခမ်းမှာ တွန့်ကွေးသွားကာ

“...မကြီးပါဘူး၊ လုံးဝမကြီးသေးပါဘူး၊ နုပျိုနေတုန်းပါ။”

“ဒါပေမဲ့ အမှန်အတိုင်းပြောရရင် ငါ့မှာလည်း တိုက်ရိုက်မျိုးဆက်တစ်ယောက်ရှိတယ်။ ပြိုင်ဘက်ကင်းတဲ့ ရုပ်ရည်နဲ့ ပါရမီရှင်တစ်ယောက်ပဲ၊ အနာဂတ်မှာ ကြီးကျယ်တဲ့အောင်မြင်မှုတွေ သေချာပေါက်ရမှာဖြစ်ပြီး လုရီနဲ့ဆိုရင်တော့ လိုက်ဖက်ညီတဲ့ အတွဲဖြစ်လာမှာပဲ။”

“ငါ့မှာလည်း တစ်ယောက်ရှိတယ်...”

ရွှေ အင်မော်တယ်အဆင့် ကျင့်ကြံသူ

တစ်ဦးပြီးတစ်ဦး မျက်လုံးများတောက်ပစွာဖြင့် ဝင်ပြောကြသည်။

သို့သော် ထူးချွန်ထက်မြက်သော တိုက်ရိုက်မျိုးဆက် သမီးများမရှိသည့်သူများမှာမူ မျက်နှာများ မကောင်းကြပေ။

ထိုသို့ တက်ကြွစွာပြောဆိုနေသော ကျင့်ကြံသူများကို မထီမဲ့မြင်ကြည့်ကာ

"မင်းတို့ရဲ့ အကြံအစည်တွေကို အလင်းနှစ်ပေါင်း သန်းနဲ့ချီတဲ့ အကွာအဝေးကတောင် အတိုင်းသားကြားနေရတယ်ကွ။" ဟု လှောင်ပြောင်လိုက်သည်။

"မင်း ဘာစကားပြောတာလဲ။ အဘိုးကြီး သုံး၊ မင်းက ငါတို့မှာ ထူးချွန်တဲ့ တိုက်ရိုက်မျိုးဆက်သမီးတွေ ရှိပြီး မင်းမှာမရှိလို့ မနာလိုဖြစ်နေတာ မဟုတ်လား။ ဟျောင့် လူပျိုကြီးရဲ့။"

"မင်း ဘာပြောတယ်...။ အရိုက်ခံချင်လို့လား။"

"လာလေ... လာစမ်းပါ။ မင်းရဲ့ 'မူလဝိညာဉ် အင်မော်တယ်ကျင့်စဉ်' ကို ငါကိုယ်တိုင် တွေ့မြင်ခွင့်ပေးစမ်း။"

"ကောင်းပြီလေ၊ ဒီနေ့ မင်းကို မြင်စေရတာပေါ့။"

ဤရွှေအင်မော်တယ် ကျင့်ကြံသူများ ရန်ဖြစ်ကြတော့မည်အပြုတွင် ဘေးမှ ယွီချန်က နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။

တစ်ယောက်ပြီးတစ်ယောက် ရွှေအင်မော်တယ် အဆင့် ကျင့်ကြံသူများ တိတ်ဆိတ်သွားကြသည်။

ယွီချန်က လူအုပ်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ဆူပူလိုက်လေသည်။

"ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ကြစမ်းပါ။ မင်းတို့က ယွီမျိုးနွယ်ရဲ့ ကျင့်ကြံသူတွေနဲ့ တူသလား။ ရီအာကိစ္စအတွက် မင်းစိတ်ပူနေစရာ မလိုဘူး။ လင်းလောင် က ရီအာနဲ့ အကြာဆုံးနေခဲ့တာ၊ သူနဲ့ အတူရှိမယ့်သူက လင်းလောင်ပဲ ဖြစ်သင့်တယ်”

အခြားသော ရွှေအင်မော်တယ်များသည် ထိုသူတို့၏ ကံဆိုးခြင်းအတွက် ကျေနပ်စွာ ရယ်မောလိုက်ကြသည်။

ထို့နောက် ယွီချန်က အေးစက်စွာပြောလာသည်။

"ဒီလိုအခွင့်အရေးတွေက နောင်မှာ မကြာခဏရလာမှာ မဟုတ်ဘူး။ ဉာဏ်အလင်းရဖို့အတွက် အခိုက်အတန့်တော့ မဟုတ်ဘူးလား။

ယွီရှင်းက မထွက်သေးဘူး၊ သူကတာအို ကို နားလည်နေတာ ဖြစ်မယ်။ မင်းတို့တွေ အခွင့်အရေးကို မြန်မြန် ယူကြစမ်း"

ဒါကို ကြားတော့ ရွှေအင်မော်တယ်များ၏ မျက်လုံးတွေ တောက်ပလာပြီး ဉာဏ်အလင်းစတင်ဖို့ နေရာတစ်ခုကို ရှာလိုက်ကြတော့သည်။

ယွီချန်ပင်လျှင် ခြွင်းချက်မရှိပါ၊ သူသည် လုရီ၏ဝင်းအပြင်ဘက်တွင် တင်ပျဉ်ခွေထိုင်ကာ ဉာဏ်အလင်းကို စတင်ခဲ့လေသည်။

ဤနေရာတွင် တာအိုစွမ်းအင်သည် စွမ်းအားအရှိဆုံး ဖြစ်ပြီး လုရီနှင့် အနီးစပ်ဆုံးဖြစ်ပြီး ယွီချန်သည် အလွန်ကျေနပ်နေပါသည်။

ဤနေရာသို့ ချဉ်းကပ်ရန် ကြိုးစားသော အခြားသော ရွှေအင်မော်တယ်များကို သူ၏ တင်းမာသော အကြည့်ကြောင့် ရှောင်ရှားသွားကြခဲ့သည်။

သို့သော်လည်း အစောပိုင်းက လုရီ၏ကျင့်ကြံခန်းအတွင်း ခင်းကျင်းထားသော မဟာအခင်းအကျင်းကြီးကို တွေးမိသောအခါ ယွီချန်တစ်ယောက် နှုတ်ခမ်းသပ်မိသည်။

အကယ်၍သာ ထိုအခင်းအကျင်းကြီး၏ တားဆီးမှုသာ မရှိပါက အကျိုးသက်ရောက်မှုက ပိုကောင်းမည် မဟုတ်လော။

တကယ့်ကို နှမြောစရာပါပဲ…။

ယွီချန်လည်း ထိုအကြောင်းကို ဆက်မတွေးတော့ဘဲ သူ၏ ဉာဏ်အလင်းပွင့်ခြင်းကို စတင်လိုက်သည်။

……

ဉာဏ်အလင်းပွင့်ခြင်း အခွင့်အရေးများနှင့် ရုတ်ချည်း ဉာဏ်အလင်းပွင့်ခြင်းတို့သည် အမှန်တကယ်ပင် ကွာခြားလှသည်၊ ကြာမြင့်ချိန်ပင် မတူညီကြပေ။

ဉာဏ်အလင်းပွင့်ခြင်း အခွင့်အရေးတစ်ခုသည် တစ်လတိတိ ကြာမြင့်ပြီးမှသာ အဆုံးသတ်သွားသည်။

လွန်ခဲ့သော လဝက်ခန့်ကပင် လုရီသည် 'တာအိုယင်ယန်ကျမ်းစာ' ၏ ‘'အစစ်အမှန် အင်မော်တယ် အခန်း' ကို အပြည့်အဝ ဖော်ထုတ်နိုင်ခဲ့ပြီး 'နက်ရှိုင်းခြင်း အင်မော်တယ် အခန်း' ကိုပင် ခပ်ရေးရေး ထိတွေ့နိုင်ခဲ့ပြီဖြစ်သည်။

နှမြောစရာကောင်းသည်မှာ အခြားသော

အင်မော်တယ်ကျမ်းစာများ၏ 'နက်ရှိုင်းခြင်း

အင်မော်တယ် အခန်း' အပေါ် သူ၏နားလည်နိုင်စွမ်းမှာ နည်းပါးနေသေးပြီး နက်ရှိုင်းခြင်း အင်မော်တယ်အဆင့် ကျင့်ကြံခြင်း၏ အခြေခံအနှစ်သာရများ ချို့တဲ့နေသောကြောင့် သူ၏အုတ်မြစ်မှာ မခိုင်မာသေးပေ။ ထို့ကြောင့် သူသည် မလွှဲမရှောင်သာ လက်လျှော့ခဲ့ရသည်။

သို့သော် အနာဂတ်တွင် အခြားအင်မော်တယ်ကျမ်းစာအချို့ကို 'နက်ရှိုင်းခြင်းဘအင်မော်တယ် အခန်း' အထိ နားလည်သဘောပေါက်သွားသည့်အခါ 'တာအိုယင်ယန်ကျမ်းစာ' ၏ 'နက်ရှိုင်းခြင်းအင်မော်တယ်အခန်း' ကို ဖော်ထုတ်ခြင်းသည် ရေစီးကြောင်းအတိုင်း လွယ်ကူစွာ ဖြစ်တည်လာမည်မှာ သဘာဝပင်။

အကယ်၍ အနည်းငယ် လိုအပ်နေသေးလျှင်လည်း ဤကဲ့သို့ ဉာဏ်အလင်းပွင့်ခြင်းအခွင့်အရေးများ ထပ်မံရရှိဦးမည်မှာ သေချာသည်။ ယွီမျိုးနွယ် ဘိုးဘေး၏ တာအို တရားတော်များကို နာကြားခွင့် အကြိမ်ကြိမ် ရှိနေသေးသည် မဟုတ်ပါလား။

'တာအိုယင်ယန်ကျမ်းစာ' ၏ 'အစစ်အမှန်အင်မော်တယ် အခန်း' ကို ဖော်ထုတ်ရန် လဝက်ခန့် အချိန်ယူပြီးနောက် လုရီသည် အခြားအရာများကို ဆက်လက်၍ နားလည်သဘောပေါက်လေသည်။

ဥပမာအားဖြင့် တာအိုအခင်းအကျင်းများကို နားလည်ခြင်း၊ မိမိကိုယ်ပိုင် နိယာမတရားများကို ထိုးထွင်းသိမြင်ခြင်း နှင့် စွမ်းအား တာအို နှင့် မှော်ဆေးတာအို တို့ကို ဉာဏ်အလင်းပွင့်ခြင်းတို့ ဖြစ်သည်။

ဤတစ်ကြိမ် ရိတ်သိမ်းမှုသည် အလွန်အမင်း ကြွယ်ဝသည်ဟု ဆိုနိုင်ပေသည်။

ဤဉာဏ်အလင်းပွင့်ခြင်း အခွင့်အရေးတစ်ကြိမ်တည်းကပင် လုရီအား သူ၏အသိပညာများကို စနစ်တကျ ပြန်လည်စုစည်းနိုင်စေခဲ့ပြီး မိမိကိုယ်ကို ပိုမိုနက်ရှိုင်းစွာ နားလည်စေကာ အနာဂတ် တာအိုလမ်းကြောင်းအတွက် ပိုမိုလေးနက်သော သိမြင်မှုများကို ရရှိစေခဲ့သည်။

သူ၏ ဉာဏ်အလင်းပွင့်ခြင်းမှ ရလဒ်ကောင်းများစွာ ရရှိပြီးနောက် လုရီသည် သံပူခိုက်ထုနှက်သည့်နှယ် ထိုမျှဖြင့်မရပ်တန့်ဘဲ ရွှေအင်မော်တယ်အဆင့် သိုင်းပညာများကို ချက်ချင်းနားလည်ရန် ကြိုးစားတော့သည်။

သူ ရွေးချယ်ခဲ့သော ရွှေအင်မော်တယ်အဆင့် သိုင်းပညာများမှာ- စွမ်းအားနိယာမဖြစ်သည့် “ကမ္ဘာ့ဘုရင်လက်သီး” ဖြစ်သည်။ ထိုနာမည်ကိုကြားလိုက်ရုံဖြင့် လူရီသည် ၎င်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်၊ အကြောင်းမှာ သူ၏အရင်ဘဝက အလွန်နာမည်ကြီးသော anime တစ်ခုတွင် ဤသိုင်းပညာပါဝင်သည်ကို တွေ့ဖူးသောကြောင့်ပင်—၎င်းမှာ အလွန်တရာ တန်ခိုးကြီးမားလှသည်။

ဟုတ်ပါသည်၊ ဤ 'ကမ္ဘာ့ဘုရင်လက်သီး' သည် anime ထဲကနှင့် တစ်ထပ်တည်းတူညီသည်တော့ မဟုတ်ပေ။ ၎င်းသည် တစ်ကြိမ်တည်းဖြင့် ပေါက်ကွဲထွက်စေသော တိုက်ခိုက်ရေးသိုင်းပညာဖြစ်ပြီး ချီစွမ်းအင်နှင့် သွေးစွမ်းအင်တို့ကို အသုံးပြု၍ မယုံနိုင်လောက်အောင် အားပြင်းသော စွမ်းအားကို ထုတ်လွှတ်နိုင်ပေသည်။

သီအိုရီအရဆိုလျှင် ပြီးပြည့်စုံမှုအထိ ကျင့်ကြံထားသော ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ဦးသည် တည်ငြိမ်သော ကြယ်စကြဝဠာတစ်ခုကို လက်သီးတစ်ချက်တည်းဖြင့် ဖျက်ဆီးနိုင်သည်။

ပြီးပြည့်စုံခြင်းသည် လုရီအတွက် အကန့်အသတ်မဟုတ်ပေ။ သူ၏ အမြင့်ဆုံးအဆင့်အထိ ကျင့်ကြံနိုင်သည့်အခါ စွမ်းအားမှာ သဘာဝအတိုင်း ပိုမိုကြီးမားလာမည် ဖြစ်၏။

တစ်ခုတည်းသော နှမြောစရာမှာ သူ၏ကျင့်ကြံမှုအဆင့်သည် ကောင်းကင်ဘုံ

အင်မော်တယ်အဆင့် တွင်သာ ရှိသေးပြီး ရွှေအင်မော်တယ်တစ်ပါး၏ စွမ်းအားနှင့် များစွာကွာခြားနေသေးခြင်းပင်။ သို့သော် လက်ရှိသူ့အတွက်မူ ဤမျှသည် လုံလောက်သည်ထက်ပင် ပိုနေသေးသည်။

စွမ်းအားနိယာမ၏ ရွှေအင်မော်တယ် အဆင့် သိုင်းပညာအပြင် ဓားသိုင်းတာအို၏ “ဒြပ်စင်ကိုးပါး သတ်ဖြတ်ဓားသိုင်း” နှင့် ယင်ယန်နိယာမ၏ “ယင်ယန်အင်မော်တယ်ကျင့်စဉ်” တို့လည်း ရှိပါသေးသည်။

ပထမတစ်ခုမှာ ဓားသိုင်း တိုက်ခိုက်ရေးပညာ

ဖြစ်ပြီး ဒုတိယတစ်ခုမှာ ခုခံကာကွယ်ရေး ရွှေ

အင်မော်တယ် အဆင့် သိုင်းပညာ ဖြစ်သည်။

ကောင်းကင်ဥမင် သိုင်းနည်းစနစ်နှင့်အတူ လုရီထံတွင် တိုက်ခိုက်ရေး၊ ခုခံရေးနှင့် အမြန်နှုန်းတို့အတွက် ရွှေအင်မော်တယ် အဆင့် အင်မော်တယ်ကျင့်စဉ်များ ရှိနေပြီဖြစ်ရာ သူသည် အမှန်တကယ်ပင် ဘက်စုံထူးချွန်သော တိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်လာတော့သည်။

All Chapters